← Chapters

အခန်း (၉၃၄-၉၃၆)

Vol. 63 Ch. 934-936

အခန်း (၉၃၄-၉၃၆)

Vol. 63 Ch. 934-936

အခန်း ၉၃၄ - အရိုက်ခံရဖို့အတွက် ပိုက်ဆံပေးရခြင်း

"ငါတို့ လှုပ်ရှားသင့်လား"

အင်ပါယာကောင်စီ၏ နောက်ကွယ်တွင် လူအနည်းငယ်မှာ ခွဲတမ်းသတ်မှတ်သည့် အစည်းအဝေး၌ ဖြစ်ပျက်နေသည့် အဖြစ်များကို စောင့်ကြည့်နေကြလေသည်။

"လောလောဆယ် ခဏစောင့်ပြီး အခြေအနေကို ထပ်ကြည့်ကြတာပေါ့"

ဟင်းလင်းပြင်ထဲမှ ပုံသဏ္ဌာန်မမှန်သော အရိပ်တစ်ခုက ပြောလိုက်သည်။

"သူက ငါတို့ အင်ပါယာကောင်စီရဲ့ သည်းခံနိုင်စွမ်းကို စိန်ခေါ်နေပြီ။ ငါတို့ကို လေလို့များ ထင်နေတာလား"

"အဲ့ဒီအဆင့်ကိုးသက်ရှိက အဲ့လောက်ရိုးရှင်းတယ်လို့ မင်း ထင်နေတာလား"

ရင့်ကျက်တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"သူက အဆင့်ကိုးသက်ရှိအဖြစ် အဆင့်တက်တာ မကြာသေးပါဘူး။ ဘယ်လောက်တောင် အစွမ်းထက်နိုင်မှာမလို့လဲ.. ငါတို့က ငါးယောက်တောင် ရှိတာလေ။ သူ့တစ်ယောက်တည်းကို ကြောက်နေကြတာလား"

"မင်း အဲ့ဒီအမျိုးသမီးအကြောင်း မေ့သွားပြီလား"

ဤစကားကြောင့် အဆင့်ကိုးသက်ရှိအချို့မှာ ဆွံ့အသွားကြသည်။

ထိုစဉ်ကလည်း သူတို့သည် အာရီယာကို ဤကဲ့သို့သော သဘောထားမျိုးဖြင့် ဆက်ဆံခဲ့ကြသည်။ သူ(မ)မှာ အဆင့်ကိုးသက်ရှိအဖြစ် တက်လှမ်းခါစသာ ဖြစ်သော်လည်း သူတို့အားလုံး ဝိုင်းတိုက်သည့်အခါ ထိုအမျိုးသမီးထံမှ ပြင်းပြင်းထန်ထန် နှိမ်နင်းခံခဲ့ရလေ၏။ နောက်ဆုံးတွင် သူတို့မှာ မတရားသော စာချုပ်အချို့ကို မတတ်သာဘဲ သဘောတူခဲ့ရသည်။

"ဒါပေမဲ့ ငါတို့က သူတို့ကို ဝင်ခွင့်နေရာငါးသောင်းလုံး အသာတကြည် ပေးလိုက်ရတော့မှာလား"

နိုအာစကြဝဠာအင်ပါယာ၏ ပိုင်ရှင်ဖြစ်သော အဆင့်ကိုးသက်ရှိတစ်ယောက်က မေးလိုက်ပြန်သည်။

"အဲ့ဒီရီထျန်းဂိုဏ်းက အခုတောင် အင်အားကြီးနေပြီ.. သူတို့ရဲ့ကံကြမ္မာက ထပ်တိုးတက်လာဦးမယ်ဆိုရင် နောက်ပိုင်းမှာ ဇူဒါစကြဝဠာအင်ပါယာလိုမျိုး မျိုးနွယ်စုတစ်ခု ထပ်ပေါ်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ"

"ဝင်ခွင့်နေရာတွေ ပိုရတိုင်း အကျိုးအမြတ်တွေအများကြီး ရလိမ့်မယ်လို့ မဆိုလိုဘူးလေ"

အခြားအဆင့်ကိုးသက်ရှိတစ်ယောက်က ပြောလာသည်။

"လျှို့ဝှက်နယ်မြေထဲကို ဝင်ခွင့်ရမယ့် အမြင့်ဆုံး သက်ရှိအဆင့်က အဆင့်ငါးပဲ ရှိတာ.. ပြီးတော့ ဘီလီယံနဲ့ချီတဲ့ မျိုးနွယ်စုတွေက သူတို့ရဲ့ ထိပ်တန်း စစ်သည်တော်တွေကို စေလွှတ်ကြမှာပဲ.. သူတို့က အဲ့ဒီအထဲကမှ အစိတ်အပိုင်းနည်းနည်းပဲ ရှိသေးတာ"

"မှန်တယ်။ ပြီးတော့ မျိုးနွယ်စုတစ်ခုချင်းစီရဲ့ ကံကြမ္မာမီးလျှံမှာ သူတို့ရဲ့ကိုယ်ပိုင်အမှတ်အသားတွေ ပါဝင်နေလိမ့်မယ်.. ဒီတစ်ကြိမ်မှာတော့ အမြွှာဝေလငါးစကြဝဠာအင်ပါယာက လူအများကြီးကို ရန်စခဲ့မိပြီ.. မြေအောက်ခန်းထဲ ရောက်သွားတဲ့အခါ သူတို့တွေ လူတိုင်းလိုက်နှိမ်နင်းတာခံရတဲ့ ကြွက်တွေလို ဖြစ်သွားမှာပဲ"

"ဟမ့်! ဝင်ခွင့်နေရာ ၅၀၀၀၀တဲ့။ အဲ့ဒါတွေကို အကုန်ယူနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့"

...

"ဟီလိုဘုရင်.. ဒီဝင်ခွင့်နေရာ၄၀၀၀နဲ့ပတ်သက်ပြီး ခင်ဗျား ဘယ်လိုထင်လဲ"

အင်ပါယာကောင်စီအကြီးအကဲက ဟီလိုစကြဝဠာအင်ပါယာ၏ ဘုရင်ကို ကြည့်ကာ မေးလိုက်ခြင်းပင်။ သူသည် ကျန်းမုန့်လောင်၏ ကိစ္စများကို ဝင်မပါရန် ယခုလေးတင် ညွှန်ကြားခံထားရသည်။

"ခင်ဗျားကို မေးနေတယ်လေ"

ကျန်းမုန့်လောင်က သူ့ကို ပြောလိုက်သည်။

"ဒါမှမဟုတ် ခင်ဗျားက ဝင်ခွင့်တစ်နေရာတောင် မလိုချင်တော့တာလား"

အဆင့်ခြောက်နှင့်အထက် သက်ရှိများသည် သူတို့၏ အတွင်း၌ ဝိညာဉ်ကို ကာကွယ်ပေးသော သက်ရှိအမြုတေအသေးစားလေးတစ်ခုကို ဖန်တီးထားကြသည်။ ဤသက်ရှိအမြုတေမှာ လုံးဝပျက်စီးမသွားသရွေ့ သူတို့အနေနှင့် ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်ပေသည်။

သို့သော် ဤသက်ရှိအမြုတေ ပျက်စီးသွားသည်နှင့် ပြန်လည်ရှင်သန်နိုင်ရန် အခွင့်အရေး မရှိတော့ပေ။

"မာကာဘာကာ... သူက စကားနားမထောင်ချင်ဘူးတဲ့"

ကျန်းမုန့်လောင်က ခနဲ့တဲ့တဲ့လေသံဖြင့် ပြောလိုက်သည်။

"ငါတို့ မတတ်သာတဲ့ပုံစံနဲ့ ဝင်ခွင့်နေရာ၄၀၀၀လောက် ထပ်တောင်းလိုက်ရင် ကောင်းမလား"

"ငါ ပေးမယ်။ ငါ ပေးပါ့မယ်"

ဟီလိုစကြဝဠာအင်ပါယာဘုရင်မှာ ဤတစ်ကြိမ်တွင်မူ အမှန်တကယ် ထိတ်လန့်သွားတော့သည်။ အစောပိုင်းက မမြင်ရသော လက်တစ်ဖက်သည် သူ့သက်ရှိအမြုတေကို ဆုပ်ကိုင်ထားလေရာ သူ တွန့်ဆုတ်လိုက်သည်နှင့် ချက်ချင်းချေမှုန်းပစ်တော့မည့်အလား ခံစားလိုက်ရသည်။

