← Chapters

သိုင်းသူတော်စင် ကောင်းကင်ဘုံဓားသခင်... ကမ္ဘာ့ပြိုင်ဘက်ကင်း

Vol. 29 Ch. 426

သိုင်းသူတော်စင် ကောင်းကင်ဘုံဓားသခင်... ကမ္ဘာ့ပြိုင်ဘက်ကင်း

Vol. 29 Ch. 426

~ကောင်းကင်သတ် သိုင်းသူတော်စင်၏ စကားအဆုံးမှာ..၊

ခန်းမဆောင်ကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ တောက်ပသော မျက်ဝန်းများသည် ကောင်းကင်သတ် သိုင်းသူတော်စင်နှင့် အခြားသော တစ်ပိုင်း နတ်ဘုရား စွမ်းအား နယ်ပယ် ပုဂ္ဂိုလ်ကြီးများထံသို့ စုပြုံရောက်ရှိသွားကြ၏။ ပြောရလျှင် ထိုပုဂ္ဂိုလ်ကြီး `(၅)` ဦးသည် သိုင်းကမ္ဘာ၏ အနာဂတ် လမ်းကြောင်းကို ဆုံးဖြတ်ပေးနိုင်သူများပင် ဖြစ်ချေသည်။

ရှေးဟောင်း သူတော်စင်များကတော့ အဖြစ်မှန် အများစုကို ကြိုတင် သိရှိထားပြီး ဖြစ်ရာ၊ နောက်ဆက်တွဲ ဘာဆက်လုပ်ကြမလဲ ဆိုသည်ကိုသာ စောင့်မျှော်နေကြ၏။

သို့သော် သိုင်းသူတော်စင် အသစ်များမှာမူ စိတ်မလုံမလဲ ဖြစ်နေကြ၏။

သူတို့ မသိသေးသော အရာများစွာ ကျန်ရှိနေသေးသည် မဟုတ်ပါလော။

သတင်းအစအန အပိုင်းအစလေးများသာ သိထားကြ၏။

ယခုမှသာ ကမ္ဘာကြီး၏ အဖြစ်မှန်ကို ထိတွေ့ခွင့် ရရှိကြတော့မည် ဖြစ်၏။

ကောင်းကင်သတ် သိုင်းသူတော်စင်သည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး ဖြည်းညှင်းစွာ စကားစလိုက်၏။

"မင်းတို့ သိထားတာတွေ မှန်ပါတယ်... ငါတို့ သိုင်းကမ္ဘာ ရဲ့ အပြင်ဘက်မှာ တောင်နှင့် ပင်လယ် နယ်မြေလို့ ခေါ်တဲ့ အင်မတန် ကြီးမားတဲ့ ရန်သူကြီး ရှိနေတယ်"

"..."

သူသည် စကားလုံးများကို တစ်လုံးချင်းစီ ပီသစွာ ပြောကြားလိုက်၏။

အသက်အဆိပ် ပေါ်ပေါက်လာပုံမှ စ၍၊ တောင်နှင့် ပင်လယ် နယ်မြေ၏ ကျူးကျော်မှု အကြောင်း၊ ကမ္ဘာ့ဆန္ဒ နိုးထလာပုံနှင့် သူတော်စင်များ၏ ထာဝရ စီမံကိန်းအထိ အသေးစိတ် ရှင်းပြလိုက်၏။

ကမ္ဘာပျက်မတတ် ထိတ်လန့်ဖွယ် သတင်းစကားများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာရာ သိုင်းသူတော်စင် အသစ်များမှာ ခေါင်းမူးသွားကြလေသည်။ ကမ္ဘာ့ပြင်ပမှ ရန်သူကြီး၏ စွမ်းအား ကြီးမားပုံကို သိလိုက်ရသောအခါ မျှော်လင့်ချက် ကင်းမဲ့သွားကြပြီး နှလုံးသား အောက်ခြေမှနေ၍ တစ်ခါမှ မကြုံဖူးသော အရေးပေါ် အခြေအနေကို ခံစားလိုက်ရတော့သည်။

ဓားမ မိစ္ဆာ ကဲ့သို့သော ပုဂ္ဂိုလ်များပင် စိတ်လှုပ်ရှား တုန်လှုပ်သွားကြပြီး နင်ချီ့ကို မသိမသာ လှမ်းကြည့်လိုက်မိ၏။

နင်ချီ၏ အမူအရာမှာ ပုံမှန်အတိုင်း တည်ငြိမ်နေသည်ကို မြင်လိုက်ရမှ သူတို့ စိတ်သက်သာရာ ရသွားကြ၏။

