← Chapters

အစစ်အမှန် အမွေခံ နောက်လိုက်ခြင်း၊ တာဝန် ထုတ်ပြန်ခြင်း (၂)

Vol. 33 Ch. 489

အစစ်အမှန် အမွေခံ နောက်လိုက်ခြင်း၊ တာဝန် ထုတ်ပြန်ခြင်း (၂)

Vol. 33 Ch. 489

~"မူလဝိညာဉ် နယ်ပယ် ကနေ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ကို တက်လှမ်းဖို့ ဆိုရင်... မူလဝိညာဉ် ကနေတဆင့် စည်းမျဉ်း စွမ်းအား ကို ထိုးထွင်းသိမြင်ရမယ် ဆိုတာ ငါ သိပြီးသား...၊ အဲ့ဒီကနေတဆင့် မူလဝိညာဉ် အထက်မှာ 'စည်းမျဉ်း အမှတ်အသား'ကို ထွင်းထုရမယ်...၊ အဲ့ဒါက စည်းမျဉ်း စွမ်းအားနဲ့ ပဲ့တင်ထပ်နိုင်ပြီး ကြီးမားတဲ့ စွမ်းအားကို ပိုင်ဆိုင်စေတယ်...၊ ပြီးတော့ ဝိညာဉ် ရတနာ တိုင်းမှာလည်း စည်းမျဉ်း အမှတ်အသား ပါဝင်တယ်...၊ ဥပမာ - ရွှေရောင် နေမင်း ဓား မှာ ဆိုရင် ဓား စည်းမျဉ်း ရဲ့ အမှတ်အသား ပါဝင်နေတယ်..."

"ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် အထက် ကျင့်ကြံသူတွေ ဆီကပဲ ဖြစ်ဖြစ်... ဝိညာဉ် ရတနာတွေ ဆီကပဲ ဖြစ်ဖြစ်... စည်းမျဉ်း အမှတ်အသားတွေဟာ တောင်နှင့် ပင်လယ် နယ်မြေပိုင် ပစ္စည်း မဟုတ်တော့ဘူး...၊ ဆိုလိုတာက အဲ့ဒါတွေကို အပြီးအပိုင် ယူဆောင်သွားလို့ ရတယ်..."

"တကယ်လို့ ငါက အဲ့ဒါတွေကို အစစ်အမှန်သိုင်း ကမ္ဘာထဲကို သန့်စင် ထည့်သွင်းလိုက်မယ် ဆိုရင်... အစစ်အမှန်သိုင်း ကမ္ဘာကို စည်းမျဉ်း မူလအစ စုစည်းခိုင်းလို့ ရပြီ..."

"ဒါပေမဲ့... အဆင့်နိမ့် ဝိညာဉ် ရတနာ တစ်ခုတည်းနဲ့တော့ မလုံလောက်ဘူး...၊ အဲ့ဒီလို ဝိညာဉ် ဓားမျိုး ဒါဇင်နဲ့ချီ ရှိမှသာ ငါ့အတွက် ဓား စည်းမျဉ်း မူလအစ တစ်ခု စုစည်းဖို့ လုံလောက်လိမ့်မယ်...၊ ဒါပေါ့... ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ကျင့်ကြံသူတွေဆီက ဓား စည်းမျဉ်းတွေကို သန့်စင်ပြီး နားလည်သဘောပေါက်တာမျိုး... ဒါမှမဟုတ် ပိုစွမ်းအားကြီးတဲ့ အလယ်အလတ် နဲ့ ထိပ်တန်း အဆင့် ဝိညာဉ် ဓားတွေ ဆိုရင်လည်း အဆင်ပြေတယ်..."

နင်ချီ စိတ်ဓာတ် တက်ကြွနေလေသည်။

ပန်းတိုင် ရှိလာပြီ ဆိုတော့ ကိစ္စတွေက ပိုလွယ်ကူသွားပြီ။

သူ စိတ်ထဲတွင် တွေးလိုက်သည်နှင့်၊ အစစ်အမှန်သိုင်း ကမ္ဘာမှ ဝင်စားသူ အများအပြား၏ စိတ်ထဲတွင် တာဝန်အသစ် တစ်ခု ပေါ်လာလေသည်။

[ဓား စည်းမျဉ်း အမှတ်အသား ပါဝင်သော ရတနာများကို ရှာဖွေရယူလော့]

