တန်ဓားဖန်တီးခြင်း
Vol. 6 Ch. 76
သရဲနဂါးရဲ့ သတ်ဖြတ်နှုန်းက Optimus ခေါင်းဆောင်နဲ့ ကျန်တဲ့သူတွေထက် အများကြီးပိုသာသည်။
ဖော်ပြဖို့အတွက် ဝါကျတစ်ကြောင်းပဲရှိ၏။ သူသွားသည့်နေရာတိုင်း မြက်ပင်တစ်ပင်တောင် ပြန်မပေါက်
နိုင်တော့ပေ။
ဒီစကားလုံးတွေက နည်းနည်းလေး ချဲ့ကားပြောဆိုခြင်း ဖြစ်ပေမယ့် သရဲနဂါးရဲ့တိုက်ခိုက်ရေး စွမ်းရည်က အမှန်တကယ်ကို မြင့်မားခဲ့သည်။ အထူးသဖြင့် သူ့ရဲ့ခုခံကာကွယ်ရေး စွမ်းရည်တွေကိုအဆင့် ၃ နတ်ဆိုးသားရဲတစ်ကောင်ကတောင် ဘယ်လိုမှ မဖျက်ဆီးနိုင်ခဲ့ပေ။
“ဒင်”
“ကစားသမားကို ဂုဏ်ယူပါတယ်…”
“ဒင်”
“ကစားသမားကို ဂုဏ်ယူပါတယ်…”
စနစ်ရဲ့သတိပေးချက်တွေက သူ့ရဲ့စိတ်ထဲမှာ အဆက်မပြတ် မြည်နေ၏။ သူ့ရဲ့အတွေ့အကြုံအမှတ်နဲ့ နက်နဲစွမ်းအင်အမှတ်တွေက အားလုံးအလျင်အမြန် တိုးနေခဲ့သည်။ ထို့နောက် လော့ထျန်က သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာနဲ့ “ငါ့ကို စိတ်မပျက်စေဘူးပဲ”
သရဲနဂါးရဲ့တည်ဆောက်ပုံ အပြာရောင်ပုံစံက အွန်လိုင်းဝတ္ထုတစ်ခုကနေ လာခဲ့တာဖြစ်၏။
လွန်ခဲ့တဲ့အချိန်တုန်းက အဲဒီဝတ္ထုကို ဖတ်တဲ့အခါ လော့ထျန်က ဒီလိုမျိုး ကြီးကျယ်ခမ်းနားတဲ့ သရဲနဂါးကို သူ့ရဲ့လက်အောက်မှာ ရတဲ့အခါ ဘယ်လောက်တောင် အံ့မခန်းဖြစ်နိုင်မလဲဆိုတာ စိတ်ကူးခဲ့သည်။
သူသည် အောင်မြင်စွာ ဖန်တီးနိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
ဝတ္ထုထဲကအတိုင်း အစွမ်းထက်ခြင်းမရှိပေမယ့် တစ်နေ့မှာတော့ သူသည် အဆင့် ၁၀ သရဲနဂါးကို ဖန်တီးနိုင်လိမ့်မည်ဟု လော့ထျန်က ခံစားခဲ့ရသည်။
အဆင့် ၁၀ သရဲနဂါးရဲ့တိုက်ခိုက်ရေးစွမ်းရည်ကမည်မျှ ကြောက်စရာကောင်းနိုင်မည်နည်း။ တွေးလိုက်ရုံနဲ့တင် သူ့ကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။
လော့ထျန်က ကောင်းကင်အမှောင်ကို ကြည့်လိုက်ပြီး မိုးမလင်းသေးဘူးဆိုတာ သိလိုက်၏။ သူသည် ခဏလောက် တွေးနေခဲ့ပြီး နေရာပြားထဲက ကျန်နေတဲ့ နတ်ဆိုးသားရဲအရိုးတွေကို ထုတ်လိုက်သည်။
