ဒီအတိုင်းပဲ ထားလိုက်ပါ
Vol. 6 Ch. 64
သူ သူမကိုနမ်းလိုက်၏…
လီရွှယ်အာ ရှောင်ဖယ်ခြင်းမရှိပေ။ သူမ မျက်လုံးလေးများကို ညင်သာစွာမှိတ်ထား၏။ သူမ၏ နှလုံးခုန်နှုန်းတို့မှာလည်း မြန်ဆန်နေ၏။ ၎င်းသည် ပန်းရံရှင်ခန်းအတွင်းရှိ သတို့သမီးလေးတစ်ဦးကဲ့သို့ ရင်ခုန်မှုကြောင့် ပါးပြင်များ နီရဲနေကြချေ၏။
နောက်ထပ် နည်းနည်းလေးသာ လိုတော့၏...
လော့ထျန်၏ နှလုံးခုန်နှုန်းများလည်း မြန်ဆန်လာ၏။
သူ့စိတ်ထဲတွင် ရည်မှန်းချက်တစ်ခုရှိနေသည့်အတွက်ကြောင့် လက်ဖဝါးများတွင် ချွေးစေးများပြန်ကာ နှလုံးသားကလည်း အရိုင်းဆန်စွာ ခုန်နေပေ၏။
သူ လီရွှယ်အာ၏ ပါးစပ်ငယ်လေးမှ တစ်စင်တီမီတာခန့်သာ ဝေးကွာတော့ချိန်တွင်...
“အဟမ်း၊ အဟမ်း...”
“သခင်မလေး”
ခြံဝင်းထဲမှ အသံတစ်သံ ထွက်ပေါ်လာ၏။ လီရွှယ်အာသည် ယုန်ငယ်လေးတစ်ကောင်ကဲ့သို့ ထိတ်လန့်သွားကာ မျက်လုံးများ ဖွင့်လိုက်ပြီး လော့ထျန်ထံမှ ရှက်ရွံ့စွာ ရှောင်ဖယ်ကာ အခန်းထဲမှ ချက်ချင်း ပြေးထွက်သွားတော့၏။
လော့ထျန်သည် မျက်လုံးမှိတ်ထားရင်း ခေါင်းညိတ်ကာ သူ့ကိုယ်သူ ပြောလိုက်၏– “ကလေးလေးရေ၊ ကိုယ်လာနေပြီကွာ”
သူ ဘာဆက်လုပ်ရမည်ကို စဉ်းစားထားပြီးဖြစ်ပေ၏။
ပထမဆုံးအနေဖြင့် သူတို့ နမ်းကြမည်၊ ထို့နောက် အဝတ်အစားများကို ဖြည်းဖြည်းချင်း ချွတ်ကြမည်။ ပြီးနောက် ဖြည်းဖြည်းချင်း အောက်သို့ ဆင်းကာ...
“ဟမ်”
“ဘာလို့ မနမ်းသေးတာလဲ” လော့ထျန်သည် အနည်းငယ် အံ့သြသွားကာ မျက်လုံးများကို အနည်းငယ် ဖွင့်ကြည့်လိုက်၏။ သူ ဖြည်းဖြည်းချင်း မျက်လုံးများကို အပြည့်အဝ ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ “ဘာတွေဖြစ်နေတာလဲ”
“ဘယ်သူက ကျင့်ဝတ်မရှိရတာလဲ”
“ဒီလိုအချိန်မှာ ငါ့ကို အနှောင့်အယှက်ပေးရဲတယ် မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ”
“အမလေး၊ သေပါပြီ”
လော့ထျန်သည် ယခုအချိန်တွင် လုံးဝ စိတ်ဆိုးနေ၏။ သူ့ပါးစပ်ထဲသို့ ဝင်တော့မည့် သိုးငယ်လေးတစ်ကောင်သည် ထွက်ပြေးသွားခဲ့ပြီ။ သူ့လို ဗိုက်ဆာနေသည့် ဝံပုလွေကြီးတစ်ကောင် ဘာလုပ်သင့်သနည်း။
အနည်းဆုံး သူ့အတိတ်ဘဝဟုခေါ်သည့်ဘဝတွင် သူ့တွင် စိတ်ဆန္ဒများကို ဖြေဖျောက်ရန်အတွက် လေထိုးရုပ်တစ်ရုပ်ရှိခဲ့၏။ သူ့တွင် ကျွန်းနိုင်ငံမှ ရိုက်ကူးထားသည့် အက်ရှင်ရုပ်ရှင်အချို့လည်း ရှိခဲ့၏။ ယခုမူ သူ့ကို ဘာရွေးချယ်စရာမှ မချန်ထားပေးခဲ့ပေ။
သေပါပြီ
“ဟူး...”
