← Chapters

ပဉ္စမအဆင့်ကို နောက်ထပ်တစ်ကြိမ် သတ်ဖြတ်ခြင်း (၂)

Vol. 27 Ch. 392

ပဉ္စမအဆင့်ကို နောက်ထပ်တစ်ကြိမ် သတ်ဖြတ်ခြင်း (၂)

Vol. 27 Ch. 392

~နင်ချီက လက်ဝဲဘက်လက်ကို မြှောက်လိုက်ကာ လက်သင်္ကေတတစ်ခုကို ဖန်တီးလိုက်လေ၏။

စုဝေးရောက်ရှိလာကြသော ဝိညာဉ်စွမ်းအားများသည် တောင်များကို ဖြိုခွင်း၍ ပြန်လည်

တည်ဆောက်လိုက်သကဲ့သို့ ရှေးဟောင်းဆန်ကာ ခံ့ညားထည်ဝါသော တံဆိပ်တော်ကြီး တစ်ခု ဖြစ်ပေါ်လာပေတော့သည်။ ထိုတံဆိပ်တော်၏ အထက်တွင်မူ အရာအားလုံးကို ဖိနှိပ်ထားမည့် အရှိန်အဝါဖြင့် မြောက်အရပ်စောင့် နက်ပြာရောင် လိပ်မင်းကြီး တစ်ကောင် ဝပ်ဆင်းနေသည်ကို တွေ့မြင်ရပေ၏။

အစစ်အမှန်သိုင်း တံဆိပ်တော်။

ယင်းပညာရပ်သည် စစ်မှန်သော နဂါးတံဆိပ်တော် နှင့် နက်ပြာရောင် လိပ်မင်းတံဆိပ်တော် ဟူ၍ ဓမ္မနည်းလမ်း နှစ်မျိုး ကွဲပြားလေသည်။

ယခု နင်ချီ အသုံးပြုလိုက်သည်မှာ နက်ပြာရောင် လိပ်မင်းတံဆိပ်တော် ဖြစ်ပေသည်။

“ဝုန်း”

နက်ပြာရောင် လိပ်မင်းတံဆိပ်တော်သည် ကောင်းကင်အပြည့် လွှမ်းခြုံထားသော လရောင်များကို ဖိနှိပ်ရန် ရွေ့လျားသွားလေသည်။ လေဟာနယ်တစ်ခုလုံးကို ချိတ်ပိတ်လိုက်ပြီး ထိုလရောင်များက အစစ်အမှန်လော၊ အတုအယောင်လော ခွဲခြားမနေတော့ဘဲ အကုန်လုံးကို တစုတစည်းတည်း ဖိချေပစ်လိုက်လေတော့သည်။

လရောင်သည် ကောင်းကင်ဓားမကြီး တစ်လက်အလား ရှေးဟောင်းတံဆိပ်တော် ကို ပိုင်းဖြတ်ရန် ကြိုးစားလေသည်။

သို့သော်လည်း ရှေးဟောင်းတံဆိပ်တော်၏ ဖိနှိပ်မှုအောက်တွင် လရောင်များသည် မှန်ကွဲစများသဖွယ် တစစီ ကြေမွသွားရပြီး၊ အိပ်မက်ဆန်သော အရှိန်အဝါများသည်လည်း ရေမြှုပ်များပမာ ပျောက်ကွယ်သွားရလေ၏။ ရှေးဟောင်းတံဆိပ်တော်သည်ကား အရှိန်မသတ်ဘဲ သိုင်းသူတော်စင် ဇီယွဲ့ ရှိရာဆီသို့ ရက်စက်စွာ ဆက်လက် တိုးဝင်သွားလေတော့သည်။

သိုင်းသူတော်စင် ဇီယွဲ့ ၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားသည်။ သူမ၏ ရင်ထဲတွင် မုန်းတီးမှုများ ပြည့်နှက်နေသော်လည်း ဤပြိုင်ဘက်သည် အတော်လေး ကြောက်မက်ဖွယ်ကောင်းကြောင်း ဝန်ခံလိုက်ရပေသည်။

