ကစားချင်လား၊ ပိုကြီးတာ ကစားပေးမယ်
Vol. 6 Ch. 67
သူ မပါဝင်ရင် သူတို့ ချက်ချင်း တိုက်ခိုက်လိမ့်မည်
ဒါက လော့ထျန်ကို သေဖို့ အတင်းအကျပ်လုပ်နေခြင်း ဖြစ်သည်။
ကျူးယာအိုကျုံးက“မင်းမှာ ရွေးချယ်စရာ လုံးဝမရှိခဲ့ပါဘူး” ပြောလိုက်သည်။
ကျိုးတိုင်းရန် အေးစက်စက် ရယ်မောလိုက်သည်။
ပတ်ဝန်းကျင်ရှိ မျိုးနွယ်စုနှစ်စုမှ တပည့်များသည် အသင့်ရှိနေကြသည်။ အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် လော့မျိုးနွယ်စုထဲသို့ ဒီရေလှိုင်းကဲ့သို့ ပြေးဝင်လာပေလိမ့်မည်။
လက်ရှိလော့မျိုးနွယ်စုက သူတို့ကို ခုခံနိုင်မည့်နည်းလမ်း မရှိချေ။
“ခေါင်းဆောင်၊ သူတို့နဲ့ တိုက်ပွဲဆင်နွှဲကြရအောင်”
“ဟုတ်ပါတယ်၊ သူတို့ အရမ်းမာနကြီးလွန်းတယ်။ ကျွန်တော့်ဘဝတစ်လျှောက်မှာ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးပါဘူး”
“သူတို့က ကျောက်စိမ်းတောင်တောင်မြို့က အဓိကမျိုးနွယ်စုတွေ ဖြစ်ကြပေမဲ့ ဒီလိုမျိုး မျိုးနွယ်စုအချင်းချင်းပြိုင်ပွဲမှာ ပါဝင်ဖို့ အတင်းအကျပ်လုပ်မယ်လို့ ဘယ်သူထင်ထားမှာလဲ သူတို့မှာ ကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိမယ်လို့ မထင်ပါဘူးနော်”
“ခေါင်းဆောင်၊ တိုက်ကြရအောင် ငါတို့ မကြောက်
ဘူး၊ အလွန်ဆုံး သေတာပဲ”
တပည့်များအားလုံး၏သွေးသည် အခုအချိန်တွင် ဆူပွက်နေသည်။
သူတို့အားလုံးက ငယ်ရွယ်ကြပြီး၊ ၎င်းတို့အားလုံးသည် အနိုင်မခံအရှုံးမပေးဟု ခံစားရသည့် အရွယ်
ဖြစ်သည်။ သူများတွေက ဒီလောက်အထိ လာအနိုင်ကျင့်တာကို သူတို့ ဘယ်လိုမှ ခွင့်မပြုနိုင်ချေ။
သူတို့ထဲမှ တစ်ဦးပြောခဲ့သည့်အတိုင်းပင် ဖြစ်သည် - အလွန်ဆုံးကတော့ သူတို့သေတာပဲ
သေခြင်းတရား၊ ကြောက်စရာ ဘာမှမရှိချေ။
သို့ပေမဲ့ အဓိပ္ပာယ်မဲ့သေခြင်းသို့ ကိုယ့်ကိုယ်ကိုယ် စေလွှတ်ခြင်းကတော့ ဘဝကို ဖြုန်းတီးခြင်းပင် ဖြစ်သည်။
လော့ထျန်သည် မျိုးနွယ်စု၏ခေါင်းဆောင်ဖြစ်ပြီး သမိုင်းတွင် အငယ်ဆုံးခေါင်းဆောင် ဖြစ်ခဲ့သည့်အတွက် သူသည် လော့မျိုးနွယ်စုနှင့် သူ့၏သွေးပူနေသော ညီအစ်ကိုများ၏ အနာဂတ်ကို လျစ်လျူရှု၍ မရနိုင်ချေ။
သူတို့ ပွင့်ပွင့်လင်းလင်း စစ်ပွဲဆင်နွှဲပါက သူ့ညီအစ်ကိုများအားလုံး သေဆုံးသွားနိုင်ဖွယ်ရှိသည်။
