သံသရာစက်ဝန်းထဲသို့ ကြယ်တစ်ပွင့်ကြွေဆင်းလာသောအခါ... နင်ချီသည် လူသားဘဝထဲသို့ ကလေးငယ်လေးတစ်ဦးအဖြစ် ကူးပြောင်းဝင်ရောက်လာခဲ့သည်။ သို့သော် သူ၏ကံကြမ္မာမှာ ကြမ်းတမ်းလှ၏။ နင်ချီတစ်ယောက် ကလေးငယ်ဘဝဖြင့် ဝိညာဉ်ကူးပြောင်းရောက်ရှိလာခဲ့သည့်ညမှာပင် သူ၏မိသားစုတစ်စုလုံး အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည်။ သူတစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ကာ ကံကောင်းထောက်မစွာဖြင့် တာအိုသခင် လုံရှန်းက သူ့အား ကယ်တင်မွေးစားခဲ့ပြီး တပည့်အဖြစ် လက်ခံသင်ကြားပေးခဲ့သည်။ သူ့အတွက်မူ မဟာတာအို၏ နက်နဲလှသော လျှို့ဝှက်ချက်များသည် လက်ဖဝါးပေါ်မှ စာလုံးများပမာ ထင်ရှားနေခဲ့သည်။ မွေးရာပါ ပြီးပြည့်စုံသောအဆင့် ဉာဏ်အလင်းဖြင့် မွေးဖွားလာသူဖြစ်ရာ မည်သည့်ကျင့်ကြံခြင်းနည်းစနစ်ကိုမဆို အားထုတ်မှုအနည်းငယ်မျှဖြင့် ကျွမ်းကျင်နိုင်စွမ်းရှိခဲ့သည်။ ဤသို့ဖြင့် သူ၏ ထာဝရအသက်ရှာပုံတော်ခရီးလမ်းသည် စတင်ခဲ့တော့သည်။ ... "ဆရာ... ကျွန်တော်က စပ်စပ်စုစုလုပ်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဆရာ့ရဲ့ ဆုံးဖြတ်ချက်ကို လိုအပ်နေတဲ့ ကိစ္စတစ်ခုရှိနေလို့ပါခင်ဗျာ..." "ပြော" "ဆရာ... ဂျူနီယာညီလေး နင်ချီ... သူ... သူက..." စကားမဆုံးခင်မှာပင် တာအိုဆရာ လုံရှန်းက အေးဆေးတည်ငြိမ်စွာ ဖြည်းညင်းစွာဖြင့် မိန့်ကြားလိုက်သည်။ "သူ့ရဲ့ အရိုး အမြစ် အခြေတည်သွားပြီ" ထိုစကားကို ကြားလိုက်ရသည့် တပည့်ဖြစ်သူမှာ မိုးကြိုးပစ်ခံလိုက်ရသလို တုန်လှုပ်သွားပြီး အသက်ရှူရန်ပင် မေ့သွားတော့သည်။ ထို့နောက် မယုံကြည်နိုင်သောအသံဖြင့် အော်ပြောလိုက်သည်မှာ... "ဒါပေမဲ့... ဒါပေမဲ့ ဂျူနီယာညီလေးက အခုမှ သုံးနှစ်ပဲ ရှိသေးတာလေဗျာ"

