← Chapters

သူတောင်းစားကိုပေးလိုက်တာကမှ ပိုကောင်းသေးတယ်

Vol. 8 Ch. 110

သူတောင်းစားကိုပေးလိုက်တာကမှ ပိုကောင်းသေးတယ်

Vol. 8 Ch. 110

"မစ္စတာကျန်း. ဒီကိစ္စကို ဒီမှာတင်ရပ်လိုက်ပါတော့"

ရုတ်ခြည်းဆိုသလို ရှားယိုဟူသည့် မိန်းကလေးက စကားဆိုလာလေသည်။

"မဟုတ်သေးဘူးလေ။ မင်း အခုထိ တရားမျှတမှုမရသေးဘူး"

"မစ္စတာကျန်း.. ရှင်နဲ့ ဥက္ကဋ္ဌဝမ်တို့ ကျွန်မကိုကယ်တင်ပေးပြီး ကျွန်မအတွက် ခုခံပြောဆိုပေးလို့ ကျွန်မ တကယ်ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မ ဒီမှာဆက်မနေချင်တော့ဘူး။ သူ့ကိုမြင်နေရတာနဲ့တင် အန်ချင်လာလို့"

ရှားယိုခမျာ စိတ်ထိခိုက်နေရုံသာမက သူ(မ)၏နှလုံးသားထဲတွင်လည်း ကြီးလှစွာသော အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။

သူ(မ)ရှေ့မှာ ယခုလိုတွေ့ကြုံခံစားခဲ့ရသော တခြားမိန်းကလေးများလည်း ရှိကောင်းရှိနိုင်သည်။ သို့သော် သူတို့က သူ(မ)လို ကံမကောင်းခဲ့ပေ။ သူတို့ခမျာ တင်းယွီရှီ၏ခြိမ်းခြောက်မှုကို ခံစားခဲ့ကြရပြီး အဆုံးမှာတော့ ငွေနှင့်ပစ်ပေါက်ခံခဲ့ရသည်။

ယခုအချိန်တွင် သူ(မ)အနေနှင့် ဤနေရာမှ တတ်နိုင်သမျှမြန်မြန် ထွက်ပြေးသွားလိုက်ချင်သည်။ ထို့ပြင် ကိစ္စကြီးလာလေလေ တခြားလူများသိသွားလေလေဖြစ်မည်ကိုလည်း သူ(မ)ကြောက်ရွံ့မိသည်။ ယခု သူ(မ) အပြစ်ကင်းစင်နေသေးသည်ဆိုသော်ငြား သူ(မ) ဘယ်လောက်ရှင်းပြရှင်းပြ သူ(မ)၏နာမည်ကို အဖတ်မဆည်နိုင်တော့မှာ စိုးမိသည်။

"ဒါဆိုလည်းထားလိုက်ပါတော့။ ငါလည်း ဒီမှာဆက်မနေချင်တော့ဘူး။ ငါ့မျက်လုံးတွေ ညစ်ပတ်တယ်"

သူသာ ဤကိစ္စကို သည်နေရာမှာ ဆက်ဖြေရှင်းနေပါက ရှားယိုဟူသော မိန်းကလေးအတွက် အကျိုးမရှိနိုင်ကြောင်းနှင့် တင်းယွီရှီက သူ(မ)ကို ကျူးလွန်ခဲ့သည့်ကိစ္စကြီးကို ပြန်တူးဆွရာရောက်ကြောင်း ကျန်းမုန့်လောင် ကောင်းကောင်းသိသည်။

"ဒီကိစ္စက ဒီအတိုင်းပြီးသွားမှာမဟုတ်ဘူးနော်"

ကျန်းမုန့်လောင်က တင်းယွီရှီကိုပြောလိုက်သည်။

"စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုအတွက် ငါးဆယ်ဘီလီယံလို့ပြောထားပြီးပြီ။ တစ်ပြားမှမလျော့စေနဲ့။ ငါ ကျန်းမုန့်လောင်က ပြောရင်ပြောတဲ့အတိုင်း ဖြစ်အောင်လုပ်တယ်နော်"

...

