← Chapters

ငါ့ကို စိတ်ကြီးဝင်နေတာ တဲ့လား

Vol. 6 Ch. 65

ငါ့ကို စိတ်ကြီးဝင်နေတာ တဲ့လား

Vol. 6 Ch. 65

လော့ကျန့်ရှန် သေဆုံးပြီးသည်နှင့် ကျိုးနှင့် ကျူးမျိုးနွယ်စုတို့က လူအင်အားအများအပြားကို ချက်ချင်းခေါ်ဆောင်လာကြ၏။ ဒါက ရန်စရန်ရည်ရွယ်သည်ဆိုတာ ရှင်းနေပေသည်။

လော့မျိုးနွယ်စု၏ အဓိကဝင်ပေါက်။

အဓိကဝင်ပေါက်ကို စောင့်နေသည့် လော့မျိုးနွယ်စုတပည့်နှစ်ဦး၏ နဖူးတို့တွင် ချွေးစေးများဖြင့် ဖုံးလွှမ်းနေ၏။ ၎င်းတို့သည် အဓိကဝင်ပေါက်ကို ပိတ်ဆို့ထားပြီး ယုံကြည်မှုမရှိသည့်အသံများဖြင့်

“ကျွန်တော်တို့လေါင်းဆောင်ရဲ့ အမိန့်မပါဘဲ ခင်ဗျားတို့ကို ဒီလိုပဲ ဝင်ခွင့်မပြုနိုင်ပါဘူး”

“ဟေ့၊ ဟေ့”

“လော့မျိုးနွယ်စုရဲ့ ခွေးလေးတွေက ဘယ်တုန်းက ဒီလောက် စိတ်ကြီးဝင်သွားတာလဲ”

“မင်းတို့နှစ်ယောက် ငါတို့ဘယ်သူလဲဆိုတာ မသိကြတာများလား” ခန္ဓာကိုယ်ထွားကြိုင်းပြီး မျက်ခုံးမွေးထူထဲသည့် ကျိုးအော်ရန်က မာနကြီးစွာအော်ဟစ်

လိုက်သည်။

ထိုသို့ပြောနေစဉ်တွင် သူသည် ဖိနှိပ်သည့်စွမ်းအားကို ထုတ်လွှတ်လိုက်ရာ အဓိကဝင်ပေါက်ကို စောင့်နေသည့် တပည့်နှစ်ဦး၏ မျက်နှာများ ဖြူဖျော့သွားခဲ့သည်။ သူတို့၏ခန္ဓာကိုယ်များမှာလည်း ထိုဖိအားကို မခံနိုင်တော့ဘဲ အနည်းငယ် ကုန်းညွှတ်သွားကြသည်။

ပတ်ဝန်းကျင်မှလူများက လှောင်ပြောင်ရယ်မောလာကြသည်။

“သူတို့ ဘယ်လိုအရာတွေနဲ့ ဖွဲ့စည်းထားလဲဆိုတာကို ငါတို့မပြဘဲနေရင် ငါတို့ကို လွယ်လွယ်ကူကူ ဖိနှိပ်လို့ရတဲ့သူတွေလို့ သူတို့ထင်သွားလိမ့်မယ်”

“လော့ကျန့်ရှန်က သေသွားပြီဆိုတော့ လော့မျိုးနွယ်စုက သူတို့ရဲ့ မာနကို ထိန်းသိမ်းဖို့ ဘာအရည်အချင်းမှ မရှိတော့ပါဘူး”

“ခေါင်းဆောင်ကျိုး၊ ရှေ့ဆက်ပြီး သူတို့ကို သတ်

ပစ်လိုက်ပါ။ ငါတို့ကလည်း အဲ့ဒီ့ လော့ထျန်ကို ကျိုးမျိုးနွယ်စုရဲ့ အစွမ်းထက်တဲ့အင်အားကို ပြသပေးလိုက်မယ်”

ကျိုးတိုင်းရန်သည် ကျိုးအော်ရန်၏ လုပ်ရပ်များကို မတားဆီးဘဲ ဘေးတွင် ရပ်နေခဲ့သည်။

ကျိုးမျိုးနွယ်စုက စတင်လှုပ်ရှားနေပြီဖြစ်သောကြောင့် ကျူးမျိုးနွယ်စုကလည်း အားနည်းသည်ဟု မမြင်စေလိုချေ။