သူသည် ဓား စည်းမျဉ်း ကို ပထမဆုံး စုစည်းမည့် မူလအစ အဖြစ် အသုံးပြုရန် စီစဉ်ထားသည်။ ဘာပဲပြောပြော အကန့်အသတ်မဲ့ ဓားဂိုဏ်းထဲတွင် ရှိနေသောကြောင့် ဓား စည်းမျဉ်း မူလအစ ရယူရန် ပိုမို လွယ်ကူသည် မဟုတ်ပါလော။

(၂၄) နှစ်တာ ကာလအတွင်း နင်ချီသည် ဤနည်းလမ်းကို အသုံးပြုပြီး တာဝန်ပေးခြင်း၊ ဆက်သွယ်ခြင်းများကို ရှားပါးစွာသာ ပြုလုပ်ခဲ့သည်။ တောင်နှင့် ပင်လယ် နယ်မြေ အတွင်းတွင် ဤစွမ်းရည်ကို မကြာခဏ အသုံးပြုမိပါက ကမ္ဘာ့ဆန္ဒမှ ရိပ်မိသွားနိုင်သဖြင့် မကောင်းပေ။ ထို့ကြောင့် အရေးကြီးသော အချိန်များတွင်သာ ရံဖန်ရံခါ အသုံးပြုရခြင်း ဖြစ်သည်။

"နှစ် (၂၀) ကျော်သွားပြီ...၊ သိုင်းကမ္ဘာက သက်ရှိ တစ်သိန်းနီးပါးကို ဆက်တိုက် ရင်းနှီးမြှုပ်နှံခဲ့ပြီးပြီ...၊ မွေးရာပါ ဉာဏ်ပညာနဲ့ 'ကုဒ် ခိုးခြင်း' အကူအညီတွေကြောင့်... သူတို့ဟာ မူလဝိညာဉ် နယ်ပယ် ကို မရောက်ကြသေးပေမယ့်... အများစုက ခရမ်းရောင် နန်းတော် နယ်ပယ် ကို ရောက်နေကြပြီ...၊ ကံကောင်းပြီး မွေးရာပါ ဖွဲ့စည်းပုံ ကောင်းတဲ့ သူတချို့ ဆိုရင်... ခရမ်းရောင် နန်းတော် နယ်ပယ် အထွတ်အထိပ် ကိုတောင် နီးကပ်နေကြပြီ..."

"သူတို့ ဝိညာဉ် ရတနာ ရနိုင်ခြေက နည်းပါးပေမယ့်... မဖြစ်နိုင်တာတော့ မဟုတ်ဘူး...၊ သူတို့ ကျင့်ကြံခြင်း အဆင့် မြင့်လာတာနဲ့အမျှ... သေချာပေါက် ရလာကြမှာပဲ..."

နင်ချီ မတ်တပ်ရပ်လိုက်ပြီး လက်ကို နောက်ပစ်ကာ ရပ်နေလိုက်၏။ ဝိညာဉ် ဓားကို ခရမ်းရောင် နန်းတော် အတွင်းသို့ သိမ်းဆည်းလိုက်၏။

မိမိကိုယ်ပိုင် စွမ်းအားသည်သာ အခြေခံအကျဆုံး ဖြစ်သည်။ သူသည် အကိုင်းအခက်များအတွက် အမြစ်ကို ဘယ်တော့မှ လစ်လျူမရှုတတ်ပါပေ။

"အခုတော့ စည်းမျဉ်း နယ်ပယ် အတွက် လမ်းစ ရှာတွေ့ပြီ...၊ နောက်တစ်ဆင့်ကတော့ နယ်မြေ အရှင်သခင် လမ်းစဉ်ကို ပြီးပြည့်စုံခြင်း အဆင့် ရောက်အောင် အာရုံစိုက်ရမှာပဲ..."

"အစစ်အမှန်သိုင်း ကမ္ဘာရဲ့ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်အရ ဆိုရင်... နှစ် (၂၀)၊ (၃၀) လောက်ဆို လုံလောက်ပြီ...၊ အဲ့ဒီအချိန်ကျရင် ငါ့ရဲ့ မူလခန္ဓာကိုယ်ဟာ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် မှာ ပြိုင်ဘက်ကင်း ဖြစ်လာလိမ့်မယ်...၊ ကမ္ဘာထဲမှာ ဆိုရင် ပိုတောင် စွမ်းအားကြီးဦးမယ်..."

