← Chapters

ငါက ကမ္ဘာ့အချမ်းသာဆုံးလူမဟုတ်ဘူးလား

Vol. 7 Ch. 94

ငါက ကမ္ဘာ့အချမ်းသာဆုံးလူမဟုတ်ဘူးလား

Vol. 7 Ch. 94

သူ့အခန်းဖော်၏ပြဿနာကို ဖြေရှင်းပေးပြီးနောက်မှာ ကျန်းမုန့်လောင် လုံးဝစိတ်အေးသွားရသည်။ အစကမူ လုရီယောင်ကိုတွေ့ရန်အတွက် သူ ကူစူးမြို့ကို ပြန်သွားရန် စီစဉ်ထားခဲ့သော်လည်း လုရီယောင်က သူ(မ)၏စာမေးပွဲများနှင့် မအားမလပ်ဖြစ်နေသောကြောင့် သူ(မ)ကို အားရုံမများစေချင်ပေ။

နေ့တိုင်းဖုန်းဆက်ဖို့ကတော့ မရှိမဖြစ်လိုအပ်ပေသည်။ သူတို့၏ဆက်ဆံရေးကလည်း ယခုလိုတွေ့ဆုံပြီးနောက် လျင်မြန်စွာတိုးတက်လာခဲ့သည်။

"ကောင်းပြီလေ။ ငါ ရေသွားချိုးလိုက်ဦးမယ်။ မနက်ဖြန်မနက်ကျရင် လူတွေ့ဂီတစာမေးပွဲတစ်ခုရှိတယ်။ နင်လည်း စောစောအိပ်သင့်တယ်နော်"

"သိပြီ။ စောစောနားလိုက်တော့"

ကျန်းမုန့်လောင်က ဗီဒီယိုကောခေါ်ဆိုမှုကို ချလိုက်ပြီး ဆိုဖာပေါ်တွင် ပျင်းတိပျင်းလျော့ဖြင့် အကြောဆန့်လိုက်သည်။ ထိုအချိန်မှာပင် ဝမ်လင်က သူ့ကို ဖုန်းခေါ်လာသည်။

"ဘော့စ်ကျန်း ရက်နည်းနည်းပဲရှိသေးတယ်။ မင်းကတော့ ကျန်းနန်မြို့ကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင် လုပ်လိုက်ပြီပဲ။ ငါတို့လိုသာမန်လူတွေအတွက်တော့ ဘေးကနေရပ်ကြည့်ရတာက တော်တော်ကိုမျက်စိပွင့်နားပွင့်တာပဲ"

ဖုန်း၏တစ်ဖက်ခြမ်းမှ ထေ့ငေါ့လေဟန် လေသံဖြင့် ဆိုလာချေသည်။

"မင်း ငါ့ကိုအပြစ်ပြောလို့ရလို့လား"

ကျန်းမုန့်လောင်ကလည်း ခွန်းတုံ့ပြန်လိုက်သည်။

"အဲ့ဒီရုရှားကောင်တွေက ငါတို့ဟွာရှားရဲ့ယဉ်ကျေးမှုနဲ့ စည်းလုံးမှုကို လာအထင်သေးနေမှတော့ ငါကလည်း ငါတို့ယဉ်ကျေးမှုက ဘယ်လောက်တောင်အံ့သြဖို့ကောင်းလဲဆိုတာ ပြလိုက်ရတာပေါ့"

"ဒါက ငါတို့ယဉ်ကျေးမှုကို ပြသရာမှမရောက်တာ။ သူတို့ကဖြင့် မင်းယူလာတဲ့ပန်းချီကားတွေကို မကြည့်လိုက်ရသေးခင်မှာတင် မောင်းထုတ်ခံလိုက်ရတာလေ"

"သူတို့နဲ့မတန်ဘူးလေ"

ကျန်းမုန့်လောင် ထေ့လုံးငေါ့လုံးဖြင့် ပြောလိုက်လေသည်။

"စကားမစပ် ဘော့စ်ဝမ်ရေ.. မင်း ဘာအကြောင်းမှမရှိဘဲ ဖုန်းမဆက်တတ်ပါဘူး။ ပြောစမ်းပါဦး။ မင်း ဘာလိုချင်လို့လဲ"

"ဟေး.. ငါက ညစာစားပြီးစကားစမြည်ပြောဖို့တောင် ဖုန်းဆက်ခေါ်လို့မရဘူးလား"

