ရတနာတို့၏ ရေပန်း
Vol. 26 Ch. 382
~ခေတ္တမျှ ကြာပြီးနောက်၊
နင်ချီသည် ကြည့်ရှုလိုက်ရာ၊ လျှံကျလာသော ဝိညာဉ်စွမ်းအင်တို့သည် တဖြည်းဖြည်း ငြိမ်သက်လာခဲ့သည်။ ထိုစွမ်းအင်များသည် ကောင်းကင်နှင့် မြေကြီးကို ညီညာစွာ ဖြည့်ဆည်းပေးခဲ့သည့်အလျောက် မူလက ဖြစ်ပေါ်ခဲ့သော ဒီရေလှိုင်းများလည်း ပြန်လည် ဆုတ်ခွာသွားခဲ့၏။
သူ၏ မျက်ဝန်းများသည် တဖြည်းဖြည်း စိတ်အားထက်သန်မှုတို့ဖြင့် တောက်ပလာခဲ့သည်။ ဤသည်မှာ ဝိညာဉ်နိုးထခြင်း၏ ကနဦးအဆင့်သာ ဖြစ်ပေ၏။ ဝိညာဉ်စွမ်းအင်များ အပြည့်အဝ တည်ငြိမ်သွားသည့်အခါမှသာ သူ အဆင့်တက်ရန် အချိန်ရောက်ရှိပေမည်။
ကောင်းကင်နှင့် မြေကြီးအကြားရှိ ဝိညာဉ်စွမ်းအင်များ၏ ကြွယ်ဝသော သက်စောင့်စွမ်းအားကို သူ ကောင်းစွာ ခံစားသိရှိနေပေပြီ။
ဤသည်မှာ အခွင့်အရေးပင်။
ဤမျှ အံ့ဩဖွယ် သက်စောင့်စွမ်းအားများ ရှိနေစဉ်တွင်၊ ကျင့်ကြံခြင်း၏ ပိတ်ဆို့နေသော အဟန့်အတားအား အမြင့်ဆုံးအထိ အားလျော့စေခဲ့ပေ၏။ အကယ်၍ ဝိညာဉ်စွမ်းအင်များ လုံးဝ တည်ငြိမ်သွားပြီး၊ ဤသက်စောင့်စွမ်းအားများ ပျောက်ကွယ်သွားခဲ့လျှင်၊ တစ်ဆင့်တည်းဖြင့် ခုန်ပျံကျော်လွှား တက်လှမ်းရန် မဖြစ်နိုင်တော့ပေ။
သို့သော် ဤမျှဖြင့် မပြီးဆုံးသေးချေ။
နင်ချီ၏ မျက်ဝန်းများတွင် တောက်ပသော ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။ သူသည် ဟင်းလင်းပြင်၏ အနက်ဆုံးနေရာဆီသို့ ကြည့်လိုက်ရာ၊ ကြီးမားသော စွမ်းအားထုကြီးတစ်ခု စုဝေးနေသည်ကို မြင်တွေ့လိုက်ရလေ၏။
သူသည် တစ်စုံတစ်ခုကို မှန်းဆမိသကဲ့သို့ ရှိ၏။
သူ ဆက်လက် တွေးတောစဉ်မှာပင်...
