← Chapters

အသက်အဆိပ် (အပိုင်း ၃)

Vol. 24 Ch. 352

အသက်အဆိပ် (အပိုင်း ၃)

Vol. 24 Ch. 352

~သူ့ရှေ့တွင် ရှိနေသော ဖိအားများက တကယ်ကို ကြီးမားလွန်းလှသည်။

ထိုတပည့်လေးသည် လက်ထဲမှ ဓားကို အလိုလို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်မိသည်။ သူ့ခန္ဓာကိုယ်လေး အနည်းငယ် တုန်ယင်နေသော်လည်း၊ မျက်လုံးများကတော့ တဖြည်းဖြည်း တည်ငြိမ်ပြတ်သားလာသည်။

*(အစစ်အမှန်သိုင်းဂိုဏ်းရဲ့ သိက္ခာကို အကျမခံနိုင်ဘူး)*

လူအုပ်ကြီး၏ မျက်နှာထားများက အမျိုးမျိုး အဖုံဖုံ ဖြစ်နေကြပြီး၊ အားလုံးက စောင့်ဆိုင်းနေကြသည်။

ထိုအချိန်တွင်...၊

မြူခိုးများ နောက်ထပ်တစ်ကြိမ် ပြင်းထန်စွာ လှုပ်ခတ်သွားပြန်သည်။

လူရိပ်တစ်ခုပြီး တစ်ခု တဖြည်းဖြည်း လွင့်စဉ်ထွက်လာကြ၏။

“အကုန်လုံးက အစစ်အမှန်သိုင်းဂိုဏ်းက တပည့်တွေချည်းပဲ... တာအိုဆရာ လုံရှန်းနဲ့ ဟို လူငယ်လေးကလွဲရင် ကျန်တာ အကုန် စုံတယ်”

လူအုပ်ကြီး၏ မျက်လုံးများ ပိုမို အရောင်တောက်လာသည်။

ဒီအခြေအနေကို ကြည့်ပြီး ရှေးဟောင်း အမွေအနှစ်နေရာ၏အပြောင်းအလဲနှင့် အစစ်အမှန်သိုင်းဂိုဏ်းသားတွေ ဝင်သွားတာကို အလိုအလျောက် ဆက်စပ်မိကြတော့၏။

ယဲ့ချင်းဟယ် အသက်ကို ဝဝရှူသွင်းလိုက်သည်။

သူမနှင့် ဟဲယန် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နင်ချီနှင့် တာအိုဆရာ လုံရှန်း ပါမလာသည်ကို တွေ့လိုက်ရသဖြင့် နှစ်ယောက်စလုံး၏ ရင်ထဲတွင် စိုးရိမ်စိတ်များ မြင့်တက်လာကြ၏။

သို့သော်...၊ သူမ တည်ငြိမ်အောင် ထိန်းထားလိုက်သည်။ ဘေးပတ်ဝန်းကျင်မှ အကြည့်များကို လျစ်လျူရှုလိုက်ပြီး၊ တပည့်များကို ဦးဆောင်ကာ လှိုင်းတံပိုးများထက်တွင် ခြေလှမ်းကျဲများဖြင့် လျှောက်လှမ်းသွားလိုက်သည်။ ချိန်းဆိုထားသော ကျောက်စိမ်းမြွေကျွန်းဆီသို့ ဦးတည်သွားရန် ရည်ရွယ်ထားသည်။

သို့သော်ငြားလည်း ကိစ္စရပ်များက ဤမျှလောက်အထိ ချောမွေ့လွယ်ကူသွားလိမ့်မည်ကား မဟုတ်ပေ။

မမြင်ရသော အရှိန်အဝါများက သူတို့ကို လှမ်း၍ ချိန်ရွယ်ထားလိုက်ကြသည်။ လူတစ်ယောက်က ရယ်မောလိုက်သည်။

“မိန်းကလေး...”

“တာအိုဆရာ လုံရှန်းရဲ့ တတိယတပည့်ရင်း... ယဲ့ချင်းဟယ် ပါ”

အမျိုးသမီး တာအိုဆရာမလေးက မျက်ခုံးပင့်လိုက်သည်။ ရဲရင့်သော ဟန်ပန်အမူအရာက လူအများ၏ စိတ်ဝင်စားမှုကို ဖမ်းစားသွားစေ၏။

“တွေ့ရတာ ဝမ်းသာပါတယ် မိန်းကလေးယဲ့.. ကျွန်တော် မေးစရာလေး ရှိလို့ပါ”