"ဒါပေမဲ့... လုပ်ငန်းစဉ်ကို ပိုမြန်အောင် လုပ်ဖို့ အခွင့်အရေး တစ်ခု ရှိကောင်း ရှိနိုင်တယ်..."

လွန်ခဲ့သော နှစ်များဆီက မိစ္ဆာနက်ဂိုဏ်း အကြောင်းကို ပြန်တွေးမိပြီး နင်ချီ၏ မျက်လုံးများ အရောင်လက်ဖြတ်ပြေးသွားသည်။

မိစ္ဆာနက်ဂိုဏ်းက ကျင့်ကြံသူ တစ်သိန်း ကျဆုံးသွားခြင်းသည် အစစ်အမှန်သိုင်း ကမ္ဘာအတွက် ကြီးမားသော အကျိုးကျေးဇူးများကို သယ်ဆောင်လာခဲ့သည်။ အကယ်၍ နောက်ထပ် ကျင့်ကြံသူ သိန်းချီပြီး အစစ်အမှန်သိုင်း ကမ္ဘာထဲတွင် ကျဆုံးသွားမည် ဆိုပါက... နယ်မြေ အရှင်သခင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိရန်မှာ သဘာဝကျကျ ဖြစ်လာမည့် ရလဒ်တစ်ခု ဖြစ်ပေလိမ့်မည်။

"ပြောရရင်... ဟိုတုန်းက ရခဲ့တဲ့ တောင်နှင့် ပင်လယ် နယ်မြေ အမှတ်အသား တစ်သောင်းလည်း ကုန်ခါနီးပြီ...၊ ထပ်ဖြည့်ဖို့ လိုနေပြီ..."

နင်ချီ၏ အကြည့်များ နက်ရှိုင်းသွားသည်။

ခန်းမဆောင် အပြင်ဘက်မှ ရိုသေသော အသံတစ်ခု ထွက်ပေါ်လာ၏။

"စီနီယာအစ်ကို နင်...၊ စောစောက အစ်ကို မှာထားတဲ့ ကိစ္စ သတင်းရပါပြီ ခင်ဗျာ..."

ချင်မင်ဟောက် ပင်။

နင်ချီ ရယ်မောလိုက်၏။ အိပ်ချင်နေသူကို ခေါင်းအုံး လာပေးသလိုပါပဲ။

(ဘာသာပြန်သူ မှတ်ချက် - "အိပ်ချင်နေသောသူကို ခေါင်းအုံးပေးသည်" ဆိုသည်မှာ မိမိ လိုချင်တောင့်တနေသော အရာ ၊ အကူအညီကို အချိန်ကိုက် ရရှိလိုက်ခြင်းကို တင်စားသော စကားပုံ ပါ။)

နင်ချီသည် ခန်းမဆောင်ကြီး အတွင်းမှ ထွက်လာခဲ့လေသည်။

သူသည် အဖြူရောင် ဝတ်စုံဖြင့် အင်မော်တယ် တစ်ပါးအလား ရွေ့လျားလာပြီး၊ ထက်ရှမှု အငွေ့အသက်များသည် အပြည့်အဝ မပျောက်ကွယ်သေးသဖြင့် အနည်းငယ် ထိတ်လန့်ဖွယ် ကောင်းနေ၏။ ချင်မင်ဟောက် သည် သူ့ရင်ထဲတွင် လေးစားမှုများ ပိုမို တိုးပွားလာကာ နှုတ်ဆက်လိုက်လေသည်။

ဤ အင်မော်တယ် မျိုးစိတ် စီနီယာအစ်ကို နင် ၏ ဘေးတွင် နှစ်ဝက်ခန့် လိုက်ပါပြီးနောက်၊ သူ၏ ဆုံးဖြတ်ချက်အတွက် ပိုမို ကျေးဇူးတင်လာမိသည်။ လက်ရှိ ဂိုဏ်းအတွင်းရှိ အစစ်အမှန် တပည့် အများအပြားက သူ့ကို အထင်သေးကြပြီး၊ အစစ်အမှန် အမွေခံ တစ်ယောက်၏ ဂုဏ်သိက္ခာနှင့် မျက်နှာကို အရှက်ရစေသည်ဟု ခံစားနေကြကြောင်း သူ သိသည်။ နင်ချီသည် အင်မော်တယ် မျိုးစိတ် ဖြစ်သော်လည်း၊ ကျင့်ကြံခြင်း အဆင့်တစ်ခု ရောက်မှသာ သစ္စာခံသင့်သည်ဟု သူတို့ ယူဆကြ၏။

သို့သော် သူကတော့ နှာခေါင်းရှုံ့လိုက်မိသည်။

'စီနီယာအစ်ကို နင် ရဲ့ စွမ်းရည်ကိုသာ သူတို့ သိကြမယ် ဆိုရင်... ငါ့ထက်တောင် ပိုပြီး ရူးသွပ်ကြဦးမှာ...'

