ကန့်ကွက်စရာရှိလား
Vol. 43 Ch. 639
"ဒါက ကျုပ်ဘိုးဘွားပိုင်အိမ်ရာရဲ့ အဆောက်အအုံပုံကြမ်းပါ။ အတိုင်းအတာနဲ့ဆွဲထားတဲ့ ပုံကြမ်းကိုလိုချင်ရင်လည်း ပေးနိုင်ပါတယ်..."
"ရပါပြီ မစ္စတာကျန်း.. ပုံကြမ်းနဲ့တင် အဆင်ပြေပါတယ်။ အတိုင်းအတာပုံစံတွေအထိ ဆွဲစရာမလိုပါဘူး"
ဆာရှီနင်က ကျန်းမုန့်လောင်၏စကားကို ဖြတ်ပြောလိုက်သည်။ အစတုန်းက အင်တာဗျူးကို နာရီဝက်ဟု သတ်မှတ်ထားသော်လည်း ကျန်းမုန့်လောင်က တစ်နာရီခွဲအထိ ပြောသွားပေသည်။ သူသာ အိမ်ခြံမြေအရောင်းကိုယ်စားလှယ်ဆိုလျှင် မရောင်းရသည့်အိမ်ဟူ၍ ရှိမည်မဟုတ်ပေ။
ကျန်းမုန့်လောင်က ထိပ်တန်းအိမ်ခြံမြေအရောင်းချန်ပီယံဖြစ်နိုင်ဖို့ အလားအလာရှိသည်ဟု သူ တကယ်ယုံသွားသည်။ သူ ယခင်တုန်းက အချိန်ပိုင်းအလုပ်လုပ်စဉ် မန်နေဂျာရာထူးအထိ မတက်နိုင်ခဲ့သည်မှာ နှမြောစရာကောင်းလှသည်။
"ခင်ဗျားတို့စိတ်ဝင်စားရင် ကျုပ်ရဲ့ဝေးပေါ်ကို ဖော်လိုးလုပ်ထားကြလေ"
ကျန်းမုန့်လောင်က ဆို၏။
"ကျုပ်က ပရိသတ်တွေအတွက် အိမ်တွေ ပြိုင်ကားတွေ ဗီလာတွေနဲ့ တခြားလက်ဆောင်တွေကို မဲဖောက်ပေးလေ့ရှိတယ်"
"ဟားဟားဟား.. ဒါဆိုရင်တော့ အင်တာဗျူးကဏ္ဍကို ဒီမှာတင်အဆုံးသတ်လိုက်ပါပြီ"
ဆာရှီနင်မှာမူ စင်ပေါ်က အမြန်ဆင်းပြီး ကျန်းမုန့်လောင်၏ဝေးပေါ်ကို ဖောလိုးလုပ်ဖို့ မစောင့်နိုင်တော့ချေ။ မည်သူကများ ယခုလိုအခွင့်ကောင်းမျိုးကို လက်လွှတ်ခံနိုင်မည်နည်း။
"ကဲ.. အခု မစ္စတာကျန်းကို သတင်းထောက်တွေအနေနဲ့ မေးခွန်းမေးလို့ရပါပြီ"
ဆာရှီနင်က ဆို၏။
"သတင်းထောက်မိတ်ဆွေတို့ လွတ်လွတ်လပ်လပ်မေးနိုင်ပါပြီ"
သတင်းထောက်များအားလုံးက ဤအချိန်ကို အကြာကြီးစောင့်ဆိုင်းနေခဲ့ရခြင်းပင်။ သူတို့တွင် မေးချင်သည့် မေးခွန်းပေါင်းများစွာရှိ၏။ တချို့က လေးနက်သော်ငြား တချို့ကတော့ ပြဿာနာရှာချင်ကြသည်။
"ဒီလူကြီးမင်း"
ကျန်းမုန့်လောင်က စိတ်အလှုပ်ရှားဆုံးနိုင်ငံခြားသတင်းထောက်တစ်ယောက်ကို ကျပန်းလက်ညှိုးထိုးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် မစ္စတာကျန်း"
ထိုသတင်းထောက်က သူ့အသွင်အပြင်ကို ပြင်ဆင်လိုက်သည်။
"မစ္စတာကျန်း.. ခင်ဗျားရဲ့မိတ်ဆက်အရ ခင်ဗျားရဲ့ဘိုးဘေးတွေ တည်ထောင်ခဲ့တဲ့ ဒီမြို့က စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေးနဲ့ သိပ္ပံပညာပိုင်းမှာ အံ့မခန်းအောင်မြင်မှုတွေရခဲ့တယ်လို့ သိရပါတယ်။ ဒါတွေအကုန်လုံးကို သူတို့ကိုယ်တိုင်လုပ်ဆောင်ခဲ့တယ်ဆိုတာ မှန်ပါသလား"
"ခင်ဗျားရဲ့မေးခွန်းက ဘာအဓိပ္ပာယ်လဲ။ သူတို့မလုပ်လို့ တခြားဘယ်သူက လုပ်နိုင်မှာလဲ"
ကျန်းမုန့်လောင်ကလည်း ပြန်ပက်ချေသည်။
"ကျွန်တော်ဆိုလိုချင်တာက အဲဒီလိုမဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်းငါးထောင်တုန်းက လူသားတွေက ဉာဏ်ရည်ပိုင်းအရရော ရုပ်ပိုင်းဆိုင်ရာကပါ ခေတ်သစ်လူသားတွေရဲ့စံနှုန်းကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်မိလို့ပါ။ ဒီတော့ ဒါက ဂြိုလ်သားတွေရဲ့လက်ချက်လားလို့ သံသယဖြစ်မိလို့ပါ.."
