← Chapters

အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်၊ သတ္တဝါအပေါင်း၏ ဉာဏ်ပညာဖြင့် လောင်စာဖြည့်ခြင်း (၄)

Vol. 11 Ch. 160

အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်၊ သတ္တဝါအပေါင်း၏ ဉာဏ်ပညာဖြင့် လောင်စာဖြည့်ခြင်း (၄)

Vol. 11 Ch. 160

~ဓားသမားအားလုံးမှာ ဆွံ့အမှင်တက်သွားကြလေသည်...။ ထိုဓားကျောက်စာတိုင် အတွင်းမှ ဓားစိတ်ဆန္ဒက... သူတို့ကို ကြည်ညို လေးစားစွာ မော့ကြည့်စေခဲ့၏။

"အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်တဲ့လား...။ တကယ့်ကို 'ကောင်းကင်ဘုံဓားသခင်' အစစ်အမှန်ပါပဲလား..."

'မြို့စောင့်မြောက်ပိုင်းဘုရင်' သည် ချီးကျူးစကား ဆိုလိုက်မိတော့သည်။

သူ၏ မျက်ဝန်းများထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်နေခဲ့၏...။

သူသည် 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ၏ ပြီးပြည့်စုံသော ဓားစိတ်ဆန္ဒကို အပြည့်အဝ ခံစားနိုင်သော လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်လေသည်။

ဤကျောက်စာတိုင်သည် တစ်လောကလုံးတွင် အကျော်ဒေးယျ ဖြစ်သွားမည် ဖြစ်ပြီး... ဓားသမားအားလုံး လာရောက် ဂါရဝပြုရမည့် မြင့်မြတ်သော နေရာတစ်ခု ဖြစ်လာလိမ့်မည်ဟု သူ ကြိုတင် ခံစားမိလိုက်သည်။

'ဒီလူ... မဆိုးဘူးပဲ...။ မကောင်းတဲ့ ရည်ရွယ်ချက် မရှိသရွေ့... ဒီကျောက်စာတိုင်ကနေ 'ဓားတာအို' ကို လာလေ့လာလို့ ရတယ်ဆိုတဲ့ သဘောပဲ...။ တစ်လောကလုံးမှာ ရှိတဲ့ ဓားသမားတွေကို ဒီလောက်ကြီးမားတဲ့ မျက်နှာသာ ပေးရဲတယ်...။ သူ့ရဲ့ 'ဓားတာအို' ကို တခြားသူတွေ သင်ယူသွားမှာ လုံးဝ မကြောက်ဘူးပဲ...'

မကောင်းသော ရည်ရွယ်ချက် မရှိသရွေ့... ဤကျောက်စာတိုင်မှ 'ဓားတာအို' ကို နားလည် သဘောပေါက်နိုင်ကြပေလိမ့်မည်။

ဒါက မည်မျှ ခမ်းနားသော အမူအရာပါနည်း...။

လောကကြီး၏ ဓားသမားများကို ဤမျှလောက် မျက်နှာသာ ပေးအပ်ရဲပါတကား...။

သူသည် အခြားသူများက သူ၏ 'ဓားတာအို' ကို သင်ယူသွားမည်ကို လုံးဝ မကြောက်ရွံ့ပေ။

ဆင်ခြင် သုံးသပ်နေရင်း 'မြို့စောင့်မြောက်ပိုင်းဘုရင်' စိတ်ထဲမှ သက်ပြင်း တစ်ချက် ချလိုက်မိသည်။

'ဒါပေမဲ့... တော်တော် နှမြောစရာကောင်းတာက... ဒီ 'ကောင်းကင်ဘုံဓားသခင်' ကတော့ အသက် သိပ်မကျန်တော့ဘူး ထင်ပါရဲ့...။ မဟုတ်ရင်... ဒီလောက် ပြိုင်ဘက်ကင်းတဲ့ ဓားစိတ်ဆန္ဒနဲ့သာဆို... နောင်တစ်ချိန် 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ရဲ့ ထိပ်ဆုံး

သုံးယောက်ထဲတောင် ဝင်နိုင်စွမ်း ရှိတာ...'

