← Chapters

ဒီနေရာမှာ သရီးဆမ်းဝန်ဆောင်မှုရတယ်များထင်နေတာလား

Vol. 10 Ch. 149

ဒီနေရာမှာ သရီးဆမ်းဝန်ဆောင်မှုရတယ်များထင်နေတာလား

Vol. 10 Ch. 149

"အား…လန်းသွားတာပဲ"

မှန်လုံအိမ်ထဲရှိ နေရောင်ခြည်ထဲတွင် နေပူဆာလှုံရင်း ရေခဲမုန့်စားကာ ထိပ်တန်းအဆင့်နှိပ်နယ်မှုကို ခံစားနေပါသည့် ကျန်းမုန့်လောင်မှာ သူ့ကိုယ်သူ နတ်ပြည်သို့ တက်လှမ်းလိုက်ရသလို ခံစားနေရသည်။

အပြင်ရှိ လူတစ်ယောက်ယောက်ကသာ ကြားလိုက်ရပါက ကျန်းမုန့်လောင်သည် လီဂျီအွန်းနှင့်အတူ ကလေးများအဖို့ မသင့်တော်သည့်အရာများ လုပ်နေသည်ဟု သေချာပေါက်ထင်သွားကြပေလိမ့်မည်။

"အား..နတ်ဘုရားမရေ…ငါ့နတ်ဘုရားမ… သောက်ကျိုးနည်း ငါတော့သေပြီ။ ဒီလိုချိုသာလိုက်တဲ့သေခြင်းတရားမျိုး"

လီဂျီအွန်းကလည်း ထိုနေရာတွင် လဲလျောင်းနေသော်ငြား သူ(မ)၏ရှေ့၌မူ ကြီးမားလှသော စခရင်ကြီးတစ်ခုရှိနေပြီး ထိုစခရင်ထက်တွင် လုရီယောင်၏မျက်နှာက ကင်မရာအနားသို့ ကပ်ထားသလိုဖြစ်နေချေသည်။

"ဒါက မစ္စတာကျန်းပြောတဲ့ အလှဆုံး ချစ်စရာအကောင်းဆုံးကောင်မလေးလား"

လီဂျီအွန်းက လုရီယောင်ပြောသည့် "သောက်ကျိုးနည်း"ဆိုသည့်စကား၏ အဓိပ္ပာယ်ကို နားမလည်သော်ငြား သူ(မ)၏အကျယ်ချဲ့ထားသောအမူအရာအရ ၎င်းမှာ ဗန်းစကားတစ်ခုဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။

လုရီယောင်က တကယ်လည်း အလွန်လှပသော်ငြား ချင်းချိုးနိုင်ငံရှိ အလှပဂေးများနှင့် ယှဉ်ကြည့်လိုက်လျှင်တော့ သိသာထင်ရှားလှသော ကွာဟချက်တစ်ခုက ရှိနေပေသည်။ ချစ်စရာကောင်းသည့်အချက်အတွက်မူ ယခုလောလောဆယ်မှာတော့ လုရီယောင်နှင့်ပတ်သက်ပြီး ချစ်စရာကောင်းသည့်တစ်စုံတစ်ရာကို ရှာမတွေ့သေးသည့်တိုင် သူ(မ)၏အသံကတော့ စင်စစ်ချိုသာလှသည်။

"သူ့ဆီမှာ မစ္စတာကျန်းကို ဒီလောက်တောင်စွဲလမ်းနေစေလောက်တဲ့ ဘယ်လိုဆွဲဆောင်မှုမျိုးရှိတာပါလိမ့်"

ဤသည်မှာ သူ(မ)နားလည်နိုင်သည့်အရာမဟုတ်ဟု လီဂျီအွန်းခံစားလိုက်မိသည်။

"မိန်းကလေးလု မင်္ဂလာပါ။ ကျွန်မက လီဂျီအွန်းပါ"

"ကျွန်မသိတယ်လို့ သောက်ကျိုးနည်းဟေ့။ ရှင် အသားအရေကို ဘယ်လိုထိန်းသိမ်းတာလဲဟင်။ ဝူး ဝူး ဝူး.. ရှင် ဘယ်လိုလုပ်ပြီးတော့များ ဒီလောက်ချစ်ဖို့ကောင်းရတာလဲ။ ကျွန်မ ရှင့်မျက်နှာကို ညှစ်ကြည့်လို့ရမလားဟင်။ အာ မဖြစ်ဘူး။ ကျွန်မ ဖျက်ဆီးမိမှာစိုးရတယ်"

