အစ်ကိုကြီးလော့ထျန်က တကယ်ဆိုးတယ်
Vol. 6 Ch. 63
“သွေးစုပ်ဓားရိုင်း”
“အဲဒါ ဟောင်ကောင် မန်ဟွာ ‘မုန်တိုင်းစီးသူရဲကောင်းများ’ ထဲက နီဖုန်းရဲ့ လက်နက်မဟုတ်ဘူးလား”
လော့ထျန်တစ်ယောက် ကြောင်အသွားချေပြီ။
အဆင့်တက်တိုင်း ဝတ္ထုတွေထဲက သိုင်းပညာတွေကို ဆုချီးမြှင့်တတ်သည်ဆိုတာကို လော့ထျန် သိခဲ့၏။
သို့ပေမဲ့ ဘော့စ်တွေကို သတ်လိုက်လျှင် ထိုပစ္စည်းတွေကိုပါ ရနိုင်သည်တဲ့လား။
သိုင်းပညာတွေအပြင် တခြားပစ္စည်းတွေလည်း ရနိုင်သည်တဲ့လား။
ဒီလိုသာဆိုရင်... အနာဂတ်က တကယ်ကို ကြောက်စရာကောင်းလောက်အောင် အံ့သြစရာတွေနဲ့ ပြည့်နေပေတော့မည်။ ဒီအခွင့်အရေးကို အသုံးချနိုင်ဖို့ ဘော့စ်တွေကို အများကြီး ပိုသတ်ရပေတော့မည်။
ပထမဆုံးအကြိမ် ဘော့စ်သတ်တာနှင့်တင် ဤလောက် အစွမ်းထက်သည့် သွေးစုပ်ဓားရိုင်းကို ဆုချီးမြှင့်ခံရသည်။ ဒါဆို နောက်ပိုင်း စူပါဘော့စ်တွေကို သတ်လိုက်လျှင် လက်နက်တွေက ကောင်းကင်ကိုတောင် ဆန့်ကျင်ပြီး အစွမ်းထက်နေပေလိမ့်မည်။
ဒါက တကယ်ကို အံ့သြစရာကောင်းလွန်းလှသည်
လော့ထျန်သည် ပျော်ရွှင်နေ၏။ အစွမ်းထက်လှသည့် သွေးစုပ်ဓားရိုင်းကို ကြည့်ရင်း ချက်ချင်း ထုတ်ပြီး ဆော့ကြည့်ချင်နေပြီ ဖြစ်သည်။
အရင်က လျှို့ဝှက်ဆန်းကြယ်ကျွမ်းကျင်သူကြောင့် အာရုံထွေပြားနေသည်…
သူသာ ဒီလိုမျိုး အစွမ်းထက်သည့်ဓားကို မထုတ်ပြရင် အာရုံတွေကို ဘယ်လိုပြန်ယူရမည်နည်း ဘယ်လိုလုပ်ပြီး ကိုယ့်ကိုကိုယ် ရင်ဆိုင်ရမည်နည်း
ရုတ်တရက်…
လော့ထျန် မာနကြီးစွာပြုံးလိုက်ပြီး သွေးစုပ်ဓားရိုင်းကို ထုတ်ယူရန် စိတ်ထဲကနေ ကြံစည်လိုက်သည်။
“ဒင်”
“သတိပေးချက်- သင်၏ခွန်အားမလုံလောက်
သောကြောင့် ၎င်းကို အသုံးပြု၍မရပါ”
“ဟင် ဘာဖြစ်တာလဲ”
သူ ထပ်ကြိုးစားကြည့်သောအခါ စနစ်က အတူတူပင် သတိပေးချက်ပေးနေခဲ့သည်။
“သတိပေးချက်- သင်၏ခွန်အားမလုံလောက်
သောကြောင့် ၎င်းကို အသုံးပြု၍မရပါ”
