သရဲ နဂါး
Vol. 6 Ch. 75
နက်နဲဆရာအဆင့် ၄ နဲ့ ၅ ရဲ့ ခွန်အားတွေက လုံးဝကို ကွာခြားလှ၏။
အဆင့်တစ်ဆင့်တည်းသာ ကွာပေမယ့် ခွန်အားကွာဟချက်က အလွန်များ၏။
ခွန်အား၊ အရှိန်၊ နက်နဲစွမ်းအင် ဒါမှမဟုတ် ခုခံအားတွေက အားလုံး အဆမတန် တိုးလာခဲ့သည်။ လော့ထျ
န်က အဆင့်တက်လိုက်သည်နှင့် လက်သီးကို ဆုပ်ပြီး နက်နဲဆရာအဆင့် ၅ ရဲ့ စွမ်းအင်တွေမှာ ပျော်ရွှင်နေသလိုမျိုး တက်ကြွလာ၏။
“ဒီတော့ ငါ့အရှေ့မှာ မင်းဘယ်လိုဟန်လုပ်မလဲဆိုတာ ကြည့်ရသေးတာပေါ့”
ဒီရှစ်ရက်တာကာလအတွင်း လော့ထျန်က ထောင်
နှစ်ပေါင်း ဖုတ်သွင်းဘုရင်ကို မကြာခဏ တွေးနေခဲ့သည်။
သတ်ပစ်မယ်၊ ငါသေချာပေါက် သတ်ပစ်ရမယ်
နက်နဲဆရာအဆင့် ၅ ကို တက်နိုင်ဖို့အတွက် လော့ထျန်ဟာ ဒီရှစ်ရက်လုံးလုံး သားရဲတွေကို အရူးအမူး သတ်ခဲ့ရ၏။
သူ့ရဲ့စွမ်းအင်တွေ တိုးလာခဲ့ပြီး နက်နဲစွမ်းအင်တွေလည်း ပြည့်လျှံလာခဲ့သည်။ အခုချိန်မှာ သူသည် နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်နဲ့ အပြိုင်တိုက်ခိုက်
နိုင်သည့် ခွန်အားတွေ အလုံအလောက်ရှိနေ၏။
ထိုညမှာတော့…
လော့ထျန်က မီးမွှေးခဲ့ပြီး နတ်ဆိုးသားရဲအသားတွေကို စတင်ကင်ခဲ့၏။
ကင်ထားသည့်အသားကနေ ဆီတွေကျလာပြီး မီးထဲမှာ ‘ရှဲ… ရှဲ..’ အသံတွေ ထွက်ပေါ်နေ၏။
ဖုန်းလေက သူ့ဗိုက်ကို ပွတ်သပ်နေပြီး ကျေနပ်တဲ့အပြုံးကို ပြုံးနေခဲ့သည်။
ဒီရှစ်ရက်တာကာလအတွင်း သူသည် သွေးအနှစ်တွေကို မည်မျှ သောက်သုံးခဲ့သည်ကို မသိပေ။
သွေးအနှစ်ထဲမှာ စုစည်းနေတဲ့ စွမ်းအင်နဲ့ နက်နဲစွမ်းအင်တွေက သူ့ကို အဆင့်နှစ်ဆင့်အထိ တက်စေခဲ့သည်။ အခုဆိုရင် သူသည် နက်နဲတပည့်အဆင့် ၉ ဖြစ်နေပြီဖြစ်ပြီး သူ့ရဲ့ခွန်အားက ရက်အနည်းငယ်အကြာကထက် နှစ်ဆနီးပါးပိုများလာခဲ့၏။
ဖုန်းလေသည် လော့ထျန်နဲ့ နှိုင်းယှဉ်ပါက အားနည်းနေတုန်းပဲ ဖြစ်သည်။
ထို့ကြောင့် လော့ထျန်သည် အဆင့်တက်တဲ့ဘုရင်
ဖြစ်လာခဲ့သည်။
“ကောင်းကောင်းအိပ်နော်။ ငါတို့နောက်နေ့ အဲဒီကောင်ကို ရှာပြီး ပြန်လက်စားချေမယ်”
