နှစ်ပေါင်းငါးထောင်လောက် အမွေလက်ဆင့်ကမ်းလာခဲ့သည့် မိသားစုတစ်ခု၏ ချမ်းသာကြွယ်ဝမှုက ဘယ်လောက်တောင် ပေါကြွယ်ဝလိုက်လေမလဲ။ တစ်ခါတလေ သင့်အနေနှင့် သင့်မိဘများကို ဖိအားပေးပြီး မေးမကြည့်မချင်း သင့်မိသားစုက တကယ်တမ်းမှာ ဘယ်လောက်တောင်ချမ်းသာသလဲဆိုသည်ကို သင် လုံးဝသိနိုင်မည်မဟုတ်။ သူ့မိသားစု၏ နှစ်ငါးထောင်သက်တမ်းရှိ မိသားစုစည်းစိမ်များကို ဆက်ခံပြီးနောက်မှသာ ချမ်းသာကြွယ်ဝမှု၏ ပျော်ရွှင်ခြင်းဟာ အလွန်ရိုးရှင်းမှန်း ကျန်းမုန့်လောင် သဘောပေါက်သွားခဲ့ရသည်။ ဘဏ်ဥက္ကဋ္ဌ : "မစ္စတာကျန်း ကျေးဇူးပြုပြီး ခင်ဗျားရဲ့ပိုက်ဆံတွေကို ကျွန်တော်တို့ဘဏ်ထဲ ထည့်ထားပေးဖို့ တောင်းဆိုပါတယ်။ အတိုးနှုန်းကို ခင်ဗျားဘက်က သတ်မှတ်လိုက်ပါ" ဟွားရှားရဲ့ ထိပ်သီးလူချမ်းသာ ဒုတိယမျိုးဆက် : "တစ်ကမ္ဘာလုံးကို ခင်ဗျားတို့မိသားစုကပိုင်တာလား။ ဘာလား" ကမ္ဘာ့အချမ်းသာဆုံးလူ : "ငါ့ကိုယ်ငါ ဆင်းရဲသားလေးတစ်ယောက်လို ခံစားမိတယ်" ဥရောပတော်ဝင်မိသားစု : "မစ္စတာကျန်း ခင်ဗျား ချစ်သူတစ်ယောက်လိုနေလား။ တကယ်လို့ လိုချင်တယ်ဆိုရင် တစ်ယောက်လောက် ရှာကြည့်မလား။ အဲ့ဒါမှမဟုတ်ရင် နောက်တစ်ယောက် ထပ်ရှာမလား။ ကျွန်တော်တို့တိုင်းပြည်ရဲ့ မင်းသမီးလေးကို ခင်ဗျား ဘယ်လိုသဘောရလဲ" နောက်ပိုင်းကျတော့ သူ့မိဘများ သူ့အတွက် ချန်ထားရစ်ခဲ့သည့် ကောလိပ်မှာ အထင်ကြီးဖို့ အကောင်းဆုံးအရာတစ်ခုဖြစ်ကြောင်း ကျန်းမုန့်လောင် သိရှိလိုက်ရတော့သည်။ တကယ်တော့ အကြီးအကဲခေါင်းဆောင်တစ်ယောက် ဖြစ်ရသည်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ရခြင်းထက်ပင် ပိုပျော်ဖို့ ကောင်းသေးသည်။

