အခန်း ၁၀၁၉
Vol. 68 Ch. 1019
အခန်း (၁၀၁၉) - နတ်ဘုရား စာလုံး ကျောင်းတော်
ဤ အခိုက်အတန့် တွင်... သူတော်စင် ဘိုးဘေးကြီး ၌ မည်သည့် သံသယ မျှ မရှိတော့ပေ။
သူ ရရှိထားသော ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား မှ သတင်း အချက်အလက် များ အရ... နှင့် သူ၏ ကိုယ်ပိုင် မျက်မြင် ကိုယ်တွေ့ အတွေ့အကြုံ များ မှတစ်ဆင့်၊ ဤ နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် သည် ဒဏ္ဍာရီလာ ပုကျိုး တောင် ၏ ပုံရိပ်ယောင် ကို အစစ်အမှန် ဆင့်ခေါ်လိုက်ခြင်း ပင် ဖြစ်ကြောင်း ကို အပြည့်အဝ အတည်ပြုလိုက်နိုင်လေပြီ။
သူတော်စင် ဘိုးဘေးကြီး ၏ ရင်တွင်း၌ ခါးသက်သက် ခံစားချက် တစ်ခု အနည်းငယ် ဖြစ်ပေါ်လာတော့၏။
တောင်နှင့် ပင်လယ် ကမ္ဘာ မှ တောင်ဘိုးဘေးကြီး သည် ဤကဲ့သို့ ကြီးမြတ်လှသော နတ်ဘုရား ၏ ဆုလာဘ် မျိုးကို ရရှိလိမ့်မည် ဟု သူ လုံးဝ (လုံးဝ) မထင်မှတ် ထားခဲ့ပါ။ ထို အခွင့်အရေး က ကောင်းကင်ဘုံ သို့သွားရာ လမ်းကြောင်း တစ်ခု ဖြစ်သည့် ဒဏ္ဍာရီလာ ပုကျိုး တောင် ၏ အမွေအနှစ် ကို ရရှိခြင်းပင်။
သူတို့ သည် ဝိညာဉ်ကမ္ဘာ ၏ ဘိုးဘေးကြီး များ ဖြစ်ကြပြီး... ကမ္ဘာကြီး တစ်ခုလုံး ၏ အရှင်သခင် များ ဖြစ်ကြသော်ငြားလည်း အချင်းချင်း အကြား တွင် ကွာခြားမှု များ ရှိနေဆဲ ပင် ဖြစ်၏။
သူတို့၏ အဆင့်အတန်း မှာ တူညီ ကြသော်ငြား... ကွာခြားချက် မှာ သူတို့ ရရှိထားသော အမွေအနှစ် များ အပေါ် တွင် မူတည် နေလေသည်။
အမွေအနှစ် သည် ကျင့်ကြံသူ တစ်ဦး ၏ လေ့ကျင့်မှု ၏ အခြေခံ အုတ်မြစ် ကို ကိုယ်စားပြုပြီး... မဟာ တာအို အတွက် အခြေခံ အုတ်မြစ် လည်း ဖြစ်သည်။ ဤ အခြေခံ အုတ်မြစ် သည် သူတို့ ကဲ့သို့သော ပါရမီရှင် များ အတွက် ပင်လျှင် မဟာ တာအို ၏ အခြေခံ အုတ်မြစ် အဖြစ် အလွန်တရာ အရေးကြီး၏။
၎င်းမှာ လူ တစ်ယောက် ရရှိ နိုင်သော သတင်း အချက်အလက် များ၊ သူတို့ မြင်တွေ့ နိုင်သော ကမ္ဘာကြီး ၏ အကျယ်အဝန်း နှင့် ဆင်တူလှ၏။
သူတို့ ၏ အဆင့်အတန်း မှာ တူညီ နေလျှင်တောင် မှ... မတူညီသော သတင်း အချက်အလက်များကို ရရှိ နိုင်ပြီး ကွဲပြား ခြားနားသော ကမ္ဘာ အရွယ်အစားများကို မြင်တွေ့ နေရမည် ဆိုပါက... လျှောက်လှမ်း သည့် လမ်းစဉ် များမှာ သေချာပေါက် ကွဲပြား ခြားနား နေမည် သာ။
ထင်ရှားသည်မှာ... တောင်ဘိုးဘေးကြီး ရရှိထားသော အမွေအနှစ် မှာ သူတော်စင် ဘိုးဘေးကြီး ထက် များစွာ ပိုမို အစွမ်းထက်နေ၏။
သူတော်စင် ဘိုးဘေးကြီး ၏ လက်ထဲရှိ ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား မှာ... ဤ နေရာ တွင် အစစ်အမှန် အတိုင်း ပုံဖော် ဖန်တီး နိုင်စွမ်း ရှိသော ဒဏ္ဍာရီလာ ပုကျိုး တောင် ၏ ပုံရိပ်ယောင် နှင့် နှိုင်းယှဉ် ကြည့်မည် ဆိုပါက သိသိသာသာ ပင် အားနည်း လွန်းလှသည်။
"အဟွတ်..."
