← Chapters

ဒါတွေအကုန် တင်းဆန်ရှီရဲ့အမှားပဲ

Vol. 8 Ch. 117

ဒါတွေအကုန် တင်းဆန်ရှီရဲ့အမှားပဲ

Vol. 8 Ch. 117

"ကောင်းပါပြီ မစ္စထန်.. နောက်ရက်မှပြောကြတာပေါ့။ ခင်ဗျားရဲ့ နောက်လာမဲ့ဖျော်ဖြေပွဲကို ကျွန်တော့်အတွက် လက်မှတ်ချန်ထားဖို့မမေ့နဲ့နော်။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ခင်ဗျားရဲ့အမာခံပရိသတ်တွေ"

"ရှင့်ကောင်မလေးလား"

ထန်လန်ချီက ကျန်းမုန့်လောင်ကို ပြုံးပြလိုက်သည်။

"မစ္စတာကျန်း..စိတ်မပူပါနဲ့။ ကျွန်မရဲ့ဖျော်ဖြေပွဲမှာ ရှင့်အတွက် ရှေ့ဆုံးခုံလက်မှတ်တွေကို သေချာပေါက်ချန်ထားပေးပါ့မယ်"

"ဟုန်းရီ..မစ္စထန်ကို လိုက်ပို့ပေးလိုက်ပါဦး။ မစ္စထန်ကို ပေါင်ထောင်စီရင်စုကိုပြန်ပို့ဖို့အတွက် ငါ့ကိုယ်ပိုင်ဂျက်လေယာဉ်စီစဉ်ထားလိုက်"

ကျန်းမုန့်လောင်က ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ"

ဟုန်းရီကလည်း တာဝန်ကျေပွန်စွာ ပြန်ပြောလိုက်သည်။

"ဒီဘက်ကိုကြွပါ မစ္စထန်"

"ကျေးဇူးပါ မစ္စတာကျန်း.. ဒါဆို ကျွန်မ ယဉ်ကျေးမနေတော့ဘူးနော်"

ထန်လန်ချီက ကမ်းလှမ်းမှုကိုမငြင်းပါဘဲ ဆိုလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ လုပ်ထုံးလုပ်နည်းတစ်ခုသာဖြစ်၏။

ပေါင်ထောင်စီရင်စုကား အဆိုတော်များနေထိုင်ရာနေရာတစ်ခုဖြစ်သည်။ ဂီတလောကတွင် တက်ကြွလှုပ်ရှားနေကြသူများ အမြောက်အများရှိသည်။ ကျန်းမုန့်လောင်ကတော့ သူ့ကိုယ်ပိုင်ဂျက်လေယာဉ်ကိုစီး၍ သီချင်းမူပိုင်ခွင့်နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည့် အဆိုတော်ပေါင်းဘယ်နှယောက်ရှိသွားပြီလဲဆိုသည်ကိုပင် မမှတ်မိတော့ပေ။

ဤသတင်းက ပေါင်ထောင်ဂီတအသိုင်းအဝိုင်းထဲသို့ စတင်ပျံ့နှံ့သွားခဲ့ပြီး အဆိုတော်တစ်ယောက်၏အရည်အသွေးကို အကဲဖြတ်သည့် စံသတ်မှတ်ချက်အသစ်တစ်ခုလည်း ပေါ်ပေါက်လာခဲ့သည်။ ကျန်းမုန့်လောင်၏ကိုယ်ပိုင်လေယာဉ်ကို စီးရသူများနှင့် မစီးရသူများဟူ၍ပင်။

ကျန်းမုန့်လောင်နှင့် မူပိုင်ခွင့်သဘောတူစာချုပ်ချုပ်ဆိုရခြင်းကပင် ဂုဏ်ယူထိုက်သောကိစ္စတစ်ရပ်ဖြစ်နေလေပြီ။

"သေစမ်း. ဒါကြီးက တော်တော်ချဲ့ကားလွန်းတာပဲ"

ယနေ့တွင် ဝမ်လင်က အားလပ်နေသောကြောင့် မူပိုင်ခွင့်ကိစ္စကို ကိုင်တွယ်ပေးရန်အတွက် ကျန်းမုန့်လောင်နှင့်အတူ လိုက်လာခဲ့သည်။ သူ့ခန့်မှန်းချက်အရဆိုလျှင် ကျန်းမုန့်လောင်၏လေယာဉ်မှာ ယနေ့တစ်ရက်တည်းနှင့်ပင် အကြိမ်တစ်ဒါဇင်မက ပျံသန်းပြီးနေလေပြီ။

