← Chapters

အကန့်အသတ်မဲ့သော မှော်စွမ်းအား၊ ကျယ်ပြောသော နတ်ဘုရားနည်းစနစ်များ (၂)

Vol. 27 Ch. 394

အကန့်အသတ်မဲ့သော မှော်စွမ်းအား၊ ကျယ်ပြောသော နတ်ဘုရားနည်းစနစ်များ (၂)

Vol. 27 Ch. 394

~မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင် ခမျာ ရင်ထဲတွင် မကျေမနပ်ဖြင့် ညည်းတွားလိုက်သည်။

'ဒီကောင်က တကယ်ကို နိုင်စားလွန်းတာပဲ'

သို့သော် အပြင်ပန်းတွင်မူ သူသည် အတင်းဟန်လုပ်ထားသော အပြုံးခြောက် တစ်ခုဖြင့် ပြောလိုက်ရ၏။

"စစ်မှန်သူ ပိုင်ရှန် ပြောတာ မှန်ပါတယ်... ကျွန်တော်တို့ သေချာမြင်လိုက်ရပါတယ်ဗျာ... နေနီ သိုင်းသူတော်စင် နဲ့ သိုင်းသူတော်စင် ဇီယွဲ့ တို့ရဲ့ ကံကြမ္မာက သူတို့ဘာသာ ရှာကြံခဲ့တာပါ"

အစစ်အမှန်သိုင်းဂိုဏ်းသားများ အားလုံး၏ မျက်နှာတွင် အပြုံးများ ပေါ်လာကြ၏။

သူတို့သည် အရှက်တကွဲဖြင့် ထွက်ပြေးသွားသော သိုင်းသူတော်စင် သုံးဦးကို ကြည့်နေကြ၏။

ထိုသုံးဦး၏ အရိပ်များ ပျောက်ကွယ်သွားသည့်အခါတွင်မှ သူတို့သည် အားရပါးရ အော်ဟစ်ရယ်မောလိုက်ကြလေသည်။

‘ကျေနပ်စရာ ကောင်းလိုက်တာ။’

...

တာအိုဆရာ ပိုင်ရှန် သည် အစစ်အမှန်သိုင်းတောင် တွင် သိပ်ကြာကြာ မနေဘဲ ထွက်ခွာသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်နိုးထခြင်း အစပြုခါစ ဖြစ်သဖြင့် အစစ်အမှန် နက်ရှိုင်းတောင် တွင် ကိုင်တွယ်ဖြေရှင်းစရာ ကိစ္စရပ်များစွာ ရှိနေသောကြောင့် ဖြစ်၏။ သူ ချက်ချင်း ရောက်လာပေးခြင်းကပင် နင်ချီအပေါ် ထားရှိသော လေးစားမှုကို ပြသရာ ရောက်နေပေပြီ။ ယခု ကိစ္စများ ပြီးပြတ်သွားပြီ ဖြစ်သဖြင့် သဘာဝကျစွာပင် သူ အချိန်ဆွဲမနေတော့ပေ။

သို့သော် မထွက်ခွာမီ၊

သူသည် နင်ချီကို လေးနက်စွာ သတိပေးခဲ့၏။ အကယ်၍ ကောင်းကင်သတ်သိုင်းသူတော်စင် လာရောက်ခဲ့လျှင် ယနေ့ကိစ္စကို သေချာစွာ ဆွေးနွေးညှိနှိုင်းသင့်ကြောင်း မှာကြားခဲ့လေ၏။

"ဒီတစ်ခေါက်က မင်းအမှား မဟုတ်ပါဘူး... ဒါပေမယ့် သူနဲ့ ပြဿနာမဖြစ်အောင် နေနော်... ကောင်းကင်သတ်သိုင်းသူတော်စင် က အကျိုးအကြောင်း မသိတဲ့လူ မဟုတ်ပါဘူး... ဒါ့အပြင် အခု မင်းက သိုင်းသူတော်စင် ဇီယွဲ့ တို့ နေနီ တို့ထက် အများကြီး ပိုသန်မာနေပြီ... သူတို့ထက် ပိုတန်ဖိုးရှိနေပြီ၊ မောင်နင်ချီရ"

တာအိုဆရာ ပိုင်ရှန် က နင်ချီ၏ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။

