← Chapters

စကားတစ်ခွန်းကို တစ်သန်း

Vol. 51 Ch. 764

စကားတစ်ခွန်းကို တစ်သန်း

Vol. 51 Ch. 764

"ဒီကလေးစုတ်က ဘယ်ကထွက်လာပြန်တာလဲ"

ကျောင်းအုပ်ကြီးလေးယောက်ခမျာ ယခင်က ဤမျှအထိ ဒုက္ခပေးသော ကလေးမျိုးကို မမြင်ဖူးခဲ့ကြပေ။

"ကျန်းမုန့်လောင်က ဘာတွေများ သင်ပေးထားတာလဲ"

ကျန်းမုန့်လောင်၏ အရှက်မရှိမှုကို ကြားဖူးနားဝရှိသော်လည်း သူသင်ပေးထားသော ကလေးများကပါ ဤမျှအရှက်မဲ့ကြလိမ့်မည်ဟု ထင်မှတ်မထားပေ။

လမ်းပြရုံသက်သက်ဖြင့် ယူရိုတစ်ဘီလီယံ တောင်းရဲသတဲ့လား။

"ဦးဦးတို့ ဒေါ်ဒေါ်တို့ကလည်း... ဒီဈေးက မများပါဘူးနော်။ သမီးက နှစ်ဆယ်ရာခိုင်နှုန်းတောင် လျှော့ပေးထားတာ"

ချန်ရှောင်ယွမ်က အပြစ်ကင်းစင်စွာ ပြောလိုက်သည်။

"ကိုကိုလုပ်ထားတဲ့ မဟာကြယ်တာရာအစီအရင်နှစ်ဆယ့်ရှစ်မျိုးက အဆင့်တိုင်းမှာ ပိုပိုခက်လာမှာ"

သူ(မ)၏စကားကို သူတို့ ငြင်းဆန်ခြင်းမပြုကြပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာသို့ ရောက်အောင် တိုက်ခိုက်လာရသဖြင့် စွမ်းအင်နှင့် အချိန်များစွာ ပိုကုန်မှန်း သူတို့ ကောင်းကောင်းခံစားမိသောကြောင့်ပင်။ အစောပိုင်းတုန်းက အတားအဆီးများမှာ အပေါ်ယံဒဏ်ရာလောက်သာ ရစေသဖြင့် သန်မာသော သူတို့၏စိတ်စွမ်းအားရှင် ခန္ဓာကိုယ်များက အသက်တစ်ရှူတစ်ရှိုက်စာအတွင်း ပြန်လည်ကုစားနိုင်ခဲ့ကြသည်။

သို့သော် လတ်ရှိအတားအဆီးများတွင်မူ လျစ်လျူရှု၍မရနိုင်သော ဒဏ်ရာများ ရလာသည်။ အစောကပင် အနည်ငယ်ပျော့ညံ့သော မှော်ပညာရှင်တစ်ယောက်မှာ ဓားပျံကြောင့် လက်မောင်း ပြတ်လုနီးပါးဖြစ်သွားခဲ့ရသည်။

ဆက်သွားနေလျှင် အသက်ရှင်မရှင် မည်သူက အတပ်ပြောနိုင်မည်နည်း။

စည်းမျဉ်းဖောက်ဖျက်ပြီး လုပ်ဆောင်သည့် ကိစ္စမျိုးတွင် တစ်စုံတစ်ယောက်သာ သေဆုံးသွားပါက အကြောင်းပြချက်ပေးစရာမရှိကြောင်း သူတို့ ကောင်းကောင်းသိကြသည်။ ဟွာရှားနိုင်ငံသို့ တရားဝင်ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်ပြီး အသတ်ခံလိုက်ရခြင်းမှာ သူတို့နှင့်ထိုက်တန်သည်။

"ကျောင်းအုပ်ဒီယန်ပိုဒေါ့.. ကျွန်တော်တို့ ဒီကောင်မလေးကို ဖမ်းလိုက်လို့ရတာပဲ။ ခင်ဗျားဆီမှာ လူတွေကိုထိန်းချုပ်တဲ့ မန္တန်ရှိတယ်မလား။ ဒီမြူခိုးအစီအရင်ထဲက ဘယ်လိုထွက်ရမလဲဆိုတာ သူ့ကို မေးလိုက်လေ"