လော့ထျန်၏ မျက်ခုံးမွေးများ တွန့်ချိုးသွားပြီး သူ့၏လက်များအထဲတွင် လက်သီးများကို တစ်လှည့်စီ ဆုပ်လိုက်ဖြန့်လိုက် လုပ်နေသည်။ အဲ့ဒီတုန်းက လော့ကျန့်ရှန်က သူ့ကို ခက်ခဲတဲ့အနေအထားတစ်ခုကို အတင်းအကျပ် တွန်းပို့ခဲ့သည်။ လော့ကျန့်ရှန်ကို ဖယ်ရှားပြီးနောက် ကျိုးနဲ့ ကျူးမျိုးနွယ်စုကြောင့် နောက်ထပ်ခက်ခဲတဲ့အနေအထားတစ်ခုကို အတင်းအကျပ်ခံနေရလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ချေ။ ဒီခံစားချက်က သူ့ကို လုံးဝစိတ်တိုစေသည်။
ဒါတွေ ဘယ်တော့မှ ပြီးဆုံးမှာလဲ
ရုတ်တရက်…
လော့ထျန်၏ စိတ်အခြေအနေပြောင်းလဲသွားပြီး သူ့ထံမှထွက်လာသော သတ်လိုစိတ်သည် ပို၍အစွမ်းထက်လာခဲ့သည်။
ကျိုးတိုင်းရန်နှင့် ကျူးယာအိုကျုံးတို့သည် သူတို့၏မျက်နှာများတွင် အေးစက်သော အပြုံးတစ်ခု ရှိနေဆဲဖြစ်ပြီး လော့ထျန်၏အဖြေကို စောင့်မျှော်နေကြသည်။
လော့ထျန် ဘယ်လိုအဖြေပဲပေးပါစေ သူတို့သည် လော့မျိုးနွယ်စုကို သေချာပေါက် မျိုချလိမ့်မည်။
ကျူးယာအိုကျုံးသည် မကျေမချမ်းဖြစ်ပြီး
“လော့ထျန်၊ မင်းရဲ့လော့မျိုးနွယ်စုက ပါဝင်မလား မပါဝင်ဘူးလားဆိုတာ ဆုံးဖြတ်ပြီးပြီလား” မေးလိုက်သည်။
“ငါတို့ရဲ့စိတ်ရှည်မှုတွေ နည်းပါးလာပြီဆိုတော့ မြန်
မြန်အဖြေပေးပါ”
“မြန်မြန်လုပ်”
“သူတို့နဲ့ ဘာအဓိပ္ပာယ်မရှိတဲ့ စကားတွေပြောနေစရာလိုလဲ ချက်ချင်းပဲ လော့မျိုးနွယ်စုကို ဖျက်ဆီးပစ်လိုက်”
“မင်းကို အခွင့်အရေးမပေးခဲ့ဘူးလို့ မပြောနဲ့။ ငါတို့ မင်းကို ရွေးချယ်စရာအချို့ ပေးခဲ့တယ်ဆိုတော့ ဂရုတစိုက်ရွေးချယ်လိုက်ပါ၊ ဒါမှမဟုတ်ရင် မင်း နောက်မှနောင်တရလိမ့်မယ်”
“လော့မျိုးနွယ်စုက အမှိုက်တစ်စကို ခေါင်းဆောင်ဖြစ်ခွင့် ဘာကြောင့်ပေးတာလဲဆိုတာ ငါ တကယ်ကိုမသိဘူး။ လော့မျိုးနွယ်စုထဲက ကျန်တဲ့ အရည်အချင်းရှိတဲ့သူတွေ အားလုံးသေကုန်ပြီလား”
“ဟားဟားဟား…”
ကျိုးနဲ့ ကျူးမျိုးနွယ်စုက တပည့်များသည် ကျယ်လောင်စွာ လှောင်ပြောင်လိုက်ကြသည်။
လော့မျိုးနွယ်စုတပည့်များအားလုံး၏ မျက်လုံးများသည် မီးအိမ်များကဲ့သို့ ကျယ်ပြန့်နေပြီး ဒေါသတကြီး စူးစိုက်ကြည့်နေကြသည်။
လော့ထျန်၏ ဒေါသများ ပြင်းထန်စွာ တောက်လောင်လာပြီး သူတစ်လှမ်းရှေ့သို့ လှမ်းလိုက်သည်။ ထို့နောက် သူက