လုရီယောင်သည် ချင်းချိုးဘာသာစကားဖြင့် သီချင်းဆိုနိုင်ရန်အတွက် သင်တန်းတက်ထားလေသည်။ စံမီတန်းမီမဟုတ်သော်လည်း ဆက်သွယ်ပြောဆိုရန်အဖို့တော့ ပြဿနာမရှိပေ။

"ဝူး ဝူး ဝူး..ကျွန်မ အရမ်းပျော်တာပဲ။ ဂျီအွန်းက တကယ်ကြီးကို ငါနဲ့ နှစ်ကိုယ်ကြားစကားပြောနေတာတဲ့"

"အာ..ကျွန်မအတွက် သီချင်းတစ်ပုဒ်လောက် ဆိုပြပါလား"

လုရီယောင်ခမျာ သူ(မ)၏အိုင်ဒေါလ်နှင့် ပရိသတ်တွေ့ဆုံပွဲတစ်ခု ကျင်းပနေသည့်အလား အရူးအမူးဖြစ်နေချေတော့သည်။

"ဒီလိုလုပ်ရင်ရော.. ငါက မိုက်လားမမိုက်ဘူးလား။ ဒီမနက် ဂျီအွန်းက ငါ့ကို အိပ်ရာလာနှိုးပေးတာလေ"

ကျန်းမုန့်လောင်က သူ့ခေါင်းကို ကင်မရာရှေ့သို့ အတင်းတိုးလာလေသည်။

"ဘေးဖယ်စမ်းပါ ခွေးကောင်ရဲ့။ ငါ့ဂျီအွန်းရဲ့မျက်နှာလှလှလေးကို လာကွယ်မနေနဲ့"

လုရီယောင်က ပြောင်ပြောင်တင်းတင်းပင် ပြောလိုက်လေသည်။

"သေလိုက်ပါတော့။ မိသားစုထဲမှာရှိတဲ့ ငါ့နေရာက တကယ်ကိုယိမ်းယိုင်လာပြီပဲ"

ကျန်းမုန့်လောင်က မျက်ဆန်လည်ပြလိုက်ပြီးနောက် ပြန်လဲလျောင်းကာ အနှိပ်ခံနေလိုက်တော့သည်။

"သူက ဒီလိုပုံစံမျိုးနဲ့ပြောတာပဲလား"

လီဂျီအွန်းခမျာ အံ့ဩမှင်တက်သွားရလေသည်။ ချင်းချိုးတစ်နိုင်ငံလုံးကို ဒူးထောက်စေခဲ့သည့် ဤအမျိုးသားရှေ့မှာ ဤအမျိုးသမီးလေးက ဘာကြောင့်များ ဤမျှရဲဝံ့နေလေသလဲ။ သူ(မ)၏နောက်ခံအင်အားက ကျန်းမုန့်လောင်ထက် ပိုတောင့်တင်းလို့များလား။

လီဂျီအွန်းမှာ ဤကိစ္စနှင့်ပတ်သက်ပြီး နားမလည်နိုင်လောက်အောင်ပင်။ ဒါက ဘယ်လိုမိန်းကလေးမျိုးလဲ။

သို့သော် လုရီယောင်လို မိန်းကလေးတစ်ယောက်အဖို့တော့ သူ(မ)ကို သဘောမကျဖို့ မဖြစ်နိုင်ပေ။ ထို့နောက် သူတို့ စကားတပြောပြောဖြင့် အချင်းချင်း ညီအစ်မဟုပင်ခေါ်နေကြပြီး တစ်ယောက်၏နိုင်ငံကို တစ်ယောက်လာလည်မည့်အကြောင်းများပါ အစီအစဉ်ချနေကြပြီဖြစ်၏။

သို့သော် လုရီယောင်က မကြာခင် အတန်းတက်ဖို့ ရှိသေးသဖြင့် လီဂျီအွန်းကို အင်တင်တင်ဖြင့် နှုတ်ဆက်လိုက်ရသည်။

"ကျန်းမုန့်လောင်..နားထောင်နော်။ နင် ငါ့နတ်ဘုရားမကို လက်ဖျားနဲ့တောင် ထိရဲထိကြည့်။ နင်သေပြီသာမှတ်"

လုရီယောင်က သူတို့စကားပြောနေစဉ်အတွင်းမှာပင် ကိစ္စအလုံးစုံကို သိရှိလိုက်ရပြီးဖြစ်၏။

