ညီအစ်ကိုတို့ အစွမ်းကုန်ထုတ်ဖော်လိုက်
Vol. 6 Ch. 70
ညလယ်ခင်းအချိန်။
လော့ထျန်အပါအဝင် လူဆယ့်နှစ်ယောက်သည် စစ်သည်တော်တစ်ရာကျော် နေနိုင်သည့်တောင်တန်းကြီး၏ ရှေ့တွင် တန်းစီ၍ ရပ်နေကြသည်။ ၎င်းတို့၏ခြေအောက်တွင် ဝိညာဉ်တောင်တန်း၏ ကြောက်မက်ဖွယ်ကောင်းသော မြေကြီးရှိနေပြီး ကြမ်းတမ်းသည့် သားရဲများ၏ အရှိန်အဝါများ ထွက်နေသည့် မှောင်မိုက်နေသောတောအုပ်ကို ကြည့်နေကြသည်။ ဒါက လူများ၏စိတ်ဝိညာဉ်အနက်ရှိုင်းဆုံးနေရာမှပင် ကြောက်ရွံ့မှုကို ခံစားရစေသည်။
တောအုပ်၏အနက်ရှိုင်းဆုံးနေရာမှ ရံဖန်ရံခါ အော်ဟစ်သံများကြောင့် ၎င်းတို့၏နှလုံးများ တုန်သွားခဲ့သည်။
အချိန်တိုင်း ဝိညာဉ်တောင်တန်းသည် သေခြင်းတရားကို သရုပ်ဖော်နေသည့် စင်မြင့်တစ်ခု ဖြစ်သည်။ ပြီးတော့ ဒီနေရာအတွက် အပုပ်နံ့ထွက်နေသော စည်းမျဉ်းသည် အတိကျဆုံး သရုပ်ဖော်မှုတစ်ခု ဖြစ်သည်။
လော့ထျန်က လူဆယ့်တစ်ယောက်ဆီသို့ လှည့်
လိုက်ပြီး “မင်းတို့ ကြောက်နေကြလား” ပြုံးရင်းမေးလိုက်သည်။
ဖုန်းလေက “ဘာကိုကြောက်နေရမှာလဲ ကျွန်တော်တော့ အဲ့ဒီထဲကို ဝင်ဖို့ မစောင့်နိုင်တော့ဘူး” ပထမဆုံးပြန်ဖြေလိုက်သည်။
“ဟားဟားဟား…”
လူတိုင်း စတင်ရယ်မောလာကြသည်။
လော့ထျန်သည် ဖုန်းလေကို မျက်လုံးလှိမ့်လိုက်ပြီး “ဟာကွာ၊ မင်းက လူတိုင်းကို မင်းလိုပဲ ရူးနေတယ်ထင်နေတာလား သွေးအနှစ်ကို စားလိုက်တာနဲ့ မင်းကို အလိုအလျောက် အဆင့်မြှင့်သွားစေတယ်ပေါ့ မင်းကတော့ အဲ့ဒီထဲမှာ သတ်ဖြတ်ဖို့ မစောင့်
နိုင်လောက်အောင် ဖြစ်နေမှာပေါ့” ပြောလိုက်သည်။
ဖုန်းလေ သူ့ခေါင်းကိုကုတ်ပြီး ရူးမိုက်စွာ ပြုံးလိုက်
သည်။
ဝိညာဉ်တောင်တန်းသို့ ရောက်ပြီးနောက် ဖုန်းလေသည် သူ့စိတ်လှုပ်ရှားမှုကို အတင်းအကျပ် ထိန်းချုပ်ထားလို့ မရနိုင်ချေ။ ဒါက သွေးကိုကြိုက်နှစ်သက်တဲ့ နတ်ဆိုးတစ်ပါး သူ့ခန္ဓာကိုယ်ထဲတွင် နေထိုင်နေပြီး ထိုသားရဲများ၏ သွေးအနှစ်အားလုံးကို စုပ်ယူဖို့ မစောင့်နိုင်သကဲ့သို့ ဖြစ်နေသည်။
သားရဲများ၏ သွေးအနှစ်ဆိုသည့် စကားလုံးသည် သူ့ကို အလွန်အမင်း စိတ်လှုပ်ရှားပြီး ပျော်ရွှင်စေသည်။
