ဒီလောကက ဒီလောက်တောင်ရဲတင်းကြတာလား
Vol. 7 Ch. 104
"မစ္စတာကု.. ခင်ဗျားရဲ့ရုပ်ရှင်သရုပ်ဆောင်ခကို ခင်ဗျားတို့စတူဒီယိုရဲ့အကောင့်ထဲကို လွှဲပြီးပါပြီ။ အခွန်ကိုလည်း ခင်ဗျားကိုယ်စား သွင်းပြီးပါပြီ။ ပြဿနာတစ်ခုခုရှိမရှိ စစ်ဆေးပေးပါဦး"
ကျန်းမုန့်လောင်က ဤပိုက်ဆံကို သန်းတစ်ရာဟု သဘောမထားဘဲ တစ်ယွမ်မျှသာဖြစ်သည့်အလား ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"မစ္စတာကျန်း..တစ်ခုခုများမှားနေတာလား"
ကုထျန်းလော်က သူ့ကိုယ်သူ အထင်သေးနေခြင်းမျိုး မဟုတ်သော်ငြား ဤအခကြေးငွေမှာ အလွန်များနေချေသည်။ သရုပ်ဆောင်လုပ်ငန်းတွင် အချိန်အကြာကြီးလုပ်ကိုင်ခဲ့ဖူးသူတစ်ယောက်ဖြစ်သော်လည်း သူသည် အခကြေးငွေအဖြစ် အများဆုံးရှိလှ မီလီယံအနည်းငယ်မျှသာ ရခဲ့ဖူးသည်။
ဝင်ငွေအားလုံးကို ပညာရေးနှင့် ပရဟိတလုပ်ငန်းများအတွက်သာ သုံးစွဲသူတစ်ယောက်အဖို့ ဤငွေပမာဏမှာ မယုံနိုင်စရာကောင်းလောက်အောင် များပြားလွန်းလှသည်။
ထို့ပြင် ယခုအချိန်အထိ ဟွာရှားတွင် ဘယ်သရုပ်ဆောင်ကမှ ဤကဲ့သို့သောပမာဏမျိုးကို ရဖူးမည်မဟုတ်ပေ။
အရေးအကြီးဆုံးမှာ ယခုအချိန်ဟာ သရုပ်ဆောင်ရွေးချယ်မှုအဆင့်မျှသာ ရှိသေးသည်။ ပုံမှန်ဆိုလျှင် ရုပ်ရှင်သရုပ်ဆောင်ခ ပေးချေရမည်ဆိုလျှင်ပင် စာချုပ်ကြေးကို အရင်ပေးထားပြီး ကျန်ရှိနေသေးသော သရုပ်ဆောင်ခများနှင့် အမြတ်ငွေများကိုမူ နောက်ဆုံးရုပ်ရှင်ရုံတင်ငွေရပြီးမှသာ ပေးရသည်။
ကျန်းမုန့်လောင်က ရုပ်ရှင်ရုံတင်ငွေ ရှုံးမှာကိုမကြောက်ဘူးလား။
ဤကဲ့သို့သော သရုပ်ဆောင်များဖြင့်ဆိုလျှင် ယခုလိုအဖြစ်မျိုး မဖြစ်နိုင်သော်လည်း ယခု ကျန်းမုန့်လောင်ကမူ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲနေခြင်း မဟုတ်လား။
"တကယ်တော့ ကျွန်တော် မစ္စတာကုကိုပေးတဲ့ အခကြေးငွေက သန်းငါးဆယ်ပါ"
ကျန်းမုန့်လောင်ကလည်း ပြောလိုက်သည်။
"မစ္စတာကုက ပညာရေးနဲ့ ပရဟိတလုပ်ငန်းကို စိတ်အားထက်သန်မှန်း ကျွန်တော်သိတယ်လေ။ အပိုသန်းငါးဆယ်က ကျွန်တော့်ဘက်က မဖြစ်စလောက်ထောက်ပံ့ငွေလေးပါ"
ကုထျန်းလော်ခမျာ တုန်လှုပ်သွားရပြီးနောက် ပြုံးရယ်လိုက်မိသည်။