'ကောင်းကင်ဘုံဓားသခင်' မှာ... ဓားတစ်လက်တည်းအပေါ်တွင်သာ စွဲလမ်းရူးသွပ်သူ တစ်ဦး ဖြစ်နိုင်ပြီး... ဖြစ်နိုင်သည်မှာ... အသက်ကြီးမှ ဉာဏ်အလင်းရခဲ့သူ တစ်ဦး ဖြစ်တန်ရာသည်ဟု 'မြို့စောင့်မြောက်ပိုင်းဘုရင်’ တွေးဆလိုက်မိ၏။

လောကတစ်ခွင်လုံးတွင်... သူ၏ ဓားစိတ်ဆန္ဒမှာ တုနှိုင်းဖွယ်မရှိသလောက် ဖြစ်သော်လည်း... သူ၏ ကျင့်ကြံခြင်း နယ်ပယ်မှာမူ အနည်းငယ် လိုအပ်နေခဲ့သေးသည်။

'မြွေအဘွား' သည် ထိုဓားကျောက်စာတိုင်ကို ကြည့်လိုက်ပြီး... 'တောင်ပိုင်းနယ်စပ် သူတော်စင်မလေး' ထံသို့ ယုံကြည်မှုအပြည့်ဖြင့် ခေါင်းခါပြလိုက်သည်။

"ဒီလို အထွတ်အထိပ် သန့်စင်တဲ့ ဓားစိတ်ဆန္ဒမျိုးက... ဓားအပေါ်မှာပဲ အလွန်အမင်း မြှုပ်နှံထားတဲ့ လူတွေမှပဲ ပိုင်ဆိုင်နိုင်တာပါ...။ အဆိပ်စွမ်းအင် ဟုတ်လား...။ အဲ့ဒါက သူတို့ရဲ့ လမ်းကြောင်းကို ညစ်ညမ်းစေရုံပဲ ရှိမှာပေါ့...။ ဒီနေ့ တွေ့ရတာအရတော့... 'ကောင်းကင်ဘုံဓားသခင်' မှာ... ဟို 'အကြီးအကဲ ဝတုတ်' နဲ့ 'အကြီးအကဲ ပိန်ခြောက်' တို့ကို လွယ်လွယ်ကူကူ သတ်ပစ်နိုင်တဲ့ အစွမ်း ရှိနေပေမဲ့... ဒီကိစ္စကို လုပ်ခဲ့တဲ့သူက သူ မဟုတ်တာတော့ ထင်ရှားနေပါပြီရှင့်.."

'တောင်ပိုင်းနယ်စပ် သူတော်စင်မလေး' သည်လည်း ခေါင်းညိတ်လိုက်လေသည်။

သူမသည် 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို နက်ရှိုင်းစွာ တစ်ချက် လှမ်းကြည့်လိုက်၏။ သူမ အနီးကပ် လေ့လာကြည့်ရှုရန် စိတ်ဝင်စားမိသော်လည်း... ပတ်ဝန်းကျင်တွင် လူပေါင်းများစွာ ရှိနေသဖြင့်... သူမ၏ တည်ရှိမှုသည် မလိုအပ်သော အာရုံစိုက်မှုကို ဆွဲဆောင်မိသွားနိုင်ပေသည်။

“တော်ပါပြီ...။ ဒီလို ခမ်းနားတဲ့ တိုက်ပွဲတစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြည့်လိုက်ရတာနဲ့တင်... ဒီခရီးက တန်နေပါပြီ...။ ဒီနေ့ကစပြီး... 'မိစ္ဆာဂိုဏ်း' အပေါ်မှာပဲ အာရုံစိုက်လိုက်ပါတော့…”

'တောင်ပိုင်းနယ်စပ် သူတော်စင်မလေး’သည် လျင်မြန်စွာ တွေးခေါ်နိုင်သူ ဖြစ်ရာ... 'ကောင်းကင်ဘုံဓားသခင်' အဘယ့်ကြောင့် ဤ ဓားကျောက်စာတိုင်ကို စိုက်ထူခဲ့သည်ကို နားလည် သဘောပေါက်သွားခဲ့လေပြီ။

'

အတိတ်က အဖြစ်အပျက်များကို ပြန်လည် စဉ်းစားကြည့်ရင်း... 'ကောင်းကင်ဘုံဓားသခင်' သည် ပြဿနာများကို အလွန်တရာ မနှစ်သက်သော တစ်စုံတစ်ယောက် ဖြစ်ရမည်ဟု သူမ သဘောပေါက်လိုက်သည်...။