နတ်ဆိုးသားရဲအရိုးတွေက ပေါင်ရာနဲ့ချီပြီး ကျန်နေသေးသည်။
အဲဒီဝတုတ်လေရဲ့ဓားမကြီးက ကွဲသွားခဲ့ပုံကို တွေးပြီးတဲ့နောက် လော့ထျန်က နတ်ဆိုးသားရဲအရိုးတွေကို အသုံးပြုပြီး သူ့အတွက် နောက်တစ်ခုကို ပြန်လည်
ပြုပြင်နိုင်မလားလို့ စဉ်းစားခဲ့သည်။
ဒါ့အပြင်…
သူ့ရဲ့လက်နက်ဖန်တီးနည်းကို အဆင့်
မြှင့်ဖို့ အချိန်ရောက်နေပြီဖြစ်၏။
ဆုံးမျိုးနွယ်စုက သူတို့ကို အဆင့်(၁) လက်နက်တွေ အများကြီးလက်ဆောင်ပေးခဲ့တာကြောင့် လော့ထျန်က သူ့ရဲ့ကိုယ်ပိုင်ပြုပြင်ထားတဲ့ လက်နက်တွေနဲ့ ကျေးဇူးဆပ်ဖို့ စဉ်းစားနေခဲ့သည်။
ပြုပြင်ဖို့အတွက် မီးဖိုတစ်ခု၊ မီးတောက်တွေကို မောင်းနှင်ဖို့ နက်နဲစွမ်းအင်၊ လွတ်လပ်စွာ စီးဆင်းနိုင်တဲ့ ပစ္စည်းပုံစံ၊ ဆက်တိုက်ထိုးနှက်ခြင်းနဲ့ အပူပေးခြင်းတို့ လိုအပ်သည်။ တစ်စက္ကန့်လေးတောင် မပေါ့ဆသင့်ချေ။
ဒါကအခြေခံတွေပဲ ဖြစ်၏။
အဆင့်မြင့်လက်နက်တွေကို ဖန်တီးချင်တယ်ဆိုရင်တော့ ကောင်းမွန်ပစ္စည်းတွေကို အသုံးပြုရမည်။
သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့ ဝိညာဉ်ရေးရာ ရတနာအချို့ကို ထည့်လိုက်တဲ့အခါ ပေါင်းစပ်မှု အောင်မြင်တာနဲ့ လက်နက်ရဲ့စွမ်းအားက အကြီးအကျယ် တိုးတက်လာလိမ့်မည်။ ဒါပေမဲ့ ဒီလို သဘာဝထူးခြားမှုလို့ ခေါ်တဲ့အရာတွေက အလွန်တန်ဖိုးရှိတာကြောင့် သူတို့ရှိနေရင်တောင်မှ လူတွေက လက်နက်တွေပြုပြင်ဖို့ အသုံးပြုကြမှာမဟုတ်ပေ။ ဘာကြောင့်လဲဆိုတော့ ဖန်တီးတာ မအောင်မြင်ခဲ့မယ်ဆိုရင် သဘာဝထူးခြားမှုကလည်း ပျောက်ကွယ်သွားလိမ့်မည်။
ဒါ့အပြင် သဘာဝထူးခြားမှုတွေကို ပြုပြင်တာက နက်နဲစွမ်းအင်နဲ့ စိတ်ဝိညာဉ်စွမ်းအင် သုံးစွဲမှုကိုအများကြီးကို ကုန်ဆုံးပြီး လုပ်ဆောင်ဖို့ အလွန်ခက်ခဲတဲ့အရာ ဖြစ်သည်။ နယ်မြေတစ်ခုလုံးမှာ အဲဒါကို လုပ်ဆောင်နိုင်တဲ့ လက်နက်ဖန်တီးရေးဆရာ သိပ်များများစားစား မရှိချေ။
လော့ထျန်က ဒီပြဿနာတွေကို မတွေးခဲ့ပေ။
ဒါ့အပြင်…