"ခွီး.. ငါက ရိုးသားနုံအတဲ့ ကောင်မလေးတစ်ယောက်မဟုတ်ဘူးနော်။ မင်းက ငါ့ကို ဘာလို့ ညစာစားဖို့ဖိတ်တာလဲ။ မပြောရင် ဖုန်းချလိုက်မှာနော်"

"ခဏနေဦး"

ဝမ်လင်လည်း ခပ်မြန်မြန်အော်ဟစ်တားဆီးလိုက်ရသည်။

"ကောင်းပြီ။ ငါ တကယ်ပဲ တစ်ခုခုလိုအပ်နေလို့"

"ဟားဟား ပြောလိုက်တော့"

ကျန်းမုန့်လောင်က ရယ်လိုက်မိလေတော့သည်။

"ဘာကိစ္စပဲဖြစ်ဖြစ် မြန်မြန်ပြော"

"ငါ ပိုက်ဆံနည်းနည်းလောက်ချေးချင်လို့"

"ပိုက်ဆံချေးမလို့လား။ လူချမ်းသာမျိုးဆက် ဝမ်သခင်လေးက ငါ့ဆီက ပိုက်ဆံချေးမလို့ပေါ့"

ကျန်းမုန့်လောင် အံ့အားသင့်သွားရသည်။

"မင်း အမှားတစ်ခုခုလုပ်မိလို့ မင်းအဖေက မင်းကို ကန်ထုတ်လိုက်တာလား"

"ပေါက်ကရတွေမပြောစမ်းပါနဲ့ကွာ"

ဝမ်လင်က စိတ်တိုတိုဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

"ဒီနှစ် ကပ်ရောဂါက ဘယ်လောက်ပြင်းထန်လဲဆိုတာ မင်းလည်းသိတာပဲ။ ရုပ်ရှင်လုပ်ငန်းဘက်မှာ တော်တော်အထိအခိုက်များတော့ ဒီနိုင်ငံထဲမှာ အကြီးဆုံးရုပ်ရှင်လုပ်ငန်းဖြစ်တဲ့ ငါတို့မိသားစုရဲ့ရုပ်ရှင်ကုမ္ပဏီကလည်း တော်တော်အထိနာခဲ့ရတယ်လေ"

"အဲ့ဒါနဲ့ ငါ့ဆီကပိုက်ဆံချေးတာက ဘာဆိုင်လို့လဲ"

ကျန်းမုန့်လောင်က မေးခွန်းထုတ်လိုက်သည်။

"ဝင်ငွေစီးဆင်းမှုပြဿနာကြောင့်ဆိုရင် ငါ မင်းတို့ဝမ်တာ့ရုပ်ရှင်လုပ်ငန်းရဲ့ရှယ်ယာတွေကို ဝယ်ပစ်လို့ရတယ်နော်။ ဒါမှမဟုတ်လည်း လုပ်ငန်းတစ်ခုလုံးကို ဝယ်ပစ်လိုက်မယ်"

"ဘော့စ်ကျန်းရေ မစ္စတာကျန်းရေ ကျွန်တော့်ကိုတော့ အလွတ်ပေးပါဗျာ။ ကျွန်တော့်မှာ အခုတောင် တော်တော်အဖြစ်ဆိုးနေပါပြီ"

ရှယ်ယာများကို ဝယ်မည်ဟုစကားစလာသော ကျန်းမုန့်လောင်ကြောင့် ဝမ်လင် သေလောက်အောင်လန့်သွားသည်။

"ဝမ်တာ့ရုပ်ရှင်လုပ်ငန်းက အခု ငါ့လက်အောက်ရောက်နေပြီ။ မင်းသာ ဝယ်ပစ်လိုက်မယ်ဆိုရင် ငါ့ကိိုတော့ ငါ့အဖေက အရိုးတစ်ခြားအသားတစ်ခြားဖြစ်အောင် လုပ်လိမ့်မယ်"

"ဒါဆို မင်းက ဘာအတွက် ပိုက်ဆံလိုနေတာလဲ"

"ရုပ်ရှင်တစ်ကားရိုက်ဖို့ပေါ့"