ကျူးမျိုးနွယ်စုမှ လူငယ်တပည့်တစ်ဦးသည် ရှေ့သို့တက်လာပြီး ညာဘက်ခြေထောက်ကို မြှောက်လိုက်သည်။ သူ့ခြေဖဝါးသည် လော့မျိုးနွယ်စုတပည့်တစ်ဦး၏ မေးစေ့ပေါ်တွင် တင်လိုက်ပြီး သူ့ကိုနံရံနှင့် ဖိထားခဲ့သည်။ ထို့နောက် ကျူးမျိုးနွယ်စုတပည့်က

“လော့ကျန့်ရှန် အသက်ရှင်နေတုန်းကတောင်မှ သူက ငါတို့ရှေ့မှာ ဒီလောက်အထိ မဝံ့ရဲဘူး။ မင်းတို့ ခွေးလေးနှစ်ကောင်က ဒီလိုမျိုး သတ္တိရှိရဲတယ်ဆိုတော့ မင်းတို့ သေချင်နေပြီထင်တယ်”

လှောင်ပြောင်လိုက်သည်။

လော့ကျန့်ရှန် သေဆုံးပြီးသည်နှင့် လော့မျိုးနွယ်စုသည် ပျော့ညံ့လာခဲ့သည်။

ထို့အပြင် လော့ကျန့်ရှန်သေဆုံးခြင်းအပြင် လော့မျိုးနွယ်စုသည် ခေါင်းဆောင်နှစ်ဦးနှင့် ၎င်းတို့၏ထူးချွန်သော တပည့်တစ်ဝက်ကျော်ကိုလည်း ဆုံးရှုံးခဲ့သည်။ လက်ရှိ လော့မျိုးနွယ်စု၏အင်အားသည် ကျောက်စိမ်းတောင်တောင်မြို့တွင် ဒုတိယအဆင့်မျိုးနွယ်စုအဖြစ်တောင် မသတ်မှတ်တော့ချေ။

အရည်အချင်းရှိသူများ လျော့ကျလာသောကြောင့် အားကိုးစရာမရှိတော့ချေ။

ဆယ့်ခြောက်နှစ်အရွယ် လော့ထျန်ကို အားကိုးပြီး ဒီလိုမျိုး ကြီးမားတဲ့လော့မျိုးနွယ်စုကို ထောက်ပံ့ဖို့ လုံလောက်ပါ့မလား။

ကျောက်စိမ်းတောင်တောင်မြို့မှ မည်သူမျှ ဒါ ဖြစ်

နိုင်တယ်လို့ မယုံကြပေ။

လော့မျိုးနွယ်စုတွင် အတွင်းပိုင်းပဋိပက္ခရှိခဲ့ပြီး ထိခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။ ၎င်းသည် အဓိကမျိုးနွယ်စုသုံးစုအတွက် ပြီးပြည့်စုံသော အခွင့်အရေးကို ဖန်တီးပေးခဲ့၏။ ကျိုးတိုင်းရန်နှင့် ကျူးယာအိုကျုံးတို့သည် တူညီသောကောက်ချက်ကို ချခဲ့ကြပြီး လက်ချင်းချိတ်ခဲ့ကြသည်။အစက ဆုံးမျိုးနွယ်စုကိုလည်း ဖိတ်ကြားချင်ခဲ့သော်လည်း ဆုံးယန်နန်က ငြင်းဆိုခဲ့သည်။

ဒါက ပိုကောင်း၏။

ဒီလို အရသာရှိတဲ့ ကိတ်မုန့်ကြီးကို ခွဲခြမ်းစိတ်ဖြာတဲ့လူ နည်းလေကောင်းလေဖြစ်သည်။

လျှို့ဝှက်စွာဖြင့် ကျိုးတိုင်းရန်နှင့် ကျူးယာအိုကျုံးတို့ နှစ်ဦးစလုံးသည် ဆုံးယန်နန်ကို တုံးအသူကြီးဟု ခေါ်ဝေါ်ရင်း ပျော်ရွှင်စွာ ပြုံးနေကြသည်။

