မယုံဘူးလား? ချချင်လား?
Vol. 36 Ch. 538
"လေယာဉ်အစင်းတစ်ရာ…"
ထိုဗိုလ်ချုပ်များ၏မျက်နှာကား ရှုံ့မဲ့သွားလေသည်။
အမေရိကန်ဒေါ်လာ၃၂ထရီလီယံမှာ နှစ်ပေါင်းများစွာတန်သော ဟွာရှားနိုင်ငံ၏နှစ်စဉ်ဝင်ငွေများပင်။
သို့သော် သူတို့ကိုယ်သူတို့ ပြန်မေးခွန်းထုတ်မိသည်။ အကယ်၍ ဤနည်းပညာကိုသာ ပိုင်ဆိုင်လိုက်ရပါက နဂါးပြောက်ကျားအစင်းတစ်ရာကို တည်ဆောက်ရန်အတွက် ထိုပိုက်ဆံများကို သုံးရန် ဆန္ဒရှိမည်လော။
သူတို့၏အဖြေကတော့ "ဆန္ဒရှိသည်"သာ။ အချို့အဆင့်အတန်းများကို ငွေဖြင့်ဝယ်ယူ၍ မရနိုင်သော်လည်း နဂါးပြောက်ကျားအစင်းတစ်ရာသာရှိပါက တစ်ကမ္ဘာလုံးကို သူတို့ခြောက်လှန့်နိုင်ပြီး အကျိုးကျေးဇူးများစွာလည်း ရရှိနိုင်၏။
ဟွာရှားနိုင်ငံကသာ နဂါးပြောက်ကျားအစင်းတစ်ရာကို ပိုင်ဆိုင်လိုက်ပါက…
တွေးကြည့်ရုံမျှဖြင့် သူတို့ ကြောက်ဒူးတုန်မိသည်။ မည်သူကများ သူတို့ကို ရန်စရဲတော့မည်နည်း။
"ဪ စကားမစပ်.. ဟွာရှားနိုင်ငံရဲ့ နောက်ဆုံးပေါ်လက်နက်ကို ခင်ဗျားတို့ကိုပြပါရစေ"
"လက်နက်အသစ်တွေ ရှိသေးတာလား။ ဘယ်မှာလဲ"
"မိုးပေါ်မှာ"
ကျန်းမုန့်လောင်က မိုးပေါ်သို့ လက်ညှိုးထိုးပြလိုက်သည်။
"လွန်ခဲ့တဲ့နှစ်ရက်တုန်းက ကျုပ်တို့လွှတ်တင်ခဲ့တဲ့ဂြိုလ်တုပေါ်မှာလေ။ တကယ်တော့ ကျုပ်တို့ မစမ်းသပ်ရသေးဘူး။ အဲဒါကြောင့် စွမ်းအားက လုံလောက်ရဲ့လားဆိုတာတော့ မသိသေးဘူး"
"ဂြိုလ်တုလက်နက်လား။ ဒါက.."