ဝမ်လင်က ထိုသို့နှယ်ကြေညာလိုက်သည်။

"ရုပ်ရှင်လုပ်ငန်းရဲ့အခြေအနေက တိုးတက်စပြုနေပြီဆိုပေမဲ့ ရုပ်ရှင်ကောင်းတွေတော့ ထွက်မလာသေးဘူး။ ငါသာ အခုနေ ဝက်ဝက်ကွဲပေါက်မဲ့ကားတစ်ကားလောက် ရိုက်ပစ်လိုက်ရင် ရုပ်ရှင်လောကတစ်ခုလုံးအပေါ် သက်ရောက်မှုတစ်ခုရှိသွားမှာပဲလေ"

"မင်းက အဲ့လိုထင်တယ်ပေါ့"

ကျန်းမုန့်လောင်ကလည်း သရော်လိုက်လေသည်။

"မင်း ဘယ်လိုရုပ်ရှင်မျိုးရိုက်မှာလဲ။ လူကြီးရုပ်ရှင်လား။ ဒါဆို မင်း တခြားနိုင်ငံကိုသွားပြီး သရုပ်ဆောင်တွေရှာရလိမ့်မယ်။ ငါ မင်းကို အကြံပေးချင်တဲ့လူတချို့ရှိတယ်။ မိုမိုတာနီအယ်ရစ်ကာတို့ အိုဟာရှီမီခုတို့ အာဆူကာတွန်မောရိုးတို့ မိုမိုနိုဂီကာနာတို့ဆိုရင် မင်းအတွက် ကွက်တိပဲ"

"သောက်ကျိုးနည်း ငါမင်းကိုပြောမယ်။ ဆရာမိုမိုတာနီရဲ့လက်ရာတွေက တကယ့်ဂန္တဝင်လက်ရာတွေကွ"

"ဟားဟား အမှန်ပဲ"

တဏှာရူးနှစ်ကောင်သည် စိတ်ဝင်စားမှုချင်းတူညီနေကြသည့်အတွက် စကားလမ်းကြောင်းကလည်း ရုတ်ခြည်းဆိုသလို ပေါက်ကရစကားများအဖြစ်သို့ ပြောင်းလဲသွားသည်။

"အဟမ်း အဟမ်း လုပ်ငန်းအကြောင်းပြောကြစို့"

ဝမ်လင်က လည်ချောင်းရှင်းလိုက်သည်။

"ငါ မကြာသေးခင်ကမှ ထိပ်တန်းအဆင့်သိပ္ပံရုပ်ရှင်တချို့ကို ရိုက်ကူးခွင့်ရထားတယ်"

"ဝတ္ထုလား animeလား"

"လျူရဲ့'ခန္ဓာသုံးကိုယ်'လေ"

ဝမ်လင်က စကားပြောရင်း စိတ်လှုပ်ရှားလာဟန်ပင်။

"ဒီလက်ရာက ဂန္တဝင်လက်ရာတွေထဲက ဂန္တဝင်အဆန်ဆုံးလက်ရာပဲ။ ကောင်းကောင်းရိုက်ကူးနိုင်ရင် 'ဟယ်ရီပေါ်တာ'လို ကမ္ဘာကျော်ရုပ်ရှင်ကြီးတစ်ခုနဲ့တောင် ယှဉ်နိုင်လောက်တယ်"

ကျန်းမုန့်လောင်က ဤလက်ရာကို အထက်တန်းကျောင်းသားဘဝတုန်းက ဖတ်ထားခဲ့ပြီးဖြစ်လေရာ ပြည်တွင်းသိပ္ပံဝတ္ထုများထဲမှ အကောင်းဆုံးလက်ရာဖြစ်သည့်အချက်ကိုမူ မငြင်းဆန်နိုင်ပေ။ ထိုဝတ္ထုကို ရုပ်ရှင်အဖြစ် ပြောင်းလဲခြင်းမှာ စင်စစ်မျှော်လင့်တောင့်တခဲ့ရသော အရာတစ်ခုပင်။

"အဲ့ဒီမူပိုင်ခွင့်တွေက တော်တော်ဈေးကြီးမှာပဲနော်"

ထိုမေးခွန်းကြောင့် ဝမ်လင်၏မျက်နှာကား နာကျင့်မှုကြောင့် ရှုံ့တွသွားချေသည်။

"အဲ့ဒီစီးရီးတစ်ခုလုံးကို ပြန်ရိုက်ဖို့အတွက် မူပိုင်ခွင့်ယူတာ သန်းနှစ်ဆယ်ပေးရတယ်"

"တော်တော်ဈေးပေါတာပဲ"