ကျောင်းအုပ်ဆိုင်ရယ်က အကြံပြုလိုက်သည်။

"မဖြစ်ဘူး"

ကျောင်းအုပ်ဒီယန်ပိုဒေါ့ခမျာ ဤအကြံအစည်ကို စဉ်းစားမိသော်လည်း အမြန်ပယ်ချလိုက်သည်။

ပထမအချက်အနေနှင့် မန္တန်က လူကို ထိန်းချုပ်နိုင်သော်လည်း ဦးနှောက်ကို ပြန်ပြင်၍မရနိုင်သော ထိခိုက်မှုမျိုး ဖြစ်စေသည်။ ဤမျှငယ်ရွယ်လှသော မိန်းကလေးတစ်ယောက်အပေါ် ဤကဲ့သို့သော အစွမ်းထက်မှော်ပညာကို သုံးလိုက်ပါက ဉာဏ်ရည်မမီသူ ဖြစ်သွားနိုင်ခြေများသည်။

ယခုတစ်ခေါက် သူတို့၏ရည်ရွယ်ချက်မှာ ရန်စရန် သက်သက်သာ ဖြစ်သော်လည်း ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားတစ်ယောက်ကို ထိခိုက်အောင်လုပ်မိပါက ပြဿနာပိုကြီးသွားစေလိမ့်မည်။ ထူးရှယ်နတ်ဘုရားကျောင်းတော်က သူတို့ထက် အားနည်းလျှင် ကိစ္စမရှိသော်လည်း ပိုစွမ်းအားကြီးနေပါက နောက်ဆက်တွဲဆိုးကျိုးများမှာ ဆိုးရွားနိုင်သည်။ ဟွာရှားနိုင်ငံတွင် 'မိတ်ပျက်မသွားအောင် လမ်းကြောင်းချန်ထားမှ နောင်ကြုံရင် ပြန်ဆက်ဆံလို့ကောင်းမယ်'ဟူသော ဆိုရိုးစကားဟောင်းတစ်ခုလည်း ရှိထားသည်။

ထို့ပြင် နှပ်ချေးတွဲလောင်းနှင့် အသက်ငါးနှစ်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို တိုက်ခိုက်ခြင်းမှာ သူတို့အတွက် သိက္ခာကျရသည်။

"ဦးဦးတို့ဒေါ်ဒေါ်တို့... သမီးကို လမ်းပြခ အခုချက်ချင်းပေးနော်။ မဟုတ်ရင် ဈေးက ဒီအတိုင်း ဆက်ရှိနေမှာ မဟုတ်ဘူး"

ချန်​ရှောင်ယွမ်က မျှော်လင့်တကြီးပြောလိုက်၏။

"တကယ်ပြောတာ... တစ်ဘီလီယံဆိုတာ အရမ်း ဈေးသက်သာနေပြီ။ ဒီဈေးနဲ့ ဘယ်သူမှ အလိမ်မခံရသလို အရှုံးလည်း မရှိစေရဘူး"

သူတို့၏ ဂရုမစိုက်လေဟန် အမူအရာများကို မြင်သောအခါ ချန်ရှောင်ယွမ်လည်း ဆုံးဖြတ်ချက်ချလိုက်သည့်အလား ထပ်ကမ်းလှမ်းလိုက်တော့သည်။

"ဦးဦးတို့က ကျောင်းအုပ်ကြီးကို ရှာနေတာမလား။ ဒီလိုလုပ်။ သမီးက အပိုဆုကြေးထပ်ပေးမယ်။ ကြိုက်တဲ့မေးခွန်းသုံးခု မေးလို့ရတယ်။ သမီး အဖြေသိသရွေ့ သေချာပေါက်ဖြေပေးမယ်။ ဘယ်လိုလဲ"

"ကလေးမလေး နည်းနည်းလောက် လျှော့ပါဦးလား"

မာလင်မှော်ကျောင်းတော်မှ ဆရာမတစ်ယောက်က ဈေးဆစ်လိုက်သည်။

"မရဘူး"

ချန်ရှောင်ယွမ်က ခေါင်းကို အဆက်မပြတ်ခါယမ်းလိုက်သည်။

"ဒါက အနိမ့်ဆုံးဈေးပဲ။ ဟွန်း... နိုင်ငံခြားသားတွေက ချမ်းသာတယ်လို့ထင်နေတာ။ ကိုကိုက သမီးကို ပိုက်ဆံအများကြီးရမယ်ဆိုပြီး လိမ်လိုက်တာကိုး။ လူကြီးတွေက အကုန်ညာတတ်ကြတာပဲ"