တိုက်လေယာဉ်သုံးစင်းက အကြောက်တရားနှင့် ထိတ်လန့်မှုကို ဖြစ်စေပါက ယခုမူ သူတို့ ကြံရာမရဖြစ်နေလေပြီ။
ဂြိုလ်တုလက်နက်၏ သဘောတရားကို ဟိုးယခင်ကတည်းက အဆိုပြုထားပြီးဖြစ်၏။ ထိုဂြိုလ်တုလက်နက်များကို ဦးဆောင်ထိန်းချုပ်နိုင်သူတိုင်းက ကမ္ဘာပေါ်ရှိ မည်သည့်နေရာကိုမဆို အချိန်မရွေးတိုက်ခိုက်နိုင်သည်။ ထိုသို့သောတိုက်ခိုက်မှုတစ်ခုကို ကြိုတင်သတိပေးခြင်း၊ ကြိုတင်ကာကွယ်ခြင်း သို့မဟုတ် ရှောင်ရှားနိုင်ခြင်းမရှိပေ။ ပြင်းပြင်းထန်ထန်ခံနိုင်ရည်ရှိရန်သာ လုပ်နိုင်သည်။
ဤအယူအဆကို အဆိုတင်သွင်းခဲ့စဉ်ကပင် ကမ္ဘာ့ကုလသမဂ္ဂဥပဒေမူကြမ်းကို စတင်ရေးဆွဲသင့်သည်ဟူသော ထင်မြင်ချက်များ ထွက်ပေါ်လာခဲ့သည်။ သူတို့ခေါင်းပေါ်တွင် ချွန်ထက်ထက်ဓားတစ်ချောင်းချိန်ထားပါက ဘယ်နိုင်ငံကများ ဖြောင့်ဖြောင့်အိပ်နိုင်မည်နည်း။
သို့သော် ဤအယူအဆမှာ အလွန်အဆင့်မြင့်လှသည်။ လူသားများမှာ အနည်းဆုံး နှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်လောက်ကြာမှသာ အကောင်အထည်ပေါ်လာမည်ဟု ထင်ထားခဲ့သောကြောင့် ဥပဒေပြဋ္ဌာန်းရန်အတွက်လည်း အလျင်မလိုခဲ့ကြပေ။
ယခုမူ ဟွာရှားနိုင်ငံက ထိုအရာကို ထုတ်လုပ်ပြီးစီးလေပြီလား။
"လူမရှိတဲ့နေရာတစ်ခုကို ရှာလိုက်ရအောင်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"မစ္စတာရှင်း..တောင်တရုတ်ပင်လယ်ထဲကို ပစ်ချလိုက်ရအောင်။ အဲဒီနေရာက သိပ်အေးချမ်းမှုမရှိတော့ လူတွေအများကြီးမရှိဘူး"
"ကောင်းပြီလေ။ အဲဒီနေရာကို လုပ်လိုက်ကြစို့"
"အာကာသပတ်လမ်းကြောင်းယန္တရားအမှုန်အမြောက် ပစ်!"
"ပစ်!"
ကောင်းကင်ထက်တွင် အားကောင်းလှသော အလင်းတန်းကြီးတစ်ခုက ဥက္ကာခဲတစ်ခုအလား ဖြတ်သန်းသွားသည်။ ထိုအလင်းတန်း၏အချင်းမှာ မီတာတစ်ရာအထိ ရှိ၏။ ထိုအရာက အာကာသနှင့် ကမ္ဘာ့လေထုကို ဖြတ်သန်းသွားပြီး အနည်းငယ်ပျံ့လွင့်သွားသော်ငြား စွမ်းအင်၏ကိုးဆယ်ရာခိုင်နှုန်းကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
"အုန်း!"
အလင်းတန်းက ဟွာရှားနိုင်ငံ၏ တောင်တရုတ်ပင်လယ်ကို ထိမှန်သွားပြီးနောက် ပြင်းထန်လှသော စွမ်းအင်ကြောင့် ပင်လယ်ရေအမြောက်အများ အငွေ့ပျံသွားခဲ့သည်။