သဘာဝထူးခြားမှုတွေကို ပြုပြင်တာကို မပြောနဲ့ဦး၊ လော့ထျန်ရဲ့လက်ရှိ ကျွမ်းကျင်မှုအဆင့်သတ်မှတ်ချက်က နတ်ဆိုးသားရဲအရိုးတွေကို ပြုပြင်တာကတောင် အလွန်ခက်ခဲနေ၏။
သို့သော်…
သူသည် ပုံမှန် လက်နက်ဖန်တီးရေးဆရာတွေနဲ့ ကွာခြားပေသည်။
လော့ထျန်က လက်နက်ဖန်တီးတာကို အောင်မြင်ဖို့ ကြိုးစားနေတာ မဟုတ်ချေ။ သူသည် သူ့ရဲ့ကျွမ်းကျင်မှုကို မြှင့်တင်ဖို့သာ စီစဉ်နေခဲ့သည်။
ဒါက သူ့ရဲ့စစ်မှန်တဲ့ ခွန်အားဖြစ်သည်။ သူသည် အဆင့်မြင့်ဖို့ ထိုးထွင်းသိမြင်မှုတွေ ရဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း တွေးတောနေစရာ မလိုချေ။ လော့ထျန်က သူ့ရဲ့ကျွမ်းကျင်မှုအဆင့်ကို မြှင့်ဖို့သာ လိုအပ်သည်။ ဒါက အရမ်းကို ရိုးရှင်းပါသည်
လော့ထျန်က ထွက်သွားပြီး သစ်ကိုင်းခြောက်အချို့ကို ယူခဲ့သည်။
မီးစတင်ပြီးတဲ့နောက် သူသည် ဓာတ်ကူပစ္စည်းအဖြစ် သူ့ရဲ့နက်နဲစွမ်းအင်ကို ထုတ်လွှတ်ခဲ့ပြီး အဝါရောင်မီးတောက်တွေကို အပြာရောင်ဖြစ်စေခဲ့သည်။ မီးတောက်ရဲ့အပူက အခုချိန်မှာ အလွန်မြင့်မားတဲ့ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်
လော့ထျန်ရဲ့ဘယ်ဘက်လက်က အရိုးအပိုင်းတစ်ခုကို ပစ်ထုတ်လိုက်ပြီးနောက် သူ့ရဲ့ဆန္ဒကို ၎င်းထဲကို ထည့်သွင်းကာ သူ့ရဲ့လက်နက်ဖန်တီးခြင်း နည်းပညာကို ဖွင့်လိုက်၏။
သူ့ရဲ့နက်နဲစွမ်းအင်က အမှတ် ၁၀၀ လျော့ကျသွားခဲ့သည်။
“ဒင်”
“လက်နက်ဖန်တီးခြင်း မအောင်မြင်ပါ၊ ကျွမ်းကျင်မှုတန်ဖိုး +၁”
“မျှော်လင့်ထားတဲ့အတိုင်းပဲ”
“ငါမျှော်လင့်ထားတဲ့အတိုင်းပဲ၊ ငါဖန်တီးဖို့ ကြိုးစားလိုက်တာနဲ့ ကျွမ်းကျင်မှုတန်ဖိုးက တိုးလာလိမ့်မယ်” လော့ထျန်က သူ့ကိုယ်သူ ပြောလိုက်သည်။ ထို့နောက် သူသည် စက္ကန့် ၃၀ အချိန်ပြည့်ဖို့ စောင့်ပြီး ထပ်
စတင်လိုက်၏။
တစ်ကြိမ်စီတိုင်းအတွက် စက္ကန့်သုံးဆယ်
ဒါက နယ်မြေတစ်ခုလုံးမှာ ဘယ်သူ့ဆီကမှ မကြားဖူးတဲ့အရာပဲ ဖြစ်သည် ကျွမ်းကျင်မှုအဆင့်သတ်မှတ်ချက် တိုးလာတာကို မြန်တယ်လို့ မယူဆခဲ့ချေ။ ဘာကြောင့်လဲဆိုတော့ လော့ထျန်က အမြဲတမ်း ကျရှုံးနေခဲ့လို့ပင်။ သို့သော် သူသည် ဖန်တီးတာ အောင်မြင်သွားခဲ့ရင် ကျွမ်းကျင်မှုက ကျရှုံးခဲ့တဲ့ပမာဏထက် နှစ်ဆ ဒါမှမဟုတ် သုံးဆ ပိုများနိုင်၏။
