← Chapters

လီရွှယ်အာမှ လက်ဆောင်ကြီးတစ်ခု

Vol. 6 Ch. 69

လီရွှယ်အာမှ လက်ဆောင်ကြီးတစ်ခု

Vol. 6 Ch. 69

ညအချိန်။

လော့မျိုးနွယ်စု၏ သိုင်းပညာလေ့ကျင့်ရေးကွင်းသည် တောက်ပစွာ လင်းနေသည်။

လော့ထျန်သည် လေ့ကျင့်ရေးကွင်း၏ စင်မြင့်ပေါ်တွင် ရပ်နေခဲ့သည်။ သူ ဂရုတစိုက်ရွေးချယ်ထားသော တပည့်ဆယ်ဦးကို ကြည့်လိုက်ရာ မျက်လုံးများသည် မီးအိမ်များကဲ့သို့ ကြီးမားနေပြီး သူ့ကို စိုက်ကြည့်နေကြသည်။ လော့ထျန် လည်ချောင်းရှင်းလိုက်ပြီး “အရင်ဆုံး ဒီကိုရောက်နေကြတဲ့ မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်” ပြောလိုက်

သည်။

“ဒုတိယအချက်ကတော့ ငါတို့လုပ်မယ့်အရာကို ပြန်

စဉ်းစားဖို့ နောက်ဆုံးအခွင့်အရေးပေးတာပါ”

“ငါတို့တွေ ဝိညာဉ်တောင်တန်းရဲ့ အတွင်းပိုင်းကို ဝင်ကြရမယ်၊ အဲ့ဒီနေရာက အပြင်ဘက်ထက် အများကြီး ပိုအန္တရာယ်များတယ်။ မင်းတို့တွေ အခုပဲ ပြိုင်ပွဲကနေ ထွက်နိုင်သေးတယ်၊ ငါ မင်းတို့ကို တားဆီးမှာ မဟုတ်ဘူး”

အပြင်ဘက်နေရာတွင် သားရဲများသည် အဆင့် ၃ ထက် ပိုပြီး အစွမ်းထက်လိမ့်မည် မဟုတ်ချေ။ အဆင့် ၄ သားရဲများက အလွန်ရှားပါးသောကြောင့် အဆင့် ၅ သားရဲများကို ပြောဖို့တောင် မလိုအပ်ပေ။

ဒါက လော့ထျန်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာတစ်ခုလည်း ဖြစ်သည်။

အဆင့်နိမ့်သားရဲများမှ အတွေ့အကြုံက သူ့ကို မကျေနပ်စေတော့ချေ။

လက်ရှိသူသည် အဆင့်တက်ရန် အတွေ့အကြုံ ရာနှင့်ချီ၍ လိုအပ်နေသည်။ တစ်ကြိမ်တွင် အမှတ် အနည်းငယ်ကို အားကိုးခြင်းက အရမ်းနှေးလွန်းသောကြောင့် သူသည် ပိုကောင်းတဲ့ အဆင့်မြှင့်

တင်ရေးနေရာကို ရှာရပေတော့မည်။

ထို့အပြင်…

သူ၏ သံရုပ်သေးရုပ်သုံးဦး၏ ဖျက်စီးမှုဒီဂရီသည် ယခုအခါ ခြောက်ဆယ်ရာခိုင်နှုန်းတွင် ရှိနေသည်။ သူတို့ သတ္တုအပိုင်းအစများ ဖြစ်လာတော့မည်ဖြစ်သောကြောင့် အများကြီးကြာကြာ အသုံးပြုနိုင်မည်မဟုတ်ချေ။ ဒီရုပ်သေးများက သူ့အတွက် အတွေ့အကြုံစက်များဖြစ်သောကြောင့် သူတို့ ပျက်စီးသွားတာကို ခွင့်မပြုနိုင်ချေ။

ဖုန်းလေနဲ့ပတ်သက်သည့် ပြဿနာလည်းရှိနေသည်။

သွေးအနှစ်မရှိဘဲ အဲ့ဒီ့ဝတုတ်လေ သူ့ရဲ့ကျင့်ကြံမှုကို တိုးမြှင့်နိုင်မှာ မဟုတ်ချေ။ ပြီးတော့ သူ့ခေါင်းပေါ်က အန္တရာယ်ရှိပုံရတဲ့ သားရဲလေးက ခြောက်သွေ့နေသလိုဖြစ်နေပြီး လမ်းမလျှောက်နိုင်လောက်အောင် အစာငတ်နေသကဲ့သို့ ဖြစ်နေသည်။