"ဒါဆို ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုက အဆင်ပြေချောမွေ့ပြီး ပြီးပြည့်စုံတဲ့လက်ရာတစ်ခုကို ဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်"
"ကျွန်တော်တို့ဘက်ကလည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်"
ကျန်းမုန့်လောင်က ဝမ်လင်နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ ဤကဲ့သို့သော သရုပ်ဆောင်အစစ်အမှန်တစ်ယောက် ပါဝင်လာပါက 'Three-Body'သည် သူတို့လိုချင်သော အကျိုးသက်ရောက်မှုမျိုးကို ရရှိမည်မှာ ကျိန်းသေပေါက်ပင်။
သရုပ်ဆောင်ရွေးချယ်ရာတွင် ကျန်းမုန့်လောင်၏မျက်လုံးက အလွန်စူးရှသည်ဟု ဆိုရပေမည်။ ကနဦးမျှော်မှန်းချက်နှင့် ကွဲလွဲသွားသူတစ်ယောက်ကလွဲလျှင် အဓိကဇာတ်ကောင်များအတွက် သူ အကြံပြုထားသောလူအားလုံးကို အကဲဖြတ်ဒိုင်များကလည်း တညီတညွတ်တည်းသဘောတူခဲ့ကြသည်။
ထိုသရုပ်ဆောင်တစ်ယောက်ကလည်း အခြားဇာတ်ကောင်တစ်နေရာတွင် အံဝင်ခွင်ကျဖြစ်နေကြောင်း ရှာဖွေတွေ့ရှိသွားလေရာ လူတိုင်းအတွက် ပျော်ရွှင်ဖွယ်ရာရလဒ်တစ်ခု ထွက်လာခဲ့သည်။
နာမည်ကြီးစတားဟုခေါ်သော လူများအဖို့တော့ ကျူးရှောင်းဖြစ်စေ၊ ရောဘတ်ဖြစ်စေ နောက်ဆုံးမှာတော့ စိတ်ပျက်လက်ပျက်ခေါင်းခါရုံသာ တတ်နိုင်ခဲ့သည်။ အထူးသဖြင့် မင်းသားဝမ်ကျီးဟန်သည် ထရီဆိုလာရန်ဇာတ်ကောင်အတွက် ဝတ်စုံတစ်စုံ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း ဖြတ်လျှောက်ဇာတ်ကောင်တစ်နေရာပင် မရလိုက်ချေ။
ကျန်ဇာတ်ကောင်များမှာ သိပ်အရေးမပါသော ဇာတ်ကောင်များသာဖြစ်၏။ ကျန်းမုန့်လောင်ကတော့ ဒါရိုက်တာများ၏ အကဲဖြတ်မှုကို ယုံကြည်သည်။ သူတို့က အကောင်းဆုံးသင့်တော်သူများကို ရွေးချယ်ပေးလိမ့်မည်သာ။
သရုပ်ဆောင်အားလုံး စုံလင်စွာရောက်ရှိလာပြီးနောက် ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့လည်း သူတို့နှင့်အတူ ညစာစားခဲ့ကြသည်။ ဤဝါရင့်သရုပ်ဆောင်များလည်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးလာကြပြီး အကြောင်းအရာတော်တော်များများကိုပင် ဆွေးနွေးနေကြသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းမုန့်လောင် စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်လေသည်။ ညစာစားပွဲသည် မပြီးဆုံးစေချင်သူများ ရှိနေသည့်တိုင် အဆုံးသတ်သွားခဲ့သည်။
