← Chapters

သူတို့အားလုံး သေဆုံးသွားပြီး

Vol. 6 Ch. 71

သူတို့အားလုံး သေဆုံးသွားပြီး

Vol. 6 Ch. 71

ဝိညာဉ်တောင်တန်း။

မနက်စောစောအချိန်။

လော့ထျန်သည် သစ်ပင်ကြီးတစ်ပင်ကို မှီထားပြီး ခဏတာအနားယူရန် မျက်လုံးများကို မှိတ်ထားသည်။

သူသည် တောအုပ်ကို အရှိန်အပြည့်ဖြင့် ဖြတ်သန်းသွားခြင်းကြောင့် အနည်းငယ်ပင်ပန်းနေသည်။ သူ့၏နက်နဲစွမ်းအင်တစ်ဝက်ကျော်ကို အသုံးပြုလိုက်ရသော်လည်း ကောင်းတဲ့အရာက သူ့၏ လေအရိပ်ခြေလှမ်းက အဆင့် ၂ သို့ တက်သွားခြင်းပင် ဖြစ်သည်။

၎င်း၏မြန်နှုန်းက အဆင့် ၁ ထက် အများကြီးပိုမြန်သည်။

ကျိနင် ကျင့်ကြံခဲ့သော သိုင်းပညာတစ်ခုက ဘယ်လိုလုပ် ဆိုးရွားနိုင်မှာလဲ

“ဖျူး…ဖျူး…”

သစ်ရွက်များ၏ တရှဲရှဲအသံကို ကြားရသည်။

ထို့နောက် မြွေတစ်ကောင်၏ တွားသွားသံကို ကြားရသည်။ လော့ထျန် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ရာ အပြာရောင်အလင်းတိုတစ်ခု သူ့၏သူငယ်အိမ်တွင် ထင်ဟပ်နေသည်။ သူ အသက်ရှူရပ်လိုက်ပြီး မလှုပ်ဘဲ တိတ်ဆိတ်စွာ စောင့်နေခဲ့သည်။

အပြာရောင်အကွက်မြွေကြီးတစ်ကောင် သူ့ကို သတိဖြင့် ချဉ်းကပ်လာသည်။

၎င်း၏ လောဘကြီးပုံရသည့် မျက်လုံးနှစ်လုံးက ကြီးမားသောသစ်ပင်အောက်မှ လော့ထျန်ကို စိုက်ကြည့်နေသည်။ ၎င်းက အမှိုက်လိုလူသားတစ်ဦးကို တွေ့ရှိလိုက်သည်ဟု ထင်ကာ အစာတစ်နပ်ရပြီဟု အတွေးထဲတွင် နှစ်မြောနေသည်။

၎င်းက သူ့ခန္ဓာကိုယ်ကို တွန့်လိမ်လိုက်ပြီး သတိဖြင့် ပို၍နီးကပ်လာသည်။

ဒီလိုမျိုး အန္တရာယ်များတဲ့နေရာမှာ အသက်ရှင်နေချင်ရင် သားရဲကောင်များသည် အလွန်အားနည်းပုံရတဲ့ ပြိုင်ဘက်များကို ရင်ဆိုင်ရချိန်တွင်တောင် သတိထားရပေမည်။ ပစ်မှတ် သို့မဟုတ် ပစ်မှတ်အုပ်စုသည် ၎င်းတို့ထက် ပို၍အစွမ်းထက်သည့် သားရဲကောင်များဖြစ်နေနိုင်သည်ကို ဘယ်သူမှ မပြောနိုင်ချေ။

အကွာအဝေးသည် ပို၍နီးကပ်လာသည်။

အပြာရောင်အကွက်မြွေကြီးက “ရှုပ်” ဆိုသည့် အသံတစ်ခု ပြုလုပ်ပြီး လျှပ်စီးကဲ့သို့ ရှေ့သို့ပစ်ထွက်သွားသည်။

၎င်း၏သွေးထွက်နေသော ပါးစပ်ကို ဖွင့်လိုက်ရာ အစိမ်းရောင်အဆိပ်များ ယိုနေသည့် အစွယ်နှစ်ချောင်းကို ဖော်ပြနေသည်။ တစ်ဦးကို ကိုက်လိုက်သည်နှင့် အစွမ်းထက်သောပြိုင်ဘက်ပင် ခဏတာ ထုံကျင်မှုဒဏ်ကို ခံစားရပေလိမ့်မည်။