*'ဒီကောင်က စတုတ္ထအဆင့် သိုင်းသူတော်စင်လေးပဲ ရှိသေးတာပါ... ဘာလို့ သူ့ဝိညာဉ်စွမ်းအားတွေက ဒီလောက်တောင် ခမ်းနားကြီးကျယ်နေရတာလဲ... ငါ ခေတ်အဆက်ဆက် ဝင်စားလာတာတောင် ဒီလောက် အခြေခံအုတ်မြစ် တောင့်တင်းတဲ့ လူမျိုး တစ်ခါမှ မမြင်ဖူးဘူး'*

သူမအတွက်တော့ ယုံနိုင်စရာမရှိလောက်အောင် ဖြစ်နေရ၏။

"နင်က တကယ်တော့ ဘယ်သူလဲ... ငါနဲ့ ဘာရန်ငြိုးရှိလို့လဲ"

သိုင်းသူတော်စင် ဇီယွဲ့ သည် သူမ ထောင်ချောက် တစ်ခုထဲ မိနေသည်ဟု ခံစားလိုက်ရ၏။

တဆက်တည်း၌၊ သူမလက်ထဲမှ ခရမ်းရောင်ဖဲကြိုးသည် ဖြောင့်တန်းသွားပြီး နတ်ဘုရားဓားတစ်လက်အသွင် ပြောင်းလဲသွားလေသည်။ ဓားအလင်းတန်းများသည် ကောင်းကင်ကို စုတ်ဖြဲလျက် ရှေးဟောင်းတံဆိပ်တော် ကို အပိုင်းပိုင်းအစစ ဖြစ်အောင် ရိုက်ခွဲပစ်လိုက်လေ၏။ သို့တိုင်အောင် သူမသည် ပေတစ်ထောင်ခန့် အဝေးသို့ လွင့်စင်သွားရပြီး အသက်ရှူသံများပင် အနည်းငယ် မမှန်တော့ချေ။

ဘယ်သူက သာသလဲဆိုတာ တစ်ချက်ကြည့်ရုံဖြင့် သိသာနေချေပြီ။

နင်ချီ၏ ရင်ထဲတွင်မူ ပို၍ပင် တည်ငြိမ်အေးဆေးသွားလေသည်။

ခဏတာ ထိပ်တိုက်တွေ့ပြီးနောက် သူမ၏ အခြေခံကို သူ အတော်အတန် ခန့်မှန်းမိသွားပြီ ဖြစ်၏။ အကယ်၍ သူမ၏ စွမ်းရည်က ဒီလောက်ပဲ ရှိသည်ဆိုပါက သူ့အတွက် ပြိုင်ဘက် မဟုတ်တော့ပေ။

သူ စကားပြန်မပြောပေ။

သို့သော် ကောင်းကင်ယံရှိ ဓားလောင်း ကို တစ်ချက် မော့ကြည့်လိုက်သည်။ နေနီ သိုင်းသူတော်စင် ၏ အသားနှင့် သွေးများကို စုပ်ယူပြီးနောက် ဓားလောင်း ၏ မူလဇာစ်မြစ်သည် သိသိသာသာ ပိုမို ခိုင်မာလာသည်ကို တွေ့ရလေ၏။ စတုတ္ထအဆင့် သိုင်းသူတော်စင် တစ်ပါး၏ အသားနှင့် သွေးသည် သာမန်မဟုတ်ပေ။