ဟုတ်ပါတယ်…

တကယ်တုံးအတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ နောက်ဆုံးမှာ… ဟဲဟဲ

သူတို့သည် ထူးချွန်သူများအားလုံးကို စုစည်းပြီး လော့မျိုးနွယ်စုသို့ အမြန်သွားခဲ့ကြသည်။

ဟုတ်ပါတယ်…

ဒီလူတွေအားလုံးက မျက်နှာပကာသနကို လိုချင်ကြပြီး မကောင်းတဲ့နာမည်တွေကို မခံချင်ကြချေ။ ဒါကြောင့် တရားဝင် အကြောင်းပြချက်တစ်ခုကို ရှာဖွေရပေသည်။

အဓိကဝင်ပေါက်ကို စောင့်နေသည့် တပည့်နှစ်ဦး၏ စိတ်များနှင့် အသိစိတ်တို့သည် ဖိနှိပ်ခံနေရသည်။

သူတို့၏ ခန္ဓာကိုယ်များကို တစ်စုံတစ်ဦးက အတင်းအကျပ် တွန်းထားသည်။

၎င်းတို့အတွက် အလွန်မသက်မသာ ဖြစ်သော်လည်း ၎င်းတို့ထဲမှ တစ်ဦးက

“… ခေါင်းဆောင်ရဲ့ခွင့်ပြုချက်မရဘဲ ဘယ်သူမှ လော့မျိုးနွယ်စု မြေထဲကို တစ်လှမ်းတောင် လှမ်းခွင့်မပြုပါ” ရုန်းကာ ပြောလိုက်သည်။

အခြားတပည့်တစ်ဦးက နံရံကို အားပြုရင်း သူ့ပြန်

ရပ်လာခဲ့သည်။ သူ၏မျက်နှာအမူအရာသည် သံမဏိနှင့်တူနေပြီး သူ့ခွန်အားအားလုံးကို အသုံးပြုပြီး “ခေါင်းဆောင်ရဲ့ခွင့်ပြုချက်မရဘဲ မင်းတို့တွေ ဘယ်သူမှ လော့မျိုးနွယ်စုထဲကို တစ်လှမ်းတောင် လှမ်းဖို့ မစဉ်းစားနဲ့” ကျယ်လောင်စွာ အော်ဟစ်

လိုက်သည်။

သူ့အသံတွင် ရူးသွပ်မှု အရိပ်အယောင်ပါရှိနေ၏

ဒီအဓိကဝင်ပေါက်ကို စောင့်နေတဲ့ သူနှစ်ဦးသည် အမဲလိုက်ပြိုင်ပွဲအတွင်း လော့ထျန်ကို လိုက်ပါခဲ့သူများ ဖြစ်သောကြောင့် သူတို့မှာလည်း မခံချင်စိတ်တို့ ရှိနေခဲ့ကြသည်။ အခြားအဓိကမျိုးနွယ်စုနှစ်ခုကို ရင်ဆိုင်ရချိန်တွင်တောင် သူတို့ ဒီလိုမျိုး ပြုမူနေကြသည်။

“လခွမ်းက”

“ခွေးလေးနှစ်ကောင်က ဒီလောက်အထိ ရဲရင့်ရဲတယ်ပေါ့၊ မင်းတို့ ဘယ်လောက်အထိ စိတ်ကြီးဝင်

နိုင်မလဲဆိုတာ ကြည့်ချင်တယ်”

ကျိုးအော်ရန်၏ မျက်နှာသည် ညိုမဲသွားပြီး သူ ရှေ့သို့တစ်လှမ်းလှမ်းလိုက်သည်။

“ဘုန်း”

သူ့ခြေအောက်မှ ကြမ်းပြင်ကြွေပြားသည် ကွဲသွားသည်။

ချက်ချင်းပင်…

သူ့ခန္ဓာကိုယ်မှ အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး သူ့၏ညာလက်ဖဝါးသည် ပွတ်ဆွဲလိုက်သည်။

“ဖျစ်…”