ကျောင်းအုပ်ကြီးလေးယောက်ခမျာ မဲ့ပြုံးပြုံးမိသည်။ သူတို့မှာ မိန်းကလေးငယ်တစ်ယောက်၏ အထင်သေးခြင်းကို ခံလိုက်ရသည်။

"ဘယ်လိုသဘောရလဲ"

"ဒီဈေးက တန်ပါတယ်"

ကျူရစ်စစ်သည်တော်ကျောင်းမှ ကျူရစ်က ပြောလိုက်သည်။

"ပထမအချက်အနေနဲ့ ငါတို့ရဲ့စွမ်းအင်နဲ့ ခံနိုင်ရည်အားကို အများကြီးသက်သာစေတယ်။ ပြီးတော့ အဲ့ဒီမေးခွန်းသုံးခုကနေ ထူးရှယ်နတ်ဘုရားကျောင်းတော်အကြောင်း ငါတို့ အများကြီးသိနိုင်တယ်"

"ဟုတ်တယ်"

စိတ်စွမ်းအားရှင်ကျောင်းတော်မှ ရိုဂျယ်က သဘောတူလိုက်၏။

"မမေ့နဲ့နော်... ငါတို့က အခုလက်ရှိ ထူးရှယ်နတ်ဘုရားကျောင်းတော်အကြောင်း ဘာမှမသိရသေးသလောက်ပဲ။ သတင်းအချက်အလက်တချို့ရထားရင် ငါတို့အတွက် အများကြီးအထောက်အကူဖြစ်စေလိမ့်မယ်"

"ကောင်းပြီလေ"

ခဏတာဆွေးနွေးပြီးနောက် သူတို့ ဆုံးဖြတ်ချက်ချလိုက်ကြသည်။

"ကလေးမလေး... ငါတို့ လမ်းပြခပေးမယ်။ အပြင်ကို လိုက်ပို့ပေးတော့"

"ပိုက်ဆံအရင်ပေး"

ချန်​ရှောင်ယွမ်က သူ့ကိုယ်ပေါ်ရှိ POSစက်တစ်လုံးကို ထုတ်ယူလိုက်သည်။

"ကတ်နဲ့ရှင်းမှာလား... ငွေသားချက်လက်မှတ်နဲ့ ပေးမှာလား"

"ဒါက..."

လူတိုင်း ဆွံ့အသွားကြသော်လည်း နောက်ဆုံးတွင် ယူရိုရှစ်ဆယ့်နှစ်ဘီလီယံတန်ဖိုးရှိသော ချက်လက်မှတ်ကို ရေးပေးလိုက်ကြသည်။

"ဟီးဟီး"

ချန်​ရှောင်ယွမ်က ချက်လက်မှတ်ကို အချိန်အကြာကြီး စူးစိုက်ကြည့်နေသည်။ စီးပွားရေးအကြောင်း အလွန်နှစ်သက်သူဖြစ်လေရာ သူ(မ)သည် ငယ်သော်လည်း ကောင်းကောင်းဆုံးဖြတ်နိုင်စွမ်းရှိ၏။ သူ(မ)၏ဉာဏ်ရည်မှာ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု မရှိသေးတာကလွဲ၍ ဤလူများထက် များစွာ သာလွန်သည်။

"နောက်ဆုတ်ကြ"

ချန်ရှောင်ယွမ်က ပန်းရောင်ကျောပိုးအိတ်လေးထဲမှ ဝက်ဝံရုပ်တစ်ခုကို ထုတ်ယူကာ လေထဲသို့ ပစ်တင်လိုက်သည်။

"ထွက်ခဲ့တော့... ငါ့ဝက်ဝံလေး"

စိတ်စွမ်းအားရှင်များနှင့် မှော်ပညာရှင်များမှာ သူ(မ)ဘာလုပ်နေမှန်း ဇဝေဇဝါဖြစ်နေချိန်မှာပင် ဝက်ဝံရုပ်က ရုတ်တရက်ဆိုသလို ပြင်းထန်လှသော မီးတောက်များ လောင်ကျွမ်းလာပြီး မီတာနှစ်ဆယ်ကျော် မြင့်မားသည့် မီးတောက်ဝက်ဝံကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