ဝတုတ်လေရဲ့ အလားအလာနဲ့ အရည်အချင်းက တိုင်းတာလို့မရလောက်အောင်ပဲ။

အရေးအကြီးဆုံးအချက်က ဖုန်းလေက သူ့လိုမျိုးပင်၊ သူတို့ရဲ့ကျင့်ကြံမှုအောင်မြင်မှုတွေက ပုံမှန်မဟုတ်တဲ့လမ်းကြောင်းတွေဖြစ်ကြသည်။

သူက ဒီမျိုးနွယ်စုအချင်းချင်းပြိုင်ပွဲအတွက် လော့ထျန်၏ ထူးချွန်သောလက်ရွေးစင်တစ်ဦးပင်။

ဝတုတ်လေ၏ အလားအလာကို အခုအချိန်အထိ ဖိနှိပ်ထားသောကြောင့် လော့ထျန်သည် ၎င်း ပေါက်ကွဲထွက်မည့်နေ့ကို မျှော်လင့်နေသည်။ ထိုနေ့သည် တကယ်ကို ကမ္ဘာပျက်မည့် ပမာဏကဲ့သို့ ဖြစ်လိမ့်မည်

ဒါက သံသယမရှိပါဘူး။

“ခေါင်းဆောင်၊ ကျွန်တော်တို့ ပြိုင်ပွဲကနေ ထွက်ခွာမှာ မဟုတ်ပါဘူး”

“ဟုတ်ပါတယ် အဲ့ဒီ့ ကျိုးနဲ့ ကျူးမျိုးနွယ်စုနှစ်စုက အလွန်အမင်း မိုက်ရိုင်းလွန်းတယ် ကျွန်တော် ဒီတစ်ခါမှာ သေချာပေါက် တိုးတက်မှုတစ်ခု လုပ်ပြမယ်၊ အဲ့ဒီအချိန်မှာတော့ ကျွန်တော် သူတို့ကို အသိစိတ်

ပျောက်အောင် ရိုက်နှက်ပြမယ်။ ဒီမျိုးနွယ်စုနှစ်စုမှာ ဘာမျက်နှာကျန်ဦးမလဲဆိုတာ ကြည့်ရအောင်”

“ခေါင်းဆောင်၊ ကျွန်တော်တို့ သေတာကို မကြောက်ပါဘူး။ ဝိညာဉ်တောင်တန်းဆိုရင် ဘာဖြစ်လဲ”

ထိုလူဆယ်ဦး၏ မျက်နှာအမူအရာများသည် သံမဏိနှင့်တူနေပြီး ၎င်းတို့၏ မျက်လုံးများတွင် ခိုင်မာပြီး မတုန်လှုပ်နိုင်သော ဆုံးဖြတ်ချက်ကို ပြသနေသည်။

ဖော်ပြသင့်တဲ့အရာတစ်ခုက…

လူဆယ်ဦးထဲမှာ ခြောက်ဦးက ပြင်ပဂိုဏ်းတပည့်တွေဖြစ်ပြီး အတွင်းဂိုဏ်းတပည့်လေးဦးသာ ရှိသည်။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေက နက်နဲတပည့်အဆင့် ၅ နဲ့ ၆ လောက်ပဲ ရှိသည်။

သူတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေက တကယ်ကို နိမ့်

ကျနေသည်။

သူတို့သာ နက်နဲဆရာနယ်ပယ်မှသူများကို ဆန့်ကျင်တိုက်ခိုက်ခဲ့ရင် သေဖို့သာရှိသည်။

လော့ထျန်က ဒါကို ဂရုမစိုက်ချေ။ ဘာကြောင့်လဲဆိုတော့ သူလိုချင်တာက ခိုင်မာတဲ့စိတ်ဆန္ဒရှိတဲ့သူတွေပဲ။ သူတို့သာ ပိုပြီးအစွမ်းထက်ခဲ့ရင်တောင်

“မင်းသေမလား၊ ငါသေမလား”

ဆိုတဲ့ စိတ်ဓာတ်မရှိရင် သူတို့ရဲ့အဆင့်အထက်မှာ တိုက်ခိုက်နိုင်မှာ မဟုတ်ဘဲ ပြိုင်ပွဲစင်မြင့်ပေါ်မှာ အသုံးမဝင်တဲ့သူတွေသာ ဖြစ်နေလိမ့်မယ်။

