← Chapters

ဆုလာဘ်- ရှောင် ယန်၏သိုင်းပညာ

Vol. 6 Ch. 74

ဆုလာဘ်- ရှောင် ယန်၏သိုင်းပညာ

Vol. 6 Ch. 74

“ဖရူး…ဖရူး…”

ဖုန်းလေသည် သတိမေ့မြောနေပြီး မျက်နှာက ဖြူဖျော့နေသည်။ သူ့ပါးစပ်မှ ရေကို ထွေးထုတ်နေပြီး

ငါး သို့မဟုတ် ပုစွန်လေးများ ပါလာသည်လည်းရှိသည်။

လော့ထျန်သည် ရေပြင်အနီးရှိ ကျောက်တုံးကြီးပေါ်

တွင် ရပ်နေသည်။ သူသည် သစ်တော၏ တောင်စွန်းကို စိုက်ကြည့်နေစဉ် “နောက်ဆုံးတော့ လွတ်လာပြီ” သူ့ကိုယ်သူပြောရင်း အသက်ရှူနေဆဲပင်။

နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်၏ ခိုင်မာမှု၊ အစွမ်းနှင့် ခုခံရေးစွမ်းရည်များသည် ချော်ရည်ပုတ်သင်

ထက် အများကြီး အစွမ်းထက်သည်။

၎င်းတို့နှစ်ဦးအကြားတွင် အဆင့်တစ်ဆင့်သာ ကွာခြားသော်လည်း ခွန်အားကွာခြားချက်က ဤလောက်အထိ ကြီးမားနေသည်။

အဆင့် ၅ သားရဲသည် တကယ်ကိုကြမ်းသည်။

၎င်း ပိုခက်ခဲလေလေ လော့ထျန်က ပို၍စိတ်လှုပ်ရှားလေလေဖြစ်သည်။ တစ်ခုတည်းသော အကြောင်းပြချက်ကတော့ ဘော့စ်တွေ ပိုအစွမ်းထက်လေလေ သူတို့မှထွက်လာသော ပစ္စည်းတွေက ပိုကောင်းလေလေဖြစ်သည်။

ထိုနှစ်တစ်ထောင် ဖုတ်ကောင်ဘုရင် သေကိုသေရမည်။

နက်နဲမာစတာအဆင့် ၄ က ၎င်း၏ပြိုင်ဘက် မဟုတ်ခဲ့ရင် အဆင့် ၅ အထိ စောင့်ရမည်။ နက်နဲမာစတာအဆင့် ၅ က ၎င်း၏ပြိုင်ဘက် မဟုတ်ခဲ့ရင် အဆင့် ၆ အထိ စောင့်ရမည်။ အဆင့်မြှင့်တင်ဖို့ ဝိညာဉ်တောင်တန်းတွင် အဆင့်တက်တာက အချိန်ကိစ္စတစ်ခုသာဖြစ်သည်။

ဒါကြောင့် မကြာမီမှာ သူ ၎င်းကို သတ်လိမ့်မည်

ခဏလောက်အနားယူပြီးနောက်…

လော့ထျန်သည် သေလုဆဲဆဲဖြစ်သည့် ဝတုတ်လေကို ကန်လိုက်ပြီး “မင်းဝတုတ်လေကောင်၊ သေချင်ယောင်ဆောင်နေတုန်းလား မြန်မြန်ထပြီး နိုးပါတော့” ပြောလိုက်သည်။

“ဘော့စ်၊ ကျွန်တော့်ကို ကုန်အောင် အရင်ပေးအန်

ထုတ်ပါရစေ။ ကျွန်တော့်ရဲ့ ဗိုက်ထဲမှာ ဖားတစ်ကောင် ရှိနေသေးတယ်လို့ ခံစားရတယ်” ဖုန်းလေက ဘာမှမတတ်နိုင်စွာ ပြန်ဖြေသည်။

ထိုသို့ပြောပြီးနောက် ရေအနည်းငယ် ထပ်ထွက်လာသည်။

ဖုန်းလေက ရေတံခွန်ကြောင့် သေလုနီးပါးဖြစ်ခဲ့ပြီး သူ့ဗိုက်တစ်ခုလုံး ရေများပြည့်နေသည်။