သူတော်စင် ဘိုးဘေးကြီး က ရုတ်တရက် ချောင်းဆိုးလိုက်၏။
သူ၏ နှုတ်ခမ်း ထောင့်မှ ရွှေရောင် သွေး အနည်းငယ် စီးဆင်းလာ၏။
နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် အနီးသို့ ချဉ်းကပ် ရန် သူ၏ ကြိုးပမ်းမှု မှာ... ၎င်း၏ စွမ်းအား နှင့် အစစ်အမှန် ဖြစ်တည်မှု ကို အတည်ပြု နိုင်ခဲ့သော်ငြားလည်း သူတော်စင် ဘိုးဘေးကြီးကို အားနည်းသွားစေခဲ့ပြီး... လောလောဆယ် တွင်တော့ တောင်ဘိုးဘေးကြီး ၏ အထိုးခံ သဲအိတ် တစ်လုံး အဖြစ် သာလျှင် တည်ရှိ နေရတော့၏။
အဝေးမှ..တိုက်ပွဲ ကို စောင့်ကြည့် နေကြသော ပင်လယ်ဘိုးဘေးကြီး နှင့် နင်ချီ တို့ နှစ်ဦး စလုံး မှာ ဤ မြင်ကွင်း ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ကြရလေသည်။
ပင်လယ်ဘိုးဘေးကြီး ၏ မျက်ခုံးတန်း များ ပို၍ပင် နက်ရှိုင်းစွာ တွန့်ချိုးသွားတော့၏။
နင်ချီ ၏ ရင်တွင်း၌ သံသယ အရိပ်အယောင် အချို့ ဖြစ်ပေါ်လာတော့သည်။
"တကယ်လား... အဲဒီ အဘိုးကြီး သူတော်စင် ဘိုးဘေးကြီး က တောင်ဘိုးဘေးကြီး ရဲ့ ဖိနှိပ် ချုပ်ချယ် တာကို တကယ်ပဲ ခံလိုက်ရပြီလား"
နင်ချီ ဤသို့ တွေးတော နေခြင်းမှာ အံ့ဩစရာ မဟုတ်ပါ။
သူတော်စင် ဘိုးဘေးကြီး နှင့် ထိတွေ့ ဆက်ဆံခဲ့ရပြီး ကတည်းက နင်ချီသည် သူတော်စင် ဘိုးဘေးကြီး ၏ အမျိုးမျိုးသော နည်းလမ်းများကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီး ဖြစ်၏။
ထို့ကြောင့်... ဘာပဲ ဖြစ်ဖြစ်၊ သူတော်စင် ဘိုးဘေးကြီး တွင် ဤ စွမ်းရည် နှစ်ခု သာ ရှိပြီး... တောင်ဘိုးဘေးကြီး ၏ အနိုင်ကျင့် မှုကို ခံနေရသည် ဟု သူ လုံးဝ (လုံးဝ) မယုံကြည်ခဲ့ချေ။
ထို နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် ကပင် သူ.. နင်ချီ့ အပေါ် အလွန်တရာ ကြီးမားလှသော ဖိအားများကို ပေးစွမ်း နေခဲ့သည် မဟုတ်ပါလော။
ကုန်းထျန်းတောက် ကဲ့သို့သော တောင်ဘိုးဘေးကြီး ၏ လက်အောက်ခံ ကျင့်ကြံသူ များ အနေဖြင့်မူ... သူတို့ အားလုံး မှာ စိတ်လှုပ်ရှား တက်ကြွ နေကြပြီး အဆက်မပြတ် အော်ဟစ် အားပေး နေကြတော့၏။
"တောင်ဘိုးဘေးကြီး အောင်ပွဲခံပါစေ"
"တောင်ဘိုးဘေးကြီး စွမ်းအား ကြီးမြတ် ပါပေတယ်"