လော့ထျန် မစောင့်နိုင်တော့ပေ။
ညကရှည်လျားနေပြီး သူသည် အိပ်ချင်စိတ်မရှိတာကြောင့် သူသည် အရူးအမူး လေ့ကျင့်နေတော့မည်။
ဒါက သူ့ရဲ့ယခင်ဘဝက လီဂျန်းဒ်အော့ဖ်မီရာ မှာ အဆင့်တက်ဖို့အတွက် ဆမ်မွန်ရှင်ဆူနဲ့ သူ့ရဲ့ကျွမ်းကျင်မှုကို တစ်ညလုံးမြှင့်တင်ခဲ့ပုံကို သတိရစေခဲ့သည်။ သူသည် တစ်ညလုံး တက်ကြွနေခဲ့ပြီး ခံစားချက်က အခုလိုပဲ ဖြစ်သည်ကို တွေ့ရ၏။
“ဒင်”
“ကျွမ်းကျင်မှုတန်ဖိုး +၁”
“ဒင်…”
လော့ထျန်က တစ်မိနစ်တောင် မရပ်ဘဲ ဆက်လက်လေ့ကျင့်နေခဲ့သည်။
ရှစ်ရက်နဲ့ ရှစ်ညလုံး ကောင်းကောင်းမအိပ်ရသည့် ပင်ပန်းနွမ်းနယ်မှု အတိုင်းအတာကို တစ်ယောက်ယောက်က စိတ်ကူးကြည့်နိုင်ပါလိမ့်မည်။ လော့ထျန်မှာ အဆင့်တက်တဲ့စနစ် ရှိပြီး ကဏ္ဍများစွာမှာ တခြားသူတွေထက် သာလွန်ပေမယ့် သူသည် သူ့ရဲ့လေ့ကျင့်မှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲပဲ ဖြစ်၏။
ဒီကမ္ဘာက ပြင်ဆင်ထားတဲ့သူတွေအတွက်သာ နေရာရှိတော့ကြောင့်ပင်။
နှစ်တစ်ထောင်ဖုတ်ကောင်ဘုရင်နဲ့ မိသားစုအချင်းချင်းကြား ပြိုင်ပွဲကို ရက်နှစ်ဆယ်အတွင်း ရင်ဆိုင်ရတော့မည့် ဖိအားတွေအားလုံးက လော့ထျန်ကို အနည်းငယ်အသက်ရှူကျပ်စေခဲ့သည်။ ဒီအကြောင်းကြောင့်ပဲ သူသည် သူ့ရဲ့အစွမ်းအစအကုန်နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့အတွက် ကြိုးပမ်းနေသည်။
လူအများအပြားသည် သူရဲကောင်းတစ်ယောက်ရဲ့ အတောက်ပဆုံးအချိန်ကိုသာ မြင်တွေ့ကြမည်ဖြစ်ပေမယ့် သူတို့ရဲ့နောက်ကွယ်မှာတော့ ရေတွက်လို့မရနိုင်တဲ့ ချွေးတွေ၊ ကြိုးစားအားထုတ်မှုနဲ့ သူတို့ရဲ့ဘဝတွေကို လောင်းကြေးထပ်ခဲ့တဲ့ တိုက်ပွဲတွေ အများကြီး ရှိခဲ့ပါသည်။
ဒီပတ်ဝန်းကျင်မှာ ပါရမီရှင်တွေ အများကြီး မရှိချေ။
အများစုကတော့ ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့ကြပြီး သူတို့ရဲ့ခက်ခဲကြမ်းတမ်းတဲ့ ကျင့်ကြံမှုတွေနဲ့ ပါရမီရှင်တွေအဖြစ် ဖြစ်လာခဲ့ကြသည်။
