သွေးဘုရင် ကူ၏ လျှို့ဝှက်ချက်၊ ရက်စက်သော သတ်ဖြတ်ခြင်း ( ၃)
Vol. 9 Ch. 133
နင်ချီ့အတွက်တော့ ဤသည်မှာ မခက်ခဲလှ။
အစောပိုင်းက သူ 'မြို့စောင့်မြောက်ပိုင်းဘုရင်' ၏ လက်သီးသိုင်း ပညာရပ်မှ အနှစ်သာရ အချို့ကို သင်ယူ လေ့လာထားခဲ့သည်။
သို့သော် ဤထက် ပိုမို ကောင်းမွန်သော ပစ်မှတ် တစ်ခု ရှိနေသေးသည်။
ထို ပစ်မှတ်မှာ သူ အရင်က သတ်ဖြတ်ခဲ့ဖူးသော 'မိစ္ဆာဂိုဏ်း' မှ 'ကောင်းကင်ဘုံလူသား' ပင်။ နင်ချီ သူနှင့် အချိန်အကြာဆုံး ထိတွေ့ ဆက်ဆံခဲ့ရသည် မဟုတ်ပါလား။ အနည်းငယ် ပြန်လည် စဉ်းစား လိုက်ရုံမျှဖြင့် 'အသင်္ချေဖြစ်ရပ်ဆန်းကြယ် အစစ်အမှန်ချီစွမ်းအင်' ကို အလွယ်တကူ အသုံးပြု နိုင်ပေလိမ့်မည်။
'ဟင်း။ 'မိစ္ဆာဂိုဏ်း' နဲ့ 'တောင်ပိုင်းနယ်စပ် မဟာမိတ်' တို့ ခွေးတွေလို အချင်းချင်း ကိုက် စား ကြအောင် ငါ လုပ်နိုင်ခဲ့ မယ် ဆိုရင် ဒါ တော်တော်လေး ကောင်းသွား မှာပဲ'
နင်ချီ ပါးနပ်စွာ ပြုံးလိုက်မိသည်။
သူ သွေးကန်ကြီးကို စိုက်ကြည့် လိုက်သည်။
'သွေးဘုရင် ကူ' မှာ သူ၏ ပြောင်းလဲခြင်းကို အဆုံးသတ် လိုက်ပြီ ဖြစ်၏။ အလွန်အမင်း ကြွယ်ဝ တက်ကြွသော သက်စောင့်စွမ်းအင်များဖြင့် ပြည့်နှက် နေပြီး သူ၏ တောင်ပံ သုံးစုံမှာ တဖျပ်ဖျပ် ခတ်လျက် သန်မာ အားကောင်း နေသည်။ မကောင်းဆိုးဝါး အငွေ့အသက် တစ်စိုးတစ်စိမျှ မရှိချေ။
အကယ်၍သာ ဤကြောက်မက်ဖွယ် သွေးကန်ကြီးသာ မရှိခဲ့ပါက အခြားသူများ ဤ 'သွေးဘုရင် ကူ' ကို သဘာဝအတိုင်း ပျိုးထောင် ထားသော ရတနာပိုးကောင်လေး တစ်ကောင်ဟုပင် ထင်မှတ် သွားနိုင်သည်။
နင်ချီ 'ခရမ်းရောင် ကျောက်စိမ်း ဝါးပြွန်' ကို ဖွင့်လိုက်ပြီး 'အကြီးအကဲ ဝတုတ်' ကဲ့သို့ပင် ထူးခြားသော အသံ လှိုင်း များကို ထုတ်လွှတ် လိုက်သည်။
စားသောက်၍ ဝ နေပြီ ဖြစ်သော 'သွေးဘုရင် ကူ' က ချက်ချင်း နာခံစွာ ပျံသန်း ပြန်လာပြီး ဝါးပြွန် ထဲသို့ တိုးဝင် ပျောက်ကွယ် သွားတော့သည်။
နင်ချီ ၎င်းကို ဂရုတစိုက် သိမ်းဆည်း လိုက်သည်။
စိတ်ထဲတွင် အနည်းငယ် ကျေနပ် သွားမိသည်။
သူ ဤ 'သွေးဘုရင် ကူ' ကို 'ကောင်းကင်ဘုံလူသားနယ်ပယ်' သို့ တက်လှမ်းရန် အတွက် သဘာဝကျကျပင် အသုံး ပြုမည် မဟုတ်ပါ။ ထိုသို့ စဉ်းစား ကြည့်ရုံ မျှဖြင့် ဤသို့သော ဖြတ်လမ်း လိုက်ခြင်း မျိုး မှာ သူ၏ ကိုယ်ပိုင် လမ်းစဉ်ကို ဖြတ်တောက် ပစ်ရာ ရောက် ကြောင်း ရှင်းလင်း နေခဲ့လေပြီ။
