← Chapters

ငါက သံမဏိလူသားပဲ

Vol. 22 Ch. 316

ငါက သံမဏိလူသားပဲ

Vol. 22 Ch. 316

"သူ့ကိုထိန်းချုပ်လိုက်! သူ့ကိုသတ်ပစ်လေ!"

"အခုပစ်လိုက်တော့။ အခုချက်ချင်းပစ်လေ"

"သေစမ်းကွာ။ ဒါက ဘယ်လိုအမှိုက်ဂိမ်းမျိုးလဲ။ ဟွာရှားအသင်းက နှစ်တိုင်းပိုပိုဆိုးလာတယ်။ ဒေါ်လာတစ်သောင်းအသာရထားတဲ့ အခြေအနေကနေ ဘယ်လိုလုပ်ပြီး ပြောင်းပြန်ဖြစ်သွားရတာလဲ?"

ကျန်းမုန့်လောင်မှာ ဒေါသထွက်လွန်းသောကြောင့် တီဗီရီမုကွန်ထရိုးကို ကြမ်းပြင်ပေါ်ပစ်ချမိမတတ်ပင်။

"မစ္စတာကျန်း ဘာလို့များ ဒီလောက်တောင်ဒေါသထွက်နေတာလဲ"

ဟုန်းရီက စာရွက်စာတမ်းအထပ်လိုက်ကိုင်လျက် အနားသို့ ချဉ်းကပ်လာရင်း မေးလိုက်လေသည်။

"ညံ့လိုက်တဲ့ ဒီအသင်းကြောင့်လေ"

ကျန်းမုန့်လောင်ကလည်း ဒေါသတကြီး ပြောလိုက်လေသည်။

"ပြည်တွင်းတိုက်ပွဲတွေမှာဆိုရင် ကျားပဲ။ နိုင်ငံတကာပွဲစဉ်တွေကို ရောက်သွားရင် လုံးလုံးခွေးဖြစ်တော့တာ"

"မစ္စတာကျန်း..ကိုယ်ပိုင်အသင်းတစ်သင်းဖွဲ့လိုက်ပါလား"

ဟုန်းရီက ပြုံးလိုက်သည်။

"မစ္စတာဝမ်လင်နဲ့အတူ Esportsအိုလံပစ်တစ်ခု ဖန်တီးမယ်ဆိုပြီး ပြောခဲ့တယ်မဟုတ်လား"

"ဝမ်လင်က အဖွဲ့ဝင်တွေစုနေပြီ။ နောက်လကျရင် အဆင်သင့်ဖြစ်တော့မှာ"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။

"မစ္စတာကျန်း..ကျွန်မမှာ ရှင့်ကို ပိုဒေါသထွက်စေလောက်မဲ့ သတင်းတစ်ခုရှိပါတယ်"

"Esportsလောကမှာ အရည်အချင်းမရှိတာက သေသင့်တဲ့အပြစ်ပဲလေ။ ဒီထက်ပိုဒေါသထွက်စရာဘာရှိမှာလဲ"

ကျန်းမုန့်လောင် ထိုသို့ ပြန်ပြောလိုက်၏။

"တစ်ယောက်ယောက်က ရှင့်ကိုလုပ်ကြံချင်နေပါတယ်"

"သောက်ကျိုးနည်း"

ကျန်းမုန့်လောင် တကယ်ပင် အော်ရယ်မိသည်။

"ဘယ်သူကများ ငါ့ကိုသတ်ချင်ရလောက်တဲ့အထိ သတ္တိရှိနေတာလဲ။ သူ ဘယ်လောက်ပေးထားတာလဲ။ အမေရိကန်ဒေါ်လာတစ်ထရီလီယံအောက် လျော့ရင်တော့ ငါတော်တော်စိတ်တိုမိမှာပဲ"

ဥရောပတွင် ဖြစ်ခဲ့သည့်ဖြစ်စဉ်က အချိန်အတော်ကြာပြီဆိုသော်ငြား ကျန်းမုန့်လောင်၏ မှတ်ဉာဏ်ထဲတွင် ထင်ထင်ရှားရှားရှိနေဆဲပင်။ ယဲ့ရင်ရဲ့ခွန်အားကြောင့် သူသည် ထိုကဲ့သို့သောအရာများကို မကြောက်တော့သလောက် ဖြစ်သွားလေပြီ။