ထိုစဉ် သိုင်းသူတော်စင် ဇီယွဲ့ ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"နင်.. ဒီ ဓားလောင်း မွေးဖွားလာမယ်ဆိုတာကို ကြိုတွက်ထားတာမလား... ငါ့အစ်ကိုကြီး နေနီ ကို တမင်သက်သက် ဒီရောက်လာအောင် မျှားခေါ်ပြီး ငါတို့ရဲ့ အသားတွေ သွေးတွေနဲ့ ဒီ ဓားလောင်း ကို အစာကျွေးဖို့ ကြံစည်တာမလား... မိစ္ဆာဓား တစ်လက်ကို ဖန်တီးချင်နေတာပဲ... ဒီလို ယုတ်မာတဲ့ စိတ်ထားမျိုးနဲ့ နင်.. ကောင်းကင်သတ်သိုင်းသူတော်စင် လိုက်သတ်မှာကို မကြောက်ဘူးလား... သူတော်စင် အားလုံး ဝိုင်းသတ်တာကို မကြောက်ဘူးလား"

မည်သူမဆို ကြည့်လိုက်လျှင် သိနိုင်ပေသည်။ သိုင်းသူတော်စင် ဇီယွဲ့ သည် သူမ၏ ကြောက်ရွံ့မှုကို ဖုံးကွယ်ရန်အတွက် ဟိုစပ်စပ် ဒီစပ်စပ် လျှောက်ပြောကာ ခြိမ်းခြောက်နေခြင်း ဖြစ်၏။

သူမသည် ကောင်းကင်သတ်သိုင်းသူတော်စင် (အဆင့် ၁) ၏ နာမည်ကိုပင် ထုတ်သုံးလာခဲ့ချေပြီ။

နင်ချီ တိတ်တဆိတ် ရယ်မောလိုက်မိသည်။

*'ဒီအဘွားကြီးကတော့ဗျာ... ဇာတ်လမ်းတွေ ဖန်တီးနေလိုက်တာ... စိတ်ကူးယဉ် ကောင်းချက်ကတော့ ကိုးပဲ'*

"လာတာက ခင်ဗျားတို့ဘာသာ လက်စားချေမယ်ဆိုပြီး လာတာလေ... အခုကျတော့မှ ကျွန်တော်က ဒီရောက်လာအောင် ခေါ်ပါတယ်ဆိုပြီး ပြောရတယ်လို့... စိတ်ဝင်စားစရာပဲဗျာ"

ပြန်လည် ချေပရင်း၊ နင်ချီ၏ အကြည့်က သိုင်းသူတော်စင် ဇီယွဲ့ အပေါ်သို့ ကျရောက်သွားရာ သူမခမျာ ကြက်သီးမွေးညင်းများပင် ထသွားရရှာသည်။

"ဒါပေမယ့် ခင်ဗျားပြောမှ သတိရတယ်... ပဉ္စမအဆင့် သိုင်းသူတော်စင် ရဲ့ အသားနဲ့ သွေးဆိုရင် ဒီ ဓားလောင်း ကို နောက်တစ်ဆင့် ပို့ပေးနိုင်

လောက်တယ်ဗျ... ကျေးဇူးပဲဗျာ"

ထိုစကားကို ကြားလိုက်ရသောအခါ၊

မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင် နှင့် အခြားနှစ်ဦးမှာ လည်ချောင်းများ ခြောက်ကပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ စောစောက သိုင်းသူတော်စင် ဇီယွဲ့ ၏ မှန်းဆချက်က သူတို့ကို စိုးရိမ်ပူပန်စေခဲ့ပြီးဖြစ်ရာ၊ ယခု နင်ချီကပါ ထောက်ခံလိုက်သည့်အခါ သူတို့သည် ဤ ဒုက္ခတွင်းထဲမှ ချက်ချင်း ထွက်ပြေးချင်စိတ်သာ ပေါက်နေတော့သည်။

သို့သော် သူတို့ မပြေးရဲကြပေ။

အတင်းဟန်လုပ်ထားသော တည်ငြိမ်မှုဖြင့် ဆက်လက် ကြည့်ရှုနေရုံမှ တပါး အခြား မရှိတော့ချေ။