အကယ်၍ နောင်တွင် ကိုယ်ပိုင် လမ်းစဉ်ကို ပြန်လည် ကုစား နိုင်ခဲ့ သည် ဆိုဦး၊ အဆပေါင်း များစွာ ပိုမို ကြိုးစား အားထုတ် ရဖွယ် ရှိပါသည်။
နင်ချီ တန်ဖိုး ထားသည်မှာ 'သွေးဘုရင် ကူ' ၏ ကြွယ်ဝ လှသော သက်စောင့်စွမ်းအင် သက်သက် သာ။
နင်ချီ ညင်သာစွာ သက်ပြင်း မှုတ်ထုတ် လိုက်သည်။
သူ၏ ခန္ဓာကိုယ် ထဲမှ 'ချီစွမ်းအင်' များ ပေါက်ကွဲ ထွက်လာပြီး 'ခန္ဓာကိုယ် ပုံပြောင်းခြင်းနှင့် အရိုးအဆစ် ပြောင်းလဲခြင်း' ပညာရပ်ကို လည်ပတ် စေလိုက်ရာ ချက်ချင်း ပင် 'အကြီးအကဲ ဝတုတ်' ၏ ပုံပန်းသဏ္ဌာန် အဖြစ် ပြောင်းလဲ သွားခဲ့သည်။
သူ သူ၏ လက်များကို နောက်သို့ ပစ် လျက် ရပ် နေလိုက်၏။
'မြေအောက် နန်းတော်' တံခါးမကြီး များကို တွန်း ဖွင့် လိုက်သည်။
လက်အောက်ငယ်သား အားလုံး ရိုသေစွာ ဦးညွှတ် လိုက်ကြ၏။
"အကြီးအကဲ ဝတုတ်ကို ဂါရဝ ပြုပါတယ်"
နင်ချီ စကား တစ်ခွန်း မှ မပြော။ သူ၏ မျက်လုံးများ တွင် မဲမှောင် ကြမ်းတမ်းသော အရိပ်အယောင်များ သယ်ဆောင် ထားပြီး ကြီးမား လှသော ဖိအား တစ်ခု ထုတ်လွှတ် လိုက်ရာ လူတိုင်း မြေပြင်ပေါ် ဒူးထောက် ကျသွားစေပြီး အသက်ပင် မရှူ နိုင် တော့။
အားလုံး စိုးရိမ် ပူပန် သွားကြသည်။ သူတို့ အားလုံး ဘာ ဖြစ် သွား မှန်း မသိကြပေ။
တစ်စုံတစ်ယောက်က 'မိုးကြိုး' နင်ချီ၏ နောက်တွင် မရှိ နေသည်ကို သတိထား မိ သွားပြီး ဒုတ်ခနဲ ရင်ထိတ် သွားသည်။
"သခင် 'မိုးကြိုး' ရော ဘယ်မှာလဲဗျ အကြီးအကဲ"
ထိုအခါ နင်ချီ၏ ဒေါသ ကို ချုပ်တည်း ထားသော အသံ ထွက်ပေါ် လာခဲ့ ပြီ။
"တော် တော် ကောင်းတယ်။ မင်းတို့ အားလုံး တော် တော် ကောင်းကြ တယ်"
"'သွေးမိုးမျှော်စင်' ရဲ့ ထိပ်တန်း သတ်ဖြတ်သူ လေးယောက် ထဲက တစ်ယောက် က သူလျှို ဖြစ်နေ တယ်။ တော်တော် နက်နက် ရှိုင်းရှိုင်း ပုန်းကွယ်ထားနိုင်တယ်။ 'မိုးကြိုး'က မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်။ ဒီ အကြီးအကဲကို အလစ်ဝင် တိုက်ခိုက်ဖို့ ကြံစည်ခဲ့ပေမယ့် ငါ သတ်ဖြတ်လိုက်ပြီး သွေးကန်အတွက် အစာ ဖြစ်သွားခဲ့ပြီ"
"မင်းတို့ထဲမှာ သူလျှို ဘယ်နှစ်ယောက် ရှိသေးလဲ ဆိုတာ ပဲ မသေချာတော့တာ"
နင်ချီ၏ ပြင်းရှသော ဒေါသ ပေါက်ကွဲ ထွက်လာသည်။