နင်ချီကလည်း နားထောင်နေ၏။

ကောင်းကင်သတ် သိုင်းသူတော်စင် ပြောပြသော အကြောင်းအရာများသည် လိပ်အိုကြီး ပြောပြသည်နှင့် ယေဘုယျအားဖြင့် တူညီနေ၏။ သို့သော် ရှေးခေတ်ကာလက စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းများကိုပါ ထည့်သွင်း ပြောပြနေသဖြင့် နင်ချီ ခံစားချက် တစ်စုံတစ်ရာ ဖြစ်ပေါ်လာမိသည်။ တစ်ဖက်မှာလည်း သူသည် ဘေးပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာထားများကို အကဲခတ်နေပြီး ဟာကွက် တစ်စုံတစ်ရာ တွေ့မလား ရှာဖွေနေ၏။ သို့သော် ကံမကောင်းစွာဖြင့် ကြောင်အမ်းအမ်း ဖြစ်နေသော သိုင်းသူတော်စင် အသစ်များမှလွဲ၍ ဘာမှ ထူးထူးခြားခြား မတွေ့ရပေ။

ခန်းမဆောင်ကြီးမှာ တိတ်ဆိတ်နေပြီး သိုင်းသူတော်စင် အသစ်များ၏ ပြင်းထန်သော အသက်ရှူသံများသာ ထွက်ပေါ်နေ၏။

ကောင်းကင်သတ် သိုင်းသူတော်စင်သည် လူတိုင်း စိတ်ငြိမ်သွားစေရန် အချိန်အနည်းငယ် ပေးပြီးနောက် ဆက်ပြောလိုက်၏။

"မင်းတို့ အခု ဖိအားတွေ အများကြီး ခံစားနေရတယ် ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ဒါက ရှင်သန်ရပ်တည်ရေး တိုက်ပွဲပဲ။ ငါတို့မှာ နောက်ဆုတ်စရာ လမ်း မရှိဘူး။ မတိုက်ရင် သေလမ်းပဲ ရှိတယ်။ အဲဒီအချိန်ကျရင် သိုင်းကမ္ဘာက ပြည်သူ ကုဋေပေါင်းများစွာဟာ သိုင်းကမ္ဘာကြီးနဲ့အတူ ပျက်စီးသွားကြလိမ့်မယ်။ ဒုတိယ ရွေးချယ်စရာ ဆိုတာ မရှိဘူး"

ကောင်းကင်သတ် သိုင်းသူတော်စင်၏ အသံက အေးစက်မာကျောနေသဖြင့် လူတိုင်း အခြေအနေ၏ လေးနက်မှုကို သဘောပေါက်သွားကြပြီး အစွမ်းကုန် တိုက်ခိုက်မှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်ကြ၏။

"ဒါပေမဲ့ ငါတို့မှာ အခွင့်အရေး လုံးဝ မရှိတာတော့ မဟုတ်ဘူး။ တောင်နှင့် ပင်လယ် နယ်မြေက သန်မာပေမယ့် ငါတို့မှာလည်း အားသာချက် ရှိတယ်"

"ကမ္ဘာ့ဆန္ဒပဲ"

ကောင်းကင်သတ် သိုင်းသူတော်စင်က မတ်တတ်ရပ်လိုက်၏။ သူ့အသံတွင် စိတ်အားထက်သန်မှုများ ပါဝင်နေ၏။

"ရှေးခေတ်တုန်းက တောင်နှင့် ပင်လယ် နယ်မြေက ကျူးကျော်သူတွေကို မောင်းထုတ်ဖို့ ကမ္ဘာ့ဆန္ဒက နိုးထခဲ့တယ်။ အခု နှစ်ပေါင်း သောင်းချီ ကြာပြီးတဲ့နောက်မှာ ငါတို့ရဲ့ ဝိညာဉ်ကို ပုန်းအောင်းထားခဲ့ရတဲ့ ပေးဆပ်မှုကြောင့် ကမ္ဘာ့ဆန္ဒက အထွတ်အထိပ် အခြေအနေကို ပြန်ရောက်လာပြီ။ အတိတ်ကထက်တောင် ပိုပြီး အားကောင်းနေပြီ"

"ငါတို့အားလုံး ကမ္ဘာ့ဆန္ဒရဲ့ ကောင်းချီးကို ရယူပြီး နောက်ထပ် တစ်ဆင့် တက်လှမ်းနိုင်ကြမယ်။ ကမ္ဘာ့စွမ်းအားရဲ့ အထောက်အပံ့နဲ့ ဆိုရင် ရန်သူတွေကို နောက်တစ်ကြိမ် မောင်းထုတ်နိုင်လိမ့်မယ်"