ယန္တရားအမှုန်အမြောက်ဟုခေါ်သော လက်နက်က ရွေ့လျားစွမ်းအင်အကြီးစားတစ်မျိုးပါရှိသော အမှုန်အလင်းတန်းတစ်ခုကို ပစ်လွှတ်ခဲ့သည်။ ပြင်းထန်သောသက်ရောက်မှုနှင့် စွမ်းအင်ကြောင့် ဧရာမလှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေခဲ့ပြီး မီတာရာပေါင်းများစွာမြင့်သော လှိုင်းလုံးကြီးများက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့သည်။
"အဲ..အဲဒါက ဘာကြီးလဲ"
နယ်စပ်ဧရိယာတွင် စစ်ရေးလေ့ကျင့်နေသော စစ်ရေယာဉ်တန်းတစ်စုက ကောင်းကင်မှ ဆင်းသက်လာသော ဧရာမအလင်းတန်းကြီးကို မြင်လိုက်ရပြီးနောက် မီတာရာပေါင်းများစွာမြင့်မားသော ဧရာမရေနံရံကြီးတစ်ခုကိုပါ တွေ့လိုက်ရသည်။
"မြန်မြန်ပြန်လှည့်! လှည့်လိုက်"
သို့သော် နောက်ကျသွားလေပြီ။ စွမ်းအင်ပျံ့နှံ့မှုနှင့် လှိုင်းလုံးများ၏အရှိန်က အလွန်မြန်ဆန်လှချေသည်။
ရေစီးကြောင်း၏အရှိန်က လေယာဉ်တင်သင်္ဘော၏ ကုန်းပတ်ပေါ်ရှိ တိုက်လေယာဉ်များနှင့် ပစ္စည်းကိရိယာအမျိုးမျိုးကို ပင်လယ်ထဲသို့ ထိုးချပစ်လိုက်ပြီး ဖျက်သင်္ဘောခုနစ်စင်းကိုလည်း မှောက်သွားစေသည်။ ဧရာမလှိုင်းလုံးကြီး ဖြတ်သွားပြီးနောက် ဤရေယာဉ်တန်းကြီးမှာလည်း လေယာဉ်တင်သင်္ဘော၏ ဗလာကျင်းနေသော ကုန်းပတ်သာ ကျန်ရစ်ခဲ့တော့သည်။
"မြန်မြန်လုပ်။ ပျက်စီးဆုံးရှုံးမှုတွေကို စစ်ဆေးကြ"
ထိုရေယာဉ်တန်းကလည်း ပျက်စီးဆုံးရှုံးမှုများကို စတင်စစ်ဆေးလေတော့သည်။
"တင်ပြပါတယ်။ ဝန်ထမ်းထဲမှာ သေဆုံးသူမရှိပါဘူး။ ၂၄ယောက် ပျောက်ဆုံးနေပါတယ်"
"တိုက်လေယာဉ်၃၇စင်း ပျက်စီးသွားပြီး ကျန်တာတွေက ပင်လယ်ထဲကို ပြုတ်ကျသွားပါတယ်။ သုံးလို့ရနိုင်ဦးမလားဆိုတာတော့ မသိရသေးပါဘူး"
"သတင်းပို့ပါတယ်။ ဖျက်သင်္ဘောတွေအကုန်လုံး တစ်စစီပျက်စီးသွားပါပြီ"
...
"ဗိုလ်ချုပ်… ရုတ်တရက်ထလာတဲ့ ဆူနာမီကြောင့် ကျွန်တော်တို့ရဲ့ယာဉ်တန်း အပြင်းအထန်ထိခိုက်ဆုံးရှုံးခဲ့ရပါတယ်…"
ဗိုလ်ချုပ်ပေ့ချီကို သူ့လက်အောက်ငယ်သားက သတင်းပို့လာလေသည်။ ဤကဲ့သို့သော ဆုံးရှုံးမှုများမှာ ရေတပ်တစ်ခုလုံး ပျက်စီးဆုံးရှုံးခြင်းနှင့် တူပေသည်။
အဖွဲ့ထဲတွင် လေယာဉ်တင်သင်္ဘောက ဗျူဟာမြောက်အဓိပ္ပာယ်မျှသာရှိပြီး ဖျက်သင်္ဘော၏ ကာကွယ်စောင့်ရှောက်မှုမရှိလျှင်၊ တိုက်လေယာဉ်များမပါလျှင် ၎င်းမှာ ပင်လယ်ထဲမျောနေသော ပစ်မှတ်ကြီးတစ်ခုမျှသာဖြစ်ပြီး ဘာမှအသုံးမဝင်ချေ။