လော့ထျန်သည် သူ့အတွင်းရှိ ပူလောင်နေမှုများကို ပြင်းပြင်းထန်ထန် ရှူထုတ်လိုက်၏။ သူ၏စိတ်နှလုံးမှာ အနည်းငယ် တည်ငြိမ်သွားပြီး သူ၏ မကောင်းဆိုးဝါးမီးလျှံများ အနည်းငယ် လျော့ပါးသွားခဲ့၏။ ထို့နောက် သူသည် ခုတင်ပေါ်မှ ဆင်းကာ အပြင်သို့ ထွက်သွားတော့၏။
အမှောင်အရိပ်တစ်ခုက လီရွှယ်အာကို ကာကွယ်ပေးနေ၏။
၎င်းပုဂ္ဂိုလ်သည် အနက်ရောင်ဝတ်စုံကို အပြည့်အစုံဝတ်ထားပြီး စွမ်းအင်လှုပ်ရှားမှုများကို မဖော်ပြပေ။ လော့ထျန်သည် ဤပုဂ္ဂိုလ်ထံမှ အသက်ရှင်ခြင်း၏ လက္ခဏာတစ်စုံတစ်ရာကိုပင် သိရှိနိုင်ခြင်းမရှိပေ။
လီရွှယ်အာသည် လော့ထျန်ထွက်လာသည်ကို မြင်သောအခါ ပါးများပြန်၍ နီရဲလာ၏။ အမှောင်ထုကြောင့်သာ သူမ၏မျက်နှာ နီရဲလာသည်ကို မည်သူမျှ သတိမပြုမိကြချေ။ အရင်မြင်ကွင်းကို ပြန်အမှတ်ရသောအခါ သူမ၏နှလုံးသားသည် အရူးအမူး ခုန်လာတော့၏။ သူမက ပျော်ရွှင်စွာ ရယ်မောလိုက်ရင်း
“အကိုကြီး လော့ထျန်...”
လော့ထျန်က ပြန်ပြုံးပြပြီး “အွန်း” အသံပြုလိုက်၏။
ထိုသို့ပြောရင်း လော့ထျန်သည် အနက်ရောင်
ကျွမ်းကျင်ပုဂ္ဂိုလ်ကို လှမ်းကြည့်လိုက်၏။
“ဒီနေ့ အစောပိုင်းက ကိစ္စအတွက် ကျေးဇူးတင်ပါတယ်...”