မကြာမီ သွေးအနှစ်အချို့ကို စုပ်ယူတော့မည်ဟု စဉ်းစားလိုက်သည်နှင့်တောင် ဖုန်းလေသည် တံတွေးမကျလာစေရန် အကြိမ်အနည်းငယ် မျိုချရသည်။
“ငါ ကြောက်တယ်”
“ငါ အရမ်းကြောက်တယ်”
လော့ထျန်က တည်ငြိမ်စွာပြောသည်။
“ငါတို့က အဲ့ဒီထဲမှာ ဘယ်အချိန်မဆို သေနိုင်တယ်။ ငါက သေတာကို ကြောက်တယ်၊ ဒါပေမဲ့ ငါ ရှုံးနိမ့်တာကို ပိုပြီးကြောက်တယ်။ ဝိညာဉ်တောင်တန်းမှာ သေတာက ကြောက်စရာမရှိပေမဲ့ စင်မြင့်ပေါ်မှာ ရှုံးနိမ့်တာက ပိုပြီးကြောက်စရာကောင်းတယ်”
“အဲ့တုန်းက ငါ သူတောင်းစားတစ်ယောက်ကို ရှုံးတုန်းက နှစ်ပေါင်းများစွာ လှောင်ပြောင်ခံခဲ့ရတယ်။ စော်ကားမှုနဲ့ အရှက်ရစေတဲ့အသံတွေက ငါ့ရဲ့နားထဲမှာ နေ့တိုင်းပြည့်နေခဲ့တယ်။ အဲ့ဒီအချိန်တစ်လျှောက်လုံး ငါ ဘယ်လိုစိတ်ခံစားမှုမျိုး ခံစားခဲ့ရလဲဆိုတာ မင်းတို့တွေ စိတ်ကူးကြည့်လို့ရပါတယ်”
“လူတိုင်းမှာ သူတို့ရဲ့ဘဝထဲမှာ ရှုံးနိမ့်ရမယ့်အချိန်တစ်ခု ရှိကြတယ်၊ ဒါပေမဲ့ အဲ့ဒါ ဒီတစ်ခါတော့ မဟုတ်ဘူး”
ထိုစာကြောင်းပြီးဆုံးသည်နှင့် လော့ထျန်၏အသံသည် တင်းမာသွားသည်။
“ဒီတစ်ခါ ငါတို့ရဲ့အလောင်းအစားက လော့မျိုးနွယ်စုကို အသုံးပြုနေတာ။ မင်းတို့တွေ ရှုံးနိမ့်ခဲ့ရင် ကျောက်စိမ်းတောင်တောင်မြို့ကနေ လော့မျိုးနွယ်စုရဲ့နာမည် ဖယ်ရှားခံရလိမ့်မယ်။ မင်းတို့တွေက လော့မျိုးနွယ်စုတစ်ခုလုံးရဲ့ မျှော်လင့်ချက်ကို ထမ်းပိုးထားကြရတာ၊ ဒါကြောင့် ငါ မင်းတို့ကို စိတ်မပျက်စေချင်ဘူး”
တပည့်ဆယ်ဦး၏မျက်လုံးများ တင်းမာသွားပြီး ၎င်းတို့၏လက်သီးများကို အကြိမ်အနည်းငယ် ဆုပ်
လိုက်ကြသည်။
သူတို့သည် လော့မျိုးနွယ်စု၏အနာဂတ်ကို ထမ်းပိုးထားကြရတာ
သူတို့ လုံးဝ ရှုံးနိမ့်၍မရချေ
သူတို့ သေဆုံးရရင်တောင်မှ သူတို့ ရှုံးနိမ့်လို့မရချေ
လော့ထျန်က သူ့၏အာကာသကျောက်တုံးပြားမှ မှုန်ပျပျအလင်းရောင်များ တောက်ပနေသည့် နက်နဲကျောက်တုံးဆယ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက ၎င်းတို့ကို ဖုန်းလေဆီသို့ ပေးလိုက်ပြီး
“ဒါတွေကို သူတို့ကို ပေးလိုက်ပါ” ပြောလိုက်သည်။
“နက်နဲကျောက်တုံးများ”
“ခေါင်းဆောင်… ဒါတွေက နက်နဲကျောက်တုံးတွေ”
“ဒီ… ဒီလောက်အများကြီး… နက်နဲကျောက်တုံးတွေ ဒီလောက်အများကြီး”