လော့ထျန်က ကင်ထားတဲ့အသားကို ဖုန်းလေအား လှမ်းပေးရင်း ပြောလိုက်၏။
ဖုန်းလေက ခေါင်းယမ်းပြီး “မရတော့ဘူး။ ကျွန်တော့်ဓားက ပျက်စီးသွားပြီ။ ကံဆိုးတာပဲ။ မဟုတ်ရင် ဓားသွားက ဘယ်လောက်အထိ ခိုင်မာလဲဆိုတာ ထပ်ကြိုးစားချင်သေးတယ်”
ဒီအကြောင်းကို ပြန်တွေးလိုက်တဲ့အခါ ဖုန်းလေက ဒေါသထွက်လာခဲ့၏။
အဲဒီကြီးမားတဲ့ ဓားမကြီးက သူအရမ်းကြိုက်တဲ့အရာဖြစ်တာကြောင့် အမှန်တကယ် ပျက်စီးသွားလိမ့်
မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိပေ။
လော့ထျန်က ပြုံးပြီး “မင်းက နောင်မှာ တခြားဓားတွေအများကြီး ရလာလိမ့်မယ်။ အနားယူပြီး မင်းအား ပြန်ဖြည့်တင်းထားလိုက်၊ မနက်ဖြန် တိုက်ပွဲကြီးဖြစ်လာတော့မယ်”
“အင်း”
ဖုန်းလေက ခေါင်းညိတ်ပြီး စွမ်းအင်ပြန်ဖြည့်ဖို့ ချက်ချင်းမျက်စိကို မှိတ်လိုက်၏။
သိပ်မကြာခင်မှာပဲ ဖုန်းလေရဲ့ အိပ်ပျော်နေတဲ့ဟောက်သံက ထွက်ပေါ်လာတော့၏။
သူတို့သည် ဒီရှစ်ရက်တာကာလအတွင်း အနားမယူခဲ့ရတာကြောင့် အရမ်းကို ပင်ပန်းနေခဲ့သည်။
လော့ထျန်က နားလည်သလိုမျိုး ပြုံးပြီး ကင်ထားတဲ့အသားကို အကုန်စားပစ်လိုက်သည်။ ထို့နောက် သူသည် ဖုန်းလေက နတ်ဆိုးသားရဲအရိုးတွေကို သိမ်းဆည်းထားတဲ့နေရာပြားကို ထုတ်ယူပြီး ပိုလင်းတဲ့နေရာကို သွားခဲ့၏။
“ဟူး…”
လော့ထျန်က လေပြင်းတစ်ချက်ကို ရှူသွင်းလိုက်ပြီး ရုပ်သေးရဲ့ပုံစံက သူ့စိတ်ထဲမှာ ပေါ်လာ၏။ ထို့နောက် သူအာရုံစိုက်လိုက်သည်။
သူ့ညာဘက်လက်က ရွေ့လျားလာပြီး နတ်ဆိုးသားရဲအရိုးတစ်ပိုင်းက ပျံထွက်လာခဲ့၏။
“ရွှီး ရွှီး ရွှီး…”
လော့ထျန်ရဲ့လုပ်ဆောင်ချက်တွေက မြန်ဆန်ပြီး ပြတ်သားလှ၏။ သူလုပ်ခဲ့တဲ့ လှုပ်ရှားမှုတစ်ခုစီတိုင်းက နတ်ဆိုးသားရဲအရိုးကို သတ်မှတ်ထားတဲ့နေရာတွေမှာ ဆင်းသက်စေခဲ့သည်။
နာရီဝက်အကြာမှာတော့…
နတ်ဆိုးသားရဲအရိုး အပိုင်းတစ်ထောင်ကျော်ကို မြေပြင်ပေါ်မှာ သတ်မှတ်ထားတဲ့ ပုံစံတစ်ခုကို ဖန်တီးခဲ့သည်။
