← Chapters

အလုံးအရင်းဖြင့် ရောက်ရှိလာခြင်း၊ ကောင်းကင်ဘုံဓားသခင်၏ မိုးကြိုးတုန်ဟီးအား တုန်လှုပ်စေခြင်း (၃)

Vol. 11 Ch. 155

အလုံးအရင်းဖြင့် ရောက်ရှိလာခြင်း၊ ကောင်းကင်ဘုံဓားသခင်၏ မိုးကြိုးတုန်ဟီးအား တုန်လှုပ်စေခြင်း (၃)

Vol. 11 Ch. 155

~'လော့ဖူ ဓားအရှင်' သည် လက်ညှိုးတစ်ချောင်းကို ဆန့်တန်းလိုက်ရာ... သူ၏ နောက်ကျောမှ ဓားသည် ချက်ချင်းဆိုသလို လေလယ်တွင် ပျံဝဲလာခဲ့ပြီး... ကြည်လင်သော မြည်သံတစ်သံကို ထုတ်လွှတ်လိုက်လေ၏။ ထိုဓားသွားသည် ဆောင်းဦးရာသီ၏ အလင်းရောင်ပမာ ထွန်းလင်းတောက်ပနေခဲ့ရာ... ၎င်းသည် ဓားကောင်းတစ်လက် ဖြစ်ကြောင်း ထင်ရှားလှပေသည်။

"ဒီဓားကို 'လော့ဖူ' လို့ ခေါ်တယ်... ဟို 'ကောင်းကင်မိုးကြိုး ဓားမ' ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်...။ 'ကောင်းကင်ဘုံဓားသခင်' သာ အပြင်ထွက်တွေ့ပြီး... ကျုပ်ရဲ့ အခြေအနေတစ်ခုကို သဘောတူမယ်ဆိုရင်... ဒီဓားကို သူ့ဆီ ယာယီ ငှားထားလို့ရတယ်..."

တာအိုဆရာလုံရှန်းသည် တိတ်ဆိတ်စွာ နေလိုက်သည်။

'လော့ဖူ ဓားအရှင်' ၏ ရည်ရွယ်ချက်များက ကောင်းမွန်ပုံရသော်လည်း... သူ၏ အမူအရာမှာ အနည်းငယ် နေရခက်စေပြီး... အတွင်း၌ မသိမသာ အထက်စီးဆန်သော သဘောကို သယ်ဆောင်ထားလေသည်။ ဖြစ်နိုင်သည်မှာ... သူသည် အဆင့် နှစ်ဆယ့်တစ် နေရာတွင် ရှိနေသောကြောင့်... 'ကောင်းကင်ဘုံဓားသခင်' ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု ခံစားနေရခြင်း ဖြစ်တန်ရာ၏။ ဤ ဓားငှားရန် ကမ်းလှမ်းမှုမှာ... ဓားသမားချင်း အတူတူ ဖြစ်သည့်အလျောက်... ဓားသမားတစ်ဦးက ဓားမသမားတစ်ဦးကို ရှုံးနိမ့်သွားသည်ကို သူ မမြင်လိုသောကြောင့် ဖြစ်နိုင်ပေသည်။

တာအိုဆရာလုံရှန်းသည် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။

ဤအခိုက်အတန့်တွင်... နင်ချီ၏ လျှို့ဝှက် အသံလှိုင်းသည် သူ၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့ရာ... သူ၏ အမူအရာသည် တည်ငြိမ်မှုသို့ ပြန်လည် ရောက်ရှိသွားပြီး... ဦးညွှတ်လိုက်လေသည်။

"ခင်ဗျားရဲ့ စေတနာကောင်းနဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ် 'လော့ဖူ ဓားအရှင်'... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ... စီနီယာ ထျန်းကျန့်ကို အပြင်ထွက်တွေ့ဖို့ ကျွန်တော် လုပ်ပေးလို့ မရနိုင်ပါဘူး ခင်ဗျာ..."