လော့ထျန်က အချိန်မီခုန်ဆင်းသွားခဲ့တာ ကံကောင်းသည်။ မဟုတ်ရင်တော့ အဲ့ဒီ့ ပေါင်နှစ်ရာ့ငါးဆယ်ရှိတဲ့ ဝတုတ်လေကောင် ဒီမှာတကယ် သေသွားလိမ့်မည်။

“ကောင်းတယ်”

“မင်းကြောင့် ငါလည်း သေလုနီးပါး ဖြစ်သွားတယ်။ မင်း သတိဝင်လာပြီ မဟုတ်လား အဲ့ဒီ့ဖုတ်ကောင်က ဘယ်လောက်အစွမ်းထက်လဲဆိုတာ မင်း နောက်ဆုံးတော့ သဘောပေါက်သွားပြီ မဟုတ်လား” လော့ထျန်က ဒေါသသံ အနည်းငယ်နှင့် ပြောလိုက်သည်။

ဖုန်းလေသာ ပေါ်မလာခဲ့ရင် သူ အခုလိုမျိုးဖြစ်စရာအကြောင်းမရှိပ။

သူတို့သည် ရေတံခွန်ပေါ်ကနေ ခုန်ချလိုက်ရသည့် အန္တရာယ်ရှိတဲ့ လုပ်ရပ်တစ်ခုကို လုပ်ဆောင်ခဲ့ကြသည်။ သူတို့သာ ကျောက်တုံးပေါ်ကို ကျခဲ့ရင် ဒါက သူတို့အတွက် အဆုံးသတ်ဖြစ်သွားပေလိမ့်မည်။

ဖုန်းလေက သူ့၏ခေါင်းပြောင်ကြီးကို ကုတ်ပြီး

“ခေါင်းဆောင် အဲ့ဒီကောင် ဒီလောက်အစွမ်းထက်

တယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူး။ နောက်တစ်ခါ သေချာပေါက် ပိုဂရုစိုက်မယ်” ရူးမိုက်စွာ ပြုံးလိုက်

သည်။

“ဒါပေမဲ့…”

“ခေါင်းဆောင် သူ့ရဲ့သွေးအနှစ်က ဆွဲဆောင်မှု အရမ်းရှိတယ်။ သူ့ကိုမြင်လိုက်တာနဲ့ ကျွန်တော့်ခန္ဓာကိုယ်က ချက်ချင်းပြေးပြီး သူ့သွေးကိုသောက်ဖို့ သားရဲအဖြစ် အလိုအလျောက် ပြောင်းလဲသွားတယ်။ အဲ့လိုအချိန်တွေမှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘူး”

ဖုန်းလေက ရှင်းပြဖို့ကြိုးစားသည်။

သူ ဒီအကြောင်းကို ပြောနေစဉ် မျက်မှောင်

အနည်းငယ်ကြုတ် လိုက်သည်။

လော့ထျန်၏ အတွင်းစိတ်ထဲတွင် အနည်းငယ်အံ့အားသင့်သွားသည်။ ဝတုတ်လေ၏ခေါင်းနောက်တွင် ရုတ်တရက်ပေါ်လာသည့် ကြမ်းတမ်းသောသားရဲပုံစံတက်တူး၊ ပြီးတော့ သူ့၏ခွန်အားကို မြှင့်တင်ဖို့ သွေးအနှစ်ကို သောက်ခြင်း၊ ဒါတွေအားလုံးက လော့ထျန် လုံးဝနားမလည်တဲ့ ကိစ္စများဖြစ်သည်။

ပြီးတော့ ဝတုတ်လေက ရှင်းပြဖို့ကြိုးစားခဲ့တဲ့ အကြောင်းအရာလည်း ရှိသေးသည်။

ဖုန်းလေက အကျပ်အတည်းတစ်ခုသို့ ရောက်ရှိနေပြီး သွေးအနှစ်ကို လိုအပ်နေတာ ဖြစ်နိုင်ပါတယ်။