တစ်ကြိမ်မှာ အဆိုတော်တစ်ယောက် ပြန်သွားခဲ့ပြီး ကျန်းမုန့်လောင်ကလည်း သူတို့ကို တိုက်ရိုက်လိုက်ပို့ခဲ့သည်။

အဓိကအချက်မှာ သူသည် ထိုလူများကို အုပ်စုလိုက်ပို့ခြင်းမဟုတ်ပါဘဲ သဘောတူညီမှုတစ်ခုပြီးတိုင်း တစ်ယောက်ချင်းစီ လိုက်ပို့ခြင်းသာဖြစ်၏။ ထိုမြင်ကွင်းကို ကြည့်နေရသူ ဝမ်လင်ခမျာလည်း ဆဲဆိုချင်လာသည်။ နာရီဝက်မျှစောင့်လိုက်လျှင်ပင် လေယာဉ်ပျံသန်းစရိတ်ကို ချွေတာနိုင်ပေသည်။ သို့သော် သူကတော့ တစ်ကြိမ်ကို တစ်ယောက်နှုန်းဖြင့် လိုက်ပို့ပေးနေသည်။

ပိုဆိုးသည်မှာ သူ့ကိုယ်ပိုင်ဂျက်လေယာဉ်က ပျံသန်းဖို့အတွက် စောင့်ဆိုင်းရန်မလိုပေ။ အဆိုတော်အရေအတွက်နှင့်တွက်ကြည့်ပါက သူ့မှာ ဤMagicစီးတီးတွင် ကိုယ်ပိုင်လေယာဉ်ပေါင်းအစီးနှစ်ဆယ်သုံးဆယ်လောက် ရှိပုံရသည်။

ကြောက်မက်ဖွယ်ကောင်းသော ဤအချက်ကို တွေးလိုက်မိသောအခါ ဝမ်လင်လည်း ကျန်းမုန့်လောင်ကို ပြန်ပေးဆွဲချင်စိတ်ပေါက်သွားရသည်။ သူသာ ကျန်းမုန့်လောင်ကို ပြန်ပေးဆွဲပြီး ပြန်ပေးငွေတောင်းလိုက်ပါက ကမ္ဘာပေါ်မှာ ဘုရင်တစ်ဆူ ဖြစ်လာနိုင်လောက်လေသလား။

"မင်းရဲ့ကိုယ်ပိုင်လေယာဉ်ကို စီးခွင့်ရဖို့အတွက် ငါဘာလုပ်ရမလဲ"

ဝမ်လင်က မနာလိုအားကျစွာ မေးလိုက်သည်။ သူ့အဖေလည်း ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီးပိုင်သော်ငြား သူ့အဖေက ထိုလေယာဉ်ကို အလွန်တန်ဖိုးထားသဖြင့် သူ့သားအရင်းဖြစ်သော သူကိုယ်တိုင်ပင် တစ်ခါနှစ်ခါမျှသာ စီးခွင့်ရသည်။

"မင်းစီးချင်ရင် အခုချက်ချင်းစီးလို့ရတယ်"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ငါ အာဖရိကသီချင်းမူပိုင်ခွင့်နဲ့ပတ်သက်ပြီး အာဖရိကကိုသွားပြီး ဆွေးနွေးမလို့။ ဖြစ်ချင်တော့ အဲ့ဒီအဆိုတော်က အခုမလာနိုင်ဘူးဖြစ်နေတော့ မင်း ငါ့အစား အာဖရိကကိုသွားပေးပါ့လား"

"မင်းကြီးဒေါ်ကြီးကိုသွားရမှာလား"

ဝမ်လင်ကလည်း ချက်ချင်းပြန်ပြောလိုက်သည်။

"မင်းက ငါ့ကို အာဖရိကမိုင်းတွင်းမှာ ရောင်းစားမလို့ကြံနေတာလား။ မင်းရဲ့လှည့်ကွက်တွေကို ငါမသိဘူးများထင်နေတာလား။ မင်း ဝေးပေါ်ကိုဝယ်တုန်းက ဝေးပေါ်ရဲ့ရှယ်ယာရှင်ကို ဘယ်လိုဖြေရှင်းလိုက်လဲဆိုတာ ငါ ဟုန်းရီဆီကကြားထားတယ်"

"သောက်ကျိုးနည်း.. သူက မင်းကို အဲ့ဒီအကြောင်းပြောပြတယ်ပေါ့"