အစပိုင်းတုန်းကတော့...၊

နင်ချီ၏ ပါရမီကြောင့် ချင်မင်ဟောက် စောစောစီးစီး လောင်းကြေးထပ်ချင်ခဲ့တာ မှန်ပါသည်။ သို့သော် အချိန်အတိုင်းအတာ တစ်ခုအထိ အတူရှိပြီးနောက်တွင်တော့ သူ အကြီးအကျယ် မှားယွင်းခဲ့ကြောင်း သိလိုက်ရသည်။

ဥပမာ ယခု အချိန်တွင်၊ ဓားလမ်းစဉ် ၏ ထက်ရှမှု ကြိုးမျှင်များနှင့် နတ်ဘုရား နည်းစနစ်များ၏ အရှိန်အဝါတို့ကြောင့် သူ အနည်းငယ် တုန်လှုပ်သွားရသည်။ အကယ်၍သာ သူ နင်ချီနှင့် လက်ရည်ယှဉ်ရမည် ဆိုပါက၊ အသတ်ခံရမည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ကြောင်း အခိုင်အမာ ပြောရဲသည်။

နင်ချီသည် မူလဝိညာဉ် နယ်ပယ် သို့ ရောက်ရှိသည်မှာ မကြာသေးသော်လည်း၊ သူကိုယ်တိုင်မှာမူ မူလဝိညာဉ် နယ်ပယ် တွင် ရှိနေသည်မှာ ကြာပြီ မဟုတ်ပါလော။

သူတို့နှစ်ဦးကြား ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။

'စီနီယာအစ်ကို နင် က တကယ့် ပါရမီရှင်ပဲ...၊ ကျင့်ကြံခြင်း အရှိန်အဟုန်မှာ ပြိုင်ဘက်ကင်း တောက်ပနေရုံသာမကဘူး...၊ တိုက်ခိုက်ရေး စွမ်းရည်မှာလည်း အဆင့်တူတွေကြားမှာ ဘုရင်တစ်ဆူပဲ...၊ ဒါတင်မကသေးဘူး... စီနီယာအစ်ကို နင် က ရံဖန်ရံခါ အကြံဉာဏ် ပေးတဲ့အခါ... ကြာရှည် ရပ်တန့်နေတဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းတောင် ပြန်လည် တိုးတက်မယ့် အရိပ်အယောင်တွေ ပြလာတယ်...၊ ဒီလို ပြိုင်ဘက်ကင်း အင်မော်တယ် ကျေးဇူးတရားမျိုးကို တခြားသူတွေ နားလည်နိုင်မှာ မဟုတ်ဘူး...'

တခြားသူတွေက သူ့ကို အောက်ကျို့တယ်လို့ လှောင်ပြောင်ကြသော်ငြား..ချင်မင်ဟောက်ကတော့ မျက်စိပါလျက် ကန်းနေသူတွေကို ပြန်ပြီး ရယ်မောလိုက်၏။

သူ့ အတွေးထဲတွင် တွေးနေရင်း...၊

ချင်မင်ဟောက် ရိုသေစွာ ပြောလိုက်၏။

"စီနီယာအစ်ကို နင်...၊ အစ်ကို စုံစမ်းခိုင်းထားတဲ့ ချူ တိုင်းပြည် ရဲ့ အင်မော်တယ် ကျင့်ကြံခြင်း နယ်ပယ် ဂိုဏ်းတွေရဲ့ လှုပ်ရှားမှု အကြောင်း... အခု အသေအချာ စုံစမ်းပြီးပါပြီ ခင်ဗျာ..."

