ငါက တကယ်အပြစ်ကင်းတယ် ဟုတ်ပြီလား
Vol. 8 Ch. 109
"ငါ..သောက်ကျိုးနည်း"
ဝမ်လင်က ချက်လက်မှတ်ကို အစစ်ဟုတ်မဟုတ်နှင့် ဘဏ်မှာ သွားထုတ်၍ရမရ ဂရုတစိုက်စစ်ဆေးကြည့်ရှုလိုက်သည်။ သူ မဆဲဘဲမနေနိုင်တော့ပေ။
သောက်ကျိုးနည်း.. ဒီလူတွေက ပိုက်ဆံဆယ်သန်းတည်းပဲ ပြောတာပါ။ မင်းကတော့ တစ်ဘီလီယံလောက် အသာလေးထုတ်ပြီး သူတောင်းစားတစ်ယောက်ကို ပေးလိုက်တယ်ပေါ့လေ။ ငါတို့ ဒီအတိုင်းပျော်ပါးပစ်လိုက်လို့မရဘူးလား။
တင်းယွီရှီသာ ရှိမနေပါက ဝမ်လင်သည် သူ့ကိုယ်သူ သူတောင်းစားတစ်ယောက်နှယ် အသွင်ပြောင်းလိုက်မည်သာ။ ဤသည်မှာ ပိုက်ဆံတစ်ဘီလီယံပင်။
"ငါက ဒီလောက်ညနက်ကြီးကျမှ ဘယ်နားမှာ သူတောင်းစားကိုသွားရှာရမှာလဲ"
ဝမ်လင်၏မျက်နှာကား ခါးသက်မှုများနှင့် ပြည့်နှက်နေချေသည်။ ကျန်းမုန့်လောင်လို ပိုက်ဆံနှင့်ပစ်ပေါက်တတ်သူတစ်ယောက်နှင့် သူငယ်ချင်းဖြစ်ရခြင်းမှာ လူတစ်ယောက်၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို စမ်းသပ်နေခြင်းသာ ဖြစ်၏။
"အမှန်ပဲ"
ယခုအချိန်မှာ ကျန်းနန်မြို့သည် တိုးတက်မှုအရှိန်အဟုန်ကောင်းသည့် ထိပ်တန်းအဆင့်မြို့တော်တစ်ခုနှင့် မခြားတော့ပေ။ မြို့တော်၏အလှအပဆိုင်ရာကြောင့် သူတောင်းစားများနှင့် အိမ်ခြေရာမဲ့လူများလည်း မရှိတော့ပေ။
အိမ်ခြေရာမဲ့လူတစ်ယောက်ယောက် သို့မဟုတ် သူတောင်းစားတစ်ယောက်ယောက်ကို သူ နောက်ဆုံးမြင်ခဲ့ရသည့်အချိန်ကပင် လွန်ခဲ့သည့်သုံးနှစ်မှ ငါးနှစ်ခန့်ရှိလေပြီဖြစ်ကြောင်း ကျန်းမုန့်လောင် ဝိုးတဝါးမှတ်မိလိုက်သည်။
"နေပါဦး။ သူတောင်းစားတွေမရှိဘူးလို့ ဘယ်သူကပြောလဲ"
ကျန်းမုန့်လောင် အကြံတစ်ခုရလိုက်သည်။
"အခုခေတ်သူတောင်းစားတွေက ခေတ်နဲ့အညီလိုက်မီနေတာမို့ အရင်တုန်းကလို တောင်းစားတဲ့နည်းလမ်းမျိုးတွေကို မသုံးတော့တာကြာပြီကွ"
ကျန်းမုန့်လောင်က သူ့ဖုန်းကိုထုတ်လိုက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုappတစ်ခုကိုဝင်ကာ စိတ်အားထက်သန်စွာ တိုက်ရိုက်ထုတ်လွှင့်နေသော လူငယ်လေးတစ်ယောက်၏ လိုက်ဖ်ကို နှိပ်လိုက်လေသည်။
"ညီအစ်ကိုတို့ရေ.. 666ကို နှစ်ခါနှိပ်ပေးကြနော်။ ပြီးရင်တော့ ပိုမိုက်တဲ့အကွက်လေးတွေ ထပ်ပြပေးမယ်"