“ဟာကွာ၊ ခုလေးတင် အဆင့်တက်ထားတာကို ခွန်အားမလုံလောက်ဘူးလို့ ပြောတယ်ပေါ့” လော့ထျန် ခဏလောက် တွေဝေသွားပြီးမှ သွေးစုပ်ဓားရိုင်း၏ ဂုဏ်သတ္တိများကို လှမ်းကြည့်လိုက်သည်။
အခြားအသေးစိတ်အချက်အလက်များကိုတော့ သူ ဂရုမစိုက်တော့ပါ။ အလေးချိန်ကို မြင်လိုက်ရသည်နှင့်တင် လော့ထျန် ကြောင်အသွားခဲ့၏။
“တစ်… တစ်ထောင့်ရှစ်ရာ… တစ်ထောင့်ရှစ်ရာ ဂျင် အလေးချိန်ရှိတယ်တဲ့လား (၂၃၉၄ ပေါင်)”
“ဟာကွာ၊ ဒီဓားက တစ်ထောင့်ရှစ်ရာ ဂျင်တောင် အလေးချိန်ရှိတယ်” လော့ထျန် ကြောက်လန့်တကြားနဲ့ မေ့လဲလုနီးပါး ဖြစ်သွားခဲ့၏။ သွေးစုပ်ဓားရိုင်းသည် တီဗီတွင် သူမြင်ခဲ့ရသည့်ပုံစံထက် ပိုကြီးပုံရသည်။ လုံးဝအဖြူရောင်ဖြစ်သည့် ဓား၏အစိတ်အပိုင်းသည် သွေးနီရောင်အလင်းကို ထင်ဟပ်စေပြီး သတ်ဖြတ်လိုသောစိတ်များဖြင့် ပြည့်နှက်နေ၏။ ၎င်းသည် လူတစ်ယောက်၏ ဝိညာဉ်နှင့် စိတ်ဝိညာဉ်ကို စုပ်ယူနိုင်သည်ဟု ခံစားရပြီး ယင်းမှထွက်လာသော အန္တရာယ်ရှိသည့် စွမ်းအင်သည် ကမ္ဘာပေါ်ရှိ လူတိုင်း၏သွေးကို သောက်ချင်နေသကဲ့သို့ ဖြစ်နေ၏။
မကောင်းဆိုးဝါးစွမ်းအင်သည် အလွန်အမင်း ထူထဲနေသည်။
သတ်လိုစိတ်သည်လည်း အလွန်အမင်း ထူထဲနေသည်
၎င်းသည် စစ်ပွဲများစွာကို ဖြတ်သန်းခဲ့သည့် ထူးချွန်သောစစ်သည်တစ်ဦးနှင့် ဆင်တူနေသည်။
လော့ထျန်သည် ဓားကို ဂရုတစိုက် ဆန်းစစ်လိုက်ရာ သူ့၏နှလုံးသားတွင် ရှင်းပြ၍မရသော ပြောင်းလဲမှုအချို့ကို ဖြစ်ပေါ်စေခဲ့သည်။ ခဏအတွင်းမှာပင် သူ့နှလုံးသားမှ ဒေါသများ ပျောက်ကွယ်သွားသည်။ ယင်းအစား သူ့၏သတ်လိုစိတ်နှင့် ရိုင်းစိုင်းသောစိတ်တို့သည် မြင့်တက်လာပြီး သူ့၏စိတ်ဆီသို့ တည့်တည့်တက်လာခဲ့၏။
သူ့မျက်လုံးသူငယ်အိမ်ထဲတွင် သွေးပါးပါးလေးများ စတင်ပေါ်လာတော့သည်…
သတိမထားမိခင်မှာပင် လော့ထျန်၏ ကိုယ်ပေါ်မှ အရှိန်အဝါများ စတင်ပြောင်းလဲလာခဲ့သည်။
ပြင်းထန်သော သတ်လိုစိတ်ပါဝင်သော ထူထဲသည့် အေးစက်စက် အရှိန်အဝါတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။