"လူတွေက ပိရမစ်တွေကိုလည်း ဂြိုလ်သားတွေလုပ်တာလို့ ပြောကြတာပဲ။ လူတစ်ယောက်ရဲ့ထူးချွန်မှုကို အသိအမှတ်ပြုပေးဖို့ ခက်လို့လား"
ကျန်းမုန့်လောင်က ဂြိုလ်သားများ အမှန်တကယ်ရှိကြောင်း အခိုင်အမာယုံကြည်ထားသူပင်။ ဤစကြာဝဠာထဲမှာ လူသားများသာရှိသည်ဟု မထင်ပေ။ သို့သော် ရှင်းမပြနိုင်သည့် အရာမှန်သမျှကို ဂြိုလ်သားများနှင့် ပတ်သက်နေသည်ဟု ယူဆမည်ဆိုပါက လဲသေလိုက်တာ ပိုကောင်းပေလိမ့်မည်။
"နောက်တစ်ယောက်"
ကျန်းမုန့်လောင်ကတော့ ထိုသတင်းထောက်ကို ထပ်မကြည့်တော့ပေ။
"လူတိုင်းမှာ တစ်ယောက်ကို မေးခွန်းတစ်ခုပဲမေးခွင့်ရှိတယ်။ ဒီတော့ ဉာဏ်ရှိတဲ့မေးခွန်းမျိုးပဲ မေးကြပါ။ မဟုတ်ရင် ခင်ဗျားတို့ရော ကျုပ်ပါ တုံးအနေတဲ့ပုံပေါက်သွားလိမ့်မယ်"
"ဒီလူကြီးမင်း"
ကျန်းမုန့်လောင်က နောက်တစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။
"မစ္စတာကျန်း.. ကျွန်တော့်ရဲ့နောက်မေးခွန်းက နည်းနည်းတော့ကြမ်းလိမ့်မယ်။ ခင်ဗျားကို စိတ်ပိုင်းဆိုင်ရာ ကြိုပြင်ထားစေချင်ပါတယ်"
ထိုသတင်းထောက်က အပြုံးမမည်သောအပြုံးမျိုးဖြင့် ဆိုလာလေသည်။
"မေးပါ.. ဒီနေ့ မေးခွန်းပေါင်းစုံနဲ့ရင်ဆိုင်ရမယ်ဆိုတာကို သိထားတာမို့ ကျုပ်ကလည်း ဖြေဖို့ အဆင်သင့်ပြင်လာပြီးသား"
ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါးပြောလိုက်လေသည်။
"ကျွန်တော်တို့သိရသလောက် လူသားမျိုးနွယ်ထဲမှာ ရုပ်ပိုင်းဆိုင်ရာအကြံ့ခိုင်ဆုံးက လူမည်းတွေဖြစ်ပြီး ဉာဏ်အကောင်းဆုံးကတော့ ကျွန်တော်တို့ လူဖြူတွေပါ။ အာရှတိုက်သားတွေကတော့ ဘယ်ကဏ္ဍမှာမူ သိပ်ထူးထူးခြားခြားမရှိပါဘူး။ ဒီတော့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တွေအကုန်လုံးက ဟွာရှားနိုင်ငံကနေ ပျံ့နှံ့သွားတယ်ဆိုတဲ့ ခင်ဗျားရဲ့စကားကို ကျွန်တော် သဘောမတူပါဘူး"
"သေစမ်း။ ဒါက ဘာပေါက်ကရတွေလဲ။ တာချင်းခေတ်လည်း မဟုတ်တော့ဘူး။ ဒါတောင် ဒီလိုစကားမျိုးပြောနေတဲ့လူ ရှိသေးတာလား"
"သေလေ။ ထွက်သွားစမ်း"
"လူမျိုးရေးခွဲခြားမှုတွေ လာလုပ်နေတာလား။ လူဖြူတွေက တအားတော်နေတယ်ပေါ့"
"ဟမ်"