"ဝုန်း"

မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး မီးတောက်ဝက်ဝံကြီးထံမှ ဖိအားနှင့် အန္တရာယ်အငွေ့အသက်ကို သူတို့ ခံစားလိုက်ရသည်။ ပူပြင်းလှသော မီးတောက်အောက်တွင် ဖြိုခွဲရန် မဖြစ်နိုင်လောက်အောင် ထူထဲသည့် မြူခိုးအစီအရင်မှာ အမြန်ပါးလွှာသွားပြီးနောက် မြူခိုးများအတွင်း နက်ရှိုင်းစွာ ဖုံးကွယ်ထားသော လမ်းကြောင်းတစ်ခု ပေါ်လာလေတော့သည်။

"ဒီကောင်မလေးက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ"

"ဒါက ဆင့်ခေါ်ခြင်းမှော်အတတ်လား"

ကျောင်းအုပ်ပိုဒေါ့က အံ့သြတကြီး ရေရွတ်လိုက်သည်။

"ဒီလောက်စွမ်းအားကြီးတဲ့ ငရဲခွေးတစ်ကောင်ကို ဆင့်ခေါ်ဖို့ဆိုရင် တားမြစ်မန္တန်ကို သုံးရမှာ"

"သူက ဒီကျောင်းက ကျောင်းသားတော့ ဟုတ်ပါတယ်နော်"

…

"ဦးဦးတို့ ဒေါ်ဒေါ်တို့... သမီးနောက်က လိုက်ခဲ့ကြ"

ချန်ရှောင်ယွမ်က တက်ကြွစွာဖြင့် အရှေ့က လမ်းပြခေါ်ဆောင်သွားသည်။

"သွားကြစို့။ ဒီကနေ ထွက်ကြမယ်"

လူတိုင်း သူ(မ)နောက်သို့ ချက်ချင်းလိုက်သွားကြသည်။

သို့သော် နှစ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် ပတ်ဝန်းကျင်ရှိ မြူခိုးများနှင့် ပုံရိပ်ယောင်များ ပျောက်ကွယ်သွားသဖြင့် ပြန်လှည့်ကြည့်လိုက်သောအခါ သူတို့ တောင်တက်ခါစနေရာနှင့် မီတာ တစ်ရာပင် မဝေးကြောင်း တွေ့လိုက်ရသည်။ သီးခြားအာကာသနယ်ပယ်တစ်ခုထဲသို့ လမ်းလျှောက်ဝင်ခဲ့ရသည့်အလားပင်။

"ကလေးမလေး...အခု မေးခွန်းမေးလို့ရပြီလား"

ကျောင်းအုပ်ပိုဒေါ့က ကိုယ်ကိုကိုင်းညွတ်ကာ မေးလိုက်သည်။

"ရတာပေါ့။ ရှောင်ယွမ်က ကတိတည်ပါတယ်။ ပိုက်ဆံယူပြီးရင် မေးခွန်းကို သေချာပေါက်ဖြေပေးမှာ"

"ဒါဆို ပထမဆုံးမေးခွန်းမေးမယ်။ မင်းတို့ကျောင်းအုပ်ကြီးကျန်းမုန့်လောင်က ဘယ်အဆင့်လောက်ရှိလဲ"

လူတိုင်း နားစွင့်လိုက်ကြသည်။

"အင်း... ဖေဖေနဲ့မေမေ ပြောပုံအရဆိုရင်တော့ ကျောင်းအုပ်ကြီးက ထျန်းယွမ်အဆင့်ဖြစ်လောက်တယ်"

ဤသတင်းကို ကြားလိုက်ရသောအခါ သူတို့အားလုံး သက်ပြင်းချနိုင်သွားကြသည်။ ထျန်းယွမ်အဆင့်သာ ရှိသေးလျှင် သူတို့တွင် ဖြေရှင်းနိုင်မည့် နည်းလမ်း ရှိသေးသည်။

"ဒုတိယမေးခွန်း... မင်းတို့ကျောင်းမှာ ဆရာဘယ်နှယောက်ရှိလဲ"

"အင်း... တစ်... နှစ်..."