သူ့ရင်ထဲတွင် ခံစားချက် တစ်စုံတစ်ရာ ဖြစ်ပေါ်လာသည်။ နင်ချီအတွက် သူပေးနိုင်သော အကူအညီက တဖြည်းဖြည်း နည်းပါးလာပြီဟု ခံစားလိုက်ရ၏။ သူ့ရှေ့မှ လူသားသည် သေချာပေါက် ဘီလူး တစ်ကောင် ဖြစ်ပေသည်။ တွေ့လိုက်တိုင်း ပိုပိုပြီး သန်မာလာလိုက်တာ ၊ယခုဆိုလျှင် သူပင် နင်ချီ၏ ပြိုင်ဘက် မဟုတ်တော့သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။ တကယ့်ကို ရယ်ချင်စရာပင်။

နင်ချီ ခေါင်းညိတ်လိုက်ပြီး မေးခွန်းတစ်ခု မေးရန် မနေနိုင် ဖြစ်သွားသည်။

"ကောင်းကင်သတ်သိုင်းသူတော်စင် ရဲ့ အဆင့်က ဘယ်လောက်ရှိလဲဗျ"

ထိုအခါ၊ တာအိုဆရာ ပိုင်ရှန်က စဉ်းစားလိုက်ပြီးနောက်

"ကောင်းကင်ဘုံလူသား အဆင့်အထက်မှာ သိုင်းသူတော်စင် အဆင့် ရှိတယ်... သိုင်းသူတော်စင် အဆင့်အထက်မှာကျတော့ နတ်ဘုရားစွမ်းအား နယ်ပယ် လို့ ခေါ်ကြတယ်ကွ"

"အသက်အဆိပ် မပေါ်လာခင်တုန်းက နတ်ဘုရားစွမ်းအား နယ်ပယ် ဆိုတာ ကမ္ဘာကြီးက လက်မခံနိုင်တော့တဲ့ အကန့်အသတ်တစ်ခု ဖြစ်နေပြီ... အဲဒီအဆင့် ရောက်သွားရင် ကောင်းကင်ဘုံကို ခွဲထွက်ပြီး ပျံသန်းတက်ရောက်ဖို့ပဲ ရှိတော့တာ... ရှေးလူကြီးတွေ ပြောကြတဲ့ သိုင်းသူတော်စင် တွေ ကောင်းကင်ဘုံကို တက်လှမ်းတယ် ဆိုတာ တကယ်တော့ အဲဒီ နတ်ဘုရားစွမ်းအား နယ်ပယ် ကို ရည်ညွှန်းကြတာ... ဒါပေမယ့် အဲဒီလို ဖြစ်ရပ်မျိုး မပေါ်ပေါက်လာတာ ကြာလှပြီ... အသက်အဆိပ် ရှိနေခြင်းက သိုင်းပညာရှင်တွေရဲ့ တိုးတက်မှုကို တားဆီးထားတာကိုး"

တာအိုဆရာ ပိုင်ရှန်သည် မျှော်လင့်ချက် ရိပ်သန်းနေသော မျက်ဝန်းများဖြင့် သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။

"ကောင်းကင်သတ်သိုင်းသူတော်စင် က အဲဒီအဆင့်ကို ရောက်ပြီလား ဆိုတာတော့ မသိရသေးဘူး"

ထိုရှင်းပြချက်ကြောင့် နင်ချီ ထိတ်လန့်သွားသည်။

'နတ်ဘုရားစွမ်းအား နယ်ပယ်' ဆိုသော စကားလုံးကို ဖြည်းဖြည်းချင်း တွေးတောရင်း သူ့စိတ်ထဲတွင် စာကြောင်းတစ်ကြောင်း ရုတ်တရက် ပေါ်လာသည်။

အကန့်အသတ်မဲ့သော မှော်စွမ်းအား၊ ကျယ်ပြောသော နတ်ဘုရားနည်းစနစ်များ။

သူသည် စီနီယာ လိပ်အိုကြီး ထံမှ ဝိညာဉ်စွမ်းအား ကို မှော်စွမ်းအား ဟုလည်း ခေါ်ဆိုကြောင်း လေ့လာခဲ့ဖူးသည်။ ယခု နတ်ဘုရားစွမ်းအား နယ်ပယ် သည် သိုင်းသူတော်စင် အဆင့်နောက်မှ လိုက်လာကြောင်း သိလိုက်ရသောအခါ အလိုအလျောက်ပင် ဆက်စပ်တွေးတောမိသွား၏။