ထို့ပြင် ကျန်းမုန့်လောင်က ယခင်ကလို မဟုတ်တော့ပေ။ ယခုဆိုလျှင် သူ့ခွန်အားက အဆင့်သုံးသန္ဓေပြောင်းလူသားနှင့် ယှဉ်နိုင်လောက်သည်အထိဖြစ်လာပြီး "ယွမ်တစ်ကျော့ပြန်သိုင်း"ကို စတင်လေ့ကျင့်နေသည်မှာလည်း သုံးရက်သာ ရှိသေးသည်။

"ကိုင်ဘွန်လူမျိုးတစ်ယောက်ပါ"

ဟုန်းရီက ဆိုလာလေသည်။

"လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့တစ်ခုပါပဲ။ ဒါပေမဲ့ နည်းနည်းကွဲပြားတာက သူတို့တွေက တရားဝင်စိတ်စွမ်းအားရှင်အဖွဲ့အစည်းတွေဆီက ကျောထောက်နောက်ခံနည်းနည်းရထားပါတယ်။ သူတို့ရဲ့လက်ခွဲအေဂျင်စီလိုမျိုးပေါ့"

"ရူဇိုအီချီရိုလား"

ကျန်းမုန့်လောင် မေးလိုက်သည်။

"ဟုတ်ပါတယ်။ ဒါက အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ပါ။ ရှင် ကြည့်ချင်လိမ့်မယ်ထင်လို့လေ"

ဟုန်းရီက ထိုစာရွက်စာတမ်းများကို ကျန်းမုန့်လောင်ထံ ပေးလိုက်သည်။

"ပစိဖိတ်သမုဒ္ဒရာရဲ့အနောက်မြောက်ဘက်မှာ လျှို့ဝှက်အခြေစိုက်စခန်းတစ်ခုရှိတယ်။ စုစုပေါင်းအယောက်၃၀၀ရှိပြီး သာမန်ထောက်ပံ့ပို့ဆောင်ရေးဝန်ထမ်းအယောက်ငါးဆယ်၊ အဆင့်မြင့်လူသားနင်ဂျာအယောက်၂၅၀၊ စွမ်းအင်အဆင့်သုံးဝန်းကျင်ခွန်အားရှိတဲ့ ဂျန်နင်အယောက်၂၀၀၊ စွမ်းအင်အဆင့်လေးကနေငါးအထိရှိတဲ့ ချူနင်အယောက်၅၀တို့ ပါဝင်တယ်"

"နင်ဂျာဌာနရဲ့ ချူနင်အဖွဲ့ခေါင်းဆောင်ရူဇိုအီချီရိုက ချူနင်ခွန်အားနဲ့ စွမ်းအင်အဆင့်ခြောက်ရှိတယ်"

ကျန်းမုန့်လောင်က စာရွက်စာတမ်းကို ကြည့်လိုက်ပြီးနောက် ထိုအဖွဲ့အစည်းနှင့်ပတ်သက်သည့် အကြမ်းဖျင်းအချက်အလက်များကို သိလိုက်ရသည်။

"မစ္စတာကျန်း..ကမ္ဘာတစ်ဝှမ်းမှာ ဒီလိုအဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ သူတို့ထဲကတစ်စိတ်တစ်ပိုင်းကတော့ သာမန်အရပ်သားအဖွဲ့အစည်းတွေဖြစ်ပြီး အများစုက အစွန့်ရောက်ဘဝမှာ ရှင်သန်နေကြပြီး သူတို့ရဲ့တာဝန်ဝတ္တရားတွေကလည်း သာမန်ကြေးစားတွေနဲ့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းတွေထက် ပိုမြင့်ပါတယ်။ အထင်ကရပုဂ္ဂိုလ်တွေကို လုပ်ကြံသတ်ဖြတ်တာတို့ ပြည်တွင်းစစ်တွေဖြစ်အောင် လှုံ့ဆော်တာတို့ လုပ်ကြပါတယ်"