"လက်ဆောင်မိုးရွာစေ"
"ဒါက တကယ်ကိုစိတ်ကုန်ချင်စရာပဲ"
ဝမ်လင်၏မျက်နှာထက်တွင် စက်ဆုပ်ရွံရှာဟန် အမူအရာကို ပြသလာသည်။
"ငါက သာမန်ရှေးရိုးစွဲလေးပါကွာ။ ငါ့ကို အဲ့လိုခေတ်ဆန်တဲ့အရာတွေလာမပြစမ်းနဲ့"
"ဟားဟားဟား မင်းတွေ့ပြီလား။ သူတောင်းစားတွေအကုန် ဒီမှာရှိနေတာပဲမဟုတ်ဘူးလား"
ကျန်းမုန့်လောင်က သူ၏ပျို့အန်ချင်စိတ်ကို ဖိနှိပ်ထားပြီး ပြောလိုက်လေသည်။ ထိုကဲ့သို့သော တိုက်ရိုက်ထုတ်လွှင့်မှုမျိုးထဲရှိ သိန်းပေါင်းများစွာသောကြည့်ရှုသူများအတွက်လည်း စိတ္တဇဆေးရုံကို ဆက်သွယ်ပေးရလေမလားဆိုသည်ကို မည်သူက သိမှာတဲ့လဲ။
ကျန်းမုန့်လောင်က သူ့အကောင့်ထဲကိုဝင်လိုက်ပြီး ငွေထည့်လိုက်သည်။
"ဒါက ဘယ်လိုစုတ်ချာလိုက်တဲ့ ပလက်ဖောင်းပါလိမ့်။ တစ်သန်းပဲ ငွေဖြည့်ခွင့်ပေးတယ်ပေါ့"
ကျန်းမုန့်လောင်က ကလစ်နှိပ်လိုက်ပြီးနောက် အဆုံးတွင် ပိုက်ဆံဆယ်သန်းဖြည့်လိုက်နိုင်သည်။
"တော်တော်စုတ်ချာတာပဲ။ ဟုန်းရီ… ပြီးကျရင် ငါ့ကို တိုင်စာတင်ပေးဦးနော်"
"မစ္စတာကျန်း.. ဘာအကြောင်းပြချက်နဲ့တိုင်စာတင်ရမှာလဲ"
"ငွေဖြည့်တဲ့ကန့်သတ်ပမာဏက နည်းလွန်းနေတယ်။ အဲ့လိုလုပ်တာက ဖောက်သည်တွေရဲ့လက်ချောင်းတွေကို ထိခိုက်စေနိုင်တယ်လေ"
"အဲ့ဒီအကြောင်းပြချက်အတွက် ငါ မင်းကို အမှတ်တစ်ရာပေးမယ်"
ဝမ်လင်က ချက်ချင်းပင် လက်မထောင်ပြလာသည်။
"ကောင်းပါပြီ မစ္စတာကျန်း.. ကျွန်မ အဲ့ဒါကို အခုချက်ချင်းစီစဉ်ခိုင်းလိုက်ပါ့မယ်"
ကျန်းမုန့်လောင်က တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်သွားလိုက်ပြီး ဖန်သားပြင်ကို အသည်းအသန်နှိပ်နေလိုက်သည်။
"သောက်ကျိုးနည်းဟေ့.. ထိပ်တန်းလုပ်ငန်းရှင်ကြီးတစ်ယောက် ရောက်နေပြီ"
"စစ်လေယာဉ်အခုတစ်ထောင်တဲ့လား။ တစ်ခုကိုတောင် ဟွာရှာငွေကြေးတစ်သောင်ပေးရတာလေ။ ဘယ်သူက ဒီလောက်တောင်ချမ်းသာတာလဲ"
"သောက်ကျိုးနည်း.. အဲ့ဒါက သက်သက်ထောင်ဖမ်းတာတော့မဟုတ်ဘူးမလား"
"ဒီIDက ဘာလဲ။ ဒီပလက်ဖောင်းမှာ ဒီလိုထိပ်တန်းသူဌေးရှိတယ်လို့လည်း ငါမသိရပါလား"
"သေစမ်း.. တစ်ညလုံး လက်ကိုထိုင်ယမ်းနေရုံလေးနဲ့ ဒီလောက်အများကြီးရနိုင်တာလား။ မနက်ဖြန်ကျရင် ငါ အဲ့ဒါကိုသင်ဖို့ သင်တန်းသွားတက်တော့မယ်"
...