"တောင်ဘိုးဘေးကြီး ပြိုင်ဘက် ကင်း ပါပေတယ်"
သူတို့ သည် အကြင်နာ မဲ့စွာ အော်ဟစ် နေသော စက်ရုပ် များအလားပင်။
သူတို့၏ အော်ဟစ်သံ များမှာ နှလုံးသား ထဲက လာသည်လား.. သို့တည်းမဟုတ် အသက်ရှင် သန်ရေး အတွက် နောက်ဆုံး အနေဖြင့် အသည်းအသန် ကြိုးပမ်း နေခြင်းလား ဆိုသည်ကိုတော့ ခွဲခြား ရန် ခက်ခဲ လွန်းလှ၏။
နင်ချီ အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။
‘အကယ်၍ သူတော်စင် ဘိုးဘေးကြီး သာ ပြန်လည် မခုခံ ဘူး ဆိုရင်... ငါ့အတွက် ဘာတွေ ဆက်ဖြစ်လာမလဲ’
"ဟီးဟီး... ဒါ မင်း ရဲ့ စွမ်းအား တွေ အကုန်လုံးပဲလား"
တောင်ဘိုးဘေးကြီး က လှောင်ပြောင် ရယ်မောလိုက်၏။
"အကယ်၍ ဒါ အကုန်လုံးပဲ ဆိုရင်တော့... မင်း ရဲ့ ကျယ်ပြန့်သော ကမ္ဘာ က ငါ့ အပိုင် ဖြစ်သွားပြီပဲ"
"အဟွတ်..."
သူတော်စင် ဘိုးဘေးကြီး သည် ရွှေရောင် သွေး တစ်ပွက် အန်ထုတ်လိုက်ပြီး... မျက်နှာ ပေါ်တွင် အပြုံး တစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့၏။
"စိတ်မကောင်းစရာပဲ... မင်း က ကျယ်ပြန့်သော ကမ္ဘာ ကို သိမ်းပိုက် ဖို့ အရည်အချင်း မပြည့်မီ သေးပါဘူး"
ထိုသို့ စကားပြောပြီးသည် နှင့် တစ်ပြိုင်နက်... တောင်ဘိုးဘေးကြီး နှင့် နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် တို့ ၏ ဖိနှိပ် ချုပ်ချယ်မှု အောက်တွင် ရှိနေသော သူတော်စင် ဘိုးဘေးကြီး၏ ခန္ဓာကိုယ် မှာ လူတိုင်း ၏ မျက်စိ ရှေ့မှောက် တွင် မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားတော့၏။
ကျင့်ကြံသူ တစ်ဦး သည် သဟဇာတ ဖြစ်ခြင်း နယ်ပယ် (တာအို နှင့် ပေါင်းစည်းခြင်း နယ်ပယ်) သို့ ရောက်ရှိသွားသော အခါ... တာအို နှင့် တစ်သားတည်း ဖြစ်သွားသည်။ မိမိ ၏ ခန္ဓာကိုယ် ၏ အပြောင်းအလဲများကို လွတ်လပ်စွာ ခြယ်လှယ် နိုင်စွမ်း ရှိ၏။
သို့သော်... သူတော်စင် ဘိုးဘေးကြီး သည် တောင်ဘိုးဘေးကြီး နှင့် နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် တို့ ၏ ဖိနှိပ် ချုပ်ချယ်မှု အောက်တွင် ပျောက်ကွယ်သွားနိုင်ခြင်း က... သူတော်စင် ဘိုးဘေးကြီးဆိုသည်မှာ အလွယ်တကူ ဖိနှိပ် ချုပ်ချယ် ခံရမည့် သူ တစ်ယောက် မဟုတ်ကြောင်း ရှင်းလင်းစွာ သက်သေ ပြနေတော့၏။