ဟုန်းရီက ရှင်းပြလာသည်။

"နောက်တစ်စိတ်တစ်ပိုင်းကတော့ နိုင်ငံပိုင်အဖွဲ့အစည်းတွေ ဒါမှမဟုတ် တစ်ဦးချင်းစီရဲ့စွမ်းအားတွေ အရမ်းသန်မာကြတဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေပါပဲ။ ဥရောပမှာတုန်း ရှင်တွေ့ခဲ့တဲ့လူတွေလိုပေါ့"

"သူတို့ရဲ့ဖွဲ့စည်းပုံက ဘယ်လိုရှိလဲ"

ကျန်းမုန့်လောင် မေးခွန်းထုတ်လိုက်၏။

"တစ်ဖက်က ချူနင်နှစ်ယောက်နဲ့ ဂျန်နင်ဆယ်ယောက်ကို ပြင်ဆင်ထားပါတယ်။ မနက်ဖြန် ရှင် ကျန်းနန်မြို့ကိုပြန်မဲ့လမ်းမှာ လုပ်ကြံဖို့စီစဉ်ထားတယ်တဲ့။ ဒီညမှာတင် သူတို့ရဲ့ရေကြောင်းသွားလာရေးကိရိယာတွေကိုသုံးပြီး ပေါင်ထောင်စီရင်စုထဲကို ထိုးဖောက်လာကြမှာပါ"

ဟုန်းရီက ခွန်းတုံ့ပြန်လိုက်ချေသည်။

"မစ္စတာကျန်း.. ဒီအဖွဲ့အစည်းကိုကိုင်တွယ်ဖို့အတွက် လူတစ်ယောက်လောက် စီစဉ်ပေးရမလား"

"မလိုဘူး။ ဒီကိစ္စကို ငါကိုယ်တိုင်ဖြေရှင်းမယ်"

ကျန်းမုန့်လောင် ပြောလိုက်လေသည်။

"ရှင်ဆိုလိုချင်တာက.."

"ငါနဲ့အတူ ယဲ့ရင်ရှိနေတာပဲ။ မင်း စိတ်မချလို့လား"

ကျန်းမုန့်လောင်က ပြုံး၏။

"အမှန်ပါပဲ"

ဟုန်းရီလည်း ရယ်ကျဲကျဲလုပ်၍ ခေါင်းညိတ်ပြသည်။

ယဲ့ရင်ရှိနေလျှင် ကျန်းမုန့်လောင်၏ လုံခြုံရေးကိုလည်း လုံးဝစိတ်ချရပြီဖြစ်၏။

"အမြဲတမ်း ဒီလိုမျိုးနှောင့်ယှက်ခံနေရတာက အဖြေမဟုတ်ဘူး။ ဒီတစ်ခေါက် တန်ပြန်တိုက်ခိုက်ဖို့ အချိန်ကျပြီ"

ကျန်းမုန့်လောင်က ကျီစယ်လိုဟန်လှောင်ပြုံးတစ်ခုကို ဆင်မြန်းလိုက်ချေသည်။

"ဟက်.. ငါ ရုတ်တရက်ကြီး ခပ်ဆိုးဆိုးအကြံတစ်ခု ရလိုက်ပြီ"

...

"ဆရာတိုနီ ဆရာတိုနီ"

ကျန်းမုန့်လောင်က လျှို့ဝှက်နေရာလေးတစ်ခုကို ရှာပြီး ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲသို့ ဝင်သွားလိုက်၏။

"ကျောင်းအုပ်ကြီး ဘာများလုပ်ပေးရမလဲ"

တိုနီကလည်း စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် တောက်တောက်ပပပြုံးလျက် ကျန်းမုန့်လောင်ရှေ့တွင် ပေါ်လာလေသည်။