လျှပ်စီးလက်သွားသည့်အချိန်တွင်…

လော့ထျန်၏နှုတ်ခမ်းများ ပြုံးလိုက်ပြီး လေတစ်ချက် တိုက်ခတ်သွားသည်။ ထို့နောက် သူက “လေအရိပ်

ခြေလှမ်း” တိုးတိုးလေး အော်ဟစ်လိုက်သည်။

သူ၏ခန္ဓာကိုယ်သည် အရိပ်တစ်ခုအဖြစ် မှေးမှိန်သွားပြီး သူရပ်နေသည့်နေရာမှ ချက်ချင်း ပျောက်

ကွယ်သွားသည်။

အပြာရောင်အကွက်မြွေကြီးက လေကိုသာ ထိုးနှက်

လိုက်မိသည်။ ၎င်း စတင်ထိတ်လန့်သွားချိန်တွင် နောက်ကွယ်မှ အန္တရာယ်ကို ခံစားရသည်။

၎င်း၏အမြီးက သတိမထားမိဘဲ ရိုက်ခတ်လိုက်ပြီး ခန္ဓာကိုယ်သည် မြှားကဲ့သို့ ပစ်ထွက်သွားသည်။

“အဆင့် ၂”

လော့ထျန်က သူ့ခန္ဓာကိုယ် ရုတ်တရက်ထပ်ပျောက်ကွယ်သွားချိန်တွင် တိုးတိုးလေး အော်ဟစ်လိုက်သည်။ ဒီတစ်ခါတော့ သူ့ရဲ့မြန်နှုန်းက အရင်ကထက်တောင် ပိုမြန်နေပြီး သူ့ရဲ့အရှိန်အဝါက ရုတ်တရက် ပုန်းကွယ်သွားသကဲ့သို့ ဖြစ်နေသည်။

“အဆင့် ၂ လေအရိပ်ခြေလှမ်း”

သူ၏မြန်နှုန်းသည် ငါးဆယ်ရာခိုင်နှုန်း တိုးလာခဲ့သည်။ ဒါက ထူးခြားသည့်အရာမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုတော့ အရေးအကြီးဆုံးအရာက လော့ထျန်၏အရှိန်အဝါသည်လည်း ခဏတာ ပျောက်

ကွယ်သွားခြင်းပင် ဖြစ်သည်။

ကျွမ်းကျင်သူများ တိုက်ခိုက်ကြတဲ့အခါ သူတို့ကိုယ်သူတို့ သိနိုင်စွမ်းက အရမ်းအရေးကြီးသည်။

လူတစ်ယောက်က ဘယ်လောက်အထိ မြန်လာနိုင်ပါစေ၊ သူ့ရဲ့အရှိန်အဝါ ရှိနေသရွေ့ ကျွမ်းကျင်သူတစ်ဦးက သူ့ရဲ့တည်နေရာကို သတ်မှတ်နိုင်တယ်။ တစ်ချက်တည်း တိုက်ခိုက်ဖို့သာ လိုအပ်သည်။

ဒါက အဆင့် ၂ လေအရိပ်ခြေလှမ်း၏ အကျိုးအရှိဆုံးအစိတ်အပိုင်းပင် ဖြစ်သည်။

သိုင်းပညာများကို အဆင့်မြှင့်တင်နိုင်သည် - ဝတ္ထုများထဲက အဓိကဇာတ်ကောင်များပင် လုပ်လို့မရသည့်အရာမျိုး။ သို့ပေမဲ့ လော့ထျန်ကတော့ လုပ်နိုင်ခဲ့ပြီး ယခုအခါ ကျိနင်၏ လေအရိပ်ခြေလှမ်းကို ပို၍အစွမ်းထက်သည့်အဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်။ ဒါက တကယ်ကို အံ့သြစရာကောင်းလွန်းလှသည်

အပြာရောင်အကွက်မြွေကြီး၏ မျက်နှာအမူအရာသည် ပြင်းထန်စွာ ပြောင်းလဲသွားပြီး ခက်ခဲသောပြိုင်ဘက်တစ်ဦးနှင့် ကြုံတွေ့ခဲ့ကြောင်းကို သိရှိလိုက်သည်။