ယနေ့ အတင်းအကျပ် လှုပ်ရှားခဲ့ရသဖြင့်... သူသည် တစ်လောကလုံးကို တစ်ကွက်တည်းဖြင့် မှင်တက်သွားစေခဲ့ပြီး... 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'အား ခေါင်းငုံ့ အညံ့ခံစေခဲ့သည်...။ ဤသည်မှာ... အမြင်အာရုံ ရှိသော မည်သူမဆို သူ့ကို နောင်တွင် လွတ်လွတ်လပ်လပ် လာရောက် မစိန်ခေါ်ရဲတော့မည်မှာ သေချာစေရန် ဖြစ်၏။

သို့သော် လူတိုင်းက အလိုက်တသိ ရှိချင်မှ ရှိပေမည်...။ ဤ 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို စိုက်ထူလိုက်ခြင်းသည်... အခြားသူများအား... ဤ ဓားစိတ်ဆန္ဒကို မြင်တွေ့လိုက်ရုံဖြင့်... ဆုတ်ခွာသွားသင့်ကြောင်း သိရှိစေရန် ပြောကြားလိုက်ခြင်းပင် ဖြစ်လေသည်။

လူအုပ်ကြီးသည်လည်း 'ကောင်းကင်ဘုံဓားသခင်' ၏ ရည်ရွယ်ချက်ကို နားလည် သဘောပေါက်သွားကြသည်။

သူတို့အားလုံး အံ့ဩ မှင်တက်သွားကြ၏။

ဆွေးနွေးသံများသည် ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပဲ့တင်ထပ်

သွားတော့သည်။

ဓားသမားများ၏ အကြည့်များမှာ မယုံကြည်နိုင်လောက်အောင် ပြင်းထန်တောက်ပနေခဲ့ပြီး... 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို တပ်မက်သော အကြည့်များဖြင့် ကြည့်နေကြသည်...။

၎င်းအတွင်းမှ ပြိုင်ဘက်ကင်းသော ဓားစိတ်ဆန္ဒသည် သူတို့ကို လှုပ်ရှားသွားစေခဲ့သည်...။

'ကောင်းကင်ဘုံဓားသခင်' ၏ တန်ခိုးစွမ်းအားကို ယနေ့ ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့လိုက်ရပြီးနောက်... အသေးငယ်ဆုံး အစွန်းအစလေးကိုပင် နားလည် သဘောပေါက်သွားခဲ့ပါလျှင်... အတိုင်းအဆမရှိ အကျိုးကျေးဇူးများ ရရှိနိုင်ပေလိမ့်မည်။

သို့သော်... ဤ 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို 'ကောင်းကင်ဘုံဓားသခင်' က စိုက်ထူခဲ့ခြင်း ဖြစ်ရာ... သူတို့ နားလည် သဘောပေါက်ခွင့် ရှိ၊ မရှိမှာ မသေချာခဲ့ပေ...။

တပ်မက်နေသော မျက်လုံးများသည် 'အစစ်အမှန်သိုင်းဂိုဏ်း' မှ အဖွဲ့ဝင်များထံသို့ လှည့်သွားကြတော့သည်။

နင်ချီသည် တိတ်တဆိတ် ပြုံးလိုက်မိသည်။

ဤ 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို စိုက်ထူခြင်းသည်... စိတ်ကူးပေါက်ရာ လှုပ်ရှားလိုက်ခြင်း မဟုတ်ဘဲ... သူ အချိန်ကြာမြင့်စွာ စဉ်းစားထားခဲ့သော အရာတစ်ခု ဖြစ်လေသည်။

အခြားသော စိန်ခေါ်သူများကို တားဆီးခြင်းဖြင့် ပြဿနာ ရှောင်ရှားခြင်းသည်... ရှုထောင့်တစ်ခုမျှသာ ဖြစ်ပြီး... ဖြစ်နိုင်သည်မှာ... အရေးအကြီးဆုံး အပိုင်းပင် မဟုတ်ခဲ့ပေ။

ထို့ထက် ပို၍ အရေးကြီးသည်မှာ... နင်ချီသည် 'အစစ်အမှန်သိုင်းဂိုဏ်း' အတွက် နောက်ထပ် အကာအကွယ်တစ်လွှာ ထပ်မံ ပေါင်းထည့်လိုခြင်း ဖြစ်၏။