လော့ထျန် စကားမဆုံးခင်တွင် ထိုလူက အေးစက်စွာဖြင့် “ရပါတယ်” ဖြတ်ပြောလိုက်၏။
အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ရေခဲတုံးကြီးကဲ့သို့ အလွန်အေးစက်နေချေ၏။
အသံက အရမ်းနူးညံ့နေသည့်အတွက်ကြောင့် လော့ထျန်သည် ယင်းလူက အမျိုးသားလား၊ အမျိုးသမီးလားဆိုသည်ကို မဆုံးဖြတ်နိုင်ပေ။ ထို့ပြင် ဤပုဂ္ဂိုလ်သည် သူ့ကို အလွန်အေးစက်စွာ ဆက်ဆံနေသောကြောင့် သူ့ဘက်ကလည်း ဂရုမစိုက်သူတစ်
ယောက်ကို သိပ်ချစ်ခင်ဖို့ မလိုချေ။
တစ်ယောက်က သူ့ကို မျက်နှာသာမပေးရင် ဘာလို့သူက မျက်နှာသာပြန်ပေးရမှာလဲ။
လီရွှယ်အာက ညင်သာစွာ ရယ်မောပြီး “အကိုကြီး လော့ထျန်၊ သူက အမြဲတမ်း အဲဒီလိုပဲဆိုတော့ စိတ်ထဲ မထားပါနဲ့” ဟုဆို၏။
လော့ထျန်က “ဘာလို့ စိတ်ထဲထားရမှာလဲ ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ယောက်က ငါ့လိုလူနဲ့ စကားပြောဖို့ စိတ်မဝင်စားတာ သဘာဝပဲမလား” ပြန်ဖြေ၏။
အနက်ရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်သည် လော့ထျန်ကို
အေးစက်သော အကြည့်ဖြင့်သာ ကြည့်လိုက်၏။
“သခင်မလေး၊ ကျွန်တော်တို့ အခု သွားသင့်ပါပြီ”
အနက်ရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်က ပြော၏။
လီရွှယ်အာ၏ ပါးစပ်ငယ်လေးသည် အနည်းငယ် စူနေကာ ဝမ်းနည်းနေပုံရ၏။ ထို့နောက် သူမသည် ငုံ့ကြည့်လိုက်ပြီး “ကောင်းပြီ...” ဆို၏။
ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် သူမသည် လှည့်
ကြည့်ကာ တဟဲဟဲရယ်မော၏။
“အကိုကြီး လော့ထျန်၊ မနက်ဖြန် လာတွေ့ပါ့မယ်။ အကိုကြီး ကောင်းကောင်းအနားယူသင့်တယ်”
ထို့နောက်တွင် သူမသည် သေးငယ်ပြီး ပျော်ရွှင်သော စာကလေးတစ်ကောင်ကဲ့သို့ ခုန်ပေါက်ပြေးလွှားကာ ညအမှောင်ထဲသို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့၏။
လော့ထျန်သည် သူမ၏နောက်ကျောကွယ်သွားသည်ကို ကြည့်ပြီး ပြုံးလိုက်၏။ “ကောင်မလေးအသည်းနှလုံးရယ်”
လော့ထျန်သည် လီရွှယ်အာ၏ နောက်ခံသည် ရိုးရှင်းခြင်းမရှိဟု ထင်ထားခဲ့သော်လည်း ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု ဘယ်တော့မှ မမျှော်လင့်ခဲ့ချေ။ ထိုအနက်ရောင်ဝတ်စုံနှင့် လူ၏ ကျင့်ကြံမှုသည် နက်နဲစိတ်ဝိညာဉ်နယ်ပယ် သို့မဟုတ် ပို၍ပင် မြင့်မားနိုင်ပေ၏။
ဤပုဂ္ဂိုလ်တစ်ဦးတည်းသည် ကျောက်စိမ်းတောင်မြို့တစ်ခုလုံးကို ဖျက်ဆီးနိုင်ချေ၏။
ကြည့်ရသည်မှာ ဤပုဂ္ဂိုလ်သည် လီရွှယ်အာ၏ အထိန်းတော်မျှသာ ဖြစ်ပေ၏။
နောက်လိုက်တစ်ဦးတည်းကပင် ဤမျှ စွမ်းအားကြီးနေပါက သူမ၏မျိုးနွယ်စုသည်...
လော့ထျန်၏ နှလုံးသားသည် အနည်းငယ် တင်းမာလာပြီး မျက်ခုံးများ ရှုံ့တွသွား၏။ ထို့နောက် သူသည် ကြယ်စုံသော ညကောင်းကင်ကို ကြည့်ကာ သူ့အတွေးများထဲတွင် ပျောက်ဆုံးသွားတော့၏။
ခဏအကြာတွင်...
လော့ထျန်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ့ကိုယ်သူ ပြောလိုက်၏။ “ဒီတိုင်းပဲထားလိုက်တော့”
အပြန်လမ်းတွင်...