သိုင်းသူတော်စင် ဇီယွဲ့ ၏ မျက်ဝန်းများ ထပ်မံ ကျဉ်းမြောင်းသွားပြန်သည်။ နင်ချီသည် အဝေးတစ်နေရာမှ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် သူမ၏ နှလုံးသားသည် ထိတ်လန့် တုန်လှုပ်သွားရလေသည်။

"ဘယ်ကို လိုက်ကြည့်နေတာလဲ"

တိုးညင်းသော်လည်း ကျောချမ်းဖွယ်ကောင်းသော အသံတစ်သံသည် သူမ၏ နောက်ကျောဘက်မှ ထွက်ပေါ်လာလေ၏။

လေဟာနယ်ကို စုတ်ဖြဲပစ်လိုက်သည့် အရှိန်ပြင်းသော လက်သီးချက်တစ်ခုသည် ရောက်ရှိလာခဲ့ချေပြီ။

သိုင်းသူတော်စင် ဇီယွဲ့ ၏ ရင်ထဲတွင် ထိတ်ပျာသွားရ၏။ ဖဲကြိုးသည် ချက်ချင်းပင် ပြန့်ကားသွားပြီး သူမ၏ ကိုယ်ကို အထပ်ထပ် ရစ်ပတ်ကာ ကာကွယ်လိုက်သော်လည်း လက်သီးချက်၏ စွမ်းအားကို တစ်စိတ်တစ်ပိုင်းမျှသာ လျှော့ချနိုင်ခဲ့၏။

“ဝုန်း”

"အ.. ဝေါ့"

သူမ၏ ခါးရိုး ကျိုးသွားပြီး သွေးများကို တရစပ် အန်ထုတ်လိုက်ရ၏။

သူမ ပြန်လည် တိုက်ခိုက်ချင်သေးသည်။

သို့သော် နဂါးဟိန်းသံ နှစ်ခုသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပြန်၏။

ရေနှင့် မီး နဂါးနှစ်ကောင်သည် ကောင်းကင်ထောင်ချောက်တစ်ခုအသွင် ဖွဲ့စည်းလိုက်ပြီး သူမကို မြဲမြံစွာ ချုပ်နှောင်ထားလိုက်ကြ၏။ ဤသည်မှာ နင်ချီ သိုင်းသူတော်စင် အဆင့် မရောက်ခင်ကတည်းက ယွီဘုရင်ပုလဲ နှင့် မဟာနေမင်း သံလိုက်အိမ်မြှောင် တို့ကို အသုံးပြု၍ ရေနှင့် မီး ပေါင်းစပ်ကာ ဖန်တီးထားသော တိုက်ကွက်ဖြစ်၏။ ယခု နင်ချီ သိုင်းသူတော်စင် အဆင့်ရောက်ပြီး ရေမီး နှစ်ပါး ချီစွမ်းအင် ကို သန့်စင်ပြီးသည့်နောက်တွင်ကား ယခင်နှင့် လားလားမျှ မဆိုင်တော့အောင် စွမ်းအားကြီးမားနေပြီ ဖြစ်ပေသည်။

သိုင်းသူတော်စင် ဇီယွဲ့ ထိတ်လန့်သွားသည်။ သူမ၏ အမှတ်အသားဖြစ်သော ခရမ်းရောင် လမင်း ကို ထုတ်ဖော်ကာ လရောင်များဖြင့် ရူးသွပ်စွာ ခုတ်ပိုင်းသော်လည်း၊ အရာအားလုံးသည် ရေနှင့် မီးကြားတွင် အရည်ပျော်သွားရလေသည်။ သူမသည် သွားကို တင်းတင်းကြိတ်လိုက်ပြီး လမင်းကြီးကို သုံးကာ ဖိနှိပ်ရန် ကြိုးစားသော်လည်း နဂါးခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်းကိုသာ အရည်ပျော်အောင် လုပ်နိုင်ခဲ့၏။ လွတ်မြောက်ရန်မှာ မလွယ်ကူလှပေ။

