သေခြင်း ကိုးပါး မဟာအိပ်မက် အားကျမ်းနှင့် အတွင်းစွမ်းအား နယ်ပယ်သို့ တက်လှမ်းခြင်း
Vol. 3 Ch. 37
~တဖြည်းဖြည်း မှေးမှိန်လာသော ဆောင်းဦးရာသီအလွန်တွင် တစိမ့်စိမ့်တိုက်ခတ်လာသော လေပြင်းတို့က အရိုးထဲထိ စိမ့်ဝင်စေ၏။
အစစ်အမှန်သိုင်းတောင်ပေါ်တွင် အေးစိမ့်သော အငွေ့အသက်တို့ ကြီးစိုးနေပြီး နတ်ဘုရားဓားဂိုဏ်းမှ ဧည့်သည်တော်များ လာရောက်လည်ပတ်ခဲ့ခြင်း၏ လှုပ်လှုပ်ရှားရှား အငွေ့အသက်တို့မှာလည်း တဖြည်းဖြည်း ပြယ်လွင့်စပြုလေသည်။
ထိုနေ့က နင်ချီက ဝတုတ်လေး ကျွမ်းချန်အား အသာအယာပင် အနိုင်ယူလိုက်ခြင်းမှာ အစစ်အမှန်သိုင်းဂိုဏ်း တစ်ခုလုံးတွင် အတော်လေး လှုပ်ခတ်သွားစေခဲ့၏။ ဂိုဏ်းသားအများစုမှာ ကိုးယောက်မြောက် အမွေ ဆက်ခံသူ နင်ချီ၏ ပါရမီအပေါ် ပထမဆုံးအကြိမ် ရှင်းရှင်းလင်းလင်း သဘောပေါက်သွားကြတော့သည်။
သိလိုစိတ် ပြင်းပြသော တပည့်အချို့မှာတော့ အကြောင်းအမျိုးမျိုး ပြကာ
သိုင်းကျမ်းတိုက်သို့ အခေါက်ခေါက်အခါခါ ရောက်လာပြီး နင်ချီအား ချောင်းမြောင်းကြည့်ရှုကြလေ၏။
သို့သော်...
နင်ချီကတော့ အမြဲတစေ လျှို့ဝှက်စွာနေထိုင်တတ်ပြီး တခြား တပည့်များနှင့် ရောရောနှောနှော နေလေ့ မရှိပါချေ။ ထို့ကြောင့် တဖြည်းဖြည်းနှင့် သူ့အပေါ် စိတ်ဝင်စားမှုများ လျော့ကျသွားကာ သိုင်းကျမ်းတိုက်မှာ ယခင်အတိုင်း တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။
ဂိုဏ်းတပည့် အများစုမှာ မိမိတို့၏ ကျင့်ကြံမှုအဆင့် တိုးတက်ရေးကိုသာ အာရုံစိုက်နေကြသည် မဟုတ်ပါလား။
သို့သော် စီနီယာအစ်မ သုံး ယဲ့ချင်းဟယ်နှင့် စီနီယာအစ်ကို ငါး ကျန်းပိုင်ရှန်းတို့ကတော့ နင်ချီ၏ အခြေအနေကို
လာရောက် ကြည့်ရှုကြသေး၏။ မျောက်ဖြူကို ခဏ စနောက်ပြီးနောက်
ယဲ့ချင်းဟယ်က နင်ချီအား သတင်း တစ်ခု ပြောပြသွားလေသည်။
သူမ ပြောပြသည့် သတင်းမှာ နတ်ဘုရားဓားဂိုဏ်း တောင်ပေါ်မှ ဆင်းသွားပြီးနောက် ချင်ယွင်အား တာအိုဆရာ လုံရှန်းက တောင်အောက်သို့ သိုင်းလေ့ကျင့်ရန် ခရီးထွက်စေခဲ့သည်ဟူ၏။
ထိုသတင်းကို ကြားရသောအခါ နင်ချီမှာ သက်ပြင်းသာ ခပ်ဖွဖွချနိုင်တော့သည်။
ချင်ယွင်သည် တာအိုရှာဖွေခြင်း ကျောင်းတော်သို့ မလာသည်မှာ အတော့်ကို ကြာမြင့်နေပြီဖြစ်၏။
ဤအခြေအနေအတွက် သူလည်း မည်သို့မျှ မတတ်နိုင်ခဲ့ပါ။
‘လောကမှာ နံပါတ်တစ် ဖြစ်အောင် လုပ်ပြီး
အစစ်အမှန်သိုင်းဂိုဏ်းကို တာအိုလောကရဲ့ အထွတ်အထိပ်ဖြစ်အောင် ပြန်လုပ်မယ်’ ဟု ချင်ယွင် ပြောခဲ့သည်ကို နင်ချီ မှတ်မိနေသေးသည်။
သို့သော် ယနေ့...
