တုံးအတဲ့ဝတုတ်လေ
Vol. 6 Ch. 73
“အမလေး… ဝတုတ်လေ မင်းလူပြိန်းကောင်။
ငါ့ကို ဒုက္ခပေးဖို့ မင်း နှစ်တစ်ထောင် ဖုတ်ကောင်
ဘုရင်ကို တမင်ဖိတ်ခေါ်ထားတာလာ”
လော့ထျန် ဒီဝတုတ်လေ တမင်တကာလုပ်နေတာလို့ သံသယဝင်နေသည်။
ဘာကြောင့်လဲဆိုတော့ ဖုန်းလေက နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်ကို ကြည့်လိုက်သည့်အခါ သူ့မျက်လုံးတွေက မိန်းမလှလေးတစ်ဦးကို မြင်လိုက်
ရသကဲ့သို့ဖြစ်သည်။ ပြီးတော့ သူက ဆယ်စုနှစ်တစ်ခု
ကျော်လောက် အစာငတ်နေတဲ့ ဝံပုလွေတစ်ကောင်
နှယ်။
သူက ခုန်တက်ပြီး ချက်ချင်းကိုက်ချင်နေပင် ပုံရသည်။
နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်ကို ကိုက်မည်လား
ဘာလဲကွာ
လော့ထျန် ထိုမြင်ကွင်းကို စိတ်မကူးယဉ်ရဲပေ။
ဖုန်းလေက သူ့ခေါင်းကိုကုတ်ပြီး “ခေါသ်းဆောင်၊ကျွန်တော် အမှားတစ်ခုခုလုပ်မိလို့လား”သူရေရွတ်
လိုက်သည်။
လော့ထျန် သူ့ကို ပြန်မဖြေချေ…
ဘာကြောင့်လဲဆိုတော့ သူပြောဖို့ အချိန်မရတော့ပေ။ နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်က တစ်ချက်ခုန်
လိုက်တော့ သူတို့နှင့် ဆယ်မီတာလောက်သာ ဝေးတော့သည်။
သတ်လိုစိတ်က ပိုပြီး အစွမ်းထက်လာသည်။
ရက်စက်သောသတ်လိုစိတ်သည် လော့ထျန်၏စိတ်ကို ပြင်းထန်စွာ ဖိနှိပ်နေသည်။
အသက်ရှူကျပ်သကဲ့သို့ အလွန်မသက်မသာ ဖြစ်ရသည်။
ထိုအချိန်ခန့်တွင်…
ဖုန်းလေ၏မျက်လုံးများ ပြူးကျယ်သွားပြီး နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်ကို လက်ညှိုးထိုးကာ “ကြည့်ပါဦး ခေါင်းဆောင် ဒီမှာ အစွမ်းထက်တဲ့သားရဲကြီးကောင်တစ်ကောင် ရှိနေတယ်”စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဖုန်းလေကြောင့် လော့ထျန်မှာ သူ့ကိုယ်သူ သတ်သေချင်သည့်စိတ် ဖြစ်ပေါ်လာသည်။
“ခွေးမသား”
နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်၏ မျက်လုံးခြောက်လုံးက ချုံပုတ်အောက်မှာ ထိုင်နေတဲ့ လော့ထျန်ကို ကြည့်လိုက်သည်။ ထိုမျက်လုံးခြောက်လုံးက သူ့ကို မလှုပ်ဘဲ စိုက်ကြည့်နေသည်။
လော့ထျန် မလှုပ်ရှားရဲတော့ပေ။
ရန်သူ မလှုပ်ရှားရင် ငါလည်း မလှုပ်ရှားရဘူး
ရန်သူ လှုပ်ရှားရင် ငါကတော့…
