ပိုက်ဆံများများမသုံးတာက ငါ့ကိုမလေးစားတာပဲ
Vol. 28 Ch. 419
ကျန်းနန်မြို့ရှိ ကိုယ်ပိုင်လေဆိပ် ဆောက်လုပ်ပြီးကတည်းက ယနေ့ဟာ အလုပ်အများဆုံးနေ့ပင်။ ကျန်းမုန့်လောင်၏ ကိုယ်ပိုင်ဂျက်လေယာဉ်ဆယ့်ကိုးစီးကို ဤနေရာ၌ ရပ်ထားသည်။ လေယာဉ်ဝန်ထမ်းများနှင့် လေယာဉ်မှူးများမှာ အယောက်တစ်ရာကျော်သည်ဖြစ်ရာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော ပျံသန်းပို့ဆောင်ရေးမစ်ရှင်တစ်ခုပင်။
လေဆိပ်၏ကားပါကင်တွင်လည်း ကားဆယ်စီးကျော်ကို ပါကင်ထိုးထားပြီး စတိုင်လ်အမျိုးမျိုး ဝတ်ဆင်ထားသော လူငယ်လေးများက ခရီးဆောင်အိတ်နှင့် ကျောပိုးအိတ်များကိုသယ်ကာ ဇိမ်ခံကားတစ်စီးပြီးတစ်စီးမှ ဆင်းလာကြသည်။
"ဟိုင်း..တွေ့ရတာဝမ်းသာပါတယ်။ ငါက ကျန်မုန့်လောင်ရဲ့ ဂျူနီယာအထက်တန်းတုန်းက အတန်းဖော်ပါ"
"ဟားဟားဟား.. တွေ့ရတာဝမ်းသာပါတယ်။ ငါက သူ့ကောလိပ်က အတန်းဖော်ပါ"
"ငါနဲ့သူက ကျူရှင်သင်တန်းတစ်ခုမှာ တွေ့ခဲ့တာ"
"ငါက သူနဲ့ Budweiserဘီယာပုလင်းတွေကို ဖြတ်တဲ့နေရာမှာ တွေ့ခဲ့တာ"
"ငါကတော့ သူ့ရဲ့အွန်လိုင်းသူငယ်ချင်းပေါ့။ အရင်းအမြစ်ဖလှယ်ရေးဂရုထဲမှာ ငါတို့တွေ့ခဲ့ကြတာ"
"ဘရို.. ငါ့သူငယ်ချင်းတစထယောက်ကလည်း အဲဒီဂရုကို ဝင်ချင်နေတာ။ သူ့ကို inviteလိုက်စမ်းပါ"
...
ကျန်းမုန့်လောင် မရောက်သေးခင်မှာပင် သူ့သူငယ်ချင်းများက အချင်းချင်းစကားစမြည်ပြောနေကြသည်။
ကျန်းမုန့်လောင်က ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်ကြောင်း သူတို့ သိလိုက်ရတုန်းက မယုံကြည်နိုင်သဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ သူ့ထံမှ ဖိတ်ကြားခံရခြင်းမှာ အလွန်စိတ်လှုပ်ရှားဖို့ကောင်းသည်။ သူတို့ထဲမှ အများစုက သာမန်မိသားစုမှ ဆင်းသက်လာကြသူများပင်။ သူတို့ထဲရှိ လူချမ်းသာများပင် ကျန်းမုန့်လောင်၏အဆင့်ကို ဝင်မတိုးနိုင်ကြချေ။
ကျန်းမုန့်လောင်နှင့်ပတ်သက်သမျှ အကြောင်းအရာတိုင်းက ရေပန်းစားသောကြောင့် လူတိုင်းက နှစ်ရှည်လများခင်မင်လာခဲ့ကြသည့် သူငယ်ချင်းကြီးများအလား ပြောဆိုနေကြပြီး တစ်ယောက်ကိုတစ်ယောက် သတိမထားမိခဲ့ကြပေ။
"ကျစ် ကျစ်..ကမ္ဘာ့အချမ်းသာဆုံးလူက ငါ့ဘေးမှာ လေးနှစ်လောက်ရှိနေတာကို လုံးဝမသိခဲ့ဘူး"