လော့ထျန်ဘက်တွင်ရှိသည့် တပည့်များသည် သူ့၏သတ်လိုစိတ်ကြောင့် အသက်ရှူကျပ်ပြီး မျက်နှာဖြူဖျော့လာကြသည်။ ခန်းမကြီးထဲရှိ နက်နဲဆရာနယ်ပယ်မှ သက်ကြီးရွယ်အိုနှစ်ဦးပင် ၎င်းတို့၏မျက်နှာများ မသက်မသာတွန့်လိမ်နေသည်အထိ ထိုစိတ်ကို တောင့်ခံရန် အစွမ်းကုန် ကြိုးစားနေကြသည်။
လော့ထျန်ကတော့ ဒီလိုဖြစ်နေတာကို သတိမထားမိချေ။
သူ့၏အသိစိတ်ကို တဖြည်းဖြည်း ပျောက်ဆုံးလာနေသည်…
ဒီထဲမှာ အဆိုးဆုံးကတော့ ဒါတွေဖြစ်နေတာကို သူ လုံးဝသတိမထားမိခြင်းပင် ဖြစ်သည်။
“သခင်လေး”
“သခင်လေး…”
ဖုန်းလေး၏အသံသည် ပဲ့တင်သံထပ်လာသည်။ သူ့မျက်စိရှေ့တွင်ရှိသည့် အရာအားလုံး ဝါးသွားခဲ့၏။
လော့ထျန်၏ အမြင်အာရုံသည် တဖြည်းဖြည်း ပို၍ဝါးလာပြီး ကောင်းကင်သည် လည်ပတ်နေသကဲ့သို့ ဖြစ်လာခဲ့သည်…
ဒီအချိန်တွင်…
လော့ထျန်ရှိနေသောကမ္ဘာသည် သွေးနီရောင်ဖြင့် ရွှဲစိုနေသကဲ့သို့ ဖြစ်နေသည်။
သူသည် ယခုအခါ အလောင်းများဖြင့် ဝန်းရံထားသော နယ်နိမိတ်မဲ့ စစ်မြေပြင်တစ်ခု၏ အလယ်တွင် ရောက်နေခဲ့၏။ အလောင်းများမှ သွေးလတ်လတ်ဆတ်ဆတ်များ စီးဆင်းလာပြီး ကောင်းကင်ကိုပင် သွေးနီရောင်ဖြစ်သွားစေ၏။ ဒီနေရာသည် သေမင်းကိုယ်တိုင်ပင် ကြောက်လန့်နိုင်
သည့် အဆုံးမရှိသော သတ်လိုစိတ်များဖြင့် ပြည့်
နှက်နေခဲ့သည်။
သိပ်မဝေးသောနေရာတွင်…
တောင်တစ်တောင်… အလောင်းများဖြင့် ပုံထားသော တောင်တစ်လုံးမှ သွေးများသည် စမ်းချောင်းကဲ့သို့ စီးဆင်းနေသည်။ ထိုအလောင်းတောင်၏ထိပ်တွင် သွေးထွက်နေသောအလင်းကို ထင်ဟပ်စေသော ဧရာမဓားကြီးတစ်ချောင်းရှိနေသည်။
တစ်ထောင့်ရှစ်ရာ ဂျင် အလေးချိန်ရှိသည့် ဧရာမဓားကြီး
သွေးစုပ်ဓားရိုင်း
“ဟားဟားဟား…”
“ငါ၊ သွေးစုပ်နတ်ဆိုး၊ တစ်ဖန်ပြန်ပေါ်လာပြီ”
ကြေကွဲဖွယ်ကောင်းသော တစ္ဆေတစ်
ကောင်၏အော်သံ ရုတ်တရက်ရယ်လိုက်၏။
လော့ထျန် မော့ကြည့်လိုက်ပြီး
“အဲဒါ ငါ့ရဲ့ သွေးစုပ်ဓားရိုင်းမဟုတ်ဘူးလား” ရေရွတ်လိုက်သည်။
“ဟေး ကလေး”