“ဘုန်း…”
နောက်ထပ် ကျယ်လောင်သော အသံကြီးတစ်သံ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ ဤအသံသည် ယခင်က ဖြစ်ပေါ်ခဲ့သော မိုးခြိမ်းသံများနှင့် မတူချေ။
စူးရှသော မြည်ဟိန်းသံ တစ်ခုနှင့်အတူ၊ နင်ချီသည် ကြီးမားသော စွမ်းအားထုကြီးတစ်ခုသည် ကြေမွပျက်စီးသွားကာ၊ နေရာအနှံ့သို့ ပြန့်ကျဲသွားသည်ကို မြင်လိုက်ရလေ၏။
မြင်နိုင်သော စွမ်းအားလမ်းကြောင်းများသည် ကြီးကျယ်ခမ်းနားသော မီးရှူးမီးပန်းများ သို့မဟုတ် ကြွေကျနေသော ဥက္ကာခဲများအသွင် ဖြစ်နေပေ၏။ ဤဥက္ကာခဲများ၏ အရွယ်အစားနှင့် တောက်ပမှုမှာလည်း အမျိုးမျိုး ကွဲပြားကြ၏။
နင်ချီသည် ပထမဆုံးအကြိမ်အဖြစ် လေထဲ၌ မတ်မတ်ရပ်ကာ ကြည့်ရှုနေလေ၏။
ထိုဥက္ကာခဲများထဲ၌ သူ လိုလားတောင့်တသော အရာတစ်ခု ပါဝင်နေသည်ကို သူ ခံစားသိရှိနိုင်ခဲ့သည်။
'ဥက္ကာခဲအများစုက ဟိုရှေးဟောင်းသူတော်စင်တွေရဲ့ ပိုင်ဆိုင်ခွင့်နယ်မြေဆီ ဦးတည်သွားနေတယ်... ဒါဆို ရှေးဟောင်းသူတော်စင်တွေ ရွေးချယ်ထားတဲ့ နယ်မြေတွေက အကြောင်းမဲ့ မဟုတ်ဘူးပဲ’
နင်ချီ သဘောပေါက်လိုက်သည်။ ဤသည်မှာ 'တာအိုဆရာ ပိုင်ရှန်' ပြောကြားခဲ့သော ထူးဆန်းသည့် ရတနာများ ပေါ်ထွက်လာခြင်း၏ သရုပ်သကန်ပင် ဖြစ်၏။
"အရွယ်အစား တော်တော်ကြီးတဲ့ ဥက္ကာ ခဲတစ်ခုကတော့ အစစ်အမှန်သိုင်းတောင်ဆီ လာနေတယ်"
ထိုအတွေး ပေါ်ပေါက်လာသည်နှင့် နင်ချီ၏ မျက်နှာသည် ဝမ်းမြောက်မှုဖြင့် လင်းလက်သွားသည်။
သူသည် ကောင်းကင်ယံ၌ စွမ်းအားများ စုစည်းထားသော အလုံးအခဲ နှစ်ခုကို မြင်လိုက်ရပြီး၊ ၎င်းတို့သည် အစစ်အမှန်သိုင်းတောင်၏ ဦးတည်ရာဆီသို့ လျင်မြန်စွာ ကျဆင်းလာနေကြ၏။
အသက်ရှူချိန် အနည်းငယ်အတွင်း၌ပင် ၎င်းတို့ ရောက်ရှိလာခဲ့ရာ၊ လူတိုင်းသည် ထိုဥက္ကာခဲများ ကျဆင်းလာသည်ကို မျက်လုံးပြူးပြီး ကြည့်ရှုနေကြလေ၏။
“ဘုန်း…”
မျက်လုံးကျိန်းလောက်သော တောက်ပသည့် အလင်းရောင် ယှက်ဖြာလာရာ၊ လူတိုင်း အလိုအလျောက် မျက်လုံးများကို မှိတ်လိုက်ကြရ၏။
နင်ချီ တစ်ဦးတည်းသာလျှင် အတွင်းရှိ အနှစ်သာရကို စောင့်ကြည့်နေပေ၏။
'ဒါက သန့်စင်လွန်းတဲ့ စွမ်းအားရဲ့ အနှစ်သာရပဲ... ဒါတင်မကဘဲ တခြား မူလအစတွေလည်း ရောနှောပါဝင်နေတယ်’
နင်ချီသည် ၎င်းတို့သည် အသင့်အတင့် ရရှိနိုင်သော ရတနာများ ဖြစ်သည်ဟု အစက ထင်ခဲ့သော်လည်း၊ တကယ်တမ်းကျတော့ မဟုတ်ခဲ့ပေ။ ၎င်းတို့သည် အနှစ်သာရစွမ်းအားများ ဖြစ်ကြပြီး၊ ခိုအောင်းရန် ခန္ဓာကိုယ် တစ်ခု လိုအပ်ပေ၏။
ထိုအနှစ်သာရ စွမ်းအားထု နှစ်ခုစလုံးသည် အစစ်အမှန်သိုင်းတောင်ပေါ်သို့ ကျဆင်းသွားကြ၏။
ပိုမိုကြီးမားသော အလုံးအခဲသည် တောင်၏ အတွင်းပိုင်းသို့ တိုက်ရိုက် ပေါင်းစပ်သွားပြီး၊ တစ်စုံတစ်ရာသော ရှားပါးရတနာကို စတင် မွေးဖွားပေးနေခဲ့သည်။ အနည်းငယ် သေးငယ်သော နောက်ထပ် အနှစ်သာရထုမှာမူ 'ဉာဏ်အလင်း လက်ဖက်ပင်' ပေါ်သို့ ကျရောက်သွားလေ၏။
ချက်ချင်းဆိုသလိုပင်...