"အမလေး.. ငါက မူလတန်းတုန်းက သူ့အတန်းဖော်လေ။ ငါတို့ ခြောက်နှစ်လောက် ခင်ခဲ့ကြတာ။ သူ ဒီလောက်ချမ်းသာမှန်း ငါမသိခဲ့ဘူး။ မင်းတို့သိလား။ အဲဒီတုန်းကဆိုရင် သူက အစပ်ချောင်းတွေဝယ်ဖို့ ငါတို့ဆီကတောင် ပိုက်ဆံချေးခဲ့သေးတာ။ အဲဒီအချိန်တုန်းက ပြားငါးဆယ်ပဲပေးရတဲ့ မုန့်တစ်ထုပ်တောင် သူမဝယ်နိုင်ခဲ့ဘူး။ အခုထိလည်း အဲဒီပိုက်ဆံကို ပြန်မဆပ်သေးဘူးနော်"
"ဒီကောင် အရင်တုန်းက ဘယ်လောက်ဆင်းရဲလဲဆိုတာ မင်းတို့မသိလို့။ ငါတို့ကို အမြဲအခွင့်အရေးယူခဲ့တာပါဆို။ အွန်လိုင်းပေါ်က ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေသာမရှိရင် နာမည်တူတဲ့လူတစ်ယောက်က ငါတို့ကို လိမ်လည်ဖို့ ကြိုးစားနေတာများလားလို့ သံသယဖြစ်မိဦးမှာ"
"ငါတို့ ဒီတစ်ခေါက် သူ့ကို ကောင်းကောင်းဆုံးမရမယ်။ ငါတို့တွေ မဆက်သွယ်ဖြစ်တာ တော်တော်တောင်ကြာပြီ။ အခုကျမှ သူက ရုတ်တရက်ကြီး ငါတို့ကို အမှတ်ရသတဲ့"
"ဟားဟားဟား ဟုတ်ပါ့"
"သူလာပြီ"
ဆူညံသံများကြားဝယ် အထူးထုတ်Aston Martin Valkyrieကားတစ်စီးက လေဆိပ်ထဲသို့ မောင်းဝင်လာသည်။ ထို့နောက် နေကာမျက်မှန်တပ်ထားသော ကျန်းမုန့်လောင်က ကားထဲမှထွက်လာလေသည်။
"ရဲဘော်တို့ မင်္ဂလာပါ။ မင်းတို့ ပင်ပန်းသွားကြပြီ"
ကျန်းမုန့်လောင်က လက်ယမ်းပြလျက် လူအုပ်ကြီးဆီသို့ လျှောက်လာချေသည်။
"အမလေး.. ဒီကောင် လုံးဝမပြောင်းလဲသေးဘူး။ အရင်ကအတိုင်းပဲ"
"သူတောင်းစား!"
ကျန်းမုန့်လောင်၏အတန်းဖော် ရှုလီက အပြေးအလွှားရောက်လာပြီး ကျန်းမုန့်လောင်၏လည်ပင်းကို ဖက်လိုက်သည်။
"မင်း အဆောင်ကိုပြန်မလာတာ ဘယ်လောက်တောင်ကြာပြီလဲ။ ဟမ်.. မင်း ငါတို့ကို သတိရသေးရဲ့လား"
"ဟုတ်တယ်။ ငါတို့လက်ထဲကို ကုမ္ပဏီအကြီးကြီးတစ်ခု အပ်ထားပြီး မင်းကတော့ တော်တော်ပေါ့ပါးနေတယ်နော်။ ငါတို့မှာတော့ တအားတွေစိတ်ဖိစီးနေတာကွ။ မင်းသိလား"
"ဟုတ်တယ်။ ငါတို့ပြောနေတာ ဝန်ထမ်းပေါင်းထောင်ကျော်ရှိတဲ့ Nasအုပ်စုနော်။ အရင်တုန်းက ငါတို့ စီမံအုပ်ချုပ်ဖူးတာဆိုလို့ အယောက်တစ်ဆယ်ကျော်ပဲရှိတဲ့ ကျောင်းသားကောင်စီပဲရှိတာ။ အခုဆိုရင် ငါ နေ့တိုင်း MBAစာတမ်းတွေ ဖတ်နေရပြီ။ နှစ်ဝက်တောင်ရှိပြီ။ ဒီလပိုင်းအတွင်း ငါတို့ ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာ မင်းသိလား"
"ဟုတ်ပါပြီ! ဟုတ်ပါပြီ!"