လော့ထျန်တွင် ထွက်ပေါက်မရှိတော့ချေ။ ထို့နောက် သူသည် ဖုတ်ကောင်ရုပ်ရှင်များကို စတင်တွေးတောပြီး ဖုတ်ကောင်များ၏ အာရုံခံစားမှုမှ ရှောင်လွှဲဖို့ နည်းလမ်းအမျိုးမျိုးကို တွေးနေသည်။ ပထမဆုံးစိတ်ထဲရောက်လာတဲ့အရာက အသက်ကိုအောင့်ထားခြင်းပင်။
ဘယ်ရုပ်ရှင်ကနေလဲဆိုတာတော့ သူ သတိမရတော့ပေ…
သို့သော် ၎င်းတို့ထဲက တစ်ခုက ဖုတ်ကောင်များ၏မျက်လုံးများက မမြင်နိုင်သောကြောင့် ၎င်းတို့သည် လူသားများ၏အသက်ရှူသံကိုသာ အသုံးပြုပြီး ၎င်းတို့၏တည်နေရာကို သတ်မှတ်နိုင်သည်ဟု ပြောထားသည်။
လော့ထျန်က အခုအချိန်မှာ အများကြီးတွေးဖို့ စိတ်မဝင်စားတော့ဘဲ အသက်ကိုပြင်းပြင်းရှူပြီး အသက်အောင့်ထားလိုက်သည်။
လော့ထျန်၏လုပ်ရပ်များကို ဖုန်းလေက သိလျင်လာသည်။
ဖုန်းလေက လော့ထျန်ဘေးတွင် ထိုင်လိုက်ပြီး သူ့လက်မောင်းများကို အကြိမ်အနည်းငယ် တွန်းလိုက်ကာ “ခေါင်းဆောင်၊ ဘာလုပ်နေတာလဲ ငါတို့ သူ့ကို သွားမသတ်တော့ဘူးလား” မေးလိုက်သည်။
“ခေါင်းဆောင် ဒါက အရမ်းအစွမ်းထက်တဲ့ သားရဲကောင်တစ်ကောင်ပဲ။ ဒါက အဆင့် ၄ သားရဲကောင်ဖြစ်ပြီး အတွင်းထဲမှာ သားရဲအနှစ်တောင် ပါနိုင်တယ်”
“ငါတို့ တိုက်ခိုက်ကြရအောင်”
“အရင်ကလိုပဲ လုပ်ကြမယ် -ကျွန်တော် သူ့ကို တားပေးမယ်၊ ပြီးတော့ ခေါင်းဆောင်က သူ့ကို တိုက်ခိုက်လိုက်”
စကားပြောနေစဉ်အတွင်း ဖုန်းလေ၏ပါးစပ်မှ တံတွေးများ ယိုကျလုနီးပါး ဖြစ်သည်။
လော့ထျန်သည် ဖုန်းလေကို စူးစိုက်ကြည့်ပြီး အနီးနားက သစ်ကိုင်းတစ်ခုကိုကောက််ပြီး မသေမချင်း ထိုးကြိတ်ပစ်ချင်လာသည်။ ဒီကောင်လေးက သူတို့ရဲ့လက်ရှိအခြေအနေကိုတောင် မစဉ်းစားနိုင်သေးဘူးလား ဒီဖုတ်ကောင်ဘုရင်ကို သတ်ဖို့ ဒီလောက်
လွယ်နေလို့ထင်သလား
ဒါက အဆင့် ၄ သားရဲကောင်ဖြစ်ခဲ့ရင် သူ ပြုံးပြုံးရယ်ရယ်နဲ့ ဒီကိုပြေးလာနိုင်ဦးမှာလား
လော့ထျန်က သူ့ကို အရင်ကတည်းက သတ်လိုက်ချေပြီဖြစ်သည်။
ဒီအချိန်တွင်လည်း…
နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်က ထိုင်လိုက်သည်။ ၎င်းက သူ့ပါးပြင်များကို စတင်ကုတ်လိုက်ပြီး မျက်လုံးခြောက်လုံးလုံးက ၎င်းတို့နှစ်ဦးကို စိုက်
ကြည့်နေသည်။
၎င်းက ကစားဖို့ ပျော်စရာကောင်းတဲ့ အရုပ်တစ်ခုကို ရှာတွေ့လိုက်သကဲ့သို့ပင် ဖြစ်နေသည်။
“မင်း ငါ့ကို မမြင်ဘူး၊ မင်း ငါ့ကို မမြင်ဘူး…”
“အသက်အောင့်ထား၊ အသက်အောင့်ထား၊ သေရရင်တောင် အသက်အောင့်ထားရမယ်…”