လော့ထျန်က သူ့ကို ကူညီချင်ခဲ့သော်လည်း ဘယ်လိုလုပ်ရမလဲဆိုတာ မသိခဲ့ချေ။

ခဏစဉ်းစားပြီးနောက် လော့ထျန်က ဖုန်းလေ၏ပုခုံးကို ပုတ်လိုက်ပြီး

“ခွန်အား ခွန်အားက မင်းကို အရာအားလုံးကို ထိန်းချုပ်နိုင်တဲ့ စွမ်းအား ပေးလိမ့်မယ်။ မင်း အထိန်းချုပ်မခံရချင်ရင် အဲ့ဒီအရာထက် ပိုအစွမ်းထက်တဲ့ ခွန်အား ရှိရမယ်။ သူ့ကို နှိမ်နင်းပြီး ခြေမွပစ်ဖို့အတွက် ခွန်အားကို အသုံးပြုလိုက်” ပြောလိုက်သည်။

ဖုန်းလေသည် ထိုစကားများကို နားထောင်နေ… နားထောင်နေ… နားထောင်နေ…

ရုတ်တရက် သူ့ပါးစပ်ထဲကနေ တံတွေးတွေ ရေပန်းလို ပန်းထွက်လာသည်။

သူ့နှင့်အတူ ဖားတစ်ကောင်ပါ ထွက်လာသည်

လော့ထျန် ရယ်မောလုနီးပါး ဖြစ်သွားသည်။

ထိုအချိန်မှာပင်…

ပုန်းနေသည့် ကျားသစ်တစ်ကောင် ခုန်ထွက်လာသည်။

လော့ထျန်၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး “သေချင်နေတာလား” အော်လိုက်သည်။

သူသည် လက်သီးဖြင့် အပြင်းအထန် ထိုးလိုက်သည်။

“ဘုန်း”

တစ်ချက်တည်း ထိုးလိုက်ရာ ကျားသစ်၏ခေါင်းသည် ဖရဲသီးကဲ့သို့ ပေါက်ကွဲသွားသည်။ သွေးနှင့် ဦးနှောက်အစအနများ နေရာတိုင်းသို့ ပြန့်ကျဲသွားပြီးနောက် ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ကျရောက်ကာ တွန့်လိမ်နေသည်။

“ဒင်”

“…”

စနစ်က သတိပေးသံတစ်ခု ပေးလိုက်သည်။

ဖုန်းလေ၏မျက်လုံးများ ပြောင်းလဲသွားပြီး တည်တည်တံ့တံ့ ဖြစ်လာသည်။ သူ့လက်သီးများ ဆုပ်ထားပြီး “ခွန်အား ခွန်အား ခွန်အား” ပြောလိုက်သည်။

သူက “ခွန်အား” တင်းမာပြီး လေးနက်သောလေသံဖြင့် သုံးကြိမ်ပြောလိုက်သည်။

သူသည် ကျားသစ်၏အလောင်းဆီသို့ ပြေးသွားပြီး လက်တစ်ဖက်တည်းဖြင့် ကောက်ယူလိုက်ကာ အရူးအမူး သောက်တော့သည်။ ကျားသစ်၏သွေးအနှစ်

သည် ချက်ချင်းခြောက်သွားသည်။

သူ့ခေါင်းနောက်က ကြမ်းတမ်းသောသားရဲပုံစံ၏မျက်လုံးများသည် ခဏတာ အနီရောင်ဖျပ်ခနဲလက်ပြီး ပျောက်ကွယ်သွားသည်။

လော့ထျန် ဖြူဖျော့စွာပြုံးလိုက်ပြီး “တောင်ထဲသို့ ဝင်၊ ပြီးတော့ သတ်ဖြတ်ရေးပွဲတစ်ခု စလိုက်” ကျယ်

လောင်စွာ အော်ဟစ်လိုက်သည်။

“သွားကြစို့”

“ဘယ်ဘက်”

“ဘုန်း”

“ဝတုတ်လေ၊ မင်းခေါင်းအပေါ်”

တောအုပ်အတွင်းတွင် လူတစ်ဦးက ဝပြီး နောက်တစ်ဦးက ပိန်နေသည်။ ၎င်းတို့၏ခန္ဓာကိုယ်တွင် ဘီလူးသွေးများ လုံးဝဖုံးလွှမ်းနေသည်။ သူတို့၏မျက်နှာများသည် သွေးကန်ထဲကနေ ခုမှတက်လာသကဲ့သို့ လူသတ်ချင်စိတ်ရှိနေသည်။