တာအိုရှာဖွေခြင်း ကျောင်းတော်တွင် သူ့အား အနှောင့်အယှက်ပေးမည့်သူ တစ်ယောက်မှမရှိ။ မျောက်ဖြူပင် မရှိတော့ချေ။
မျောက်ဖြူမှာ သိုင်းလေ့ကျင့်ရင်း ပျင်းလာသည့်အခါ တပည့်ငယ်များနှင့် သွားရောက်ဆော့ကစားတတ်ပြီး တစ်ခါတစ်ရံ
ယဲ့ချင်းဟယ်ကပင် လမ်းလျှောက်ထွက်ရန် ခေါ်သွားတတ်သေးသည်။ မျောက်ဖြူမှာ ကျန်းဝူဂိုဏ်းတွင် အတော်လေး နေရာရနေလေ၏။
ရှားရှားပါးပါးပင် နင်ချီမှာ သူ၏အိပ်ရာပေါ်တွင် တင်ပျဉ်ခွေကာ ထိုင်နေမိသည်။
သူ၏ မျက်နှာမှာ တည်ကြည်နေပြီး မျှော်လင့်ချက်အချို့လည်း အရောင်ထင်နေ၏။
သူ၏ ခန္ဓာကိုယ်အတွင်း၌မူ...
အံ့ဩဖွယ်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေလေသည်။
သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ် အခြေခံ အုတ်မြစ်မှ ကြီးမားလှသော အတွင်းအားပမာဏကို ထုတ်ပေးနေ၏။ သာမန်လူတစ်ယောက်ထက် ဆယ်ဆခန့် ပိုများပေလိမ့်မည်။
ထိုအခိုက်အတန့်တွင်...
သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အတွင်းအားတို့မှာ ‘အသီး’ တစ်လုံးအဖြစ်သို့ လုံးဝဥဿုံ ပုံပေါ်လာတော့မည် ဖြစ်သည်။
နင်ချီက သူ၏ ဒန်တျန်ထဲတွင် မျက်စိဖြင့်
မမြင်နိုင်သော အရာတစ်ခုဖြင့် ပြည့်နှက်နေသည်ကို ခံစားနေရသည်။ ၎င်းမှာ မူလအခြေအနေတစ်ခုအဖြစ် တည်ရှိနေ၏။
"စုစည်းစမ်း..."
ထိုတစ်ခဏ၌ပင်...
ခန္ဓာကိုယ်အတွင်းမှ နောက်ဆုံး ‘ချိုမြိန်သောနှင်းစက်’ တစ်စက်ကို ထုတ်ယူလိုက်ပြီးနောက် အတွင်းအားမှာ အသီးတစ်လုံးအဖြစ်သို့ လုံးဝဥဿုံ ပြောင်းလဲသွားတော့သည်။ နင်ချီ၏ စိတ်ဝိညာဉ်မှာ ရုတ်ချည်း ကြည်လင်သွားပြီး သူ၏ အခြေအနေတစ်ခုလုံးမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားသလို ခံစားလိုက်ရလေ၏။
သူ၏ ဒန်တျန်ထဲမှ အတွင်းအားကို လွတ်လပ်စွာ ထုတ်ယူနိုင်ပြီ ဖြစ်၏။ ညာဘက်လက်မောင်းပေါ်သို့ စုစည်းလိုက်သည့်အခါ တောင်များကိုပင် ဖြိုခွဲနိုင်လောက်သည်ဟု ထင်မှတ်မှားလောက်အောင် စွမ်းအားများ တိုးပွားလာသည်ကို ခံစားလိုက်ရသည်။
အတွင်းအားက သူ၏ရုပ်ခန္ဓာကို မြှင့်တင်ပေးလိုက်သည့်အခါ သူ၏ခန္ဓာကိုယ်သက်သက်ထက် အဆများစွာ ပိုမိုပြင်းထန်သော စွမ်းအားကို ထုတ်ဖော်နိုင်ပေ၏။
ယခုလက်ရှိ နင်ချီ၏ စွမ်းအားမှာ
ကြောက်ခမန်းလိလိပင်။
မူလကတည်းက သူ၏ ခန္ဓာကိုယ်မှာ အခြားသူများထက် သာလွန်နေပြီး ဖြစ်ရာ ယခု ပိုမို ကြွယ်ဝသော အတွင်းအားက ထပ်မံ ဖြည့်တင်းပေးလိုက်သည့်အခါ ယခင်ကနှင့် လုံးဝ မယှဉ်သာတော့။
သူသည် အတွင်းစွမ်းအားနယ်ပယ်သို့ ယခုမှ တက်လှမ်းနိုင်ခဲ့သော်လည်း သာမန် အဆင့် ခြောက်ဆင့် သို့မဟုတ် အဆင့်
ခုနှစ်ဆင့် ရှိ ကျွမ်းကျင်သူများပင် သူ့ကို ယှဉ်နိုင်မည်မဟုတ်ဟု သူထင်မိသည်။
နင်ချီကို အပျော်ဆုံးဖြစ်စေသည်မှာ...