ပေ့ရွှမ် နယ်မြေ တွင် တိုင်းပြည် အများအပြား ရှိကြပြီး၊ တိုင်းပြည် တစ်ခုသည် အလွန် ကြီးမားလေသည်။ တော်ဝင် မိသားစုသည် ကျင့်ကြံသူများကို တိုင်းပြည် အုပ်ချုပ်ရာတွင် ကူညီရုံသာ ကူညီပြီး၊ အရင်းအမြစ်များ ဆက်သသော ဘဏ္ဍာစိုးများ အဖြစ်သာ ဆောင်ရွက်ကြ၏။

ချူ တိုင်းပြည်၏ အင်မော်တယ် ကျင့်ကြံခြင်း နယ်ပယ် သည် ယခင်က မိစ္ဆာနက်ဂိုဏ်း တည်ရှိခဲ့သော နေရာပင်။

နင်ချီ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ရာ၊ ချင်မင်ဟောက် ဆက်ပြောလိုက်၏။

"ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်ပယ် မှာ ဂိုဏ်းပေါင်း ရာချီ ရှိပါတယ်...၊ မသက်ဆိုင်တဲ့ ဂိုဏ်းသေးလေးတွေကို ဖယ်လိုက်ရင်... မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူတွေ ရှိတဲ့ ဂိုဏ်းပေါင်း (၂၀) ကျော် ရှိပါတယ် ခင်ဗျာ..."

"ဒီ နယ်မြေက မကြာသေးမီ နှစ်တွေအတွင်းမှာ အေးချမ်းနေခဲ့ပေမယ့်... လွန်ခဲ့တဲ့ နှစ် (၂၀) တုန်းကတော့ ထူးခြားတဲ့ ဖြစ်ရပ်ကြီး တစ်ခု ဖြစ်ခဲ့ပါတယ်...၊ မိစ္ဆာနက်ဂိုဏ်း လို့ ခေါ်တဲ့ ဂိုဏ်းတစ်ခုကို မဟာစွမ်းအားရှင် ကျင့်ကြံသူ တစ်ယောက်က ဖျက်ဆီးပစ်လိုက်တယ် လို့ သတင်းရပါတယ်...၊ ကျန်ရစ်ခဲ့တဲ့ အရင်းအမြစ်တွေကို ဂိုဏ်းကြီး (၁၀) ဂိုဏ်း ပူးပေါင်းဖွဲ့စည်းထားတဲ့ 'မိစ္ဆာနှိမ်နင်းရေး မဟာမိတ်အဖွဲ့' က ခွဲဝေယူခဲ့ကြပါတယ်...၊ အဲ့ဒီအချိန်တုန်းက ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်..."

"ဂိုဏ်းကြီး (၁၀) ဂိုဏ်း ထဲမှာ 'လေမိုးကြိုး ခန်းမဆောင်' ၊'ကောင်းကင် တာရာ ဂိုဏ်း' (၊ 'နေမင်းနီ ဂိုဏ်း' ၊ 'ယန္တရား တစ်ထောင် ဂိုဏ်း' စတာတွေ ပါဝင်ပါတယ်...၊ တိုက်ပွဲအတွင်းမှာ ကျင့်ကြံသူ သောင်းချီ သေဆုံးခဲ့ပြီး... မူလဝိညာဉ် နယ်ပယ် အစစ်အမှန် ဧကရာဇ် အများအပြားလည်း ကျဆုံးခဲ့ပါတယ်..."

"အဲ့ဒီအချိန်ကစလို့... အနှစ် (၂၀) ကျော် ကာလအတွင်းမှာ မကြာခဏ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး... မကြာသေးမီ နှစ်တွေကျမှသာ တဖြည်းဖြည်း ငြိမ်သက်သွားတာပါ..."

သူ့စကားများတွင် အထင်သေးမှု အချို့ ပါဝင်နေ၏။

အဆင့်မြင့် ဂိုဏ်းကြီး တစ်ခုမှ လာသူ ဖြစ်ပြီး၊ အစစ်အမှန် တပည့် တစ်ဦး ဖြစ်သည့်အတွက်၊ ထိုဂိုဏ်းချုပ်များကို အထင်ကြီးချင်မှ ကြီးပေလိမ့်မည်။

ချက်ချင်းပင်၊

သူသည် ဂိုဏ်းတစ်ခုချင်းစီ၏ လွန်ခဲ့သော နှစ် (၂၀) အတွင်း ပြောင်းလဲမှုများနှင့် လှုပ်ရှားမှုများကို အသေးစိတ် ပြောပြလေသည်။ နင်ချီ၏ ညွှန်ကြားချက်ကို ပေါ့ပေါ့တန်တန် သဘောမထားဘဲ ရိုးသားစွာ ဆောင်ရွက်ခဲ့ကြောင်း ပြသနေ၏။