“ မင်းတို့ကို မသတ်နိုင်ဘူးလို့ မယုံဘူး…” အော်ဟစ်လိုက်သည်။
“ဟေး ဟေး”
“ဒီမှာ အရမ်းကို စည်ကားနေတာပဲ။ ငါတို့ ကျောက်စိမ်းတောင်တောင်မြို့ရဲ့ အဓိကမျိုးနွယ်စုသုံးစု ရှိနေတာဆိုတော့ ဒီလိုမျိုး ပျော်စရာကောင်းတဲ့ လေထုက ငါ့ရဲ့ဆုံးမျိုးနွယ်စုကို ဘယ်လိုများ ပျောက်ဆုံးသွားစေနိုင်မှာလဲ”
လော့ထျန် ရူးသွပ်မသွားခင်မှာပင် ဆုံးယန်နန်သည် သူ့၏ဆုံးမျိုးနွယ်စုမှ ထူးချွန်သော တပည့်များနှင့် ရောက်လာခဲ့သည်။
ထိုရောက်ရှိမှုသည် ပြီးပြည့်စုံသော အချိန်ကိုက်ပင်
ဖြစ်သည်။
တစ်စက္ကန့်သာ နောက်ကျခဲ့ပါက လော့ထျန်၏လက်သီးများ ပေါက်ကွဲထွက်လာနိုင်ဖွယ်ရှိသည်။
ကျူးယာအိုကျုံးနှင့် ကျိုးတိုင်းရန်တို့၏ မျက်နှာအမူအရာများ တင်းမာသွားသော်လည်း ကျိုးတိုင်းရန် မှုန်ပျပျပြုံးလိုက်သည်။
“ခေါင်းဆောင်ဆုံး အချိန်ကိုက်ရောက်လာတာပဲ။ ဒီကလေးက သူ့ဦးလေးသုံးဦးဖြစ်တဲ့ လော့ကျန့်ရှန်၊ လော့ရှောင်ရှန်းနဲ့ လော့ချန်းရှန်းတို့ကို သတ်ပြီး သတ်မှုကျူးလွန်ခဲ့တယ်။ ငါတို့ ခေါင်းဆောင်တွေက ဒီမလိမ္မာတဲ့ကလေးကို သင်ခန်းစာမပေးခဲ့ရင် လော့ကျန့်ရှန်ရဲ့ ဝိညာဉ်က အေးချမ်းစွာ အနားယူနိုင်မှာ မဟုတ်မှာကို ငါ ကြောက်တယ်”
ဆုံးမျိုးနွယ်စုကလည်း ရောက်လာခဲ့သည်။
ကျောက်စိမ်းတောင်တောင်မြို့၏ အဓိကမျိုးနွယ်စုလေးခုစလုံးသည် ရှိနေခဲ့သည်။
လော့မျိုးနွယ်စုတပည့်များ၏ အတွင်းစိတ်အမူအရာသည် ထိတ်လန့်သွားခဲ့သည်။ ဆုံးမျိုးနွယ်စုသာ ကျိုးနှင့် ကျူးမျိုးနွယ်စုတို့နှင့် ပူးပေါင်းပါက လော့မျိုးနွယ်စု၏ ထူးချွန်သော တပည့်များနှင့် ခေါင်းဆောင်များ မသေဆုံးသေးရင်တောင် ဒီမျိုးနွယ်စုသုံးခုကို သူတို့ခုခံနိုင်မည့်နည်းလမ်း မရှိချေ။
ကျူးယာအိုကျုံးကလည်း မှုန်ပျပျပြုံးပြီး
“ငါတို့က လော့မျိုးနွယ်စုကို ဒီအမှိုက်ကြောင့် ပျက်စီးတာကို ခွင့်မပြုနိုင်ဘူး၊ ပြီးတော့ ငါတို့ မောင်လေး လော့ကျန့်ရှန်ကို နောင်တတွေနဲ့ သေဆုံးတာကိုလည်း ခွင့်မပြုနိုင်ပါဘူး” ပြောလိုက်သည်။
ထိုနှစ်ယောက်သည် အချင်းချင်းစုံတွဲသီချင်းဆိုနေသကဲ့သို့ပင်။
ဆုံးယန်နန်က ရှေ့သို့လျှောက်လာပြီး
“ငါ ခုနတုန်းက မင်းတို့တွေ မျိုးနွယ်စုအချင်းချင်းပြိုင်ပွဲ ကျင်းပတော့မယ်လို့ ကြားလိုက်တယ်ကွ။ မင်းတို့ ငါ့ကိုလည်း ဖိတ်ထားတာပဲ မဟုတ်လား” ပြုံးလိုက်သည်။