"သူက အဲဒီနယ်မြေကို တမင်တကာပစ်မှတ်ထားလိုက်တာပဲ"
ပေ့ချီက ကျန်းမုန့်လောင်ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။
"မစ္စတာကျန်း..ဒါက ကျုပ်တို့ရဲ့ယာဉ်တန်းကို တမင်တကာတိုက်ခိုက်လိုက်တာလား"
"တိုက်ခိုက်တာတဲ့လား"
ကျန်းမုန့်လောင်က မသာမယာမျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
"ကျုပ်က ကျုပ်တို့ရေပိုင်နက်ထဲမှာပဲ စမ်းသပ်ခဲ့တာ။ ဗိုလ်ချုပ်ပေ့ချီ… အစားကို ဝအောင်စားလို့ရတယ်။ စကားကိုတော လက်လွတ်စပယ်မပြောနဲ့။ ခင်ဗျားကို ကျုပ် ဗီဒီယိုထုတ်ပြရဦးမလား။ ကျုပ်ရဲ့အပြစ်ကင်းစင်မှုကို ကျုပ်သက်သေပြနိုင်တယ်"
"ဒါဆို ကျုပ်တို့ရဲ့ယာဉ်တန်းက သက်သက်ကြီးပျက်စီးသွားရတာပေါ့"
ချီပေ့လည်း အံတင်းတင်းကြိတ်လိုက်မိသည်။
"ကျုပ်ကို လာအပြစ်တင်နေတာလား။ ကျုပ်တို့ပိုင်နက်နားမှာ ဝေ့လည်ကြောင်ပတ်လုပ်နေဖို့ ခင်ဗျားကို ဘယ်သူကပြောထားလို့လဲ"
ကျန်းမုန့်လောင်က ဗိုလ်ချုပ်အာသာကို ပြောလိုက်၏။
"ဗိုလ်ချုပ်.. ကျုပ် မေးခွန်းတစ်ခုလောက် မေးလို့ရမလား"
"မေးပါ မစ္စတာကျန်း"
"တကယ်လို့ တစ်ယောက်ယောက်ကသာ သေနတ်ကိုင်ပြီး ကျုပ်အိမ်ထဲကိုဝင်လာရင် ကျုပ် ဒီငတုံးကို ပစ်သတ်လိုက်တာက တရားမဝင်ဘူးလား"
ကျန်းမုန့်လောင်၏ဆိုလိုရင်းကို အာသာ ကောင်းကောင်းနားလည်သည်။ သူ့အနေနှင့် ဗိုလ်ချုပ်ပေ့ချီဘက်က ကူပြောပေးချင်ပါသော်ငြား ပြောင်လိမ်ပြောင်စားလည်း မလုပ်နိုင်ချေ။
"ကျုပ်တို့ရဲ့ဥပဒေအရ အဲဒါက ဥပဒေနဲ့ညီတဲ့လုပ်ရပ်ပါပဲ"
"တွေ့လား"
ကျန်းမုန့်လောင်က ပခုံးတွန့်ပြလိုက်သည်။
"ဗိုလ်ချုပ်ပေ့ချီ.. ကျုပ် ခင်ဗျားကိုမေးချင်တယ်။ ကျုပ်တို့က ကိုယ့်ပိုင်နက်ထဲမှာကိုယ် စမ်းသပ်နေတာလေ။ ဒိတော့ ခင်ဗျားတို့ယာဉ်တန်းက ဘာလို့ဒုက္ခရောက်ရတာလဲ။ ခင်ဗျားတို့သာ ကိုယ့်အိမ်မှာကိုယ်နေမယ်ဆိုရင် အခုလိုဖြစ်မှာတဲ့လား"
"ဒါ သက်သက်တစ်ပတ်ရိုက်တာ""
ပေ့ချီက အော်ဟစ်လေတော့သည်။ ယခုမူ သူ့အသိစိတ်ကား လွတ်ထွက်သွားလေပြီ။ သူ့စစ်တပ်က အကြီးအကျယ်ဆုံးရှုံးနစ်နာလိုက်ရချိန်မှာ ဗိုလ်ချုပ်တစ်ယောက်အနေနှင့် သူသည် စစ်ခုံရုံးအတင်ခံရနိုင်သည်။
"တကယ်လား"
ကျန်းမုန့်လောင်ကလည်း ပြန်ပက်သည်။
"အဲဒီလိုဆိုရင်လည်း ခင်ဗျား ဘာလုပ်ဖို့စဉ်းစားထားလဲ။ တိုက်ခိုက်ချင်လား"