ဉာဏ်အလင်း လက်ဖက်ပင်ပေါ်၌ အလွန် ပြင်းထန်သော သက်စောင့်စွမ်းအားများ စီးဆင်းလာသည်။
မျက်လုံးကျိန်းလောက်သော အစိမ်းရောင် အလင်းတန်းများသည် ထွက်ပေါ်လာပြီး ကောင်းကင်သို့ တည့်တည့် ထိုးတက်သွားခဲ့၏။
ဝိညာဉ်နိုးထခြင်း၏ အစောပိုင်းအဆင့်တွင် ဉာဏ်အလင်း လက်ဖက်ပင်သည် တာအိုရှာဖွေခြင်း ကျောင်းတော် တစ်ခုလုံးကို ဖုံးလွှမ်းနိုင်ခဲ့သည့်အထိ ကြီးထွားလာခဲ့ပြီး ဖြစ်ရာ၊ ယခုအခါတွင်မူ ပိုမို ထူးခြားဆန်းကြယ်လာခဲ့သည်။
၎င်း၏ အမြစ်များသည် အစစ်အမှန်သိုင်းတောင်အတွင်းသို့ နစ်ဝင်သွားခဲ့ပြီး၊ ကမ္ဘာမြေ သွေးကြောစွမ်းအားကို စုပ်ယူခဲ့သည်။
အနှစ်သာရစွမ်းအား ထပ်မံဖြည့်စွက်ပေးလိုက်ခြင်းကြောင့် ဉာဏ်အလင်း လက်ဖက်ပင်၏ အရွယ်အစားသည် ကြောက်မက်ဖွယ် ကောင်းသော နှုန်းထားဖြင့် ကြီးထွားလာခဲ့သည်။
ဆယ်ကျန်း။ [ မျက်လုံးထဲမှာ မြင်သာအောင် ပြောပြရရင် ဆယ်ကျန်းဟာ အလွန် ကြီးမားတဲ့ တံတားကြီးတစ်ခုရဲ့ အမြင့် (သို့မဟုတ်) အထပ် ၁၁ ထပ်ခန့် မြင့်တဲ့ အဆောက်အအုံနဲ့ တူညီပါတယ်။ ]
နှစ်ဆယ်ကျန်း။ [ မျက်လုံးထဲမှာ မြင်သာအောင် ပြောပြရရင် နှစ်ဆယ်ကျန်းဟာ အထပ် ၂၀ ခန့် ရှိတဲ့ မိုးမျှော်အဆောက်အအုံ တစ်လုံးရဲ့ အမြင့်နဲ့ ညီမျှပါတယ်။ ]
...