ကျန်းမုန့်လောင်လည်း သူတို့၏အကြမ်းဖက်မှုမှ အလျင်အမြန်ရုန်းထွက်လိုက်ရသည်။
"မင်းတို့ မစီမံချင်ဘူးဆိုရင်လည်း ရှယ်ယာတွေ ငါ့ကိုပြန်ပေးပြီး မင်းတို့အရင်အလုပ်ကို ပြန်လုပ်ကြလေ"
"ဟားဟားဟား မဖြစ်ဘူး.. ငါတို့က စနေတာပါကွ"
"မုန့်လောင်... အခုတလော မင်း နေရာတိုင်းမှာ လိုက်မွှေနေရတာ ပင်ပန်းနေလောက်ရောပေါ့။ ငါ မင်းပခုံးကို နှိပ်ပေးမယ်"
"အဖေရေ.. ကျွန်တော်တို့ကိုင်ဘွန်ခရီးစဉ်က ဘယ်လိုလဲ။ လူကြီးပစ္စည်းအရောင်းဆိုင်တွေရော သွားမှာလား။ ကျားရိပ်မြုံအရောင်းဆိုင်မှာ ငါ့အိုင်ဒေါ မိုမိုတာနီက အလုပ်လုပ်နေတာတဲ့"
...
ကျန်းမုန့်လောင်၏ အခြားသူငယ်ချင်းများနှင့် အတန်းဖော်များကမူ အားကျနေကြသည်။
သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းနားရသတဲ့။
သူတို့ ယခုတင် ကြားလိုက်ရသည်။ ကျန်းမုန့်လောင်က သူ့ကုမ္ပဏီ၏ရှယ်ယာတစ်ဝက်ကို သူ့အခန်းဖော်သုံးယောက်အား လွှဲပြောင်းပေးထားသည်။
Nasအုပ်စုဆိုသည်မှာ ဟွာရှားယွမ်ငွေဘီလီယံပေါင်းများစွာ ပိုင်ဆိုင်မှုရှိသော စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်၏။ သူက ထိုကုမ္ပဏီကို သူတို့အား သည်အတိုင်း ပေးပစ်လိုက်တာတဲ့လား။
သို့သော် သူတို့က အခန်းဖော်များပင်။ နှစ်ပေါင်းများစွာ အတူနေထိုင်စားသောက်ခဲ့ကြလေရာ သူတို့၏ခင်မင်မှုက သူတို့ထက် ပိုခိုင်မာသည်။ ထိုအရာကို မနာလိုဖြစ်နေလို့ မရပေ။
"ဟားဟား.. ဒီနေ့ လာပေးတဲ့အတွက် ကျေးဇူးပဲ။ မတွေ့ရတာကြာပြီနော်"
ကျန်းမုန့်လောင် တစ်ယောက်ချင်းစီကို လိုက်နှုတ်ဆက်လိုက်သည်။ တချို့လူများနှင့် နှစ်ပေါင်းများစွာကြာအောင် မတွေ့ဖြစ်သော်ငြား မြင်လိုက်သည်နှင့် သူတို့နာမည်ကို မှတ်မိနေဆဲသာ။
"ဟားဟားဟား.. ဆရာကျန်းက ဒကာခံမှာပဲ။ ငါတို့ကလည်း လေးစားသမှုလေး ပြရမှာပေါ့"
"အမှန်ပဲ။ ပြီးတော့ ငါတို့က အလုပ်တောင်မဝင်ရသေးဘူး။ အကဲဖြတ်စစ်ဆေးမှုတွေတောင် အခုမှပြီးလို့ တချို့ဆိုရင် အလုပ်သင်စဆင်းနေကြပြီ။ ရက်နည်းနည်းလောက် ခွင့်ယူလိုက်ရုံပဲလေ"
"စိတ်မပူနဲ့။ ပျက်ရက်တွေအတွက် နစ်နာသွားတာကို ငါပြန်လျော်ပေးမယ်"
ကျန်းမုန့်လောင် တဟားဟားအော်ရယ်လိုက်လေသည်။
"ဟုန်းရီ..သူတို့အလုပ်လုပ်တဲ့နေရာကို စုံစမ်းလိုက်။ တကယ်လို့ ငါ့ကုမ္ပဏီတွေဆိုရင် သူတို့ကို နည်းနည်းလောက်ပိုဂရုစိုက်လိုက်။ တခြားကုမ္ပဏီတွေဆိုရင် သူတို့ နေရာကောင်းရအောင် လုပ်ပေးလိုက်။ သူတို့ဘက်က လက်မခံရင်တော့ အဲဒီကုမ္ပဏီကို ဝယ်ပစ်လိုက်"