ဒီလောက်နီးကပ်တဲ့အကွာအဝေးမှာ လော့ထျန်သည် နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်ရဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ အနံ့အသက်ကို ရနိုင်နေသည်။ သူ့အစာအိမ် မအီမသာဖြစ်လာပြီး အကြိမ်အနည်းငယ် ပျို့အန်ချင်ခဲ့သော်လည်း သူ သည်းခံလိုက်သည်။
ဆယ်စက္ကန့်… စက္ကန့်သုံးဆယ်… တစ်မိနစ်… သုံးမိနစ်…
လော့ထျန်၏မျက်နှာ နီရဲလာသည်။
နက်နဲဆရာနယ်ပယ်မှတစ်ဦးသည် သုံးမိနစ်ကျော်ကြာအောင် အသက်အောင့်ထားနိုင်ခြင်းက တကယ်ကို မလွယ်ကူချေ။ ပြီးတော့ ဒါက လက်ရှိမြင်ကွင်းရဲ့ အရေးအကြီးဆုံးအချက် မဟုတ်ချေ။ နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်ကလည်း သူ့မျက်နှာ နီရဲလာသည်အထိ အသက်အောင့်ထားသည်။ သွေးအချို့က သူ့ရဲ့အနက်ရောင်သားရေအောက်မှ ယို
ထွက်လာပြီး သူ့ရဲ့အမူအရာက ပိုကြောက်စရာကောင်းလာသည်။
ဒါကလည်း ဒီမှာ အရေးအကြီးဆုံးအချက် မဟုတ်ချေ…
အဆိုးဆုံးအရာကတော့ ဖုန်းလေပင်။
ဒီကောင် ဒေါသပေါက်ကွဲလာသည်။ လက်နှစ်ဖက်ဖြင့် ဓားကြီးကို ကိုင်ထားပြီး လေထဲသို့ ခုန်တက်ကာ နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်၏ခေါင်းပေါ်သို့ ပြင်းထန်စွာ ရိုက်ချတော့သည်။
“ကောင်းတယ်”
လော့ထျန်က အတွင်းမှ အော်လိုက်သည်။ သူ့၏နက်နဲစွမ်းအင်သည် တိုက်ခိုက်ဖို့ပြင်ဆင်ရင်း စတင်လည်ပတ်နေသည်။
ဓားကြီးတွင် ပါးလွှာသောဓားစွမ်းအင်တစ်ခု ဝန်းရံထားပြီး ၎င်းက ပြင်းထန်စွာ ရိုက်ချလိုက်သည်။
သို့ပေမဲ့…
“ချွင်း”
ဓားက ထူထဲတဲ့သံမဏိပြားကို ထိသွားသလို မီးပွားများ ထွက်လာသည်။ နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်သည် သူ့ခေါင်းတွင် မည်သည့်ဒဏ်ရာမှ မခံစားရဘဲ အဖြူရောင်အစက်တစ်ခုသာ မြင်ရသည်။ သွေးအရိပ်အယောင်တောင် မစီးဆင်းချေ။
ဖုန်းလေ၏ ကျင့်ကြံမှုသည် နက်နဲတပည့်အဆင့် ၇ တွင်ရှိသည်။
သူ၏ခွန်အားသည် နက်နဲဆရာနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။ သူ၏အရင်တိုက်ခိုက်မှုက အဆင့် ၃ သားရဲကောင်တစ်ကောင်ကို ချက်ချင်းသတ်ပစ်နိုင်သည်။
သို့ပေမဲ့ နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်နှင့ပတ်သက်လာချိန်တွင် သူ့၏တိုက်ခိုက်မှုက လုံးဝအသုံးမဝင်ချေ။ ဂိမ်းအသုံးအနှုန်းကို အသုံးပြုရရင် ဖုန်းလေ၏တိုက်ခိုက်မှုက လွဲချော်သွားသည်ပင်။
သွေးအရိပ်အယောင်တောင် မရှိချေ။