ပုံစံက ကြောက်မက်ဖွယ်ကောင်းပြီး သူ့ရဲ့ခြေသည်းလေးချောင်းက ထူးခြားစွာ ချွန်ထက်နေ၏။ အနက်ရောင်တွင်းနက်လို မျက်လုံးနှစ်လုံးကတော့ ကြောက်စရာကောင်းတဲ့ အငွေ့အသက်ကို ထုတ်
လွှတ်နေ၏။
ရုတ်တရက်…
လော့ထျန်ရဲ့စိတ်ထဲကနေ “အဆင့် ၂ ကြမ်းတမ်းခြင်း” အော်လိုက်၏။
“အွမ်…”
ကျယ်လောင်တဲ့ ဟိန်းသံကို ကြားရပြီး ကြီးမားတဲ့ စွမ်းအင်လှိုင်းက လော့ထျန်ရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာခဲ့သည်။ သူရဲ့မျက်ခုံးမွေးတွေက အနည်းငယ် တွန့်ချိုးသွားခဲ့ပြီး သူ့ရဲ့ညာဘက်လက်က ရိုက်ချလိုက်၏။
“ဖပ်…”
နားစူးတဲ့အသံကို ကြားရပြီး လော့ထျန်ရဲ့ညာဘက်လက်ဖဝါးအောက်မှာတော့ လှုပ်ခတ်နေတဲ့ အဖြူရောင် နက်နဲစွမ်းအင်တွေ ဖြစ်၏။
အဆင့် ၂ ကြမ်းတမ်းခြင်းရဲ့ စွမ်းအားအောက်မှာ လော့ထျန်ရဲ့လက်ဖဝါးကနေ နက်နဲစွမ်းအင်တွေက သူ့ရဲ့တင်းကျပ်တဲ့ ထိန်းချုပ်မှုအောက်မှာ အလျင်အမြန် ထွက်လာ၏။
ရုပ်သေးတစ်ခုကို ဖန်တီးတဲ့အခါမှာတော့ ခိုင်မာတဲ့ နက်နဲစွမ်းအင်ပမာဏကို ထိန်းသိမ်းဖို့ အရေးကြီး၏။
နတ်ဆိုးသားရဲအရိုးအပိုင်းတစ်ခုစီတိုင်းက တစ်ခုနဲ့တစ်ခု ဆက်သွယ်ဖို့ ကော်အဖြစ်နက်နဲစွမ်းအင် လိုအပ်သည်။ နက်နဲစွမ်းအင် ပိုအသုံးပြုလေလေ၊ ဆက်သွယ်မှုက ပိုကောင်းပြီး ရုပ်သေးက ပိုခိုင်မာလေလေ ဖြစ်သည်။
ဒီအကြောင်းကြောင့်ပဲ လော့ထျန်က သူ့ရဲ့ အဆင့် ၂ ကြမ်းတမ်းခြင်းကို ထုတ်လွှတ်ခဲ့သည်။
ခိုင်မာတဲ့ နက်နဲစွမ်းအင်ပမာဏကို ထုတ်လွှတ်တဲ့အပြင် လော့ထျန်ဟာ သူ့ရဲ့ကိုယ်ပိုင်စိတ်ဝိညာဉ်ကိုလည်း ထည့်သွင်းခဲ့သည်။ဤသည်မှာ သူ့ရဲ့ရဲရင့်တဲ့ စမ်းသပ်မှုတစ်ခုကို အမှန်တကယ်အသုံးပြုခြင်း ဖြစ်သည်။
သူသည် ရုပ်သေးမှာ အခြေခံဉာဏ်ရည်အချို့ ပိုင်ဆိုင်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့၏။
ဒီစိတ်ကူးက ရဲရင့်လှ၏။ ဘာကြောင့်လဲဆိုတော့ အကယ်၍ အဲဒါအောင်မြင်ခဲ့မယ်ဆိုရင် ရုပ်သေးက ရိုးရှင်းတဲ့အရုပ် မဟုတ်တော့ပေ။ သူ့ဘာသာသူ တွေးနိုင်တဲ့စွမ်းရည်နဲ့ဆိုရင် သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က အဆင့်များစွာ တိုးလာလိမ့်မည်။
