← Chapters

အခန်း ၁၀၃၀

Vol. 69 Ch. 1030

အခန်း ၁၀၃၀

Vol. 69 Ch. 1030

အခန်း (၁၀၃၀) - အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာရန်အတွက် လိုအပ်သော အခြေအနေများ

နင်ချီ ခေတ္တမျှ စဉ်းစား၍ မရနိုင်ခဲ့။

တောင်ဘိုးဘေးကြီးအနေနှင့် မိမိ မသိရှိသော အရာတစ်ခုခုကို နောက်ကွယ်မှ အကွက်ချ ကြံစည်နေနေသဘ် ဖြစ်ရမည်။

ပင်လယ်ဘိုးဘေးကြီးမှာ ယခင်ကထက် ပို၍ပင် ရူးသွပ်သွားဟန် ရှိတော့၏။ သူမ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှု၊ ပြင်းထန်သော အမုန်းတရား၊ ပူဆွေးသောကနှင့် အပျက်သဘောဆောင်သော ခံစားချက် မျိုးစုံတို့ ပေါ်လွင်နေသော်ငြား ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင် လုံးဝ မရှိခဲ့ပါချေ။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတော်စင် ဘိုးဘေးကြီးသည် ပင်လယ်ဘိုးဘေးကြီး၏ ဘေးတွင် ရုတ်တရက် ပေါ်ပေါက်လာပြီး ကိုးလုံး မိစ္ဆာနှိမ် မန္တန်ကို ရွတ်ဆိုလိုက်လေသည်။ ရွှေရောင် နတ်ဘုရား စာလုံးများသည် သူ၏ နှုတ်ခမ်းဖျားမှ ပျံလွှားထွက်ပေါ်လာပြီး ပင်လယ်ဘိုးဘေးကြီး ရှိရာဆီသို့ လွင့်မျောသွားကြ၏။

ပင်လယ်ဘိုးဘေးကြီးသည် နေရောင်ခြည်ဖြင့် ဆေးကြောခံလိုက်ရသည့်အလား သူမ၏ အမူအရာ တစ်ခုလုံး သိသိသာသာပင် တည်ငြိမ်သွားတော့သည်။

“စိတ်ခံစားချက်တွေ နောက်ကို လိုက်မသွားနဲ့... သူ့ရဲ့ အခြေအနေကို သေချာ အကဲခတ်ကြည့်စမ်းပါဦး...”

သူတော်စင် ဘိုးဘေးကြီး စကားပြောဆိုပြီးနောက် ဓားလက်ညှိုး ဖော်ဆောင်လိုက်ပြီး ဟင်းလင်းပြင်အတွင်း၌ မျက်လုံးနှစ်လုံးနှင့် ဆင်တူသော နတ်ဘုရား သင်္ကေတ တစ်ခု ဆွဲသားလိုက်လေသည်။ နတ်ဘုရား စာလုံးများဖြင့် ဖွဲ့စည်းထားသော ထို နတ်ဘုရား သင်္ကေတများသည် ပင်လယ်ဘိုးဘေးကြီး၏ မျက်လုံးများဆီသို့ ပျံသန်းသွားကြ၏။

ပင်လယ်ဘိုးဘေးကြီး၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားပြီး မျက်လုံးများကို အကြိမ်အနည်းငယ် မှိတ်လိုက် ဖွင့်လိုက် ပြုလုပ်လိုက်လေသည်။ ဤတစ်ကြိမ်တွင်မူ တောင်ဘိုးဘေးကြီး၏ အစစ်အမှန် အခြေအနေကို သူမ နောက်ဆုံး၌ မြင်တွေ့သွားရဟန် ရှိသည်။

ဒီအရာက အတိအကျ ဘာကြီးများလဲ။

“ဒဏ္ဍာရီတွေ အရဆိုရင် ပုကျိုးတောင် ဆိုတာ ကောင်းကင်ဘုံနဲ့ အနီးစပ်ဆုံး နေရာပဲ... အောက်ဘုံ ကနေ ကျင့်ကြံတဲ့ သူတွေထဲမှာ အင်မော်တယ် အဖြစ် တက်လှမ်းချင်သူ ဘယ်သူမဆို ကောင်းကင်ဘုံကို သွားတဲ့ လမ်းခရီးမှာ ပုကျိုးတောင်ကို ဖြတ်သန်းသွားကြရတယ်... ဒါကြောင့် ပုကျိုးတောင် ဆိုတာ နိဗ္ဗာန်ဘုံ တစ်ခု မဟုတ်ဘဲ ပူဆွေးသောကတွေ ပြည့်နှက်နေတဲ့ နေရာတစ်ခု ဖြစ်နေတာပဲ...”