အရက်နည်းနည်းသောက်ထားသည့်အတွက် အနည်းငယ်မူးနောက်ရီဝေနေသော ကျန်းမုန့်လောင်သည် အိမ်မပြန်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ဝမ်တာ့ဟိုတယ်သည် ဝမ်လင်၏ မိသားစုပိုင်ဟိုတယ်ဖြစ်၏။ သူလည်း ရက်အနည်းငယ်စာအတွက် ဘိုကင်ချိတ်ထားသည်ဖြစ်ရာ သူ့ဇိမ်ခံအဆင့်မြင့်အခန်းဆီကိုသာ တန်းတန်းမတ်မတ်သွားလိုက်သည်။
လမ်းတစ်လျှောက်တွင် ကျန်းမုန့်လောင်သည် သူ့ကိုစိုက်ကြည့်နေသော မျက်လုံးတစ်စုံရှိနေသလို ခံစားနေရသည်။ သို့သော် သူလှည့်ကြည့်လိုက်သောအခါတွင်လည်း ဘာမှမမြင်ရပေ။
"အရက်သောက်တာက တော်တော်ပြဿနာများတာပဲ"
ကျန်းမုန့်လောင်က သူ့ခေါင်းသူထုရိုက်လိုက်သည်။ သူ့အခန်းဖော်များနှင့် ယခုလိုအရက်အများကြီးမသောက်ရတာ ကြာလှလေပြီ။
တံခါးပိတ်ပြီးနောက်တွင် ကျန်းမုန့်လောင်လည်း ရေချိုးခန်းထဲသို့ တန်းသွားလိုက်သည်။ ထို့နောက် အရက်နံ့စွဲနေသော သူ့အဝတ်အစားများကို ချွတ်ချလိုက်သည်။
"ဒုန်း ဒုန်း ဒုန်း"
သူခြေတစ်လှမ်းမျှလှမ်းလိုက်ရုံရှိသေး။ ညင်သာစွာ တံခါးခေါက်သံတစ်သံ ပဲ့တင်ထပ်သွားလေသည်။
"ဘယ်သူလဲ"
ကျန်းမုန့်လောင်က တံခါးနားသို့ ယိုင်တိုင်တိုင်လျှောက်သွားလိုက်သည်။
"ဝမ်လင်တော့မဟုတ်လောက်ပါဘူးနော်။ ဒီကောင်က ညသန်းခေါင်ကြီးတောင် ငါ့ကိုလာနှောင့်ယှက်နေတာပဲ"
"ကလစ်"
များများစားစားတွေးမနေပါဘဲ ကျန်းမုန့်လောင်က တံခါးကို တန်းဖွင့်ပစ်လိုက်သည်။
ထိုတဒင်္ဂဝယ် ရနံ့တစ်ခုက သူ့နှာခေါင်းထဲသို့ တိုးဝင်လာပြီး နူးညံ့လှသောခန္ဓာကိုယ်တစ်ခုကလည်း ကျန်းမုန့်လောင်၏ရင်ခွင်ထဲသို့ ပစ်ဝင်လာသည်။
"သေစမ်း.. ငါ အမျိုးသမီးလူမိုက်တစ်ယောက်နဲ့ ပက်ပင်းတိုးပြီပဲ"
ဤသည်မှာ ကျန်းမုန့်လောင်တွေးလိုက်မိသော ပထမဆုံးအတွေးပင်။
"ဘန်း"
အထဲကို ကျူးကျော်ဝင်ရောက်လာသော ထိုအမျိုးသမီးက တံခါးကို ချက်ချင်းပိတ်ပစ်လိုက်ပြီး ကျန်းမုန့်လောင်ကို အနီးရှိဆိုဖာပေါ်သို့ အရှိန်ဖြင့်တွန်းချလိုက်သည်။