"ငါ့ကို အဲ့လိုလူစားမျိုးလို့ထင်နေတာလား"

ကျန်းမုန့်လောင်က မဲ့တဲ့တဲ့အပြုံးဖြင့် ပြောလိုက်လေသည်။

"သူကဖြင့် အခုလေးတင် ငါ့ရှေ့မှာ အဝတ်အစားတွေချွတ်ချလိုက်တာတောင် ငါက လုံးဝမတုန်မလှုပ်ပါပဲနော်။ ဟုတ်ပြီလား"

"ဟီးဟီး.. နင်နားလည်တယ်ဆိုတော့ ကောင်းတာပေါ့"

လုရီယောင်က ချိုသာလှသောအပြုံးတစ်ပွင့် ဆင်မြန်း၍ ပြောလိုက်သည်။

"ဟားဟား.. မင်း သွားသင့်ပြီနော်။ ငါ ညစာစားဖို့အတွက် နောက်ထပ်နှစ်ယောက်လောက် ထပ်ဖိတ်လို့ရမလားလို့ ကြည့်လိုက်ဦးမယ်။ ပြီးရင် မင်းကို တိုက်ရိုက်ထုတ်လွှင့်ပြမယ်လေ"

"ဝူးဝူးဝူး.. ငါ လီဆာကိုလိုချင်တယ်။ လျိူရန်နာကိုလိုချင်တယ်"

"ကောင်းပြီလေ။ မင်းကြိုက်တဲ့ဘယ်သူမဆို ဖြစ်စေရမယ်"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ဒါဆို ညကျမှပဲ ဗီဒီယိုကောလ်ခေါ်တော့မယ်နော်"

"ကောင်းပြီလေ။ သွားတော့မယ်"

...

"သူက ချစ်ဖို့ကောင်းတယ်မလား"

ကျန်းမုန့်လောင်က ကြွားဝါနေသည့်အလား ပြောလိုက်လေသည်။

"မိန်းကလေးလုက ဟွာရှားရဲ့ဒိတ်ဒိတ်ကြဲမိသားစုတစ်ခုကလား"

လီဂျီအွန်းက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်လေသည်။

ကျန်းမုန့်လောင်က ခေါင်းခါပြလိုက်သည်။

"သူက သာမန်မိသားစုတစ်ခုကပါ။ သူ့မိဘတွေက ကွာရှင်းထားပြီး သူ့ခမျာ အိမ်တွင်းအကြမ်းဖက်မှုကိုတောင် ခံစားခဲ့ရတာ"

လီဂျီအွန်းမှာ ပို၍ပင်အံ့အားသင့်သွားရသည်။ သာမန်မိသားစုနောက်ခံမျိုးနှင့် ထိုကဲ့သို့သော ကံမကောင်းအကြောင်းမလှမှုများရှိနေသည့်အတိုင် ကျန်းမုန့်လောင်ကို ဘယ်အရာကများ ဆွဲဆောင်နိုင်ခဲ့လေသလဲ။

"မိန်းကလေးလီလည်း ဝိညာဉ်ချင်းအချိတ်အဆက်ရှိတဲ့လူတစ်ယောက်နဲ့တွေ့တဲ့အခါ ဒီခံစားချက်ကို နားလည်သွားပါလိမ့်မယ်"

ကျန်းမုန့်လောင်က ပျင်းတိပျင်းလျော့ဖြင့် အကြောဆန့်လိုက်လေသည်။

"ဂွီ"

ထိုအချိန်မှာပင် လီဂျီအွန်း၏ဗိုက်ထဲမှ အသံတစ်သံထွက်လာလေရာ သူ(မ)ခမျာ ရုတ်ခြည်းရှက်ရွံ့သွားရလေသည်။ အခြားသူများရှေ့တွင် ယခုလိုဖြစ်သွားခြင်းမှာ သူ(မ)အတွက်တော့ အနည်းငယ်နေရခက်ပေသည်။

"ဟားဟားဟား.. မင်းဗိုက်ဆာနေပြီလား"

ကျန်းမုန့်လောင်က ရယ်လိုက်သည်။

"ဒါဆို သွားစားကြစို့"

"ဒါပေမဲ့ မစ္စတာကျန်း.. မစ္စတာဂင်ပြောတာတော့ နေ့လယ်ကျရင် ရှင်နဲ့ ဘဏ်မှာဆွေးနွေးဖို့စီစဉ်ထားတယ်တဲ့.."