ကျန်းမုန့်လောင်နှင့် အခြားလူများ ပြန်သွားသည်ကိုကြည့်ရင်း တင်းယွီရှီ၏မျက်နှာကား စိမ်းတစ်လှည့် ပြာတစ်လှည့်ဖြစ်သွားလေသည်။ သို့သော် သူ့အမူအရာကမူ ရန်လိုနေဆဲပင်။ ကျန်းမုန့်လောင်က သူ့ကို တစ်ခုခုလုပ်နိုင်လိမ့်မည်ဟု သူမယုံပေ။

"အသုံးမကျတဲ့ကောင်တွေ ထစမ်း"

တင်းယွီရှီက တံခါးနားမှာ သေချင်ယောင်ဆောင်နေသော ဘော်ဒီဂတ်နှစ်ယောက်ကို ကန်ပစ်လိုက်ချေသည်။

"မင်းတို့ရဲ့ ဟွမ်ယွမ်ရှင်းယီထိုက်ချိက ဘာများအသုံးဝင်လဲ။ လျှပ်စီကြာပွတ်ငါးချက်ကရော ဘယ်မှာလဲ။ ငါက မင်းတို့ကိုပိုက်ဆံပေးထားရတာ။ မင်းတို့က ဒီသူဌေးသားနှစ်ယောက်ကိုတောင် မထိန်းနိုင်ဘူးလား"

"ဘော့စ်တင်း.. ဒီနေ့ခေတ်လူငယ်လေးတွေက ကိုယ်ကျင့်တရားမကောင်းကြဘူး။ ကျွန်တော်လည်း အငိုက်မိသွားလို့ ရှောင်ချိန်မရလိုက်တာပါ။ ကျွန်တော့်အမှားပါ။ ကျွန်တော်သာ အဆင်သင့်ဖြစ်နေတယ်ဆိုရင် ကြာပွတ်တစ်ချက်စာနဲ့တင် သူတို့ကို အလဲထိုးလို့ရတယ်"

ဒဏ်ရာရထားသော မာပေါင်ကွမ်က ဆိုလာလေသည်။

"ထွက်သွားစမ်းပါ"

တင်းယွီရှီက မာပေါင်ကွမ်၏တင်ပါးကို နောက်တစ်ချက်ပိတ်ကန်လိုက်သည်။

...

"မင်းနာမည်က ရှားယိုလား"

"ရှင်တို့ကိုပြဿနာပေးမိတဲ့အတွက် တောင်းပန်ပါတယ်"

ရှားယိုက ပြောလိုက်ချေသည်။ ကျန်းနန်မြို့မှ ကျောင်းသူတစ်ယောက်အနေနှင့် သူ(မ)လည်း ကျန်းမုန့်လောင်အကြောင်း ကြားထားဖူးသည်။ သူသည် သူ(မ)မြင်ဖူးထားသည့် သူဌေးသားများနှင့် မတူကွဲပြားနေလိမ့်မည်ဟု ထင်မထားပေ။ အနည်းဆုံးတော့ ဝမ်လင်လိုမျိုး စိတ်မသိုးမသန့်ဖြစ်ချင်စရာ ခံစားချက်မျိုး ရှိမနေပေ။ ထို့ပြင် ပိုက်ဆံအကြောင်း ထုတ်မပြောလာသရွေ့ သူသည် တစ်ပါးလူများကို ဖိနှိပ်နေသည်ဟုလည်း မခံစားရချေ။

"ကိစ္စမရှိပါဘူး။ မင်းက သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ဖြစ် ဂီတပညာရှင်တစ်ယောက်ပဲဖြစ်ဖြစ် ဒီရုပ်ရှင်နဲ့ပတ်သက်နေပြီဆိုမှတော့ မင်းလည်း ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ရဲ့ အာရုံစိုက်မှုနဲ့သက်ဆိုင်တာပါပဲ။ ငါ့မျက်စိရှေ့မှာ ဒီလိုဖြစ်သွားရတာကလည်း ငါ့တာဝန်ပါပဲ"

ကျန်းမုန့်လောင်က ထိုသို့ပြောလိုက်သည်။ သူတို့သာ ယနေ့ ဖြတ်မသွားမိပါက တင်းယွီရှီ၏အကြံအစည်များ အထမြောက်သွားပေလိမ့်မည်။