သူ၏ ခန္ဓာကိုယ်အတွင်းမှ လျှို့ဝှက်ဆန်းကြယ်စွာ အဆင့်တက်သွားခြင်းပင် ဖြစ်သည်။
အတွင်းအားအသီးကို စုစည်းပြီးနောက် သူ၏ သက်တမ်းမှာ နှစ်နှစ်ရာအထိ ထပ်မံတိုးလာခဲ့၏။
ယခု နင်ချီမှာ ငါးနှစ်သာ ရှိသေးရာ နောက်ထပ် တစ်ရာ့ကိုးဆယ့်ငါးနှစ် သို့မဟုတ် ထို့ထက်ပင်ပို၍ အသက်ရှင်နိုင်သေးသည်။ သူ၏ ခန္ဓာကိုယ်မှာ အလွန်သန်မာပြီး အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် သူ၏သက်တမ်းမှာ သာမန်လူများထက်ပင် သာလွန်နိုင်ပေသည်။
ထိုအခိုက်အတန့်တွင်...
သူ၏စိတ်ဝိညာဉ်မှာ လန်းဆန်းတက်ကြွလာပြီး ခန္ဓာကိုယ်မှာလည်း သက်သောင့်သက်သာ ဖြစ်လာ၏။
သူ၏တွေးခေါ်မှုဖြစ်စဉ်မှာ ယခင်ကထက် ပိုမိုမြန်ဆန်လာပြီး တစ်ခါတစ်ရံတွင် ဉာဏ်အလင်းပွင့်မှုများပင် ရရှိလာသည်ကို နင်ချီ ခံစားမိသည်။
‘...အတွင်းအား နယ်ပယ်ဆိုတာ ဒါကိုး။ တကယ့်ကို အံ့ဩစရာပဲ...’
နင်ချီက အတွေးတစ်ချက် လင်းလက်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
ကျင့်ကြံခြင်းဆိုသည်မှာ အမှန်တကယ်ပင် စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုဖြစ်ပြီး အထွတ်အထိပ်သို့ တစ်လှမ်းချင်း တက်လှမ်းရသည့် ခံစားချက်က သူ့ကို စွဲလန်းစေ၏။ ယခုဆိုလျှင် သူသည် ထာဝရအသက်ရှင်ခြင်းနှင့် တစ်လှမ်းပို၍ နီးကပ်လာခဲ့ပါပြီ။
ထိုအချိန်တွင်…
မျောက်ဖြူ၏ သွေးမျိုးဆက်နှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံကို သူ၏အတွင်းအားသုံး၍ ထပ်မံစူးစမ်းရန် နင်ချီ ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ကျရှုံးခဲ့သည်။
အတွင်းအားသည် နက်နဲလွန်းနေသေး၏။
ကျွမ်းချန်၏ မူလဓားအရိုးကဲ့သို့ပင် နင်ချီသည် မျောက်ဖြူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုလည်း အညီအမျှ စူးစမ်းလိုစိတ် ရှိနေသည်။
ဖြစ်နိုင်ခြေနှစ်ခု ရှိလေသည်။