လူတစ်ယောက်က သူ့ကိုယ်သူ ဖိအားပိုပေးလိုက်တဲ့အခါ ဒီအရာက သူ့ကို သူရဲ့သိုင်းပညာလမ်းကြောင်းကို ပိုထိရောက်စေလိမ့်မည်။
ကမ္ဘာကိုပြောင်းလဲခဲ့တဲ့ လော့ထျန်က ဒီနိယာမကို လုံးဝနားလည်ခဲ့သည်။ ဒီအကြောင်းကြောင့်ပဲ သူသည် သူ့ရဲ့သွားတွေကို ဆုပ်ထားပြီး ဒီအလုပ်ကို ကြိုးစားလုပ်ဆောင်ဖို့ သူ့ရဲ့အာရုံစူးစိုက်မှု အမြင့်ဆုံးကို အသုံးပြုခဲ့သည်။
စက္ကန့်နဲ့ မိနစ်တွေက တဖြည်းဖြည်းကုန်ဆုံးနေ၏။
သူ့ရဲ့ကျွမ်းကျင်မှုက တဖြည်းဖြည်း တိုးလာခဲ့သည်။
အရှေ့ဘက်ကောင်းကင်က စတင်တောက်ပလာတဲ့အချိန်မှာ လော့ထျန်က ညင်သာစွာ ပြုံးလိုက်ပြီး “ငါနောက်ဆုံးတော့ အဆင့်တက်ပြီ” ပြောလိုက်သည်။
လက်နက်ဖန်တီးခြင်း နည်းပညာက အဆင့် ၂ ကို တက်လာခဲ့သည်။
တစ်ညတာလုံး ခက်ခဲတဲ့လုပ်ဆောင်မှုအပြီးမှာ လော့ထျန်က သူ့ရဲ့လက်ထဲက ကြီးမားတဲ့ နံရိုးအရိုးကို စိုက်ကြည့်နေခဲ့သည်။ တန်ဓားနဲ့ဆင်တူတဲ့ အနည်းငယ်ကွေးနေတဲ့ အရိုးတစ်ခု ရှိခဲ့သည်။ အရိုးက လက်နက်ဖန်တီးဖို့အတွက် အကောင်းဆုံးပစ္စည်းပဲ။
လက်နက်ဖန်တီးခြင်း အဆင့် ၂ မှာ နတ်ဆိုးသားရဲအရိုးတွေကို အောင်မြင်စွာ ပြုပြင်ချင်တာက အတော်လေးကို ခက်ခဲနေဆဲပင်။
သို့သော် လော့ထျန်က အဆင့် ၂ ကို တက်လာခဲ့တာကြောင့် သူသည် စမ်းကြည့်နိုင်မည်ဟု တွေးခဲ့သည်။ အကယ်၍ သူသာ အောင်မြင်ခဲ့မယ်ဆိုရင် ဝတုတ်လေက ဓားအသစ်တစ်လက် ရလိမ့်မည်။ သူသာ ကျရှုံးခဲ့ရင် ဒါက အရေးကြီးတဲ့အရာ မဟုတ်ပေ။ ဘာကြောင့်လဲဆိုတော့ ဝိညာဉ်တောင်တန်းတွေမှာ နတ်ဆိုးသားရဲ ပေါများလို့ပင်။ သူ ထွက်သွားပြီး နောက်ထပ်အနည်းငယ်ကို သတ်နိုင်သေး၏။
“ဟူး…”
လော့ထျန်က နောက်ကျိနေတဲ့လေကို ညင်သာစွာ ရှူထုတ်လိုက်သည်။ သူသည် သူ့ရဲ့မျက်လုံးတွေကို မှိတ်ပြီး အထိအတွေ့မရှိတဲ့ ရှေးဟောင်းရေတွင်းလိုမျိုး သူ့ရဲ့စိတ်ကို ငြိမ်သက်စေခဲ့၏။
မိနစ်ဝက်အကြာမှာတော့…
လော့ထျန်က မျက်လုံးတွေကို ရုတ်တရက် ကျယ်ကျယ်ဖွင့်လိုက်ပြီး သူ့ရဲ့ညာဘက်လက်ဖဝါးက စွမ်းအင်ကို လှည့်ပတ်လိုက်သည်။ ထို့နောက် သူသည် အော်ဟစ်စပြုလာ၏။