ဤကျောက်စာတိုင်သည် နင်ချီ၏ 'ချီမင်' ပညာရပ်များဆိုင်ရာ သုတေသနနှင့် ပေါင်းစပ်ထားပေသည်...။ အတွင်းမှ ဓားစိတ်ဆန္ဒကို... အကယ်၍ အစပျိုးလိုက်ပါလျှင်... 'ကောင်းကင်ဘုံ ဓားနည်းစနစ်'၏ တန်ခိုးစွမ်းအားကို အကြိမ်ပေါင်းများစွာ ထုတ်လွှတ်နိုင်ပြီး... ၎င်းတွင် အံ့ဖွယ် အာနိသင်များ ရှိနိုင်ပေသည်...။

နင်ချီ 'အစစ်အမှန်သိုင်းတောင်' ပေါ်တွင် မရှိသည့် အခါများလည်း ရှိနိုင်ပေသည်။

ထို့အပြင်...

နင်ချီသည် ဤ 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို 'အစစ်အမှန်သိုင်းဂိုဏ်း' အတွက်သာ သီးသန့် ဖြစ်စေရန် မည်သည့် ရည်ရွယ်ချက်မျှ မရှိခဲ့ပေ...။ တပည့်များမှာမူ သဘာဝအတိုင်း ၎င်းကို နားလည် သဘောပေါက်ရန် ဦးစားပေး ရရှိမည် ဖြစ်သော်လည်း... နေရာအချို့မှာမူ အပြင်လူများအတွက်လည်း ဖွင့်လှစ်ထားမည် ဖြစ်လေသည်။

ဤသို့ဖြင့်... မကြာမီ အချိန်အတွင်း... 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' တည်ရှိရာ နေရာသည်... ဓားသမားတို့၏ မြင့်မြတ်ရာ နယ်မြေ ဖြစ်လာမည် ဖြစ်ပြီး...'ကောင်းကင်ဘုံလူသားနယ်ပယ်' မှ ပုဂ္ဂိုလ်များ အပါအဝင်... အစွမ်းထက် ဓားသမားများစွာကို ဆွဲဆောင်နိုင်လိမ့်မည်ဟု နင်ချီ ယုံကြည်စိတ်ချနေခဲ့သည်။

စဉ်းစားကြည့်ပါ...။ အကယ်၍ ဤအစွမ်းထက် ဓားသမားများက ဓားစိတ်ဆန္ဒကို နားလည် သဘောပေါက်သွားခဲ့လျှင်... 'ကောင်းကင်ဘုံဓားသခင်' အပေါ် မျက်နှာသာ တစ်ခု တင်ရှိသွားမည် ဖြစ်ရာ... 'အစစ်အမှန်သိုင်းဂိုဏ်း' သာ အကျပ်အတည်းနှင့် ရင်ဆိုင်ရပါက... သူတို့ မည်သို့ လက်ပိုက် ကြည့်နေနိုင်မည်နည်း...။

ဤနည်းလမ်းဖြင့်... 'အစစ်အမှန်သိုင်းဂိုဏ်း' ၏ လုံခြုံရေးသည်... တရားဝင် မဟုတ်သည့်တိုင်... ကြီးမားစွာ မြင့်တက်လာပေလိမ့်မည်။

လက်ရှိ အခြေအနေများ ပိုမို ရှုပ်ထွေးလာသည်နှင့်အမျှ... နင်ချီသည် 'အစစ်အမှန်သိုင်းဂိုဏ်း' အတွက် နောက်ထပ် အာမခံတစ်လွှာ ထပ်မံ ပေါင်းထည့်ရန် လိုအပ်သည်ဟု ခံစားမိလေသည်။

အကယ်၍ ထိုကဲ့သို့သော ဓားသမား 'အုပ်စုကြီး' သာ ရှိနေခဲ့ပါလျှင်... ၎င်းသည် 'မိစ္ဆာဂိုဏ်း' ဖြစ်စေ... 'တောင်ပိုင်းနယ်စပ် မဟာမိတ်’ ဖြစ်စေ... 'အစစ်အမှန်သိုင်းဂိုဏ်း' ကို မလှုပ်ရှားမီ နှစ်ခါ ပြန်စဉ်းစားရစေလိမ့်မည်။