ထိုသတင်းထောက်ထံတွင် ပြောစရာရှိနေသေးကြောင်း ကျန်းမုန့်လောင် သိလိုက်သဖြင့် သူ့အား ဆက်ပြောရန် အချက်ပြလိုက်သည်။
"မစ္စတာကျန်း.. ကျွန်တော်က လူမျိုးရေးတန်းတူညီမျှရှိမှုကို ထောက်ခံတဲ့လူတစ်ယောက်ပါ။ အခုပြောလိုက်တဲ့စကားက သိပ်မှန်ချင်မှလည်းမှန်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်က အမှန်တရားကို ထောက်ပြနေတာပါ"
ထိုသတင်းထောက်က လူမျိုးရေးခွဲခြားသူဟု အပြောမခံရလေအောင် သူ့စကားကို အမြန်ပြန်ပြင်လိုက်သည်။
"ကျွန်တော် အခုပြောလိုက်တဲ့စကားက သက်သေအထောက်အထားခိုင်လုံပါတယ်"
"ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအပိုင်းမှာ အိုလံပစ်ပြိုင်ပွဲတွေကို ဥပမာယူကြည့်မယ်ဆိုရင် ပြေးခုန်ပစ်ကဏ္ဍမှာ လူမည်းအားကစားသမားတွေက အသာစီးရနေတာပါ။ လက်ရှိကမ္ဘာ့အပြေးစံချိန်တင်ထားတဲ့ မစ္စတာဘော့ကလည်း လူမည်းပါပဲ။ သူက ပြိုင်ပွဲတစ်ခုလုံးကို တစ်ကိုယ်တော်ရှိုးပွဲအဖြစ်တောင် ပြောင်းလဲခဲ့သေးတယ်။ ဒါကိုတော့ ခင်ဗျားမငြင်းနိုင်ဘူးမလား"
"မစ္စတာဘော့က တကယ့်ဒဏ္ဍာရီတစ်ယောက်ပါ။ အာဖရိကနွယ်ဖွား အားကစားသမားတွေရဲ့ ကြံ့ခိုင်မှုကလည်း တကယ့်ကို အံ့မခန်းပါပဲ"
ကျန်းမုန့်လောင်က ဤအချက်ကိုတော့ သံသယမဖြစ်ပေ။
"ဉာဏ်ရည်ပိုင်းကိုကြည့်ရင်လည်း လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက အချက်အလက်တွေအရ လူဖြူနိုဘယ်ဆုရှင်ပေါင်း ၈၉၆ယောက်ရှိခဲ့ပေမဲ့ အာရှနဲ့လူမည်းတွေက ၂၄ယောက်နဲ့ ၂၂ယောက်ပဲ ရှိခဲ့တာပါ။ မစ္စတာကျန်း.. ခင်ဗျား ဒါကိုလည်း ငြင်းလို့မရဘူးနော် ဟုတ်တယ်မလား"
"အမှန်ပါပဲ"
"ဒါဆိုရင် ကျွန်တော့်မေးခွန်းက တော်တော်ယုတ္တိရှိနေပါပြီ။ ခင်ဗျားရဲ့ဘိုးဘေးတွေက အာရှသားတွေဖြစ်ပြီး ကြံ့ခိုင်မှုရော ဉာဏ်ရည်မှာပါ တခြားလူမျိုးတွေထက် နိမ့်ကျနေမယ်ဆိုရင် ဘာကိုအခြေခံပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ရဲ့ ကနဦးလို့ ပြောနိုင်မှာလဲ။ ဒါကြောင့် ဒီအချက်က လုံးဝမှားယွင်းနေတယ်လို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော်တို့ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ဆက်စပ်မှုရှိကောင်းရှိနိုင်ပေမဲ့ အလွန်ဆုံးရှိလှ လွှမ်းမိုးမှုနည်းနည်းခံခဲ့ရတာလောက်ပါပဲ"