"စစ်လေယာဉ်တွေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘော့စ်.. ခင်ဗျားရဲ့လုပ်ငန်း အထွတ်အထိပ်ကိုရောက်ပါစေ။ နေ့တိုင်းနေ့တိုင်း သတို့သားလောင်းကြီးဖြစ်နိုင်ပါစေ"
မကြာသေးခင်ကမှ သွေးရူးသွေးတန်းဖြစ်သွားသော လူငယ်လေးက အားရပါးရရယ်မောနေသည်မှာ သွားရည်ကျလုနီးပါးပင်။
"ငါ့စိတ်အစဉ်တော့ ပေါက်ကွဲကုန်ပြီ"
ဝမ်လင်ခမျာ ကြက်သေသေသွားရသည်။ ပိုက်ဆံဆယ်သန်းကို လက်ချောင်းတစ်ချက်နှိပ်ရုံလေးဖြင့် သုံးပစ်လိုက်သည်တဲ့လား။
"ဒါကြီးက တအားကြမ်းလွန်းပါတယ်"
ယခင်တုန်းက ဝမ်လင်၏ပန်ဒါတိုက်ရိုက်ထုတ်လွှင့်မှုကလည်း အလွန်တရာအောင်မြင်ခဲ့ဖူးသည်။ သို့သော် အဆုံးမှာမူ ပိတ်ချခဲ့ရသည်။ ထိုစဉ်တုန်းကသာ သူ ကျန်းမုန့်လောင်နှင့် သိကျွမ်းခဲ့ပါက ပလက်ဖောင်းတစ်ခုလုံးကို သူတစ်ယောက်တည်းနှင့် ထောက်ပံ့ပေးထားနိုင်လောက်သည်။
"ကောင်းပြီ"
ကျန်းမုန့်လောင်က သူ့ဖုန်းကို တင်းယွီရှီ၏မျက်နှာရှေ့၌ မြှောက်ပြလိုက်သည်။
"ဆယ်သန်းနဲ့လောက်လား။မလောက်သေးရင် နောက်နှစ်ယောက်လောက်ထပ်ရှာလိုက်ရဦးမလား"
"ဒီနားကို ခဏလောက်လာဦး"
ကျန်းမုန့်လောင်က လုံခြုံရေးအစောင့်တစ်ယောက်ကို လက်ယမ်းပြလိုက်သည်။
"သူ့အမိန့်က ငါ့အမိန့်ပဲ"
ဝမ်လင်သည် တွေဝေတုံ့ဆိုင်းနေဟန်တူသော လုံခြုံရေးများကို ပြောလိုက်လေသည်။
"မစ္စတာကျန်း.. ကျွန်တော် ဘာများလုပ်ပေးရမလဲ"
"ငါ့လက်ချောင်းတွေနာနေပြီ။ မင်း ငါ့အစား ဆက်ပို့ပေးပါလား"
ကျန်းမုန့်လောင်က သူ့ချက်လက်မှတ်များကို လုံခြုံရေး၏လက်ထဲသို့ ထိုးထည့်လိုက်သည်။
"မင်းတို့တွေရော အတူလာလုပ်လိုက်။ မင်းတို့လစာလို့ သဘောထားလိုက်ပေါ့"
"သွားစမ်းပါ"
ဝမ်လင်က လုံခြုံရေးများကို အဝေးကန်ထုတ်လိုက်ပြီးနောက် အပြုံးကြီးပြုံးလျက် ကျန်းမုန့်လောင်၏ဖုန်းကို ယူလိုက်ချေသည်။