မျောက်ဖြူအတွင်းမှ ကောင်းကင်ဘုံသားရဲသွေးမျိုးဆက်သည် အလွန်အားနည်းနေသဖြင့် ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ခြင်း၊
သို့မဟုတ် မျောက်ဖြူအတွင်းမှ ကောင်းကင်ဘုံသားရဲသွေးမျိုးဆက်သည် အလွန်အားကောင်းနေသဖြင့် လှုံ့ဆော်ရန် ခက်ခဲနေခြင်းတို့ ဖြစ်ကြ၏။
နင်ချီက ဒုတိယဖြစ်နိုင်ခြေဘက်သို့ ပို၍ ယိမ်းယိုင်နေသည်။
သူသည် သူ၏စူးစမ်းလိုစိတ်ကို ထပ်မံစူးစမ်းရန် ဖိနှိပ်ထားရုံသာ တတ်နိုင်ခဲ့သည်။
ကောင်းကင်ဘုံသွေးမျိုးနွယ်ကို လှုံ့ဆော်ရန် ကြိုးပမ်းမှုကို နောက်ပိုင်းအချိန်အထိ သူ စောင့်ဆိုင်းရပေတော့မည်။
သူ၏ ပထမအကြိမ် ကြိုးပမ်းမှုတွင် တုံ့ဆိုင်းနေစဉ်အတွင်း
ခဏမျှ စဉ်းစားပြီးနောက်...
နင်ချီ မဟာအိပ်မက် သေခြင်းကိုးပါး
အားကျမ်းကို စတင် လေ့ကျင့်ကြည့်လေသည်။
ကျင့်ကြံခြင်း အခြေအနေသို့ ချက်ချင်းဝင်ရောက်သွားပြီးနောက် သူသည် လျင်မြန်စွာပင် အခြေတည်နိုင်ခဲ့၏။ ဤအဆင့်ကို တခြားသူများ ရောက်ရှိရန်မှာမူ အချိန်အတော်ကြာ ယူရပေလိမ့်မည်။
နင်ချီက အတွင်းအားအသီးကို ထိန်းချုပ်လျက် သူ၏ခန္ဓာကိုယ်နှင့် ပိုမိုနက်ရှိုင်းသော ဆက်သွယ်မှုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်နေ၏။
ထိုဆက်သွယ်မှု အပြည့်အဝ တည်ဆောက်ပြီးသည်နှင့် သူသည် အတွင်းအားကို ခန္ဓာကိုယ်ဖြင့် စုပ်ယူနိုင်မည်ဖြစ်ပြီး ၎င်းကို ပိုမိုအားကောင်းသော အတွင်းအားအဖြစ် ပြောင်းလဲနိုင်မည် ဖြစ်သည်။
‘...ဒါပေမဲ့ ဒီဆက်သွယ်မှုကို တည်ဆောက်တဲ့ လုပ်ငန်းစဉ်ကတော့ တကယ့်ကို ပျင်းစရာကောင်းတဲ့ အလုပ်ပဲ။ ကောင်းကင်ဘုံက ချီးမြှင့်တဲ့ ပါရမီရှင်တစ်ယောက်တောင် တစ်နှစ်နှစ်နှစ်လောက် အချိန်ယူရမှာ...’
‘...တော်သေးတာပေါ့။ ငါဖန်တီးထားတဲ့ မဟာအိပ်မက် သေခြင်း ကိုးပါး အားကျမ်းက ဒီဖြစ်စဉ်ကို သိသိသာသာ တိုတောင်းစေနိုင်လို့၊ နှစ်လ၊ သုံးလလောက်ဆို လုံလောက်သွားမှာပါ...’