"ကျွန်မက အရမ်းနုံအလွန်းသွားခဲ့တယ်"

"အဲ့ဒါက မင်းအပြစ်မဟုတ်ပါဘူး။ အဲ့ဒီကောင်ရဲ့ဗျူဟာတွေက အရမ်းညစ်ပတ်လွန်းနေတာ"

ဝမ်လင်က ဆိုလာလေသည်။

"ဂီတပညာရှင်တွေအဖြစ် အယောင်ဆောင်ဖို့ သူ့အခန်းထဲမှာ သရုပ်ဆောင်တစ်သိုက်ခေါ်ထားတဲ့လုပ်ရပ်က သူ ထောင့်စေ့နေအောင်တွေးထားတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။ သူက ဘာသဲလွန်စမှချန်မထားဘူးလေ"

"မင်း သီချင်းဆိုရတာကို သဘောကျလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ဟုတ်ကဲ့"

ရှားယိုကလည်း ခေါင်းညိတ်ပြလိုက်သည်။

"မင်းမှာ ဆိုထားတဲ့သီချင်းတချို့ရှိလား"

ရှားယိုက သူ(မ)၏ဖုန်းကို ရှက်ရဲရဲလေးထုတ်ယူလိုက်သည်။

"ဒါက ကျွန်မ လေ့ကျင့်ရင်း အသံသွင်းထားတဲ့သီချင်းပါ"

ရှားယို၏သီချင်းဆိုသံကို ကြားလိုက်ရသောအခါ ကျန်းမုန့်လောင်ရော ဝမ်လင်ပါ အံ့အားသင့်မှုကြောင့် မျက်လုံးပြူးသွားရသည်။ လုရီယောင်၏အသံကသာ ချိုမြိန်မှုအထွတ်အထိပ်ဟု ဆိုရပါလျှင် ရှားယို၏အသံကား သိမ်မွေ့လှပမှု၏အထွတ်အထိပ်ဟု ဆိုရပေလိမ့်မည်။

"လောင်ကျန်း.. သူက 'Three-Body'ရုပ်ရှင်ဇာတ်ဝင်တေးကိုဆိုဖို့ တော်တော်လိုက်ဖက်တယ်"

ဝမ်လင်က တအံ့တဩရေရွတ်လိုက်သည်။

"ငါလည်းသဘောတူတယ်"

'Three-Body'ရုပ်ရှင်သည် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တစ်ခုဖြစ်လေရာ လုရီယောင်၏အသံက ထိုကဲ့သို့သောအမျိုးအစားများအတွက် အလွန်ချိုလွန်းလှသည်။ ထို့သို့မဟုတ်ပါက ကျန်းမုန့်လောင်အနေနှင့် ဤအခွင့်အရေးကို လုရီယောင်ကိုသာ ပေးလိုက်မည်ဖြစ်၏။

လုရီယောင်ကိုယ်တိုင်ကလည်း အရင်းအမြစ်အတွက်နှင့် ကျန်းမုန့်လောင်ကို မမှီခိုချင်ပေ။ သို့ဖြစ်လေရာ ရှားယိုကသာ အလွန်သင့်တော်သော ရွေးချယ်မှုဖြစ်၏။

"အဲ့လိုဆိုရင် မင်း ဒီရုပ်ရှင်အတွက် ဇာတ်ဝင်တေးဆိုပေးရမယ်"

ကျန်းမုန့်လောင်က ဤနေရာမှာပင် ဆုံးဖြတ်ချက်ချလိုက်ပြီး ပြောလိုက်ချေသည်။

"လောင်ကျန်း.. အဲ့ဒီလောက်မလွယ်ဘူးနော်။ ငါတို့ ပရော်ဖက်ရှင်နယ်အစီအစဉ်နဲ့ သီချင်းရေးဆရာလိုအပ်တယ်။ ပြီးတော့ ဒီအရင်းအမြစ်တွေအတွက်လည်း ဝမ်ယိဂီတက ဒီလောကထဲမှာ ထိပ်တန်းအဆင့်ပဲ"