ယဲ့ချင်းဟယ်သည် ကောင်းကင်ဘုံလူသား အရှိန်အဝါ ထုတ်လွှတ်နေသော ထိုလူကို ကြည့်လိုက်ပြီး၊ ရင်ထဲမှ စိတ်မရှည်မှုများကို ဖိနှိပ်ထားလိုက်သည်။

“မေးပါရှင်”

“အစစ်အမှန်သိုင်း ခန်းမဆောင်ထဲမှာ ဘာအပြောင်းအလဲတွေ ဖြစ်သွားတာလဲ ဆိုတာ သိခွင့်ရမလား... ဘာလို့ ရုတ်တရက်ကြီး လူတွေ ဝင်လို့မရတော့တာလဲ”

ယဲ့ချင်းဟယ် ခံစားမိလိုက်သည်။

😭🤣🤣

“ကျွန်မတို့လည်း အခုမှ ပြန်ထွက်လာလို့ မြူခိုးတွေ ပြောင်းလဲသွားတာကို သတိထားမိတာပါ... အစစ်အမှန်သိုင်း ခန်းမဆောင်ထဲကိုတော့ ရောက်ခဲ့ပါတယ်... ဒါပေမဲ့ အရင်ဝင်သွားတဲ့ သူတွေလိုပဲ စမ်းသပ်မှုကို မအောင်မြင်ခဲ့ပါဘူး”

သူမ အမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်ပါ၏။

သူမတို့ ဝင်ရောက်ခဲ့သော ကောင်းကင်ဘုံလူသားအဆင့်အောက် စမ်းသပ်မှုသည် ဉာဏ်ရည်နှင့် တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်တာ ဖြစ်ပြီး၊ ခက်ခဲမှုက ပုံမှန်မဟုတ်ဘဲ ကြောက်စရာကောင်းလောက်အောင် မြင့်မားနေသည်ဟု ခံစားခဲ့ရသည်။

လူအုပ်ကြီး၏ မျက်လုံးများ လှုပ်ရှားသွားကြသည်။

ချက်ချင်းပင် လူအုပ်ထဲမှ ထူးဆန်းပြီး လှောင်ပြောင်သရော်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“လိမ်နေတာ... ခင်ဗျားတို့ အစစ်အမှန်သိုင်းဂိုဏ်းက အမွေအနှစ်ကို မရခဲ့ရင်၊ အစစ်အမှန်သိုင်း ခန်းမဆောင်ရဲ့ မြူခိုးတွေက ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလောက် အပြောင်းအလဲကြီး ဖြစ်သွားမှာလဲ... ခင်ဗျားတို့ အစစ်အမှန်သိုင်းဂိုဏ်းက အမွေအနှစ်ကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ချင်နေတာပဲ”

ယဲ့ချင်းဟယ်နှင့် ဟဲယန်တို့ နှစ်ဦးစလုံး ဒေါသထွက်ပြီး တုန်လှုပ်သွားကြသည်။ ဘေးဘီဝဲယာကို ရှာဖွေကြည့်သော်လည်း အသံပိုင်ရှင်ကို ရှာမတွေ့။

ထို ပဟေဠိဆန်သော အသံက လူအများ၏ အတွေးကို ပဲ့တင်ထပ်လိုက်သလို ဖြစ်သွား၏။

“ကျွန်တော့်အမြင် ပြောရရင်... ဒီ အစစ်အမှန်သိုင်း အမွေအနှစ်က ကမ္ဘာလောကကြီးအတွက် ဖွင့်လှစ်ထားတာ ဆိုတော့၊ အားလုံး မျှဝေခံစားသင့်တာပေါ့... ဒါမှ သိုင်းလောကအတွက် အကျိုးအရှိဆုံး ရွေးချယ်မှု ဖြစ်မှာ... မဟုတ်ဘူးလား ဗျာ”

စောစောက ယဲ့ချင်းဟယ်နှင့် စကားပြောနေသော ကောင်းကင်ဘုံလူသားက တစ်ခုခု ပြောရန် ပြင်လိုက်စဉ်၊ ရုတ်တရက် သူ့မျက်နှာထား ပြောင်းလဲသွား၏။

စူးရှသော ဓားအလင်းတန်း တစ်ခု မြူခိုးများထဲမှ ပျံထွက်လာသည်။

စစ်သင်္ဘော တစ်စင်းပေါ်တွင် ရပ်နေသော လူပုလေး တစ်ယောက်ကို တန်းခနဲ ထိုးဖောက်သွားလေတော့သည်။ ထိုလူ၏ နှုတ်ခမ်းထောင့်စွန်းတွင် ကျေနပ်အားရသော အပြုံးတစ်ခု ကျန်ရှိနေသေးသော်လည်း၊ မျက်လုံးများထဲတွင်တော့ မယုံကြည်နိုင်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။

