← Chapters

မင်းတို့ခန့်မှန်းတာမှန်တယ် ဒါပေမဲ့ ဘာဆုမှမရှိဘူး

Vol. 22 Ch. 317

မင်းတို့ခန့်မှန်းတာမှန်တယ် ဒါပေမဲ့ ဘာဆုမှမရှိဘူး

Vol. 22 Ch. 317

"Jarvis.. ဒီအတိုင်းပျံနေရင် ယူအက်ဖ်အိုဆိုပြီး ပစ်ချခံရမှာတော့ မဟုတ်ဘူးမလား"

ပျံသန်းရသည့် ခံစားချက်က အံ့မခန်းရင်ဖိုဖွယ်ကောင်းသော်ငြား ကျန်းမုန့်လောင်တစ်ယောက် စိတ်မပူဘဲမနေနိုင်ချေ။

"မစ္စတာကျန်း စိတ်ချပါ။ Mark7မှာ အရမ်းအစွမ်းထက်တဲ့ ကာကွယ်ရေးစနစ်တပ်ဆင်ထားပါတယ်။ လက်ရှိ ကမ္ဘာ့နည်းပညာအဆင့်နဲ့ဆိုရင်တော့ ကျွန်တော်တို့ကို အာရုံခံမိခဲ့ရင်တောင် ဘာမှလုပ်လို့မရပါဘူး။ ဓာတ်ပုံလေးတစ်ပုံတောင် ရိုက်လို့ရမှာမဟုတ်ဘူး"

Jarvisက ယုံကြည်မှုအပြည့်ဖြင့် ဖြေလာလေသည်။

"ကောင်းတာပေါ့"

ကျန်းမုန့်လောင်လည်း အများကြီးစိတ်သက်သာရာရသွားလေသည်။

အသံထက် အဆ၃၀ပိုများသော အရှိန်ဖြင့် ဖြတ်သန်းသွားလာနေရင်း ကျန်းမုန့်လောင်တစ်ယောက် ပေါင်ထောင်စီရင်စု၏ နယ်နိမိတ်ကို ဖြတ်ကျောက်ကာ ပစိဖိတ်သမုဒ္ဒရာထဲသို့ ဝင်ရောက်လာခဲ့သည်။ သာမန်လူသားများအတွက်ဆိုလျှင် ပြင်းထန်လှသောအမြန်နှုန်းက ခန္ဓာကိုယ်ကို ထိခိုက်နာကျင်စေနိုင်သည်။ ယခုပင်လျှင် ကျန်းမုန့်လောင်ကိုယ်တိုင်လည်း ဤကန့်သတ်ချက်များကို လုံးဝလျစ်လျူရှုမထားနိုင်ပေ။

"မစ္စတာကျန်း..အားကောင်းတဲ့သက်ရှိအချက်ပြတွေအများကြီးကို ရှေ့နားမှာ အာရုံခံမိပါတယ်။ ကျွန်တော်တို့ရှိတဲ့နေရာကို အရှိန်မြင့်ရွေ့လျားနေပါတယ်"

ပျံသန်းချိန်နှစ်မိနစ်ခန့်အကြာတွင် ဉာဏ်ရည်တုJarvisထံမှ သတိပေးချက်တစ်ခုကို ရုတ်တရက်ရရှိလိုက်သည်။

"အသေးစိတ်အစီရင်ခံတင်ပြပါ"

"နှစ်ယောက်က စွမ်းအင်သိပ်သည်းဆအဆင့်ငါးရှိပြီး ဆယ်ယောက်ကတော့ စွမ်းအင်သိပ်သည်းဆအဆင့်သုံးရှိပါတယ်။ ကျွန်တော်တို့လမ်းကြောင်းနဲ့ ၁၂စက္ကန့်အတွင်း ဖြတ်မိမယ်လို့ ခန့်မှန်းရပါတယ်"

"မင်း တိကျတဲ့ဓာတ်ပုံတွေပို့ပေးနိုင်လား"

"ဓာတ်ပုံတွေကို အခုချက်ချင်းပို့ဆောင်ပြီးပါပြီ"