ဒီလိုပြောခဲ့တဲ့သူက အတွင်းတပည့်တပည့်တစ်ဦးဖြစ်သည်။ ပြင်ပဂိုဏ်း တပည့်တပည့်တွေကတော့ နက်နဲကျောက်တုံး ဘယ်လိုပုံစံလဲဆိုတာ တစ်ခါမှ မမြင်ဖူးကြချေ။ ၎င်းတို့သည် နက်နဲကျောက်တုံးများသည် အလွန်တန်ဖိုးရှိပြီး တစ်လုံးဝယ်ယူဖို့ ရွှေဒင်္ဂါးတစ်သိန်း လိုအပ်သည်ဆိုတာကိုသာ သိသည်။
“ဂလု”
လူတိုင်း တံတွေးများကို မျိုချလိုက်ကြသည်။ သူတို့၏လက်များသည် တုန်ယင်နေပြီး ယူဖို့တောင် မဝံ့ရဲကြချေ။
နက်နဲကျောက်တုံးများသည် ၎င်းတို့အတွက် တန်ဖိုးကြီးလွန်းသည်။ ဒီလိုမျိုး ပစ္စည်းမျိုး သူတို့အသုံးပြုနိုင်မည့်အလှည့် ရောက်လာမှာ မဟုတ်သောကြောင့် အခုအချိန်မှာ တစ်ဦးကို တစ်ခုစီ ဘယ်လိုလုပ် ရနိုင်မှာလဲ။
လော့ထျန်က လီရွှယ်အာဆီကနေ နက်နဲကျောက်တုံးတွေကို လက်ခံရယူခဲ့ချိန်က သူ့ရဲ့မျက်နှာအမူအရာသည် အခုဒီလူတွေလိုပင် ထပ်တူကျနေသည်။
အဲ့ဒီ့ညီမလေး…
ဒီနက်နဲကျောက်တုံးတွေအားလုံးကို သူမက အလွယ်တကူ လက်ဆောင်ပေးပစ်လိုက်သည်။ လီရွှယ်အာ၏ နောက်ကွယ်က နောက်ခံက ဘာလဲ
ပြီးတော့ သူမက ၎င်းတို့ကို ပေးရတာကို ပျော်ရွှင်နေပုံရပြီး ဘာမှမဟုတ်သကဲ့သို့ပင် ဖြစ်နေသည်။ သူမသည် ဒီနက်နဲကျောက်တုံးများကို ဟင်းသီးဟင်းရွက်လို သဘောထားနေပုံရသည်။
လော့ထျန်သည် သူမ ဘာလို့ နက်နဲကျောက်တုံး အများကြီးရှိနေတာလဲဆိုတာကို ချက်ချင်းသိချင်ပြီး မေးလိုက်သည်။
လီရွှယ်အာကတော့ လျှို့ဝှက်ဆန်းကြယ်စွာပြုံးလိုက်ပြီး သူမ အနိုင်ရခဲ့တာလို့သာ ပြောလိုက်သည်။
အရူးထဆုံးအရာကတော့ ဒါက ကျောက်တုံးတွေရဲ့ အစိတ်အပိုင်းလေးသာဖြစ်ပြီး သူမက ပိုကြီးတဲ့အစိတ်အပိုင်းကို ကိုယ့်ဘာသာ သိမ်းဆည်းထားသည်။သူမက လော့ထျန်ကိုမီအောင် ကျင့်ကြံဖို့အတွက် ဒါတွေကို အသုံးပြုရတယ်လို့ ပြောခဲ့ပြီး၊ မဟုတ်ရင်တော့ လော့ထျန်ဆီ အကုန်လက်ဆောင်
ပေးလိုက်ချေပြီဖြစ်သည်။
အဲ့ဒီအချိန်တွင်…
လော့ထျန်၏စိတ်ထဲတွင် ခေါင်းစဉ်တစ်ခုတည်းကိုသာ တွေးနေခဲ့သည်။
– “အသားဖြူပြီး ချမ်းသာတဲ့ လှပသည့်အမျိုးသမီး”
ဖုန်းလေက အရင်ဆုံး လော့ထျန်ကို ကြည့်လိုက်ပြီး သူ့နှလုံးသားသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေခဲ့သည်။ သို့ပေမဲ့ သူ့စိတ်ထဲတွင် ဒီလိုမျိုး ကောင်းတဲ့ပစ္စည်းကို ခေါင်းဆောင်အတွက်ပဲ ထားသင့်တယ်လို့ ထင်သောကြောင့် မလိုချင်မှု အနည်းငယ်ရှိနေခဲ့သည်။