ဆယ်စုနှစ်များစွာကြာ အတွေ့အကြုံအရ ဒီမြွေကြီးကို ဒီလူသားကောင်ကောင်ကို ရှုပ်သင့်တဲ့သူ မဟုတ်ဘူးဆိုတာကို ပြောပြနေသည်။

ချက်ချင်းပင်…

အပြာရောင်အကွက်မြွေကြီးက လမ်းကြောင်းအသစ်တစ်ခုသို့ လိမ်သွားပြီး ချုံပုတ်များထဲသို့ စတင်တိုးဝင်တော့သည်။

“မင်း ထွက်ပြေးချင်တယ်လား ဒီအဖေက မကစားရသေးဘူး”

သူသည် ခုမှအဆင့်တက်ထားသည့် လေအရိပ်ခြေလှမ်းကို အသုံးပြုနေသည်။ ရင်ဆိုင်မှုအနည်းငယ်အတွင်းမှာပင် လော့ထျန်သည် ဒီအဆင့် ၃ အပြာရောင်အကွက်မြွေကြီးကို အတော်လေး လုပ်နိုင်ခဲ့သည်။ ဒါက သူ့ကို အလွန်အမင်း စိတ်လှုပ်ရှားစေသည်။

လော့ထျန်သည် ထွက်ပြေးရန်ကြိုးစားနေသည့် အပြာရောင်အကွက်မြွေကြီးကို ကြည့်ပြီး အော်ဟစ်လိုက်သည်။ သူက ၎င်းကို ဘာလို့ လွှတ်ပေးရမှာလဲ

အတွေ့အကြုံနှင့် နက်နဲစွမ်းအင် ပါဝင်နေသည်

လော့ထျန် အေးစက်စက်ဟွန်းခနဲမြည်လိုက်ပြီး မြေပြင်ကို နင်းလိုက်ကာ လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏ခန္ဓာကိုယ်ကို လေထဲတွင် လိမ်လိုက်ပြီး ထောက်ရန် သူ့ခြေထောက်များကို ကွေးလိုက်သည်။ ထို့နောက် ကျည်ဆန်ကဲ့သို့ တည့်တည့်ပစ်ထွက်သွားပြီး သူ့၏လေးလံသော ညာလက်သီးဖြင့် အောက်သို့ ရိုက်ချလိုက်သည်။

“ဘုန်း”

သူ့၏လက်သီးသည် အပြာရောင်အကွက်မြွေကြီး၏ ခေါင်းပေါ်သို့ အတိအကျရိုက်ချလိုက်ပြီး ၎င်းကို လုံးဝအရေးပြားအဖြစ်သို့ ပြောင်းလဲသွားစေသည်။

အပြာရောင်အကွက်မြွေကြီး၏ ခန္ဓာကိုယ် ကွေးသွားပြီး အကြိမ်အနည်းငယ် တွန့်လိမ်သွားပြီးနောက် နောက်ဆုံးတွင် တောင့်တင်းသွားတော့သည်။

ချက်ချင်းသတ်

“ဒင်”

“ကစားသမားလော့ထျန် အပြာရောင်အကွက်မြွေကြီးကို သတ်လိုက်တဲ့အတွက် ဂုဏ်ယူပါတယ်”

“သင့်ကို အတွေ့အကြုံအမှတ် ၆၀၀၊ နက်နဲစွမ်းအင် ၆၀ ချီးမြှင့်လိုက်ပါတယ်…”

“ကစားသမားလော့ထျန် အပြာရောင်အကွက်မြွေကြီး၏ သွေးအနှစ် ရရှိလိုက်တဲ့အတွက် ဂုဏ်ယူပါတယ်”

“သောင်းချီသောသားရဲမျိုးဆက်တန်ဖိုး +၁”

စနစ်၏သတိပေးသံပြီးနောက် လော့ထျန်သည် သူ့၏သောင်းချီသောသားရဲမျိုးဆက်တန်ဖိုးကို ကြည့်လိုက်သည်။ ထို့နောက် နဂါးနွယ်သွေးကို လဲလှယ်ဖို့လိုအပ်သည့် အလဲမထိုးနိုသ်သည့်တန်ဖိုးကို ကြည့်လိုက်သည်။