ထိုစကားအား ကြားလိုက်ရသောအခါ 'လော့ဖူ ဓားအရှင်' ၏ အကြည့်များ စူးရှသွားခဲ့သည်။

"တကယ်လို့ 'ကောင်းကင်ဘုံဓားသခင်' သာ ဒီကိစ္စကြောင့် ရှုံးနိမ့်သွားခဲ့ရင်... အဲ့ဒီအခါကျ... သူက ဓားသမား အားလုံး ပြစ်တင် ရှုတ်ချတာကို ခံရလိမ့်မယ်..."

တာအိုဆရာလုံရှန်း၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့သည်။

"'လော့ဖူ ဓားအရှင်'... ခင်ဗျားကတော့ အပိုတွေ ပြောလွန်းနေပါပြီ...။ နိုင်သည်ဖြစ်စေ... ရှုံးသည်ဖြစ်စေ... အဲ့ဒါက လောကကြီးမှာရှိတဲ့ ဓားသမားတွေ၊ ဓားမသမားတွေနဲ့ ဘာမှမဆိုင်ပါဘူး..."

'လော့ဖူ ဓားအရှင်' က စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင်... လီလင်သည် စိတ်မထိန်းနိုင်တော့ဘဲ ရှေ့သို့ ခြေတစ်လှမ်း တိုးထွက်လာခဲ့ပြီး... အရိုအသေ ပြုလိုက်သည်။... ထို့နောက် အနည်းငယ် မကျေမနပ် ဖြစ်သော အသံဖြင့် ဆိုလိုက်သည်။

"ဘာလို့ ဒီလောက်တောင် အတင်းအကျပ် လုပ်နေရတာလဲ... စီနီယာ လော့ဖူ.. 'ကောင်းကင်ဘုံဓားသခင်' က ခင်ဗျားရဲ့ ဓားကို မလိုပါဘူးဆိုနေမှ... ဘာလို့ အတင်းအကျပ် ငှားချင်နေရတာတုန်း"

လီလင်ကို မြင်လိုက်ရသောအခါ 'လော့ဖူ ဓားအရှင်'၏ မျက်နှာမှာ အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည်။

“မင်းသားလေး”

သူ၏ မျက်နှာအမူအရာသည် အနည်းငယ် ကွက်ခနဲ ပျက်သွားခဲ့ပြီး... မလိုလားအပ်သော အမှတ်တရ အချို့ကို ပြန်လည် သတိရသွားခဲ့၏။

ယခင်က... မြို့စောင့်မြောက်ပိုင်းဘုရင်သည် လီလင်အား ဓားသိုင်းပညာ သင်ကြားပေးရန်အတွက် သူ့ကို 'ဓားတာအို' လျှို့ဝှက်ရတနာ တစ်ခု ပေးမည်ဟု ကတိပေးခဲ့ဖူးသည်။ အစပိုင်းတွင်... သူသည် ယုံကြည်မှု အပြည့် ရှိနေခဲ့သော်လည်း... လီလင်က မမျှော်လင့်ဘဲ ပယ်ချခဲ့လေသည်။

ထိုအခိုက်အတန့်၌ ပုံရိပ် တစ်ခု ချဉ်းကပ်လာခဲ့သည်။

"လော့ဖူ... ထားလိုက်ပါတော့...။ ဒါက စိန်ခေါ်ပွဲ တစ်ခုသာသာပဲ...။ အနိုင်အရှုံးကို ဒီလောက် အသည်းအသန် အလေးအနက် ထားစရာ မလိုပါဘူး..."