"ကျုပ် နားလည်ပါတယ်"
ကျန်းမုန့်လောင်က ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်၏။
"ဒါပေမဲ့ ကျုပ်လည်း ခင်ဗျားကို ဥပမာတချို့ပေးပါရစေဦး"
"အာဖရိကအားကစားသမားတွေက ပြေးခုန်ပစ်မျာ ပါရမီပါကြတာမှန်ပေမဲ့ အဲဒါနဲ့ပဲ ဟွာရှားနိုင်ငံကလည်း ထူးချွန်တဲ့အားကစားသမားတွေကို မွေးမထုတ်နိုင်ဘူးလို့ ပြောလို့မှမရတာ။ ကျုပ်တို့ဟွာရှားနိုင်ငံက မစ္စတာစုဆိုရင် မီတာတစ်ရာအပြေးပြိုင်ပွဲမှာ ဆယ်စက္ကန့်စံချိန်ကို ပထမဆုံးချိုးဖျက်နိုင်ခဲ့ပြီး အာရှစံချိန်တွေကိုလည်း အမြဲအသစ်တင်နေတာပဲ"
"ဉာဏ်ရည်ပိုင်းနဲ့ပတ်သက်ပြီး ခင်ဗျားပေးတဲ့ ဥပမာက သိပ်ရယ်ရတယ်လို့ထင်တာပဲ"
ကျန်းမုန့်လောင်က ဆက်ပြောလိုက်သည်။
"ကျုပ်တို့ဟွာရှားနိုင်ငံက သံလိုက်အိမ်မြှောင်ကို မတီထွင်ခဲ့ဘူးဆိုရင် ခင်ဗျားတို့ ပင်လယ်ကိုဖြတ်ပြီး ဟွာရှားနိုင်ငံကိုတောင် ရောက်လာနိုင်မှာမဟုတ်ဘူး"
"ကျုပ်တို့တွေသာ ယမ်းမှုန့်ကို မတီထွင်ခဲ့ဘူးဆိုရင် ကမ္ဘာပေါ်က လက်နက်ခဲယမ်းခေတ်ကလည်း ရာစုနှစ်ပေါင်းများစွာ နောက်ကျနေဦးမှာပဲ"
"တကယ်လို့ ကျုပ်တို့တွေကသာ စက္ကူကို မတီထွင်ခဲ့ဘူးဆိုရင် ခင်ဗျားတို့တွေလည်း အခုလောက်ဆိုရင် ကျောက်ခဲနဲ့ ဖင်သုတ်နေရဦးမှာပဲ"
"ဟွာရှားလူမျိုးတွေရဲ့ဉာဏ်ပညာက ခင်ဗျားထင်ထားတာထက် အများကြီးပိုသာတယ်"
"ကောင်းလိုက်တဲ့စကား"
"ဉာဏ်ရည်ပိုင်းမှာရော တီထွင်မှုအပိုင်းမှာပါ ဟွာရှားလူမျိုးတွေက ခင်ဗျားတို့တွေ အမြဲမော့ကြည့်နေရမဲ့လူတွေပဲ"
"ခင်ဗျားက အရမ်းလေးစားဖို့ကောင်းတာပဲ"
သို့သော် ထိုသတင်းထောက်က ရယ်လိုက်ပြန်သည်။
"ဒါပေမဲ့ မစ္စတာကျန်း… ရရှိထားတဲ့ ဂုဏ်ထူးဆောင်ဆုတွေကို ကြည့်မယ်ဆိုရင်တော့ ဒါက ငြင်းမရတဲ့အချက်တစ်ခုပါပဲ"
"အခြေအနေကိုထည့်မစဉ်းစားဘဲ ရလဒ်တစ်ခုတည်းကိုပြောတာကတော့ လူမိုက်ဆန်တဲ့လုပ်ရပ်ပဲ"
ကျန်းမုန့်လောင်က ပြန်ပြောလိုက်သည်။
"အရင်တုန်းက ကျုပ်တို့ဟွာရှားနိုင်ငံက သမိုင်းရဲ့လှိုင်းတံပိုးတွေကြားမှာ ရုန်းကန်နေရတဲ့အချိန် ခင်ဗျားတို့နိုင်ငံတွေက နယ်ချဲ့တွေကို တိုက်ထုတ်ဖို့အတွက် စက်မှုတော်လှန်ရေးလုပ်နေရတုန်းပဲ။ ခင်ဗျားတို့က သုတေသနလုပ်ဖို့ တည်ငြိမ်တဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခုကို ပိုင်ဆိုင်ထားတဲ့အချိန်မှာ ကျုပ်တို့က ရှင်သန်ရပ်တည်ရေးအတွက် ကြိုးစားနေရတာ"