အေးစက်သော နှာခေါင်း ရှုံ့သံ နှင့်အတူ လွှမ်းမိုးနိုင်သော အရှိန်အဝါ ထုတ်လွှတ်လိုက်ရာ အချို့သွေးများ အန်ထွက်ကုန်ကြသည်။ ထိတ်လန့်တကြားဖြင့် အသက်လုကာ အသနား ခံ ကြတော့သည်။
"အကြီးအကဲ ကျေးဇူးပြုပြီး ရှင်းရှင်းလင်းလင်း ကြည့် ပေးပါ။ ကျွန်တော်တို့ အားလုံး အကြီးအကဲ အပေါ် သစ္စာ ရှိ ကြပါတယ် 'မိုးကြိုး' သူလျှိုဖြစ်နေမှန်း တကယ် မသိကြပါဘူး"
မြင်ကွင်း တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက် သွားသည်။
အားလုံး၏ နှလုံးသားများ တဒုန်းဒုန်း ခုန် နေကြသည်။ အဘယ်ကြောင့် ဤသို့ ရုတ်တရက် အပြောင်းအလဲ ဖြစ် ပေါ် လာရသည်ကို မည်သူမျှ မသိ။
နင်ချီက အေးစက်သော မျက်လုံးများ ဖြင့် ဝေ့ ကြည့် လိုက်သည်။ ခဏအကြာတွင် သူ ပြင်းထန်စွာ နှာခင်း ရှုံ့လိုက်သည်။
"ကြည့်ရတာ ဒီနှစ်တွေ အတွင်း ငါ နဲ့ 'အကြီးအကဲ ပိန်ခြောက်' နည်းနည်း ပေါ့လျော့ သွား ပုံ ပဲ။ အချိန် ကောင်း ပဲ။ သေသေချာချာ စုံစမ်း စစ်ဆေး ရတော့မယ်"
"ငါ့ရဲ့ လျှို့ဝှက်အမိန့်ကို ပို့လိုက်။ 'အကြီးအကဲ ပိန်ခြောက်' နဲ့ တခြား လူ အားလုံး ကို ဒီကို ချက်ချင်း လာခဲ့ လို့။ မလာတဲ့ လူက သူလျှိုပဲ"
"မင်းတို့ အနေနဲ့ အမှန်တရား မပေါ် မချင်း ဒီ က နေ မခွာ ရဘူး။ တစ်ယောက် ကို တစ်ယောက် စောင့်ကြည့် နေ။ တစ်ယောက် လျော့ သွား ရင် ဒီ အကြီးအကဲ မင်းတို့ အားလုံး ရဲ့ အသက် ကို ယူ ပစ် မယ်"
အားလုံး ပထမ သက်ပြင်း ချ လိုက် နိုင် ကြ သော်လည်း ထို့နောက် သူတို့၏ နှလုံးသားများ အေးစက် သွားသည်။ ဤ မုန်တိုင်း မှာ အတော်လေး ကြီးမားနိုင်သည်ကို သူတို့ သဘောပေါက်သွားကြသည်။
"ဟုတ်ကဲ့ အကြီးအကဲ ဝတုတ်"
အားလုံး ထွက်ခွာသွားကြသည်။
နင်ချီ၏ မူလ မိုးကြိုး ချ မတတ် ဒေါသများ ချက်ချင်း ပျောက်ကွယ် သွားသည်။
သူ၏ နှလုံးသားထဲတွင် မျှော်လင့်ချက် အနည်းငယ် ခံစား နေရသည်။ သူတို့ သူ့ထံ လာရောက်ကြမည်ကို စောင့်ဆိုင်း ရုံသာ။
လွန်ခဲ့သော နှစ်များ ဆီမှ ထို 'သခင်လေး' ကို တွေး ကြည့် လိုက်မိရာ နင်ချီ၏ သတ်ဖြတ်လိုစိတ် များ ပေါက်ကွဲထွက်လာသည်။ လက်စားချေ ရန် နီးကပ်လာ လေ သူ အစောပိုင်းက ထင်ထားသကဲ့သို့ တည်ငြိမ်အေးချမ်း မနေနိုင်ကြောင်း ပိုသဘောပေါက်လာလေပင်။ ဤ အငြိုး ကို ဖြေရှင်းရန် လိုအပ် သည်။