နင်ချီ၏ မျက်နှာထားတွင် မည်သည့် အပြောင်းအလဲမျှ မရှိသည်ကို မြင်သောအခါ၊ ချင်မင်ဟောက် ၏ ရင်ထဲတွင် တင်းကျပ်သွားပြီး ဆက်ပြောလိုက်သည်။

"လေမိုးကြိုး ခန်းမဆောင် ကတော့ မိစ္ဆာနက်ဂိုဏ်း ဆီကနေ ပျက်စီးနေတဲ့ ဝိညာဉ် ရတနာ တစ်ခု ရလိုက်ပုံ ရပါတယ်...၊ အဲ့ဒါကို ဖုံးကွယ်ထားပါတယ်...၊ ဒါ့အပြင်... အခင်းအကျင်း လမ်းစဉ် မှာ ကျွမ်းကျင်တယ်လို့ နာမည်ကြီးတဲ့ ကောင်းကင် တာရာ ဂိုဏ်း လည်း ရှိပါတယ်...၊ လွန်ခဲ့တဲ့ နှစ် (၂၀) က မိစ္ဆာနက်ဂိုဏ်း ရှင်းလင်းရေး တိုက်ပွဲမှာ ပါဝင်ပြီးကတည်းက... အဲ့ဒီဂိုဏ်းက အရမ်းကို အသံတိတ်နေပြီး... ဘာလှုပ်ရှားမှုကြီးမှ မလုပ်ပါဘူး..."

"နည်းလမ်းပေါင်းစုံနဲ့ စုံစမ်းကြည့်တဲ့ အခါမှာတော့... ကောင်းကင် တာရာ ဂိုဏ်း ဟာ မိစ္ဆာနက်ဂိုဏ်း ဆီကနေ ပျက်စီးနေတဲ့ ဝိညာဉ် ရတနာ ထက် ပိုတန်ဖိုးကြီးတဲ့ အရာတစ်ခုခုကို ရရှိထားဖို့ များပါတယ်... မကြာသေးခင်က ကောင်းကင် တာရာ ဂိုဏ်း အတွင်းမှာ ပုန်ကန်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး... လီလင်ဟယ်လို့.. ခေါ်တဲ့ အစစ်အမှန် ဧကရာဇ် ရဲ့.. တပည့် တစ်ယောက် သေဆုံးခဲ့ပါတယ်...၊ နာမည်က ဟိုယွမ် ပါ...၊ ဒီလူဟာ ဟိုတုန်းက မိစ္ဆာနက်ဂိုဏ်းရဲ့ အစစ်အမှန် တပည့် ဖြစ်ခဲ့ဖူးသူ ပါ..."

သူသည် စိုးရိမ်စိတ်ဖြင့် တစ်ဆက်တည်း ပြောချလိုက်ခြင်း ဖြစ်သည်။

ပထမဆုံး တာဝန်ကို ကောင်းကောင်း မထမ်းဆောင်နိုင်ဘဲ နင်ချီ မနှစ်သက်မှာကို စိုးရိမ်နေမိသည်။

ထိုစဉ်၊ နင်ချီ၏ နူးညံ့သော အသံ ထွက်ပေါ်လာ၏။

"ဂျူနီယာညီလေး ချင် ပင်ပန်းသွားရပြီ..."

ချင်မင်ဟောက် သက်ပြင်းချလိုက်ပြီး၊ မပင်ပန်းပါကြောင်း ထပ်တလဲလဲ ပြောဆိုလိုက်၏။

အသေးစိတ် အချက်အလက်များက ရည်ရွယ်ချက်မှန်ကို ဖော်ပြနေလေသည်။ ချင်မင်ဟောက် မျှဝေခဲ့သော အသေးစိတ် အချက်အလက် များစွာသည် ကြိုးစားပမ်းစား မစုံစမ်းဘဲနှင့် ရရှိနိုင်မည် မဟုတ်ပေ။ ဤ အစစ်အမှန် တပည့်သည် သူ့ကို အမှီပြုရန် ဆုံးဖြတ်ထားကြောင်း နင်ချီ မြင်တွေ့လိုက်ရပြီး၊ တဖန် သူ လိုချင်သော သတင်းအချက်အလက်များကိုလည်း ရရှိလိုက်လေသည်။