"ငါ မင်းဆီကို အခုချက်ချင်းကားမောင်းပြီး ရောက်ချလာတော့မယ်ဆိုရင် ယုံလား"

ကျန်းမုန့်လောင်၏ မသတီစရာကောင်းသော လေသံကိုကြားလိုက်ရသည့်အခါ ဝမ်လင် မခံချိမခံသာဖြစ်သွားရသည်။ ကျန်းမုန့်လောင်အတွက်မူ သန်းနှစ်ဆယ်ဆိုသည်မှာ သိပ်မများလှပေ။ သို့သော် သူသည် လူသားတစ်ယောက်ပင်မဟုတ်။ လူထူးဆန်းတစ်ယောက်ဖြစ်၏။

ဝမ်လင်တွင် ဒေါ်လာတစ်ဘီလီလံကျော် ပိုင်ဆိုင်မှုရှိသော်လည်း အများစုက ပုံသေပိုင်ဆိုင်မှုများသာ ဖြစ်ကြောင်း သိထားဖို့လိုပေလိမ့်မည်။ ရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများကမူ ငွေသားသန်းခုနစ်ဆယ်ရှစ်ဆယ်လေောက်ရှိလျှင်ပင် အလွန်အခြေအနေကောင်းနေပြီဖြစ်၏။

ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့ ပထမဆုံးအကြိမ်တွေ့ဆုံစဉ်က ထိုLamborghiniကိုဝယ်ဖို့အတွက် သူ့မှာ ပိုက်ဆံကို ရင်နာနာဖြင့်ထုတ်ထားရခြင်းဖြစ်သည်။

"မင်းသိလား။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါ အဲ့ဒီကားကိုဝယ်မလို့လုပ်တုန်းက ဒေဝါလီခံရတော့မလို့။ အခု ငါ့မှာ ရွှေ့ပြောင်းနိုင်တဲ့ပိုင်ဆိုင်မှု သန်းငါးဆယ်ပဲကျန်တော့တယ်။ ငါ အကြီးအကဲလျူနဲ့လည်း ဆွေးနွေးကြည့်ပြီးပြီ။ သိပ္ပံရုပ်ရှင်တစ်ကားရိုက်ဖို့အတွက် အကောင်းဆုံးရိုက်ကွင်းနောက်ခံတွေ လိုချင်တယ်ဆိုရင် ပြည်တွင်းက အထူးသက်ရောက်မှုအဖွဲ့တွေကိုသုံးမယ်ဆိုရင်တောင် သန်းသုံးရာကျော်ကုန်မှာတဲ့"

"ပြီးတော့ သရုပ်ဆောင်တွေ ရိုက်ကွင်းအထောက်အကူပစ္စည်းတွေနဲ့ တခြားကုန်ကျစရိတ်တွေကိုပါ ပေါင်းလိုက်ရ၍် သန်းငါးရာဝန်းကျင်လောက်လိုမှာ"

"ဒီတော့ မင်းက ငါ့ဆီက ရင်းနှီးမြှုပ်နှံမှုလိုချင်လို့လာခဲ့တာပေါ့"

"ပေါက်ကရတွေတော်လိုက်တော့။ မင်း ငါ့ကို ကူညီမှာလား မကူညီဘူးလား"

"ငါ မင်းကို တစ်ဘီလီယံပေးမယ်"

ကျန်းမုန့်လောင်ကဖြင့် သူ့ပိုက်ဆံများကို ကုန်အောင်မသုံးနိုင်မည်ကို စိုးရိမ်နေခြင်းပင်။

"မလောက်သေးရင် နောက်ပိုင်း ငါ ထပ်ဖြည့်ပေးမယ်"

တကယ်တမ်းတွင် ထိုပိုက်ဆံများကို အကုန်သုံးပစ်လိုပါက လုပ်ငန်းစုကြီးများကို အသာလေးဝယ်လိုက်ရုံပင်။ သို့သော် ဘယ်လုပ်ငန်းစုကြီးများကမှ သူ့ကို အမှားလုပ်ထားခြင်းမရှိသောကြောင့် အတင်းအကျပ်ဝယ်ယူလိုက်လျှင်လည်း မှန်ကန်သင့်တော်မှုမရှိချေ။ သို့သော် ပုံမှန်နည်းလမ်းဖြင့် ပိုက်ဆံသုံးခြင်းကလည်း အလွန်နှေးကွေးလွန်းသည်။ သတိလက်လွတ်ရင်းနှီးမြှုပ်နှံခြင်းကလည်း လှူဒါန်းလိုက်ရသလို ခံစားရသည်ဖြစ်ရာ စင်စစ်မွန်းကြပ်ဖွယ်ကောင်းလှသည်။