သူ့ရင်ထဲတွင် တိုက်ခိုက်လိုစိတ်များ နိုးကြားလာသည်။

ယခု လက်ရှိ သူ့အခြေအနေနှင့် ကောင်းကင်သတ်သိုင်းသူတော်စင် ကို ယှဉ်ကြည့်လိုက်လျှင် ဘယ်လို နေမလဲဟု သိချင်လာမိလာ၏။

"အခုလက်ရှိမှာ ကောင်းကင်သတ် သိုင်းသူတော်စင် လို လူမျိုးတွေ အများကြီး ရှိလားဗျ" ဟု နင်ချီ မေးလိုက်သည်။

သူ့မေးခွန်းကြောင့် တာအိုဆရာ ပိုင်ရှန် ရယ်မောလိုက်သည်။

"ကောင်းကင်သတ်သိုင်းသူတော်စင် က တစ်ယောက်ပေါ့... ပြီးတော့ မဟာယန် သိုင်းသူတော်စင် လည်း သူ့ထက် မနိမ့်ကျလောက်ဘူး... အဲဒါအပြင် အစစ်အမှန်သိုင်း ခန်းမဆောင် က လိပ်အိုကြီး လည်း ပါတာပေါ့... တခြားလူတွေကတော့ ပုန်းကွယ်နေကြတာ... ရှေးဟောင်းအမွေအနှစ်တွေလောက်ပဲ ရှိတော့တယ်... ရှိလှမှ နောက်ထပ် တစ်ယောက် နှစ်ယောက်ပေါ့... အဲဒီအဆင့်မှာ ရှိတဲ့သူတွေကို လက်ချိုးရေလို့ ရတယ်"

"ကောင်လေး၊ မင်းရဲ့ စွမ်းအားဆိုရင် ကမ္ဘာပေါ်က ထိပ်တန်းငါးယောက် စာရင်းထဲတောင် ဝင်လောက်နေပြီကွ"

ဒီစကားကို ပြောပြီး သူကိုယ်တိုင်ပင် အံ့ဩသွားရ၏။

အရင်တုန်းကတော့ သူက နင်ချီကို ကာကွယ်ပေးနိုင်သည်ဟု ပြောခဲ့ဖူးသော်ငြား၊ ယခုတော့ အခြေအနေက ပြောင်းပြန် ဖြစ်သွားနိုင်ချေ ရှိနေတော့၏။

နင်ချီ တိတ်တဆိတ် ရယ်မောလိုက်ပြီး‌ နောက်၊ စကားပြောရန် ပြင်လိုက်သော်လည်း တုံ့ဆိုင်းသွားသည်။

တာအိုဆရာ ပိုင်ရှန် သတိထားမိလိုက်သည်။

"မင်းစိတ်ထဲမှာ သံသယတွေ ရှိနေတယ်ဆိုတာ ငါသိပါတယ်... ဒါပေမယ့် ရှေးဟောင်း သူတော်စင် တွေကြားက သဘောတူညီချက်ဆိုတာ ရှေးဟောင်းကတိကဝတ် တစ်ခုလေ... ရှေးဟောင်း သူတော်စင် တွေပဲ သိကြတာ... ငါ ထုတ်ပြောလို့ မရဘူး... ငါပြောခဲ့တဲ့ လူနည်းစုလောက်ပဲ မင်းကို ပြောပြနိုင်မယ့် အရည်အချင်း ရှိကြတာ... ဒါပေမယ့် မလောပါနဲ့ကွာ... မကြာခင်မှာ သိုင်းသူတော်စင် တွေ စုဝေးပြီး ဆွေးနွေးကြဖို့ ရှိလောက်တယ်... အဲ့ဒီအခါကျရင် အရာအားလုံး ရှင်းလင်းသွားမှာပါ"