“ငါ့ရဲ့ကမ္ဘာက ပျော်စရာကောင်းလား” သွေးစုပ်
နတ်ဆိုးက ရူးသွပ်စွာအော်ဟစ်လိုက်သည်။
လော့ထျန်က အနည်းငယ်သံသယဝင်ကာ
“မင်းရဲ့ကမ္ဘာ” မေးလိုက်သည်။
သွေးစုပ်နတ်ဆိုးက ပြန်ဖြေလိုက်၏
“ဒါက ငါ့ရဲ့သတ်ဖြတ်ရေးကမ္ဘာပဲ - ဓားတွေက အရာအားလုံးကို သတ်ဖြတ်လိမ့်မယ်”
လော့ထျန်က ထို့နောက်
“ဓားတွေက အရာအားလုံးကို သတ်ဖြတ်လိမ့်မယ်… ဒီလူတွေကို မင်းအားလုံးသတ်လိုက်တာလား” မေးလိုက်သည်။
သွေးစုပ်နတ်ဆိုးက ရူးသွပ်စွာပြုံးပြီး
“ဟုတ်တယ်၊ မင်း ကြောက်သွားပြီလား” ပြောလိုက်သည်။
လော့ထျန်က “မင်းက ရူးနေတာပဲ”
ပတ်ဝန်းကျင်နေရာသည် အလောင်းများဖြင့် ပြည့်နှက်နေသည်။ သက်မဲ့ခန္ဓာကိုယ်များ၏ အဆုံးသတ်ကို မမြင်နိုင်ဘဲ လော့ထျန်၏ ခန့်မှန်းချက်အရ အနည်းဆုံး သန်းနှင့်ချီရှိပေလိမ့်မည်။ ဒါက ရိုးရိုးလေးနဲ့ ပြောရရင် ကြောက်စရာကောင်းလွန်းလှသည်
သွေးစုပ်ဓားရိုင်းမှာ ဘာ့ကြောင့် ဒီလိုမျိုး ပြင်းထန်ပြီး ရိုင်းစိုင်းတဲ့သတ်လိုစိတ်ရှိနေသည်ဆိုတာကို အံ့သြစရာမရှိတော့ချေ။
၎င်းသည် လူသတ်သမားဖြစ်နေသည်။
“ဟားဟားဟား… ကလေး၊ မင်းရဲ့စိတ်ထဲက သတ်လိုစိတ်က ငါ့ထက်မနည်းဘူးပဲ။ ဒါပေမဲ့ ဒါကလည်း ကောင်းပါတယ်။ မင်းကိုသတ်ပြီးရင် ငါ့ရဲ့သတ်လိုစိတ်နောက်ကွယ်က ပညာရပ်က နောက်တစ်ဆင့်
တက်သွားလိမ့်မယ်။ ဟားဟားဟား…
” သွေးစုပ်ဓားရိုင်း စတင်ပြီး ရူးသွပ်စွာ ရယ်မောတော့သည်။
သွေးရောင်ကောင်းကင်သည် စတင်မှောင်လာသည်။
လေသည် ရူးသွပ်စွာ တိုက်ခတ်လာပြီး လော့ထျန်သည် ဓား၏အရှိန်အဝါကြောင့် ဖိနှိပ်ခံနေရသည်ဟု ခံစားခဲ့ရသည်။ ဒီအချိန်မှာတော့ သူ့ရဲ့သေဆုံးချိန် ရောက်ရှိလာပြီဟု ခံစားရပြီး သူ့ရဲ့နှလုံးသားသည် ထိတ်လန့်နေခဲ့သည်။
သူလှည့်ကြည့်လိုက်ပြီး ပြေးတော့သည်။
သို့ပေမဲ့ ဒါက သွေးစုပ်ဓားရိုင်း၏ သတ်ဖြတ်ရေးကမ္ဘာဖြစ်သည်။ ၎င်း၏ကမ္ဘာဖြစ်သောကြောင့် လော့ထျန် ဘယ်လောက်ပဲပြေးဖို့ ကြိုးစားသည်ဖြစ်စေ လွတ်မြောက်နိုင်မည့်နည်းလမ်း မရှိချေ။