လက်တစ်စုံသည် ကျန်းမုန့်လောင်၏ ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ လှုပ်ရှားသွားလာနေသည်။ အမျိုးသားတစ်ယောက်အနေနှင့် ယခုလိုအခြေအနေမျိုးနှင့် ရင်ဆိုင်လိုက်ရသောအခါ သူ့ခန္ဓာကိုယ်အပူချိန်က အလျင်အမြန်မြင့်တက်လာခဲ့သည်။
သာမန်လူတစ်ယောက်သာဆိုပါက ဤကဲ့သို့သောအခြေအနေမျိုးနှင့် ရင်ဆိုင်လိုက်ရပါလျှင် အရက်က ဦးနှောက်ကို ထွေပြားသွားစေပြီး နောက်ပိုင်းဆက်ဖြစ်လာမည့်မြင်ကွင်းကား ဖော်ပြ၍ပင်ရနိုင်မည်မဟုတ်ပေ။
သို့သော် ကျန်းမုန့်လောင်ကတော့ ထိုသို့မဟုတ်ပေ။ သူသည် အရက်သောက်ထားသော်ငြား ဆင်ခြင်တုံတရားကြောင့် သတိကပ်နေဆဲဖြစ်သောကြောင့် ချက်ချင်းပင် ထိုအမျိုးသမီးကို တွန်းထုတ်လိုက်သည်။
"ဒီလူက ဘာလို့ ဒီလောက်တောင်ရင်းနှီးနေရတာလဲ"
ယခုမှသာ ထိုအမျိုးသမီးကို ကျန်းမုန့်လောင် ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ သူ(မ)သည် ဖရဲစေ့သဏ္ဌာန်စံပြမျက်နှာတစ်ခုရှိပြီး ကောက်ကြောင်းလှသောခန္ဓာကိုယ်၊ ဖြူဖွေးသောအသားအရေနှင့် သူ(မ)၏မိတ်ကပ်ပါးပါးက အိမ်နီးချင်းမိန်းကလေးတစ်ယောက်အလား ခံစားရစေသည်။
"သောက်ကျိုးနည်း ဟာ့ဖ်မွန်းဖောရက်စ်မဟုတ်လား"
ကျန်းမုန့်လောင်သည် ထိုမျက်နှာကို ဝေဝါးနေသောမှတ်ဉာဏ်ထဲကတစ်ဆင့် အမှတ်ရလိုက်သည်။
ဟာ့ဖ်မွန်းဖောရက်စ်သည် မူလတုန်းက သာမန်အင်တာနက်ဆယ်လီတစ်ယောက်ဖြစ်ပြီး တစ်စုံတစ်ယောက်၏ ရည်းစားကိုလုယူပြီး နာမည်ရလာသူတစ်ယောက်ပင်။ ထိုအချိန်တုန်းက သူသည် ဟာ့ဖ်မွန်းဖောရက်စ်၏ရုပ်ရည်နှင့် ခန္ဓာကိုယ်က လူတစ်ယောက်ကို ရာဇဝတ်မှုတစ်ခုကျူးလွန်စေနိုင်ရန် လွယ်ကူလှကြောင်း ပြောခဲ့ဖူးသည်။
"ငါ့ကိုမထိနဲ့"
ကျန်းမုန့်လောင်ကလည်း သူ့ရင်ဘတ်ကို ခပ်မြန်မြန်ကာထားလိုက်သည်။ သူသည် မရေမတွက်နိုင်သောရုပ်ရှင်များစွာကို ကြည့်ဖူးသော်လည်း တကယ်တမ်းမှာတော့ သူဟာ လူငယ်လေးတစ်ယောက်သာသာပင်။
"မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ"
ကျန်းမုန့်လောင်ထံမှ အတွန်းခံလိုက်ရသော်လည်း ဟာ့ဖ်မွန်းဖောရက်စ်က ပျာယာခတ်သွားခြင်းမရှိချေ။ သူ(မ)သည် ဆံပင်ကိုခါချလိုက်ပြီး အင်္ကျီအနားစကို ဆွဲဆန့်ကာ ဖြူသွယ်သွယ်ခြေထောက်တစ်စုံကို လှစ်ဟပြလိုက်သည်။ ထို့နောက် ကျန်းမုန့်လောင်၏နံဘေးတွင် ဝင်ထိုင်လိုက်လေတော့သည်။