နေရောင်ခြည် အလား ရွှေရောင် အလင်းတန်း များက... တိမ်မည်း ကြီးများကို ထိုးဖောက်ကာ ကမ္ဘာမြေ အပေါ်သို့ ဖြာကျလာတော့သည်။
တောင်ဘိုးဘေးကြီးက ရွှေရောင် အလင်းတန်းများကို စူးစိုက် ကြည့်လိုက်ရာ... ၎င်းတို့ က အဝေးရှိ မြေကြီး ပေါ်တွင် ပြန်လည် ပေါင်းစည်းသွားပြီး သူတော်စင် ဘိုးဘေးကြီး ၏ ပုံရိပ် အဖြစ်သို့ ဖွဲ့စည်းသွားသည်ကို မြင်တွေ့လိုက်ရ၏။
သူတော်စင် ဘိုးဘေးကြီး မှာ ပိုမို နုပျိုသွားပုံ ရသည်။
ထိုအခါ တောင်ဘိုးဘေးကြီး သည် သူတော်စင် ဘိုးဘေးကြီး ၏ ဘေးသို့ ရုတ်ချည်းပင် နေရာ ရွှေ့ပြောင်းသွားပြီး... ယခင် ကလို တိုက်ကွက် ဖော်ဆောင်ရန် ကြံစည်လိုက်တော့၏။
သို့သော် ဤတစ်ကြိမ် တွင်မူ... သူတော်စင် ဘိုးဘေးကြီး သည် သူ့ကို ထိပ်တိုက် ရင်ဆိုင် ရန် ရည်ရွယ်ချက် မရှိတော့။
တောင်ဘိုးဘေးကြီး သည် သူတော်စင် ဘိုးဘေးကြီးထံသို့ လက်သီး တစ်လုံး ပစ်သွင်းလိုက်ရာ... သတ္တု ချင်း ရိုက်ခတ်သံ ကဲ့သို့ ချွင်ခနဲ မြည်လာတော့၏။
သူ ထိုးနှက်လိုက်သော နေရာ တွင် ရွှေရောင် နတ်ဘုရား စာလုံး တစ်လုံး ဖြစ်တည်လာသည်။
၎င်းမှာ တောင်ဘိုးဘေးကြီး ၏ တိုက်ခိုက်မှု ကို ခံလိုက်ရသော "ကာကွယ်ခြင်း" ဟူသည့် နတ်ဘုရား စာလုံး ပင် ဖြစ်၏။ စုတ်ချက် နှင့် မျဉ်းကြောင်း တိုင်း မှာ ကခုန် လှုပ်ရှား နေသော်ငြားလည်း... ၎င်းမှာ ဘယ်သောအခါ မှ လွင့်စင် ပျောက်ကွယ်မသွားပေ။
"ကာကွယ်ခြင်း" ဟူသည့် နတ်ဘုရား စာလုံးသည် လောက ရှိ တိုက်ပွဲ များ အားလုံး ၏ အနှစ်သာရ ကို ကိုယ်စားပြု နေသလို... "တာအို" ("ပါဝင် သည်" ဟု အဓိပ္ပာယ် ရသည်) ဟူသော စကားလုံး တစ်လုံး တည်း ဖြင့် ကာကွယ်ရေး အတွက် သီးသန့် ဖန်တီး ထားခြင်း ပင် ဖြစ်တော့၏။
တောင်ဘိုးဘေးကြီး မှာ သိသိသာသာ ပင် အံ့အားသင့်သွားတော့သည်။
ချက်ချင်း ဆိုသလိုပင်... သူတော်စင် ဘိုးဘေးကြီး ၏ ခန္ဓာကိုယ် ပေါ်တွင် ရွှေရောင် နတ်ဘုရား စာလုံးများအဆက်မပြတ် ပေါ်ထွက်လာသည်ကို သူ မြင်တွေ့လိုက်ရ၏။
"ကာကွယ်"၊ "ကပ်တွယ်"၊ "စုပ်ယူ"၊ "ရစ်ပတ်"၊ "ဆွဲငင်"...
အဆုံးအစ မရှိသော နတ်ဘုရား စာလုံး များက ဆက်တိုက် ပျံထွက်လာနေတော့၏။