ချန်ရှောင်ယွမ်က လက်ချောင်းလေးများကိုချိုး၍ ရေတွက်လိုက်သည်။

"မပိုဘူး... မလိုဘူး။ ဆရာအယောက်တစ်ရာတိတိပဲ"

"တစ်ရာတောင်လား"

အခြားကျောင်းများတွင် ဆရာဖြစ်ရန် အရည်အချင်းပြည့်မီသူများမှာ အနည်းဆုံး ထိပ်တန်းအဆင့်စိတ်စွမ်းအားရှင် သို့မဟုတ် စူပါစိတ်စွမ်းအားရှင်များ ဖြစ်ကြသည်။

"မင်းတို့ကျောင်းမှာ ကျောင်းအုပ်ကြီးထက် ပိုအစွမ်းထက်တဲ့ဆရာတွေ ရှိလား"

"ရှိတာပေါ့... အင်း... ဆရာဟောင်၊ ဆရာရှောင်း၊ ဆရာလင်း၊ ဆရာယောင်၊ ဆရာစွန်း၊ ဆရာမေ့... သူတို့တွေအကုန်လုံးက ကျောင်းအုပ်ကြီးထက် ပိုစွမ်းအားကြီးပုံရတယ်။ ဒါပေမဲ့ ဦးဦးတို့ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်နော်။ အဲ့ဒီဆရာတွေအကုန်လုံးက သမီးတို့ကျောင်းအုပ်ကြီးကို အရမ်းကြောက်ကြတာ"

ဤအဖြေကြောင့် သူတို့မှာ ရုတ်တရက်ဆိုသလို စိမ့်ခနဲ ဖြစ်သွားကြသည်။

ထျန်းယွမ်အဆင့်ရှိသော ကျန်းမုန့်လောင်က အစွမ်းအထက်ဆုံးမဟုတ်ဘူးတဲ့လား။ ဒါဆိုရင် ဒီဆရာအယောက်တစ်ရာထဲမှာ ထျန်းယွမ်အဆင့်ကို ကျော်ထားတဲ့သူ ဘယ်နှယောက်များ ရှိနေမလဲ....

ပြီးတော့ ကျန်းမုန့်လောင်ထက် အစွမ်းထက်တဲ့ ဒီဆရာတွေက သူ့ကို ကြောက်ကြတယ်ဆိုတော့ သူက ဘယ်လို လျှို့ဝှက်ချက်မျိုး ပိုင်ဆိုင်ထားလို့လဲ....

"ကလေးမလေး... မေးခွန်းဆက်မေးလို့ရမလား"

"စကားတစ်ခွန်းကို ယူရိုတစ်သန်း"

ချန်​ရှောင်ယွမ်က ဈေးနှုန်းကို ချက်ချင်းပြောလိုက်သည်။

"ကောင်းပြီခေ"

ဤသတင်းအချက်အလက်မှာ တန်ဖိုးဖြတ်မရသဖြင့် တစ်ယောက်ကို တစ်သန်းဆိုသည်မှာ ဈေးသိပ်မကြီးပေ။ ကျောင်းအုပ်ပိုဒေါ့လည်း ချက်ချင်း သဘောတူလိုက်ပြီး ယူရိုတစ်သန်းတန် ချက်လက်မှတ်ရေးကာ ချန်ရှောင်ယွမ်ကို ပေးလိုက်သည်။

"မေးလေ"

ချန်​ရှောင်ယွမ်က ချက်လက်မှတ်ကို ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။

"စောစောကပြောတဲ့ ဆရာတွေက ဘယ်လောက်တောင် အစွမ်းထက်လဲ"

"အရမ်းပဲပေါ့"

ချန်ရှောင်ယွမ်က စကားတစ်လုံးတည်းပြောပြီး ရပ်လိုက်သည်။

"?? အရမ်းပဲပေါ့ ဟုတ်လား။ ဒါက ဘာအဓိပ္ပါယ်လဲ"

"ကလေးမလေး... တိတိကျကျပြောပြလို့ရမလား။ 'အရမ်းစွမ်းအားကြီးတယ်'ဆိုတာက ဘယ်လောက်တောင်လဲ"

"မရဘူး။ ဦးဦးက တစ်သန်းတည်းပေးတာလေ။ စောစောက သမီးပြောသားပဲ။ စကားတစ်လုံးကို ယူရိုတစ်သန်းလို့"

All Chapters