ဒါက လော့ထျန်ရဲ့သီအိုရီသက်သက်သာ ဖြစ်တာကြောင့် အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာကတော့ မေးခွန်းထုတ်စရာပဲ ဖြစ်သည်။
သုံးမိနစ်ပြည့်ပြီ…
လော့ထျန်ရဲ့လက်ဖဝါးက သုံးမိနစ်ပြည့်အောင် နက်နဲစွမ်းအင်ကို စုစည်းခဲ့သည်။ သူသည် အားကောင်းတဲ့စွမ်းအင်ကို ထိန်းချုပ်နိုင်တော့မှာ မဟုတ်သလို သူ့ရဲ့လက်ကလည်း ဘယ်အချိန်မဆို ပျံထွက်သွားနိုင်သလိုမျိုး ခံစားခဲ့ရသည်။
သူ့ရဲ့လက်က တုန်ယင်နေပြီး သူ့ရဲ့လက်မောင်းတစ်ခုလုံးက ထုံကျဉ်နေခဲ့၏။
လော့ထျန်ရဲ့မျက်လုံးတွေက တင်းမာစွာ စိုက်ကြည့်နေခဲ့ပြီး ညင်သာစွာအော်ဟစ်ခဲ့သည်။ သူ့ရဲ့ညာဘက်လက်ဖဝါးက မြေပြင်ပေါ်ကို ပြင်းထန်စွာရိုက်ချပြီး ရုပ်သေးစနစ်ကို ဖွင့်လိုက်၏။
“ဗုန်း”
ကျယ်လောင်တဲ့အသံအပြီးမှာ ခိုင်မာတဲ့ နက်နဲစွမ်းအင်က ကြိုတင်ပြင်ဆင်ထားတဲ့ နတ်ဆိုးအရိုးတွေဆီကို ချက်ချင်း လွင့်ထွက်သွားခဲ့သည်။
“ကျွီး…ကျွီး…”
နက်နဲစွမ်းအင် သွားလေရာတိုင်းမှာ အရိုးတွေက တစ်ခုနဲ့တစ်ခု ပွတ်တိုက်တဲ့အသံကို ဖြစ်ပေါ်စေခဲ့သည်။ စွမ်းအင်ကနေ အဖြူရောင်အလင်းက တောက်ပလာတော့၏။
ထို့နောက် လော့ထျန်က နောက်ကို ဆုတ်သွားပြီး သူဘယ်လောက်စိုးရိမ်ပူပန်နေတယ်ဆိုတာကို ပြဖို့ လက်သီးကို အသိစိတ်မဲ့စွာ အကြိမ်အနည်းငယ် ဆုပ်လိုက်၏။
ဒီအဆင့် ၃ နတ်ဆိုးသားရဲအရိုးတွေက အလွန်မာကျော၏။ သူသည် သူတို့ထဲကနေ ရုပ်သေးတစ်ကောင်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့မယ်ဆိုရင် သူတို့ရဲ့ကာကွယ်မှုက Optimus ခေါင်းဆောင်တို့ထက် အနည်းဆုံး တစ်ဆင့်တော့ မြင့်နေမှာ သေလျာသည်။
သူတို့ရဲ့ခုခံမှုက ပိုအားကောင်းတာကြောင့် သူတို့ရဲ့တိုက်ခိုက်မှုစွမ်းအားကလည်း သိပ်ဆိုးရွားမှာ မဟုတ်ပေ။
အချိန်တွေက ဖြည်းဖြည်းချင်း ကုန်ဆုံးသွားပြီး အရိုးတွေကို ဆက်သွယ်တာကလည်း နောက်ဆုံးအဆင့်ကို ဖြည်းဖြည်းချင်း တိုးတက်လာခဲ့သည်။
“အောင်မြင်….”