လီရွှယ်အာသည် တည်ငြိမ်သောမျက်နှာဖြင့် “အကိုကြီး လော့ထျန် ဘာလို့ ရုတ်တရက် သတိလစ်သွားတာလဲ” မေး၏။
သူမ၏နောက်တွင်ရှိသော အနက်ရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်က “ကျွန်မလည်း မသိဘူး” ပြန်ဖြေ၏။
လီရွှယ်အာက အံ့သြသွားကာ
“အစ်မကြီး ရွှမ်း၊ အစ်မက နက်နဲစိတ်ဝိညာဉ်နယ်ပယ် အဆင့် ၆ မှာရှိတဲ့ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး အဆင့်(၃) ဆေးဝါးကျွမ်းကျင်သူလည်း ဖြစ်တယ်။ ဘာကြောင့်လဲဆိုတာကို ဘယ်လိုလုပ် မသိတာလဲ” ဟုဆို၏။
နက်နဲစိတ်ဝိညာဉ်နယ်ပယ် အဆင့် ၆ သည် အလွန်အားကောင်းနေပြီးဖြစ်သော်လည်း သူမသည် အဆင့်(၃) ဆေးဝါးကျွမ်းကျင်သူပင် ဖြစ်နေချေ၏။ သူမသည် မည်မျှပို၍ အစွမ်းထက်နိုင်သေးသနည်း။
မြင့်မားသော ကျင့်ကြံမှု နယ်ပယ်ကို အသာထားလိုက်ပါ။ ထျန်ရွှမ်းနယ်မြေတွင် ဆေးဝါးကျွမ်းကျင်သူ အရေအတွက်မှာ အလွန်နည်းပါးသဖြင့် တစ်ဦးစီတိုင်းကို အထွတ်အထိပ်တည်ရှိမှုအဖြစ် သတ်မှတ်ကြ၏။
အရေးအကြီးဆုံးအချက်မှာ...
အနက်ရောင်ဝတ်စုံနှင့် မိန်းကလေးသည် ကောင်မလေးတစ်ဦးဖြစ်၏။ ရေခဲတုံးကြီးကဲ့သို့ အေးစက်နေသည့် မိန်းကလေးတစ်ဦးပေ။
ပြီးတော့ ဒီလိုကောင်မလေးတွေက “အွန်နီးဆန်း” အမျိုးအစားရဲ့လူကြိုက်များတဲ့ ပြယုဂ်တွေဖြစ်တတ်ကြ၏။ လော့ထျန်က ဒီအကြောင်းကို သိသွားရင် သူ့ဘဝပန်းတိုင်တွေကို ပြန်စဉ်းစားမလားဆိုတာ မသိနိုင်ချေ။ သူ့ရဲ့အတိတ်ဘဝမှာ သူဟာ “အွန်နီးဆန်း” အမျိုးအစားကောင်မလေးကို တွန်းလှဲပစ်ဖို့ အိပ်မက်မက်ခဲ့ဖူးလို့ပင်။
အနက်ရောင်ဝတ်စုံနှင့် မိန်းကလေးက “သူ ရုတ်တရက် သတိလစ်သွားပြီး သူ့ခန္ဓာကိုယ်က ပူလောင်လာခဲ့တယ်။ ပြီးတော့ သူ့နှလုံးသားထဲမှာ သတ်ဖြတ်လိုစိတ်က အလွန်ပြင်းထန်တယ်။ ဒီလိုမျိုး ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်မျိုးကို ကျွန်မ ဘယ်တော့မှ မကြုံတွေ့ဖူးဘူး။ အဲဒါက သတ်ဖြတ်ခြင်းလမ်းစဉ်ကို လိုက်ဖို့ ဆုံးဖြတ်ထားတဲ့ နတ်ဆိုးသခင်တွေနဲ့ ဆင်တူတယ်။ သခင်မလေး၊ သူ့နဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ။ ပြီးတော့... ပြီးတော့...”