ပြီးခဲ့သည့်တစ်ခေါက်က ကျန်းမုန့်လောင် ချက်ပြုတ်ရေးပါရမီရှင်တစ်ယောက်ကို ဆင့်ခေါ်ပြီး မျိုးစေ့တချို့နှင့် တိရစ္ဆာန်ပေါက်လေးများကို ထားရစ်ပေးခဲ့လေရာ ရက်အနည်းငယ်အတွင်းမှာပင် စွမ်းအင်များပြည့်ဝနေသော ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲ၌ နွားများနှင့် သိုးများမှာ နေရာတိုင်းတွင် ပြည့်နှက်နေလေတော့သည်။ သူ၏အံ့မခန်းချက်ပြုတ်ရေးစွမ်းရည်က အမျိုးမျိုးသောအရာများကို အရသာရှိသည့် အစားအသောက်များအဖြစ် ပြောင်းလဲပေးနိုင်လေရာ ထိုဆရာများမှာလည်း သက်သောင့်သက်သာရှိသောဘဝကို ပထမဆုံးအကြိမ်အဖြစ် ခံစားနေကြရသည်။

"ဆရာတိုနီ.. ကျွန်တော့်ကို ခင်ဗျားရဲ့သံချပ်ကာလေး ခဏလောက်ငှားပေးပါ"

ကျန်းမုန့်လောင် သတိရလိုက်သည်။ သူ့တွင် စွမ်းအားအမှတ်လုံလုံလောက်လောက်ရှိနေသရွေ့ ကျောင်းတော်ထဲမှ ပစ္စည်းများကို အပြင်ယူထုတ်သွားလည်းရသည်ဟု ကောထန် ပြောထားဖူးသည်။

သူသည် ယခင်ကထက် ပိုသန်မာလာပြီဆိုသော်ငြား အတွေ့အကြုံရှိပြီးသား အဆင့်မင့်လူသားနင်ဂျာများနှင့် ယှဉ်လျှင်မူ အနည်းငယ်လိုအပ်နေဆဲသာ။ ယဲ့ရင်ကို အရေးယူခိုင်းရခြင်းမှာ စိတ်အာသာကို မပြေပျောက်စေသော်ငြား ထိုတာဝန်အတွက် သံမဏိလူသားဝတ်စုံကို ငှားလိုက်မည်ဆိုလျှင် စိတ်လှုပ်ရှားဖို့ မကောင်းလေဘူးလား။

နည်းပညာပိုင်းဆိုင်ရာလက်နက်များကို ထိုသန္ဓေပြောင်းများနှင့် အဆင့်မြင့်လူသားများထံတွင် အသုံးပြုမည်ဆိုပါက ထောပတ်ကို ဓားနဲ့လှီးချလိုက်သလို ဖြစ်နေမည်မဟုတ်လား။ နတ်ဘုရားနှင့်ပင်နှိုင်းယှဉ်နိုင်သော လူသားကိုယ်ထည်ဆိုသည်မှာ ကြွားဝါခြင်းသက်သက်မဟုတ်ပေ။

"ကျောင်းအုပ်ကြီးက ဘယ်အစုံကိုလိုချင်တာလဲ။ တစ်စုံချင်းစီအတွက် ဈေးနှုန်းက မတူပါဘူး"

ဆရာတိုနီက မရိုးဖြောင့်သော ပွဲစားတစ်ယောက်အလား ပြုံးလိုက်လေသည်။

"Mark50အတွက်ဆိုရင် စွမ်းအားအမှတ်ဘယ်လောက်ပေးရမလဲ"

ကျန်းမုန့်လောင် မေးလိုက်လေသည်။

"ဒီတစ်စုံက ဈေးမပေါဘူး။ တစ်မိနစ်ချင်းစီအတွက် ငှားရမ်းခက စွမ်းအားအမှတ်တစ်သောင်း"

"သေစမ်း.. ဒါ ဓားပြတိုက်နေတာပဲ"

ကျန်းမုန့်လောင် အော်ဟစ်မိလေတော့သည်။ ယခုလောလောဆယ်တွင် သူ့ထံ၌ စွမ်းအားအမှတ်၁၁၂မှတ်သာရှိ၏။ သူ့အနေနှင့် တစ်စက္ကန့်စာပင် ငှားနိုင်မည်မဟုတ်။