နောက်ဆုံးတွင် အံ့ဖွယ် ကောင်းသော ကိုးဆယ့်ကိုးကျန်း အမြင့်၌ အတည်တကျ တည်ရှိသွားလေ၏။
[ကိုးဆယ့်ကိုးကျန်းက ခေတ်မီ မိုးမျှော်တိုက်ကြီးများရဲ့ အမြင့် (ဥပမာ- ပဲရစ်မြို့ရှိ Eiffel Tower ထက်တောင် ပိုမို မြင့်မားတဲ့ ပမာဏ ဖြစ်ပါတယ်။]
လက်ရှိ ဉာဏ်အလင်း လက်ဖက်ပင်သည် မတ်မတ် ရပ်တည်နေခြင်း မဟုတ်ဘဲ၊ လိမ်ယှက်ရှုပ်ထွေးနေပြီး နဂါးလိမ်ကြီး တစ်ကောင်ကဲ့သို့ ကောက်ကွေးနေသည့် ပင်စည်ဖြင့် ထိုးထောင်လျက် ရှိသည်။
အစစ်အမှန်သိုင်းဂိုဏ်းသားအားလုံးသည် လက်ဖက်ရွက် တစ်ရွက်ချင်းစီ၏ နောက်တွင် သက်စောင့်စွမ်းအင်များ လည်ပတ်နေသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့ကြပြီး၊ တစ်မူထူးခြားသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ အလိုအလျောက် ဆွဲဆောင်မှုများကို ဖြစ်ပေါ်စေခဲ့၏။
သူတို့၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုနှင့် တုန်လှုပ်မှုများ ပြည့်နှက်နေလေ၏။
ဤအရာသည် နင်ချီ၏ နေထိုင်ရာနေရာ ဖြစ်ကြောင်း သူတို့ သိရှိခဲ့ကြပြီး ဖြစ်၏။
စီနီယာထျန်းကျန့် ဟူသော နာမည် ရှိနေသည့်အလျောက် မည်မျှပင် အံ့ဖွယ်ရာ ဖြစ်ရပ် ဖြစ်ပေါ်လာစေကာမူ ထူးဆန်းသည်ဟု မဆိုသာတော့ချေ။
တာအိုဆရာ လုံရှန်း နှင့် အခြားသူများသည် ဤပြောင်းလဲမှုကို အာမေဋိတ် သံများဖြင့် ကြည့်ရှုနေကြ၏။ ဉာဏ်အလင်း လက်ဖက်ပင်၏ ဆန်းကြယ်သော သဘာဝကို သူတို့ ကောင်းစွာ သိရှိကြသည်။
ယခုအခါ ညတွင်းချင်း ကြီးထွားလာခဲ့သဖြင့် အစစ်အမှန်သိုင်းဂိုဏ်းတွင် ဉာဏ်အလင်း လက်ဖက်ခြောက်များ မရှားပါးတော့ပေ။ လက်ဖက်ခြောက်အများစု၏ ထိရောက်မှု အားလျော့သွားသော်လည်း၊ အဓိက အနှစ်သာရရှိသော လက်ဖက်ခြောက်များ၏ စွမ်းအင်မှာ ပိုမို မြင့်မားလာခဲ့လေ၏။
နင်ချီသည် ဝမ်းမြောက်မှုတို့ဖြင့် ပြည့်နှက်နေလေ၏။
ဝိညာဉ်စွမ်းအင် အများအပြားကို စုဆောင်းလိုက်ပြီးနောက်၊ ဉာဏ်အလင်း လက်ဖက်ပင်၏ သက်စောင့်အနှစ်သာရသည် နယ်ပယ်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့ကြောင်း သူ အပြည့်အဝ ခံစားသိရှိနိုင်ခဲ့သည်။
၎င်းကို ကောင်းကင်ဘုံ ရတနာ ဟု ခေါ်ဆိုနိုင်ပေ၏။
ဉာဏ်အလင်း လက်ဖက်ခြောက်၏ အနှစ်သာရများသည် သူ့အပေါ်၌ပင် သက်ရောက်မှု အချို့ ရှိလာတော့မည်ဟု နင်ချီ ကြိုတင်သိရှိနေခဲ့သည်။ ၎င်းသည် သူ၏ ဉာဏ်အလင်းရခြင်းကို တိုးမြှင့်ပေးရန် မဟုတ်ဘဲ၊ အချိန်ကုန်သက်သာစေပြီး အစစ်အမှန် ဉာဏ်အလင်းရ အခြေအနေတွင် ပိုမိုကြာမြင့်စွာ နေထိုင်နိုင်ရန် ဖြစ်၏။
သို့သော် နင်ချီ၏ ဝမ်းမြောက်မှုသည် ဤမျှဖြင့် မပြီးဆုံးသေးချေ။
"သစ်ဓာတ်သဘာဝက ဒီလောက်တောင် သိပ်သည်းနေတာလား... ဖြစ်နိုင်ရင်... ဉာဏ်အလင်း လက်ဖက်ပင်ကို သုံးပြီး သစ်ချီ ကို စုစည်းလို့ ရမယ်..."