“ဟားဟားဟား…”
“ကလေး၊ ငါ့ရဲ့သတ်လိုစိတ်ကို ပါဝင်အားဖြည့်ပေးတော့”
ကောင်းကင်ကိုးခုမှ မြေကြီးတုန်လှုပ်စေသော ဓား၏ဧရာမတစ်ချောင်းသည် အောက်သို့ ရိုက်ခွဲချလာသည်။ ဧရာမဓား၏အရှိန်အဝါသည် တစ်ချက်
ရိုက်ခွဲချရုံနှင့် အာကာသကွဲအက်သွားသကဲ့သို့ ဖြစ်
နေသည်။
“သေပြီကွာ”
“ငါ တကယ်ကို သေပြီ”
လော့ထျန်တွင် အကြံမရှိတော့ချေ။ ဒီလိုမျိုး အစွမ်းထက်တဲ့စွမ်းအင်ကို ရင်ဆိုင်ရချိန်မှာ သူဟာ ပုရွက်ဆိတ်တစ်ကောင်ထက်တောင် ပိုသေးငယ်နေခဲ့သည်။
သို့ပေမဲ့ သူ လက်မလျှော့ချေ။
သူ့၏လက်သီးများကို ချလိုက်ပြီး ကောင်းကင်ကို အော်ဟစ်လိုက်၏
“အဆင့် ၂ ကြမ်းတမ်းခြင်း”
“ဘုန်း”
စွမ်းအားသည် သူ့ထံမှ ချက်ချင်း ပေါက်ကွဲထွက်လာပြီး သူ့လက်သီးများ စတင်နီရဲလာသည်။ လော့ထျန် တစ်ဖန်ပြန်အော်ဟစ်လိုက်၏ “ချော်ရည်မီး”
“…ဗွမ်း…”
ပူပြင်းသော ချော်ရည်မီးများ သူ့လက်သီးများမှ စတင်ယိုစီးကျလာပြီး “ဟီးစ်” ဆိုသည့် အသံများ ထွက်ပေါ်လာသည်။
လော့ထျန်၏ မျက်လုံးများသည် ထူးဆန်းသောပုံစံသို့ ပြောင်းလဲသွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်
သည်။ ထို့နောက် သူ ဟိန်းဟောက်လိုက်၏
“မင်းက ငါ့ကို သတ်ချင်တယ်ပေါ့ မင်းမှာ ဒီလိုလုပ်နိုင်တဲ့ အရည်အချင်း ရှိမရှိအပေါ်မှာပဲ မူတည်လိမ့်မယ်”
“လျှပ်စီးကျားထိုးနှက်ချက်…”
“လျှပ်စီးကျားထိုးနှက်ချက်…”
“လျှပ်စီးကျားထိုးနှက်ချက်…”
သူ့၏လက်သီးများသည် အမြောက်များနှင့်တူနေပြီး ကောင်းကင်ကို စတင်ပစ်ခတ်လိုက်သည်။
ဖိနှိပ်နေသည့် ဓား၏အရှိန်အဝါကို ရင်ဆိုင်ရချိန်တွင် လော့ထျန်၏ ချော်ရည်မီး လက်သီးများသည် ဆက်တိုက်ထိုးနှက်နေခဲ့သည်။ ဝင်လာသော ဓား၏အရှိန်အဝါသည် နှေးကွေးလာပြီး ယင်း၏စွမ်းအား လျော့နည်းသွားသောကြောင့် သွေးစုပ်နတ်ဆိုးကို အတော်လေး မပျော်မရွှင်ဖြစ်စေခဲ့သည်။
ဒီကမ္ဘာမှာ သူက ဘုရင်နှင့် သခင်ဖြစ်နေသည်။ ဘယ်လိုလုပ်ပြီး ဒီလိုမျိုး သူ့ကို စိန်ခေါ်လာတာကို ခွင့်ပြုနိုင်ပါ့မည်နည်း။