မြို့စောင့်မြောက်ပိုင်းဘုရင်သည် မည်သူမျှ သတိမထားလိုက်မိဘဲ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

'လော့ဖူ ဓားအရှင်' မှာ ပို၍ပင် အံ့အားသင့်သွားခဲ့ပြီး... 'အစစ်အမှန်သိုင်းတောင်' နှင့် 'ကောင်းကင်ဘုံဓားသခင်' တို့၏ ကြားမှ ဆက်ဆံရေးကို နားလည်နိုင်စွမ်း မရှိတော့ပေ။

'လော့ဖူ ဓားအရှင်’ ခတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ထို့နောက် မြို့စောင့်မြောက်ပိုင်းဘုရင်ကို နှုတ်ဆက်ပြီးနောက်... သူသည် တောင်အောက်သို့ ဆင်းသက်သွားခဲ့၏။

သို့သော်... လေပြေထဲမှတဆင့် ပဲ့တင်ထပ်လာသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"'ကောင်းကင်ဘုံဓားသခင်' မှာ တကယ့် ယုံကြည်မှု အစစ်အမှန် ရှိနေပါစေလို့ပဲ မျှော်လင့်ရတာပဲ...။ မဟုတ်လို့ရှိရင်တော့... ဒီနေ့က သူ့ရဲ့ လုပ်ရပ်က တစ်လောကလုံးရဲ့ လှောင်ရယ်ပြောင်လှောင်မှုကို ရရှိသွားနိုင်တယ် နော်..."

ထိုသို့ ကြားလိုက်ရသောအခါ 'အစစ်အမှန်သိုင်းဂိုဏ်း' မှ လူတိုင်း ဒေါသထွက်သော အမူအရာများ ပြသလာကြသည်။

နင်ချီကမူ တည်ငြိမ်စွာ နေလျက်ရှိ၏။

'ဓားတစ်လက် ရှိခြင်း၊ မရှိခြင်းက ငါ့အတွက် ဘာမှ သိပ် ကွာခြားမှု မရှိပါဘူးလေ...'

...

အချိန်တို့သည် တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။

'မိုးကြိုး တုန်ဟီး ဓားမ အရှင်'၏ စိန်ခေါ်သည့် နေ့သည် ပို၍ နီးကပ်လာခဲ့လေပြီ။

သိုင်းလောကအတွင်း ကောလာဟလ တစ်ခု ထွက်ပေါ်လာခဲ့သည်...။ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' တွင် အဆင့် နှစ်ဆယ့်တစ် ချိတ်သော 'လော့ဖူ ဓားအရှင်' သည် 'အစစ်အမှန်သိုင်းတောင်' သို့ သွားရောက်ကာ သူ၏ဓားကို 'ကောင်းကင်ဘုံဓားသခင်' ထံ ငှားရမ်းခဲ့သော်လည်း... ငြင်းပယ်ခံခဲ့ရသည်ဟု ဆို၏။

ဤအဖြစ်အပျက်က 'ကောင်းကင်ဘုံဓားသခင်' ကို မည်သို့ အကဲဖြတ်ရမည် ဆိုသည်နှင့် ပတ်သက်၍ လူအများအပြားကို ခေါင်းခဲမတတ် စဉ်းစားသွားစေခဲ့သည်။ ဤသည်မှာ အလွန်အမင်း တသီးတခြား နေထိုင်လွန်းခြင်းကြောင့်လော..

.၊သို့တည်းမဟုတ် မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲနေခြင်းကြောင့်လော ဆိုသည်မှာ မရှင်းလင်းခဲ့ပေ။

သို့သော်လည်း... အချက် တစ်ချက်ကတော့ လူတိုင်းအတွက် ရှင်းလင်းနေခဲ့သည်။ အကယ်၍ ဤအကြောင်းကြောင့်သာ ရှုံးနိမ့်သွားခဲ့ပါလျှင်... 'ကောင်းကင်ဘုံဓားသခင်' ၏ ဂုဏ်သတင်းမှာ နောက်ပိုင်းတွင် ကောင်းမွန်တော့မည် မဟုတ်ပေ။

'အစစ်အမှန်သိုင်းမြို့တော်' တွင်... 'လော့ဖူ ဓားအရှင်' သည် သူ၏ ဓားကို ပိုက်ထားရင်း မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။