အာကာသကွဲအက်သွားသံကို ကြားရပြီး နက်နဲဆရာတစ်ဦး၏စွမ်းအား လွှမ်းသွားခဲ့သည်။

အဓိကဝင်ပေါက်ကို စောင့်နေသည့် တပည့်၏ မျက်နှာအမူအရာတွင် ပြောင်းလဲမှုမရှိချေ။ သူ၏ခန္ဓာကိုယ်သည် သူ့ကိုယ်သူ ဟန်ချက်ထိန်းနိုင်ရန် မြင်းဟန်ပြင်၍ထိုင်လိုက်သည်။ သူသည် ထိုလက်ဖဝါးချက်ကို တည့်တည့်ခံရန် စီစဉ်နေပုံရသည်။

“သူ ရူးသွားတာလား”

“သူ့ရဲ့ နက်နဲတပည့်အဆင့် ၄ အဆင့် ကျင့်ကြံမှုနဲ့ ခေါင်းဆောင်ကျိုးရဲ့ တိုက်ခိုက်မှုကို ခုခံချင်တယ်ပေါ့”

“လော့ထျန် ရူးတာအပြင် သူ့ရဲ့ လက်အောက်ငယ်သားတွေပါ ရူးသွားပြီလို့ ထင်ရတယ်။ ဟားဟားဟား…”

ပတ်ဝန်းကျင်မှလူများ ရူးသွပ်စွာရယ်မောလာကြသည်။

နံရံနှင့် ဖိထားခံရဆဲဖြစ်သည့် တပည့်၏မျက်နှာသည် တင်းမာသွားပြီး

“မင်းက ငါ့ခေါင်းဆောင်ကို ကျိန်ဆဲရဲတယ်လား ”

ကျိန်ဆဲပြောဆိုလိုက်သည်။

“မင်း သေချင်နေတာပဲ”

ညာလက်ဖဝါးသည် ရှေ့သို့ဆန့်တန်းပြီး ရိုက်ချလိုက်သည်။

“ပတ်”

နီရဲနေသည့် လက်ဖဝါးရာ၊ ဖောင်းနေသည့် ပါးပြင်များ၊ သွားအချို့ကျိုးသွား၏။ ဒီရိုက်ချက်နောက်ကွယ်က စွမ်းအားသည် အတော်လေး အစွမ်းထက်၏။ နက်နဲတပည့်အဆင့်မှ တပည့်တစ်ဦးနှင့် ဆက်ဆံရာတွင် ဒီလိုမျိုး အင်အားကို အမှန်တကယ် အသုံးပြုရန် လိုအပ်သလား

ဒါက တမင်တကာ စော်ကားနေခြင်းပင် ဖြစ်သည်

“ဖျူး… ဖျူး…”

နူးညံ့သောလေသည် လော့မျိုးနွယ်စု၏ အဓိကဝင်ပေါက်အတွင်းမှ တိုက်ခတ်လာသည်။

“ငါ့ညီအစ်ကိုတွေကို ထိတဲ့သူ၊ သေ”

အေးစက်စက် အော်ဟစ်သံနှင့်အတူ သတ်လိုစိတ်တို့သည် ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။ နူးညံ့သောလေနောက်တွင် အစွမ်းထက်သော ဆူနာမီလှိုင်းတစ်ခု လိုက်ပါလာသည်။

ကျိုးအော်ရန်၏ မျက်နှာအမူအရာသည် ပြင်းထန်စွာ ပြောင်းလဲသွားသည်။

သူတုံ့ပြန်ရန် အချိန်မရမီတွင် အနီရောင်လက်သီးတစ်စုံသည် လေဟာနယ်ထဲမှ ထိုးဖောက်ထွက်လာသည်။

“ဘောင်း”

အရင်က မာနကြီးလွန်းနေသည့် မျက်နှာကို တိုက်ရိုက် အရည်ပျော်သွားအောင် ထိုးကြိတ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး လွင့်ထွက်သွားသည်။ ထို့နောက် ခန္ဓာကိုယ်သည် လမ်းမကြီး၏ အလယ်တွင် ကျရောက်ပြီး လမ်းပေါ်က အလောင်းလိုမျိုး လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေတော့သည်။

လက်သီးသည် ပျောက်ကွယ်သွားပြီး နူးညံ့သောလေသည် ရပ်တန့်သွားသည်။

လူတစ်ဦး၏ ပုံသဏ္ဌာန်သည် အလယ်တွင်ရပ်နေပြီး မျက်လုံးများတွင် ဒေါသနှင့် သတ်လိုစိတ်များ ပြည့်