ကျန်းမုန့်လောင်က မကျေမနပ်ရေရွတ်လိုက်သည်။

"ဟုန်းရီရဲ့နောက်လစာ၉၀ရာခိုင်နှုန်းကိုဖြတ်ပြီး သူ့ကို တစ်ဘီလီယံပဲပေးလိုက်ရင် သူ ဘယ်လိုစခန်းသွားမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

"ငါ မနှစ်တုန်းက နာရီတစ်လုံးဝယ်ထားတယ်"

ထိုလစာမှာ အမှန်တကယ်ဟုတ်မဟုတ် ဝမ်လင်မသိသော်ငြား ကျန်းမုန့်လောင်သာ ဆန္ဒရှိလျှင် ထိုလစာလည်း တကယ်တတ်နိုင်လေကြောင်း သူသိသည်။

"တအားရုတ်တရက်ဆန်လွန်းတယ်။ နောက်တစ်ခေါက်မှလုပ်ကြတာပေါ့"

ကျန်းမုန့်လောင်က ပေါ့ပေါ့တန်တန်ပြောလိုက်လေသည်။

"ချီးကိုနောက်တစ်ခေါက်လား"

ဝမ်လင်၏စိတ်ထဲဝယ် "အင်း"ဟု တွေးလိုက်မိသော်လည်း အပြင်ပန်းမှာမူ တုံးတုံးအအဖြင့်သာ မာန်မဲလိုက်ရသည်။

"စကားမစပ် ဟိုကောင်တင်းယွီရှီရော ဘာတွေလုပ်နေလဲ။ အကျယ်ချုပ်ကျနေတုန်းလား"

"မသိဘူး။ ဒါပေမဲ့ သူ့မှာ ဦးနှောက်ရှိတယ်ဆိုရင်တော့ သူတို့ဝမ်ယိဂီတက သိပ်တောင့်မခံထားနိုင်တော့ဘူးဆိုတာ သဘောပေါက်မှာပါ"

"ကြည့်လိုက်ဦး။ ပြောရင်းဆိုရင်း သူပေါ်လာပြီ"

ကျန်းမုန့်လောင်၏ဖုန်းက ရုတ်တရက်ထမြည်လာသည်။

"ဟယ်လို..ကျန်းမုန့်လောင်ပါ"

"အခုပြောနေတာ မာဟွားပါ"

"သောက်ကျိုးနည်း ခင်ဗျားကိုး"

ကျန်းမုန့်လောင်က ဤဖုန်းကို တင်းယွီရှီ သို့မဟုတ် တင်းဆန်ရှီခေါ်လိုက်သည်ဟု ထင်နေခြင်းပင်။ သို့သော် တကယ်တမ်းတွင် မာဟွားဖြစ်နေချေသည်။

"မစ္စတာမာက တအားအလုပ်များတာကို ကျွန်တော့်ဆီဖုန်းဆက်ဖို့ အချိန်ရှိသေးတယ်ပေါ့။ ဘာကိစ္စများရှိလို့လဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ဘာကိစ္စလဲတဲ့လား"

ဖုန်းတစ်ဖက်ရှိ မာဟွား၏မျက်နှာမှာ စိမ်းဖန့်ဖန့်ဖြစ်လုနီးနီးပင်။ မင်းက မူပိုင်ခွင့်တွေအများကြီးဝယ်သွားပြီး မကြာခင် ဟွာရှားဈေးကွက်ကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင်လုပ်တော့မှာလေ။ အဲ့ဒါတောင် ဘာဖြစ်တာလဲလို့ လာမေးနေသေးတာလား။

သို့သော် မာဟွားက သူ့ဒေါသကိုမျိုသိမ်ထားဆဲပင်။ ပြီးခဲ့သည့်တစ်ခေါက်တုန်းက ကြုံထားဖူးပြီးပြီဖြစ်သောကြောင့် ဤလူငယ်လေးကို သူ့ဂျူနီယာတစ်ယောက်လို မဆက်ဆံရဲတော့ပေ။

"မစ္စတာကျန်း.. ကျွန်တော်တို့ရဲ့ထန်ရွှင်းက ခင်ဗျားကို စော်ကားမိထားလို့လား"

မာဟွားက မေးလာလေသည်။

"ကျွန်တော့်ကိုစော်ကားတာလား။ မရှိပါဘူး"