သူ့စကားများကြောင့် ပေ့ချီလည်း လုံးဝကြက်သေသေသွားရသည်။
အမှန်ပင်တည်း။ ကျန်းမုန့်လောင်က တမင်တကာထိုသို့လုပ်ခဲ့လျှင်ပင် သူက ဘာများတတ်နိုင်မည်နည်း။
တိုက်ခိုက်မှာတဲ့လား။ သူတို့က နိုင်နိုင်ခြေရှိလို့လား။
ကျန်းမုန့်လောင်က ယနေ့ညမှာပင် နဂါးပြောက်ကျားတိုက်လေယာဉ်ကို တိတ်တဆိတ်ထိန်းချုပ်ကာ သူတို့ပိုင်နက်ထဲသို့ ပျံသန်းစေပြီး သူတို့တန်ဖိုးထားသော ဘုရားကျောင်းများကို ဖြိုခွင်းပြီး ခြေရာလက်ရာပင်မကျန်ရစေဘဲ ပြန်ထွက်သွားနိုင်သည်။
သူလုပ်ခဲ့ကြောင်း သိနေလျှင်ပင် ဘာမှပြန်မလုပ်နိုင်ပေ။ အလင်းဆိုင်ရာကိုယ်ယောင်ဖျောက်နည်းပညာနှင့် မယုံနိုင်စရာကောင်းသော ပြောက်ကျားစွမ်းရည်ကြောင့် သူတို့ ဘာရုပ်ပုံကိုမှ ဖမ်းယူနိုင်မည်မဟုတ်ပေ။
ထိုအခါ ကျန်းမုန့်လောင်က ပြောလာလိမ့်မည်။
"ဟုတ်တယ်။ ငါလုပ်ခဲ့တာ။ ဒါပေမဲ့ မင်းတို့မှာ ဘာသက်သေမှမရှိဘူးလေ။ ပြန်ကိုက်နိုင်မယ်များ ထင်နေလား"
"မစ္စတာကျန်း..မင်း တော်တော်လွန်နေပြီနော်"
"ခင်ဗျား လက်စားချေချင်လို့လား"
ကျန်းမုန့်လောင်က အေးတိအေးစက်သရော်လိုက်၏။
"ကျုပ်..."
"ကဲ ဒါဆိုလည်း ခင်ဗျားတို့ပဲ တစ်လမ်းရွေးလိုက်။ ချင်းချိုးနိုင်ငံက ဘဏ်တစ်ခုမှာ ကျုပ်ရဲ့ချင်းချိုးငွေဒေါ်လာ၃ထရီလီယံရှိတယ်။ မနက်ဖြန်ကျရင် ကျုပ် အဲဒါကို သွားထုတ်လိုက်မယ်"
"အဟမ်း အဟမ်း အဟမ်း"
ဗိုလ်ချုပ်ကင်က ကပျာကယာဝင်ပြောလိုက်သည်။
"အဲ..မစ္စတာကျန်းပြောတာမှန်တယ်လို့ထင်တာပဲ။ သူတိူ့က သူတို့ပိုင်နက်ထဲမှာ စမ်းသပ်နေတာလေ။ ဘယ်လိုလုပ်ပြီး ခင်ဗျားတို့ကို ထိခိုက်စေနိုင်မှာလဲ။ ခင်ဗျားက အခု သူခိုးက လူပြန်ဟစ်နေသလိုပဲ"
"အမှန်ပဲ"
ဗိုလ်ချုပ်အာသာက ကျန်းမုန့်လောင်၏အကြည့်ကို မြင်လိုက်ရသောအခါ ဝင်ပြောလာသည်။
"ကမ္ဘာလုံးဆိုင်ရာရဲအရာရှိတစ်ယောက်အနေနဲ့ ကျုပ်တို့ ဒီလိုအပြုအမူမျိုးကို လက်ခံပေးလို့မရဘူး"
ပေ့ချီခမျာ ထိုဗိုလ်ချုပ်နှစ်ယောက်ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေမိသည်။ သူ့စိတ်အစဉ်ကား လုံးဝပြိုလဲသွားချေသည်။ အရှက်မရှိတာကို သူမြင်ဖူးပါသော်ငြား ယခုလိုအရှက်ကင်းမဲ့တာမျိုးကိုတော့ မမြင်ဖူးခဲ့ပေ။
"ဒါဆို ပြဿနာမရှိတော့ဘူးနော်"
ကျန်းမုန့်လောင်က ပေ့ချီကို ကြည့်လိုက်သည်။
"ပြ..ပြဿနာမရှိတော့ပါဘူး.."