ဝမ်လင်က ရှင်းပြလိုက်သည်။

"ငါပြောပြီးပြီမဟုတ်ဘူးလား။ ဒီကိစ္စက ငါးဆယ်ဘီလီယံမရဘဲ ပြီးမသွားဘူးလို့။ ပြီးတော့ ဝမ်ယိဂီတရဲ့ဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာဘီလီယံခုနစ်ဆယ်ရှစ်ဆယ်လောက် ရှိတယ်မလား"

```

"မင်းက တအားကြမ်းလွန်းတယ်နော်။ အခု ဝမ်ယိအုပ်စုကို တိုက်ရိုက်ဝယ်ချလိုက်တော့မှာလား"

"ဟဲဟဲ.. ငါ ဝမ်ယိအုပ်စုနဲ့ စာရင်းရှင်းစရာရှိတယ်။ သူတို့ကိုဖြုတ်ချဖို့အတွက် အကြောင်းပြချက်ရှာမရဖြစ်နေတာ။ အခုတော့ အခွင့်အရေးရပြီလေ။ ဒီတော ငါ လက်လွှတ်မခံနိုင်ဘူး"

ကျန်းမုန့်လောင်က အေးစက်စက်ရယ်မောလျက် ပြောလိုက်ပေသည်။

"ဘာ..တင်းဆန်ရှီက မင်းကိုစော်ကားမိထားတာလား"

"သူက ငါတို့ငယ်ငယ်လေးကတည်းက နှိပ်စက်ခဲ့တာ။ ငါ "အနောက်အရပ်သို့ခရီးသွားခြင်း"ဂိမ်းကိုဆော့တုန်းက ဘယ်ပွဲမှာမှ ရတနာငါးသွယ်ကို မရခဲ့ဖူးဘူး။ ငါ ရတနာတူးတိုင်း ဗလာတွေချည်းပဲရခဲ့တာ။ ပြောစမ်းပါဦး။ သူ ငါ့ကို စိတ်အနှောင့်အယှက်ပေးခဲ့တာဟုတ်လားမဟုတ်ဘူးလား"

"အဲ့ဒါလေးအတွက်နဲ့လား"

ဝမ်လင်ခမျာ ရယ်ရအခက် ငိုရအခက်ပင်။

"မင်းရဲ့စည်းစိမ်တွေနဲ့ဆိုရင် အဲ့ဒီဂိမ်းကြီးကို ဝယ်ပစ်လိုက်လို့ရတယ်မဟုတ်ဘူးလား"

"အဲ့ဒါတင်မကဘူး"

ကျန်းမုန့်လောင်က ဆက်ပြောလိုက်သည်။

"လွန်ခဲ့တဲ့လပိုင်းလောက်တုန်းက ငါ အလုပ်ရှာနေခဲ့တဲ့အချိန်မှာ ဝမ်ယိမှာ အလုပ်ရတော့မဲ့အချိန် အဆက်အသွယ်ရှိတဲ့လူတစ်ယောက်က ငါ့နေရာကိုဖြတ်လုသွားခဲ့တယ်လေ။ ပြောစမ်းပါဦး မင်းသာဆိုရင် ဒေါသထွက်မှာလား မထွက်ဘူးလား"

"မင်းလိုဥက္ကဋ္ဌကျန်းကလည်း အလုပ်ရှာဖို့လိုသေးတာလား"

ဝမ်လင်ကတော့ ဤသည်မှာ သူ့တစ်သက်ကြားဖူးသမျှထဲတွင် အရယ်ရဆုံးဟာသတစ်ခုဟု ခံစားလိုက်ရသည်။ ဘယ်ကုမ္ပဏီကများ မင်းလိုအကျော်အမော်ကြီးကို လက်ခံထားရဲမှာလဲ။ တစ်ခုခုများအဆင်မပြေရင် တစ်မိနစ်အတွင်း ကုမ္ပဏီတစ်ခုလုံးအဝယ်ခံလိုက်ရမှာပဲ။

သို့သော် ကျန်းမုန့်လောင်နှင့် ဝမ်ယိအုပ်စုတို့တွင် ဤကဲ့သို့သောသမိုင်းကြောင်းမျိုး ရှိထားဖူးလိမ့်မည်ဟု ဝမ်လင် တကယ်ထင်မထားချေ။

"သူတို့ဘက်က လျော်ကြေးငါးဆယ်ဘီလီယံကို မပေးဘူးဆိုရင် ငါ ဝမ်ယိအုပ်စုတစ်ခုလုံးကို ဝယ်ပစ်လိုက်မယ်"