ကမ္ဘာပေါ်တွင်

“လူကောင်းတွေက လူအတွေကို ကြောက်ကြတယ်၊ လူအတွေက အရူးတွေကို ကြောက်ကြတယ်၊ ပြီးတော့ အရူးတွေက သေတာကိုမကြောက်တဲ့သူတွေကို ကြောက်ကြတယ်” ဆိုတဲ့ စကားတစ်ခုရှိသည်။

ပြိုင်ပွဲစင်မြင့်ပေါ်မှာ အသက်စွန်ပြီး တိုက်ကြတာပဲ။ သူတို့ရဲ့ကျင့်ကြံမှုက သူတို့ရဲ့ပြိုင်ဘက်တွေလောက် မကောင်းခဲ့ရင်တောင် သူတို့ရဲ့စိတ်ဓာတ်က အရာအားလုံးကို လွှမ်းမိုးနိုင်တယ်။

တစ်ဦးတစ်ယောက်က သူတို့ကြီးပြင်းလာချိန်မှာ သေခြင်းတရားကို ရင်ဆိုင်ရတဲ့စမ်းသပ်မှုတစ်ခုကို မခံစားခဲ့ရရင် သူတို့ရဲ့အသက်ကိုလောင်းပြီး ဘယ်လို တိုက်ခိုက်နိုင်မှာလဲ။

ဒါက သူတို့ကို ဝိညာဉ်တောင်တန်းကို ခေါ်လာရတဲ့ လော့ထျန်ရဲ့ အကြောင်းပြချက်နှင့် ပန်းတိုင်ပဲ

လော့ထျန် မှုန်ပျပျ ပြုံးလိုက်ပြီး

“ကောင်းပြီ မင်းတို့တွေ အသက်ရှင်ပြီး ပြန်လာနိုင်သည်ဖြစ်စေ၊ မလာနိုင်သည်ဖြစ်စေ၊ ဒီနေ့ မင်းတို့ရဲ့လုပ်ရပ်တွေကို လော့မျိုးနွယ်စုရဲ့ သမိုင်းမှာ အမြဲတမ်း ရေးထိုးထားလိမ့်

မယ်” ကျယ်လောင်စွာပြောလိုက်သည်။

လူဆယ်ယောက်သည် ရှင်သန်ခြင်းနဲ့ သေခြင်းကိုရင်ဆိုင်ရတဲ့ လေ့ကျင့်ရေးအတွက် ဝိညာဉ်တောင်တန်းသို့ တစ်လကြာဝင်ရောက်ခြင်း… တစ်လကြာပြီးတဲ့နောက် ဘာတွေဖြစ်လာမလဲ ဘယ်သူသိမှာလဲ။

လော့ထျန်ကတော့ ဒါကို မျှော်လင့်နေသည်။

လော့ထျန် လှည့်လိုက်ပြီး လော့ခွန်းရှန်းဆီသို့ လျှောက်သွားပြီး

“ဦးလေးခွန်းရှန်း၊ ကျွန်တော် လော့မျိုးနွယ်စုရဲ့ ကိစ္စတွေကို ဦးလေးကို လွှဲအပ်ပါမယ်။ ကျွန်တော် ဒီမှာမရှိတော့ ဦးလေးက ဘယ်ပြဿနာပဲကြုံရကြုံရ အကောင်းဆုံး ထမ်းဆောင်ရပါလိမ့်မယ်။ ကျွန်တော်တို့မိသားစု ပြဿနာကြုံလာရင်တော့ ဆုံးမျိုးနွယ်စုကနေ အကူအညီတောင်းနိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့က ငါတို့ဘက်မှာ ရှိနေတာ သေချာပါတယ်” ပြောလိုက်သည်။

လော့ထျန် အလွန်အမင်း စိုးရိမ်နေခဲ့သည်။

သူမရှိတော့သည်နှင့် ကျိုးနှင့် ကျူးမျိုးနွယ်စုတို့သည် လျှို့ဝှက်တိုက်ခိုက်မှုများ အသုံးပြုနိုင်သည်၊ ဒါမှမဟုတ် သူတို့နဲ့ ပွင့်ပွင့်လင်းလင်း စစ်ပွဲဆင်နွှဲဖို့ ဆင်ခြေတစ်ခုကိုတောင် ရှာနိုင်သည်ဆိုတာကို သူ စိုးရိမ်နေခဲ့သည်။