နင်ချီ၏ မျက်ဝန်းများသည် တောက်ပလာခဲ့သည်။
ဤသည်မှာ မမျှော်လင့်ဘဲ ရရှိလိုက်သော ပျော်ရွှင်စရာပင်။
မူလက သူသည် 'ယွီဘုရင်ပုလဲ' (ရေ)၊ 'မဟာနေမင်း သံလိုက်အိမ်မြှောင်' (မီး) နှင့် 'ကန်း သတ္တု ဝိညာဉ်အကြွင်းအကျန်' (ရွှေ) တို့ကို ပိုင်ဆိုင်ထားပြီး ဖြစ်ရာ၊ ယခုအခါ သစ်ဓာတ် ကြွယ်ဝလှသည့် ဉာဏ်အလင်း လက်ဖက်ပင်ပါ ထပ်မံ ရရှိလိုက်သဖြင့်၊ ရွှေ၊ သစ်၊ ရေ၊ မီး ဟူသော ဓာတ်ကြီးလေးပါးကစုစည်းနိုင်ခဲ့ခဲ့ပြီ ဖြစ်ပါသည်။
ဆိုလိုသည်မှာ...
နင်ချီသည် သိုင်းသူတော်စင် စတုတ္ထအဆင့်သို့ပင် အဆင့် ဖြတ်ကျော် တက်လှမ်းရန် ကြိုးစားနိုင်တော့မည် ဖြစ်၏။
သူ၏ စိတ်နှလုံးသည် စိတ်လှုပ်ရှားမှုတို့ဖြင့် လှိုင်းထန်သွားတော့သည်။
သူ၏ မျက်ဝန်းများတွင် ရွှေရောင်အလင်းများ တောက်ပနေပြီး၊ သူသည် အစစ်အမှန်
သိုင်းတောင်အတွင်းသို့ ဝင်ရောက်သွားခဲ့သော ပိုမိုကြီးမားသည့် စွမ်းအင်အနှစ်သာရထုကို ကြည့်လိုက်သည်။ ၎င်းသည် ချက်ချင်း အောင်မြင်နိုင်ဖွယ် မရှိသော်လည်း၊ နင်ချီသည် မျှော်လင့်ချက်များဖြင့် စောင့်ဆိုင်းနေမိသည်။ ထို့နောက်မှ သူ အကြည့်ကို ရုပ်သိမ်းလိုက်လေ၏။
သူသည် ဟင်းလင်းပြင်ရှိ ဝိညာဉ်စွမ်းအင် ပြောင်းလဲမှုများကို ခံစားသိရှိလိုက်သည်။
အနှစ်သာရစွမ်းအားများ ပြန့်ကျဲသွားပြီးနောက်၊ ကောင်းကင်နှင့် မြေကြီးအကြား ပြောင်းလဲမှုများသည် ပြီးဆုံးလုနီးပါး ဖြစ်လာခဲ့သည်။ ကမ္ဘာမြေကြီးသည် တည်ငြိမ်လာခဲ့ပြီး၊ တောင်တန်းများလည်း မတုန်ခါတော့ချေ။ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုများပင်လျှင် ပြန်လည် ညီညာလာခဲ့သည်။
နင်ချီသည် အချိန်ကို တိတ်ဆိတ်စွာ အာရုံခံလိုက်သည်။
အချိန် တစ်ခု ရောက်ရှိသောအခါ...
ဝိညာဉ်စွမ်းအင်၏ လှုပ်ရှားမှုသည် အမြင့်ဆုံးသို့ ရောက်ရှိသွားချိန်တွင် နင်ချီသည် အသံ ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။
"အခွင့်အရေး ရောက်ပြီ... ဘာကြောင့် အမြန် အဆင့်မတက်ကြသလဲ"
ထိုအသံသည် အစစ်အမှန်သိုင်းတောင် တစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားခဲ့ရာ၊ ဂိုဏ်းသားတိုင်းသည် ရင်တွင်းမှ တုန်လှုပ်သွားကြပြီး၊ ထို့နောက် တင်ပျဉ်ခွေ ထိုင်ကာ အပတ်တကုတ် စတင် ကျင့်ကြံ လိုက်ကြလေတော့သည်။