“ဟင်”
“ဟင်”
ကျိုးတိုင်းရန်က သူ့ကို အနည်းငယ်အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် မတည်မငြိမ်ရယ်မောလိုက်
သည်။
“ကျွန်တော်တို့ ဒါကို ဖြေရှင်းပြီးတဲ့နောက် ခေါင်းဆောင်ဆုံးကို အသိပေးဖို့ စီစဉ်ထားတာပါ၊ ဒါပေမဲ့ ဒီကလေးက ကျွန်တော်တို့ကို လုံးဝမျက်နှာမပေးဘူးလို့ မမျှော်လင့်ခဲ့ပါဘူး”
“သူက ငါတို့ကို မျက်နှာမပေးခဲ့တာ အဆင်ပြေပါတယ်၊ ဒါပေမဲ့ သူက ငါ့လူတချို့ကိုတောင် ရိုက်နှက်ခဲ့သေးတယ်”
“သူက ငါ့ရဲ့ ကျိုးမျိုးနွယ်စုရဲ့ ခေါင်းဆောင်ကို ငါ့ရှေ့မှာပဲ နာကျင်အောင်လုပ်ရဲတယ်ပေါ့။ ခေါင်းဆောင်ဆုံး၊ ကျွန်တော် ဒီကလေးကို ကောင်းမွန်တဲ့လူတစ်ဦးဖြစ်အောင် စည်းကမ်းတွေ သင်ပေးသင့်တယ်လို့ မထင်ဘူးလား”
ကျိုးတိုင်းရန်သည် မကောင်းဆိုးဝါးကဲ့သို့ စတင်ပြုံးနေသည်။
ဆုံးယန်နန်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး လော့ထျန်ကို
“ခေါင်းဆောင်လော့၊ လူတွေကို ရိုက်နှက်တာက တကယ်ကိုမှားပါတယ်။ ကျောက်စိမ်းတောင်တောင်မြို့ရဲ့ အဓိကမျိုးနွယ်စုလေးခုထဲက တစ်ခုအနေနဲ့ လော့မျိုးနွယ်စုက မျိုးနွယ်စုအချင်းချင်းပြိုင်ပွဲကို ငြင်းပယ်လို့ မရပါဘူး။ မင်းသာလုပ်ခဲ့ရင် ဒါက ကျိုးနဲ့ ကျူးမျိုးနွယ်စုတို့ရဲ့ မျက်နှာကို လုံးဝလျစ်လျူရှုလိုက်တာပဲလို့ ယူဆပါတယ်။ ငါ့ရဲ့အကြံကို နားထောင်ပြီး လော့မျိုးနွယ်စုတပည့်တွေကို ပြိုင်ပွဲကို ခေါ်သွားလိုက်ပါ” ပြောလိုက်သည်။
“ဟင်”
လော့ထျန်က ဆုံးယန်နန်ကို ကြည့်နေပြီး သူ့၏အတွေးများသည် အရှိန်မြှင့်သွားခဲ့သည်။
သူသည် ဆုံးမျိုးနွယ်စုကို ကျေးကျူးးကြွေးရှိ
နေသည်။
သို့ပေမဲ့ ဒါက သူကိုယ်တိုင် ကျေးကျူးးကြွေးတင်နေခြင်းဖြစ်ပြီး လော့မျိုးနွယ်စုမဟုတ်ချေ။
သူ့ကို ပါဝင်စေဖို့ ဆုံးယန်နန်၏ လျှို့ဝှက်ရည်ရွယ်ချက်က ဘာလဲ
လော့ထျန်သည် ဒီအရာကို ထောင့်ပေါင်းစုံကနေ စဉ်းစားရပေမည်။ ယခုအချိန်တွင် သူ့၏ဆုံးဖြတ်ချက်တစ်ခုသည် လော့မျိုးနွယ်စုတစ်ခုလုံးကို လုံးဝဖျက်ဆီးပစ်နိုင်ပေသည်။
လော့ထျန်က အတွေးများဖြင့် တွန့်ဆုတ်နေစဉ် ဆုံးယန်ချွန်းသည် ရှေ့သို့တက်လာပြီး