သူသည် အဆင့်ကိုးသက်ရှိအဆင့်သို့ နီးကပ်နေသူ တစ်ဦး ဖြစ်သော်လည်း ဤနေရာတွင်မူ လုံးဝအကျဆုံးမခံနိုင်ပေ။ ယနေ့ သူရရှိခဲ့သော ဒဏ်ရာများမှာ ပြန်လည်နာလန်ထူရန် နှစ်ပေါင်း ထောင်နှင့်ချီ၍ သို့မဟုတ် ထို့ထက်မက အချိန်ယူရပေလိမ့်မည်။

"အခုဆိုရင် အမြွှာဝေလငါးစကြဝဠာအင်ပါယာမှာ ဝင်ခွင့်နေရာ ၁၂၀၀၀ရှိသွားပါပြီ"

အင်ပါယာကောင်စီမှ အကြီးအကဲက ကြေညာလိုက်သည်။

"ဘယ်သူများ ကန့်ကွက်စရာရှိသေးလဲ"

လေထုတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ အသက်ရှင်ရခြင်းကို ငြီးငွေ့နေသူမှလွဲ၍ မည်သူက ကန့်ကွက်ဝံ့မည်နည်း။ ယခုအချိန်တွင် ရီထျန်းဂိုဏ်းမှ ဤလူငယ်ကို တားဆီးနိုင်မည့်သူမှာ အဆင့်ကိုးသက်ရှိများသာ ရှိပေတော့မည်။

"ပြီးတော့ ခင်ဗျားတို့ကရော"

ကျန်းမုန့်လောင်သည် ကျန်ရှိနေသော လူအယောက်နှစ်ဆယ်သုံးဆယ်ခန့်ကို လှည့်ကြည့်လိုက်သည်။

"ကျွန်တော်တို့... ကျွန်တော်တို့..."

"ဝင်ခွင့်နေရာ၃၈၀၀၀ စုလိုက်ကြ.. ဘယ်သူ ဘယ်လောက်ပေးရမလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ငါ အဲ့ဒီနေရာ၃၈၀၀၀ပဲ လိုချင်တာ.. မင်းတို့ လိုလိုလားလား ပေးမှာလား။ ဒါမှမဟုတ် ငါ့ဘာသာ လုယူရမလား"

ကျန်းမုန့်လောင်ကတော့ လက်ပိုက်ကာ ပွဲကြည့်နေသည့်အလား ပြုမူနေပြန်၏။

"ကျွန်တော်တို့ ဝင်ခွင့်နေရာ၁၅၀၀ပေးနိုင်ပါတယ်"

"ပီအိုက်.. ခင်ဗျားမှာ ဝင်ခွင့် ၆၀၀၀တောင် ရှိတာပဲ။ နည်းနည်းလောက် ပိုမထည့်ပေးသင့်ဘူးလား"

"ခင်ဗျားမှာလည်း ဝင်ခွင့် ၅၅၀၀ရှိတာပဲ။ ငါတို့မှာ ဝင်ခွင့်နေရာပိုရှိနေတာနဲ့ပဲ ဘာလို့ပိုပေးရမှာလဲ"

"ကျွန်တော်တို့မှာ ဝင်ခွင့်၁၈၀၀ပဲ ရှိတာမို့လို့ ၈၀၀ပဲ ပေးနိုင်ပါမယ်"

...

စကြဝဠာအင်ပါယာ ဒါဇင်ပေါင်းများစွာမှ ခေါင်းဆောင်များသည် ဝင်ခွင့်အရေအတွက်အတွက် ဈေးဆစ်နေကြပြီး အချင်းချင်းပင် ငြင်းခုံနေကြလေ၏။ အကြောင်းမှာ မည်သူကမှ မိမိ၏ဝင်ခွင့်နေရာများကို အဆုံးရှုံးမခံလိုကြသောကြောင့်ပင်။

အကယ်၍ သူတို့သာ အစပိုင်းတွင် အင်အားသုံးရန် မကြိုးစားခဲ့ဘဲ တစ်ယောက်လျှင် ဝင်ခွင့်တစ်နေရာစီသာ ထည့်ဝင်ခဲ့ပါက လက်ခံဖွယ်ရာ ရှိပေလိမ့်မည်။ အဆင့်ကိုးသက်ရှိတစ်ယောက် ရှိနေသည့် မျိုးနွယ်စုတစ်ခုကို ဦးညွှတ်ရခြင်းမှာ အရှက်ရစရာမရှိပေ။

ယခုအခါတွင်မူ သူတို့၏ မဆင်မခြင်အပြုအမူများအတွက် ပြန်လည်ပေးဆပ်နေကြရလေပြီ။

"ကောင်းပါပြီ။ အခုတော့ ခွဲတမ်းသတ်မှတ်တာ ပြီးသွားပါပြီ.. အမြွှာဝေလငါးစကြဝဠာအင်ပါယာက ဝင်ခွင့်နေရာ ၅၀၀၀၀ရရှိသွားပါတယ်.. တစ်စုံတစ်ယောက် ကန့်ကွက်ဖို့ ရှိသေးလား"

"ချင်ဖုန်း... ဟီလိုစကြဝဠာအင်ပါယာကနေ ဆုတ်ခွာလိုက်တော့။ ပြီးရင် စွမ်းအင်ပြန်ဖြည့်ဖို့ ပြင်ဆင်ထားဦး။ နောက်ပိုင်း တခြားသူတွေနဲ့ ထပ်တိုက်ရဖို့ ရှိနိုင်သေးတယ်"

"နားလည်ပါပြီ"

ဇူဒါစစ်ယာဉ်တန်းက လမ်းဖောက်ပေးခဲ့သဖြင့် ကျန်းမုန့်လောင်၏ ယာဉ်တန်းမှာ တိုက်ပွဲတွင် ထိခိုက်ဆုံးရှုံးမှု မရှိခဲ့ဘဲ စွမ်းအင်အနည်းငယ် ပိုကုန်သွားရုံသာ ရှိခဲ့လေသည်။

ဤသည်မှာ ခြိမ်းခြောက်မှုပင်။ ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်မှုပင်။

ကျန်းမုန့်လောင်က သူတို့ကို အတိအလင်း ပြောနေခြင်းပင်။ အကယ်၍ ကန့်ကွက်သည့် မည်သူမဆို ဤယာဉ်တန်းကလည်း ထိုလူများ၏ မျိုးနွယ်စုဆီသို့ ချက်ချင်း ဦးတည်သွားပေလိမ့်မည်သာ။

ဟီလိုစကြဝဠာအင်ပါယာပင် တောင့်မခံနိုင်ခဲ့သည်ဖြစ်ရာ သူတို့ကရော တစ်ချက်တည်းနှင့် ချေမှုန်းမခံရနိုင်ပေဘူးလား။

"ကန့်ကွက်စရာမရှိဘူးမဟုတ်လား.. အားလုံးက ကျိုးကြောင်းဆင်ခြင်တတ်ကြတယ်ဆိုတာ ငါ သိပြီးသားပါ"

ကျန်းမုန့်လောင်က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။

"ရှောင်အိုတစ်.. ငါ ဝင်ခွင့်နေရာ၄၀၀၀၀ ယူမယ်။ ကျန်တာက မင်းအတွက်ပဲ။ အဆင်ပြေတယ် မဟုတ်လား"

"ကျေးဇူးတင်ပါတယ် မစ္စတာကျန်း"

အိုတစ်ခမျာ ဝမ်းသာသွားလေသည်။ ဤပေါင်လုံးကြီးမှာ အမှန်တကယ် အားကိုးထိုက်ပေသည်။

ကျန်းမုန့်လောင်၏ ဘေးရှိ မာကာဘာကာမှာ အဆင့်ရှစ်အလယ်အလတ် သက်ရှိတစ်ဦးသာ ဖြစ်သည်ဟု သူ အမြဲထင်မှတ်ခဲ့သည်။ ကျန်းမုန့်လောင်က သူ့ကို လှည့်စားထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ယခုအချိန်မှစ၍ အမြွှာဝေလငါး စကြဝဠာအင်ပါယာကို အဆင့်ကိုးသက်ရှိတစ်ယောက်က တာဝန်ယူထားကြောင်း လူတိုင်း သိသွားကြချေပြီ။ ဤတစ်ကြိမ်တွင် မည်သည့်ရတနာမှ မရခဲ့လျှင်ပင် ဤအချက်တစ်ခုတည်းနှင့်ပင် သူတို့၏ စကြဝဠာအင်ပါယာမှာ နှစ်ပေါင်းသန်းနှင့်ချီ၍ စည်ပင်ဝပြောရန် လုံလောက်နေပြီဖြစ်၏။