တိုက်ခိုက်မှုက ပျက်စီးမှုမရှိတာ အဆင်ပြေပါတယ်၊ သို့ပေမဲ့ ဖုန်းလေ၏လက်မောင်းများက တုန်ခါမှုကြောင့် ပြုတ်ကျလုနီးပါး ဖြစ်နေသည်။ သူ့၏မေးရိုးများ ပိတ်သွားပြီး လက်မောင်းများကလည်း
တုန်ယင်နေသည်။ သူ့၏အလွန်မာကျောသော ဓားကြီးတောင် ခိုက်မိမှုကြောင့် ခြမ်းသွားခဲ့သည်။
နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်၏ မျက်လုံးခြောက်လုံးက အပေါ်ကိုကြည့်လိုက်ပြီး သူ့ခေါင်းကို သူ့၏အပြာရောင်လက်သည်းများဖြင့် ကုတ်လိုက်
သည်။ သူ့အမူအရာ ပြောင်းလဲသွားပြီး တစ်ခုခုကို သိရှိလိုက်သကဲ့သို့ ဖြစ်နေသည်။ သူ ချက်ချင်းထရပ်ပြီး လေတစ်ချက် ရှူထုတ်လိုက်သည်။
“ဟူးးးး…”
ပိုအစွမ်းထက်သော သတ်လိုစိတ်ကို သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်ရာ မြင်နိုင်သော စွမ်းအင်လှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
“သွားပြီး… ငါတို့ ဒုက္ခရောက်ပြီကွ”
“ဒီကောင် ဒေါသထွက်သွားပြီ”
လော့ထျန်၏စိတ် တင်းမာသွားပြီး နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်၏ ခုခံနိုင်စွမ်းက သူ့ရဲ့မျှော်လင့်ချက်ထက် ကျော်လွန်နေတယ်ဆိုတာကို သိရှိလိုက်သည်။ သူသည် ဖုန်းလေ၏လျှို့ဝှက် တိုက်ခိုက်မှုကို အသုံးပြုပြီး သူ့ရဲ့တိုက်ခိုက်မှုကို လုပ်ဆောင်ဖို့ စီစဉ်ထားခဲ့ပြီး နောက်ဆုံးတွင် သတ်ပစ်ဖို့ ပြင်ဆင်ထားခဲ့သည်…
ကံကောင်းစွာနဲ့ပဲ သူက မလှုပ်ရှားရသေးချေ။
မဟုတ်ရင်တော့ ဒါက သူတို့အတွက် အဆုံးသတ်ပဲ ဖြစ်တော့မည်။
လော့ထျန် ဆက်တွေးမနေတော့ဘဲ “အဆင့် ၂ ကြမ်းတမ်းခြင်း” သူ ချက်ချင်းအော်လိုက်သည်။
သူသည် ခုထိ တုံးအနေသေးတဲ့ ဖုန်းလေကို ဆွဲလိုက်ပြီး ညာခြေထောက်ကို နင်းလိုက်သည်။ “လေအရိပ်ခြေလှမ်း”
“အဆင့် ၂”
“ဖျူး”
သူတို့နှစ်ဦးစလုံး ပစ်ထွက်သွားပြီး နှုန်းကို အမြှင့်ဆုံးတင်ထားသည်။
သို့သော်…
တစ်ချိန်တည်းမှာပင် နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်၏ မျက်လုံးခြောက်လုံးက ဒေါသတကြီး စူးစိုက်ကြည့်လိုက်ရာ အနီရောင်ရင့်ရင့်ရှိသော သူငယ်အိမ်ခြောက်ခုကို ဖော်ပြနေသည်။ ၎င်း၏ခြေထောက်နှစ်ချောင်းလုံး ခုန်ထွက်သွားသည်။
“ဘုန်း”
ပြီးတော့ လော့ထျန်တို့အနီးသို့ ရောက်ရှိသွားသည်။
“လေအရိပ်ခြေလှမ်း”