ဓာတ်ပုံတစ်ပုံက ကျန်းမုန့်လောင်ရှေ့တွင် ရုတ်တရက်ပေါ်လာသည်။ ၎င်းမှာ အလွန်ထူးဆန်းလှသော ပုံသဏ္ဌာန်ဖြင့် ဆောက်လုပ်ထားသော ရေအောက်ယာဉ်တစ်စီးဖြစ်ပြီး ရေငုပ်သင်္ဘောတစ်စင်းနှင့် တူသော်ငြား ရေဖိအားကို သိသိသာသာလျှော့ချနိုင်မည့် ဒီဇိုင်းမျိုးပင်။ ကျန်းမုန့်လောင် ယခင်က ဤမျှအမြန်နှုန်းဖြင့် ရွေ့လျားနေသော ရေအောက်ယာဉ်တစ်မျိုးကို မမြင်ဖူးပေ။

ထို့နောက် ယာဉ်ထဲရှိ ဓာတ်ပုံကိုလည်း ကျန်းမုန့်လောင်ထံ ပေးပို့လာသည်။ ထိုအထဲတွင် ကွဲပြားခြားနားသော ရေငုပ်ဝတ်စုံအနက်ရောင်များဝတ်ဆင်ထားသော လူဆယ့်နှစ်ယောက်က တိတ်တိတ်လေးထိုင်နေကြသည်။

သူတို့အားလုံးက မျက်နှာထက်တွင် မျက်နှာဖုံးတပ်ဆင်ထားပြီး အနောက်တွင်လည်း ထန်ဓားသွားနှင့် ဆင်တူလှသော ဓားတစ်ချောင်းကို လွယ်ထားလေရာ အားကောင်းလှသော ကိုင်ဘွန်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေပေသည်။

"အချက်အလက်နှိုင်းယှဉ်မှု စတင်ပါ"

နင်ဂျာဆယ့်နှစ်ယောက်၏ မျက်နှာပေါ်ရှိ မျက်နှာဖုံးများမှာ ခဏတွင်းချင်း ပျောက်ကွယ်သွားပြီးနောက် သူတို့၏သရုပ်မှန်များကို ထုတ်ဖော်ပြသလိုက်ပေတော့သည်။ ဟုန်းရီစုဆောင်းထားသော သတင်းအချက်အလက်များကို Jarvis၏ဒေတာဘေ့စ်ထဲမှ ချက်ချင်းထုတ်ယူလိုက်သည်။ ဤနင်ဂျာဆယ့်နှစ်ယောက်သည် သူ့ကိုလုပ်ကြံသတ်ဖြတ်ရန်အတွက် ကိုင်ဘွန်နိုင်ငံက လွှတ်လိုက်ခြင်းဖြစ်၏။

"ကမ္ဘာကြီးက ကျဉ်းလိုက်တာနော်"

ကျန်းမုန့်လောင် လှောင်ရယ်လိုက်သည်။

"အချိန်ကောင်းပဲ"

"Jarvis.. သတ္တုကုန်ကြမ်းပစ္စည်းရဲ့ခွန်အားကို စတင်စိစစ်လိုက်"

"စိစစ်ခြင်း ပြီးဆုံးပါပြီ။ Mark7သံချပ်ကာမှာရှိတဲ့ လေဆာလက်နက်က ပင်လလ်ရေကြောင့် အားနည်းသွားပြီးတာတောင် ပစ္စည်းကို လွယ်လင့်တကူဖြတ်တောက်နိုင်တုန်းပါပဲ"

"နည်းပညာက တကယ့်ကို မူရင်းထုတ်လုပ်မှုအင်အားပဲ"

ကျန်းမုန့်လောင် ချီးကျူးမဆုံးဖြစ်နေလေသည်။ Jarvisလို ဉာဏ်ရည်တုမျိုး ပိုင်ဆိုင်ထားရခြင်းမှာ အဆင်ပြေသက်သာလှပေသည်။

"အဲဒီလိုဆိုရင် ငါမင်းတို့ကို အရင်ရှင်းထုတ်ပြီးမှ အခြေစိုက်စခန်းကို ဖျက်ဆီးမယ်"

...

ရေအောက်ယာဉ်ထဲတွင် အစောပိုင်းတုန်းက တိတ်ဆိတ်နေခဲ့ကြသော ကိုင်ဘွန်လူမျိုးများသည် အဆုံးတွင်မူ စကားစပြောလာကြလေ၏။

"ကပ္ပတိန်.. အထက်ကပေးတဲ့ တာဝန်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကို သတ်ရုံပဲမဟုတ်ဘူးလား။ အဖွဲ့နှစ်ဖွဲ့ကိုခေါ်လာခဲ့ဖို့ လိုလို့လား"