"နားလည်ပါပြီ မစ္စတာကျန်း.. ကျွန်မ လူလွှတ်ပြီး စီစဉ်ခိုင်းလိုက်ပါ့မယ်"
ဟုန်းရီက ခေါင်းညိတ်ပြလေသည်။
ပျော်ရွှင်မှုကား ရုတ်တရက်ဆန်ဆန် ရောက်ရှိလာသည်။
တကယ်တမ်းတာ့ ယနေ့ ဤနေရာကိုလာရန်အတွက် တော်တော်များများက အကြီးအကျယ်စွန့်စားခဲ့ရသည်။
ယခုခေတ်တွင် လူမှုအဖွဲ့အစည်းထဲ၌ မည််မျှအပြိုင်အဆိုင်ပေါလိုက်လေသလဲ။ အလုပ်သင်နေရာတစ်ခု ရရန်အတွက်ပင် ခက်ခဲလှသည်။ ကျန်းမုန့်လောင်က တစ်ပတ်ကျော်ကြာမည့် ခရီးစဉ်တစ်ခုကို စီစဉ်ပေးထားခြင်းဖြစ်၏။ အလုပ်သင်ဆင်းခြင်းကို တစ်ပတ်ကြာအောင် မသွားလျှင် သူတို့၏အကဲဖြတ်ချက်ကို ထိခိုက်မှုရှိနိုင်သည်။
သို့သော် ဖိတ်ခေါ်သူကား အခြားလူမဟုတ်ပေ။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ကျန်းမုန့်လောင်ပင်။ သူ့လက်ထဲမှ အကြွေတစ်စလောက် ကျလာလျှင်ပင် သူတို့အတွက် တစ်သက်တာဖူလုံသွားပြီဖြစ်၏။ လူမှုအဆင့်အတန်းမြှင့်တင်နိုင်သော အခွင့်အရေးမျိုးမှာ အမြဲတမ်းမရနိုင်ပေ။
ကျန်းမုန့်လောင်နှင့် ဆက်ဆံရေးအဆင်မပြေခဲ့ကြခြင်းမျိုး မရှိသရွေ့ သူ့ဖိတ်ခေါ်မှုကို ငြင်းဆန်သူမှာ တုံးအသူသာဖြစ်ချေသည်။
ယခုတော့ သူတို့လောင်းကြေးထပ်ခဲ့သည်မှာ မှန်သွားလေပြီ။ ကျန်းမုန့်လောင်စီစဉ်ပေးထားသော အဆက်အသွယ်ဖြင့်ဆိုလျှင် သူတို့ကုမ္ပဏီထဲမှာ ရာထူးမြင့်မြင့်တစ်ခုသို့ တက်လှမ်းနိုင်ပေတော့မည်။ ဘော့စ်သူငယ်ချင်းတစ်ယောက်ကို မည်သူကများ မလေးစားဘဲ နေမည်နည်း။
"အကုန်စီစဉ်ပြီးပြီလား"
ကျန်းမုန့်လောင် မေးလိုက်လေ၏။
"အကုန်ပြင်ဆင်ပြီးပါပြီ"
ဟုန်းရီ ခေါင်းညိတ်ပြလိုက်လေသည်။
"ကျွန်မတို့ သွားကြတော့မလား"
"ထွက်ခွါဖို့ပြင်ရအောင်"
"ကောင်းပါပြီ"
ဟုန်းရီလည်း ဖုန်းထုတ်၍ မက်ဆေ့ချ်တစ်စောင်ပို့လိုက်သည်။ ညီညာသောခြေသံများနှင့်အတူ လေယာဉ်မယ်တစ်ရာကျော်က တန်းစီလျက် လျှောက်လာလေသည်။
"သောက်ကျိုးနည်း! ဒီလိုခန္ဓာကိုယ် ဒီလိုမျက်နှာမျိုး? မိုက်လိုက်တာကွာ။ သူတို့က လေယာဉ်မယ်တွေရောဟုတ်ရဲ့လား"
"သူတို့က နာမည်ကြီးမော်ဒယ်တွေများလား။ အဲဒီလောက်ဆိုရင် Victoria'a Secretအဆင့်လောက် ရှိတယ်နော်"
"သောက်ကျိုးနည်း.. သူက အန်ဂျလီမလား။ မနှစ်တုန်းက ကမ္ဘာ့အလှမယ်ချန်ပီယံလေ။ သူက ဒီနေရာမှာ ဘာလို့ လေယာဉ်မယ်လုပ်နေတာလဲ"
"လေယာဉ်မှူးက ချောလိုက်တာဟယ်။ သူ့ဝီချက်လေး သွားမေးချင်လိုက်တာ"
"ချမ်းသာတာက ကောင်းချီးပေးခံရခြင်းတစ်မျိုးပဲ"
...