"ပြဿနာမရှိတော့ဘူးဆိုရင်လည်း လက်နက်ပြသမှုကို ဆက်လုပ်ကြတာပေါ့"
ကျန်းမုန့်လောင်က ပြောလိုက်လေ၏။
"ထပ်ရှိသေးတာလား"
ဤသည်မှာ ဟွာရှားနိုင်ငံ၏လက်နက်ပြပွဲ၏ အစအဆုံးဟု သူတို့ ထင်ခဲ့မိသည်။ ယခုထက်ပိုကြောက်ဖို့ကောင်းသော လက်နက်များလည်းရှိသေးတာလား။ ဤသို့ဆိုလျှင် သူတို့အနေနှင့် မည်သို့ရှင်သန်နေထိုင်ရမည်နည်း။
"လာမဲ့လက်နက်တွေက မစ္စတာပေ့ချီရဲ့နိုင်ငံကနေ အကြံရထားတာ"
ကျန်းမုန့်လောင်က ဆို၏။
"ကျုပ်တို့နိုင်ငံကနေ အကြံရထားတာလား"
ပေ့ချီက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်လေသည်။
"မော်ဒယ်က ဒိတ်အောက်နေပေမဲ့ လက်ရှိနည်းပညာအရတော့ အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်"
"ဘာများလဲ"
ထိုဗိုလ်ချုပ်သုံးယောက်မှာ သိချင်စိတ်ပြင်းပြသွားသည်။
ကျန်းမုန့်လောင်ကလည်း စကားပြောစက်ကို ကောက်ကိုင်လိုက်သည်။
"ဟွာရှားနိုင်ငံရဲ့ပထမဆုံးမိုဘိုင်းတပ်ဖွဲ့.. ထွက်ခဲ့ကြ"
မီတာနှစ်ဆယ်မြင့်သော အနီရောင်မက်ချာကြီးတစ်ခုက အခြားဧရာမက်ချာဆယ်ခုကို ဦးဆောင်၍ သူတို့အနောက်မှ ထွက်ခွာလာလေရာ ပွဲကြည့်ပရိသတ်များနှင့် စစ်သည်များမှာ အုန်းအုန်းကျက်ကျက်အားပေးကြလေတော့သည်။
"ဒါ..ဒါက ဂန်ဒမ်လား"
"မဟုတ်ဘူး။ ဒါက ဇာကူပဲ။ ယောကျ်ားတိုင်းရဲ့အိပ်မက်စက်ရုပ်"
"အနီရောင်ကောမက်.. သုံးဆမြန်တဲ့အရှိန်နဲ့နော်။ ငါတော့ တက်ကြွသွားပြီ"
"စစ်သီချင်းဆိုလိုက်ကြစို့"
"ငါ့ကောင်ရေ.. ဒါကြီးကတော့ လွန်လွန်းပါတယ်ကွာ။ ငါတို့ဟွာရှား မတီထွင်နိုင်တာ ဘာများကျန်သေးလဲ"
****************