ဒီတစ်ခေါက် သိုင်းသူတော်စင် အသစ်များ ပေါ်ထွက်လာမှုသည် အတော်အတန် များပြားလှပေသည်။

ရှေးဟောင်း သူတော်စင် များသည် သာမန်မဟုတ်သော အမွေအနှစ်များကို ပိုင်ဆိုင်ထားကြ၏။ မူလက ကောင်းကင်ဘုံလူသား အဆင့် ပြည့်စုံသူ အနည်းငယ်အပြင်၊ အချို့သော ရှေးဟောင်း သူတော်စင် များသည် ကောင်းကင်ဘုံလူသား အဆင့် ပြည့်စုံသူများကို ပြုစုပျိုးထောင်ပြီး အရှိန်မြှင့်တင်ပေးခဲ့ကြသဖြင့် ယနေ့ အခွင့်အရေးတွင် သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြခြင်း ဖြစ်၏။

ဥပမာအားဖြင့် အစစ်အမှန် နက်ရှိုင်းတောင် မှ စစ်မှန်သူ သုံးပါးအနက် တစ်ပါး ဖြစ်သော စစ်မှန်သူ ပိုင်ရှန်း သည် ယခုအခါ သိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိနေလေ၏။

တာအိုဆရာ ပိုင်ရှန် သည် ဒီရက်ပိုင်း ထိုကိစ္စများနှင့် အလုပ်ရှုပ်နေခဲ့ရ၏။

"သူတော်စင် တစ်ရာ ပေါ်ထွက်လာခြင်း... တကယ့်ကို ခေတ်အဆက်ဆက် မမြင်ဖူးတဲ့ မြင်ကွင်းပါလား" တာအိုဆရာ ပိုင်ရှန် ကိုယ်တိုင်ပင် အံ့ဩတကြီး ရေရွတ်လိုက်မိသည်။ ဤမျှ တောက်ပသော မြင်ကွင်းမျိုးကို ရှေးဟောင်း သူတော်စင် များပင် တစ်ခါမှ မကြုံဖူးခဲ့ကြပေ။

အကယ်၍သာ ယခု ဝိညာဉ်နိုးထခြင်း ကြောင့် ကောင်းကင်နှင့် မြေကြီး ကျယ်ပြန့်လာပြီး ယခင် အထွတ်အထိပ် အချိန်များထက် ပိုမို ခံနိုင်ရည်ရှိလာခြင်း မဟုတ်ပါက၊ ဤမျှများပြားသော သိုင်းသူတော်စင် များကို လက်ခံနိုင်မည် မဟုတ်ပေ။

"သူတော်စင် တစ်ရာ ပေါ်ထွက်လာခြင်း..."

တာအိုဆရာ ပိုင်ရှန် ထွက်ခွာသွားသည်ကို ကြည့်ရင်း နင်ချီ တိုးတိုးလေး ရေရွတ်လိုက်သည်။

တာအိုဆရာ ပိုင်ရှန် အသေးစိတ် မပြောပြခဲ့သော်လည်း နင်ချီ အတော်အတန် ခန့်မှန်းမိသည်။ တောက်ပသော မြင်ကွင်း၏ နောက်ကွယ်တွင် ကျဆုံးခန်းက ကပ်ပါလာတတ်စမြဲပင်။ ရှေးဟောင်း သူတော်စင် များသည် ဝိညာဉ်စွမ်းအား ကို စေ့စပ်သေချာစွာ ဝှက်ထားခဲ့ကြပြီး၊ ယခုမှ ပြန်လည်ပေါ်ပေါက်လာကာ ပေါက်ကွဲထွက်လာခြင်းသည် ပျင်းလို့ လုပ်နေကြခြင်းတော့ မဟုတ်တန်ရာ။

ကြီးမားသော အကြပ်အတည်း တစ်ခုခု ဆိုက်ရောက်လာတော့မည် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

"ထားလိုက်တော့... တွေးနေလို့လည်း ဘာမှ အကျိုးမထူးပါဘူး... နောက်ရက်နည်းနည်းကြာရင် အစစ်အမှန်သိုင်း ခန်းမဆောင် ကို သွားပြီး စီနီယာ လိပ်အိုကြီး ကို မေးကြည့်ရမယ်"

သူ အစစ်အမှန်သိုင်း အမွေအနှစ်ကို လက်ခံရရှိစဉ်က သိုင်းသူတော်စင် အဆင့်ရောက်လျှင် လာခဲ့ပါဟု စီနီယာ လိပ်အိုကြီး မှာကြားခဲ့ဖူးသည်။