နင်ချီက ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
နင်ချီသည် သူ၏လေ့ကျင့်မှုတွင် ဆက်လက်နစ်မြုပ်နေခဲ့သည်။
သူက ကျင့်ကြံခြင်းကို ဖြည်းညှင်းစွာ အဆုံးသတ်လိုက်ပြီး သူ၏ဆရာထံ သွားရန် ဆုံးဖြတ်လိုက်၏။
တာအိုဆရာ လုံရှန်းက နင်ချီ အတွင်းစွမ်းအားနယ်ပယ်သို့ တက်လှမ်းနိုင်သည့်အခါ သူ့ထံလာရောက်ရန် ယခင်က ပြောထားခဲ့ဖူးသည်။ အရေးကြီးသော ကိစ္စတစ်ခု ပြောစရာရှိသည်ဟု ဆိုသည်။
ထို့ကြောင့် နင်ချီက သူ၏ကျင့်ကြံမှု တိုးတက်မှုကို တာအိုဆရာ လုံရှန်းအား ဘယ်တော့မှ ဖုံးကွယ်မထားခဲ့။ ဖုံးကွယ်ထားရန်လည်း မလိုအပ်ပါ။
နင်ချီ နေရာမှထကာ သူကိုယ်တိုင်ဖ န်တီးထားသော ‘မြူခိုးနဂါး လှည့်လည် ခြေလှမ်း’ ကို ထုတ်သုံးလိုက်သည်။
အတွင်းအားကို အသံတိတ်ပေါင်းစပ်လိုက်သည့်အခါ သူ၏အရှိန်မှာ ချက်ချင်းပင် တိုးမြင့်သွားတော့၏။
ခဏလေးအတွင်းမှာပင် သူသည် အတွင်းအားကို သိုင်းပညာအမျိုးမျိုးတွင် အသုံးချပုံကို ရင်းနှီးသွားခဲ့သည်။
နောင်တွင် သူသည် ပိုမိုအားကောင်းသော သိုင်းပညာများစွာကို ဖန်တီးနိုင်ပေဦးမည်။
တစ်ခုမှာ သူ၏ တာအို လမ်းစဉ်
စောင့်ရှောက်သူ အခြေခံကို ကြွယ်ဝစေရန် ဖြစ်ပြီး နောက်တစ်ခုမှာ တာအိုဆရာ လုံရှန်းအား သိုင်းကျမ်းများ ပေးအပ်ကာ သိုင်းကျမ်းတိုက်၏ စုစည်းမှုကို ပိုမို ကြွယ်ဝစေရန် ဖြစ်၏။
ယခု သိုင်းကျမ်းတိုက်တွင် နင်ချီ ဖန်တီးခဲ့သော သိုင်းပညာများစွာ ရှိနေပြီဖြစ်သည်။ တစ်ခါတစ်ရံ ပျင်းရိသည့်အခါတွင် သူသည် အစစ်အမှန်ဂိုဏ်း တပည့်များ၏ ကျင့်ကြံမှုကို တိတ်တဆိတ် စောင့်ကြည့်ပြီး သူတို့အတွက် သင့်တော်သော သိုင်းပညာများကို ဖန်တီးပေးလေ့ရှိသည်။
လက်များကို နောက်ပစ်ကာ လျှောက်လာသော နင်ချီ၏ ဟန်ပန်တွင် ဖော်ပြ၍မရသော ကျက်သရေတစ်မျိုး ရှိနေ၏။
သို့သော်
‘တောက်ပအလင်းသိုင်းခန်းမဆောင်’ သို့ ရောက်သောအခါ...
သူတွေ့လိုက်ရသည်မှာ တင်းကျပ်စွာ ပိတ်ထားသော တံခါးကြီးပင် ဖြစ်သည်။
နင်ချီ ခြေလှမ်းတို့ တုန့်ခနဲ ရပ်တန့်သွား၏။ ထိုစဉ် သူ့နောက်မှ စီနီယာအစ်ကို လော့ဝမ်ထျန်း၏ အသံကို ကြားလိုက်ရသည်။
“ကိုးလေး... မင်းလာတဲ့အချိန်က အဆင်မပြေဘူးဖြစ်သွားတယ်။ ဆရာက မနေ့ကမှ တံခါးပိတ် ကျင့်ကြံသွားတာ။ သူက ညီလေး ထျန်းချန်ကို မင်းဆီအကြောင်းကြားခိုင်းချင်ပေမဲ့ အချိန်မလိုက်ဘူး။ မင်း ဆရာနဲ့တွေ့စရာ ကိစ္စတစ်ခုခု ရှိလို့လား။ မင်းအစ်ကိုကို ပြောလေ... ကူညီဖြေရှင်းပေးမယ်”
သူ့စီနီယာအစ်ကို၏ စိုးရိမ်သော မျက်နှာကိုကြည့်ကာ နင်ချီက ပြုံးရင်း ဆို၏။