ထို့ပြင် ဤငှားရမ်းမှုကို မိနစ်ဖြင့်တွက်ခြင်းဖြစ်လေရာ အမှန်စင်စစ် လိမ်လည်မှုတစ်ခုပင်။

"ကျောင်းအုပ်ကြီး Mark50ရဲ့စွမ်းအားက လက်ရှိကမ္ဘာမြေရဲ့သိပ္ပံနည်းပညာကို အခြေခံကြည့်မယ်ဆိုရင် မြို့ပေါင်းတော်တော်များများကို အလွယ်လေးဖျက်ဆီးပစ်လို့ရပါတယ်။ ဒီဈေးနှုန်းက ဈေးကြီးတယ်လို့တော့ သတ်မှတ်လို့မရပါဘူး"

တိုနီက အတင်းလုပ်ပြုံး၍ ဆိုလာလေသည်။

"ပြီးတော့ ဒီဈေးနှုန်းကို အရင်ကျောင်းအုပ်ကိုယ်တိုင် သတ်မှတ်ထားတာပါ။ ကျွန်တော်တို့ အဲဒါကို သွားဖီဆန်လို့မဖြစ်ဘူးလေ"

"အဓိပ္ပာယ်တော့ရှိသားပဲ"

ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်လေသည်။

"ဇာတ်ကြောင်းထဲမှာဆိုရင် Mark50က နတ်ဘုရားလိုသန်မာတဲ့ Thanosကိုတောင် ပွဲစဉ်ပေါင်းများစွာ ယှဉ်နိုင်စွမ်းရှိတယ်။ တစ်မိနစ်အတွက် စွမ်းအားအမှတ်တစ်သောင်းပေးရတာလည်း တကယ်တော့ ဈေးမကြီးပါဘူး"

"ဒီထက်ပိုဈေးပေါတာရှိလား"

"ကျောင်းအုပ်ကြီးမှာရှိတဲ့ လက်ရှိစွမ်းအားအမှတ်နဲ့ဆိုရင် Mark7ကိုငှားဖို့ အကြံပေးချင်ပါတယ်။ အဲဒါက တစ်မိနစ်ကို စွမ်းအားအမှတ်၁၀ပဲရှိတာ။ ဆယ်မိနစ်စာလောက်ဆိုရင် ကျောင်းအုပ်ကြီး တော်တော်များများလုပ်လို့ရပါပြီ"

"Avengers 1ထဲက နျူကလီးယားဗုံးကို ရင်ဆိုင်ခဲ့တဲ့ Mark7လား"

ထိုMark7က Thorနှင့်ပင် ယှဉ်တိုက်ခဲ့ကြောင်း ကျန်းမုန့်လောင် သတိရလိုက်သည်။

"အသေးစိတ်အချက်အလက်တွေကို ပြပေး"

ကျန်းမုန့်လောင် ထိုသို့ပြောလိုက်၏။

သံချပ်ကာမော်ဒယ်လ် : Mark7

အမြင့် : ၁.၉၈မီတာ

အလေးချိန် : ပေါင်၃၀၀

တပ်ဆင်မှု : လေဆာလမ်းညွှန်ခြေရာခံအသုံးချခြင်း

အမြင့်ဆုံးပျံသန်းနှုန်း : Mach 40

ကျည်ခဲယမ်းပမာဏ : မိုက်ခရိုဒုံးလက်နက်၊ အစင်း၃၀

လက်နက် : လေဆာလက်၊ ကိရိယာကာကွယ်ရေးတံတောင်ဆစ်ဒုံးလက်နက်

အသုံးပြုရမည့်အခြေအနေ : စွမ်းအင်ခွန်အားအဆင့်သုံးအထက်

အသုံးပြုစရိတ် : တစ်မိနစ်လျှင် စွမ်းအားအမှတ်၁၀မှတ်

"ငါ့ရဲ့လက်ကျန်စွမ်းအားအမှတ်နဲ့ဆိုရင် ပျံသန်းနှုန်းMach30နဲ့ဆိုရင်တောင် ရတနာကျွန်းကနေ အဲဒီအခြေစိုက်စခန်းကိုပစ်ဖို့ သုံးမိနစ်ပဲ အချိန်ယူရမှာ။ အသွားအပြန်ဆိုရင် ၆မိနစ်၊ ကြွားဖို့အတွက်က ငါးမိနစ်..လောက်ပါတယ်"