သို့သော် နင်ချီသည် ဤအခွင့်အရေးကို လွတ်သွားခံမည် မဟုတ်ပေ။

တိုက်ကွက်တစ်ခုပြီး တစ်ခု ဆက်တိုက်ပင်။

သိုင်းသူတော်စင် ဇီယွဲ့ သည် သူ၏ ထောင်ချောက်ထဲသို့ အပြည့်အဝ ကျရောက်သွားခဲ့ချေပြီ။

ဘေးမှ ကြည့်နေသူများ၏ ရင်ထဲတွင် တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။ ကြည့်ရသည်မှာ ကြာမြင့်နေသယောင် ထင်ရသော်လည်း တကယ်တမ်းတွင် သူတို့နှစ်ဦး၏ တိုက်ခိုက်မှုသည် မျက်စိတစ်မှိတ်အတွင်း လျင်မြန်လွန်းလှပေသည်။

နင်ချီ၏ မျက်လုံးများတွင် ရွှေရောင်အလင်းတန်းများ တောက်လောင်နေပြီး အေးစက်ကာ လျစ်လျူရှုထားသော အကြည့်မျိုးဖြင့် လက်ညှိုးတစ်ချောင်း ထိုးလိုက်လေသည်။

လေဟာနယ်ထဲမှ အံ့မခန်း ထက်ရှသော ဓားချီ တစ်ခု ပေါ်ထွက်လာလေ၏။

ဤသည်မှာ မူလနတ်ဘုရား ဓားချီ ပင် ဖြစ်၏။ သိုင်းသူတော်စင် အဆင့်သို့ ရောက်ပြီးနောက် ၎င်း၏ ထက်ရှမှုသည် ယခင်ကထက် သာလွန်နေပြီး ဖြတ်သန်းသွားရာ လမ်းကြောင်းတလျှောက်တွင် ပေပေါင်းများစွာ ကျယ်သော လေဟာနယ် အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။

အကယ်၍ ကမ္ဘာကြီး မပြောင်းလဲခင် အချိန်ကသာဆိုလျှင် ဆယ်ဆခန့် ပိုကျယ်နိုင်ပေသည်။

မြင်ကွင်းမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။

သိုင်းသူတော်စင် အားလုံး ကြောက်လန့်တကြား ဖြစ်ကုန်ကြ၏။

ဤ ဓားချီ သည် လေဟာနယ် အက်ကွဲကြောင်း အတွင်း၌ ပုန်းကွယ်နေပြီး ခြေရာခံရန် မဖြစ်နိုင်သလို အလွန်အမင်း လျင်မြန်သော အရှိန်ဖြင့် ရွေ့လျားလာခြင်း ဖြစ်၏။

သိုင်းသူတော်စင် ဇီယွဲ့ သည် နဂါးနှစ်ကောင်၏ ချုပ်နှောင်မှုမှ လွတ်မြောက်ရန် ကြိုးစားနေရင်း မျက်လုံးများ ပြူးကျယ်သွားကာ ရုတ်တရက် မျက်ဝန်းအိမ်များ ကျယ်သွားရလေသည်။

သူမ ဖြည်းဖြည်းချင်း ခေါင်းကို ငုံ့ကြည့်လိုက်သည်။

သူမ၏ နှလုံးသားသည် မည်သည့်အချိန်က အထိုးခံလိုက်ရမှန်း မသိဘဲ ဓားချီ ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး ဖြစ်နေ၏။ ကြောက်မက်ဖွယ်ကောင်းသော ထက်ရှမှုက သူမ၏ ရှင်သန်ခြင်း စွမ်းအားများကို ရိုက်ခွဲဖျက်ဆီးပစ်လိုက်လေ၏။

"နင်က တကယ်တော့ ဘယ်သူလဲ..."