"ဪ... ငါ မေ့သွားလို့"

ကျန်းမုန့်လောင်က ဟီလိုစကြဝဠာအင်ပါယာဘုရင်ထံသို့ တစ်ဖန်လျှောက်သွားပြန်သည်။

ထိုအဆင့်ရှစ် အထွတ်အထိပ်သက်ရှိမှာ တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ သူ့ခန္ဓာကိုယ်မှာ ပြန်နာလန်ထူလာပြီ ဖြစ်သော်လည်း ယခုအခါတွင်မူ အားနည်းကာ ဖြူဖပ်ဖြူရော် ဖြစ်နေချေသည်။ သာမန်အဆင့်ရှစ် အဆင့်မြင့်သက်ရှိတစ်ဦးပင် သူ့ကို အနိုင်ယူနိုင်မည့် အနေအထားမျိုး ဖြစ်နေရှာသည်။

"ဟင်"

ကျန်းမုန့်လောင်က သူ့လက်ချောင်းများကို ပွတ်ပြလိုက်သည်။

"နားလည်တယ် မဟုတ်လား"

"ဘာပြောတာလဲ"

"ငါလည်း နားမလည်ဘူး။ လက်ချောင်းတွေ ပွတ်ပြတာက ဘာကိုဆိုလိုတာလဲ"

ဟီလိုဘုရင်မှာ ဇဝေဇဝါဖြစ်နေတော့သည်။

"ဖြောင်း"

ကျန်းမုန့်လောင်က သူ့ခေါင်းကို ရိုက်လိုက်လေ၏။

"မင်း မသိချင်ယောင်ဆောင်နေတာလား.. ပိုက်ဆံ ထုတ်ပေးစမ်း"

ကျန်းမုန့်လောင်ကဲ့သို့ အဆင့်ငါးသက်ရှိတစ်ယောက်က သူ့ကို ဤကဲ့သို့ ပြုမူဝံ့လိမ့်မည်ဟု ဟီလိုဘုရင် ထင်မထားခဲ့သော်လည်း ကျန်းမုန့်လောင်၏ အနောက်ရှိ မာကာဘာကာ၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။

"စစ်တပ်စေလွှတ်ရတာ ငါ့အတွက် အလကားမရဘူးဆိုတာ သိတယ်မဟုတ်လား"

ကျန်းမုန့်လောင်က ပြောလိုက်ပြန်သည်။

"မင်းသာ ဝင်ခွင့်နေရာတွေကို လိုလိုလားလား ပေးခဲ့မယ်ဆိုရင် ငါ့အရင်းအမြစ်တွေနဲ့ စစ်တပ်တွေကို သုံးဖို့ လိုအပ်ပါ့မလား"

"ငါ တွက်ချက်ပြီးပြီ"

"သုညပဲ ထွက်လာတယ်"

"အာကာသဖြတ်လမ်း ကုန်ကျစရိတ် - ကြယ်၃၇၁၂၇လုံး"

"စစ်ယာဉ်တန်းစွမ်းအင်ကုန်ကျစရိတ် - ကြယ်၁၂၃၇၁လုံး"

"အာကာသယာဉ်ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ် - ကြယ်၁၀၂လုံး"

"စုစုပေါင်း - ကြယ်၄၉၇၀၀လုံး"

"ငါက အကြွေတွေကို သိပ်မကြိုက်ဘူး။ အဲ့ဒါကြောင့် မင်းကို အထူးလျှော့ဈေးအနေနဲ့ပေးမယ်.. ၅၀၀၀၀ပဲ ပေးလိုက်တော့။ ဒါဆိုရင် ငါတို့ကျေပြီ"

"အရှက်မရှိလိုက်တာ...လျှော့ပေးလေ ပိုများလာလေပဲလား"

"ကြယ်၅၀၀၀၀ဆိုတာ သူတို့ စကြဝဠာအင်ပါယာရဲ့ နှစ်ပေါင်းထောင်နဲ့ချီတဲ့ စစ်အသုံးစရိတ်မဟုတ်လား"

"ဒီတစ်ကြိမ်တော့ ဟီလိုဘုရင် သွေးထွက်သံယို ဖြစ်ရတော့မယ်။ အရိုက်ခံရဖို့အတွက် ပိုက်ဆံပေးနေရသလိုပဲ"

"သတင်းတွေထဲကအတိုင်းပဲ။ သြဇာညောင်းတဲ့လူတွေကို ရန်စတာကမှ ရီထျန်းဂိုဏ်းက လူတွေကို ရန်စတာထက် ပိုကောင်းသေးတယ်"

"သူ အမြတ်ထွက်သွားတာပဲ.. ပြီးခဲ့တဲ့တစ်ခေါက်က ရီထျန်းဂိုဏ်းကို ရန်စတဲ့လူတွေက ကျွန်ဖြစ်သွားကြတာခေ..သူကတော့ ပိုက်ဆံနည်းနည်းပေးလိုက်ရုံနဲ့တင် ကံကောင်းသွားတာပဲ"

"မင်း ပိုက်ဆံအဆင်မပြေဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး"

ကျန်းမုန့်လောင်က ပြုံးပြလိုက်သည်။

"ငါက အရစ်ကျစနစ်နဲ့လည်း ဝန်ဆောင်မှုပေးပါတယ်။ တစ်နှစ်ကို အတိုး၄ရာခိုင်နှုန်းပဲ။ သိပ်မများဘူးမဟုတ်လား.. ဒါမှမဟုတ် တခြားပစ္စည်းတွေနဲ့လည်း အစားထိုးပေးချေလို့ ရတယ်။ ငါက သိပ်ပြီး ဇီဇာမကြောင်တတ်ပါဘူး"

***************

အခန်း ၉၃၅ - ဒါတွေက အဆင့်လေးသက်ရှိတွေလား

"မစ္စတာကျန်း... ဒါတွေက ရတနာတိုက်ထဲကို ဝင်ဖို့ ဝင်ခွင့်လက်မှတ်တွေပါ"

အိုတစ်က ကျန်းမုန့်လောင်ကို အာကာသသိုလှောင်ရေးပစ္စည်းတစ်ခု ကမ်းပေးလိုက်၏။

"အထဲမှာ ဝင်ခွင့်နေရာလေးသောင်းပါပါတယ်။ ခင်ဗျားစိတ်ကြိုက် ခွဲဝေပေးနိုင်ပါတယ်"

ဤအာကာသသိုလှောင်ရေးပစ္စည်းထဲမှာ အနီရောင်ကျောက်မျက်ရတနာနှင့် ဆင်တူသောအရာများ ပါရှိပြီး အလွန်လှပလွန်းသည်။

"ရတနာတိုက်ထဲဝင်မယ့်လူတိုင်း ဝင်ပေါက်ကိုဖြတ်ဖို့ ဒီပစ္စည်းတစ်ခုစီ ဆောင်ထားရမှာပါ။ အဲဒါက ခင်ဗျားတို့ရဲ့မျိုးနွယ်စုနဲ့ အလိုလိုချိတ်ဆက်သွားပြီး အဝါဖျော့ရောင် 'ကံကြမ္မာမီးလျှံ'တစ်ခု ထွက်ပေါ်လာပါလိမ့်မယ်"

"ဒီကံကြမ္မာမီးလျှံမှာ တခြားအရောင်တွေရော ရှိသေးတာလား"

ကျန်းမုန့်လောင်က စပ်စုလေဟန်ဖြင့် မေးလိုက်လေသည်။

"ရှိတာပေါ့။ ကံဇာတာပိုကောင်းလေလေ မီးလျှံအရောင်က ပိုရင့်လေလေပဲ။ အဝါရောင်ပြီးရင် လိမ္မော်၊ အနီ....အဲဒီနောက် ခရမ်းရောင်နဲ့ အနက်ရောင်တို့ ဖြစ်သွားတာ။ အဲဒီအရောင်တွေအပြင် တခြားအရောင်အကြောင်းတော့ ကျွန်တော်လည်း မကြားဖူးဘူး"

"ဪ... ပြီးတော့ ကံဇာတာကို လုယူလို့လည်း ရသေးတယ်။ ဥပမာပြောရရင် ခင်ဗျားက ရတနာတစ်ခုခုတွေ့လို့ အဲဒါကို သူများလုသွားရင် မီးလျှံက မှိန်သွားပြီး အပြာရောင်ပြောင်းသွားမယ်...နောက်ဆုံးကျရင် အစိမ်းရောင် ဖြစ်သွားလိမ့်မယ်"

"စိတ်ဝင်စားဖို့ကောင်းသားပဲ"

ကျန်းမုန့်လောင်က ခပ်ဖွဖွပြုံးလိုက်သည်။

"အစိမ်းရောင်ကလည်း မဆိုးပါဘူး"

"နေပါဦး...ငါက လူအယောက်လေးသောင်းခေါ်သွားပြီး အကုန်လုံးက အနက်ရောင်မီးလျှံတွေ ဖြစ်နေမယ်ဆိုရင် ဘာဖြစ်မယ်လို့ မင်းထင်လဲ"

"ဒါကတော့..."