ရုတ်တရက်…
သွေးစုပ်နတ်ဆိုး အေးစက်စက်ပြုံးပြီး
“သွေးစုပ်
ခုတ်ချက်” ဟိန်းဟောက်လိုက်သည်။
ထိုအမိန့်ဖြင့် ဓား၏အရှိန်အဝါသည် ပြန်လည်ဆုတ်ခွာသွားပြီး ကိုယ်ထည်မှ အောက်သို့ ခုတ်ချလိုက်သည်။
၎င်းသည် လျှပ်စီးကဲ့သို့ မြန်နေသည်။
ဒီဓားချက်၏ စွမ်းအင်သည် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်သည် လော့ထျန်၏ အသိစိတ်ပင်
ရပ်သွားမတတ်ဖြစ်သွားချေပြီ။
ခံနိုင်ရည်မရှိပေ။
လုံးဝကို ခံနိုင်ရည်မရှိတော့ချေ
ဓား၏ကိုယ်ထည်သည် လော့ထျန်နှင့် တစ်ဝက်တစ်ပြတ်အကွာအဝေးသို့ ရောက်လာချိန်တွင် နူးညံ့သော်လည်း ကျယ်လောင်သောအော်သံသည် သူ့နားထဲသို့ ဝင်ရောက်လာခဲ့၏ “အစ်ကိုကြီးလော့ထျန်…”
“ဘုန်း”
သွေးစုပ်ဓားရိုင်းသည် အဝေးသို့ လွင့်စင်သွားပြီး သတ်ဖြတ်ရေးကမ္ဘာသည် ရုတ်တရက် ပြန်လည်ကျုံ့ဝင်သွားတော့သည်။
လော့ထျန် ရုတ်တရက် ထထိုင်လိုက်သည်။ သူ့တစ်ကိုယ်လုံး ချွေးများဖြင့် ဖုံးလွှမ်းနေပြီး ချွေးပေါက်များသည် သူ့ဆံပင်ဖျားမှနေ၍ တောက်တောက်ကျနေဆဲ ဖြစ်သည်။ သူသည် ယခုအချိန်တွင် မောပန်းနေပြီး ငရဲ၏အနက်ရှိုင်းဆုံးနေရာမှ သေပြီးပြန်တက်လာသကဲ့သို့ ခံစားနေရသည်။
ကြောက်စရာကောင်းလိုက်တာ
အရမ်းကို ကြောက်စရာကောင်းလိုက်တာ
လီရွှယ်အာ၏ အော်သံသာမရှိခဲ့ပါက သူ သေသွားလောက်ပြီ ဖြစ်သည်။
သူမျက်လုံးဖွင့်လိုက်သည့်အချိန်မှာပဲ ညအတော်
နက်နေပြီ ဖြစ်သည်။
“အစ်ကိုကြီးလော့ထျန်၊ အစ်ကိုကြီး နောက်ဆုံးတော့ နိုးလာခဲ့ပြီနော်”
လီရွှယ်အာ၏ မျက်လုံးများသည် နီရဲနေပြီး လော့ထျန်၏ ပုခုံးပေါ်သို့ မှောက်ကာ ရှိုက်ကြီးတငင် ငိုနေတော့သည်။
“အစ်ကိုက ရွှယ်အာကို သေလုနီးပါး ကြောက်
အောင်လုပ်လိုက်တာ၊ အူး…ဟူးဟူး…”
လော့ထျန် လည်ချောင်းထဲကို ခက်ခက်ခဲခဲမျိုချလိုက်ပြီး လီရွှယ်အာ၏ကျောကို ညင်သာစွာပုတ်
ပေးလိုက်၏
“ညီမလေးရဲ့အစ်ကို အခုကောင်းကောင်းမွန်မွန်ရှိနေတာပဲ မဟုတ်လား”