လော့ထျန်သည် ဖုန်းလေကို စူးစိုက်ကြည့်လိုက်ပြီး
“ငါ မင်းကို ပေးခိုင်းလိုက်တယ်၊ ဒါကြောင့် ပေးလိုက်ပါ ဘာလို့ တွန့်ဆုတ်နေတာလဲ” အော်လိုက်သည်။
“ဟုတ်”
ဖုန်းလေ ချက်ချင်းပြန်ဖြေလိုက်ပြီး ကျောက်တုံးများကို စတင်ပေးတော့သည်။ သူ နက်နဲကျောက်တုံးတစ်ခုစီ ပေးလိုက်တိုင်း သူ့ရဲ့အသားတစ်ဖတ်ကို ဖဲ့ယူလိုက်သကဲ့သို့ ခံစားရပြီး သူ့နှလုံးသားတောင် နာကျင်နေသည်။
နက်နဲကျောက်တုံးများ ပေးပြီးနောက် လော့ထျန်က
“ငါ ရှင်းပြစရာမလိုဘဲ နက်နဲကျောက်တုံးကို ဘယ်လိုအသုံးပြုရမလဲဆိုတာ ဒီမှာရှိတဲ့လူတိုင်း သိမှာ သေချာပါတယ်။ ဒီရှင်သန်ခြင်းနှင့်သေခြင်းကိုရင်ဆိုင်ရတဲ့ လေ့ကျင့်ရေးအတွေ့အကြုံအပြင် မင်းတို့အားလုံးက မင်းတို့ရဲ့ခွန်အားကိုလည်း တိုးမြှင့်နိုင်
တယ်။ တခြားမေးစရာရှိသေးလား” ပြောလိုက်သည်။
“မရှိတော့ပါဘူး”
“မရှိတော့ပါဘူး”
လူတိုင်း အော်ဟစ်ပြန်ဖြေကြသည်။ သူတို့ လော့ထျန်ကို လေးစားမှုနဲ့ ချီးကျူးမှုတွေကလည်း အခု တိုးလာခဲ့သည်။
အရင်ကဆိုရင်တော့ နက်နဲကျောက်တုံးများကိုတောင် ပြောဖို့မလိုဘူး၊ ကောင်းမွန်တဲ့ဆေးလုံးတွေကိုတောင် သူတို့အသုံးပြုခွင့်မရှိချေ။
သူတို့အားလုံး စိတ်ထဲတွင် ပျော်ရွှင်နေကြသည်။ ပြီးတော့ အဲ့ဒီလိုအချိန်မှာပဲ သူတို့သည် အနာဂတ်တွင် လော့ထျန်ကို လုံးဝ ထောက်ခံကြပြီး သူတို့မှာရှိသမျှအားလုံးနဲ့ လော့မျိုးနွယ်စုကို ကာကွယ်ပေးကြမည်ဟု လျှို့ဝှက်စွာ ကျိန်ဆိုလိုက်ကြသည်။
ဒီလိုမျိုး သူတို့ရဲ့ တိုက်ပွဲဆင်နွှဲချင်တဲ့စိတ်တို့ ထကြွလာခဲ့သည်။
လော့ထျန်က လက်ကိုဝှေ့ယမ်းလိုက်ပြီး “တောင်ထဲကို ဝင်” အော်လိုက်သည်။
“သွား”
တပည့်ဆယ်ဦးသည် တောအုပ်ထဲသို့ လျင်မြန်စွာ ပြေးဝင်သွားကြသည်။
သူတို့ ဆယ်ဦးစလုံး မတူညီတဲ့လမ်းကြောင်းတွေအဖြစ် ခွဲထွက်သွားကြသည်။
ရှင်သန်ခြင်းနှင့်သေခြင်းကိုရင်ဆိုင်ရတဲ့ စမ်းသပ်မှုတစ်ခုကို အပြည့်အဝခံစားဖို့အတွက် သူတို့သည် ရှင်သန်ခြင်းနှင့်သေခြင်းရဲ့ အဓိပ္ပာယ်အမှန်ကို နားလည်သဘောပေါက်နိုင်ဖို့ ကိုယ်တိုင်ရင်ဆိုင်၊ ခုခံပြီး တိုက်ခိုက်ကြရမည်။