ဤမေးခွန်းကြောင့် အိုတစ် ဆွံ့အသွားရသည်။ ဤအကြောင်းအရာကို သူ မသိပါချေ။

အကယ်၍ လူအယောက်လေးသောင်းလုံးကသာ အနက်ရောင်ကံကြမ္မာမီးလျှံကို ရရှိခဲ့မည်ဆိုလျှင်... ကျွတ်ကျွတ်ကျွတ်... နောက်ထပ် နှစ်ပေါင်းသိန်းဂဏန်းကြာသည်အထိ သူတို့မျိုးနွယ်စု၏ ဖွံ့ဖြိုးတိုးတက်မှုကို သူကိုယ်တိုင်ပင် မမှန်းဆရဲတော့ပေ။

နောက်တစ်ကြိမ် ရတနာတိုက် ထပ်မပွင့်ခင်မှာပင် သူတို့၏ အမြွှာဝေလငါးစကြဝဠာအင်ပါယာသည် အဆင့်ငါးအဆင့်မြင့်မျိုးနွယ်စု သို့မဟုတ် အဆင့်ငါး။ အထွတ်အထိပ်ကိုပင် တက်လှမ်းသွားနိုင်သည်။

"အရင်တစ်ခေါက်က မျိုးနွယ်စုတစ်ခုမှာ အနီရောင်မီးလျှံနှစ်ထောင်ကျော်၊ ခရမ်းရောင်သုံးရာကျော်နဲ့ အနက်ရောင်ခုနစ်ယောက်ပဲ ပါတာ။ တကယ်လို့ အနက်ရောင်မီးလျှံသာ သောင်းနဲ့ချီပြီး ရှိမယ်ဆိုရင် ကျွန်တော်တို့ရဲ့ တိုးတက်မှုနှုန်းက အရှိန်အဟုန်နဲ့ မြင့်တက်သွားမှာပဲ"

"ဒါပေမဲ့ မီးလျှံအဆင့်မြှင့်ဖို့ တော်တော်ခက်တယ်ဗျ"

အိုတစ်က ပြောပြလိုက်သည်။

"အဝါရောင်မီးလျှံကနေ လိမ္မော်ရောင်ဖြစ်ဖို့အတွက် တခြားအဝါရောင်မီးလျှံဆယ်ခုလောက်ကို အစိမ်းရောင်ပြောင်းအောင်လုပ်မှ ရနိုင်တာ"

"ဪ..."

ကျန်းမုန့်လောင်က ချက်ချင်းဆိုသလို ညစ်ကျယ်ကျယ်ပြုံးလိုက်လေသည်။

"လူပီသဖို့ဆိုရင် အစိမ်းရောင်လေးတော့ ဆောင်ထားမှ ဖြစ်မှာပေါ့"

"ဒါနဲ့ ရတနာတိုက်က ဘယ်မှာလဲ"

ကျန်းမုန့်လောင် မေးလိုက်သည်။

"ကျွန်တော်လည်း မသိဘူးဗျ။ အင်ပါယာအသင်းကပဲ ရတနာတိုက်ရဲ့ ဝင်ပေါက်ကို သိတာ။ ကျွန်တော်တို့ကို လာခေါ်ဖို့ သူတို့ လူလွှတ်လိမ့်မယ်"

အိုတစ်က ပြန်ဖြေလိုက်၏။

"လူအယောက်လေးသောင်းရွေးဖို့ဆိုရင် အချိန်တော်တော်ယူရလိမ့်မယ်။ ကျွန်တော် ကမ္ဘာမြေကို လာခဲ့ပါ့မယ်။ အဲဒီကျမှ အတူတူထွက်ကြတာပေါ့"

"ကောင်းပြီလေ"

"ကျောင်းအုပ်ကြီး... အကြီးအကျယ်ချမ်းသာချင်လား"

ကောထန်က ရုတ်တရက် ပြောလာလေသည်။

"ဟမ်... ခွန်အားအမှတ်တစ်သောင်းအောက်လျော့တဲ့ အလုပ်တွေကို ငါ စိတ်မဝင်စားဘူးနော်"

"ဟဲဟဲ... ဒီတစ်ခါတော့ တကယ်ပွပေါက်တိုးမှာပါ"

တင် : "ခွန်အားအမှတ်ဘုရင်"တာဝန်ကို စတင်လိုက်ပါပြီ

"ဝိုး.. နာမည်ကတော့ တော်တော်ကြမ်းတာပဲ"

"ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲက ကျောင်းသားအယောက်လေးသောင်းကို ရတနာတိုက်ထဲ ခေါ်သွားပါ။ လိမ္မော်ရောင်မီးလျှံရှိတဲ့ လူတစ်ယောက်ချင်းစီအတွက် ခွန်အားအမှတ်တစ်မှတ်၊ အနီရောင်အတွက် ဆယ်မှတ်၊ ခရမ်းရောင်အတွက် အမှတ်တစ်ရာ၊ အနက်ရောင်အတွက် တစ်ထောင်နဲ့ ရောင်စုံမီးလျှံအတွက် တစ်သောင်း အသီးသီးရရှိပါမယ်"

"ရင်ခုန်စရာကြီး"

ကျန်းမုန့်လောင်မှာ ကောထန်က ရက်ရောသည်ဟု ခံစားလိုက်ရသည်။ အနက်ရောင်မီးလျှံအထက်မှာ ရောင်စုံမီးလျှံ ရှိနေသေးသည်။ လူတိုင်းသာ ရောင်စုံမီးလျှံ ရကြမည်ဆိုပါက စုစုပေါင်း ခွန်အားအမှတ်မှာ သန်းလေးရာအထိ ဖြစ်သွားပေမည်။

"ကျစ်ကျစ်ကျစ်.. ထောပြီပေါ့"

"ကျောင်းအုပ်ကြီး... တကယ်လို့ ရောင်စုံမီးလျှံလေးသောင်းလိုချင်ရင်တော့ ရတနာတိုက်ထဲက လူတိုင်းကို အစိမ်းရောင်တွေပြောင်းကုန်အောင် လုပ်ရလိမ့်မယ် ထင်တယ်"

"ဟဲဟဲဟဲ... စဉ်းစားကြည့်ရုံနဲ့တင် ရင်ခုန်စရာပဲ"

ကျန်းမုန့်လောင်က ညစ်ကျယ်ကျယ် ပြုံးလိုက်လေသည်။

"ဒါပေမဲ့ ဒီလိုဆိုမှတော့ ဒီအယောက်လေးသောင်းကို သေချာရွေးရမယ်။ ဒီလိုမှန်းသာသိရင် နေရာတစ်သိန်းလောက် တောင်းလိုက်ပါတယ်"

"ကျောင်းအုပ်ကြီး ပြန်လာပြီလား"

"ကျောင်းအုပ်ကြီး... ဒီတစ်ခါ ဘယ်တွေသွားနေတာလဲ"

"ကျောင်းအုပ်ကြီး... ကျွန်တော်တို့ကို စကြဝဠာမျိုးနွယ်စုတွေဆီ ဘယ်တော့ခေါ်သွားမှာလဲ"

ထူးရှယ်နတ်ဘုရားကျောင်းတော်သို့ ပြန်ရောက်သည်နှင့် ကျောင်းသားအုပ်ကြီးက သူ့အနား ဝိုင်းအုံလာကြသည်။

"ဒီတစ်ခါတော့ မင်းတို့ကို အပျော်ခရီးခေါ်သွားဖို့ ပြန်လာတာ"

ကျန်းမုန့်လောင်က သူတို့ကို ရတနာတိုက်အကြောင်း အကျဉ်းချုပ် ရှင်းပြလိုက်သည်။

"ဝူးဟူး... မိုက်လိုက်တာ"

"ကျောင်းအုပ်ကြီး.. ကျွန်တော့်နာမည် ထည့်ပေးပါ။ ကျွန်တော်က ကြွားရတာ အရမ်းဝါသနာပါတာ"