"ဘော့စ်ကျန်း.. မင်းရဲ့ဖုန်းက အရမ်းတန်ဖိုးကြီးတယ်လေ။ သူတို့ကို ပေးကိုင်လို့ဘယ်ဖြစ်မလဲ။ ငါ မင်းကိုကူညီပေးမယ်။ ပိုက်ဆံရရမရရ ကိစ္စမရှိဘူး။ ငါတို့က သူငယ်ချင်းတွေပဲကို။ ဒီလောက်လေးတော့ ငါကူညီပေးနိုင်ပါတယ်ကွ"
"ငါတို့က သူငယ်ချင်းတွေဆိုတော့ ပိုက်ဆံအကြောင်းပဲ မပြောဘဲနေရအောင်"
ဝမ်လင်၏အရှေ့ရှိ ကျန်းမုန့်လောင်က ချက်လက်မှတ်ကို အပိုင်းပိုင်းအစစဖြစ်အောင် စုတ်ဖြဲပစ်လိုက်လေသည်။
ဝမ်လင်၏မျက်နှာလည်း ဖြူဖပ်ဖြူရော်ဖြစ်သွားလေတော့သည်။ ကျန်းမုန့်လောင် ယခုလိုလုပ်ခြင်းမှာ သူ့ကိုဒေါသထွက်အောင်လုပ်ဖို့အတွက် အဆင့်မြင့်ဇိမ်ခံအခန်းရှေ့ရှိ လုံခြုံရေးများကို ပထုတ်ခဲ့သောကြောင့်ဖြစ်ကြောင်း သူသိသည်။
"ယူလိုက်။ ယူလိုက်။ သူ့ကိုလည်းနည်းနည်းပေးလိုက်။ ငါ့အစား သူ့ပိုက်ဆံတွေကို အကုန်သုံးပစ်လိုက်"
ဝမ်လင်က ကျန်းမုန့်လောင်၏ဖုန်းကို ပစ်ပေးလိုက်သည်။
"စိတ်မပူပါနဲ့။ သူတို့ တစ်သက်လုံးထိုင်နှိပ်နေရင်တောင် အဲ့ဒါက ရေပုံးထဲက ရေတစ်စက်သာသာပဲရှိတာ"
ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။
"သောက်ကျိုးနည်း…"
တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် စစ်လေယာဉ်များ ဆက်တိုက်တက်လာနေသည်ကို မြင်သောအခါ တင်းယွီရှီ ပါးစပ်မပိတ်ထားနိုင်တော့ပေ။
"အခုလောက်ဆိုရင် သန်းငါးဆယ်ခြောက်ဆယ်လောက်ရှိရောပေါ့"
ကျန်းမုန့်လောင်က တင်းယွီရှီကို ဆက်ပြောလိုက်လေသည်။
"ဒီတော့ ငါ့ကိုပြောစမ်းပါဦး။ ဟွာရှားယွမ်ဆယ်သန်းဆိုတာက သူတောင်းစားတစ်ယောက်ကို ပေးကမ်းစွန့်ကြဲတာနဲ့ ဘာကွာလို့လဲ"
"ဒါက…"
ထိုအခိုက်အတန့်လေးမှာ တင်းယွီရှီခမျာ ပြောစရာစကားများ ပျောက်ရှသွားရသည်။
ပိုက်ဆံဆယ်သန်းက များသလား။ သေချာပေါက်များပေသည်။ လူတော်တော်များများဆိုလျှင် တစ်သက်လုံးအလုပ်လုပ်လျှင်တောင် ထိုပိုက်ဆံဆယ်သန်းကို မရှာနိုင်ပေ။ သို့သော် ကျန်းမုန့်လောင်၏အမြင်မှာတော့ ထိုပိုက်ဆံဆယ်သန်းက တစ်ဒေါ်လာမျှပင် မရှိလေဟန်ပင်။ သူက ထိုပိုက်ဆံကို အွန်လိုင်းသူဖုန်းစားတစ်ယောက်ကို လွယ်လင့်တကူပေးပစ်လိုက်ပေသည်။