"ဒါရိုက်တာကျန်း.. 'Three-Body'ရုပ်ရှင်ထဲမှာ ဒုတိယအမျိုးသမီးဇာတ်ဆောင်နေရာအတွက် လူမရွေးရသေးဘူးလို့ ကျွန်မကြားတယ်။ ဒီနေ့ လူရွေးပွဲလာဖြေတဲ့လူတွေကလည်း အရမ်းများနေတော့ ကျွန်မလည်း ညဘက်ကျမှပဲ လူရွေးပွဲလာဖြေတော့မယ်လို့ စိတ်ကူးရလိုက်လို့လေ။ ရှင် စမ်းကြည့်ချင်လား"
ဟာ့ဖ်မွန်းဖောရက်စ်၏ အသံထဲတွင် မြှူဆွယ်ဖြားယောင်းလိုသော အရိပ်အယောင်များ ပြည့်နှက်နေပေသည်။
"မင်းက အရမ်းရွှတ်နောက်နောက်နိုင်တာပဲ"
ကျန်းမုန့်လောင်က ခပ်မြန်မြန်နောက်ဆုတ်လိုက်သည်။
"ဟီးဟီး"
ဟာ့ဖ်မွန်းဖောရက်စ်၏ မျက်ဝန်းထဲတွင် ဖြားယောင်းသွေးဆောင်ရိပ်များ ပြည့်နှက်နေဆဲပင်။ သူ(မ)သည် သူ(မ)၏ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး ယုံကြည်မှုအပြည့်ရှိသည်။ သို့မဟုတ်ပါက ပရိသတ်ဆယ်သန်းခန့်ရှိသော အင်တာနက်ဆယ်လီတစ်ယောက်၏ရည်းစားကို ဖြတ်လုနိုင်ခဲ့မည်မဟုတ်ပေ။
"စိတ်လှုပ်ရှားစရာမကောင်းဘူးလား။ ဒါရိုက်တာကျန်းဘက်က ကျွန်မကို ဇာတ်ကောင်တစ်နေရာအတွက် ကြိုးစားခွင့်ပေးမယ်ဆိုရင် ကျွန်မလည်း ဘာမဆိုလုပ်ဖို့အဆင်သင့်ပဲ"
"ကြည့်ရတာတော့ လျို့ယန်ဖောက်ပြန်တာလည်း မှားတော့မမှားဘူးကိုး"
ကျန်းမုန့်လောင်က တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်သည်။ လူအများစုမှာ ဤကဲ့သို့သောအခြေအနေကို ခံနိုင်ရည်မရှိကြပေ။
"ဝမ်လင်ပြောတာမှန်သားပဲ။ ဒီနေ့ခေတ်အင်တာနက်ဆယ်လီတွေက အောက်ခြေစည်းမရှိကြတော့ဘူးလား"
"ကောင်းပြီ။ မင်း သွားလို့ရပြီ။ ဒါကို တစ်ခါမှမဖြစ်ခဲ့ဖူးသလို သဘောထားလိုက်မယ်"
ကျန်းမုန့်လောင်က သူ့ကုတ်အင်္ကျီကို ပြန်ဝတ်ထားလိုက်သည်။
ဟာ့ဖ်မွန်းဖောရက်စ်၏ မျက်လုံးထဲတွင် အံ့အားသင့်လေဟန် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ သူ(မ)သည် သူ(မ)၏ခန္ဓာကိုယ်ကို လိုလိုလားလားဆက်သလိုက်သော်ငြား ကျန်းမုန့်လောင်ကတော့ တုတ်တုတ်မျှမလှုပ်ချေ။ ဤကဲ့သို့သောအကွက်မျိုးကို ဒုတိယမျိုးဆက်လူချမ်းသာများက စိတ်မဝင်စားကြဘူးလား။
"ဒေါက် ဒေါက် ဒေါက်"