"ဒီလိုအခြေအနေမျိုးမှာ လူဖြူတွေက ပိုတော်တယ်လို့ ခင်ဗျားထင်ရင်လည်း မတတ်နိုင်ဘူးပေါ့လေ"
ကျန်းမုန့်လောင်က မျက်ဆန်လည်လိုက်လေသည်။
"ဒါပေမဲ့ ခင်ဗျားသိထားဖို့က ဟွာရှားနိုင်ငံက ငြိမ်းချမ်းရေးရပြီးကတည်းက အခုအချိန်အထိ အနှစ်ခုနစ်ဆယ်ပဲ ဖွံ့ဖြိုးတိုးတက်ရသေးတာ။ ဒါတောင် ကျုပ်တို့နိုင်ငံရဲ့ နည်းပညာတော်တော်များများက ကမ္ဘာ့ထိပ်တန်းအဆင့်ကို ရောက်နေပြီ။ ဒီအဆင့်ကိုရောက်ဖို့ ခင်ဗျားတို့က ရာစုနှစ်တစ်ခုနှစ်ခုလောက် အချိန်ယူခဲ့ရတာ။ ကျုပ်မေးပါဦးမယ်။ ဘယ်သူ့အိုင်ကျူက ပိုနိမ့်သလဲလို့"
"ခင်ဗျားတို့ကို နှစ်ပေါင်းနှစ်ရာလောက် ဒုက္ခပေးနေခဲ့တဲ့ သင်္ချာပုစ္ဆာကိုလည်း ကျုပ်က ဘွဲ့လွန်စာမေးပွဲအတွက် အသာလေးဖြေရှင်းပေးလိုက်တာ။ ခင်ဗျားတို့အမြင်မှာ တအားတန်ဖိုးရှိလှပါချည်ရဲ့ဆိုတဲ့ နိုဘယ်ဆုက ကျုပ်အတွက်တော့ ဘာမှမဟုတ်ဘူး။ ကျုပ်သာလိုချင်ရင် နှစ်ပတ်တစ်ခါလောက်တောင် ယူပြလို့ရတယ်။ ဟွာရှားလူမျိုးတွေက သူများထက် ညံ့တယ် ဟုတ်လား"
"ဒီထေ့ငေါ့ကြွားဝါမှုမျိုးကို ငါ အမှတ်ပြည့်ပေးတယ်ဟေ့"
"ကောင်းလိုက်တဲ့စကား… ငါ့ယောကျာ်းရဲ့ပါးစပ်ကို အနမ်းပေးပစ်ချင်လိုက်တာ"
"စိတ်အေးအေးထား အလှလေး… ငါလည်းနမ်းချင်တာပဲ"
"သူတို့က ငါတို့တွေ အဆင်ပြေနေတာကို အသာကြည့်မနေနိုင်ကြဘူးလေ။ သူတို့က ငါတို့ရဲ့ယဉ်ကျေးမှုကို အသိအမှတ်မပြုချင်ကြတာ"
"သက်သက်မနာလိုဖြစ်နေတာပါကွာ။ သူတို့က ချဉ်စူးနေတဲ့ ငါးချဉ်တွေမဟုတ်ဘူးလား"
"@ငါးချဉ်ထုတ်လုပ်ရေး ကြော်ငြာခပေးလိုက်ပါဦး"
...
ကျန်းမုန့်လောင်၏တုံ့ပြန်စကားကြောင့် ထိုသတင်းထောက်ခမျာ ပြန်မပြောနိုင်တော့ချေ။ သူ့နှုတ်ခမ်းများလည်း တုန်ယင်နေချေသည်။
"မစ္စတာကျန်း.. ခင်ဗျားပြောတဲ့အခြေအနေတွေက ယေဘုယျအချက်အလက်တွေမဟုတ်ဘူး။ အဲဒါက ခြွင်းချက်တွေပါ"
"ဒါဆို ကျုပ်ရဲ့ဘိုးဘေးတွေကလည်း ခြွင်းချက်ပဲ။ ကျုပ်ဘိုးဘေးတွေက အဲဒီလောက်တောင်တော်တာ။ ခင်ဗျား ဘာဖြစ်ချင်လဲ"