၎င်းတို့ပတ်ပတ်လည်တွင် သားရဲအလောင်းများသည်။

ဖုန်းလေသည် သွေးအနှစ်များကို ပြင်းထန်စွာ စုပ်ယူနေသည်။ သူ့မျက်နှာ နီရဲနေပြီး သူ့ခန္ဓာကိုယ် ပူလောင်နေပုံရသည်။ အားကောင်းသော နက်နဲစွမ်းအင်ပမာဏသည် သွေးအနှစ်အတွင်းတွင် ပါဝင်ပြီး ဒီစွမ်းအင်အားလုံးက သူ့ခန္ဓာကိုယ်ထဲသို့ တစ်စတစ်စ ဝင်ရောက်သွားသည်။

လော့ထျန်သည် ရူးသွပ်စွာ သတ်ဖြတ်နေသည်။

အတွေ့အကြုံအမှတ်များ

သူလိုချင်တာက အတွေ့အကြုံအမှတ်များ၊ ကြီးမားသော အတွေ့အကြုံအမှတ်ပမာဏ ဖြစ်သည်။

သူ၏ရွေ့လျားမှုတိုင်းတွင် သိုင်းပညာမပါဘဲ ခွန်အားသက်သက်သာ ဖြစ်သည်။ ခုခံမှုကို ဂရုမစိုက်ဘဲ အဆင့်တက်ရန်အတွက် ဒီသွေးထွက်သံယိုပတ်ဝန်းကျင်တွင် ဆက်လက်သတ်ဖြတ်နေသည်။

သူ့ကိုယ်ပေါ်တွင် ဒဏ်ရာများ ရေတွက်လို့မရအောင် ရှိနေသည်။

သူ့ခန္ဓာကိုယ်ပေါ်မှ နာကျင်မှုနှင့် သူ့စိတ်ထဲတွင် ပျော်ရွှင်သော သတိပေးသံတို့သည် တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်နေသည်။ လော့ထျန်၏ လက်ရှိပုံပန်းသဏ္ဌာန်သည် နာကျင်မှုမှ ပျော်ရွှင်မှုကို ရယူနေသည့်သူတစ်ဦးနှင့် ဆင်တူနေသည်။

“ဝတုတ်လေ၊ သွေးအနှစ်တွေပဲ သောက်မနေနဲ့။ ငါမင်းကိုပြောထားတာကို မမေ့နဲ့” လော့ထျန် သတိပေးလိုက်သည်။

ဝတုတ်လေလေးက သူ့ပါးစပ်မှ သွေးများကို သုတ်

လိုက်ပြီး “စိတ်မပူပါနဲ့ ခေါင်းဆောင်၊ ကျွန်တော်က အဆင့် ၃ သားရဲတွေရဲ့ အရိုးတွေကို ခေါင်းဆောင်အတွက် စုဆောင်းထားပါတယ်” ပြောလိုက်သည်။

ထို့နောက် ဖုန်းလေက “ခေါင်းဆောင် ဘာလို့ ဒီသားရဲတွေရဲ့ အရိုးတွေကို လိုအပ်တာလဲ” မေးလိုက်သည်။

လော့ထျန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး “မင်း မကြာခင်သိရလိမ့်မယ်”

သားရဲများ၏ အရိုးများသည် အလွန်မာကျောပြီး သံကောင်းများထက် အဆအနည်းငယ် ပိုမာကျောသည်။ ၎င်းကို လက်နက်များပြုလုပ်ရန် အသုံးပြုနိုင်သော်လည်း ပုံမှန်လက်နက်ပြုလုပ်သူများအတွက်က မလွယ်ပေ။

လော့ထျန်၏လက်နက်ပြုလုပ်ခြင်းက အဆင့် ၁ တွင် ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် သားရဲအရိုးများကို ပြုလုပ်နိုင်မည့်နည်းလမ်း မရှိချေ။

သူက တခြားအသုံးပြုပုံများရှိသေးသည်

တစ်ရက်… နှစ်ရက်… သုံးရက်…

ရှစ်ရက်မြောက်နေ့တွင်။

ရှစ်ရက်နှင့် ရှစ်ညလုံးလုံးပြီးနောက် လော့ထျန် မအိပ်ခဲ့ချေ။ သူသည် ဆက်လက်သတ်ဖြတ်နေပြီး အဆင့် ၀.၅ သားရဲများကိုတောင် လွှတ်မပေးချေ

နောက်ဆုံးတော့

“ဒင်”

“ကစားသမားလော့ထျန် ကျောက်မီးဝက်ဝံကို သတ်

လိုက်တဲ့အတွက် ဂုဏ်ယူပါတယ်”