စောစောက လှောင်ပြောင်သရော်နေသော အသံ ရုတ်ချည်း ရပ်တန့်သွား၏။

လူတိုင်း ရင်တုန်သွားကြပြီး၊ မြူခိုးများဆီသို့ လှမ်းကြည့်လိုက်ကြသည်။

နတ်ကြိုးကြာ ပုံသဏ္ဍာန်၊ အင်မော်တယ် အငွေ့အသက်များနှင့် ပုံရိပ်တစ်ခု လမ်းလျှောက်ထွက်လာသည်။ တာအိုဆရာ လုံရှန်းကလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။

အစစ်အမှန်သိုင်းဂိုဏ်းသားများ ဝမ်းသာအားရ ဖြစ်သွားကြပြီး ဆရာ့ကို ကြိုဆိုရန် ရှေ့တိုးသွားကြသည်။ တာအိုဆရာ လုံရှန်းက လူအုပ်ကြီးကို တည်ငြိမ်စွာ ဝေ့ကြည့်လိုက်သည်။

“ငါ့ရဲ့ အစစ်အမှန်သိုင်းဂိုဏ်းက အမွေအနှစ် မရခဲ့ဘူး ဆိုတဲ့ စကားကို မပြောနဲ့ဦး... ရခဲ့ရင်တောင်မှ အဲ့ဒါ ငါ့ဂိုဏ်းရဲ့ ကံကောင်းမှုပဲ... မင်းတို့က လုချင်နေကြတာလား”

သူ့ရင်ထဲတွင်တော့ နောင်တရမှု အနည်းငယ် ရှိနေ၏။

ယင်ယန် လက်သီးသိုင်း စမ်းသပ်မှုကိုတော့ သီသီလေး အောင်မြင်ခဲ့သော်ငြား၊ နောက်ဆက်တွဲ 'အရပ်လေးမျက်နှာ လက်ဝါးသိုင်း' က အရမ်း ခက်ခဲလွန်းသည်။ အချိန်မကုန်ခင် တစ်ဝက်လောက်သာ နားလည်လိုက်နိုင်၏။ နောက်ပိုင်း တိုက်ပွဲစမ်းသပ်မှု တချို့ကိုတော့ ကျော်ဖြတ်နိုင်ခဲ့ပြီး၊ စုစုပေါင်း ရလဒ်အနေနှင့် ဆုလာဘ်တချို့ ရရှိခဲ့ပါသည်။ အရင်တုန်းက သူ ရရှိခဲ့ဖူးသော အစစ်အမှန်သိုင်း အမွေအနှစ် အပိုင်းအစတွေကို ပြန်လည် ဖြည့်စွက်နိုင်ခဲ့၏။

သို့သော်၊ တာအိုဆရာ လုံရှန်း လုံးဝ စိတ်မပျက်ပါချေ။

နင်ချီ ရှိနေသေးသရွေ့ မျှော်လင့်ချက် ရှိနေသေး၏။

လောလောဆယ်တော့ သူ့ရှေ့က ပြဿနာကို အရင် ရှင်းရမည်။

စောစောက စကားပြောခဲ့သော ကောင်းကင်ဘုံလူသား အဆင့် သိုင်းပညာရှင်သည် လည်ပင်းအနောက်ဘက်တွင် စိမ့်ခနဲ အေးသွားသလို ခံစားလိုက်ရသည်။

တာအိုဆရာ လုံရှန်း ထွက်မလာခင်တုန်းကတော့ သူ ယုံကြည်မှု ရှိနေသေးသော်ငြား၊ အခု တာအိုဆရာ လုံရှန်း ထွက်လာတော့ သူ စိတ်လိုက်မာန်ပါ မလုပ်ရဲတော့။ တာအိုဆရာ လုံရှန်း တစ်ယောက်တည်းနှင့် ကောင်းကင်ဘုံလူသား စာရင်းဝင် ပညာရှင်နှစ်ဦးကို ဖိနှိပ်ထားခဲ့တာကို သူ ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေးသည်လေ။

“တာအိုဆရာ လုံရှန်း... ကျုပ်ကတော့ သဘောမတူဘူးဗျာ... ကျုပ်သာ အဲ့ဒီလို အမွေအနှစ်မျိုး ရခဲ့ရင်၊ ကမ္ဘာလောကကြီး အကျိုးရှိအောင် သဘာဝကျကျ မျှဝေပေးလိုက်မှာပဲ”

ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော ဓားသမားတစ်ဦးက ရယ်မောလိုက်သည်။

တာအိုဆရာ လုံရှန်း ခေါင်းခါရင်း သက်ပြင်းချလိုက်၏။

“ခရမ်းရောင်ဓား အကြီးအကဲ... ကျုပ် မှတ်မိသလောက် ဆိုရင်... ခင်ဗျား အစစ်အမှန်သိုင်း ဓားကျောက်တိုင်ဆီကို အကြိမ်ကြိမ် လာလည်ဖူးတယ် မဟုတ်လား... အခု ကျေးဇူးကို အပြစ်နဲ့ ဆပ်ပြီး အစစ်အမှန်သိုင်းဂိုဏ်းကို ပြန်တိုက်ခိုက်တော့မလို့လား”

ထိုအခါ၊ လူအချို့က ခရမ်းရောင်ဓား အကြီးအကဲကို အထင်သေးသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ဒါက တကယ် မသင့်တော်ပါ။

သို့တိုင်၊ ခရမ်းရောင်ဓား အကြီးအကဲကတော့ ရှက်ရကောင်းမှန်း မသိ။

“တာအိုဆရာ ပြောတာ မှန်ပါတယ်... ကျုပ် ဆိုလိုတာက... အစစ်အမှန်သိုင်းဂိုဏ်းဟာ အစစ်အမှန်သိုင်း ဓားကျောက်တိုင်ကို ကမ္ဘာလောကကြီးအတွက် ဖွင့်ပေးထားတယ် ဆိုတော့၊ အခု အမွေအနှစ် ရသွားရင်လည်း ဒီ ကောင်းမွန်တဲ့ အစဉ်အလာကို ဆက်ထိန်းသိမ်းသင့်တယ်လို့ ပြောတာပါ... ဓားကျောက်တိုင်ရဲ့ လွှမ်းမိုးမှုကြောင့်ပဲ ကျုပ် ဒီလို တွေးမိသွားတာပါ... တာအိုဆရာ စိတ်မရှိပါနဲ့ဗျာ”

ပြောရင်းဆိုရင်း သူက လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

လူတိုင်း၏ ရင်ထဲတွင် စကားလုံး နှစ်လုံး ပေါ်လာသည်။

*(အရှက်မရှိလိုက်တာ)*

အများစုကတော့ တိတ်ဆိတ်နေကြသည်။ အကြောင်းပြချက်ကောင်း တစ်ခု ပေးမည့် သူ တစ်ယောက်ယောက် ရှေ့ထွက်လာတာကို လိုလားနေကြသည်ကိုး။

ဥပဒေက လူအုပ်ကြီးကို အပြစ်မပေးနိုင်ပါချေ။

ဒီနေ့ ဒီကိစ္စကို လူတိုင်း ဝိုင်းလုပ်လိုက်ကြလျှင်၊ နောင်တချိန်ကျမှ 'စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်' လိုက်ရှင်းချင်လျှင်တောင် ဘယ်က စရှင်းရမှန်း သိမှာ မဟုတ်ပါ။ သူက လူတိုင်းကို လိုက်သတ်နေလို့မှ မရသည်ကိုး။

အစစ်အမှန်သိုင်းဂိုဏ်းသားများက ခရမ်းရောင်ဓား အကြီးအကဲကို ဒေါသတကြီး စိမ်းစိမ်းဝါးဝါး ကြည့်နေကြသည်။

တာအိုဆရာ လုံရှန်းက သူ့ကို ခဏမျှ စိုက်ကြည့်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။

“ဝမ်းနည်းစရာ ကောင်းတာက... ကျုပ် စမ်းသပ်မှုကို မအောင်မြင်ခဲ့ဘူး... အစစ်အမှန်သိုင်း အမွေအနှစ်ကိုလည်း မရခဲ့ဘူး... ခင်ဗျားတို့ကို စိတ်ပျက်စေမိပြီ”

“ဒါဆိုရင် တာအိုဆရာက မြူခိုးတွေ ပြောင်းလဲသွားတာကို ဘယ်လို ရှင်းပြမလဲ... ကမ္ဘာပေါ်မှာ ဒီလောက် တိုက်ဆိုင်မှုတွေ ရှိနိုင်ပါ့မလား”

“ကျုပ် မသိဘူး”

ထို့နောက်၊ တာအိုဆရာ လုံရှန်းသည် တပည့်များကို ဦးဆောင်ကာ လေထဲသို့ ပျံတက်သွားပြီး ထွက်ခွာရန် ပြင်လိုက်

All Chapters