အစွမ်းထက် ပုဂ္ဂိုလ်များ 'အစစ်အမှန်သိုင်းမြို့တော်' တွင် စုရုံးနေကြ၏။ 'အစစ်အမှန်သိုင်းဂိုဏ်း' ၏ တပည့်စစ်စစ်များသည် 'အစစ်အမှန်သိုင်း' အဖွဲ့ဝင်များကြားတွင် တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းရန် ကြိုးစားနေကြရသည်။ ဤအခြေအနေသည် ယခင် တာအိုဆရာလုံရှန်း၏ 'ကောင်းကင်ဘုံလူသား မဟာအခမ်းအနား' နှင့် မတူညီတော့ပါ...။

'ကောင်းကင်ဘုံလူသား မဟာအခမ်းအနား' ကျင်းပစဉ်အခါကမူ 'ကောင်းကင်ဘုံလူသားနယ်ပယ်' အောက်မှ ကျွမ်းကျင်သူများကိုသာ အများဆုံး ဆွဲဆောင်နိုင်ခဲ့သည်။

ဤတစ်ကြိမ်တွင်မူ... 'ကောင်းကင်ဘုံလူသားနယ်ပယ်' မှ ကျွမ်းကျင်သူများ အမြောက်အမြား ပေါ်ထွက်လာခဲ့ခြင်းပါ။

တပည့်တို့အားလုံး ကြီးမားသော ဖိအားကို ခံစားနေကြရ၏။

ကံကောင်းထောက်မစွာ...။

ထိုကဲ့သို့သော အချိန်သည် ကြာရှည်မခံခဲ့ပါ။

လဝက်တာ ကာလသည် မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့၏။

အကြည့်အားလုံးသည် တစ်နေရာတည်းတွင် စုဆုံသွားကြသည်။

—-------

ယခုအခါ တည်းခိုခန်းတစ်ခုတွင်...

'တောင်ပိုင်းနယ်စပ် သူတော်စင်မလေး' သည် အနက်ရောင် ပဝါကို ဝတ်ဆင်ထားပြီး... သူမ၏ အမူအရာမှာ အနည်းငယ်မျှ သေမျိုးလောကနှင့်

သက်ဆိုင်ခြင်း မရှိပေ...။ သူမ၏ ဘေးမှ 'မြွေအဘွား' မှာမူ... သူမ၏ လည်ပင်းထက်မှ ထူးဆန်းသော မြွေနှစ်ကောင်မှာ မည်သည့်နေရာသို့ ရောက်ရှိနေသည်မသိ... ပျောက်ကွယ်နေခဲ့ပြီး... သာမန် အဘွားအို တစ်ဦးကဲ့သို့ ထင်မှတ်ရလေသည်။

"အဘွား... 'ကောင်းကင်ဘုံဓားသခင်' က ပေါ်လာလိမ့်မယ်လို့ ထင်ပါသလား..."

'တောင်ပိုင်းနယ်စပ် သူတော်စင်မလေး' သည် သူမ၏ လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ရင်း... သူမ၏ အကြည့်များမှာ အနည်းငယ် အဝေးသို့ လွင့်မျောနေခဲ့သည်။

မြွေအဘွားက ခပ်ဟဟ ရယ်မောလိုက်သည်။

"သူသာ ပေါ်မလာခဲ့ရင်... 'အစစ်အမှန်သိုင်းဂိုဏ်း' ရဲ့ ကံကြမ္မာက ဒီနေ့မှာ သိပ်ကောင်းမယ့်ပုံ မရှိပါဘူး...။ ဓားသမားတွေရော ဓားမသမားတွေရော... ဘယ်သူကမှ သူတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး..."

"အချိန်နီးပါး ရောက်နေပြီ...။ သွားကြည့်ကြရအောင်ရှင့်..."