“ဒါက သေချာပေါက် အောင်မြင်ရမယ်…”
အသွင်ပြောင်းစက်ရုပ်တွေကို သူ့ရဲ့ရုပ်သေးအဖြစ် ဖန်တီးတာက အလွန်ရည်မှန်းချက်ကြီးတဲ့ စိတ်ကူးဖြစ်ပေမယ့် လော့ထျန်က အဲဒီအိပ်မက်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့စိတ်ကူးက အရင်ကထက် ပိုပြီး ရည်မှန်းချက်ကြီးနေခဲ့၏။
အဲဒါကို တွေးလိုက်ရုံနဲ့ကို လူတစ်ယောက်ရဲ့သွေးကို ဆူပွက်စေလိမ့်မည်။
နက်နဲစွမ်းအင်နဲ့ ပေါင်းစပ်တာ ပြီးဆုံးသွားပြီဖြစ်လို့ လော့ထျန်ရဲ့စိတ်က “ငါ့အတွက် မတ်တပ်ရပ်စမ်း” အော်လိုက်၏။
“ခရက်…ခရက်”
လူ့အရိုးအက်ကွဲသံနဲ့ ဆင်တူတဲ့ အသံတွေက ဆက်တိုက်ဆိုသလို ကြားရ၏။
ခြေထောက်တွေက စတင်ရွေ့လျားပြီး ရုပ်သေးရဲ့ ဆက်သွယ်ထားတဲ့အရိုးတွေက အသက်ဝင်လာသလိုမျိုး ဖြစ်လာ၏။ ထို့နောက် အရုပ်က ဖော်ပြလို့မရတဲ့ သေခြင်းတရားရဲ့အငွေ့အသက်ကို စတင်ထုတ်လွှတ်ခဲ့သည်။
ဒီသေခြင်းတရားရဲ့အငွေ့အသက်က ငရဲကနေ ထွက်လာခဲ့သလိုပဲ ဖြစ်သည်။
ဒါက နတ်ဆိုးသားရဲတစ်ကောင်ရဲ့ စိတ်
ဝိညာဉ်မှ မလိုလားခြင်းရဲ့ ဒေါသနဲ့ ဆင်တူ၏။
တစ်ခဏအတွင်းမှာပဲ…
အရိုးတွေနဲ့လုပ်ထားတဲ့ ရုပ်သေးက မတ်တပ်ရပ်လိုက်သည်။
၎င်းသည် လေးမီတာမြင့်ပြီး ခြောက်မီတာရှည်လျား၏။ ခြေသည်းလေးချောင်း၊ အတောင်ပံနှစ်ခု၊ ဦးချိုတစ်ခု၊ နဂါးနှုတ်ခမ်းမွေးရှည်ကြီးတစ်ခု ရှိသည်။
၎င်း၏ပုံရိပ်က ရုပ်ရှင်တွေထဲမှာ ကြည့်ရှုခဲ့တဲ့ နဂါးပုံစံနဲ့ အတိအကျတူ၏။
ဟုတ်ပါတယ်
ဒါက နဂါးတစ်ကောင် ဖြစ်သည်။
၎င်းသည် ငရဲရဲ့အနက်ရှိုင်းဆုံးနေရာကနေ တွားထွက်လာတဲ့ နဂါးဝညာဉ်တစ်ကောင် ဖြစ်သည်။ သူ့ရဲ့ခန္ဓာကိုယ်က အစွမ်းထက်ပြီး သေခြင်းတရားရဲ့ အငွေ့အသက်ကို ပိုင်ဆိုင်ထား၏။
ဒါက အနောက်တိုင်းယဉ်ကျေးမှုက နဂါးတစ်ကောင် ဖြစ်သည်။ အရိုးမလုံလောက်ခဲ့ဘူးဆိုရင် လော့ထျန်က အနောက်တိုင်းယဉ်ကျေးမှုရဲ့ နဂါးကို ဖန်တီးခဲ့မှာ မဟုတ်ပေ။ သူ့ဘက်လိုက်မှုက အနောက်တိုင်းယဉ်ကျေးမှုရဲ့နဂါးကို အကြီးချဲ့ထားတဲ့ ပုတ်သင်ညိုတစ်ကောင်အဖြစ် မှတ်ယူစေခဲ့ပြီး အရှေ့တိုင်းယဉ်ကျေးမှုရဲ့ နဂါးတွေရဲ့ နတ်ဘုရားစွမ်းအင်တွေနဲ့ နှိုင်းယှဉ်လို့မရပေ။
လော့ထျန်မှာ တခြားရွေးချယ်စရာ မရှိခဲ့…
ပစ္စည်းမလုံလောက်မှုကြောင့် သူသည် ဒီလိုနဂါးမျိုးကိုသာ ဖန်တီးနိုင်ခဲ့သည်။