သူ့၏လက်ရှိအလဲမထိုးနိုင်သည့်တန်ဖိုးက ၉၇ အမှတ် ဖြစ်သည်။

နဂါးသွေးနွယ်က အမှတ် ၂၀၀၀ လိုအပ်သည်။

ကွာခြားချက်က ကြီးမားလွန်းလှသည်

ထို့နောက် သူသည် သောင်းချီသောသားရဲမျိုးနွယ်တန်ဖိုးဆီသို့ ပြန်သွားပြီး မျိုးနွယ်တူ သားရဲကောင်တွေ အများကြီးရှိနေတာကြောင့် မျိုးနွယ်တန်ဖိုးကို မြှင့်တင်ဖို့ ပိုခက်ခဲလာလိမ့်မည်ဆိုတာကို သိရှိလိုက်သည်။ မျိုးနွယ်အသစ်များရရှိချင်ရင် မတူညီသည့် သားရဲကောင်အမျိုးအစားတွေကို သတ်ဖို့ လိုအပ်ပေလိမ့်မည်။

လော့ထျန်က သားရဲကောင် အများကြီးသတ်ခဲ့သော်လည်း သူ့ရဲ့မျိုးနွယ်တန်ဖိုးနဲ့ အလဲမထိုးနိုင်သည့်တန်ဖိုးနှစ်ခုလုံးက တစ်ရာအောက်မှာ ရှိနေသေးသည်။ ထို့ကြောင့် အမှတ်နှစ်ထောင်သည် အခုအချိန်မှာ အလွန်ကြီးမားသော ဂဏန်းတစ်ခု ဖြစ်နေသည်။

သို့ပေမဲ့ ဒါက ပုံမှန်ပါပဲ…

ဘာကြောင့်လဲဆိုတော့ ဒီလောက်အစွမ်းထက်တဲ့ နဂါးနွယ်သွေးကို ရဖို့ ဘယ်လိုလုပ် လွယ်ကူနိုင်မှာလဲ

ဒီနွယ်သွေးက ဈေးထဲမှာ ဝယ်လို့ရတဲ့အရာတစ်ခုလို့ မင်းထင်နေတာလား

တခြားနည်းနဲ့ပြောရရင် သွေးအနွယ်တစ်ခုကို ရရှိဖို့ ပိုခက်ခဲလေလေ ၎င်းက ပိုအစွမ်းထက်လေလေဖြစ်သည်။ လော့ထျန်မှာ အခုအချိန်မှာ အချိန်ရှိနေသောကြောင့် နောက်ဆုံးမှာတော့ သူ တစ်နေ့နေ့မှာ ဒီအမှတ်တွေကို စုဆောင်းနိုင်လိမ့်မည်။

သူသည် နဂါးနွယ်သွေးကို လဲလှယ်ရုံသာမက ကြက်သားရဲ၊ လိပ်မည်းနှင့် ကျားဖြူတို့ကိုပါ ရရှိတော့မည်။ သားရဲလေးကောင်ရဲ့သွေးနွယ်များအားလုံးကို ယူပြီး ပေါင်းစည်းပစ်ဖို့ စိတ်ကူးသည် စိတ်လှုပ်ရှားလာသည်။

ဒီလိုစဉ်းစားပြီးနောက် လော့ထျန်၏ စိတ်အခြေအနေ ပြန်ကောင်းလာခဲ့သည်။

သူက တစ်ချက်စဉ်းစားလိုက်ပြီး Megatron လက်ရှိရှိနေသည့် လမ်းကြောင်းကို အာရုံခံစားလိုက်သည်။

ချက်ချင်းပင်…

ခြေတစ်ချက်နင်းလိုက်သည်နှင့် သူ့၏ခန္ဓာကိုယ်က မှေးမှိန်သွားပြီး လေနှင့် ရောနှောသွားတော့သည်။ လော့ထျန်သည် ဆယ်မီတာပေါင်းများစွာ အဝေးသို့ ရောက်နေပြီး သူ့ရဲ့မြန်နှုန်းက လူတစ်ဦးရဲ့အမြင်အာရုံကို ထူပူသွားစေနိုင်သည်။