"ကျန်းမုန့်လောင်.. ဆယ်သန်းကတင် တော်တော်များနေပြီနော်။ တအားလောဘမကြီးနဲ့"
တင်းယွီရှိက ပြောလိုက်သည်။
"ငါလုပ်မိတာဆိုလို့ သူ့အဝတ်တွေကိုချွတ်မိတာပဲရှိတာ။ တခြားဘာမှမလုပ်ခဲ့ဘူး"
"အိုး..အဲ့လိုလား"
ကျန်းမုန့်လောင်က ရယ်မောလိုက်ချေသည်။
"မင်းတို့တွေ.. သူ့အဝတ်အစားတွေကို ဆွဲချွတ်ပစ်လိုက်"
"ဘော့စ်..ဒါက…."
"သူပြောတဲ့အတိုင်းလုပ်လိုက်"
ဝမ်လင်ကတော့ ညစ်ကျယ်ကျယ်ပြုံးလိုက်မိသည်။ ကျန်းမုန့်လောင် ဘာလုပ်မလဲဆိုသည်ကို သူ ခန့်မှန်းမိပုံရသည်။
"တစ်ခုခုဖြစ်လာခဲ့ရင် ငါတာဝန်ယူမယ်"
"မင်းတို့ဘာလုပ်မလို့လဲ"
လူကောင်ထွားထွားကြီးများကို မြင်လိုက်ရသောအခါ တင်းယွီရှီလည်း ရုတ်ခြည်းထိတ်လန့်တုပ်လှုပ်သွားရှာလေသည်။ တစ်နေ့တစ်နေ့ပျော်ပါးသောက်စား၍ အချိန်ကုန်နေသူတစ်ယောက်၏ ခန္ဓာကိုယ်အင်အားတောင့်တင်းမှုက ဘယ်လောက်များရှိနိုင်မည်တဲ့လဲ။ လုံခြုံရေးတစ်ယောက်တည်းကပင် သူ့ကို အသာလေးအနိုင်ယူပစ်နိုင်သည်။ ယခုမြင်နေရသော လူအများကြီးဆိုလျှင်တော့ ပြောနေစရာပင်မလိုပေ။
"ဟစ်"
အဝတ်အစားစုတ်ဖြဲသံနှင့်အတူ တင်းယွီရှီ၏အော်ဟစ်သံတို့က စင်္ကြံလမ်းတစ်လျှောက် ပဲ့တင်ထပ်သွားပေသည်။
"အဲ့ဒါက ဘာအသံလဲ"
ယခုလေးတင်မှ ကိုယ့်အခန်းကိုယ် ပြန်ရောက်လာသော သရုပ်ဆောင်တစ်ယောက်က မတွေးတတ်လောက်အောင် အံ့အားသင့်နေလေသည်။
"တစ်ယောက်ယောက်များ ရုပ်သံBက ဘုရင်ကြီးဘီလီဇာတ်လမ်းကို ကြည့်နေတာလား"
သိပ်မကြာခင်မှာပင် တင်းယွီရှီ၏ တန်ဖိုးကြီးရှပ်အင်္ကျီက အပိုင်းပိုင်းအစစစုတ်ပြဲသွားလေသည်။ ရွံရှာဖွယ်ကောင်းနေခြင်းကြောင့်သာ မဟုတ်ပါက ဤလူ့တွင် တကယ်တမ်းဂုဏ်သိက္ခာအနည်းငယ်များ ကျန်နေသေးဦးမလားဆိုသည်ကို ကျန်းမုန့်လောင် တကယ်အတည်ပြုလိုက်ချင်မိသည်။ သူ့အဖေက လူသားတစ်ယောက်လို ပြုမူနေထိုင်ခြင်းမရှိသလို သူ့သားကလည်း ပို၍ပင်စက်ဆုပ်ရွံရှာဖွယ်ကောင်းသေးသည်။