အစစ်အမှန်သိုင်း ခန်းမဆောင် ၏ တည်နေရာကို ရှာဖွေရန်မှာ အလွန်လွယ်ကူသည်။ စီနီယာ လိပ်အိုကြီး က သူ့အား အာရုံခံမှတ် တစ်ခု ထားပေးခဲ့သောကြောင့် ဖြစ်၏။

အစစ်အမှန်သိုင်းတောင် သည် ပျော်ရွှင်သော လေထုထဲတွင် နစ်မြုပ်နေဆဲပင်။

ယနေ့ ရရှိလိုက်သော အကျိုးကျေးဇူးများကား ကြီးမားလှပေသည်။

ထို့ထက်ပို၍ သူတို့သည် ပြိုင်ဘက်ကင်းသော တိုက်ပွဲတစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရခြင်း ဖြစ်ပါသည်။

-ဂိုဏ်းတစ်ခုတည်းမှ သိုင်းသူတော်စင် လေးပါး။

မျောက်ဖြူ နှင့် ကျွမ်းချန် တို့ကဲ့သို့သော သိုင်းသူတော်စင် အရန်အင်အားများ၊ ထူးချွန်သော ပါရမီနှင့် ဉာဏ်ရည်ဉာဏ်သွေးရှိသည့် သိုင်းမျိုးစေ့များစွာလည်း ရှိနေသေးသည်။

အစစ်အမှန်သိုင်းဂိုဏ်း သည် သန်သန်စွမ်းစွမ်း ပြန်လည် နိုးထလာခဲ့ချေပြီ။

အနာဂတ်တွင် ပိုမို၍သာ သန်စွမ်းလာပေတော့မည်။

နင်ချီသည် သူ၏ သိုင်းပညာဆိုင်ရာ အသိအမြင်များကို လူတိုင်းအား မျှဝေပေးပြီးနောက် တံခါးပိတ် ကျင့်ကြံရန် ပြင်ဆင်လေသည်။ ဤတစ်ခေါက်တွင် စတုတ္ထအဆင့် သိုင်းသူတော်စင် သို့ တစ်ဟုန်ထိုး တက်ရောက်နိုင်ခဲ့သဖြင့် အခြေခံအုတ်မြစ်ကို ခိုင်မာအောင် လုပ်ဆောင်ရန် လိုအပ်နေပြီး၊ သေချာစွာ နားလည်သဘောပေါက်ရန်နှင့် ကြေညက်အောင် လုပ်ဆောင်ရန် လိုအပ်သော လျှို့ဝှက်ချက်များစွာလည်း ရှိနေသေးသည်။

သူသည် တာအိုရှာဖွေခြင်း ကျောင်းတော် အတွင်း၌ တိတ်ဆိတ်စွာ ရပ်နေလိုက်၏။ ဉာဏ်အလင်း လက်ဖက်ပင် ကြီးသည် ကိုးဆယ့်ကိုးပေအထိ မြင့်မားနေပြီး နေကိုပင် ကွယ်ထားနိုင်လောက်သည့် မြင်ကွင်းမျိုးကို ဖန်တီးထားရာ ယခင်နှင့် နှိုင်းယှဉ်၍ပင် မရနိုင်တော့ပေ။

အစစ်အမှန်သိုင်းဂိုဏ်းသား တိုင်း မြင်တွေ့နိုင်လေသည်။

သို့သော် ထိုအချက်က လုံးဝ ကောင်းမွန်လှသည်တော့ မဟုတ်ပေ။ အနာဂတ်တွင် ပြင်ပလူများ အစစ်အမှန်သိုင်းဂိုဏ်း သို့ မလွဲမသွေ လာရောက်ကြမည် ဖြစ်ရာ၊ ဆန်းကြယ်မှု အချို့ ပျောက်ဆုံးသွားနိုင်သလို၊ ကြွယ်ဝမှုကို ကြွားဝါခြင်းသည်လည်း ပညာရှိရာ မရောက်ပေ။ အမြဲတမ်း အကြည့်ခံနေရခြင်းက သူတို့ကို ပစ်မှတ်ဖြစ်လာစေနိုင်၏။

ဤသို့ တွေးမိလိုက်သောအခါ..