ဖုန်းလေက မလှုပ်ဘဲ လော့ထျန်နောက်မှာ ရပ်နေခဲ့သည်။
“ဘာလဲကွာ”
“မင်းဝတုတ်လေ၊ မင်း ငါ့နောက်ကို လိုက်ဖို့ပဲ စီစဉ်ထားတာလား” လော့ထျန်က ဖုန်းလေကို ကြည့်ပြီး ပြောလိုက်သည်။
ဖုန်းလေ သူ့ခေါင်းကိုကုတ်ပြီး “ခေါင်းဆောင်၊ မရီးက ကျွန်တော့်ကို ခေါင်းဆောင်ကို ဂရုတစိုက် ကာကွယ်ပေးဖို့ ပြောထားတယ်” ပြုံးလိုက်သည်။
“ဟေ့ကောင်”
“မင်းဝတုတ်လေ၊ မင်း ငါ့နောက်ကို လိုက်ပြီး သားရဲတွေကို မသတ်ဘဲ သွေးအနှစ်ကို စားပြီး အခွင့်အရေးယူချင်တာလား ဒီတစ်ခါ မင်း ငါ့နောက်ကိုလိုက်ဖို့ အိပ်မက်မက်တာ ရပ်လိုက်တော့” လော့ထျန်က “ဒီစမ်းသပ်မှုက မင်းရဲ့တစ်ယောက်တည်း အသက်ရှင်နိုင်တဲ့ စွမ်းရည်ကို စမ်းသပ်ဖို့။ မင်းက ငါ့နောက်ကို မျက်စိမှိတ်လိုက်နေမယ်ဆိုရင် တိုးတက်မှုရရှိပြီး မင်းရဲ့ကိုယ်ပိုင်စွမ်းအားကို သိရှိနိုင်ဖို့ အရမ်းခက်ခဲလိမ့်မယ်။ မင်းက ဒီပြိုင်ပွဲအတွက် ငါ့ရဲ့ အထူးလက်ရွေးစင်ပဲ၊ ဒါကြောင့် မင်းသာ ငါ့ကို စိတ်ပျက်စေရင် မင်းရဲ့အဆီတွေကို တစ်ဖတ်ချင်းစီ လှီးပစ်မယ်” ဆက်ပြောလိုက်သည်။
ဖုန်းလေ ရူးမိုက်စွာ ရယ်မောလိုက်ပြီး “ဒါဆို ကျွန်တော် သွားတော့မယ်…” ပြောလိုက်သည်။
“သွား”
ဖုန်းလေက သူ့ဓားကြီးကို ကောက်ယူလိုက်ပြီး မြေကြီးကို တုံးခနဲနင်းလိုက်သည်။ သူ့၏ဝနေတဲ့ခန္ဓာကိုယ်က လျင်မြန်စွာ လေထဲသို့ ခုန်တက်သွားပြီး အသက်ရှူချိန်အနည်းငယ်အတွင်းမှာ ပျောက်ကွယ်သွားခဲ့သည်။
လော့ထျန်သည် သူ့ရဲ့ကြိုးကို လျှော့ပေးလိုက်ရသည်။
ဖုန်းလေအတွက် ရင့်ကျက်ဖို့ အချိန်ရောက်ပြီ
သူက လှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့ သားရဲတစ်ကောင်နဲ့တူပြီး အခု သူ့ကို တောအုပ်ထဲမှာ လွှတ်ပေးရမယ့်အချိန် ရောက်ပြီ။ ဒါက သူ့ကို သူ့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ခွင့်ပေးပြီး သူ့ရဲ့စိတ်ဆန္ဒတွေကို ရူးသွပ်စေလိမ့်မည်။
သူ ပြန်လာတဲ့အချိန်ဟာ ကမ္ဘာတစ်ခုလုံး ပျက်စီးတော့မည့် အချိန်တစ်ခုဖြစ်ပေလိမ့်မည်။
ဘယ်သူမှ မရှိတော့ဘဲ ကျန်ရှိနေသည့်တစ်ဦးတည်းသောလူက လော့ထျန်ပင် ဖြစ်သည်။