"ဟုတ်ပါတယ် ကပ္ပတိန်.. သာမန်ဘော်ဒီဂတ်လောက်ပဲရှိတဲ့ လူတွေဆိုရင် အလွန်ဆုံးရှိလှ သာမန်လူတွေထက် ကိုယ်ခံပညာနည်းနည်းလောက် ပိုတတ်တာပဲရှိတာ။ အဖွဲ့တစ်ဖွဲ့တည်းလွှတ်လိုက်တယ်ဆိုရင်တောင် သူ့ကို အထင်ကြီးလွန်းရာကျသွားပြီလို့ ကျွန်တော်ထင်တယ်"

အခြားတစ်ယောက်ကလည်း ဝင်ပြောသည်။

"မင်းတို့က သူ့ကို အထင်သေးနေကြတာပဲ"

ချူနင်တစ်ယောက်က ပြောလိုက်၏။

"သူက သာမန်လူတစ်ယောက်ဆိုပေမဲ့ သူ့ချမ်းသာကြွယ်ဝမှုက နိုင်ငံတော်တော်များများနဲ့ ယှဉ်နိုင်တယ်ဆိုတာ မမေ့နဲ့နော်။ ပိုက်ဆံသာရှိရင် နတ်ဆိုးကိုတောင် လူကောင်းအဖြစ်ပြောင်းလဲလို့ရတယ်။ ပိုက်ဆံသာလုံလုံလောက်လောက်ရှိရင် ဒီကမ္ဘာပေါ်ကအရာ ၉၉ရာခိုင်နှုန်းလောက်ကို လုပ်နိုင်တယ်"

"အမှန်ပဲ"

နောက်ထပ်ချူနင်တစ်ယောက်ကလည်း အေးတိအေးစက်ဝင်ပြောလေသည်။

"သူတို့မှာ နည်းပညာကိုအားကိုးစရာမလိုဘဲ လူသားတွေနဲ့အစွမ်းကို ဖော်ထုတ်နိုင်တဲ့ အစွမ်းထက်စနစ်တစ်ခုရှိတယ်။ အဲဒါကို ရှေးဟောင်းသိုင်းပညာတွေလို့ခေါ်တယ်။ အဲဒီရှေးဟောင်းသိုင်းပညာတွေက မိသားစုတွေထဲမှာ အများဆုံးရှိကြတာ။ ပြီးတော့ ငါတို့နင်ဂျာတွေနဲ့ အမေရိကန်သန္ဓေပြောင်းတွေထက်လည်း ပိုလွတ်လပ်မှုရှိကြတယ်"

"ငါလည်း မင်းလို ဂျန်နင်ဖြစ်ခဲ့တဲ့အချိန်တုန်းက ရှေးဟောင်းသိုင်းပညာရှင်တစ်ယောက် ကာကွယ်ပေးနေတဲ့ လူချမ်းသာတစ်ယောက်နဲ့ ဆုံဖူးတယ်။ ငါ သူ့ကိုသတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ လွယ်လွယ်ကူကူတော့ မဟုတ်ခဲ့ဘူး။ ငါ့အတွေ့အကြုံအရဆိုရင် အဲဒီရှေးဟောင်းသိုင်းပညာရှင်က သိပ်ပြီးတော့တောင် စွမ်းတဲ့လူ မဟုတ်ဘူး"

"အဲဒီလိုအရာမျိုးလည်း ရှိသေးတာလား"

ထိုဂျန်နင်က "လုံရှား"ဟုခေါ်သော အထူးတပ်ဖွဲ့တစ်ခုအကြောင်းကိုသာ ကြားဖူးထားသော်လည်း ရှေးဟောင်းသိုင်းပညာရှင်များအကြောင်းကိုမူ မကြားဖူးပေ။

"ဒီရှေးဟောင်းသိုင်းပညာရှင်တွေက နိုင်ငံတော်ပိုင်အင်အားစုတွေမဟုတ်ကြတဲ့အတွက် သူတို့ရဲ့ကိုယ်ပိုင်ဖွံ့ဖြိုးရေးရန်ပုံငွေတွေရှိကြတယ်။ သူတို့က လောကီကမ္ဘာထဲမှာ စီးပွားရေးလုပ်ငန်းတွေလုပ်ရင်း ငွေရှာကြပြီး လူချမ်းသာတွေအတွက်လည်း ဘော်ဒီဂတ်တွေလုပ်ပေးကြတယ်။ ဈေးနှုန်းကတော့ သေချာပေါက်ကြောက်ဖို့ကောင်းအောင် မြင့်တာပေါ့လေ။ ဒါပေမဲ့ ဒီတစ်ခေါက် ငါတို့ရဲ့ပစ်မှတ်အတွက်တော့ ပိုက်ဆံဆိုတာ ကိန်းဂဏန်းသာသာပဲရှိတာ။ ဒီတော့ အဲဒီလိုလူတစ်ယောက်ယောက်က သူ့ကို ကာကွယ်ပေးနေတာမျိုး ဖြစ်နိုင်ခြေများတယ်"