နက်နဲစွမ်းအင်က အပြာရောင်မီးတောက်တွေထဲကို မစီးဆင်းခင်မှာ လှုပ်ခတ်နေခဲ့သည်။
ဓာတ်ကူပစ္စည်းအဖြစ် နက်နဲစွမ်းအင်နဲ့ဆိုရင် အပူချိန်က အလျင်အမြန် မြင့်တက်လာခဲ့သည်။ ပတ်ဝန်းကျင်လေထုထဲမှာ ရေတွေက အငွေ့ပျံသွားပြီး အနီးနားက ပေါင်းမြက်ပင်တွေက ခြောက်သွေ့ကာ အဝါရောင်အဖြစ် သိသိသာသာ ညှိုးနွမ်းသွားခဲ့ပြီး ချက်ချင်း မီးလောင်ကျွမ်းသွားခဲ့၏။
လော့ထျန်ရဲ့ညာဘက်လက်က နက်နဲစွမ်းအင်ကို လှည့်ပတ်နေခဲ့ပြီး သူ့ရဲ့ဘယ်ဘက်လက်ကတော့ ကြီးမားတဲ့နတ်ဆိုးသားရဲအရိုးကို မီးထဲသို့ ထည့်
လိုက်သည်။
“အဆင့် ၂ ကြမ်းတမ်းခြင်း”
စွမ်းအင်လေးဆကို ထုတ်လွှတ်လိုက်သည့်အခါ သူ့ရဲ့နက်နဲစွမ်းအင်ကို ပိုပြီးပြင်းထန်စေခဲ့သည်။ အပြာ
ရောင်မီးတောက်သည် အခုချိန်မှာ အနက်ရောင်
ဘက်သမ်းစပြုလာ၏။
အနက်ရောင်မီးတောက်များ
နက်နဲစွမ်းအင်ကို လောင်စာအဖြစ် အသုံးပြုတဲ့အတွက် အပူချိန်က အလွန်မြင့်မားခဲ့သည်။
အရိုးက အရည်ပျော်နေသလိုမျိုး ပုံပေါ်ပြီး လော့ထျန်က သူ့ရဲ့လက်နက်ဖန်တီးခြင်း နည်းပညာကို ချက်ချင်းအသက်သွင်းလိုက်သည်။ သူ့ရဲ့စိတ်မှ လျှပ်စစ်စီးဆင်းမှုတစ်ခုလိုမျိုး အရိုးတွေထဲကို ဝင်ရောက်သွားခဲ့သည်။ ထို့နောက် သူ့ရဲ့အတွေးတွေအတိုင်း အဆက်မပြတ် ပြောင်းလဲလာခဲ့၏။
ထို့နောက် နက်နဲစွမ်းအင်က ဆက်ပြီး ထွက်နေခဲ့သည်။
ဒီအခိုက်အတန့်မှာတော့ လော့ထျန်က လက်ရှိအလုပ်မှလွဲ၍ အရာအားလုံးကို မေ့သွားခဲ့သည်။ အမြဲတမ်းလိုလို ပုံရိပ်က သူ့ရဲ့နောက်မှာ ပေါ်လာခဲ့သည်။
အကယ်၍ လက်နက်ဖန်တီးရေးဆရာတစ်ယောက်သာ ရှိနေခဲ့မယ်ဆိုရင် သူတို့သည် ထိတ်လန့်သွားနိုင်ချေရှိ၏။
လူနဲ့သဘာဝကြား သဟဇာတဖြစ်ခြင်း
ဒါက လူနဲ့သဘာဝကြား သဟဇာတဖြစ်ခြင်းရဲ့ ဒဏ္ဍာရီလာ နယ်ပယ်ပဲ ဖြစ်သည်။
ဒဏ္ဍာရီတွေထဲမှာပဲ ရှိနေတဲ့နယ်ပယ်တစ်ခု
လက်နက်ဖန်တီးတာကို မည်သည့် နက်နဲဆရာတစ်ယောက်မှာမှ ဒီအရာပေါ်လာဖို့ မဖြစ်နိုင်ပေ။ ဒါက အလွန်အံ့အားသင့်စရာ ကောင်းနေခဲ့သည်