ကျန်းမုန့်လောင် စိတ်ထဲမှာ ချက်ချင်းတွက်ချက်ကြည့်လိုက်သည်။

"ဆရာတိုနီ..ကျွန်တော် Mark7ကိုယူမယ်"

ကျန်းမုန့်လောင်‌က ပြော၏။

"လဲလှယ်မှုအောင်မြင်ပါတယ်"

"ဝှစ် ဝှစ် ဝှစ်"

အနီရောင်သတ္တုအပိုင်းအစများစွာက Starkကုမ္ပဏီအဆောက်အအုံမှ ပျံသန်းလာပြီးနောက် ကျန်းမုန့်လောင်၏ခန္ဓာကိုယ်ပေါ်တွင် ကျကျနနတပ်ဆင်ပြီးသားဖြစ်သွား၏။

"Mark7ကိုအသုံးပြုခြင်းအတွက် ကျေးဇူးတင်ပါတယ် ဆရာ..အခု ကျွန်တော်က အာရုံကြောဆက်သွယ်ရေးစနစ်ကတစ်ဆင့် လုပ်ဆောင်နည်းတွေကို သင်ပြပေးသွားမှာပါ"

Jarvis၏အသံက ကျန်းမုန့်လောင်၏နားထဲ ထွက်ပေါ်လာသည်။

"မိုက်လိုက်တာ"

ထိုအခိုက်အတန့်လေးမှာ ကျန်းမုန့်လောင်ခမျာ အာမေဋိတ်သံကလွဲ၍ အခြားဘာစကားမှ မပြောနိုင်တော့ပေ။

လျှပ်တစ်ပြက်အတွင်းမှာပင် လုပ်ဆောင်နည်းအားလုံးကို ကျန်းမုန့်လောင် နားလည်သွားသည်။

"ဘွန်း"

သံချပ်ကာက အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် ကောင်းကင်ထက်သို့ ဆန်တက်သွားလေတော့သည်။ အသံထက် သုံးဆပိုမြန်သော အရှိန်ကြောင့် ကျန်းမုန့်လောင်၏သွေးများ ဆောင့်တက်လာချေသည်။ ဤသည်မှာ ယောကျ်ားတစ်ယောက်၏ ဆန္ဒပင်တည်း။

"ငါက သံမဏိလူသားကွ"

ကျန်းမုန့်လောင် အံ့ဩခြင်းကြီးစွာဖြင့် အော်ဟစ်လိုက်သည်။

"Jarvis တည်နေရာသတ်မှတ်ပါ။ ငါက တည်နေရာနဲ့ပတ်သက်လာရင် တော်တော်ညံ့တာ"

ကျန်းမုန့်လောင် အမိန့်ပေးလိုက်၏။

"တည်နေရာသတ်မှတ်ပြီးပါပြီ။ ခန့်မှန်းခြေရောက်ရှိချိန်က ၃မိနစ်၉စက္ကန့်ပါ။ ချက်ချင်းထွက်ခွာတော့မလား"

"သွားကြစို့"

"ဘွန်း"

ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ပြတင်းပေါက်မှတစ်ဆင့် ကျန်းမုန့်လောင် ပျံတက်သွားပြီးနောက် မြူဖျော့ဖျော့အကြားရှိ ညကောင်းကင်ယံထက်သို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။

"သောက်ကျိုးနည်း"

ယဲ့ရင်က ခေါင်မိုးမှဖောက်ထွက်သွားသော အလင်းတန်းကို အကြောင်သားငေးကြည့်နေမိသည်။

"မစ္စတာကျန်းက ဘာလုပ်မလို့လဲဟ။ ဒါကြီးက တကယ်ကျောချမ်းစရာကြီး"

************

All Chapters