“အရေးကြီးတာတော့ မဟုတ်ပါဘူးဗျ။ ဆရာ တံခါးပိတ် ကျင့်ကြံနေတယ်ဆိုရင် သူ ထွက်လာမှပဲ လာတွေ့တော့မယ် နော်”
သူ အတွင်းစွမ်းအားနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်းကိုတော့ လော့ဝမ်ထျန်းအား ပြောမပြရန် ဆုံးဖြတ်လိုက်သည်။
သူ၏ စီနီယာအစ်ကိုကြီးက ကြင်နာတတ်သူဖြစ်သော်လည်း မလိုအပ်သော ပြဿနာများကို ရှောင်ရှားတာက ပိုကောင်းပေလိမ့်မည်။
ခဏမျှ စကားစမြည်ပြောပြီးနောက် နင်ချီ ထွက်ခွာသွားလေသည်။
နင်ချီ ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ရင်း လော့ဝမ်ထျန်း၏ မျက်လုံးများထဲတွင် နားမလည်နိုင်သော အရိပ်အယောင်တစ်ခု ထင်ဟပ်နေ၏။
လွန်ခဲ့သော နှစ်လကနှင့် ယှဉ်လျှင် နင်ချီမှာ တစ်ခုခုပြောင်းလဲသွားသလို ခံစားရသော်လည်း ဘာလဲဆိုတာကိုတော့
လော့ဝမ်ထျန်း အတိအကျ မပြောနိုင်။
နောက်ဆုံးတွင် သူခေါင်းကိုခါယမ်းကာ သူ၏စိတ်ထဲမှ ယုတ္တိမတန်သော အတွေးတစ်ခုကို ဖယ်ရှားလိုက်သည်။
‘...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ညီလေးက ငါးနှစ်ပဲရှိသေးတာ...’
လော့ဝမ်ထျန်းက ရယ်ကျဲကျဲဖြင့် ခေါင်းကိုခါလိုက်ပြီး ပိတ်ထားသော တောက်ပအလင်းသိုင်းခန်းမဆောင်သို့ ဦးညွှတ်အရိုအသေပေးကာ ထွက်ခွာသွားတော့သည်။
တာအိုဆရာ လုံရှန်း တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း အစစ်အမှန်သိုင်းဂိုဏ်း၏ ကိစ္စများကို သူ ပို၍ အာရုံစိုက်ရပေတော့မည်။
လော့ဝမ်ထျန်းမှာ အသက်ငါးဆယ်နီးပါးရှိနေပြီဖြစ်ပြီး အတွင်းစွမ်းအား နယ်ပယ် အဆင့်ကိုးသို့ ရောက်ရှိနေပြီ ဖြစ်ရာ အထင်ကြီးစရာ ကောင်းသော အောင်မြင်မှုတစ်ခု ဖြစ်သော်လည်း လောက အထွတ်အထိပ်များထဲတွင်တော့ မပါဝင်သေး။
ဂိုဏ်း၏ တာဝန်များကြောင့် သူ၏ တိုးတက်မှုမှာ အနည်းငယ် နှောင့်နှေးနေသော်လည်း သူ၏ ပါရမီမှာ အစစ်အမှန်သိုင်းဂိုဏ်း၏ သိုင်းသားတော်ကိုးဦးထဲတွင် အကောင်းဆုံးဟု မသတ်မှတ်နိုင်ပေ။
ဥပမာအားဖြင့် ပဉ္စမတပည့် ကျန်းပိုင်ရှန်း မှာလည်း အတွင်းစွမ်းအားနယ်ပယ် အဆင့် ကိုးသို့ ရောက်ရှိနေပြီ ဖြစ်ပြီး အစစ်အမှန်သိုင်းဂိုဏ်း၏ သိုင်းသားတော်ကိုးဦးထဲမှ ချီစွမ်းအင်နယ်ပယ်သို့ ပထမဆုံး တက်လှမ်းနိုင်မည့်သူ ဖြစ်နိုင်ပေသည်။
သည်ကိစ္စနှင့်ပတ်သက်၍ သူကတော့ သူ၏ ဂျူနီယာတပည့်များနှင့် ညီငယ်များမှာ အရည်အချင်းရှိပြီး လျင်မြန်စွာတိုးတက်နေပါက သူတို့အား ထောက်ပံ့ကူညီရန် သူ၏ကျင့်ကြံချိန်အချို့ကို စတေးရကျိုးနပ်သည်ဟု ခံစားမိလေသည်။