"မင်းကိုပြဿနာလာရှာမိတာ သူတို့ကံဆိုးတာပဲ"

ယခုတော့ ဝမ်လင်လည်း တင်းဆန်ရှီအတွက် သူ့သားရှာထားသော ပြဿနာကို ဖြေရှင်းနိုင်စွမ်းရှိပါစေဟု ဆုတောင်းရင်း အမျှဝေပေးလိုက်မိတော့သည်။ ထိုသို့မဟုတ်ပါက သူတော့ ဘဝပျက်ပြီသာ။

ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့၏စကားဝိုင်းကို ကြားလိုက်ရသောအခါ ဘေးဘက်ရှိ ရှားယိုမှာ နားမလည်နိုင်လောက်အောင် ဖြစ်သွားရသည်။ ဝမ်ယိအုပ်စုကို ဝယ်ယူမည့်အကြောင်းကို ဤမျှပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုနေခြင်းမှာ ပိုက်ဆံဘီလီယံပေါင်းများစွာက ဘာမှမဟုတ်သည့်အလားပင်။ ဤသည်မှာ သူ(မ)လက်လှမ်းမမီသည့်ကိစ္စဖြစ်၏။

"မင်းရဲ့အကောင့်နံပါတ် ငါ့ကိုပြောလေ။ သူတို့ပိုက်ဆံရောက်တာနဲ့ ငါ မင်းဆီကိုလွှဲလိုက်မယ်"

"ဖွီး"

ရေတစ်ငုံသောက်လိုက်သော ဝမ်လင်ခမျာ ရုတ်တရက် ပန်းထုတ်လိုက်မိသည်။ ကျန်းမုန့်လောင်က ထိုပိုက်ဆံငါးဆယ်ဘီလီယံကို ဝမ်ယိဂီတ၏ရှယ်ယာများကို လက်လွှဲပေးရန်အတွက် ဝမ်ယိအုပ်စုအား ဖိအားပေးရန် အသုံးချလိမ့်မည်ဟု သူထင်ထားခဲ့ခြင်းပင်။ ရှားယိုသည် အသုံးချခံလိုက်ရုံသာဖြစ်ပြီး ပိုက်ဆံသန်းအနည်းငယ်လောက်ပေးလိုက်ရုံမျှဖြင့် သူ(မ)လည်း စိတ်ကျေနပ်သွားပေလိမ့်မည်။

သို့သော် ကျန်းမုန့်လောင်က ထိုပိုက်ဆံငါးဆယ်ဘီလီယံကို တစ်စုံတစ်ယောက်ကို သည်အတိုင်းပေးပစ်လိမ့်မည်ဟု သူ ထင်မထားပေ။

"မင်း နောက်နေတာမဟုတ်ဘူးမလား"

ယနေ့ည တင်းယွီရှီထံမှ အကြမ်းဖက်ခံရလုနီးပါးဖြစ်ခဲ့သူက သူကိုယ်တိုင်ဖြစ်နေလျှင်ပင် သိပ်မဆိုးဝါးလောက်ဘူးဟု ဝမ်လင် ရုတ်ခြည်းခံစားလိုက်မိသည်။

"ငါက အဲ့ဒီပိုက်ဆံငါးဆယ်ဘီလီယံကို ငါ့ဘာသာငါယူထားမယ်လို့ ပြောမိလို့လား။ ငါက တရားမျှတမှုရဲ့တမန်တော်ပါကွ"

ကျန်းမုန့်လောင်က သမာသမတ်ကျကျ ကြေညာချက်ထုတ်လိုက်သည်။

"မစ္စတာကျန်း.. ကျွန်မအတွက်နဲ့ တအားအပင်ပန်းမခံပါနဲ့။ ကျွန်မ အဆင်ပြေပါတယ်။ ဒီအတိုင်းပဲ ထားလိုက်ရအောင်ပါ"

ရှားယိုက အလျင်စလိုပြောလာလေသည်။ ငါးဆယ်ဘီလီယံဆိုသည်မှာ သူ(မ) မှန်းပင်မမှန်းရဲသော ပမာဏတစ်ခုဖြစ်သည်။

"ဒါက မင်းနဲ့ထိုက်တန်လို့ရတဲ့ငွေပါ"