"သွားသေလိုက်လေ။ သူ့ဘာသာပဲ မစင်ထို်ငစားနေပါစေ။ သူက ငါနဲ့အတူထမင်းစားဖို့တန်လို့လား။ သူက ဘယ်သူမို့လို့လဲ"

ကျန်းမုန့်လောင်က ဤမျှစောစောစီးစီးကြီး သူတို့နှင့်တွေ့ဖို့ စိတ်ကူးမရှိပေ။

"သွားရအောင်။ ငါ ငါ့ရဲ့စားဖိုမှူးအဖွဲ့ကိုပါ ခေါ်လာခဲ့တယ်"

လီဂျီအွန်းသည် အစားအသောက်မက်သူတစ်ယောက်ဖြစ်ကြောင်း ကျန်းမုန့်လောင်သိထားသည်။

ကျန်းမုန့်လောင်၏ထမင်းစားခန်းသည် သီးသန့်အခန်းကျယ်ကြီးတစ်ခုဖြစ်ပြီး ထိုအချိန်တွင် စားဖိုမှူးများက ဟင်းလျာများအားလုံးကို ပြင်ဆင်ထားနှင့်ပြီးဖြစ်ကာ အခန်းတစ်ခုလုံးတွင်လည်း အရသာရှိလှသော မွှေးရနံ့လေးများနှင့် ပြည့်နှက်နေချေသည်။

"ဒီလောက်တောင်အများကြီးလား"

ဧည့်ခံပွဲပေါင်းများစွာကို တက်ရောက်ဖူးသော်ငြား လီဂျီအွန်းမှာ သူ(မ)ရှေ့ရှိ ခမ်းနားလှစွာသော နေ့လည်စာတည်ခင်းမှုကြီးကြောင့် အံ့ဩမှင်တက်သွားရလေသည်။ ပမာဏမှာ လူနှစ်ယောက်အတွက်မပြောနှင့်။ လူဆယ်ယောက်စားလျှင်ပင် ကုန်နိုင်မည်မဟုတ်။

"ဒါက ဟွာရှားရဲ့ဆီတို့ဟူးလား"

"အား..လော့စီဖန်.. ကျွန်မ ဒါကို ဟွာရှားမှာ တစ်ခါစားဖူးတယ်"

...

"သေစမ်း..သူက တကယ်ကို အစားအသောက်မက်တဲ့လူတစ်ယောက်ပဲ။ လီဂျီအွန်းက ဒီလိုအနံ့ဆိုးတဲ့အရာကြီးကို တကယ်ကြိုက်တာလား"

ကျန်းမုန့်လောင်ခမျာ အံ့အားသင့်သွားရချေသည်။

"ဒါပေမဲ့..ဒီလောက်အများကြီးစားတာက ဖြုန်းတီးရာမကျဘူးလား"

လီဂျီအွန်းက တံတွေးမျိုချရင်း ရှက်ရှက်နှင့်ပြောလိုက်လေသည်။

"ဘာပြဿနာရှိလို့လဲ။ နောက်နှစ်ယောက်လောက် ထပ်ခေါ်လိုက်ရုံပဲမဟုတ်လား"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"မင်းမှာ မစ္စတာစုရဲ့ဖုန်းနံပါတ်ရှိတယ်မလား။ ငါ့ကိုသာပေး။ ငါ သူ့ကိုဖုန်းခေါ်လိုက်မယ်"

"ဒါက…"

"စိတ်မပူပါနဲ့။ သူသာ ရူးကြောင်ကြောင်လုပ်ရဲရင် ငါ ဒီလော့ဆီဖန်တွေကို တစ်ထိုင်တည်းစားပစ်လိုက်မယ်"

"ရှင် ဒါတွေကို တစ်ယောက်တည်းစားချင်လို့ ဉာဏ်ဆင်နေတာလို့ သံသယဖြစ်မိတယ်"

လီဂျီအွန်းက စိတ်ထဲမှ ခပ်ကျိတ်ကျိတ်ရေရွတ်လိုက်သည်။

"လီဂျီအွန်းလား။ ဘယ်လိုအခြေအနေရှိလဲ။ မင်း မစ္စတာကျန်းကို ကောင်းကောင်းပြုစုခဲ့ရဲ့လား။ သူက ဒီနေ့ ငါတို့နဲ့တွေ့ချင်ပြီတဲ့လား"