သူ့စကားများက စိတ်ဓာတ် တက်ကြွစေသဖြင့် သိုင်းသူတော်စင် အားလုံး၏ သွေးများ ဆူပွက်လာကြ၏။ ရှေးခေတ်ကာလက မငြိမ်မသက် နှစ်ကာလများဆီသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ကြရ၏။

နင်ချီကတော့ အတွေးတစ်ခု ဝင်လာသည်။

သူ သိနေ၏။

ဒီ သိုင်းသူတော်စင် အစည်းအဝေးပွဲသည် သိုင်းသူတော်စင်များကို စုစည်းရုံ သက်သက် မဟုတ်ကြောင်း သေချာသည်။ ကမ္ဘာ့အဖြစ်မှန်ကို ဖွင့်ချရုံလောက် ဆိုလျှင် ဒီလောက် ရှုပ်ထွေးနေစရာ မလိုပေ။

ထင်သည့်အတိုင်းပင်၊

ကောင်းကင်သတ် သိုင်းသူတော်စင်က ထိုစကားကို ပြောလိုက်သည်နှင့် ရှေးဟောင်း သူတော်စင်များသည် အလိုအလျောက် ခါးမတ်သွားကြ၏။ ပျင်းရိလေးတွဲ့နေသော သွေးမည်း မိစ္ဆာ ဘုရင်ပင်လျှင် ခန္ဓာကိုယ် မတ်မတ် ဖြစ်သွားသည်။

တောက်လျှောက် နှုတ်ဆိတ်နေခဲ့သော မဟာယန် သိုင်းသူတော်စင်က နောက်ဆုံးတွင် ဝင်ပြောလိုက်၏။

"ကောင်းကင်သတ် သိုင်းသူတော်စင် ပြောတာ မှန်ပါတယ်။ ဒီနေ့ ခင်ဗျားတို့ကို ခေါ်လိုက်ရတာက ကမ္ဘာ့အဖြစ်မှန်ကို ပြောပြချင်တာရယ်၊ နောက်တစ်ခုက ကောင်းကင်ဘုံ အထက်က ကမ္ဘာ့ဆန္ဒကို နှိုးထဖို့ လူတိုင်းရဲ့ အင်အားကို စုစည်းချင်လို့ပါပဲ။ ငါတို့ တွက်ချက်ထားတာအရ ဆိုရင် နောက် `(၅)` ရက် နေရင် ကောင်းကင်ဘုံ အထက်က မိုးကြိုးမုန်တိုင်း တားမြစ်နယ်မြေ ရဲ့ စွမ်းအား အားနည်းသွားလိမ့်မယ်"

"တောင်နှင့် ပင်လယ် နယ်မြေရဲ့ ကျူးကျော်မှုက နီးကပ်လာပြီ။ ကမ္ဘာ့ဆန္ဒကလည်း ပြန်လည် ကောင်းမွန်နေပြီ။ ငါတို့သာ ကြိုတင် နှိုးထပြီး ကောင်းချီး ရယူနိုင်မယ် ဆိုရင် ငါတို့ရဲ့ စွမ်းအားတွေကို မြှင့်တင်နိုင်လိမ့်မယ်"

အားလုံး ခေါင်းညိတ်လိုက်ကြ၏။

ထိုစဉ် ရယ်သံတစ်ခုက လေထုကို ဖြိုခွင်းလိုက်ပြီး၊ သွေးမည်း မိစ္ဆာ ဘုရင်က ပျင်းရိစွာ ပြောလိုက်၏။

"အဲဒါတွေ ပြောနေလို့ ဘာထူးမှာလဲ။ ဒီနေ့ ငါတို့ လာတာ အိမ်ဆောက်တမ်း ကစားဖို့ လာတာမှ မဟုတ်တာ။ ကမ္ဘာ့ဆန္ဒကို နှိုးထပြီးရင် ရလာမယ့် ကောင်းချီးစွမ်းအားကို ဘယ်လို ခွဲဝေကြမလဲ ဆိုတာ တိုက်ရိုက် ဆွေးနွေးကြစို့လေ... မကောင်းဘူးလား"

မှန်ပေသည်။

ကမ္ဘာ့ဆန္ဒ၏ ကောင်းချီးစွမ်းအား ဆိုသည်မှာ အကန့်အသတ် ရှိစမြဲ။ အကယ်၍ အကန့်အသတ်မရှိ ပေးသနားနိုင်သည် ဆိုလျှင် တောင်နှင့် ပင်လယ် နယ်မြေ၏ ကျူးကျော်မှုကို စိုးရိမ်စရာပင် လိုမည် မဟုတ်။