"ငါကြားချင်တာလည်း အဲ့ဒါပဲ။ ငါ မင်းကိုယုံကြည်မိတာ မမှားမှန်း သိနေတယ်လေ"

ဝမ်လင်ခမျာ ချက်ချင်းဆိုသလို စိတ်ပေါ့သွားသည်။

"box officeအမြတ်ငွေခွဲဖို့အတွက်ကတော့ ငါတို့တစ်ယောက်ချင်းစီရဲ့ရင်းနှီးမြှုပ်နှံငွေပမာဏကိုပဲ အခြေခံကြည့်ကြတာပေါ့"

"မဖြစ်နိုင်တာ။ မင်း ငါ့ကို box officeရှယ်ယာပေးမယ်ဆိုရင် ငါ ရင်းနှီးမြှုပ်နှံမှုမလုပ်တော့ဘူး"

ကျန်းမုန့်လောင်က ထိုသို့နှယ်ပြောလိုက်လေသည်။

"ဘာ.. မင်းက အလှူလုပ်နေတာလား"

ဝမ်လင် အံ့အားသင့်သွားရသော်လည်း ကျောက်မျက်လောင်းကစားပွဲတုန်းက အဖြစ်အပျက်ကို ရုတ်တရက်ပြန်သတိရလိုက်မိပြီး ပြောလက်စစကားကို ပြန်မျိုချလိုက်သည်။

"အလှူလုပ်နေတာတော့မဟုတ်ပါဘူး။ အဲ့ဒါကို အများဆုံးရှိလှ ဆင်းရဲမှုလျှော့ချရေးလို့ သဘောထားလိုက်ပေါ့"

"လူယုတ်မာကောင်"

ကျန်းမုန့်လောင် စနောက်နေမှန်း သိနေသည့်တိုင် ဝမ်လင်ကတော့ သူ့ကို ရိုက်ပစ်ချင်နေမိဆဲသာ။ မည်သို့ပင်ဖြစ်စေ ဝမ်လင်ဆိုသည်မှာ ထိပ်တန်းလူချမ်းသာအမွေခံတစ်ယောက်မဟုတ်ပါလား။ ယခုမူ တစ်စုံတစ်ယောက်က သူ့အရှေ့မှာ ဆင်းရဲမှုလျှော့ချရေးဟု ဆိုလာချေသည်။

"အပြောတွေတော်လိုက်တော့။ မနက်ဖြန်မနက်၁၁နာရီခွဲကျရင် ငါ မင်းကို ဖီကိုဟိုတယ်မှာ နေ့လယ်စာလိုက်ကျွေးမယ်။ ငါတို့ရဲ့ရိုက်ကူးရေးအစီအစဉ်တွေကို ဆွေးနွေးလို့ရတာပေါ့"

"ကောင်းပြီလေ။ ဒါပေမဲ့ ဒီတစ်ဘီလီယံတန်နေ့လယ်စာအတွက် မင်း ငါ့ကိို ကောင်းကောင်းပြုစုမှဖြစ်မှာနော်"

"ဟားဟား ဒါပေါ့"

...

နောက်တစ်နေ့နေ့လယ်ခင်းတွင် ကျန်းမုန့်လောင်သည် ဖီကိုဟိုတယ်သို့ ချိန်းဆိုထားသောအချိန်ထက် နာရီဝက်ကြိုရောက်နေသည်။ ဤဟိုတယ်သည် သာမန်နေ့လယ်စာတစ်နပ်ကပင် ဒေါ်လာထောင်ဂဏန်းကျသင့်သော အဆင့်မြင့်ဟိုတယ်တစ်ခုဖြစ်၏။

"ဟမ်..ထူးဆန်းလိုက်တာ။ ဘာလို့လူတွေအုံနေတာလဲ"

ကျန်းမုန့်လောင် ဟိုတယ်ထဲသို့လျှောက်ဝင်လာလိုက်ချိန်ဝယ် မူမမှန်သောလေထုတစ်ခုကို ခံစားမိလိုက်သည်။