နောက်ဆုံးတွင်... အရေးအကြီးဆုံး အကြောင်းပြချက်မှာ... နင်ချီ၏ ကိုယ်ပိုင် အတွေးတစ်ခုကြောင့် ဖြစ်ပေသည်...။ သူသည် စမ်းသပ်မှုတစ်ခု ပြုလုပ်လိုခဲ့၏။

'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို စိုက်ထူခြင်းနှင့်... သူ၏ ဓားစိတ်ဆန္ဒကို ထုတ်ဖော် ပြသခြင်းသည်ပင်... နင်ချီ၏ ကြိုးပမ်းမှုတစ်ခု ဖြစ်သည်...။ သူ၏ နားလည် သဘောပေါက်မှုအရ... နည်းလမ်းအားလုံးကို သူ၏ ကိုယ်ပိုင် ဖြစ်စေရန်... သူသည် သတ္တဝါအပေါင်း၏ ဉာဏ်ပညာကို အသုံးချရန် လိုအပ်ပြီး... 'ဓားတာအို' မှာမူ... နင်ချီ ကျွမ်းကျင်သော လမ်းကြောင်းများစွာထဲမှ တစ်ခုမျှသာ ဖြစ်လေသည်။

ယခု... ကျောက်စာတိုင်ဖြင့် ဓားသမားများစွာကို ဆွဲဆောင်ခြင်းသည်... လောကကြီး၏ 'ဓားတာအို' ကို သူ၏ ကိုယ်ပိုင် ဖြစ်စေရန် ဖြစ်၏။

အခြားသူများသည် 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို နားလည် သဘောပေါက်ရန် ကြိုးစားသည့်အခါ... သူတို့၏ ဓားစိတ်ဆန္ဒကို သဘာဝအတိုင်း ထုတ်ဖော် ပြသကြမည် ဖြစ်ပြီး... ၎င်းနှင့် အပြန်အလှန် တုံ့ပြန်ကြမည် ဖြစ်ရာ... ၎င်းသည် သူတို့၏ လမ်းကြောင်းများကို နင်ချီ၏ မျက်လုံးများ ရှေ့မှောက်တွင် ဖော်ထုတ် ပြသခြင်းနှင့် ညီမျှလေသည်...။ ဤသည်မှာ... ဓားစိတ်ဆန္ဒကို သတ္တဝါများထံ မျှဝေပေးပြီး... အပြန်အလှန်အားဖြင့် သူတို့၏ တုံ့ပြန်မှုများကို ပြန်လည် ရယူခြင်းပင် ဖြစ်၏။

အဘယ့်ကြောင့် နင်ချီသည် အခြားသူများက သူ၏ ဓားစိတ်ဆန္ဒကို သင်ယူသွားမည်ကို မကြောက်ရွံ့သနည်း...။

အကြောင်းပြချက်မှာ ရိုးရှင်းပါသည်...။ အခြားသူများ ၎င်းကို သင်ယူပြီးမြောက်သည့် အချိန်တွင်... သူ၏ ဓားစိတ်ဆန္ဒသည် မရေမတွက်နိုင်သော အာဟာရများကို သွင်းယူပြီး... မည်သည့် အတိုင်းအတာအထိ တိုးတက်ပြောင်းလဲသွားမည်ကို မသိနိုင်လောက်တော့ပေ။

နားလည်နိုင်စွမ်းအရ... မည်သူက နင်ချီ့ကို ကျော်လွန်နိုင်မည်နည်း...။

အကယ်၍ ဤ စမ်းသပ်မှု အောင်မြင်ပြီး... သိသာထင်ရှားသော ရလဒ်များ ရရှိခဲ့ပါလျှင်... သူသည် နည်းလမ်းအားလုံးကို သူ၏ ကိုယ်ပိုင် ဖြစ်စေမည့် လမ်းကြောင်းပေါ်တွင်... 'မဟာ တာအို' ကို ရှာဖွေရာတွင် သူ့အား အထောက်အကူ ဖြစ်စေရန်... သတ္တဝါအပေါင်း၏ ဉာဏ်ပညာကို လောင်စာအဖြစ် အသုံးပြုလျက်... ပြတ်ပြတ်သားသား ဆက်လက် လျှောက်လှမ်းပေတော့မည်။

နင်ချီသည် အနည်းငယ် လှုပ်ရှားသွားမိ၏။ မည်သည့် စိတ်ခံစားချက်မျှ မပြသဘဲ... သူသည် တာအိုဆရာလုံရှန်းထံသို့ စကားလုံး အနည်းငယ်ကို စိတ်စွမ်းအင်ဖြင့် ပေးပို့လိုက်သည်။