“ညီလေးလေးလော့၊ ပါဝင်လိုက်ပါ။ မင်းမသိပေမဲ့ ဒီပြိုင်ပွဲက ကျောက်စိမ်းတောင်တောင်မြို့တစ်ခုလုံးကို လော့မျိုးနွယ်စုရဲ့အစွမ်းကို အသိအမှတ်ပြုစေနိုင်
လိမ့်မယ်” ပြုံးလိုက်သည်။
ကျိုးနဲ့ ကျူးမျိုးနွယ်စုတို့၏ ခေါင်းဆောင်တို့၏ နှုတ်ခမ်းများလည်း အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားကြသည်။
လော့ထျန်က မျက်နှာတည်နေပြီး
“ကောင်းပြီ၊ ငါတို့ ပါဝင်မယ်။ ဒါပေမဲ့…” မှုန်ပျပျပြောလိုက်သည်။
လော့ထျန် စကားပြောပြီးအောင် မစောင့်ဘဲ ကျူးနှင့် ကျိုးမျိုးနွယ်စုတို့မှ တပည့်များသည် ဆူပူလာကြသည်။
“ဒီလိုမှပေါ့”
“စောစောကတည်းက သဘောတူခဲ့သင့်တာ”
“မင်းအတွက် ဘာကောင်းလဲဆိုတာကို သိတာ အကောင်းဆုံးပဲ”
ကျိုးတိုင်းရန်က ကျေနပ်သော အပြုံးတစ်ခု ပေးလိုက်ပြီး
“ခေါင်းဆောင်လော့၊ မင်း မှန်ကန်တဲ့ရွေးချယ်မှုကို လုပ်ခဲ့တယ်။ ဟားဟားဟား…” ပြောလိုက်သည်။
“ဟုတ်ပါတယ်”
“မျိုးနွယ်စုအချင်းချင်းပြိုင်ပွဲက တပည့်တွေအတွက် တစ်ဦးနဲ့တစ်ဦး သင်ယူဖို့ပါ။ ဒါက သူတို့ရဲ့ကျင့်ကြံမှုနဲ့ သူတို့ရဲ့ သိုင်းပညာတွေကို နားလည်သဘောပေါက်မှုကို မြှင့်တင်နိုင်တယ်။ ဒါက သူတို့အတွက် ရှားပါးတဲ့ လေ့ကျင့်ရေးအတွေ့အကြုံတစ်ခုလို့ ယူဆနိုင်တယ်”
ကျူးယာအိုကျုံးက မာနကြီးစွာ ပြုံးရင်းပြောလိုက်သည်။
ထိုနှစ်ဦး၏ စိတ်ထဲတွင်
“မင်း နောက်ဆုံးတော့ ပါဝင်ဖို့ သဘောတူလိုက်ပြီ။ ငါ မင်းရဲ့လော့မျိုးနွယ်စုက ထူးချွန်သူတွေကို နောက်ထပ် ဘယ်လိုဆုံးရှုံးအောင် လုပ်မလဲဆိုတာ ကြည့်ထား မင်း၊ လော့ထျန်က ပိုပြီး အစွမ်းထက်လာရင်တောင် ဘာဖြစ်လဲ လူတစ်ယောက်တည်းနဲ့ မျိုးနွယ်စုတစ်ခုလုံးကို ထောက်ပံ့နိုင်မလား အိပ်မက်မက်တာ ရပ်လိုက်တော့”
သူတို့၏ မကောင်းဆိုးဝါးကြံစည်မှုသည် အောင်မြင်သွားခဲ့သည်။
ထိုနှစ်ဦး၏ နှလုံးသားများအတွင်းတွင် အလွန်ပျော်ရွှင်နေသော်လည်း ၎င်းတို့၏မျက်နှာအမူအရာသည် တည်ငြိမ်နေဆဲ ဖြစ်သည်။
လော့ထျန်က မထီမဲ့မြင်ပြုံးလိုက်ပြီး အေးစက်သောအပြုံးသို့ ပြောင်းလဲသွားသည်။ ထို့နောက် သူက
“ဒါပေမဲ့ မင်းတို့တွေက ကစားလျင်တယ်ဆိုတော့ ငါတို့ ပိုကြီးတဲ့ဟာတစ်ခု ကစားပေးမယ်” ကျယ်
လောင်စွာပြောလိုက်သည်။
ကျိုးတိုင်းရန်က အနည်းငယ် ထိတ်လန့်သွားပြီး
“ပိုကြီးတဲ့ဟာ ကစားပေးမယ် ဘယ်လိုမျိုး ကစားမှာလဲ” မေးလိုက်သည်။
လော့ထျန်က