ပြော၏။
ဤရက်စက်သော သတ်ဖြတ်ခြင်း၏ အရှိန်အဝါ သည် သူမအတွက်ပင် နက်နဲစိတ်ဝိညာဉ်နယ်ပယ် အဆင့် ၆ ကျွမ်းကျင်သူပင် အနည်းငယ်ကြောက်ရွံ့နေသည့် အရာဖြစ်၏။
သူမသည် လော့ထျန်၏ ဒဏ်ရာများကို စစ်ဆေးနေစဉ်တွင် သူပေးခဲ့သည့် သတ်ဖြတ်လိုစိတ်က သူမ၏စိတ်ကိုပင် ပျက်စီးစေလုနီးပါး ဖြစ်ခဲ့၏။
သူမ၏စိတ်ထဲတွင် လော့ထျန်သည် အန္တရာယ်ရှိသော သူဖြစ်၏။
ယခုအချိန်တွင် သူသည် အန္တရာယ်မရှိနိုင်သေးသော်လည်း အနာဂတ်တွင်တော့ သေချာပေါက် ဖြစ်လာလိမ့်မည်။
သူမသည် လီရွှယ်အာကို နောက်လိုက်နေစဉ်တွင် တစ်ခုတည်းသော အမိန့်ကိုသာ ရရှိခဲ့သည်– သူမကိုခြိမ်းခြောက်လာသူအားလုံးကို သတ်ပစ်ရန်
လော့ထျန်၏ နှလုံးသားအတွင်းရှိ ပြင်းထန်သော သတ်ဖြတ်လိုစိတ်သည်လည်း ခြိမ်းခြောက်မှုတစ်ခုဟု ယူဆခဲ့၏။ လီရွှယ်အာအား အနည်းငယ်မျှပင် ခြိမ်းခြောက်လာသမျှ သူမသည် သူ့ကို တုံ့ဆိုင်းခြင်းမရှိဘဲ သတ်ပစ်လိမ့်မည်။
လီရွှယ်အာက “ပြီးတော့ ဘာလဲ” ညင်သာစွာ မေး၏။
အနက်ရောင်ဝတ်စုံနှင့် မိန်းကလေးက
“သူက သခင်မလေးနဲ့ မထိုက်တန်ပါဘူး။ သခင်မလေးကတော့ သခင်လေး တျန်း...” ပြန်ဖြေ၏။
လီရွှယ်အာ၏ မျက်ခုံးများ တွန့်သွားပြီး သူမ၏ အသံနေအထား ပြောင်းလဲသွား၏။
“သူ့အကြောင်း ငါ့ရှေ့မှာ မပြောနဲ့”
အနက်ရောင်ဝတ်စုံနှင့် မိန်းကလေး၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားကာ သူမ ပါးစပ်
ပိတ်လိုက်၏။
နှစ်ဦးသားသည် ရှေ့တစ်ဦး နောက်တစ်ဦး တိတ်ဆိတ်စွာ လျှောက်သွားကာ ခရမ်းရောင်အဖွဲ့အစည်း၏ သိုင်းကွင်းသို့ ဦးတည်သွားကြတော့၏။
မနက်စောစော။
လော့မိသားစုတစ်ခုလုံးသည် ပွဲတော်ကြီးဆင်နွှဲနေကြပြီး ၎င်းတို့၏ ခြံဝင်းကို အလှဆင်နေကြ၏။
သိုင်းပညာလေ့ကျင့်ရေးမြေပြင်အတွင်းတွင်...
လော့မိသားစုဝင် ထောင်ပေါင်းများစွာသည် စိတ်ဝိဉာဉ်များပြည့်နေသည့် တန်းစီလျက် ရပ်နေကြ၏။ ၎င်းတို့၏ မျက်လုံးများက စင်မြင့်၏ အလယ်ဗဟိုကို တောက်ပစွာ စိုက်ကြည့်နေကြ၏။
ဖုန်းလေသည် တစ်ကြိမ် လက်ဝှေ့ယမ်းလိုက်၏။
ထို့နောက် လူတိုင်းက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။ “ဂုဏ်ပြုပါတယ်၊ သခင်
အသစ်”
ရုတ်တရက်၊ လူရာနှင့်ချီသော တပည့်များသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသဖြင့် တရှဲရှဲ အသံကို ကြားလိုက်ရ၏။ ဒီလိုမြင်ကွင်းမျိုးက လော့ထျန်ကို အတော်လေး ထိတ်လန့်သွားစေ၏။