“သင့်ကို အတွေ့အကြုံအမှတ် ၅၀၀၊ နက်နဲစွမ်းအင် ၅၀ ချီးမြှင့်လိုက်ပါတယ်…”

“ဒင်”

“ကစားသမားလော့ထျန် အဆင့်တက်လိုက်တဲ့အတွက် ဂုဏ်ယူပါတယ်”

“သင့်ရဲ့လက်ရှိအဆင့်က နက်နဲမာစတာအဆင့် ၅ ဖြစ်ပါတယ်”

“ဒင်”

“ကစားသမားလော့ထျန် စနစ်ဆုအဖြစ် သိုင်းပညာတစ်ခု ရရှိလိုက်တဲ့အတွက် ဂုဏ်ယူပါတယ်”

“ဆု-ခြင်္သေ့နဲ့ကျားတို့ရဲ့ ရွှေရောင် ဟိန်းသံ”

အဆင့်တက်သွားပြီ

နက်နဲမာစတာအဆင့် ၅ လော့ထျန် အဆင့်တက်သွားသည့်အချိန်တွင် သူ့ဒဏ်ရာများ လျှပ်စီးကဲ့သို့ လျင်မြန်စွာ လုံးဝပျောက်ကင်းသွားပြီး သူ့၏စွမ်းရည်များ ပြန်လည်ပြည့်လာသည်။

စနစ်၏သတိပေးသံများကို နားထောင်ရင်း လော့ထျန် အနည်းငယ်အံ့အားသင့်သွားပြီး “ခြင်္သေ့နဲ့ကျားတို့ရဲ့ ရွှေရောင် ဟိန်းသံ ဒီသိုင်းပညာကို အရမ်း ရင်းနှီးနေတယ်… ဒါပေမဲ့ ဒါက ဘယ်ဝတ္ထုထဲက ဇာတ်ကောင်ရဲ့ သိုင်းပညာလဲ” သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက်…

လော့ထျန်၏မျက်လုံးများ တုန်ယင်သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဟားဟားဟား… ဒါက ကောင်းကင်ကို ဖြတ်သန်းတိုက်ခိုက်ခြင်းထဲက ရှောင်ယန်ရဲ့ သိုင်းပညာပဲ”

သိုင်းပညာ-ခြင်္သေ့နဲ့ကျားတို့ရဲ့ ရွှေရောင် ဟိန်းသံ

အဆင့်- ၆

ကျွမ်းကျင်မှု- ၀/၂၀၀၀

စွမ်းအင်ကုန်ဆုံးမှု- ၁၀၀၀ နက်နဲစွမ်းအင်

ဖော်ပြချက်- ဒီသိုင်းပညာက အသံလှိုင်းနည်းစနစ်တစ်ခုဖြစ်ပြီး ခြင်္သေ့နှင့် ကျားတို့ တစ်ပြိုင်နက်တည်း ဟိန်းလိုက်သကဲ့သို့ပင် ဖြစ်သည်။ ၎င်းသည် သားရဲအားလုံးကို နှိမ်နင်းနိုင်ပြီး စိတ်ဝိညာဉ်များကို ချေဖျက်နိုင်သည်။

“အဆင့် ၆”

လော့ထျန် ပြုံးလိုက်သည်။ သူသည် အဆင့် ၆ သိုင်းပညာကို ရနိုင်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ချေ။ ဒီသိုင်းပညာက ဘယ်လောက်အစွမ်းထက်လိမ့်မည်ဆိုတာကို စိတ်ကူးကြည့်လို့ရသည်။

“ခေါင်းဆောင်၊ ဘာဖြစ်လို့ ဒီလောက်ပျော်နေတာလဲ”

ဖုန်းလေက သူ့ခေါင်းကိုကုတ်ရင်း မေးလိုက်သည်။

လော့ထျန်က စိတ်လှုပ်ရှားစွာ

“မင်းစုထားတဲ့ အဆင့် ၃ သားရဲအရိုးတွေ အားလုံးကို ထုတ်လိုက်။ ငါတို့ အရင်ဆုံး ပြင်ဆင်ရမယ်။ ပြီးရင်တော့ အဲ့ဒီ့ကောင်ကို သတ်ဖို့အချိန်ရောက်ပြီ”

All Chapters