လော့ထျန်က အရိုးပေါ်မှာသာ သူ့ရဲ့စိတ်ကို အာရုံစိုက်ထားခဲ့တာကြောင့် ဒီလိုဖြစ်နေတယ်ဆိုတာကို မသိခဲ့ပေ။
“ငါ့အတွက် အောင်မြင်စမ်း”
“ဗုန်း…”
အနက်ရောင်မီးတောက်တွေက ပေါက်ကွဲသွားခဲ့ပြီး ပတ်ဝန်းကျင်အပူချိန်က ချက်ချင်းကျဆင်းသွားခဲ့သည်။ လက်ရှိပတ်ဝန်းကျင်က အရင်ကလိုမျိုး ပုံမှန်အတိုင်း တဖြည်းဖြည်း ဖြစ်လာခဲ့သည်။
မီးသွေးခဲတွေရဲ့ထိပ်မှာ ဆင်စွယ်နဲ့ဆင်တူတဲ့ လင်းလက်တောက်ပနေတဲ့ အဖြူရောင်ဓားက မှုန်မှိုင်းစွာ အလင်းရောင်ပေးနေခဲ့သည်။ ဒါက မှောင်နေတဲ့ကောင်းကင်မှာ ကြယ်တစ်လုံးလိုမျိုး တောက်ပနေတာကြောင့် မြင်ရတာ အတော်လေးကို လှပနေ၏။
“ဒင်”
“ကစားသမား လော့ထျန်ကို အောင်မြင်စွာ ဖန်တီးနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်၊ ကျွမ်းကျင်မှုတန်ဖိုး +၃”
“ငါအောင်မြင်ခဲ့ပြီ”
“ဟားဟားဟား…”
သူ့ရဲ့စိတ်ထဲကနေ ဝန်ထုပ်ဝန်ပိုးတွေ ပျောက်ကွယ်သွားတဲ့အတွက် လော့ထျန်က စိတ်လှုပ်ရှားစွာနဲ့ ကျယ်လောင်စွာ ရယ်မောတော့၏။
ဒါက သူ့ကို မေ့မြောလုနီးပါး ဖြစ်စေတဲ့ ရုတ်တရက် ခံစားချက်ကြောင့်လည်း ဖြစ်သည်။ သူ့ရဲ့ခေါင်းတစ်ခုလုံးက ချွေးတွေနဲ့ ပြည့်နေပြီး သူ့ရဲ့ကိုယ်က ရွှဲနေ၏။ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုက တောင်တစ်ခုက သူ့ကို ဖိထားသလိုမျိုး ဖြစ်နေခဲ့သည်။
“ဟူး… ဟူး…”
လော့ထျန်က အကြိမ်အနည်းငယ် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သူသည် ကြောက်ရွံ့စွာနဲ့ တစ်ခုခုကို သတိပြုမိပြီး သူ့ကိုယ်သူ “ချီးပဲကွာနောက်တစ်ကြိမ် ပေါ့ဆမိပြီး မကျင့်ကြံနေတော့ဘူး။ ဒါက အရမ်းပင်ပန်းတယ်”
အချို့အချိန်တွေမှာ မင်းကိုယ်တိုင် ကိုယ့်ကို
ပြန်ဖိနှိပ်နေတာရှိသည်။
“ဘန်း၊ ဘန်း၊ ဘန်း…”
ခြေလှမ်းတစ်ခုစီတိုင်းက မြေကြီးကို လှုပ်ခါစေပြီးနောက် ရက်စက်ကြမ်းကြုတ်တဲ့ သေခြင်းတရားရဲ့အငွေ့အသက်က ဆက်လိုက်လာခဲ့သည်။
လော့ထျန်က အံ့အားသင့်သွားပြီး “စောက်သုံးမကျတာ မဖြစ်နိုင်ဘူး၊ ငါဒီလောက်တောင် ကံခေနိုင်ရတာလားကွာ”