ယုတ္တိရှိရှိပြောရပါလျှင် ယခုအချိန်မှာ ပွဲတော်ကာလမဟုတ်ပေ။ ကျန်းနန်မြို့တွင် လူချမ်းသာပေါသော်လည်း ယခုလိုအဆင့်မြင့်ဟိုတယ်တစ်ခုတွင် လူအုံနေစရာအကြောင်းမရှိချေ။ အထူးဆန်းဆုံးမှာ ယနေ့ နာမည်ကြီးတစ်စုံတစ်ယောက်ရောက်အလာကို စောင့်ဆိုင်းနေသည့်အလား လူတိုင်း၏အကြည့်က ဟိုတယ်၏ပင်မဝင်ပေါက်ဆီသို့ တစ်ညီတစ်ညာတည်း စုရုံရောက်ရှိနေခြင်းပင်။

"ဘာတွေဖြစ်နေတာလဲ"

ကျန်းမုန့်လောင်က ဝမ်လင်၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး ပြောလိုက်သည်။ ဝမ်လင်က ထိုနေရာတွင် ကြိုရောက်နှင့်နေခြင်းပင်။

"ငါ့ကိုကြိုဆိုဖို့အတွက် မင်း ဒီလူတွေကိုခေါ်ထားတာတော့ မဟုတ်ဘူးမလား"

"မင်းကိုကြိုဆိုရမှာတဲ့လား သောက်ပေါက်ကရ"

ဝမ်လင်ခမျာ မယဉ်ကျေးနိုင်တော့ပေ။

"ငါတို့ ဒီနေ့ ပွဲအကြီးကြီးတစ်ခုနဲ့တိုးတာကွ"

"ဘာပွဲလဲ"

ကျန်းမုန့်လောင်သည် သိချင်စိတ်ဖြင့် မေးခွန်းထုတ်လိုက်သည်။

"သောက်ကျိုးနည်း.. မင်း ဝေးပေါ်ကိုတောင် ဝယ်ထားပြီးပြီကို။ ဒီလိုရေပန်းစားနေတဲ့အကြောင်းအရာကိုတောင် မသိဘူးလား"

"ငါနဲ့မဆိုင်သရွေ့ ဘာဂရုစိုက်နေရမှာလဲ"

သို့တိုင် သိချင်စိတ်တဖွားဖွားဖြစ်နေသည့် ကျန်းမုန့်လောင်က သူ့ဖုန်းကို ထုတ်ယူလိုက်သည်။

"စတော့ရှယ်ယာနတ်ဘုရား Warren Buffettနဲ့အတူ နေ့လယ်စာစားခွင့်ရလိုက်တဲ့လူကို မင်းသိတယ်မလား"

"ငါ အဲ့ဒီအကြောင်းကြားတယ်။ တစ်နပ်စာလေးအတွက်နဲ့တောင် ဒေါ်လာသန်းပေါင်းများစွာကုန်ကျတာတဲ့"

"အမှန်ပဲ။ ဒီလူတွေက သူတို့ကိုယ်သူတို့ တအားတွေအထင်ကြီးနေကြတာလားတော့ ငါမသိဘူး။ ဒါပေမဲ့ သူတို့တွေအကုန်လုံးက သူ့ကို လိုက်အတုခိုးနေကြတာ"

ဝမ်လင်က လှောင်ပြောင်သရော်ဟန်အပြည့်ဖြင့် ပြောလိုက်လေသည်။

"ကမ္ဘာ့အချမ်းသာလုံးလူတောင်မှ သူနဲ့အတူ နေ့လယ်စာစားခွင့်ရဖို့ ဒေါ်လာ၁၂သန်းနဲ့ ဈေးခေါ်ခဲ့တာ။ ဟွာရှားစွန့်ဦးလုပ်ငန်းရှင်တစ်ယောက်က အဲ့ဒါကိုဝယ်လိုက်တာလေ။ အဲ့ဒီပွဲက ဒီစားသောက်ဆိုင်ရဲ့ဗီအိုင်ပီခန်းမမှာ ဒီနေ့လယ်လုပ်မှာတဲ့"

"ကမ္ဘာ့အချမ်းသာလူတဲ့လား"

ကျန်းမုန့်လောင် ကြောင်အသွားရလေသည်။

"ကမ္ဘာ့အချမ်းသာဆုံးလူက ငါမဟုတ်ဘူးလား။ ငါ ဘယ်တုန်းက အဲ့လိုမျိုးလုပ်ဖူးလို့လဲ"

......

All Chapters