"ကျန်းမုန့်လောင်. ငါ မင်းကို ဒီအတိုင်းမထားဘူး"
"ဒေါသမထွက်ပါနဲ့"
ကျန်းမုန့်လောင်က လှောင်ပြုံးပြုံးလိုက်သည်။
"ငါက မင်းရဲ့အဝတ်အစားတွေကို ဖြဲလိုက်ရုံလေးပါပဲ။ တခြားဘာမှမလုပ်မိဘူးနော်။ ဆယ်သန်းမလား။ ရော့ ယူလိုက်"
ကျန်းမုန့်လောင်က တင်းယွီရှီအနားသို့ လျှောက်သွားလိုက်ပြီး သူ့နဖူးကို ပိုက်ဆံဆယ်သန်းတန်ချက်လက်မှတ်ဖြင့် ရိုက်ချလိုက်သည်။
"အိုး.. စကားမစပ် မင်းမှာ ညီမတွေဘာတွေများရှိသေးလား။ ငါ့ဆီမှာ ချက်လက်မှတ်လေးနည်းနည်းကျန်နေသေးလို့လေ။ စိတ်မပူပါနဲ့။ ငါ ဘာမှမလုပ်ပါဘူး။ အဝတ်အစားလေးပဲ ဖြဲမှာပါ။ ဒါမှမဟုတ် ငါ ပိုက်ဆံထပ်ဖြည့်ပေးလို့ရတယ်နော်"
"ကျန်းမုန့်လောင် တအားလွန်မလာနဲ့နော်"
အဆုံးမှာတော့ တင်းယွီရှီလည်း ဒေါသထွက်သွားရလေပြီ။ သို့သော် လုံခြုံရေးများက သူ့ကို ဖိချထားသဖြင့် သူ့မှာ အင်အားကင်းမဲ့စွာ အော်ဟစ်နေရုံသာတတ်နိုင်ပြီး ဘာမှလည်းလုပ်နိုင်စွမ်းမရှိချေ။
"အဲ့လိုလား။ တအားလွန်သွားပြီလို့ပြောလိုက်တာလား"
ကျန်းမုန့်လောင်ကလည်း အပြစ်ကင်းမဲ့ဟန်ဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
"ငါက မင်းလုပ်တဲ့အတိုင်း လိုက်လုပ်မိရုံလေးပါ။ ငါကဖြင့် ဈေးနှုန်းတောင်ထပ်မြှင့်ပေးထားတာကို။ မလောက်သေးလို့လား"
"ဒီကောင်က တော်တော်ရက်စက်တာပဲ"
ကျန်းမုန့်လောင်က ကျောင်းသားတစ်ယောက်မျှသာဖြစ်သည်ဟု ဝမ်လင် တွေးထားခဲ့မိသည်။ သို့သော် ယခုလိုအခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါ သူ့နည်းလမ်းများက ကြမ်းတမ်းရုံသာမက သူ့ဗျူဟာများကလည်း ပါးနပ်လိမ္မာလွန်းပေသည်။ သို့သော် သူကတော့ သဘောကျမိသည်။
.......