မျိုးနွယ်စုအချင်းချင်းပြိုင်ပွဲသည် ခက်ခဲသောတိုက်ပွဲတစ်ခု ဖြစ်လိမ့်မည်။

ကျိုးနဲ့ ကျူးမျိုးနွယ်စုတို့ လက်ချင်းချိတ်ထားတာကြောင့် ပြိုင်ပွဲမှာ ကျွမ်းကျင်သူများ အများကြီးရှိလိမ့်မည်။ သူတို့ အန္တရာယ်ရှိတဲ့အခြေအနေမှာ ရှိနေတဲ့အခါ ထိုခေါင်းဆောင်နှစ်ဦးက သေချာပေါက် လုပ်ဆောင်လာလိမ့်မည်။

လော့ထျန်သည် သူ့ရဲ့လက်ရှိကျင့်ကြံမှုနဲ့ နက်နဲဆရာအဆင့် ၉ ရှိတဲ့သူတစ်ယောက်ကို ရင်ဆိုင်

နိုင်စွမ်း မရှိချေ၊ သူတို့နှစ်ဦးဆိုတော့ ပြောဖို့တောင် မလိုတော့ပေ။

သူသည် အရာအားလုံးကို ဂရုတစိုက်စီစဉ်ရမည်။

သူသည် သူတို့နှစ်ဦးစလုံးကို တစ်ချိန်တည်းမှာ သတ်နိုင်မယ့် အရာတစ်ခုကို စီစဉ်ရမည်။

ဘာပဲဖြစ်ဖြစ် ထိုနှစ်ဦးက လော့ကျန့်ရှန်နဲ့ တူညီတဲ့အဆင့်မှာရှိတဲ့ ဘော့စ်များ ဖြစ်ကြသည်။

သူတို့သည် အပိုဆုကြေးများပါရှိသော လေ့ကျင့်ရေစခန်းရှိ နောက်ဆုံးဘော့စ်များအဖြစ် မသတ်မှတ်တော့ပေ။ သူတို့ကိုသတ်ခြင်းက အတွေ့အကြုံများစွာ ပေးလိမ့်မည်။ ၎င်းတို့၏အလောင်းများမှ အံ့သြဖွယ်ကောင်းသော လက်နက်အချို့ ထွက်ပေါ်လာနိုင်တာလည်း ဖြစ်နိုင်သည်ပင်။

“ဖျူး”

“ဖျူး”

သူ၏ခန္ဓာကိုယ်သည် သစ်ပင်ကြီးတစ်ပင်မှ နောက်တစ်ပင်သို့ ခုန်တက်သွားပြီး သူ့နောက်တွင် လေကိုထိုးဖောက်နေသည့် အသံတစ်ခုကို ဖန်တီးနေသည်။

လေအရိပ်ခြေလှမ်း၏ ကျွမ်းကျင်မှုအဆင့်ကလည်း တစ်မှတ်ပြီးတစ်မှတ် တိုးလာနေသည်…

လော့ထျန်သည် သူ့လမ်းကြောင်းပေါ်တွင် သားရဲကောင်များ၏ ဆွေးမြေ့နေသော အလောင်းများကို တစ်ခါတစ်ရံ မြင်နေရသည်။ ဒါက သူ Megatron ရှိနေတဲ့နေရာနှင့် မဝေးတော့ဘူးလို့ ဆိုလိုသည်။

ရက်အနည်းငယ်အတွင်းမှာပင် သံစက်ရုပ်တို့သည် အဆက်မပြတ် သတ်ဖြတ်နေကြသည်။ သူတို့က ဘုရားသခင် ပိတ်ဆို့နေရင် ဘုရားသခင်ကို သတ်ပစ်မယ်၊ ဗုဒ္ဓ ပိတ်ဆို့နေရင် ဗုဒ္ဓကို သတ်ပစ်မယ်ဆိုတဲ့သူတွေနှင့် တူနေသည်။

အဆင့် ၃ သားရဲကောင်များ၏စွမ်းအားရှိသည့် ရုပ်သေးသုံးဦးသည် ဝိညာဉ်တောင်တန်း၏ အပြင်ဘက်မှာ ဘေးတစ်စောင်းလမ်းလျှောက်နိုင်သော တည်ရှိမှုများ ဖြစ်ကြသည်။

“ဘုန်း”