လော့ထျန်က သူ့ရဲ့သိုင်းပညာကို တစ်ဖန်ပြန်အသက်သွင်းလိုက်ပြီး ကျည်ဆန်လို ပစ်ထွက်သွားသည်။ သူ့နှလုံးသားသည် နင်းခံသွားရသကဲ့သို့ ခံစားရပြီး “လခွမ်း၊ ငါ့ကို ထွက်ပြေးခွင့်သာပေးလိုက်လေ ငါနောက်မှပြန်လာပြီး မင်းကို သေချာပေါက် လာသတ်
ပေးမယ်” အတွင်းမှ အော်ဟစ်လိုက်သည်။
သတ်လိုစိတ်က သူ့ခန္ဓာကိုယ်ကို ဝင်ရောက်
တိုက်ခိုက်သည်။
သူ၏စိတ်နှင့် အသိဉာဏ်တို့သည် အုံကြွနေသည်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် မုန်တိုင်းတစ်ခုက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ထိုးနှက်လိုက်
သကဲ့သို့ ခံစားရပြီး သူ့ကို အလွန်မသက်မသာဖြစ်
စေသည်။
လော့ထျန်သည် ဒီဖိနှိပ်နေသော သတ်လိုစိတ်ကြောင့် ဒေါသထွက်လာသည်။
လေအရိပ်ခြေလှမ်း၏မြန်နှုန်းဖြင့် လော့ထျန်သည် အကွာအဝေးကိုအနည်းငယ် ခွါထားနိုင်ခဲ့သည်။ သို့ပေမဲ့ နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်က သူ့ရဲ့ပထမဆုံးခုန်ချက်ထက် ပို၍အစွမ်းထက်သည့် ဒုတိယခုန်ချက်ကို လုပ်လိုက်သည်။
ထို့အပြင် ၎င်း၏မျက်လုံးခြောက်လုံးမှ သူငယ်အိမ်များသည် ယခုအခါ သွေးနီရောင်သို့ ပြောင်းလဲသွားသည်။
သွေးနီရောင်သူငယ်အိမ်ခြောက်ခု
သတ်လိုစိတ်ဖိအားသည် ပို၍ပြင်းထန်လာသည်။
“ဟေး ကလေး၊ မင်း ဒါကို ကိုင်တွယ်နိုင်လား”
“မင်း မလုပ်နိုင်ရင် ငါ့ကို ထွက်ခွင့်ပေးလိုက်။ ငါအဲ့ဒီကောင်ကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး။ သူက ငါ့ရှေ့မှာ သတ်လိုစိတ်ထုတ်လွှတ်ရဲတယ်လား သူ့ကို သတ်လိုစိတ်ဆိုတာ ဘာလဲဆိုတာ သေချာပြပေးမယ်”
“မင်းက ဒီကလေးဆန်တဲ့ သတ်လိုစိတ်ကိုတောင် မကိုင်တွယ်နိုင်ဘူးလား ငါက ဘယ်လိုလုပ် မင်းလက်ထဲကို ရောက်သွားလဲဆိုတာ ငါ တကယ်မသိဘူး”
လော့ထျန်၏စိတ်အတွင်းတွင်…
သွေးစုပ်ဓားရိုင်း၏ ရိုင်းစိုင်းသောအသံကို ကြားရသည်။
လော့ထျန်ကတော့ သူ့ကို လုံးဝလျစ်လျူရှုလိုက်သည်။ ဒီကောင်က ကူညီချင်ပုံရပေမဲ့ ဘယ်လိုမကောင်းဆိုးဝါး ကြံစည်မှုမျိုးကို ကြိုးစားနေတာလဲဆိုတာ ဘယ်သူသိမှာလဲ မတော်တဆ သူ့စိတ်ကို သိမ်းပိုက်လိုက်ခဲ့ရင် သူက လုံးဝ ဒုက္ခရောက်သွားမှာ သေချာသည်။
“ဟေး ကလေး ငါ မင်းကို ပြောနေတာ ကြားလာ”
“ပါးစပ်ပိတ်” လော့ထျန် ဒေါသတကြီး အော်လိုက်သည်။