"ကျွန်တော့်ကိုလည်း ထည့်ပေးပါ ကျောင်းအုပ်ကြီး"

"အဆင့်သုံးသက်ရှိကောင်က ဘာတွေလာအော်နေတာလဲ။ ကျောင်းအုပ်ကြီးက အတော်ဆုံးတွေပဲ ခေါ်မယ်လို့ ပြောထားတာလေ"

"ဘာတွေလာပြောနေတာလဲ။ အဆင့်သုံးက အဆင့်လေးကို မနိုင်ဘူးလို့ မင်းထင်နေတာလား။ မကျေနပ်ရင် လာလေ။ လက်ရည်ယှှဉ်ရအောင်"

"လာလေ ကြိုက်တဲ့အချိန်လာခဲ့"

"အားလုံး တိတ်တိတ်နေကြစမ်း"

ဆူဆူညံညံဖြစ်နေသည်ကို မြင်သော် ကျန်းမုန့်လောင်က အော်လိုက်သည်။

"နေရာ၃၉၉၉၉အတွက် ကြိုးဝိုင်းတစ်ခု လုပ်ပေးမယ်။ အချင်းချင်းပြိုင်ကြ။ ငါက အတော်ဆုံးလူအယောက်လေးသောင်းပဲ လိုချင်တာ"

မျက်စိတစ်မှိတ်အတွင်းမှာပင် လအနည်းငယ် ကုန်ဆုံးသွားသည်။ လူသောင်းနှင့်ချီ၍ ရွေးချယ်ရခြင်းမှာ မသေးလှတဲ့ အလုပ်ကြီးတစ်ခုပင်။ ပထမနှစ်ကျောင်းသားတချို့ပင် ပျော်စရာကောင်းမည်ထင်၍ လာလျှောက်ကြသေးသည်။ ရတနာတိုက်ထဲ မဝင်ရလျှင်ပင် အချင်းချင်း ပညာဖလှယ်ရသည်မှာ တန်ဖိုးရှိပေသည်။

့ပြိုင်ပွဲစင်မြင့်ကိုတော့ စိန်ခေါ်ပွဲပုံစံမျိုးဖြင့် ပြုလုပ်ထားသည်။ စင်ပေါ်တွင် စိန်ခေါ်မှုများကို လက်ခံပြီး ငါးပွဲဆက်တိုက် မရှုံးပါက နေရာတစ်နေရာ ရရှိမည်သာ။ ယခုဆိုလျှင် နေရာပေါင်း ၃၀၀၀၀ကျော်လောက် အတည်ပြုပြီးသွားချေပြီ။

"တိုက်စမ်း... ဒါပဲလေ"

"ဟေ့... မင်းရဲ့ကျောက်စိုင်အဖျက်ဓာတ်လက်သီးကွက်က မမှန်သလိုပဲ။ လေ့ကျင့်တာ မလုံလောက်သေးဘူးထင်တယ်"

"ဝါး... မင်းရဲ့ 'မဟာအနိဋ္ဌာရုံကောင်းကင်ချုပ်လက်ချောင်း'က ဘာလို့ လက်ခလယ်နှစ်ချောင်း ကွေးကောက်နေရတာလဲ။ မင်း ဘာကိုသွားထိုးနေတာလဲ"

"သောက်ကျိုးနည်း... မင်းက စူပါဆိုင်ယန်မျိုးရိုးဗီဇကိုတောင် ထုတ်ယူနိုင်ခဲ့တာလား။ မိုက်တယ်ကွာ...မင်းရဲ့အနာဂတ်ကတော့ အကန့်အသတ်မရှိဘူးပဲ"

ကျန်းမုန့်လောင်က ကျောင်းသားများ၏ လက်ရည်ယှဉ်ပွဲကို စိတ်ဝင်တစား ကြည့်နေပေသည်။ အကောင်းဆုံးအကျိုးသက်ရောက်မှုရစေရန်အတွက် ကျန်းမုန့်လောင်က နက်ပကျွန်းဂြိုဟ်ပေါ်မှာ နေရာသတ်မှတ်ခဲ့သည်။ အကယ်၍ ကမ္ဘာမြေပေါ်မှာသာ တိုက်ခိုက်ကြမည်ဆိုလျှင် ကမ္ဘာကြီးတစ်ခုလုံး ဒုက္ခရောက်ကုန်မည်မှာ သေချာပေသည်။

ထိုအချိန်မှာပင် အာကာသစခန်းမှ ဖုန်းဝင်လာလေသည်။

"မစ္စတာကျန်း... အရှင်ဧကရာဇ် ပြန်ရောက်နေပါတယ်။ ဒီတစ်ခါတော့ လူတွေအများကြီး ပါလာပုံရတယ်"

"ဪ... သူတို့ကို နက်ပကျွန်းဂြိုဟ်ဆီကို လာခိုင်းလိုက်"

နက်ပကျွန်းဂြိုဟ်၏ ပတ်ဝန်းကျင်က အလွန်ဆိုးဝါးသော်ငြား အဆင့်သုံးသက်ရှိအများစုမှာ ပြင်းထန်လှသော ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိကြသည်။ အဆင့် လေးသက်ရှိများအတွက်ဆိုလျှင် ပြောနေစရာပင် မလိုပါချေ။

"ရောက်လာကြပြီလား"

အိုတစ်၏ အနောက်ရှိ လူများကို ကျန်းမုန့်လောင် လှမ်းကြည့်လိုက်သောအခါ အားလုံးက အဆင့်ငါးသက်ရှိများ ဖြစ်နေကြသည်။ ဤအယောက်တစ်ထောင်က အမြွှာဝေလငါးစကြဝဠာအင်ပါယာ တစ်ခုလုံးကတစ်ဆင့် ရွေးချယ်ထားသော အတော်ဆုံးစစ်သည်များပင်။ အများစုမှာ စစ်တပ်ထဲက လာကြသူများပင်။ သူတို့ကို အထူးရွေးချယ်ထားသည့် လက်ရွေးစင်များဟုပင် ဆိုနိုင်သည်။

"မစ္စတာကျန်း...ခင်ဗျားရွေးထားတဲ့ စစ်သည်တွေက ဘယ်မှာလဲ"

"သူတို့ကတော့ နေရာရဖို့အတွက် တိုက်ခိုက်နေကြတုန်းပဲ"

ကျန်းမုန့်လောင်က မေးဆတ်ပြလိုက်၏။

"အဆင့်ငါးသက်ရှိက ဆယ်ဂဏန်းလောက်ပဲ ရှိတာလား"

အိုတစ်လည်း ချက်ချင်း စိတ်ပျက်သွားရသည်။ သူ့ခန့်မှန်းချက်အရဆိုလျှင် ရီထျန်းဂိုဏ်းက အလွန်တော်လှသော လူများနှင့် ပြည့်နှက်နေရမည်သာ။ အဆင့်ငါးသက်ရှိ အယောက်လေးသောင်းခန့် ရွေးထုတ်ရန်မှာ မခက်ခဲသင့်ဘူးမဟုတ်လော။

အဆင့်လေးသက်ရှိနှင့် အဆင့်ငါးသက်ရှိများအကြား ခြားနားချက်မှာ အလွန်ကြီးမားလှသည်။ အဆင့်ငါးသက်ရှိများထဲက အားအနည်းဆုံးလူပင် အဆင့်လေးအထွတ်အထိပ်သက်ရှိ ဆယ်ဂဏန်းခန့်ကို အသာလေးနှိမ်နင်းနိုင်သည်။ အမှန်ပင်။ အဆင့်ကျော်ပြီး တိုက်နိုင်သူများ ရှိပါသော်ငြား ထိုသို့သောလူစားမျိုးက အလွန်ရှားပါးလှသည်။

"ဝုန်း..."