လော့ထျန်သည် လည်ချောင်းကို ရှင်းလိုက်ပြီး ဖုန်းလေကို တစ်ချက်ကြည့်ကာ ကျယ်လောင်စွာဖြင့်
“ကျွန်တော်တို့အားလုံးဟာ ညီအစ်ကိုတွေပဲဆိုတော့ ဒီလိုဖြစ်ဖို့ မလိုပါဘူး။ အားလုံး ထကြပါ” ဟုပြော၏။
သူ့ရှေ့တွင် လူအများအပြားကို မြင်သောအခါ သူ အနည်းငယ် စိတ်လှုပ်ရှားလာခဲ့၏။
လော့မိသားစု
သူသည် လော့မိသားစု၏ ခေါင်းဆောင်ဖြစ်နေပေပြီ။
လော့ထျန် မနေ့က သတိလစ်နေစဉ်တွင် ဖုန်းလေသည် အိမ်သန့်ရှင်းရေးလုပ်သည့် လှုပ်ရှားမှုများစွာကို ပြုလုပ်ခဲ့သည်။ လော့ကျန့်ရှန်နှင့် နီးစပ်သူများအားလုံးကို ဖယ်ရှားခဲ့ပြီးဖြစ်၏။
လော့ကျန့်ရှန်၏ သေဆုံးမှုသည် လော့မိသားစုအတွက် မျိုးနွယ်စု ပျက်စီးခြင်းနှင့် အတူတူပင်
ဖြစ်၏။
နက်နဲ ဆရာနယ်ပယ်မှ ခေါင်းဆောင်သုံးဦးနှင့် ထက်မြက်သော အဓိကတပည့်များ၏ တစ်ဝက်သည် သေဆုံးခဲ့ကြ၏။ အမဲလိုက်ပြိုင်ပွဲမြေပြင်အတွင်း၌ လော့ထျန်သည် များပြားလှသော မိုးကြိုးမြည်ဟီးသံများကို အသုံးပြုကာ ပြင်ပဂိုဏ်းတပည့်များစွာကို ချက်ချင်း သတ်ပစ်ခဲ့၏။ ဤအရာအားလုံးသည် လော့မိသားစုအား အကျပ်အတည်းအခြေအနေသို့ ရောက်ရှိစေခဲ့၏။
လက်ရှိ လော့မိသားစုကို ပြဿနာများစွာရှိနေပြီး ပြုပြင်ရန် မရှိဟု ဖော်ပြနိုင်ပေ၏။
လော့ထျန်သည် တစ်မိသားစုလုံးကို စီမံခန့်ခွဲနိုင်စွမ်းမရှိသော အိုတာကူတစ်ယောက်သာ ဖြစ်၏။ ထို့ပြင် သူ ပိုမိုအားကောင်းလာသည်နှင့်တစ်ပြိုင်နက် ကျောက်စိမ်းတောင်မြို့တွင် နေရန် အစီအစဉ်မရှိပေ။
သို့သော် သူသည် မိသားစုခေါင်းဆောင် ဖြစ်လာခဲ့ပြီဖြစ်သောကြောင့် မြို့မှထွက်ခွာရန် အစွမ်းအစမရှိသေးသည့်အတွက် မိသားစုကို အားကောင်းစေရန် သူ၏အချိန်နှင့် ကြိုးပမ်းအားထုတ်မှုများကို ဆက်ကပ်မြှုပ်နှံပေးလိမ့်မည်။
“သတင်းပို့ပါတယ်”
“မျိုးနွယ်စုခေါင်းဆောင်ကို သတင်းပို့ပါတယ်၊ ကျိုးမိသားစုနဲ့ ကျူးမိသားစုက လူအများကြီးကို ခေါ်လာပြီး လော့မိသားစုဆီကို လာနေကြပါတယ်။ သူတို့ ကျွန်တော်တို့ရဲ့ ပင်မတံခါးကို ရောက်လုနီးပါးဖြစ်နေပါပြီ”
လော့ထျန်၏ မျက်ခုံးများ တင်းမာလာ၏။ “သူတို့က ဒီကို ရန်စဖို့ လာချင်ကြတာလား”
ဒီအချိန်မှာ အဓိကမျိုးနွယ်စုလေးခုထဲက ဘယ်မိသားစုမဆို လော့မိသားစုကို ချေမှုန်းနိုင်၏။ ရုတ်တရက် အဓိကမျိုးနွယ်စုနှစ်ခုသည် သူတို့ဆီသို့ ဦးတည်လာခဲ့ကြ၏။ သူတို့သည် စစ်ကြေညာချင်ပုံရ၏။