"သူ့ဘက်က ပိုက်ဆံအများကြီးသုံးဖို့လိုလားတယ်ဆိုရင်တောင် တခြားနိုင်ငံတွေက စိတ်စွမ်းအားရှင်တွေနဲ့ သနေ္ဓပြောင်းလူသားတွေကိုပဲ ငှားလို့ရမှာပါ"

ချူနင်တစ်ယောက်က ဆိုလိုက်လေသည်။

"ကျွန်တော် ဒီပစ်မှတ်အကြောင်း အများကြီးလေ့လာထားတယ်။ သူ့အနားမှာ ကာကွယ်ရေးအင်အားစုတွေအများကြီး မရှိဘူးဆိုရင် ပြဿနာရှာနိုင်စွမ်းရှိတဲ့ သူ့အရည်အချင်းကြောင့် အခုလောက်ဆိုရင် ဆယ်ခါပြန်အသတ်ခံရပြီးလောက်ပြီ"

"တီ တီ တီ"

ထိုအချိန်မှာပင် အချက်ပေးသံတစ်သံက သင်္ဘောပေါ်ရှိ ကိရိယာတစ်ခုဆီမှ ရုတ်တရက်ထွက်ပေါ်လာလေသည်။

"ဘာဖြစ်တာလဲ။ ပစ်မှတ်ချဉ်းကပ်လာတာလား။ ငါတို့ကို ရှာတွေ့သွားပြီလား"

"မဖြစ်နိုင်တာ.. ငါတို့ရဲ့ရေငုပ်ယာဉ်ကို နောက်ဆုံးပေါ်နည်းပညာနဲ့ ဖုံးအုပ်ထားတာလေ။ ငါတို့ရဲ့လက်ရှိနည်းပညာကတောင် အာရုံခံနိုင်တာမဟုတ်ဘူး။ ငါတို့ကိုရှာတွေ့သွားတယ်ဆိုတာ မဖြစ်နိုင်ဘူး။ စွမ်းအားကြီးတဲ့ စွမ်းအင်အရင်းအမြစ်တစ်ခု ချဉ်းကပ်လာတာပဲဖြစ်မယ်"

"ရေဒါမှာ ဘာပစ်မှတ်ကိုမှပြနေတာမရှိဘူး"

"အာရုံခံစက်က အရမ်းအစွမ်းထက်တဲ့ စွမ်းအင်အရင်းအမြစ်တစ်ခုကို ရှာတွေ့ထားတယ်။ အမြန်နှုန်း30Mach.. ပုံသဏ္ဌာန်အတည်မပြုနိုင်.. တည်နေရာ အတည်မပြုနိုင်..စွမ်းအင်အဆင့်…စွမ်းအင်သိပ်သည်းဆအဆင့်၁၂"

"ဘာ? စွမ်းအင်သိပ်သည်းဆအဆင့်၁၂တဲ့လား။ အဲဒါက နတ်ဘုရားအဆင့်နင်ဂျာတစ်ယောက်နီးနီးရှိတယ်လေ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"အချက်ပေးသံက ကျယ်သထက်ကျယ်လာပြီ"

"မဟုတ်ဘူး။ သူတို့ချဉ်းကပ်လာတဲ့ ဦးတည်ရာက ငါတို့မဟုတ်ဘူး။ ငါတို့ရဲ့အခြေစိုက်စခန်းပဲ။ ငါတို့က လမ်းကြုံသွားရုံသက်သက်ပဲ"

"အစွမ်းထက်တဲ့စွမ်းအင်အရင်းအမြစ် ချဉ်းကပ်လာပါပြီ။ သိပ်သည်းဆအဆင့်၁၅အထိ မြင့်တက်သွားပါပြီ"

"ငါတို့သင်္ဘော…"