ဂြိုဟ်တစ်ခုလုံး တုန်ခါသွားသလို ခံစားလိုက်ရပြီးနောက် စိန်ပွင့်အပိုင်းအစများ ပါဝင်သည့် ပြင်းထန်လှသော လေစီးကြောင်းကြီးတစ်ခုက သူတို့ဆီကို တစ်ဟုန်ထိုး တိုက်ခတ်လာသည်။

အိုတစ်၏ အနောက်ရှိ အားနည်းသော အဆင့်ငါးသက်ရှိတချို့ဆိုလျှင် ထိုတုန်ခါမှုကြောင့် အနောက်ကို ခြေလှမ်းတော်တော်များများ ဆုတ်လိုက်ရသည်။

"ဒီလောက်ပြင်းထန်တဲ့ အင်အားမျိုးကို အဆင့်လေးသက်ရှိတွေက ဘယ်လိုလုပ်ဆင့်ခေါ်နိုင်မှာလဲ"

အိုတစ်က ယခုလေးတင် သူ့ဉာဏ်ရည်တုကို သုံးပြီး ဂြိုဟ်၏ပတ်ဝန်းကျင်၊ ဆွဲအားနှင့် မျက်နှာပြင်မာကျောမှုများကို စစ်ဆေးခိုင်းထားသည်။ အဆင့်လေးသက်ရှိများက ဤမျှအထိ ဖျက်ဆီးနိုင်စွမ်း မရှိသင့်ပေ။

"မြန်မြန်... သူတို့ရဲ့သက်ရှိစွမ်းအင်ကို စစ်ဆေးကြည့်စမ်း"

အိုတစ်ရွေးထားသည့် လက်ရွေးစင်အချို့ မျက်နှာပျက်ကုန်ကြသည်။ ဤစွမ်းအင်လှိုင်းတစ်ခုတည်းနှင့်ပင် သူတို့ကို အပြတ်အသတ် ကျော်လွန်နေလေပြီ။

"သက်ရှိစွမ်းအင်က ၃၉...အကုန်လုံးက အဆင့်လေးသက်ရှိတွေပါပဲ... ဒါပေမဲ့ သူတို့ရဲ့တိုက်ခိုက်မှုကနေ ထွက်လာတဲ့ စွမ်းအင်တွေက ပျမ်းမျှအနေနဲ့ အဆင့်ငါးအထွတ်အထိပ် သက်ရှိတွေကိုတောင် ကျော်လွန်နေပြီ"

သူတို့သာမက အိုတစ်ပင် ပါးစပ်အဟောင်းသားဖြစ်သွားချေသည်။

"ဒါတွေက... အဆင့်လေးသက်ရှိတွေဆိုတာရော ဟုတ်ရဲ့လား"

*****************

အခန်း ၉၃၆ - သူတို့က အဲဒီအထဲမှာ အားအနည်းဆုံးတွေပဲ

မုန်တိုင်းထန်နေသည့် ပရမ်းပတာအခြေအနေကြားတွင် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားနှစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေကြသည်။

တစ်ယောက်က အနီရောင်မီးလျှံအရှိန်အဝါများ ရစ်ပတ်လွှမ်းခြုံထားပြီး အခြားတစ်ယောက်၏ ဘေးတွင်မူ မီးတောက်များဖြင့် ပုံဖော်ထားသော သားရဲကြီးငါးကောင် ရှိနေပေသည်။

"ကျန်းရှင်း...မင်းရဲ့ ကိုင်ဘုရင်လက်သီးက အခုဆို ဆယ်ဆအထိတောင် သုံးနိုင်နေပြီပဲ။ မင်း တော်တော်လေး တိုးတက်လာတာပဲ"

ကောင်လေးတစ်ယောက်က ချီးကျူးလိုက်သည်။

"ငါမှတ်မိသလောက်ဆိုရင် ပြီးခဲ့တဲ့စာသင်နှစ်ဝက်တုန်းက မင်းရဲ့ကိုင်ဘုရင်လက်သီးက ရှစ်ဆအထိပဲ သုံးနိုင်သေးတာ မဟုတ်ဘူးလား"

"အစ်ကိုရာ.. အမှန်အတိုင်းပြောရရင် ခင်ဗျားက ထူးဆန်းမီးတောက်ငါးခုတောင် လဲလှယ်ထားပြီးပြီလေ။ ဒီမီးတောက်ခွဲထွက်ခြင်းနည်းစနစ်ငါးခုရဲ့ အစွမ်းက ကောင်းကင်ဘုံအဆင့် တိုက်ခိုက်ရေးစွမ်းရည်တွေနဲ့တောင် ယှဉ်နိုင်တယ်။ အဲဒါကို ခင်ဗျားရဲ့ မီးတောက်သားရဲတွေကို သေချာရွေးချယ်လို့မရဘူးလား။ ဟက်စကီးခွေးနဲ့ ကော်ဂီခွေးပုံစံတွေ ရွေးထားတာက ဘာသဘောလဲ။ ပြိုင်ဘက်ကို လှောင်ချင်လို့လား"

"ဟားဟားဟား... အသေးစိတ်လေးတွေကို ဂရုစိုက်မနေပါနဲ့။ ဆက်တိုက်ကြစို့"

"ကောင်းပြီလေ"

"ဝုန်း"

"ဒိုင်း"

...

လူတစ်သောင်း၏ ရှေ့ဆုံးတွင် အိုတစ်ရွေးချယ်ထားသော အသန်မာဆုံးဆယ်ယောက်အနက် တစ်ယောက်ရှိနေပေသည်။ သူတို့အားလုံးက အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ သိုင်းပညာအသင်းမှ ပျိုးထောင်ပေးထားသူများဖြစ်ပြီး အထူးချွန်ဆုံး လက်ရွေးစင်များထဲတွင် ပါဝင်ကြသည်။

ဤတစ်ကြိမ်တွင် သူတို့သည် အင်ပါယာ၏ တာဝန်ကို ထမ်းဆောင်ရန် လာခဲ့ကြခြင်းဖြစ်၏။ တစ်ဦးချင်းစီတိုင်းကလည်း ယုံကြည်မှုများ အပြည့်အဝရှိနေကြသည်။

သို့သော် ယခုအချိန်တွင်တော့ သူတို့၏ ယုံကြည်မှုများအားလုံး တစ်စစီ ကွဲကြေသွားခဲ့ရလေပြီ။

"ဒါက ဘယ်လိုသိုင်းကျမ်းမျိုးလဲ။ သူ့ရဲ့စွမ်းအားတွေက အထူးနည်းလမ်းတစ်ခုခုနဲ့ အနည်းဆုံး ၇ဆ၈ဆလောက် မြှင့်တင်ခံထားရသလို ခံစားနေရတယ်"

"ခုနစ်ဆရှစ်ဆ ဟုတ်လား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ နှစ်ဆလောက် မြှင့်တင်ရင်တောင်မှ အနည်းဆုံး အဆင့်ငါးသိုင်းကျမ်းလောက်မှ ရမှာကို"

"ဟိုတစ်ယောက်ကို ကြည့်လိုက်ဦး။ သူ့မီးတောက်က ကြယ်စင်မီးတောက် မဟုတ်ဘူးလား"

"အပူချိန်က ကြယ်စင်မီးတောက်ထက် အနည်းဆုံး ဆယ်ဆလောက် ပိုများတယ်။ သူက ဒီလိုသိုင်းကျမ်းမျိုးကို ဖန်တီးဖို့အတွက် အဲဒီလို မီးတောက်ငါးခုကို သူ့ခန္ဓာကိုယ်ထဲ ပေါင်းစပ်ထည့်သွင်းထားတာပဲ"

အမြွှာဝေလငါးစကြဝဠာအင်ပါယာမှ လက်ရွေးစင်များမှာ ဤယှဉ်ပြိုင်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးနေကြသည်။

"မင်း သူတို့ရဲ့ လှုပ်ရှားမှုတွေကို သေချာမြင်ရလား"

"မမြင်ရဘူး။ သူတို့လှုပ်ရှားမှုတွေက အရမ်းမြန်လွန်းတယ်။ ငါ့ရဲ့အာရုံခံနိုင်စွမ်းက အကန့်အသတ်ထက် ကျော်လွန်နေပြီ"

လက်ရွေးစင်များထဲတွင် အသန်မာဆုံးလူက ပြန်ဖြေလိုက်သည်။

သူသည် အိုတစ်၏ အတော်ဆုံးတပည့်ဖြစ်ပြီး အဆင့်ခြောက်သက်ရှိအဖြစ်သို့ ချိုးဖောက်ဝင်ရောက်ရန် နီးစပ်နေသည့် ပါရမီရှင်တစ်ဦးပင်။ သို့သော် ယခုအချိန်တွင်မူ သူ့နဖူးထက်ဝယ် ချွေးသီးချွေးပေါက်များ ကျဆင်းနေပြီး နှလုံးသားထဲတွင် ပြင်းထန်လှသော ညှဉ်းပန်းနှိပ်စက်မှုတစ်ခုကို ခံစားနေရသည့်အလားပင်။

"သူတို့က အဆင့်လေးသက်ရှိတွေဆိုတာ ယုံတောင်မယုံနိုင်ဘူး။ သူတို့က ရီထျန်းဂိုဏ်းက ပျိုးထောင်ပေးထားတဲ့ အထူးလက်ရွေးစင်တွေပဲ"

"ဟဲဟဲဟဲ...'လက်ရွေးစင်'ဆိုတဲ့ စကားလုံးက ငါတို့ကို တကယ်အရှက်ရစေတယ်"

"မင်းသာ သူတို့နဲ့ တိုက်ခိုက်ရမယ်ဆိုရင် မင်းနိုင်နိုင်ခြေ ဘယ်လောက်ရှိမလဲ"

"နိုင်နိုင်ခြေ ဟုတ်လား။ တိုက်ရမယ် ဟုတ်လား။ ငါ့ကို သေစေချင်တယ်လို့သာ တည့်ပြောလိုက်ပါတော့"

...