နင်ချီ လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝိညာဉ်စွမ်းအား တန်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အစစ်အမှန်သိုင်း မက်မွန်ပင် များဆီသို့ ဦးတည်သွားလေသည်။ ဤ ဝိညာဉ်နိုးထခြင်း အခွင့်အရေးတွင် ဉာဏ်အလင်း လက်ဖက်ပင် က အဓိက အကျိုးကျေးဇူးကို ရရှိခဲ့သော်လည်း၊ အစစ်အမှန်သိုင်း မက်မွန်ပင် များသည်လည်း ကောင်းချီးအချို့ ရရှိခဲ့ကြသဖြင့် သိသိသာသာ ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး ဝိညာဉ်စွမ်းအား များကို ချောမွေ့စွာ လက်ခံနိုင်နေပြီ ဖြစ်၏။

နင်ချီသည် မက်မွန်ပင်များကို အခြေပြု၍ အခင်းအကျင်း တစ်ခု တည်ဆောက်လိုက်သည်။

ချက်ချင်းပင်..၊

မြူဖြူ များ ပျံ့နှံ့သွားပြီး မကြာမီတွင် မြင့်မားသော ဉာဏ်အလင်း လက်ဖက်ပင် ကြီးကို လွှမ်းခြုံသွားလေတော့သည်။

အစစ်အမှန်သိုင်းဂိုဏ်းသားများ အံ့ဩသွားကြ၏။

ထို့နောက် ခမ်းနားသော မြင်ကွင်းကို မမြင်ရတော့မည့်အတွက် နှမြောတသ ဖြစ်သွားကြ၏။

နင်ချီ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ဤသည်မှာ အစစ်အမှန်သိုင်း အမွေအနှစ် နေရာမှ ရရှိထားသော မြူဖြူ ဝင်္ကပါ ဖြစ်၏။ ကူနတ်ဘုရား နှင့် တိုက်ခိုက်စဉ်က အစမ်းသဘော အသုံးပြုခဲ့သော်လည်း၊ ယခုအခါတွင်မူ လွယ်ကူစွာ ထိန်းချုပ်နိုင်ပြီး သက်ရောက်မှုလည်း ပိုမို ကြီးမားလာခဲ့ချေပြီ။

‘နောက်ကျရင် အချိန်ရတဲ့အခါ ဒါကို သေချာ လေ့လာရဦးမယ်... အခု ဝိညာဉ်စွမ်းအား ကို ထိန်းချုပ်နိုင်ပြီဆိုတော့ အရင်က အတွေးတွေကို စပြီး စမ်းသပ်လို့ ရပြီ... အခင်းအကျင်း လမ်းစဉ်က နတ်ဘုရားစွမ်းအား ကို ကျွမ်းကျင်ဖို့ လမ်းစပဲ ဖြစ်ရမယ်’

နင်ချီ သုံးသပ်ပြီးနောက်၊ ဉာဏ်အလင်း လက်ဖက်ပင် အောက်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ကာ အသက်ရှူနှုန်းကို တဖြည်းဖြည်း တည်ငြိမ်အောင် လုပ်လိုက်သည်။

သူ အတွင်းအမြင်ဖြင့် စတင် ဆင်ခြင်သုံးသပ်လိုက်သည်။

အဆင့်မတက်မီ အချိန်နှင့် နှိုင်းယှဉ်လျှင် သိသာထင်ရှားသော ပြောင်းလဲမှုများကို ရှင်းလင်းစွာ ခံစားလိုက်ရ၏။

"ပထမဆုံးအနေနဲ့ ချီစွမ်းအင် နဲ့ မူလအမြုတေ တို့ကို ဝိညာဉ်စွမ်းအား က အပြည့်အဝ ဝါးမြိုလိုက်ပြီ... အခု ငါ့ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအား ဆိုတဲ့ အားကောင်းတဲ့ စွမ်းအင်တစ်ခုတည်းပဲ ရှိတော့တယ်"

"ပန်းသုံးပွင့် ကတော့ ရှိနေတုန်းပဲ... ကြိုက်တဲ့အချိန် ပြန်စုစည်းလို့ ရတယ်... ဒါပေမယ့် အရင်ကထက် အများကြီး ပိုအားကောင်းလာတယ်... ငါ့ရဲ့ အနှစ်သာရ၊ ချီ၊ နဲ့ ဝိညာဉ် တို့က အဆင့်သစ်တစ်ခုကို ရောက်သွားပြီကိုး"