သို့သော် သူမ စကားဆုံးအောင် မပြောနိုင်လိုက်ပေ။

ဓားချီ သည် သူမကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်ပြီး သွေးမိုးများအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေတော့သည်။

“ဝုန်း”

နောက်ထပ် သိုင်းသူတော်စင် တစ်ပါး ကျဆုံးသွားပြန်သဖြင့် ကမ္ဘာလောကကြီး တုန်ဟည်းသွားပြန်လေသည်။

ဂုဏ်သရေရှိလှသော ပဉ္စမအဆင့် သိုင်းသူတော်စင် ကြီးတစ်ပါးသည် နင်ချီ၏ လက်ချက်ဖြင့် မည်မည်ရရ အားစိုက်ထုတ်စရာ မလိုလိုက်ဘဲ အလားတူပင် ချေမှုန်းခံလိုက်ရချေပြီ။

မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင် နှင့် အခြားနှစ်ဦးမှာ စကားမပြောနိုင်လောက်အောင် အာခေါင်တွေ ထုံကျဉ်ကုန်ကြ၏။ မျက်စိရှေ့မှ အရာအားလုံးသည် အိပ်မက်တစ်ခုလိုပင် ဖြစ်နေ၏။

‘စတုတ္ထအဆင့် သိုင်းသူတော်စင် တစ်ပါးက ပဉ္စမအဆင့် သိုင်းသူတော်စင် ကို ဒီလောက် လွယ်လွယ်ကူကူ သတ်ပစ်လိုက်နိုင်တာ..ဘယ်တုန်းက ရှိလို့လဲ... ငါတို့များ ခေတ်မှားပြီး နိုးထလာကြတာလား။’

စတုတ္ထအဆင့် သိုင်းသူတော်စင် နှင့် ပဉ္စမအဆင့် သိုင်းသူတော်စင် တို့ကြားတွင် ပါရမီနှင့် ထူးချွန်မှုက ဘယ်လောက်တောင် ကွာခြားနိုင်မှာမို့လို့လဲ... ။

အဓိက ယှဉ်ပြိုင်ကြတာက အခြေခံအုတ်မြစ်ချင်း မဟုတ်လား။

ယခင်ခေတ်များတုန်းက၊

စတုတ္ထအဆင့် သိုင်းသူတော်စင် တစ်ပါးက ပဉ္စမအဆင့် သိုင်းသူတော်စင် ကို နည်းလမ်းပေါင်းစုံသုံးပြီး ယှဉ်ပြိုင်နိုင်ရုံ... မရှုံးနိမ့်အောင် တောင့်ခံထားနိုင်ရုံလောက် ဆိုလျှင်ပင်၊ ပြိုင်ဘက်ကင်း ပါရမီရှင်လို့ သတ်မှတ်ခံရသည်လေ။

ယခု မျက်စိရှေ့က မြင်ကွင်းကတော့ သူတို့၏ နားလည်မှုအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်ပြီ ဖြစ်၏။

အဝေးတစ်နေရာတွင်၊

နွမ်းပါးသော ဝတ်စုံကို ဝတ်ဆင်ထားသည့် တာအိုဆရာ တစ်ဦးသည် အသည်းအသန် ပြေးလွှားလာနေ၏။ တာအိုဆရာ ပိုင်ရှန် သည် အစစ်အမှန် နက်ရှိုင်းဂိုဏ်း ၏ အခွင့်အရေးများကို ရှင်းလင်းပြီးနောက် သိုင်းသူတော်စင် ကျဆုံးသည့် ပဲ့တင်သံများကို ကြားလိုက်ရသဖြင့် တုန်လှုပ်စွာဖြင့် အပြေးရောက်လာခြင်း ဖြစ်၏။

*' မောင်နင်ချီ... မဖြစ်နိုင်ဘူးမလား... အဲဒီကောင်လေးက ဒီလောက် ပါရမီကောင်းတာ... ဒီလောက် ကံဆိုးမယ် မထင်ပါဘူး'*

သူ့စိတ်ထဲတွင် မကောင်းသော နိမိတ်များကို ခံစားနေရ၏။ အစစ်အမှန်သိုင်းတောင် မှ သိုင်းသူတော်စင် အသစ်လေး အသတ်ခံလိုက်ရပြီလားဟု တွေးပူနေမိသည်။