ဤတိုက်ပွဲမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး မြေပြင်တစ်ခုလုံးလည်း ဆယ်မီတာကျော်မျှ နိမ့်ဝင်သွားခဲ့သည်။ နောက်ဆုံးတွင် ကျန်းရှင်းသည် သူ့ခွန်အားများကို အချိန်မတိုင်မီ ကုန်ခမ်းစေခဲ့သော ကိုင်ဘုရင်လက်သီး၏ ဘေးထွက်ဆိုးကျိုးများကြောင့် သီသီလေး ရှုံးနိမ့်သွားခဲ့သည်။

ထို့နောက် နောက်ထပ်ကျောင်းသားနှစ်ယောက် ရှေ့ထွက်လာသည်။ တစ်ယောက်မှာ အဆင့်သုံး သက်ရှိဖြစ်ပြီး အခြားတစ်ယောက်မှာမူ အဆင့်လေး သက်ရှိပင်။

"အဆင့်သုံးသက်ရှိ ဟုတ်လား။ အဆင့်သုံးသက်ရှိတွေတောင် ပါတာလား"

သူတို့သည် အဆင့်လေးသက်ရှိများကိုပင် မနည်းလက်ခံနေရသည်။ ယခုမူ အဆင့်သုံးသက်ရှိဆိုသည်မှာ သူတို့၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အကန့်အသတ်ကို တွန်းအားပေးနေသလိုပင်။

"ကျစ်...မင်းလို အရူးကောင်နဲ့ ငါ ဘယ်လိုလုပ်ပြီး လာဆုံရတာလဲ"

စတုတ္ထနှစ်ကျောင်းသားက သူ့ပြိုင်ဘက်ကို မြင်လိုက်ရသည်နှင့် ချွေးပြန်လာတော့သည်။

"ဒီအဆင့်သုံးရဲ့သက်ရှိစွမ်းအင်က ၂၉ပဲ ရှိတာဆိုတော့ သိပ်အထင်ကြီးစရာတော့ မကောင်းပါဘူး"

"ရီထျန်းဂိုဏ်းက လူတွေကို အထင်မသေးနဲ့။ ဒီကောင်က မိစ္ဆာတစ်ကောင် ဖြစ်နေနိုင်တယ်။ မစ္စတာကျန်းပြောတာကို မင်း မကြားလိုက်ဘူးလား။ ဒါက ရွေးချယ်ရေးပွဲစဉ်နော်။ သူ့ပြိုင်ဘက်က အဆင့်လေး သက်ရှိဖြစ်နေတာကို။ ဒီအဖွဲ့အစည်းမှာဆိုရင် သူတို့ရဲ့သက်ရှိအဆင့်တွေကို နောက်ထပ်တစ်ဆင့်လောက် ပိုမြင့်ပြီး တွေးပေးစမ်းပါ"

"တိတ်တိတ်နေ...စတော့မယ်"

...

"ဟဲဟဲဟဲ"

ဂျူနီယာကျောင်းသားက သူ့လက်ချောင်းကို ရင်ဘတ်ပေါ်တင်ရင်း ရယ်မောလိုက်သည်။

အနီရောင်အရှိန်အဝါများ ထွက်ပေါ်လာသည်နှင့်အမျှ သူ့အသားအရေမှာ ပြုတ်ထားသည့်အလား ခြောက်သွေ့ကာ အနီရင့်ရောင်သို့ ပြောင်းသွားချေသည်။

"တံခါးရှစ်ပေါက်ဖွင့်ဟခြင်း၊ သေမင်းတံခါး... ပွင့်စေ"

ဝုန်း

ထိုအခိုက်မှာပင် အဆတစ်ရာကျော် ပိုမိုအားကောင်းသော စွမ်းအားများ ပေါက်ကွဲလာပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းများလည်း အရပ်မျက်နှာအနှံ့ ပြန့်ကျဲသွားသည်။

"ဘုရားရေ..အဆ၁၂၀တောင်။ သူ့ခန္ဓာကိုယ်ရဲ့ အချက်အလက်တွေက အဆ၁၂၀တောင် တက်သွားပြီ"

"သူ့သက်ရှိစွမ်းအင်က အဆင့်ခြောက်သက်ရှိနားကို ကပ်နေပြီ"

"သောက်ကျိုးနည်း.... ဒါက မိစ္ဆာကောင်ကြီးလား"

...

"လျူလဲ့ မင်းက ပွဲစတာနဲ့ တံခါးရှစ်ပေါက်ကို တစ်ခါတည်း ဖွင့်လိုက်တာလား။ မင်း သေရမှာ မကြောက်ဘူးလား။ ဒါက ကျောင်းတော်ထဲမှာ မဟုတ်ဘူးနော်... နေပါဦး။ ဧကန္တ..."

"ဟဲဟဲ... ငါက ဇီဝဗေဒကျောင်းတော်ကနေ မာဂျင်ဘူးရဲ့ မျိုးရိုးဗီဇတွေကို ထုတ်ယူပြီး ငါ့ခန္ဓာကိုယ်ထဲကို တစ်စိတ်တစ်ပိုင်း ပေါင်းစပ်ထားပြီးပြီ။ ငါ့မှာ အင်အားကောင်းတဲ့ ပြန်လည်ကုစားနိုင်စွမ်း မရှိပေမဲ့ တံခါးရှစ်ပေါက်ဖွင့်လိုက်တာက ရက်ပိုင်းလောက် အနားယူရုံပါပဲ"

"သောက်ကျိုးနည်း... မင်းက တကယ့်အရူးအစစ်ပဲ"

"စီနီယာ... ခင်ဗျားရဲ့ ပုံရိပ်ယောင်သိုင်းခန္ဓာကလည်း နတ်ဘုရားခန္ဓာအဆင့်ကို ရောက်သွားပြီလို့ ကြားတယ်။ လာလေ...တိုက်ကြရအောင်"

"ငါလို စတုတ္ထနှစ်ကျောင်းသားက မင်းကို ရှုံးသွားရင် တော်တော် ရှက်စရာကောင်းမှာ မဟုတ်ဘူးလား။ တိုက်ကြတာပေါ့။ ဝင်ခဲ့"

"ဝုန်း... ဒိုင်း"

"ဘုန်း"

" ခွမ်း"

...

"မစ္စတာကျန်း... ဒါတွေအကုန်လုံးက ခင်ဗျားတို့ ရီထျန်းဂိုဏ်းက ပျိုးထောင်ပေးထားတာတွေလား"

အိုတစ်၏ ပါးစပ်မှာ အာလူးတစ်လုံး ဝင်ဆံ့လောက်သည်အထိ ဟပြဲဖြစ်နေတော့သည်။

လျူလဲ့ဟု အမည်ရသော ထိုလူငယ်လေး ထိုးချလိုက်သည့် လက်သီးတစ်ချက်သည် သူ့ကိုပင် ခံစစ်အနေအထားသို့ ပြောင်စသွားစေနိုင်လောက်သည်။ သာမန်အဆင့်ငါးအထွတ်အထိပ် သက်ရှိတစ်ယောက်ဆိုလျှင် ထိုလက်သီးတစ်ချက်တည်းနှင့်ပင် သေသွားနိုင်သည်။

"အင်း"

ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။

"အရည်အချင်းမပြည့်မီတဲ့ ကျောင်းသားတချို့ပါဗျာ။ ခင်ဗျားကို ရယ်စရာဖြစ်အောင် လုပ်မိသွားပြီ"

အိုတစ်ခမျာ ချက်ချင်းပင် ဆွံ့အသွားရသည်။ အကယ်၍ ဤလူများကသာ အရည်အချင်းမပြည့်မီဘူးဆိုပါက သူရွေးချယ်ထားသော လက်ရွေးစင်တစ်သောင်းက အမှိုက်များဖြစ်နေလေမလား။

"မစ္စတာကျန်း... ခင်ဗျားတို့အဖွဲ့အစည်းက သူတို့ကို ပျိုးထောင်ဖို့အတွက် အများကြီးအားထုတ်ခဲ့ရမှာပဲနော်"

"ရပါတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"သုံးနှစ်ကနေ ငါးနှစ်လောက် လေ့ကျင့်ရင် လုံလောက်ပါပြီ။ အဓိကကတော့ သူတို့ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာပဲ မူတည်တာပါ။ သူတို့အဆင့်ကို ကြည့်ရသလောက်တော့ ဒီကောင်နှစ်ကောင် အချိန်တိုင်း ဂိမ်းကစားဖို့ပဲ တွေးနေကြတာ ဖြစ်ရမယ်"

"ဘာ..."