"ပထမဆုံး အနှစ်သာရ... ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်က ပိုသန်မာလာတယ်... ပြတ်သွားတဲ့ ခြေလက်တွေကို ပြန်ပေါက်အောင် မလုပ်နိုင်သေးပေမယ့်၊ အသားစိုင်တွေရဲ့ လှုပ်ရှားမှုက အများကြီး တိုးတက်လာတယ်... ပြတ်သွားတဲ့ အစိတ်အပိုင်းကို ပြန်ဆက်လိုက်ရင် မူလအခြေအနေအတိုင်း အလွယ်တကူ ပြန်ကောင်းနိုင်တယ်... သာမန် ဒဏ်ရာလောက်ကတော့ အရေးမပါတော့ဘူး"

"ဒုတိယ ချီ... အခု ငါ့ထဲမှာ ဝိညာဉ်စွမ်းအား ဆိုတဲ့ စွမ်းအင်တစ်ခုတည်းပဲ ရှိတော့တယ်... အရင်က ချီစွမ်းအင် တွေကို ဝိညာဉ်စွမ်းအား က အပြည့်အဝ ဝါးမြိုလိုက်ပြီ... မူလအမြုတေ လည်း အဲဒီလိုပဲ... ဒါကြောင့် ငါ့ရဲ့ ဝိညာဉ်စွမ်းအား က ဒီလောက် ကြွယ်ဝနေရတာပေါ့"

"နောက်ဆုံး ဝိညာဉ်... ဝိညာဉ်စွမ်းအား ရဲ့ သက်ရောက်မှုကြောင့် နတ်ဘုရားစိတ်ဆန္ဒ ပြောင်းလဲမှုက ပိုအားကောင်းတဲ့ စွမ်းအင်တစ်ခုအဖြစ် ပြောင်းသွားပြီ... ပတ်ဝန်းကျင်ကို ထုတ်ဖော်ပြသနိုင်ရုံသာမက လက်တွေ့ဘဝကိုပါ သက်ရောက်မှု ရှိစေနိုင်တယ်... အရင်က သိုင်းသူတော်စင် နည်းစနစ်တွေအရဆိုရင် ဒါကို ဝိညာဉ်အာရုံ လို့ ခေါ်တာပဲ"

နင်ချီသည် ကဏ္ဍတစ်ခုချင်းစီကို ခံစားကြည့်လိုက်ရာ အသစ်အဆန်းများ ဖြစ်နေပြီး စိတ်ထဲတွင် ကျေနပ်အားရနေမိသည်။

အဆင့်တက်တိုင်းတွင် လုံးဝ အသစ်ဖြစ်သော အတွေ့အကြုံများကို ခံစားရစမြဲပင်။

"ဒါပေမယ့် ပန်းသုံးပွင့် ရှိနေသေးပေမယ့် အဓိက နည်းလမ်း မဟုတ်တော့ဘူး... အခု အစွမ်းအထက်ဆုံးက ကိုယ်တွင်းအင်္ဂါငါးခု နဲ့ ချီငါးပါး ပဲ"

"လက်ရှိမှာ ငါက ရွှေ၊ သစ်၊ ရေ၊ မီး ဆိုတဲ့ ချီလေးပါးကို ပိုင်ဆိုင်ထားပြီးပြီ... သရက်ရွက် အင်္ဂါထဲမှာ မြေချီ ကို ကျင့်ကြံဖို့ပဲ လိုတော့တယ်"

သူ့ကိုယ်သူ ပြန်လည်စစ်ဆေး

လိုက်သည်။

ဝိညာဉ်စွမ်းအား တန်းများ လှည့်ပတ်စီးဆင်းနေပြီး နှလုံး၊ အသည်း၊ အဆုတ် နှင့် ကျောက်ကပ် တို့ဆီသို့ အများဆုံး စုဝေးရောက်ရှိနေကြသည်ကို တွေ့ရလေသည်။ ထို အင်္ဂါလေးခုသည် တောက်ပနေပြီး သရက်ရွက်နှင့် သိသိသာသာ ကွာခြားနေပေသည်။

All Chapters