ထိုစကား ကြားလိုက်သည်နှင့်။

သူတော်စင်များ၏ မျက်လုံးများ အရောင်တောက်သွားကြ၏။

ဘုံရန်သူကြီး ရှိနေသော်လည်း ကောင်းချီးစွမ်းအား ပိုရချင်ကြသည်မှာ သဘာဝပင်၊ ဒါမှသာ နောက်ဆက်တွဲ ဖြစ်လာမည့် တိုက်ပွဲကြီးတွင် အသက်ရှင်နိုင်မည့် အခွင့်အရေး ပိုများမည် မဟုတ်ပါလော။ ကြီးမားသော ရည်မှန်းချက်ကြီး ရှိနေသည် ဆိုလျှင်တောင် လူတိုင်းတွင် ကိုယ်ကျိုးစီးပွား ဆိုတာ ရှိတတ်ကြစမြဲ။ အမှန်တကယ် ကိုယ်ကျိုးစွန့်သော သူတော်စင် ဆိုသည်မှာ ရှားမှရှားပေသည်။

ထိုအခါ၊ ကောင်းကင်သတ် သိုင်းသူတော်စင်က သွေးမည်း မိစ္ဆာ ဘုရင် ဘက်သို့ အဓိပ္ပာယ်မဲ့သော အကြည့်တစ်ချက် ပို့လွှတ်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။

"ရှေးကတည်းက ဆုလာဘ် ဆိုတာ စွမ်းဆောင်ရည် အပေါ် မူတည်ပြီး ခွဲဝေပေးလေ့ ရှိတယ်။ ဒါပေမဲ့ အခု လက်ရှိ အခြေအနေက ထူးခြားနေတဲ့အတွက် အကျိုးအမြတ် အများဆုံး ဖြစ်အောင်... ကျင့်ကြံခြင်း အဆင့် အလိုက် ခွဲဝေကြမယ်။ ဒါဆိုရင် ငါတို့ သိုင်းကမ္ဘာမှာ စွမ်းအားကြီး ပုဂ္ဂိုလ်တွေ ပိုများလာနိုင်တယ်လေ... မဟုတ်ဘူးလား"

အားလုံး ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ကြ၏။

ရှေးဟောင်း သူတော်စင် အများစုက မကန့်ကွက်ကြပေ။ တစ်နည်းအားဖြင့် ကြည့်လျှင် ကျင့်ကြံခြင်း အဆင့် ဆိုသည်မှာ စွမ်းဆောင်ရည်နှင့်လည်း သက်ဆိုင်နေသည် မဟုတ်ပါလော။ ကျင့်ကြံခြင်း မြင့်မားလေ ၊ အတိတ်က စွမ်းဆောင်ခဲ့မှု ကြီးမားလေပင် ဖြစ်၏။ စွမ်းဆောင်ရည် မြင့်မားသော်လည်း ကျင့်ကြံခြင်း အဆင့် နိမ့်နေသော လူနည်းစုကတော့ မကျေမနပ် ဖြစ်သွားကြသော်လည်း ရွေးချယ်စရာ မရှိပေ။

အဆုံးသတ်ကျတော့ ဒီကမ္ဘာကြီးက အားကြီးသူသာ ရှင်သန်နိုင်သော ကမ္ဘာ မဟုတ်ပါလော။

ဒါသည် ထာဝရ အမှန်တရားပင်၊

သိုင်းသူတော်စင် အသစ်များ အနေဖြင့်ကတော့ ပို၍ပင် ငြင်းစရာ မရှိ။

စွမ်းဆောင်ရည်နှင့် ခွဲသည် ဖြစ်စေ၊ ကျင့်ကြံခြင်းနှင့် ခွဲသည် ဖြစ်စေ၊ သူတို့ အဆင့်ကတော့ အောက်ဆုံးမှာသာ ရှိနေမည် ဖြစ်၏။ ကောင်းချီးစွမ်းအား အနည်းငယ် ရရှိပြီး ကျင့်ကြံခြင်း အဆင့် တက်သွားလျှင်ပင် မဆိုးလှပေ။

သွေးမည်း မိစ္ဆာ ဘုရင်က သဘောကျစွာ ရယ်မောလိုက်၏။

"အဲဒီလို ဖြစ်သင့်တာပေါ့"

စကားဆုံးသည်နှင့်၊

အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါကြီး တစ်ခု သူ့ထံမှ ပေါက်ကွဲထွက်ပေါ်လာရာ လူတိုင်း၏ နှလုံးသားများ တုန်လှုပ်သွားရ၏။ ဒါသည် သူ့အင်အားကို ပြသပြီး လူတိုင်း၏ လေးစားမှုကို ရယူလိုက်ခြင်းပင် ဖြစ်ချေသည်။

All Chapters