အိုတစ်၏ ပါးစပ်ကား အနည်းငယ် တွန့်ကွေးသွားသည်။

"သုံးနှစ်ကနေ ငါးနှစ် ဟုတ်လား"

သိုင်းပညာကျင့်ကြံသူတစ်ဦးအတွက် သုံးနှစ်မှ ငါးနှစ်ဟူသည့်အချိန်မှာ မျက်စိတစ်မှိတ်စာမျှသာ ဖြစ်၏။

အမြွှာဝေလငါးစကြဝဠာအင်ပါယာမှ ရွေးချယ်ထားသော လက်ရွေးစင်များထဲတွင် အသက်အငယ်ဆုံး အဆင့်ငါးသက်ရှိပင်အသက်သောင်းဂဏန်းအထိ ရှိနေပြီဖြစ်၏။

"သက်ရှိစကန်ဖတ်ခြင်း စတင်ပါ"

"တီ : သက်ရှိ၏အသက် - စကြဝဠာနှစ် ၁၅နှစ်"

"တီ : သက်ရှိ၏အသက် - စကြဝဠာနှစ် ၁၇နှစ်"

"သူတို့က တကယ်ပဲ ဒီလောက်တောင်ငယ်တာလား"

စစ်ဆေးရေးကိရိယာမှ အချက်အလက်များကြောင့်သာ မဟုတ်ပါက သူ့အာရုံကိုပင် သူ သံသယဝင်မိမည်ဖြစ်၏။

ဒါက မိစ္ဆာတွေကို အစုလိုက်အပြုံလိုက် ပျိုးထောင်နေတာလား။

"တကယ်တော့ အံ့သြစရာ ဘာမှမရှိပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"သူတို့က ကျွန်တော်တို့ရီထျန်းဂိုဏ်းက ရွေးချယ်ထားတဲ့အထဲမှာ အားအနည်းဆုံးတွေပါ"

"ဘာ..."

ဤစကားတစ်ခွန်းကြောင့် အိုတစ်ခမျာ တစ်နှစ်စာမျှ လန့်သွားရသည်။

ဤကဲ့သို့သော လူမျိုးများမှာ မည်သည့်မျိုးနွယ်စုတွင်ရှိနေပါစေ။ အကြွင်းမဲ့ပါရမီရှင်များဖြစ်ပြီး မျိုးနွယ်စုတစ်ခုလုံး၏ အရင်းအမြစ်များအားလုံးကို ရင်းနှီးမြှုပ်နှံကာ ပျိုးထောင်ခံရမည့်သူများပင်။

"ခင်ဗျား မသိဘူးလား။ ဒီပြိုင်ပွဲက တစ်ယောက်ချင်း ယှဉ်ချတဲ့ပွဲ မဟုတ်ဘူး။ အလှည့်ကျစိန်ခေါ်ပွဲမျိုး သိရဲ့လား"

"အလှည့်ကျစိန်ခေါ်ပွဲ ဟုတ်လား"

အိုတစ်လည်း ထိုအသုံးအနှုန်းကို ကမ္ဘာမြေ၏ အဘိဓာန်ထဲတွင် ချက်ချင်း ရှာဖွေကြည့်လိုက်သည်။

အလှည့်ကျစိန်ခေါ်ပွဲဆိုသည်မှာ လူတစ်ယောက်က စင်ပေါ်တက်လာပြီး အခြားသူများက မကျေနပ်ပါက တက်လာ၍ ယှဉ်ပြိုင်နိုင်သည်။ သူတို့အနေနှင့် ဆက်တိုက်အနိုင်ရပါက နေရာတစ်နေရာကို ရရှိမည်ဖြစ်ပြီး ရှုံးနိမ့်ပါက အနိုင်ရသူက ဆက်တိုက်အနိုင်ရအောင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်၏။

ဤနည်းလမ်းကား အချိန်ကုန်သော်လည်း ရွေးချယ်ခံရသူများမှာ အသန်မာဆုံးများဖြစ်ကြောင်း သေချာစေသည်။ အကြောင်းမှာ စောစောစီးစီး တက်သွားသော အားနည်းသူများမှာ မကြာခင်မှာပင် ဖယ်ရှားခံရမည် ဖြစ်သောကြောင့်တည်း။

"မစ္စတာကျန်း... အခု ဘယ်နှယောက်လောက် ရပြီလဲ"

အိုတစ်က သတိကြီးကြီးထား၍ မေးလိုက်သည်။

"ကြည့်လိုက်ဦးမယ်"

ကျန်းမုန့်လောင်က အစီအစဉ်စာရွက်ကို ထုတ်ယူလိုက်သည်။

"အခုဆိုရင် ၃၈၂၇၁နေရာ ရသွားပြီ"

"ဘာ..."

အိုတစ်ခမျာ သေးထွက်မတတ် လန့်သွားလေသည်။

ဆိုလိုသည်မှာ ဤနှစ်ယောက်မတိုင်မီတွင် သူတို့ထက် ပိုမိုစွမ်းအားကြီးသူ ၃၈၀၀၀ကျော် ရှိနေသည်ဟု ဆိုလိုခြင်းပင်မဟုတ်ပါလော။

၃၈၀၀၀ကျော်ကပင် ဤမျှအထိ စွမ်းအားကြီးနေပြီဖြစ်ရာ ရှေ့ဆုံးရှိ လူအနည်းငယ်မှာ အဆင့်ခြောက် သက်ရှိဖြစ်သော သူ့ကိုပင် ရင်ဆိုင်နိုင်မည်မဟုတ်ပါလော။

"ဘာဖြစ်လို့လဲ။ ခင်ဗျား ကျွန်တော့်ကို မယုံဘူးလား"

ကျန်းမုန့်လောင်က အော်လိုက်သည်။

"အားလုံးပဲ... ခဏလောက် ထွက်လာခဲ့ကြပါဦး"

"ဘာကိစ္စလဲ ကျောင်းအုပ်ကြီး။ ကျွန်တော်တို့ လူအများကြီးကစားရတဲ့ဂိမ်း ဆော့နေတာဗျ"

"ဟုတ်တယ်။ ကျွန်တော်တို့ အသင်းလိုက်တိုက်ပွဲ ဆော့နေတာ။ အသင်းသားတွေက ကျွန်တော်တို့ကို ရီပို့ထုရင် ဘယ်လိုလုပ်မလဲ"

"ဒီလေ့ကျင့်ရေးပွဲက အရမ်းပျင်းစရာကောင်းတာပဲ"

"ဘာတွေလာပြောနေတာလဲ"

ကျန်းမုန့်လောင်က စိတ်မရှည်စွာ ပြောလိုက်သည်။

"ငါတို့စကြဝဠာအင်ပါယာရဲ့ ဘုရင်ကို မင်းတို့ရဲ့ အစွမ်းလေးတွေ နည်းနည်းလောက် ပြလိုက်ကြစမ်း"

"ပျင်းစရာကြီး"

"ကျွတ် ကျွတ်... ကျောင်းအုပ်ကြီးက ထပ်ကြွားနေပြန်ပြီ"

"ကောင်းပြီလေ။ ကျောင်းအုပ်ကြီးအတွက် ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်"

...

"မီးတောက်အသွင်.. ကောင်းကင်မီးတောက်သုံးဆင့် လျှို့ဝှက်ပြောင်းလဲခြင်း..."

"ဂမ်းဂမ်းသစ်သီး အဆင့်လေး..."

"စူပါဆိုင်ယန် ပထမအဆင့်..."

"ဆူဆာနို..."

"ဧရာမခန္ဓာကိုယ်ပြောင်းလဲခြင်း..."

"ဘန်ကိုင်း..."

"ဂိုးလ်..."

"မှော်ဆရာဆင့်ကဲပြောင်းလဲခြင်း"

**********************

All Chapters