ကျန်းမုန့်လောင်ကလည်း အတင်းတိုက်တွန်းနေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းအတွက် တရားမျှတမှုကို အရယူပေးမယ်"

"ပြီးတော့ ဟုန်းရီ.. ငါတို့ အခုလေးတင်ကြည့်လိုက်တဲ့ အဲ့ဒီတိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းကို ဝယ်လိုက်"

"ဟုတ်ကဲ့ပါ မစ္စတာကျန်း"

"နေပါဦး။ သူတို့က မင်းကိုဘာလုပ်လို့လဲ။ သူတို့ရဲ့ပလက်ဖောင်းကို မင်းက ဘာလို့ဝယ်ချင်ရတာလဲ"

ဝမ်လင်၏ခေါင်းထဲတွင် အမေးသင်္ကေတများ ပြည့်နှက်နေပြီဖြစ်၏။

"ငါမှတ်မိတာသာ မမှားရင် ဒီတိုက်ရိုက်ထုတ်လွှင့်သူတွေရဲ့မုန့်ဖိုးက စနစ်တစ်ခုနဲ့ လည်ပတ်နေတာမလား"

"ပုံမှန်ဆိုရင်တော့ ဒီလောကထဲမှာ လစဉ်လိုက်သွားပါတယ်"

"ကောင်းတယ်"

ကျန်းမုန့်လောင် ပြောလိုက်လေသည်။

"ဒါဆို ငါ အခုလေးတင်ပေးလိုက်တဲ့မုန့်ဖိုးကလည်း ဒီပလက်ဖောင်းရဲ့အကောင့်ထဲမှာပဲ ရှိနေဦးမှာပေါ့"

"မင်း ဘာလုပ်မလို့လဲ"

"ဘာရယ်မဟုတ်ပါဘူး။ အဲ့ဒီပိုက်ဆံတွေကိုနှမြောလို့ပါ"

"ဝိုး.. ဒါက တော်တော်ထူးခြားတဲ့အကြံတစ်ခုပဲ"

ဝမ်လင်တစ်ယောက် ဤမျှအထိ ရဲတင်းလှသော အယူအဆမျိုးကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်၏။ ဘီလီပေါင်းများစွာတန်သော တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းတစ်ခုကို ဝယ်ယူလိုခြင်းမှာ မုန့်ဖိုးပေးလိုက်သည့် ပိုက်ဆံဆယ်သန်းအတွက်ကြောင့်တဲ့လေ။ ဘယ်ဘက်ကကြည့်ကြည့် အရှုံးချည်းသာ။

"ငါက အရေးမပါတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေအတွက်နဲ့ ပိုက်ဆံမကုန်ချင်ရုံလေးပါပဲ"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်လေသည်။

"သူတို့ကိုပေးမှာထက်စာရင် သူတောင်းစားတစ်ယောက်ကိုပဲ ပေးလိုက်ချင်တယ်။ နောက်မှ ငါ ဖောက်သည်တစ်ယောက်ရဲ့ ကလေးဆိုးတစ်ယောက်က ငွေမှားလွှဲမိသွားလို့ အဲ့ဒီပိုက်ဆံတွေအားလုံးကို ပြန်လွှဲရမယ်လို့ ပြောလိုက်မယ်"

"ဟားဟားဟား.. ဘယ်သူ့အကွက်မှ မင်းလောက်မလှပါဘူးကွာ"

အစောပိုင်းတုန်းက ထိုတိုက်ရိုက်ထုတ်လွှင့်သူခမျာ ဘယ်လောက်ပျော်ရွှင်နေသလဲဆိုသည်ကို တွေးလိုက်မိရင်း ဝမ်လင် ရယ်လိုက်မိလေတော့သည်။ မကြာခင်မှာ သူတို့တော့ ရက်စက်မှု၏ တကယ့်အဓိပ္ပာယ်အစစ်ကို သိရပေတော့မည်။

........

All Chapters