လော့ထျန်က ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကို ကြည့်လိုက်သည်။ သူ့၏နှုတ်ခမ်းများသည် စိတ်
လှုပ်ရှားမှုဖြင့် ပြုံးလိုက်ပြီး
“ညီအစ်ကိုတို့ အစွမ်းကုန် ထုတ်ဖော်လိုက်တော့” သူ့ကိုယ်သူ ပြောလိုက်သည်။
“မင်းတို့ ကျိုးနဲ့ ကျူးမျိုးနွယ်စုနှစ်စု၊ ဒီအဖေကို စောင့်နေလိုက် မင်းတို့က ဒီဖေဖေကို အနိုင်ကျင့်ရဲတယ်ပေါ့ ဒီဖေဖေက မင်းတို့နှစ်ဦးကို အရမ်းကြီးလေးတဲ့ တန်ဖိုးတစ်ခု ပေးဆပ်စေရမယ်”
“ငါပြန်လာမယ့်နေ့က မင်းတို့မျိုးနွယ်စုနှစ်ခု ပျက်စီးမယ့်နေ့ပဲ”
ချက်ချင်းပင်…
နူးညံ့သောလေတစ်ချက် တိုက်ခတ်သွားပြီး လော့ထျန် ထိုနေရာမှ ပျောက်ကွယ်သွားသည်။
သူ့၏ နက်နဲဆရာအဆင့် ၄ အဆင့် ခွန်အား ထုတ်လွှတ်လိုက်ပြီး ပတ်ဝန်းကျင်နေရာသို့ လွှမ်းသွားသည့် လေထုလှိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ လော့ထျန်သည် Megatronနှင့် အခြားသံရုပ်သေးနှစ်ခုရှိနေသည့် နေရာဆီသို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။
ကျောက်စိမ်းတောင်တောင်မြို့၊ ခရမ်းရောင်အဖွဲ့အစည်း၏ သိုင်းကွင်း။
ကွင်း၏အလယ်တွင် လီရွှယ်အာသည် ခြေချိတ်
ထိုင်နေသည်။
သူမ၏ခေါင်းပေါ်တွင် ကြယ်ရောင်ခြည်တစ်ခု စုစည်းနေသည်။
ကြယ်ရောင်ခြည်သည် အဖြူရောင်စင်ကြယ်သော အလင်းကို ပေးနေသည်။ သူမပတ်ပတ်လည်တွင် နက်နဲကျောက်တုံး ဆယ်ခုကျော်ရှိပြီး ၎င်းတို့သည် သူမ၏ခေါင်းပေါ်က ကြယ်ရောင်ခြည်နှင့် အတူတူလုပ်ဆောင်နေသကဲ့သို့ အဖြူရောင်အလင်းကို ပေးနေကြသည်။ ဒီနက်နဲကျောက်တုံးများက နက်နဲစွမ်းအင်ကို ဖန်တီးဖို့အတွက် ထူးခြားတဲ့ပုံစံတစ်ခုဖြင့် ဖြန့်ထားသည်။
လီရွှယ်အာ၏ အသက်ရှူခြင်းကို လိုက်ပြီး နက်နဲစွမ်းအင်သည် သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်
နေသည်။
သူမ၏ ကျင့်ကြံမှုသည် လျင်မြန်စွာ မြင့်တက်လာနေသည်။
သီးသန့်အခန်းတစ်ခုအတွင်းတွင်။
အသက်ခုနစ်ဆယ်ကျော်အရွယ် အဘိုးအိုတစ်ဦးသည် သူ့၏ မုတ်ဆိတ်ရှည်ကို ပွတ်သပ်နေပြီး သိုင်းကွင်းထဲက လီရွှယ်အာကို ကြည့်နေသည်။
ထို့နောက် သူက ပြုံးလိုက်ပြီး
“သူမက တကယ်ပဲ သူတော်စင်ပါပဲ၊ သူမရဲ့ ကျင့်ကြံမှု အရည်အချင်းက တကယ်ကို ထူးခြားတယ်”
သူ့ကိုယ်သူ ရေရွတ်လိုက်တော့သည်။