“မင်းတို့က ငါ့ရဲ့လော့မျိုးနွယ်စုနယ်မြေတွေကို လိုချင်တာ မဟုတ်ဘူးလား ငါတို့ အလောင်းအစားအတွက် အသုံးပြုရင်ကော” ဆက်ပြောလိုက်သည်။
“ဟားဟား…”
ကျူးယာအိုကျုံး ကျယ်လောင်စွာရယ်မောလုနီးပါး ဖြစ်သွားသည်။ ဒီလော့ထျန်က ဉာဏ်ရည်နောက်ကျနေတာလား။
သူတို့နှင့် အလောင်းအစားလုပ်ပြီး သူ့ကိုယ်သူ သေခြင်းတရားကို ရှာနေတာလား
ကျိုးတိုင်းရန်သည် သူ့၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားပြီး
“ခေါင်းဆောင်ဆုံး ဘယ်လိုထင်
လဲ” မေးလိုက်သည်။
ဆုံးယန်နန်က အနည်းငယ်တွန့်ဆုတ်သွားပြီး
“လူတိုင်း စိတ်ဝင်စားနေတယ်ဆိုတော့ ဒီလူက လူတိုင်းရဲ့ပျော်
ရွှင်မှုကို မဖျက်ချင်တော့ပါဘူး” ပြန်ဖြေလိုက်သည်။
“ကောင်းပြီ”
“ဒါဆိုရင် ငါတို့ လောင်းမယ်”
ထို့နောက် လော့ထျန်က
“လော့မျိုးနွယ်စုက ကြီးမားတဲ့ပြဿနာ ခံစားခဲ့ရတော့ ငါတို့ ပါဝင်ဖို့အတွက်
တပည့်တွေ ချက်ချင်းစေလွှတ်နိုင်မှာ မဟုတ်ဘူး။ ပြိုင်ပွဲက တစ်နှစ်လောက်ကြာပြီးမှ ကျင်းပမယ်”
ချက်ချင်းပြောလိုက်သည်။
“မဖြစ်နိုင်ဘူး”
“မဖြစ်နိုင်ဘူး”
ကျိုးတိုင်းရန်နှင့် ကျူးယာအိုကျုံးတို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
တစ်နှစ်တာအချိန်သည် လော့မျိုးနွယ်စုအတွက် ၎င်းတို့၏အင်အားကို ပြန်လည်ရရှိဖို့ လုံလောက်သည်။ သူတို့က အရူးများ မဟုတ်သောကြောင့် လော့ထျန်ကို ပြိုင်ပွဲကို တစ်နှစ်ကြာပြီးမှ လုပ်ဖို့ ဘယ်လိုလုပ်ခွင့်ပြုနိုင်ပါ့မည်နည်း။
ဒါက မဖြစ်နိုင်ချေ။
“တစ်နှစ်က အချိန် အရမ်းကြာလွန်းတယ်”
“ဒါဆို ဆယ်လလောက် လုပ်ကြမယ်”
“မင်း စောင့်နိုင်ပေမဲ့ ငါတို့ မစောင့်နိုင်ဘူး”
“ဒါဆို မင်းတို့ ဘယ်လောက်ကြာအောင် အဆိုပြုထားလဲ”
“တစ်လလောက် လုပ်ကြမယ်”
“ကောင်းပြီ၊ အဲ့ဒါ သဘောတူပြီ တစ်လလောက်ကြာပြီးမှ လုပ်မယ်” လော့ထျန်က တကယ်ကိုပျော်နေခဲ့သည်။ ဘာကြောင့်လဲဆိုတော့ သူက တစ်လအတွင်း အများကြီး လုပ်နိုင်သောကြောင့်ပင် ဖြစ်သည်။
လော့မျိုးနွယ်စုမှာ အခုအချိန်မှာ လိုအပ်နေတာက အချိန်ပင်ဖြစ်သည်။
တစ်လတာအချိန်နဲ့ သူသည် လော့မျိုးနွယ်စုကို အစွမ်းထက်တဲ့ သံမဏိတိုင်တစ်ခုအဖြစ် ပုံသွင်းဖို့ စီစဉ်နေသည်။
စောင့်ကြည့်နေ။မင်းတို့ကို ရှုံးအောင် ဘယ်လိုလုပ်ပေးမလဲဆိုတာကို ကြည့်ထား။