တာအိုဆရာ ပိုင်ရှန် ပို၍ အရှိန်မြှင့်လိုက်သည်။

ပဉ္စမအဆင့် သိုင်းသူတော်စင် ၏ အရှိန်အဝါသည် ထင်ရှားလှပြီး ဓာတ်ကြီးငါးပါး ချီစွမ်းအင် များသည် သူ့ခန္ဓာကိုယ်ပတ်လည်တွင် စီးဆင်းနေကာ အလွန်အမင်း လျင်မြန်လှပေသည်။

မကြာခင်မှာပင်၊

အစစ်အမှန်သိုင်းတောင် ကို လှမ်းမြင်လိုက်ရလေပြီ။

တာအိုဆရာ ပိုင်ရှန် သည် သိုင်းသူတော်စင် မြူဖြူ ၊ သိုင်းသူတော်စင် ဟေးဇီး နှင့် မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင် တို့ အဝေးမှ 'လေ့လာနေကြ' သည်ကို ချက်ချင်း တွေ့လိုက်ရသဖြင့် သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

အစစ်အမှန်သိုင်းတောင် တွင် ရတနာအလင်းရောင်များ ထွက်ပေါ်နေမှုက သူ့ဆီက အခွင့်အရေးများထက်ပင် သာလွန်နေသဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခံနေရသည်ဟု ထင်မှတ်ကာ အရှိန်အဝါကို မဖုံးကွယ်ဘဲ တဟုန်ထိုး ဝင်ရောက်လာခဲ့၏။

မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင် နှင့် အဖွဲ့မှာ ကျောချမ်းသွားကြ၏။ နောက်ထပ် ပဉ္စမအဆင့် သိုင်းသူတော်စင် တစ်ပါး ရောက်လာပြန်ပြီ... ဒီနေရာကနေ အမြန်ဆုံး ထွက်ပြေးချင်စိတ်များသာ တဖွားဖွား ပေါ်ပေါက်လာတော့သည်။

သို့သော် မကြာမီ။

တာအိုဆရာ ပိုင်ရှန် ရပ်တန့်သွားသည်။

နင်ချီက သိုင်းသူတော်စင် ဇီယွဲ့ ၏ သွေးမိုးများကို ဓားလောင်း ထံသို့ ပို့ဆောင်ပေးနေပြီး ပျောက်ကွယ်စ ပြုနေသည်ကို အချိန်မီ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်၏။

တာအိုဆရာ ပိုင်ရှန် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

"ဟေ"

ထို ဝိညာဉ်သွေးစက် များထဲရှိ အကန့်အသတ်မဲ့သော စွမ်းအားများသည် သူ့ကို တုန်လှုပ်သွားစေသည်။ ကိုယ်တိုင်သာ အာရုံမခံမိလျှင် အစစ်အမှန်သိုင်းတောင် မှ သိုင်းသူတော်စင် အသစ်လေးက ဒီလောက်ထိ ဘီလူးဆန်လိမ့်မည်ဟု ယုံကြည်မည် မဟုတ်ပေ။

သူ့ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရ၏။

ခဏကြာပြီးနောက်၊

တာအိုဆရာ ပိုင်ရှန် ခါးသက်သက် ရယ်မောလိုက်မိတော့သည်။

*'ငါကတော့ တစ်ခုခုဖြစ်ပြီဆိုပြီး အသည်းအသန် ပြေးလာလိုက်ရတာ... ကြည့်ပါဦး... ဒီကောင်လေးက အနိုင်ကျင့်ခံရတာ မဟုတ်ဘဲ သူများတွေကိုတောင် ပြန်ပြီး အနိုင်ကျင့်နေပါရောလား... တကယ့် ဘီလူးငယ်လေးပါလား ၊ မောင်နင်ချီရာ'*

All Chapters