နေ၏။

“လော့ထျန်၊ မင်း တကယ်ကို ရဲရင့်တာပဲ ကျိုးမျိုးနွယ်စုရဲ့ ခေါင်းဆောင်တစ်ဦးကို မင်း တိုက်ခိုက်ရဲတယ်ပေါ့”

“အရမ်းကို ရိုင်းစိုင်းတာပဲ”

“မင်း သေချင်နေတာပဲ”

ကျိုးမျိုးနွယ်စုမှလူများ အားလုံး ဒေါသတကြီး ကျိန်ဆဲလာကြသည်။

လော့ထျန်သည် ၎င်းတို့၏ကျိန်ဆဲသံများကို နားပင်းနေသကဲ့သို့ ပြုမူပြီး

“ဒီဖေဖေမှာ မင်းတို့အတွက် အချိန်မရှိဘူး”

အေးစက်စက်ပြောလိုက်သည်။

သူ့အသံမှေးမှိန်သွားသည်နှင့် လော့ထျန်သည် နံရံနှင့် ဖိထားခံရဆဲဖြစ်သည့် လော့မျိုးနွယ်စုတပည့်ကို ကြည့်ရန်လှည့်လိုက်သည်။ လော့ထျန်၏ မျက်ခုံးမွေးများ တွန့်ချိုးသွားပြီး သူ့၏ နက်နဲဆရာအဆင့် ၄ စွမ်းအားသည် ပုံသဏ္ဌာန်မရှိသော ဖိအားအဖြစ် ပေါက်ကွဲထွက်လာခဲ့သည်။

“အားးးး”

ကျူးမျိုးနွယ်စုတပည့်သည် တောင်တစ်လုံးက သူ့အပေါ်သို့ ကျရောက်နေသကဲ့သို့ ခံစားရပြီး မြေပြင်ပေါ်သို့ ပြားသွားတော့သည်။ သူ့လက်ရှိမျက်နှာအမူအရာသည် ကြောက်စရာကောင်းနေ၏။

လော့ထျန်သည် အေးစက်စက်မျက်နှာအမူအရာဖြင့် အဓိကဝင်ပေါက်ကို စောင့်နေသည့် တပည့်ကို

“သူ မင်းကို ဘယ်နှစ်ချက်ရိုက်တာလဲ” မေးလိုက်

သည်။

“တစ်ချက်” တပည့်က ပြန်ဖြေသည်။

ထို့နောက် လော့ထျန်က

“သူ့ကို လက်ဝါးရိုက်ချက် အချက်တစ်ရာ ပြန်ဆပ်လိုက်၊ မင်း သူ့ကို မသန်စွမ်းဖြစ်စေ၊ သတ်ပစ်သည်ဖြစ်စေ ဂရုမစိုက်ဘူး။ မင်းကို ဘယ်သူမဆို လှုပ်ရှားရဲသရွေ့ ငါ ချက်ချင်းသတ်ပစ်

မယ်”

အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။

“ကျေးကျူးးပါ ခေါင်းဆောင်” အဓိကဝင်ပေါက်ကို စောင့်ရသည့် တပည့်က ပြုံးလိုက်ပြီး သူ၏ခွန်အားကို စုစည်းလိုက်ကာ သူ့၏ညာဘက်လက်ဖြင့် ပြင်းထန်စွာ ရိုက်လိုက်သည်။

“ဖတ်”

ကျူးမျိုးနွယ်စုတပည့်သည် လော့ထျန်၏စွမ်းအားကြောင့် ဖိအားအပြည့် ခံနေရသောကြောင့် တုံ့ပြန်ဖို့ဝေးစွ၊ လှုပ်တောင်မလှုပ်နိုင်ချေ။

“လော့ထျန်၊ စိတ်ကြီးဝင်တာ ရပ်လိုက်တော့” ကျူးယာအိုဖုန်းက အော်ဟစ်ပြီး တစ်လှမ်းရှေ့တိုးလိုက်