စုကျီဟယ်က ဤဖုန်းခေါ်မှုကိုပင် တစ်မနက်လုံးစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်၏။

"ဟယ်လို မစ္စတာစုလား။ အခုပြောနေတာ ကျန်းမုန့်လောင်ပါ"

"ကျန်း..မစ္စတာကျန်း"

စုကျီဟယ်က သူ့ကိုခေါ်ဆိုသည့်ပုံစံကို ခပ်မြန်မြန်ပြောင်းလဲလိုက်ရသည်။

"အဲ..မစ္စလုက ခင်ဗျားကို စိတ်ကျေနပ်မှုပေးနိုင်ခဲ့ရဲ့လား"

"အိုး..တော်တော်စိတ်ကျေနပ်ပါတယ်"

ကျန်းမုန့်လောင်က ညစ်တီးညစ်ပတ်လေသံဖြင့် တမင်တကာပြောလိုက်လေသည်။

"ကျွန်တော် ဒီနေ့တော်တော်ပျော်တယ်"

"ကြားရတာဝမ်းသာပါတယ်။ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ။ ခင်ဗျား ဒီနေ့နေ့လယ် အားရဲ့လား။ ကျွန်တော် ခင်ဗျားကို ထမင်းစားဖိတ်ချင်လို့ပါ"

"အိုး..ကျွန်တော်လည်း တကယ်တော့ အဲ့ဒီကိစ္စပဲပြောချင်နေတာဗျ"

ထိုစကားကိုကြားသော် စုကျီဟယ်မှာ အပျော်လုံးစို့သွားလေသည်။

"မစ္စတာကျန်း..ကျွန်တော်တို့ ခင်‌ဗျားကို ဟန်မြစ်ဟိုတယ်မှာ စောင့်နေပါ့မယ်။ ခင်ဗျားကို လာခေါ်ဖို့အတွက် တစ်ယောက်ယောက်လွှတ်ပေးရမလား"

"မဟုတ်ဘူး။ မဟုတ်ဘူး။ မစ္စတာစု..ခင်ဗျားအထင်လွဲနေပြီ။ ကျွန်တော့်စားဖိုမှူက ဒီမှာ နေ့လယ်စားပြင်ထားပေးပြီးပြီ"

"ဒါဆို ကျွန်တော်လာခဲ့လို့လည်းရပါတယ်"

"မဟုတ်ဘူး။ ကျွန်တော် ခင်ဗျားနဲ့အတူ နေ့လယ်စာစားပါ့မယ်လို့ ပြောမိလို့လား"

"ဟင်"

စုကျီဟယ်ခမျာ အကြောင်သားဖြစ်သွားရသည်။

"ဒီနေ့လယ်ခင်းမှာ စားဖိုမှူးက အရမ်းအများကြီးချက်ထားလို့လေ။ နည်းနည်းဖြုန်းတီးရာများကျမလားလို့ တွေးမိတာနဲ့ ကျွန်တော်နဲ့အတူစားဖို့ နောက်ထပ်နှစ်ယောက်လောက် ထပ်ဖိတ်ဖို့စိတ်ကူးရလိုက်တာ။ ခင်ဗျား BlackPinkက လီဆာနဲ့ မိန်းကလေးလျိုရန်နာတို့ကို ပို့ပေးလို့ရမလား။ သူတို့ကို ကျွန်တော့်ဆီ သေချာပေါက်လွှတ်လိုက်နော်။ မလွဲစေနဲ့နော်။ ဘိုင့်ဘိုင်"

"မစ္စတာကျန်း ခဏနေပါဦး.."

"တီတီတီ.."

"မစ္စတာစု… အဲ့ဒါ ကျန်းမုန့်လောင်လား။ သူက ဘာတဲ့လဲ"

စောင့်ဆိုင်းနေကြသော ဘဏ်ဥက္ကဋ္ဌများမှာ အဆောတလျင်မေးလာကြသည်။

"သူက လီဆာနဲ့ လျိုရန်နာတို့ကို သူနဲ့အတူ ထမင်းလာစားစေချင်တယ်တဲ့"

စုကျီဟယ်က သူ့ဖုန်းကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်လေတော့သည်။

"သူက ငါတို့ချင်းချိုးဘဏ္ဍာရေးဝန်ကြီးဌာနကို ဘာများထင်နေတာလား။ ပြည့်တန်ဆာအိမ်များ မှတ်နေတာလား"

***********

All Chapters