ထိုဘိုးဘေးကြီး၏ စကားများကို ကြားလိုက်ရသောအခါ နင်ချီမှာ အံ့အားသင့် မှင်သက်သွားရတော့သည်။ သူသည် မိစ္ဆာ နှိမ် ရွှေရောင် မျက်လုံးကို ချက်ချင်း အသက်သွင်းလိုက်ပြီး လက်ရှိ တောင်ဘိုးဘေးကြီးနှင့် ပုကျိုးတောင်၏ ပုံရိပ်ယောင်ထံ အကြည့်ပို့လွှတ်လိုက်သော်ငြား မည်သည့် ထူးခြားမှုကိုမျှ မမြင်တွေ့ခဲ့ရပေ။

သူ့အနေဖြင့်ပင် မြင်တွေ့နိုင်စွမ်း မရှိသော အရာများ ရှိနေနိုင်ပါသလား။

နင်ချီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး သူ၏ ကိုယ်ပိုင် စွမ်းအားကို ဖော်ဆောင်မည့်အစား သူတော်စင် ဘိုးဘေးကြီးထံသို့ အသံလွှင့်ကာ ဆက်သွယ်လိုက်လေ၏။

“အဘိုးကြီး... ခင်ဗျား အတိအကျ ဘာကို မြင်လိုက်ရတာပါလဲ... ကျွန်တော့်ကိုလည်း ပြပါဦး...”

“မင်းက သူများဆီက အကူအညီ တောင်းတာကို ဒီလိုမျိုး တောင်းရသလား...”

“ခင်ဗျား လုပ်မှာလား... မလုပ်ဘူးလား... တကယ်လို့ လုပ်ပေးမယ် ဆိုရင် ခင်ဗျားရဲ့ အကြံပြုချက်ကို ကျွန်တော် စဉ်းစားပေးမယ်...”

သူတော်စင် ဘိုးဘေးကြီးသည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး နင်ချီ၏ စကားကို ပြန်လည် မတုံ့ပြန်ခဲ့ပေ။

ထိုအစား သူက ဟင်းလင်းပြင်ပေါ်သို့ သူ၏ လက်ဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်ရာ နောက်ထပ် နတ်ဘုရား မျက်လုံးတစ်လုံး ဖွဲ့တည်၏။ နတ်ဘုရား မျက်လုံးက နင်ချီ ရှိရာဆီသို့ တည့်မတ်စွာ ပျံသန်းသွားစေလိုက်၏။

ထို မဟာတာအို မျက်လုံးမှာ နင်ချီ၏ အရှေ့တွင် လွင့်မျောနေတော့သည်။

နင်ချီက လက်ဆန့်တန်းကာ ထိတွေ့လိုက်ရာ နတ်ဘုရား မျက်လုံးမှာ ရွှေရောင် အလင်းတန်းများအလား ကြွေမွသွားပြီး သူ၏ မိစ္ဆာ နှိမ် ရွှေရောင် မျက်လုံး အတွင်းသို့ ပြေးဝင်လာလေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူကိုယ်တိုင်ပင် အလွန်တရာ အစွမ်းထက်လှသည်ဟု ခံစားရသော စွမ်းအားတစ်ခု သူ၏ မျက်လုံးများထဲသို့ ထိုးသွင်းခံလိုက်ရသည့်အလား နင်ချီ ခံစားလိုက်ရ၏။

ဒါက အင်မော်တယ် မဟာတာအို၏ ချီစွမ်းအားတည်း။

သူတော်စင် ဘိုးဘေးကြီးက သူ့အား မဟာတာအို အင်မော်တယ် ချီစွမ်းအား တစ်ခုကို အမှန်တကယ် ပေးသနားလိမ့်မည်ဟု နင်ချီ လုံးဝ မထင်မှတ်ထားခဲ့ပါ။ အင်မော်တယ်များသာ ၎င်းကို ပိုင်ဆိုင်သည်ဟု ဆိုရန် ခက်ခဲလှ၏။ ချီ (အသက်စွမ်းအား) ပိုင်ဆိုင်ထားသူများ သာလျှင် တောင်ဘိုးဘေးကြီး၏ အခြေအနေကို မြင်တွေ့နိုင်စွမ်း ရှိကြခြင်းလော။

နင်ချီသည် မျက်လုံးများ၏ အပြောင်းအလဲကို အာရုံခံလိုက်ပြီး ထိုခံစားချက်ကို တိတ်တဆိတ် မှတ်သားထားလိုက်ကာ အင်မော်တယ် စွမ်းအား၏ သိမ်မွေ့သော အစိတ်အပိုင်းလေးကို ဖမ်းဆုပ်လိုက်လေသည်။ ထိုချီစွမ်းအား အငွေ့အသက်ကို လျှို့ဝှက်စွာ လေ့လာရန် ပြင်ဆင်ထားလိုက်၏။

သူ မျက်လုံးများကို နောက်တစ်ကြိမ် ဖွင့်လိုက်ပြီး တောင်ဘိုးဘေးကြီးအား စူးစိုက်ကြည့်လိုက်သည်။ ဤတစ်ကြိမ် မြင်လိုက်ရသော မြင်ကွင်းမှာ အမှန်တကယ်ပင် ကွဲပြား ခြားနားနေခဲ့လေပြီ။

All Chapters