လော့ခွန်းရှန်းက “စိတ်မပူပါနဲ့ ခေါင်းဆောင်၊ ကျွန်တော့်ရဲ့ အသက်နဲ့ လော့မျိုးနွယ်စုကို သေချာပေါက် ကာကွယ်ပေးပါ့မယ်” ပြောလိုက်

သည်။

လော့ခွန်းရှန်းသည် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။

ဘယ်သူကမှ ဒီလိုမျိုး သူ့ကို အားကိုးပြီး မကြည့်ခဲ့ဖူးချေ။ သူသည် သူ့ကိုယ်သူ အသက်နဲ့လဲပြီး လော့မျိုးနွယ်စုကို ကာကွယ်ရမယ်လို့ ကျိန်ဆိုလိုက်သည်။

လော့ထျန် ခေါင်းညိတ်ပြီး

“ဒါဆို ကျွန်တော် ဦးလေးခွန်းရှန်းကို ဒုက္ခပေးရလိမ့်

မယ်” ပြောလိုက်သည်။

ချက်ချင်းပင်…

လော့ထျန် လက်ကိုဝှေ့ယမ်းပြီး “ထွက်ခွာကြစို့” အော်လိုက်သည်။

ဖုန်းလေက ရူးသွပ်စွာ ပြုံးလိုက်ပြီး ပေါင် ၁၆၀ အလေးချိန်ရှိသည့် ဧရာမဓားကြီးကို ပုခုံးပေါ်တင်လိုက်သည်။ ထို့နောက် သူက “ညီအစ်ကိုတို့၊ ထွက်ခွာကြစို့” အော်လိုက်သည်။

“ဟေး”

ထိုဆယ်ဦးက အော်ဟစ်ဖြေကြားပြီး လော့မျိုးနွယ်စု၏ အဓိကဝင်ပေါက်သို့ လှည့်ထွက်သွားကြသည်။

လော့ထျန်သည် ၎င်းတို့၏နောက်ကျောများကို ကြည့်နေပြီး

“လော့မျိုးနွယ်စု၊ ငါ မင်းတို့ကို အားကိုးနေပါတယ်”

လက်သီးများကို လျှို့ဝှက်စွာ ဆုပ်လိုက်သည်။

သူ့အကြည့်တင်းမာလာပြီး သူတို့ကို လျင်မြန်စွာ လိုက်မီသွားခဲ့သည်။

လော့မျိုးနွယ်စု၏ အဓိကဝင်ပေါက်။

လူတစ်ဦး၏ အရိပ်သည် ဟိုသည်သွားလာနေသည်။ တုတ်မီးရောင်က သူမ၏ကျောက်စိမ်းကဲ့သို့ အရေပြားနှင့် သူမ၏မျက်နှာဘေးတွင် တွဲလောင်းကျနေသော ဆံပင်နှစ်စကို ထင်ရှားစေသည်။ သူမ၏ စင်ကြယ်လှသောမျက်လုံးများသည် စိုးရိမ်မှုအရိပ်အယောင်ကို ပြသနေပြီး လက်နှစ်ဖက်ငယ်လေးများကတော့ သူမ၏အဝတ်အစားများကို ပွတ်သပ်နေသည်။

သူမ၏မျက်နှာပေါ်တွင် ပူပန်မှုအမူအရာရှိနေပြီး မကြာခဏဆိုသလို ခြံဝင်းအတွင်းသို့ ကြည့်ရန် ခြေဖျားထောက်၍ ကြည့်နေတတ်သည်။ သူမခြေထောက်သည် အကြိမ်ပေါင်းများစွာ ခြံဝင်းအတွင်းသို့ ဝင်ရန်ခြေလှမ်းလှမ်းသော်လည်း သူမ တွန့်ဆုတ်ပြီး ကိုယ့်ကိုယ်ကိုယ် တားဆီးလိုက်သည်။

သူမ၏ ရောနှောနေသည့် စိတ်ခံစားမှုများနှင့် မရေရာမှုတို့သည် မိန်းကလေးငယ်တစ်ဦးနှင့် တူနေသည်။