"သွားကြစို့။ အားလုံးပဲ..လေယာဉ်တစ်စီးရွေးလိုက်ကြ"
ကျန်းမုန့်လောင်က ဇိမ်ခံဂျက်လေယာဉ်များကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။
"တစ်စီးကို ဆယ်ယောက်နော်။ မဟုတ်ရင် တအားကျပ်နေလိမ့်မယ်"
"ကျပ်တယ်?"
အားလုံး၏မျက်နှာထက်တွင် ခါးသက်သက်အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။ ဤလေယာဉ်များမှာ Boeing 747များကို ကိုယ်ပိုင်ဂျက်လေယာဉ်အဖြစ် အသွင်ပြောင်းထားခြင်းဖြစ်၏။ တစ်စီးလျှင် ခရီးသည်အယောက်တစ်ရာ သယ်ဆောင်နိုင်သည်။ ယခုမူ ကျန်းမုန့်လောင်က ကျပ်သည်ဟုဆိုကာ ဆယ်ယောက်ပဲ တက်ခိုင်းသတဲ့လား?
"ကောင်းကောင်းစားသောက်ပြီး ပျော်ပါးကြနော်။ မင်းတို့မပျော်ဘူးဆိုရင် ငါ့ကို မလေးစားရာရောက်တယ်"
"ဒါဆို ငါတို့ ထိန်းချုပ်မထားတော့ဘူးနော်"
ကျန်းမုန့်လောင်၏သူငယ်ချင်းများမှာ အော်ရယ်လိုက်ကြလေတော့သည်။
"ငါတို့ မင်းကို ဒေဝါလီခံသွားအောင် စားပြမယ်"
"ဒေဝါလီခံရမှာလား။ ဟွာရှားဘဏ် ဒေဝါလီခံလိုက်ရရင်တောင် သူကတော့ ဒေဝါလီခံရမှာမဟုတ်ဘူး"
"မင်းတို့မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ထိုင်စားနေရင်တောင် သူက ဒေဝါလီခံရမှာမဟုတ်ဘူး"
"ဟားဟားဟား"
ကျန်းမုန့်လောင်လည်း ရယ်လိုက်လေသည်။
"စိတ်မပူနဲ့။ ဒီတစ်ခေါက် ငါ ဒကာခံတာမဟုတ်ဘူး။ ကိုင်ဘွန်နိုင်ငံက လူတစ်ယောက်က ငါတို့ကို ဒကာခံပေးမှာ"
"အာ? ဘယ်သူလဲ? မင်းရဲ့မိတ်ဆွေလား"
အခန်းဖော်ရှုလီက စူးစမ်းလိုဟန်ဖြင့် မေးလိုက်သည်။
"ဟားဟား အခုလောလောဆယ်တော့ လျှို့ဝှက်ထားမယ်။ မင်းတို့ အဲဒီကိုရောက်ရင် တွေ့လိမ့်မယ်"
ကျန်းမုန့်လောင်ကတော့ တဟားဟားရယ်နေချေသည်။
"မင်းတို့ ငါ့ပိုက်ဆံတွေကို စုပေးဖို့ မစဉ်းစားနဲ့နော်။ များများဖြုန်းလေလေ ကောင်းလေလေပဲ။ များများမသုံးဘူးဆိုရင် မင်းတို့ ငါ့ကို မလေးစားဘူးဆိုတဲ့အဓိပ္ပါယ်ပဲ။ ဒါဆို ငါလည်း ဒေါသထွက်မိမှာ"
*************