ကောင်းကင် တာရာ ဂိုဏ်း သည် လှုပ်ရှားမှုကြီးကြီးမားမား မရှိဘဲ အသံတိတ်နေခြင်းက... လောလောဆယ် အစစ်အမှန်သိုင်း ကမ္ဘာကို တိုက်ခိုက်ဖို့ အစီအစဉ် မရှိသေးကြောင်း၊ အခြေအနေ ပိုမို တည်ငြိမ်မည့် အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်ကြောင်း ပြသနေ၏။

ဒီအစီအစဉ်က သဘာဝကျကျ ကောင်းမွန်သည် ဖြစ်သော်ငြား၊ နင်ချီကတော့ အဲ့ဒီလောက် အကြာကြီး မစောင့်ချင်ပေ။

အစစ်အမှန်သိုင်း ကမ္ဘာ၏ အမှတ်များ..သူများလက်ထဲ ရောက်နေတာကို သူ စိတ်မချနိုင်ပါ။

..မင်းတို့က မတိုက်ချင်ဘူး ဆိုမှတော့... ငါကပဲ ကူညီပေးရတာပေါ့..

နင်ချီ့ စိတ်ထဲတွင် အစီအစဉ် တစ်ခု ရှိနေပြီ ဖြစ်သည်။

ချင်မင်ဟောက် ထွက်ခွာရန် ပြင်လိုက်၏။

သူသည် ပါးနပ်စွာဖြင့် မေးခွန်းများ ပိုမမေးခဲ့ပေ။ အစစ်အမှန် တပည့် တိုင်းတွင် ကိုယ်ပိုင် လျှို့ဝှက် ချက်များ ရှိကြသည် မဟုတ်ပါလော။ အထူးသဖြင့် ကံတရား ကြီးမားသော နင်ချီကဲ့သို့ အင်မော်တယ် မျိုးစိတ် တစ်ယောက် အဖို့ ပို၍ပင် ရှိပေလိမ့်မည်။ နင်ချီက ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်ပယ် ကို မျက်စိကျနေပြီ ဆိုမှတော့၊ အဲ့ဒီမှာ အခွင့်အရေးကြီးကြီးမားမား ရှိနေရင်တောင်မှ သူ့ အနေနဲ့ ဝင်လုဖို့ ရည်ရွယ်ချက် မရှိပေ။

နှစ်များစွာ ပွတ်တိုက်ခံရပြီးနောက်၊ သူသည် သူ့ကိုယ် သူ ရှင်းလင်းစွာ နားလည်ထားသည်။

နင်ချီ ပြုံးလိုက်ပြီး သူ့ကို တားလိုက်၏။

"ဂျူနီယာညီလေး ချင်… နေဦး..၊ အစ်ကို မကြာသေး ခင်ကမှ မူလဝိညာဉ် နယ်ပယ် နဲ့ ပတ်သက်ပြီး ထူး ထူးခြားခြား ဉာဏ်အလင်းပွင့်ထားတာလေးတွေ ရှိတယ်...၊ ညီလေးနဲ့ ဆွေးနွေးချင်လို့..."

ချင်မင်ဟောက် ဝမ်းသာအားရ ဖြစ်သွားလေသည်။

ဤစကားက သွယ်ဝိုက်သော နည်းဖြင့် လမ်းညွှန်ပေးခြင်း ပင်။ ဒီရက်ပိုင်း အပြေးအလွှား လုပ်ဆောင်ခဲ့ရတာ တွေ အားလုံး တန်သွားပြီဟု သူ ခံစားလိုက်ရသည်။

ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည်။

ချင်မင်ဟောက် သည် ရိုသေလေးစားသော အမူအရာ ဖြင့် ပြန်လည် ထွက်ခွာသွားလေသည်။ သူ့ရင်ထဲတွင် ပိုမို ကြည်ညိုလေးစားမိပြီး၊ မိမိဆုံးဖြတ်ချက် အတွက် ပိုမို ကျေးဇူးတင်နေမိသည်။

နင်ချီသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ပြီး၊ မျှော်လင့်ချက် အချို့ကို ခံစားလိုက်ရသည်။

နောက်တစ်ဆင့်ကတော့... မိတ်ဆွေဟောင်း တစ် ယောက်နဲ့ သွားတွေ့ဖို့ အချိန်တန်ပပါပြီ။

All Chapters