တာအိုဆရာလုံရှန်းသည် ကနဦးတွင် 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို မည်သို့ ကိုင်တွယ်ရမည်ကို မသေချာ ဖြစ်နေခဲ့ပြီး... ဓားသမားများစွာ၏ ပြင်းပြသော အကြည့်များကို သတိပြုမိနေခဲ့သည်...။ ယခု... နင်ချီ၏ ညွှန်ကြားချက် ရရှိလိုက်သောအခါ... သူ စိတ်သက်သာရာ ရသွားခဲ့သည်။

လူအုပ်ကြီး၏ မျက်လုံးများ ရှေ့မှောက်တွင်... တာအိုဆရာလုံရှန်းသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဒီနေ့... စီနီယာ ထျန်းကျန့်ရဲ့ ကျေးဇူးတော်ကြောင့်... 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို ဒီနေရာမှာ စိုက်ထူခဲ့ပါတယ်...။ အားလုံးပဲ... မစွန့်ပယ်ဘဲ ကြည့်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။ ဒီ ကျောက်စာတိုင်ကို စိတ်ဝင်စားတဲ့ မိတ်ဆွေ သူငယ်ချင်း မည်သူမဆို... ကြည့်ရှုနိုင်ပါတယ်...။ ဒါပေမဲ့... ကိုယ့်ရဲ့ အတိုင်းအတာ အတွင်းမှာပဲ လှုပ်ရှားဖို့နဲ့... ကိုယ့်ကိုယ်ကိုယ် ထိခိုက်ဒဏ်ရာ မဖြစ်အောင် ရှောင်ရှားဖို့ကိုတော့ သတိရကြပါ...။ မကြာခင်မှာ... ကျုပ်တို့ 'အစစ်အမှန်သိုင်းဂိုဏ်း' က... စည်းမျဉ်းစည်းကမ်းတွေကို ကြေညာပေးမှာ ဖြစ်ပါတယ်...။ ကျေးဇူးပြုပြီး စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးကြပါ..."

ဤကဲ့သို့သော 'ဓား ဉာဏ်အလင်းပွင့်ရာ မြင့်မြတ်သော နယ်မြေ' မျိုးကို... ကောင်းမွန်စွာ စီမံခန့်ခွဲရမည် ဖြစ်ပြီး... သို့မဟုတ်ပါက... ၎င်းသည် ပရမ်းပတာ အခြေအနေသို့ ယိုယွင်းသွားနိုင်ကာ... ကောင်းကျိုးထက် ဆိုးကျိုး ပိုများသွားနိုင်ပေသည်။

တာအိုဆရာလုံရှန်း၏ ကတိစကားကို ကြားသောအခါ... ဓားသမားအားလုံး စိတ်လှုပ်ရှားသွားကြသည်။

အောင်ပွဲခံသံများ ပေါက်ကွဲထွက်လာခဲ့၏...။ ဓားသမားအားလုံးသည် 'ကောင်းကင်ဘုံဓားသခင်' ပျောက်ကွယ်သွားရာ လားရာဘက်သို့ ဦးညွှတ်လိုက်ကြသည်။

"ကျုပ်တို့... စီနီယာ ထျန်းကျန့်ကို ကျေးဇူးတင်ပါတယ်..."

အခြားသော သိုင်းသမားများမှာမူ မနာလို ဖြစ်နေကြသည်။

ဓားမသမားများမှာမူ မျက်နှာများ နီမြန်းနေကြပြီး... တစ်ယောက်ချင်းစီမှာ... ရှုံးနိမ့်သွားသော ကြက်ဖများနှယ် ဖြစ်နေကြသည်...။

သို့သော်... သူတို့၏ အရည်အချင်းများက နိမ့်ကျနေခဲ့ရာ... ဘာများ တတ်နိုင်ဦးမည်နည်း...။

သူတို့သည် ဓားသမားများ... နောက်ထပ် 'ဓား ဉာဏ်အလင်းပွင့်ရာ မြင့်မြတ်သော နယ်မြေ' တစ်ခု ရရှိသွားသည်ကိုသာ... ကြည့်နေနိုင်ကြတော့သည်။

'တောက်... ဓားသမားတွေတော့... ကံကောင်းသွားပြန်ပြီ...'