ရုတ်တရက်…

ခြေသံများ နီးကပ်လာသည်။ လီရွှယ်အာသည် သူမ၏စိတ်ခံစားမှုများကို ငြိမ်သက်စေပြီး သူမ၏ပါးချိုင့်နှစ်ခုကို ဖော်ပြနေသည့် မှုန်ပျပျအပြုံးတစ်ခုကို ပြုံးလိုက်သည်။ ခြံဝင်းထဲမှ ထွက်လာသည့် လော့မျိုးနွယ်စုတပည့်များသည် သူမ၏စွဲဆောင်မှုရှိသော အပြုံးကြောင့် ကြောင်အသွားကြသည်။

သူမ၏အဖြူရောင်ဝတ်စုံက သူမကို နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်စေသည်။

သူမသည် သူတို့ကို အသက်ရှူကျပ်စေလောက်အောင် လှပလွန်းသည်။

“မင်းတို့ ဘာတွေကြည့်နေကြတာလဲ မရီးကို မြန်မြန်နှုတ်ဆက်ကြလေ” ဖုန်းလေသည် တပည့်များကို ကြည့်လိုက်ပြီး ချော့မြှူသော အမူအရာဖြင့် “မရီးကို နှုတ်ဆက်ပါတယ်” ရူးမိုက်စွာ ပြောလိုက်သည်။

“မရီး”

သူတို့ ဆယ်ဦးစလုံး တစ်ပြိုင်နက်တည်း ကျယ်လောင်စွာ အော်လိုက်ကြသည်။

လီရွှယ်အာ၏ ပါးပြင်များ နီရဲသွားပြီး ဖုန်းလေကို ကြည့်လိုက်သည်။

ထို့နောက် သူမက “မင်း ဝတုတ်လေ၊ အစ်ကိုကြီးလော့ထျန် မင်းကို ဘယ်လို ဂရုစိုက်ပေးမလဲဆိုတာ ကြည့်ထားလိုက်” ဒေါသတကြီးဟန်ဆောင်လိုက်

သည်။

သို့ပေမဲ့ သူမ၏နှလုံးသားသည် တကယ်တော့ ချိုမြိန်မှုများဖြင့် ပြည့်နေသည်။

ဖုန်းလေက သူ့ခေါင်းကိုကုတ်လိုက်ပြီး ခေါင်းဆောင်တပည့်ကို ကြည့်လိုက်သည်။ ထို့နောက် တပည့်၏ခေါင်းနောက်ကို ရိုက်လိုက်ပြီး “မြန်မြန် ဆက်သွားကြ” အော်လိုက်သည်။

လီရွှယ်အာ ပြုံးလိုက်သောအခါ သူမသည် အရမ်းကို လှပသည်။

ထိုတပည့်များသည် မူလက နောက်ထပ်ကြာကြာ ကြည့်ချင်ခဲ့သော်လည်း ဒေါသထွက်နေသည့် ဖုန်းလေကို မြင်ပြီး လျင်မြန်စွာ ပြေးထွက်သွားကြသည်။ သူတို့သည် ဒီဝတုတ်အစ်ကိုကြီး ဘယ်လောက်အထိ တင်းကျပ်သည်ဆိုတာကို အရင်က ကိုယ်တိုင်ကြုံခဲ့ရသည်။

လော့ထျန်က ထွက်လာပြီး စိတ်ပျက်အားငယ်စွာ ပြုံးလိုက်သည်။

“ဟေ့ အမလေး၊ ဘာလို့ လာတာလဲ”

လီရွှယ်အာက ရှေ့သို့သွားပြီး လော့ထျန်၏လက်မောင်းကို ဆွဲကာ ညင်သာစွာယမ်းလိုက်သည်။ သူမ နှုတ်ခမ်းသေးသေးလေးကို ဆူလိုက်ပြီး “အစ်ကိုကြီးလော့ထျန်၊ ကျေးကျူးးပြုပြီး ကျွန်မကို ခေါ်သွားပေးပါ။ ကျွန်မ အစ်ကို့ကို ပြဿနာမပေးပါဘူးလို့ ကတိပေးပါတယ်” ချွဲနွဲ့သောအသံဖြင့် ပြောလိုက်သည်။

သူမသည် ကြောင်လေးတစ်ကောင်နှင့်တူနေသည်။

ဒါက လော့ထျန်အတွက် လုံးဝကို သေစေနိုင်သော တိုက်ခိုက်မှုပင် ဖြစ်သည်။

လော့ထျန်၏နှလုံးသားသည် ကြောင်တစ်ကောင်က ခြစ်လိုက်သကဲ့သို့ ခံစားရသည်။

သူသည် လီရွှယ်အာကို ဖမ်းပြီး ထိုနေရာတွင်ပင် စိတ်အားထက်သန်စွာ နမ်းချင်နေခဲ့သော်လည်း သူသည် ထိုလိုအင်ဆန္ဒကို နောက်ဆုံးတွင် ဆန့်ကျင်နိုင်ခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်ကျွမ်းကျင်သူ ထပ်ပေါ်လာမှာကို သူ ကြောက်သည်။