နင်ချီ အစပိုင်းတွင် 'အကြီးအကဲ ပိန်ခြောက်' ကို အကြောင်းမကြားဘဲ နေရန် စဉ်းစားခဲ့သေးသည်။
သို့သော် ဤမျှ ကြီးမားသော လှုပ်ရှားမှုကြီး ဖြစ်ပြီးမှ 'အကြီးအကဲ ပိန်ခြောက်' ကို အကြောင်းမကြား ခြင်းက သံသယဝင်စရာ ဖြစ်သွားနိုင်သည်။
' 'အကြီးအကဲ ပိန်ခြောက်' ရဲ့ စွမ်းအားက 'အကြီးအကဲ ဝတုတ်' ထက် နည်းနည်း ပို သာ တယ် ဆိုပေမဲ့ အများကြီး ပို သာတာ တော့ မဟုတ်ဘူး။ အများဆုံး 'ကောင်းကင်ဘုံအဆင့်စာရင်း' ဝင် တွေရဲ့ စွမ်းအား နဲ့ နီးစပ် တာ လောက် ပဲ'
အကြွင်းမဲ့ စွမ်းအားက နင်ချီ့ကို အကြွင်းမဲ့ ယုံကြည်မှု ပေး ထားသည်။ အကယ်၍သာ သူ သူ၏ နည်းလမ်း အားလုံးကို ထုတ် သုံး မည် ဆိုလျှင် 'ကောင်းကင်ဘုံအဆင့်စာရင်း' ၏ ဆယ်ဂဏန်း အဆင့် ရှိ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ များကိုပင် ယှဉ်ပြိုင် နိုင်စွမ်း ရှိသည်။ 'အမြုတေတု အရည်ဖျော်' နည်းစနစ် ကိုပါ အသုံး ပြု မည် ဆိုလျှင် ‘မြို့စောင့်မြောက်ပိုင်းဘုရင်’ ကိုပင် တိုက်ခိုက်နိုင်မည်ဟု နင်ချီ ခံစားနေရသည်။
သူသည် 'မြေအောက် နန်းတော်'၏ အတွင်း အနက်ရှိုင်း။ဆုံးတွင် ထိုင် နေလိုက်ပြီး သူ၏ အာရုံခံ စွမ်းအားကို ပတ်ပတ်လည် ဖြန့်ကျက် ထားသည်။
လက်အောက်ငယ်သား တစ်ဦးချင်းစီ မှာ ယဉ်ပါး အောင် လေ့ကျင့် ထားသော ပျံသန်း နိုင်သည့် ဆန်းပြား သားရဲ များကို အသုံးပြု ၍ လျှို့ဝှက် အမိန့် များကို ပေးပို့ ခဲ့ ကြ ပြီး ဖြစ်သည်။ ထို့နောက် တစ်ယောက် ကို တစ်ယောက် အပြန်အလှန် စောင့်ကြည့် နေကြသည်။ အကယ်၍ တစ်စုံတစ်ယောက် မှာ တကယ် သူလျှို ဖြစ် နေပြီး ထွက်ပြေး လွတ်မြောက် သွားပါက သူတို့ကိုပါ ထိခိုက် လာ နိုင်သည်ကို ကြောက်ရွံ့ နေကြသည်။ ဤသို့သော အခြေအနေ အောက်တွင် မည်သူမျှ ထွက်ခွာ နိုင်မည် မဟုတ်ပေ။
နင်ချီ အနည်းငယ် စိတ်အေး သွားပြီး 'မိစ္ဆာဂိုဏ်း' မှ 'အကြီးအကဲ ဝမ်' ၏ အဆုံးစွန် ပညာရပ် များကို ဂရုတစိုက် ပြန်လည် အမှတ်ရ စဉ်းစားကာ တိတ်တဆိတ် သဘောပေါက် နားလည်ရန် ကြိုးစားနေလိုက်သည်။
အားလုံး ဤနေရာသို့ စုဝေး ရောက်ရှိ လာရန် တစ်ရက် သို့မဟုတ် နှစ်ရက် ကြာမြင့်နိုင်၏။ ဤအချိန် ကာလ မှာ 'အကြီးအကဲ ဝမ်' ၏ အဆုံးစွန် ပညာရပ် များစွာကို တွက်ချက် ဖော်ထုတ်နိုင်ရန် လုံလောက်ပေသည်။