ယနေ့၏ ကြီးကျယ်သော တိုက်ပွဲအပြီးတွင်... အနည်းဆုံး လာမည့် နှစ်အနည်းငယ်အတွင်း... ဓားမသမားများသည် ဓားသမားများနှင့် ယှဉ်ပြိုင်ရန် သတ္တိ ရှိကြတော့မည် မဟုတ်ပေ။

'လော့ဖူ ဓားအရှင်'၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

'ဟူး... ငါ့အလှည့်ကျမှ...။ အစောတုန်းကတော့ ဟန်တွေ ပန်တွေနဲ့...။ အခုတော့... ဒီကျောက်စာတိုင်ကို သွားလေ့လာချင်ပေမဲ့... 'အစစ်အမှန်သိုင်းဂိုဏ်း' နဲ့ ပဋိပက္ခ ဖြစ်ထားတာဆိုတော့... အခုမှ မျက်နှာပြောင်တိုက်ပြီး သွားရင်... ငါ့မျက်နှာ ဘယ်နား သွားထားရတော့မလဲ...'

ယခင် ဓားငှားရမ်းသည့် ကိစ္စတွင်... အကယ်၍သာ 'ကောင်းကင်ဘုံဓားသခင်' ရှုံးနိမ့်သွားခဲ့ပါလျှင်... ဖိအားသည် သူ့အပေါ်သို့ ကျရောက်လာမည် ဖြစ်သည်...။ သို့သော် 'ကောင်းကင်ဘုံဓားသခင်' က... 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'ကို လွယ်ကူစွာ နှိမ်နင်းနိုင်လိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း...။

'သေစမ်း...။ နောင်ကျရင် သိုင်းလောကက... ငါ့ကို ဘယ်လို တရားစီရင်ကြမလဲ... ငါ ကြိုမြင်နေပါပြီ...'

ပုပ်သိုးစွာဖြင့် 'လော့ဖူ ဓားအရှင်' သည် သူ၏ လက်ရှည်ဝတ်ရုံစကို ခါယမ်းလိုက်ပြီး... လောလောနှင့် ထွက်ခွာသွားလေသည်။

'မိုးကြိုး တုန်ဟီး ဓားမ အရှင်'မှာမူ... ခါးသီးသော အပြုံးတစ်ချက် ပြုံးလိုက်မိသည်...။

'ငါ... ငါက... မီးမောင်းထိုး အကြည့်ခံပြီး ရောက်လာခဲ့တာ...။ အခုတော့... ဘေးရောက်သွားတဲ့ ဇာတ်ကောင် တစ်ကောင် ဖြစ်သွားပါလေရော...'

သူသည် ထိုနေရာတွင် ဆက်လက် ရှိနေရန် မျက်နှာ ရှိတော့သည် မဟုတ်...။ 'အစစ်အမှန်သိုင်းတောင်' ၏ နောက်ဘက်ခြမ်းသို့ ရှုပ်ထွေးသော အကြည့်ဖြင့် လှမ်းကြည့်လိုက်ပြီးနောက်... တိတ်တဆိတ် ထွက်ခွာသွားလေသည်။

အချို့သော 'ဓားမ တာအို' မှ အစွမ်းထက် ပုဂ္ဂိုလ်များသည်လည်း... လုံးဝ အရှက်ရသွားသလို ခံစားလိုက်ကြရပြီး... တိတ်တဆိတ် ထွက်ခွာသွားကြတော့၏။

တစ်ယောက်ပြီးတစ်ယောက်... ဤ အင်အားကြီးမားသော ပုဂ္ဂိုလ်များသည် 'အစစ်အမှန်သိုင်းမြို့တော်' မှ ပျောက်ကွယ်သွားကြသည်နှင့်အမျှ...။

ဤ 'ဓားမ' နှင့် 'ဓား' တို့၏ တိုက်ပွဲကြီးသည်... နောက်ဆုံးတွင် အဆုံးသတ်တစ်ခုသို့ ရောက်ရှိသွားခဲ့လေတော့သည်။

တစ်ခဏအတွင်းမှာပင်... 'ကောင်းကင်ဘုံဓားသခင်' နှင့် 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' တို့၏ အမည်နာမများသည်... တစ်လောကလုံးသို့ ပျံ့နှံ့သွားခဲ့လေတော့သတည်း။

All Chapters