သို့သော်…
လော့ထျန်မှာ ပစ္စည်းတွေ အလုံအလောက်ရှိပါကတစ်နေ့မှာတော့ အရှေ့တိုင်းနဂါးကို ဖန်တီးနိုင်လိမ့်မည်။ ထို့နောက် သူသည် နဂါးတစ်ကောင်ပေါ်မှာ ထိုင်ပြီး အံ့သြစရာကောင်းတဲ့ ခံစားချက်ကို ခံစားနိုင်လိမ့်မည်။ ထို့နောက် သူသည် မိန်းကလေးအချို့ကို လိုက်နိုင်ပြီး ဆန်းပြားသည့်အရာများစွာပြနိုင်
လိမ့်မည်။
ဒါက အရှေ့တိုင်းနဂါးထက် ခန့်ညားလှပခြင်း မရှိပေမယ့် အရိုးတွေကနေ ဖန်တီးထားတဲ့ ဒီအနောက်တိုင်း နဂါးကလည်း သာမန်ဟုတ်ပေ။
၎င်းရဲ့ တွင်းနက်နှစ်ခုနဲ့ ဆင်တူတဲ့မျက်လုံးတွေက စွမ်းအင်တွေနဲ့ လည်ပတ်နေသလိုမျိုး ပုံပေါ်နေခဲ့သည်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက သေခြင်းတရားရဲ့အငွေ့အသက်ကို ထုတ်လွှတ်ပြီး အဆင့်နိမ့် နတ်ဆိုးသားရဲတွေရဲ့ ခုခံမှုအားလုံးကို ချေဖျက်နိုင်သည်အထိ ဖြစ်၏။
ဒီလိုမျိုးအငွေ့အသက်ကို ဖိနှိပ်
ခြင်းအမျိုးအစား တစ်ခုအဖြစ် သတ်မှတ်နိုင်၏။
လော့ထျန်က ကြီးမားတဲ့အရိုးနဂါးကို စိုက်ကြည့်နေရင်း ပြုံးလိုက်၏။ သူသည် သူ့ရဲ့ဖန်တီးမှု အောင်မြင်လိမ့်မည်ဟု မမျှော်လင့်ခဲ့သလို သူ့ကို စိတ်ပျက်စေတဲ့ တစ်ခုတည်းသောအရာကတော့ သူ့ရဲ့စိတ်ဝိညာဉ်နဲ့ မပေါင်းစည်းခြင်းပင် ဖြစ်သည်။
ဒီနဂါးရဲ့အမူအရာက Optimus ခေါင်းဆောင်တို့နဲ့ တူ၏။
လော့ထျန်က စိတ်ဓာတ်မကျဘဲ နဂါးရုပ်သေးကို ညင်သာစွာပွတ်သပ်ခဲ့သည်။ ထို့နောက် သူသည် ပြုံးပြီး “အခုကစပြီး မင်းရဲ့နာမည်က သရဲ နဂါးပဲ”
ရုတ်တရက်…
နဂါးဝိိညာဉ်ရဲ့ခေါင်းက အနည်းငယ် ညိတ်လိုက်ပေမယ့် လော့ထျန်ကတော့ သတိမထားမိခဲ့ပေ။
“ကောင်းပြီ”
“အခု မင်းကို ဖန်တီးဖို့ ငါအသုံးပြုခဲ့တဲ့ နက်နဲစွမ်းအင်အားလုံးကို ပြန်ယူကြရအောင်”
လော့ထျန်က စဉ်းစားလိုက်တဲ့အခါ သရဲ နဂါးက နေရာတစ်ခုကို ကြည့်လိုက်ပြီး သေမင်းတစ်
ယောက်လိုမျိုး အရှိန်အဟုန်နဲ့ ထွက်သွားခဲ့၏။
သိပ်မကြာခင်မှာပဲ…
လော့ထျန်ရဲ့စိတ်ထဲက စနစ်က မထိန်းနိုင်မသိန်းနိုင် အသံမြည်နေပြီး သူ့ရဲ့အတွေ့အကြုံနဲ့ နက်နဲစွမ်းအင်တွေက တဟုန်ထိုး တိုးလာတော့၏။
ဒီသရဲ နဂါးရဲ့ အစွမ်းထက်မှုက လုံးဝကို နားမလည်
နိုင်တော့ပေ။
သူတို့မှာ နှစ်တစ်ထောင် ဖုတ်ကောင်ဘုရင်ကို သတ်ဖို့ အခွင့်အရေး ပိုများလာပြီဖြစ်သည်။