အချိန် ဖြည်းညင်းစွာ ကုန်ဆုံး သွားခဲ့သည်။
နှစ်ရက်တိုင်တိုင် အမာခံစခန်း တစ်ခုလုံး အလွန် တင်းမာသော အခြေအနေတွင် ရှိနေခဲ့သည်။
အချိန် မရွေး အနီးအနား ရှိ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ ရောက်ရှိလာတတ်ကြသည်။
နင်ချီ့ကို မြင် သည်နှင့် သူတို့ ချက်ချင်း မိမိတို့ အပြစ်ကင်း ကြောင်း သက်သေပြကြသည်။ နင်ချီက တင်းမာသော မျက်နှာထား ကို ဆက်လက် ထိန်းသိမ်း ထားပြီး လူ အားလုံး ရောက်လာ မှ အကြွေး ရှင်း မည် ဖြစ်ကြောင်း ပြောဆို လိုက်သည်။
သို့သော် နင်ချီ မျှော်လင့် နေသော သူများ မှာ ရောက်ရှိ မလာ ကြ သေး။
ရောက်ရှိ လာ သူများ ထဲတွင် 'ချီစွမ်းအင် နယ်ပယ်' ပုဂ္ဂိုလ်များ ပါဝင် သော်လည်း 'မူလအမြုတေ နယ်ပယ်' မှ မည်သူ တစ်ဦး တစ်ယောက် မျှ မပါဝင်ကြပေ။
"အချိန် ကို တွက် ကြည့် ရင် သူတို့ အခု လောက် ဆို ရောက် သင့် နေ ပြီ"
ထို အတွေး နင်ချီ၏ စိတ်ထဲ ပေါ်လာ စဉ်မှာ ပင် အဝေး ကောင်းကင် ယံမှ လှုပ်ရှား မှု တစ်ခု ပေါ်ထွက် လာခဲ့သည်။
လူ အုပ် ကြီး တစ်ခု အဝေးမှ ချဉ်းကပ် လာ နေသည်။ ထို အုပ်စုကို ဝါးလုံး တစ်ချောင်း သဖွယ် ပိန်လှီ နေသော အကြီးအကဲ တစ်ဦးက ဦးဆောင် လာပြီး သူ၏ လက်များကို နောက်သို့ ပစ် ထားသည်။ သူ၏ အသံ မှာ အလွန် ဝေး သော နေရာ မှ ပျံ့လွင့် လာခဲ့သည်။
"ဝတုတ် မင်း ဘာ အဓိပ္ပာယ် မရှိတဲ့ အလုပ် တွေ လျှောက် လုပ် နေ ပြန် ပြီ လဲ" သူ၏ အသံထဲတွင် ဒေါသ အနည်းငယ် ပါဝင် နေခဲ့သည်။
ရှင်းလင်း နေသည်မှာ 'မိုးကြိုး' ၏ သစ္စာဖောက်မှု ကို အကြောင်းပြ ၍ လူ အားလုံး ကို စုဝေး စေ ခြင်း မှာ အနည်းငယ် ယုတ္တိ မတန် သလို ဖြစ် နေသည်။
'အကြီးအကဲ ပိန်ခြောက်' ၏ နောက်မှ 'မူလအမြုတေ နယ်ပယ်' ကျွမ်းကျင်သူ အုပ်စု ကို ကြည့် လိုက်ရာ နင်ချီ သိလိုက်လေပြီ။ သူတို့ ဆင့်ခေါ် ချက် ကို ကြား သည်နှင့် 'အကြီးအကဲ ပိန်ခြောက်' ထံ သွားရောက် ရှာဖွေ ခဲ့ ကြ ပုံ ရသည်။
ဖြစ်နိုင်သည်မှာ 'အကြီးအကဲ ဝတုတ်' ဒေါသ ကြောင့် ရူးသွပ် သွားပြီး သူတို့ကို သူလျှို များ အဖြစ် မှားယွင်း တံဆိပ် ကပ် ကာ သတ်ဖြတ် ပစ် မည် ကို စိုးရိမ် နေကြ ပုံပင်။ ထိုသို့ သာ ဖြစ် ပါက သူတို့ ကူကယ်ရာမဲ့ သေဆုံး သွား ပြီး တိုင်တန်း စရာ နေရာပင် မရှိနိုင်တော့သည် မဟုတ်ပါလား။