ကျန်းမုန့်လောင်မှာ နားမလည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။

"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက အဲ့ဒီသတင်းအချက်အလက်တွေကို ဖယ်ရှားပေးခဲ့တဲ့ ထန်ရွှင်းရဲ့အရှိန်နဲ့လုပ်နိုင်စွမ်းကြောင့် ကျွန်တော် ကျေနပ်ခဲ့ရပါတယ်။ ကျွန်တော် ခင်‌ဗျားကို လက်မ၃၃ခုထောင်ပေးမယ်ဗျာ။ ခင်ဗျားတို့ထန်ရွှင်းက ဂိမ်းတွေက ကျွန်တော့်ပိုက်ဆံတွေကို လိမ်သွားတဲ့ကိစ္စကိုတော့ ကျွန်တော် အငြှိုးမထားတော့ပါဘူး"

"ဒါဆို မစ္စတာကျန်းက မူပိုင်ခွင့်တွေအားလုံးကို ဘာလို့ဝယ်သွားရတာလဲ။ ဟွာရှားမှာရှိတဲ့ ဂီတဈေးကွက်တစ်ခုလုံးကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေတာလား"

"အိုး… ခင်ဗျားက အဲ့လိုပြောလာပြီပေါ့လေ"

"သောက်ကျိုးနည်း..ကျုပ်က တခြားဘာများပြောနိုင်မှာတဲ့လဲ"

မာဟွားခမျာ ရူးသွပ်တော့မတတ်ပင်။ ဒါက သာမန်အသေးအဖွဲကိစ္စလေးတစ်ခုလား။ ကျန်းမုန့်လောင်က ဒီကိစ္စကို ဘာလို့အလေးအနက်မထားရတာလဲ။

"မစ္စတာကျန်း..အခုလိုလုပ်တာက ကျွန်တော်တို့ကိုခက်ခဲစေတယ်ဗျ။ ကျွန်တော်တို့ပလက်ဖောင်းဘက်က အဲ့ဒီသီချင်းတွေကိုထုတ်လွှင့်ခွင့်ရော ဒေါင်းလုတ်လုပ်ခွင့်ရော မရှိတော့ဘူး။ ခင်ဗျားက ကျွန်တော်တို့ကိုချောင်ပိတ်နေတာလား"

မာဟွားခမျာ အတော်အတန်စိတ်ဖိစီးနေလေပြီ။

သူသည် ယခင်က သူနှင့်အလုပ်တွဲလုပ်ဖူးသော အဆိုတော်အမြောက်အများနှင့် သူနှင့်ရင်းနှီးသော အဆိုတော်တချို့ကို ဖုန်းခေါ်ကြည့်ခဲ့သည်။ သူတို့ဟာ ကျန်းမုန့်လောင်ကမ်းလှမ်းလာသည့်ပမာဏကို ထုတ်ပြောလာသည်။ သူ့အနေနှင့်သာဆိုလျှင် ထိုကမ်းလှမ်းမှုမျိုးကို ငြင်းနိုင်မည်မဟုတ်ကြောင်း မာဟွားဝန်ခံပါသည်။ သို့သော် သူကိုယ်တိုင်ကတော့ ထိုပမာဏကို မထုတ်နိုင်ပေ။

တွက်ချက်ကြည့်ပြီးနောက်တွင် မူပိုင်ခွင့်များအတွက် ကျန်းမုန့်လောင်သုံးခဲ့သောပမာဏကို သိလိုက်ရသည်။ မူပိုင်ခွင့်များသက်တမ်းကုန်သွားလျှင်ပင် ထုတ်လွှင့်မှုလမ်းကြောင်းနှင့် ကြော်ငြာများမှတစ်ဆင့် သူရင်းနှီးမြှုပ်နှံထားသည့်ပမာဏကို ပြန်မရနိုင်ပေ။ ဗီအိုင်ပီကြေးပေးသွင်းရမည်ဆိုလျှင်ပင် အမြတ်ရနိုင်ခြေအလားအလာက နည်းပါးလွန်းလှသည်။

"ပြီးတော့ ဒီလိုလုပ်လို့လည်း ခင်ဗျား ဘာအကျိုးအမြတ်မှရမှာမဟုတ်ဘူးလေ။ ခင်ဗျား အမြတ်တောင်ရမှာမို့လို့လား"

"ကျွန်တော်ပိုက်ဆံရှာချင်ပါတယ်လို့ ဘယ်သူကပြောလို့လဲ"

ကျန်းမုန့်လောင်က နည်းလမ်းတကျပြန်ပြောလိုက်သည်။

"ကျွန်တော်က ပိုက်ဆံကိစ္စကို စိတ်မဝင်စားဘူး"