ထိုစကားသံ မဆုံးခင်မှာပင် အနီရောင်အလင်းတန်းကြီးတစ်ခုက သင်္ဘောအလယ်ဗဟိုမှ ဖြတ်သန်းသွားလေသည်။ ဖြတ်သွားရာလမ်းတစ်လျှောက် သတ္တုများ အရည်ပျော်ကုန်ပြီး ထိုနင်ဂျာ၏အသံကလည်း ရုတ်ခြည်းပြတ်တောက်သွားကာ သူ့ခန္ဓာကိုယ်ထက်တွင် ဒေါင်လိုက်ပြတ်ရှရာကြီးတစ်ခု ပေါ်ပေါက်လာသည်။

"နံပါတ်၂ နံပါတ်၃"

ချူနင်နှစ်ယောက်က သူတို့၏လက်အောက်ငယ်သားများကို အော်ခေါ်နေသော်ငြား ထိုလေဆာ ဖြတ်သန်းသွားရာလမ်းကြောင်းပေါ်တွင် ထိုင်မိနေသော ဂျန်နင်ဆယ်ယောက်ထဲမှ ရှစ်ယောက်ခမျာ လုံးဝအသက်ပျောက်သွားရချေပြီ။

ယခုဆိုလျှင် ပင်လယ်ရေများလည်း အထဲသို့ စိမ့်ဝင်လာပြီး သင်္ဘော၏အဏုမြူဓာတ်ပေါင်းဖိုကလည်း ပေါက်ကွဲတော့မည့် လက္ခဏာများ ပြသလာသည်။

"သွားတော့"

ကျန်ရစ်နေခဲ့သော နင်ဂျာလေးယောက်မှာလည်း သင်္ဘောကို ချက်ချင်းစွန့်ပစ်ခဲ့ကြလေတော့သည်။ သူတို့ထဲရှိ တစ်ယောက်က ရေထဲတွင် လေဟာနယ်ရေပူဖောင်းတစ်ခုကို ဖန်တီးပြီး သူတို့ကိုဝန်းရံစေကာ ရေမျက်နှာပြင်ပေါ်သို့ ချက်ချင်းတက်လာလိုက်သည်။

"ဒါ..ဒါက မဖြစ်နိုင်တာ"

နင်ဂျာလေးယောက်ခမျာ မျက်လုံးပြူးသွားရှာလေသည်။ သူတို့အထက်တွင် ပျံဝဲနေသူမှာ အနီရောင်သတ္တုလူသားတစ်ယောက်ဖြစ်ပြီး သူ့လက်ဖဝါးထက်တွင် လေဆာနောက်ဆက်တွဲအလင်းတန်းများက လင်းလက်နေဆဲပင်။

ကမ္ဘာတစ်ဝှမ်းတွင် လူကြိုက်များလှသော ကာတွန်းဇာတ်ကောင်တစ်ခုဖြစ်သည့် သံမဏိလူသားက သူတို့ရှေ့တွင် ရောက်နေလေသည်။ ကမ္ဘာပေါ်တွင် သည့်ထက်ပိုပြီး ယုတ္တိတန်သည့်အဖြစ်မျိုး ရှိနိုင်ဦးမည်လား။

"သံမဏိလူသားလား"

"ငါ အိပ်မက်မက်နေတာလား"

"ဒါက တကယ်ကြီးလား။ အမေရိကန်ကလား"

"အံ့ဩသွားလား။ ထင်မထားဘူးမလား"

သံချပ်ကာထဲမှ လူငယ်တစ်ယောက်၏အသံ ထွက်ပေါ်လာလေသည်။

ကိုင်ဘွန်နင်ဂျာများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ဤသံချပ်ကာမှတစ်ဆင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုတစ်ခုကို သူတို့ ခံစားလိုက်ရသည်။

"အဖြေမှန်တယ်။ ဒီတော့ ဆုချမယ်"

ကျန်းမုန့်လောင်ကလည်း အညှာအတာကင်းမဲ့စွာ ‌ပြောလိုက်လေသည်။

"ဆုချတဲ့အနေနဲ့ မင်းတို့ကို ဘုရားသခင်ဆီ ပို့ပေးမယ်"

အနီရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားချိန်ဝယ် ထိုလူလေးယောက်ချာ တုံ့ပြန်ဖို့ပင် အချိန်မရလိုက်ပါဘဲ သူတို့လည်ပင်းထက်တွင် ပြတ်ရှရာတစ်ခုပေါ်ပေါက်လာပြီးနောက် ခန္ဓာကိုယ်များမှာ ပစိဖိတ်သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးထဲသို့ ဖြည်းဖြည်းချင်းနစ်မြုပ်သွားလေတော့သည်။

***********

All Chapters