လီရွှယ်အာ၏ အသံက ဘာကြောင့် သွေးစုပ်နတ်ဆိုးကို ကြောက်လန့်စေသည်ဆိုတာကိုတော့ သူ မသိချေ။ ထို့နောက် လော့ထျန်သည် သွေးစုပ်ဓားရိုင်းကို ကြည့်ရန် စနစ်မျက်နှာပြင်ကို ဆက်လက်ဖွင့်ကြည့်လိုက်၏။ ၎င်းကို မြင်ရုံနှင့်တင် လော့ထျန်၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ကျန်နေခဲ့သည်။
သူ့လက်သီးများကို လျှို့ဝှက်စွာ ဆုပ်လိုက်ပြီးနောက် လော့ထျန်က သူ့စိတ်ထဲမှာပဲ ဆိုးဝါးစွာ ပြောလိုက်၏
“တစ်နေ့ ငါ မင်းကို အောင်နိုင်မယ့်နေ့ ရောက်လာမှာပါ”
သွေးစုပ်ဓားရိုင်း၏ သတ်ဖြတ်ရေးကမ္ဘာသည် အလွန်အစွမ်းထက်၏။
သူသာ သတ်ဖြတ်ရေးကမ္ဘာကို ထိန်းချုပ်နိုင်မယ်ဆိုရင်…
ထိုအကြောင်းကို စဉ်းစားလိုက်ရုံနှင့်ပင် သူ့သွေးများ စတင်ဆူပွက်လာခဲ့သည်။
ဒီအချိန်မှာ…
လော့ထျန်၏သွေးသည် တကယ်ကို ဆူပွက်နေသည်။ သူ့အောက်ပိုင်းမှ အမင်္ဂလာဖြစ်သော သတ်လိုစိတ်တစ်စုံတစ်ရာ ထွက်ပေါ်လာသည်။ ဒီသတ်လိုစိတ်သည် သတ်ဖြတ်ရေးကမ္ဘာမှ သတ်လိုစိတ်ထက် အဆပေါင်းတစ်သောင်း ပို၍ အစွမ်းထက်နေသည်။
လီရွှယ်အာ၏ ကိုယ်မှ မွှေးကြိုင်သောအနံ့လေးကို ထည့်ပြောရလျှင် လော့ထျန်သည် သူ့လည်ချောင်းထဲသို့ တံတွေး မျိုချမိတော့သည်။ သူ့ခန္ဓာကိုယ်သည် တောင့်တစိတ်များဖြင့် ပူနေပြီး
“ဟေ့ညီမလေး၊ ညက ရှည်လျားသေးတယ်၊ လူတွေချစ်ခင်စွာလုပ်ကြတဲ့ အရာတွေကို လုပ်ကြရင်ကော” တိုးတိုးလေး ပြောလိုက်၏။
“လူတွေချစ်ခင်စွာလုပ်ကြတဲ့ အရာက ဘာလဲ”
လီရွှယ်အာသည် လော့ထျန်၏ရင်ဘတ်ပေါ်မှခွါလိုက်ပြီးသူ့၏တောင့်တစိတ်များဖြင့်ပြည့်နေသည့် မျက်လုံးများကို ကြည့်လိုက်သည်။ ညဘက်တွင် လူတွေချစ်ခင်စွာလုပ်ကြသည့်အရာများကို လော့ထျန် ဘာကိုဆိုလိုသည်ဆိုတာကို သူမ ချက်ချင်းသိသွားခဲ့ပြီး သူမ၏မျက်နှာ နီရဲသွားခဲ့သည်။ သူမ ခေါင်းကိုငုံ့ထားပြီး လော့ထျန်၏မျက်လုံးများကို ကြည့်ရန် ကြောက်နေတော့သည်။
ထို့နောက် “အစ်ကိုကြီးလော့ထျန်က တကယ်ကို ဆိုးတယ်နော်”