"ဒါပေါ့။ ခင်ဗျားက ပိုက်ဆံကိုစိတ်မဝင်စားဘူး။ ပိုက်ဆံဆိုတာ ခင်ဗျားအတွက် ကိန်းဂဏန်းတစ်ခုသက်သက်ပဲ"

မာဟွားခမျာ ပြိုလဲလုနီးပါးဖြစ်နေလေပြီ။

"တကယ်တော့ ခင်ဗျား ကျွန်တော့်ကို အပြစ်တင်လို့တော့မရဘူး။ ခင်ဗျားကိုယ်ခင်ဗျားပဲ အပြစ်တင်ရမှာ"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရမှာလား"

မာဟွားလည်း ပဟေဋ္ဌိဖြစ်သွားရသည်။ ဒါက သူနဲ့ဘာဆိုင်လို့လဲ။ ဂိမ်းကိစ္စကလွဲရင် သူ ဘာမှမလိမ်လည်ထားဖူးဘူးမလား။

"ကျန်းမုန့်လောင်က ငါတို့ထန်ရွှင်းဂိမ်းတွေကိုကစားရင်း ကံတအားဆိုးနေလို့များလား"

မာဟွားက ကျန်းမုန့်လောင်၏ဖုန်းနံပါတ်ကို နည်းပညာဒါရိုက်တာဆီသို့ တိတ်တဆိတ်ပို့လိုက်ပြီး ဤနံပါတ်နှင့် ဂိမ်းပေါင်းဘယ်နှခုကစားထားလဲဆိုသည်ကို စစ်ဆေးခိုင်းပြီး သူ့အနိုင်ရနိုင်ခြေကို တစ်ရာရာခိုင်နှုန်းအထိ မြှင့်ပေးရန် ခိုင်းစေလိုက်သည်။

"ခင်ဗျားသာ ဒီလောကထဲကမရှိရင် ခင်ဗျားကို သက်ရောက်မှုရှိမှာမဟုတ်တော့ဘူးလေ"

ကျန်းမုန့်လောင်က အဓိပ္ပာယ်မရှိသည့် အဖြေတစ်ခုပေးလာလေသည်။

"အဲ့ဒီသဘောတရားနဲ့တော့ ငါလိုက်မပြိုင်နိုင်ဘူး"

ကျန်းမုန့်လောင်၏ဘေးနားရှိ ဝမ်လင်ခမျာ ဒူးထောက်လက်မြှောက်လိုက်ရသည်။

"ကျွန်တော်အရေးယူချင်တာက ခင်ဗျားမဟုတ်ဘူး။ ခင်ဗျားလည်း ဒီလောကထဲမှာရှိနေလို့ အခုလိုကြုံလိုက်ရတာ။ ခင်ဗျား တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင်တော့ တင်းဆန်ရှီနဲ့သူ့သားကိုပဲ အပြစ်တင်လိုက်။ တင်းဆန်ရှီက တော်တော်ခေါင်းမာတဲ့လူ"

"အဲ့ဒါက ဘာသဘောလဲ"

မာဟွားက မေးလိုက်သည်။

"သူတို့က ကျွန်တော့်သူငယ်ချင်းရဲ့ကောင်မလေးကို အနိုင်ကျင့်ခဲ့တယ်လေ။ အဲ့ဒါ လေးနက်တဲ့အကြောင်းအရင်းလို့ ခင်ဗျားမထင်ဘူးလား"

ကျန်းမုန့်လောင်က လေးလေးနက်နက်ပြောလိုက်လေသည်။

"ကျွန်တော်က စိတ်ပိုင်းဆိုင်ရာနစ်နာကြေးအတွက် လျော်ကြေးလေးနည်းနည်းနဲ့ ပြေလည်ပေးမလို့ပါပဲ။ ဒါပေမဲ့ သူတို့က ဈေးလာဆစ်နေတာလေ။ မူလပမာဏထက် အဆပေါင်းငါးရာတောင်းကွာတယ်။ အဲ့ဒါ မများလွန်းဘူးလား"

"အဲ့ဒါက..တကယ်များတာပဲ"

မာဟွားကလည်း အလိုအလျောက်တုံ့ပြန်လိုက်သည်။

"နေပါဦး။ ခင်ဗျားက သူတို့ဆီကနေ စိတ်ပိုင်းဆိုင်ရာနစ်နာကြေးအတွက် ဘယ်လောက်တောင်းလိုက်တာမို့လို့လဲ"

"သိပ်မများပါဘူး။ ငါးဆယ်ဘီလီယံတည်းပါ"

.........

All Chapters