'တောင်ပိုင်းနယ်စပ် သူတော်စင်မလေး' သည် ညင်သာစွာ ရှေ့သို့ ခြေလှမ်းလိုက်ရာ... ပတ်ဝန်းကျင်မှ သိုင်းသမားများအားလုံးသည် အလိုအလျောက်ပင် လေးစားသော လက္ခဏာများ ပြသလိုက်ကြသည်...။

အကြောင်းရင်းကို မသိသော်လည်း... သူတို့၏ အတွင်းစိတ်ထဲမှ ကြောက်ရွံ့ ရိုသေသော ခံစားချက်တစ်ခု ထွက်ပေါ်လာပြီး... ဤအမျိုးသမီးနှင့် ဝေးနိုင်သမျှ ဝေးဝေး နေလိုစိတ်များ အလိုလို ပေါ်ပေါက်လာခဲ့၏။

သူမတို့နှစ်ဦးသည် တဖြည်းဖြည်း ဝေးကွာသွားခဲ့ပြီး... မြို့အပြင်ဘက်သို့ ဦးတည် ထွက်ခွာသွားကြတော့သည်။

'အစစ်အမှန်သိုင်းတောင်' ၏ ပတ်ပတ်လည်တွင်... မျှော်လင့်တကြီး စောင့်စားနေသော မျက်လုံးများဖြင့် ပတ်ဝန်းကျင် တစ်ခုလုံး ပြည့်နှက်နေခဲ့သည်။ လေထုအခြေအနေမှာ အလွန်တရာ ပူလောင် ပြင်းထန်နေခဲ့၏။

အထူးသဖြင့် ဓားသမားများနှင့် ဓားမသမားများကြားတွင်... ရောက်ရှိလာသော ကျွမ်းကျင်သူများမှာ အမြောက်အမြား ရှိလှပြီး... 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' မှ အများအပြားလည်း ပါဝင်နေခဲ့လေသည်...။

အဆင့်စာရင်းတွင် မပါဝင်သော ပို၍ များပြားသည့် သူများမှာမူ... အများစုမှာ လေ့လာစောင့်ကြည့် သင်ယူရန်အတွက် လာရောက်ကြခြင်း ဖြစ်သည်။

လူအုပ်စုကြီးတွင် 'ကောင်းကင်ဘုံလူသားနယ်ပယ်' အောက်မှ သိုင်းသမားများက အဓိက နေရာယူထားလေသည်။

အချိန်တို့သည် တဖြည်းဖြည်း ကုန်ဆုံးသွားသည်။

လူအုပ်ကြီး၏ အကြည့်များသည် တစတစ ပို၍ စိုးရိမ်ပူပန်လာကြသည်။

ထို့နောက်...။

ခရမ်းရောင် အလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်း၍ အဟုန်ပြင်းစွာ ပစ်လွှင့်လာခဲ့ပြီး... ဒေါသတကြီး တဟုန်ထိုး တိုးဝင်လာသော အရှိန်အဝါတစ်စွန်းတစ်စကို သယ်ဆောင်လာခဲ့သည်။

တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ် တုန်လှုပ်သွားခဲ့သည်။

" 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'ရောက်လာပြီ.."

မီးတောက်နေသော အကြည့်များသည် ထိုအလင်းနောက်သို့ လိုက်ပါသွားကြပြီး... ခရမ်းရောင် အလင်းတန်းသည် 'အစစ်အမှန်သိုင်းတောင်' ၏ ရှေ့မှောက်တွင် တုံ့ခနဲရပ်လိုက်ကာ... ၎င်း၏ ပုံသဏ္ဌာန် အစစ်အမှန်ကို ထုတ်ဖော်ပြသလိုက်သည်ကို မျက်မြင်တွေ့လိုက်ကြရသည်။

ထိုသူမှာ ခရမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အကြီးအကဲတစ်ဦး ဖြစ်ပြီး... သန်သန်စွမ်းစွမ်းနှင့် အားအင်ကြီးမားကာ... မျက်လုံးများမှာ ထက်ရှပြီး ပြင်းထန်လှသည်...။