သည်။

ကျူးမျိုးနွယ်စုတပည့်များအားလုံးသည် အဓိကဝင်ပေါက်ကို ဝိုင်းရံရန် ရှေ့သို့တိုးလာကြသည်။

အဓိကဝင်ပေါက်ကို စောင့်နေသည့် တပည့်က အနည်းငယ်တွန့်ဆုတ်နေ၏။

“မရပ်နဲ့။ ငါရှိနေတာနဲ့ သူတို့က လှုပ်ရှားရဲရင်… ဟဲဟဲ” လော့ထျန် သူ့နားများကို ကုတ်လိုက်ပြီး အဓိကဝင်ပေါက်၏ တံခါးခုံပေါ်တွင် ထိုင်ချလိုက်သည်။ သူ့နှုတ်ခမ်းများသည် လှောင်ပြောင်မှုဖြင့် ကွေးညွှတ်

နေ၏

“စိတ်ကြီးဝင်တယ် ငါ တကယ်ကို ဒီလောက် စိတ်ကြီးဝင်နေသလား”

“လူတွေက ငါ့အိမ်ရှေ့မှာ လာဆူပူနေပြီး ငါ့ကို စိတ်ကြီးဝင်တယ်တဲ့လား”

“ဖတ်”

“ငါ့ညီအစ်ကိုကို နံရံနဲ့ ဖိထားပြီး ငါ့ကို စိတ်ကြီးဝင်

တယ်တဲ့လား”

“ဖတ်”

“ကျိုးမျိုးနွယ်စုရဲ့ ခေါင်းဆောင်တစ်ဦးက အဓိကဝင်ပေါက်ကို စောင့်ရတဲ့ တပည့်လေးတစ်ယောက်ကို အနိုင်ကျင့်ပြီး ငါ့ကို စိတ်ကြီးဝင်တယ်တဲ့လား”

“ဖတ်”

“မင်းတို့နဲ့ နှိုင်းယှဉ်ရင် ငါ့ကို ဘယ်လိုလုပ် စိတ်ကြီးဝင်တယ်လို့ ယူဆနိုင်မလဲ”

“ဖတ်”

စာကြောင်းတစ်ကြောင်းချင်းစီကို ဒေါသအရိပ်အယောင်မပါဘဲ အေးဆေးတည်ငြိမ်စွာ ပြောနေသည်။

သို့သော် လော့ထျန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါသည် မုန်တိုင်းလှိုင်းများကဲ့သို့ သတ်လိုစိတ်အပြည့်ဖြင့် ပြည့်နေသည်။ သူအရင်က ပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်- နောက်တစ်လှမ်း ထပ်လှမ်းရဲသည့် မည်သူမဆို ချက်ချင်းသတ်ပစ်မည်

လော့ထျန်၏ စာကြောင်းတစ်ကြောင်းစီအပြီးတွင် အဓိကဝင်ပေါက်ကို စောင့်နေသည့် တပည့်သည် လက်ဝါးဖြင့်ရိုက်လိုက်သည်။

သူတို့နှစ်ဦးသည် အချင်းချင်း ကောင်းစွာ ပူးပေါင်းဆောင်ရွက်ကြသည်။

ရုတ်တရက်…

အစွမ်းထက်ပြီး အားကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာပြီး လူအုပ်စုသည် လမ်းခွဲပေးလိုက်ကြသည်။

ကျိုးတိုင်းရန်နှင့် ကျူးယာအိုကျုံးတို့၏ မျက်နှာများသည် အေးစက်နေပြီး တစ်လှမ်းချင်းစီဖြင့် ရှေ့သို့ လျှောက်လာကြသည်။ မျက်လုံးနှစ်စုံသည် အဓိကဝင်ပေါက်၏ တံခါးခုံတွင်ရှိသည့် လော့ထျန်ကို စူးစိုက်ကြည့်နေ၏။

၎င်းတို့၏ သတ်လိုစိတ်သည်လည်း မြင့်တက်လာသည်။

ထိုအချိန်မှာပဲ ဖုန်းလေသည် တစ်မျိုးနွယ်စုလုံးကို သတ်ဖြတ်လိုစိတ်အပြည့်နဲ့ အလျင်အမြန်ရောက်လာခဲ့သည်။

All Chapters