ထိုအချိန်တွင် နောက်ထပ်တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။
"ဘယ်သူလဲ"
ကျန်းမုန့်လောင် ဘာမှမလုပ်ထားသောကြောင့် သူခိုးလူမိသွားသလို ပြုမူနေရန်မလိုအပ်ပေ။ သူ့အနေနှင့်တော့ ဤဟာ့ဖ်မွန်းဖောရက်စ်ကို ခေါ်ဆောင်သွားမည့် တစ်စုံတစ်ယောက်ကိုပင် မျှော်လင့်စောင့်စားနေမိသည်။
သို့သော် တံခါးဖွင့်လိုက်ချိန်မှာမူ သူ ကြက်သေသေသွားရသည်။ အပြင်ဘက်တွင် ဟာ့ဖ်မွန်းဖော်ရက်စ်ထက်ပင် ပိုပါးလွှာသောအင်္ကျီလေးကို ဝတ်ဆင်ထားသည့် အင်တာနက်ဆယ်လီတစ်ဦး မတ်တတ်ရပ်နေပေသည်။
"ဒါရိုက်တာကျန်း... အထီးကျန်နေလားဟင်။ ကျွန်မ အထဲဝင်လာပြီး ရှင်နဲ့အတူ အရက်သောက်ပေးရမလား"
ထိုအင်တာနက်ဆယ်လီက ပြောလာချေသည်။ သူ(မ)၏မျက်လုံးများကမူ ကျန်းမုန့်လောင်ထံသို့ မီးပွားများ ပစ်လွှတ်နေလေသည်။
"တောင်းပန်ပါတယ်။ ကြည့်ရတာတော့ တစ်စုံတစ်ယောက်က မင်းထက်အရင် နေရာဦးထားနှင့်ပြီထင်တယ်"
ကျန်းမုန့်လောင်က နှုတ်ခမ်းတွန့်လိုက်ကာ ဘေးကပ်ရပ်ပေးလိုက်သည်။ အမျိုးသမီးနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
"ဖောရက်စ်..နင် ညလယ်စာမုန့်ထွက်စားမယ်လို့ ပြောသွားတာမဟုတ်ဘူးလား"
"ငါ... နင်ကရော မနက်ဖြန်လူရွေးပွဲအတွက် ဒိုင်ယာလော့လေ့ကျင့်စရာ နေရာရှာမယ်လို့ ပြောခဲ့တယ်မလား"
"စိတ်ဝင်စားစရာပဲ။ ကြည့်ကောင်းလိုက်တာ"
ကျန်းမုန့်လောင်က ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး ငှက်ပျောသီးတစ်လုံးကို ကောက်ယူကာ စိတ်ဝင်တစားကြည့်နေလိုက်သည်။ သူပြန်လာစဉ်က သူ့ကိုစောင့်ကြည့်နေသလို ခံစားခဲ့ရသည်မှာ မထူးဆန်းတော့ပေ။ တစ်စုံတစ်ယောက်က သူ့ကို နောက်ယောင်ခံနေခဲ့ခြင်းပင်။
"ဘန်း"
တိုက်ပွဲကြီးတစ်ခု ဖြစ်လာတော့မည်ဟု ထင်ထားခဲ့သော်ငြား အမျိုးသမီးနှစ်ယောက်က အကြည့်ချင်းဖလှယ်ကာ တစ်စုံတစ်ခုကို သဘောတူညီမှုရသွားသည့်အလား ထင်မှတ်မထားပါဘဲ တံခါးကို အတူပိတ်လိုက်ကြသည်။
"ဒါရိုက်တာကျန်း.. သရီးဆမ်းအတွေ့အကြုံလေးလိုချင်လား"
"သောက်ကျိုးနည်း"
ကျန်းမုန့်လောင်ကိုက်လိုက်သော ငှက်ပျောသီးလေးခမျာ ပါးစပ်ထဲက ထွက်ကျလုနီးပါးဖြစ်သွားရသည်။
"ဒီလောကထဲက လူတွေက တကယ်ပဲ ဒီလောက်တောင်ရဲတင်းကြတာလား"
......