“ဟေးဟေး၊ စိတ်တိုလိုက်တာ။ မင်းက ဒီသတ်လိုစိတ်ကိုလေးကိုတောင် မခုခံနိုင်ဘူး၊ တော်တော်အသုံးမကျတာပဲ” သွေးစုပ်ဓားရိုင်းက လှောင်ပြောင်ရယ်မောလိုက်သည်။
“ဝေါ ဝေါ…”
သိပ်မဝေးတဲ့နေရာကနေ ရေတံခွန်အသံကို ကြားရသည်။
လော့ထျန် မျက်မှောင်ကြုတ်လိုက်ပြီး “ဝတုတ်လေ၊ အသက်အောင့်ထား” အော်လိုက်သည်။
“ဘာ”
ဖုန်းလေက စကားလုံးများကို ရှင်းရှင်းလင်းလင်း မကြားရချေ။ သူသည် လော့ထျန်ကြောင့် ဆွဲခေါ်ခံနေရပြီး လေ၏အက်ကွဲသံကိုသာ ကြားရသည်။ လော့ထျန် သူ့ကို ဘာပြောနေလဲဆိုတာကို သူ အပြည့်အဝ ကြားနိုင်စွမ်းမရှိချေ။
“ဘုန်း”
နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်က တစ်ဖန်ပြန်ခုန်လိုက်ပြီး ဆယ်မီတာပေါင်းများစွာ အမြင့်ကို ပျံတက်သွားပြီး လော့ထျန်၏ရှေ့သို့ ပြင်းထန်စွာ ကျရောက်သည်။
သူ၏အပြာရောင်အစွယ်များသည် အစိမ်းရင့်ရောင်အရာတစ်ခုနှင့် ဖုံးအုပ်ထားသည်။ ၎င်း၏လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လက်သည်းဆယ်ချောင်းလုံးက ချွန်ထက်သော ဓားဆယ်ချောင်းနှင့်တူနေပြီး တစ်ပြိုင်နက်တည်း ထိုးလိုက်သည်။
“Optimus ခေါင်းဆောင် သွား”
သူ၏အာကာသပြားကို ပစ်ထုတ်လိုက်သည်။
Optimus ခေါင်းဆောင်က ကောင်းကင်မှ ဆင်းသက်လာပြီး ၎င်း၏သံကောင်းများဖြင့် ပြုလုပ်ထားသည့် ကြီးမားသောကိုယ်ထည်သည် နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်၏ရှေ့တွင် ပိတ်ဆို့ထားသည်။
နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်က သူ့လက်မောင်းများကို ရိုက်လိုက်ပြီး နှစ်ပိုင်းခွဲလိုက်သည်။
တစ်ချိန်တည်းမှာပင် လော့ထျန်သည် ဖုန်းလေကို သူ့ခေါင်းပေါ် မြှောက်လိုက်ပြီး ဆယ်မီတာပေါင်းများစွာ ရှိသောအဝေးတစ်နေရာသို့ ပစ်လိုက်သည်။ ဖုန်းလေသည် ရေတံခွန် ရာပေါင်းများစွာရှိ ရေအောက်ကို ကျသွားသည်။
ဖုန်းလေ၏မျက်နှာသည် ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားပြီး “ခေါင်းဆောင် ကျွန်တော် ရေမကူးတတ်ဘူး” အော်လိုက်သည်။
“လေအရိပ်ခြေလှမ်း”
“အဆင့် ၂”
“ဖျူး”
လော့ထျန် ပစ်ထွက်သွားပြီး ရေထဲသို့ ကျရောက်
ချိန်တွင် သူသည် နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်ကို လှည့်ကြည့်ပြီး စိုက်ကြည့်ကာ “မင်းဖင်ကို သေချာဆေးထား ငါ လာပြီး အစိတ်စိတ်အမြွှာမြွှာ လုပ်ပစ်မယ်” ကောင်းကင်သို့ ဒေါသတကြီး အော်လိုက်သည်။