သူ့နှလုံးသားတွင် နာကြည်းမှုများ ပေါက်ကွဲထွက်လာပြီး လော့ထျန်သည် ထိုညကို သတိရလိုက်သည်။ ထိုလျှို့ဝှက်ဆန်းကြယ်ကျွမ်းကျင်သူသာမရှိခဲ့ရင် သူ့ရဲ့အပျိုစင်ဘဝက ဒီလောက်ဆို ပျောက်ကွယ်သွားလောက်ပြီ။

နာကြည်းမှု၊ စူပါနာကြည်းမှု

ဒီအဖေ အစွမ်းထက်လာတာနဲ့၊ အဲ့ဒီလူကို သင်ခန်းစာတစ်ခု သေချာပေါက် ပေးမယ်။

သူ့ရဲ့အရင်ဘဝတုန်းကလိုဆိုရင် လီရွှယ်အာ ဒီလိုချစ်စရာကောင်းပြီး ချွဲနွဲ့တတ်တဲ့သူကို ရင်ဆိုင်ရရင် သူ သူမလိုချင်တဲ့နေရာတိုင်းကို ခေါ်သွားလိမ့်မည်။

လီရွှယ်အာနှင့် ပတ်သက်လာလျှင် သူ ဘယ်လိုမှ မခုခံနိုင်ချေ။

သို့ပေမဲ့ ဒီတစ်ခါတော့ မတူတော့ချေ။

သူသည် ဝိညာဉ်တောင်တန်း၏ အတွင်းပိုင်းသို့ ဝင်ရန်စီစဉ်နေပြီး သူမကို ခေါ်လာချိန်တွင် မတော်တဆမှုတစ်ခု ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။

လျှို့ဝှက်ဆန်းကြယ်ကျွမ်းကျင်သူက သူမကို ကယ်တင်ဖို့ရှိနေရင်တောင် ဝိညာဉ်တောင်တန်းမှာရှိတဲ့ သားရဲတွေက ဘယ်လောက်အစွမ်းထက်လဲ သူ အချိန်မီ မကယ်တင်နိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ လော့ထျန်သည် သူ့တစ်သက်လုံး သူ့ကိုယ်သူ အပြစ်တင်

လိမ့်မည်မှာ သေချာသည်။

လော့ထျန်က လီရွှယ်အာ၏ နှာခေါင်းကို ညင်သာစွာပုတ်လိုက်ပြီး “အမလေး၊ ဘာမှမဖြစ်စေရဘူး၊ ဒါကြောင့် ကျောက်စိမ်းတောင်တောင်မြို့မှာ လိမ္မာစွာနေပြီး ငါပြန်လာတာကို စောင့်နေပါ” ပြုံးလိုက်သည်။

လီရွှယ်အာသည် ဆွေးနွေးမှုကို ဆက်လုပ်ချင်ခဲ့သော်လည်း သူမ၏စကားများကို ထိန်းချုပ်

ထားသည်။ အဆူခံရသည့် မိန်းကလေးငယ်တစ်ဦးကဲ့သို့

“ကောင်းပါပြီ ဒါဆိုရင်။ အစ်ကိုကြီးလော့ထျန်၊ အစ်ကို ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်၊ ရွှယ်အာက အစ်ကိုပြန်လာတာကို ဒီမှာ စောင့်နေမယ်” ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက်…

လီရွှယ်အာသည် သူမ၏ အာကာသလက်စွပ်မှ ထုပ်ပိုးထားသောပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြီး

“အစ်ကိုကြီးလော့ထျန်၊ ဒါက အစ်ကို့အတွက် လက်ဆောင်ပါ” ရယ်မောလိုက်သည်။

“လက်ဆောင် ဘယ်လိုလက်ဆောင်မျိုးလဲ”

လော့ထျန် ထုပ်ပိုးထားသောပစ္စည်းကို ယူလိုက်ပြီး ဖွင့်ကြည့်လိုက်ရာ လုံးဝကြောင်အသွားတော့သည်။

All Chapters