သူ၏ ကျောတွင် ရတနာ ဓားမတစ်လက်ကို လွယ်ထားပြီး... ၎င်းဓားမမှာ နက်နဲသော စွမ်းအားများဖြင့် လှိုင်းထနေခဲ့၏။... ဓားအိမ်ထဲမှ မထုတ်ရသေးခင်မှာပင် အချို့သူများ၏ နှလုံးသားကို အေးစက်

တုန်လှုပ်သွားစေခဲ့သည်။

"'မိုးကြိုးတုန်ဟီး ဓားမအရှင်'... အရင်က 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' မှာ အဆင့် သုံးဆယ့်ခြောက် ချိတ်ခဲ့သူပဲ...။ တစ်ချိန်က 'မြစ်တစ်ရာ ရေကန်' မှာ 'ရေလွှမ်းမိုး နဂါးဘုရင်' နဲ့ တိုက်ခိုက်ခဲ့တာတောင် အရှုံးမရှိခဲ့ဘူး...။ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' အဆင့်နဲ့ နီးစပ်တဲ့ ကျွမ်းကျင်သူ အများကြီးကိုလည်း ကျော်ဖြတ် အနိုင်ယူခဲ့ဖူးတယ်...။ သူ့ရဲ့ 'ဓားမ တာအို' ကျင့်ကြံမှုက အံ့ဩစရာ

ကောင်းလောက်အောင် နက်ရှိုင်းတယ်...။ 'မိုးကြိုး တာအို' နဲ့ ပေါင်းစပ်လိုက်ရင်... သူ့ရဲ့ ကြမ်းတမ်းမှုက

ပြိုင်ဘက်ကင်းသလောက်ပဲ..."

"ကြားရတာတော့... သူ အခုတလောကပဲ စီနီယာတစ်ယောက်ဆီက 'ကောင်းကင်မိုးကြိုး ဓားမ'တစ်လက် လက်ဆောင်ရထားတယ်တဲ့...။ သူ့ရဲ့ တာအိုနဲ့လည်း အရမ်းကို လိုက်ဖက်မှု ရှိတယ်ဆိုပဲ...။ ဖြစ်နိုင်တာက... သူ တကယ်ပဲ သူ့ရဲ့ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' နေရာကို ပြန်လည်ရယူဖို့ တိုက်ခိုက်နိုင်လောက်တယ်.."

ထိုသို့ ကြွက်စီ ကြွက်စီ ဆွေးနွေးမှုများသည် 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'၏ အသေးစိတ် အချက်အလက်များကို ဖော်ထုတ်ပြသနေခဲ့သည်။

'မိုးကြိုး တုန်ဟီး ဓားမ အရှင်'သည် သူ၏ ပတ်ဝန်းကျင်ကို အာရုံခံလိုက်ရာ... သူ့ထက် မနိမ့်ကျသလို မပိုမသာလွန်သော တည်ရှိမှု အများအပြားကို ရှင်းလင်းစွာ ထောက်လှမ်းမိလိုက်သည်။

‘'ကျွတ်... ဒီလောက်တောင် အများကြီး ရောက်နေကြတာလား...'

သူ၏ အတွင်းစိတ်ထဲတွင် အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။

မူလက... သူသည် ဝင်ရောက် လှုပ်ရှားရန် ရည်ရွယ်ခဲ့ခြင်း မရှိပါ...။

သို့သော်... 'ကောင်းကင်မိုးကြိုး ဓားမ' ၏ ဆွဲဆောင်မှုမှာ အလွန်တရာ ကြီးမားလှသဖြင့်... နောက်ဆုံးတွင် ခုခံနိုင်စွမ်း မရှိတော့ဘဲ လိုက်ပါလာခဲ့ရခြင်း ဖြစ်ပေသည်။

All Chapters