ရုတ်တရက်…

သိပ်မဝေးတဲ့နေရာကနေ ကျယ်လောင်သော တိုက်မိသံကို ကြားရသည်။

စွမ်းအင်လှိုင်းတစ်ခုသည် ပတ်ဝန်းကျင် မိုင်တစ်ရာအတွင်းသို့ ပျံ့နှံ့သွားသည်။

အဆန်းကြယ်ဆုံးအရာကတော့…

ထိုစွမ်းအင်လှိုင်းအတွင်းတွင် သွေးဆာနေသည့် အရိပ်အယောင်တစ်ခုပါရှိသော အလွန်ထူထဲပြီး ခိုင်မာသည့် သတ်လိုစိတ်တစ်ခု စီးဆင်းနေသည်။

ဒါက လူသားများ ထုတ်လွှတ်နိုင်သည့် သတ်လိုစိတ်မျိုး လုံးဝမဟုတ်ချေ။

ဒါက သားရဲကောင်တစ်ကောင်ဆီက သတ်လိုစိတ်လား။

သားရဲကောင်တွေက သတ်လိုစိတ်ကိုတောင် ထုတ်

လွှတ်နိုင်သလား။

လော့ထျန်၏စိတ်ထဲတွင် ထိတ်လန့်သွားပြီး “ဘာကြီးလဲ အစွမ်းထက်လိုက်တဲ့ စွမ်းအင်နဲ့ သတ်လိုစိတ်။ ဒီကောင်က သာမန်မဟုတ်ဘူးဆိုတာ သေချာတယ်၊ အဆင့်ကြီးကြီးမားမားရှိတဲ့ စူပါသားရဲကောင်

တစ်ကောင်တောင် ဖြစ်နိုင်တယ်” သူ့ကိုယ်သူပြောလိုက်သည်။

ထိုကျယ်လောင်သော “ဘုန်း” ဆိုသည့်အသံအတွင်းမှာပဲ လော့ထျန်၏စိတ်ထဲတွင် သတိပေးသံတစ်သံ မြည်လာသည်။

“ဒင်”

“သင့်ရဲ့သံရုပ်သေးရုပ် Bumblebee သေဆုံးသွားပြီ”

“သေဆုံးသွားပြီ”

လော့ထျန် မျက်မှောင်ကြုတ်လိုက်ပြီး သူ ဒါကိုမတွေးခင်မှာပဲ စနစ်က နောက်ထပ်သတိပေးသံတစ်ခု ပြုလုပ်လိုက်သည်။

“ဒင်”

“သင့်ရဲ့ရုပ်သေးစစ်သည်Megatron သေဆုံးသွားပြီ”

အဲ့ဒီနောက်မှာတော့ နောက်ထပ်သတိပေးသံတစ်ခု…

“သင့်ရဲ့ရုပ်သေးစစ်သည် Omega Supreme သေဆုံးသွားပြီ”

ခဏလေးအတွင်းမှာ သူ့ရဲ့သံရဲဘော်သုံးယောက်စလုံး သေဆုံးသွားခဲ့ပြီ။ ဒီ…

ဘာတွေဖြစ်သွားလဲဆိုတာကို လော့ထျန် စိတ်ကူးယဉ်၍မရနိုင်တော့ချေ။

သူတို့ရဲ့ ပေါင်းစပ်အင်အားနဲ့ သူတို့ဟာ အဆင့် ၄ သားရဲကောင်တစ်ကောင်ကို တိုက်ခိုက်နိုင်သင့်တယ်။ ဒါပေမဲ့ သူတို့အားလုံးက ခဏအတွင်းမှာ သတ်ဖြတ်ခံလိုက်ရတယ်ဆိုတော့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

သူတို့က အတုမရှိတဲ့ အဆင့် ၅ သားရဲ။

ကောင်တစ်ကောင်နဲ့ ကြုံတွေ့ခဲ့တာများလား။

လော့ထျန်၏မျက်လုံးများက မှောင်နေတဲ့တောအုပ်ထဲသို့ ပြူးကျယ်နေသည်။ ထို့နောက် သူ လက်သီးများကိုဆုပ်ပြီး

“ဖျူး” ဆိုသည့် အသံတစ်ခုနှင့် ပျောက်ကွယ်သွားသည်။

သူသည် ကျယ်လောင်သောအသံ ထွက်ပေါ်လာသည့်နေရာသို့ တည့်တည့်ပြေးသွားခဲ့သည်

All Chapters