အငြိုးကို ဖြေရှင်းခြင်း၊ လှပစွာ ထွက်ခွာခြင်း
Vol. 9 Ch. 135
အရာအားလုံးက မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့သည်။
နင်ချီ 'သွေးဘုရင် ကူ' ကို ထုတ်ယူလိုက်သည့် အခိုက်အတန့်မှ အားကုန် ဝင်ရောက် တိုက်ခိုက်လိုက်သည့် အခိုက်အတန့်အထိ အားလုံးမှာ စက္ကန့်ပိုင်းမျှသာ ကြာမြင့်သွားခဲ့သည်။
အခြားသူများမှာ မည်သို့မျှ တုံ့ပြန်ချိန်ပင် မရလိုက်ကြ။
'အကြီးအကဲ ပိန်ခြောက်' သူ၏ ဘေးပတ်လည်တွင် 'ကောင်းကင်နှင့်မြေကြီး စွမ်းအား' ကို စတင် စုစည်း နိုင်ခါ ရှိသေးသည်။ ထို 'မဟာ လက်ဖဝါး တံဆိပ်' ကြီးက ၎င်းတို့အားလုံးကို ဖြိုခွင်း ပျက်စီး သွားစေခဲ့သည်။
ကံကောင်း သည် ဆိုရမည်။ 'အကြီးအကဲ ပိန်ခြောက်' ၏ မျက်နှာ နီရဲသွားပြီး သူ၏ ကိုယ်တွင်းမှ ရှူး ခနဲ အသံ သဲ့သဲ့ ပဲ့တင် ထွက်လာခဲ့သည်။ ထို တစ်ခဏချင်း မှာပင် နက်မှောင် လျှို့ဝှက်ဆန်းကြယ်သော 'သံမဏိ ချပ်ဝတ်' တစ်စုံ သူ၏ အရေပြားပေါ်တွင် ထင်ရှား ပေါ်ပေါက်လာပြီး တစ်ကိုယ်လုံးကို လွှမ်းခြုံ သွားတော့သည်။
"ဘုန်း"
ပြင်းထန်သော ထိခတ်မှု ကြောင့် တုန်ခါသွားသည့် အသံများ ပဲ့တင် ထွက်ပေါ်လာခဲ့သည်။ 'အကြီးအကဲ ပိန်ခြောက်' ၏ ခန္ဓာကိုယ် ပြင်းထန်စွာ လွင့်စင် ထွက်သွားပြီး ကျောက်တိုင် တစ်တိုင် ပြီး တစ်တိုင် ကို ဝင်တိုက် ဖြိုခွင်း ကာ နံရံ တစ်ချပ်ကိုပင် ထိုးဖောက် ပျံသန်း သွားတော့သည်။
နင်ချီ မျက်လုံးများ မှေးကျဉ်း သွားသည်။
'ငါ့ လက်ဝါး တစ်ချက် က ထင်ထား သလောက် အလုပ် မဖြစ် ဘူး ပဲ'
သူ ခံစားလိုက်မိ၏။
တိုက်ခိုက်မှုက အောင်မြင် သော်လည်း 'အကြီးအကဲ ပိန်ခြောက်' ၏ အရှိန်အဝါ မှာ များစွာ လျော့ကျ မသွား ဘဲ တိုက်ခိုက်နိုင်စွမ်း အချို့ ရှိ နေသေး သည်။ ဤသည်မှာ လက်ဝါး တစ်ချက် တည်း ဖြင့် သေ လု မျောပါး ဖြစ်သွား ခဲ့ သော 'အကြီးအကဲ ဝတုတ်' နှင့် လုံးဝ မတူ တော့ပေ။
'အဲ့ဒီ သံမဏိ ချပ်ဝတ် က ဘာ လဲ'
နင်ချီ၏ စိတ်ထဲတွင် သတိ ထား မှု အဆင့် မြင့်တက် လာခဲ့သည်။
တစ်ခဏချင်း။
သူ 'ကောင်းကင်ဘုံလူသား တစ်သားတည်းကျခြင်း' နယ်ပယ် သို့ ဝင်ရောက် လိုက်ပြီး နှလုံးသား ထဲမှ 'အမြုတေတု' မှာလည်း အဆက်မပြတ် တုန်ခါ လာကာ ကြွယ်ဝ လှသော 'ကောင်းကင်နှင့်မြေကြီး စွမ်းအား' များကို စုစည်း လိုက်သည်။
'အလစ် ဝင် တိုက် ဖို့ အတွက် မို့ အစော က 'ကောင်းကင်နဲ့မြေကြီး စွမ်းအား' ကို မသုံး ခဲ့ တာ။ အခု တိုက်ပွဲ စ နေ မှ တော့ ငါ့ နည်းလမ်း အကုန် ထုတ် သုံး ရမှာ ပေါ့။ ဘာမှ ချန် ထား နေစရာ မလို တော့ ဘူး'
အမှောင် အစိမ်းရောင် အငွေ့အသက် များ နင်ချီ၏ ပတ်လည်တွင် လှိုင်းထ သွားသည်။ သူ၏ ဝ ဖိုင့် သော ခန္ဓာကိုယ် ကြီးကို လွှမ်းခြုံ လိုက်ရာ အနည်းငယ် ကြောက်မက်ဖွယ် ကောင်း နေသည်။
သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်း လိုက်သည်။ အဆိပ် ပြင်း လှသော 'ချီစွမ်းအင်' အစီးအကြောင်း များပျံ့နှံ့ထွက်သွား သည်။
အစောပိုင်းက ပါးစပ် အဟောင်းသား ဖြင့် တုန်လှုပ် ခြောက်ခြား နေကြ သော 'မူလအမြုတေ နယ်ပယ်' ကျွမ်းကျင်သူ အများအပြား ၏ ခန္ဓာကိုယ်များ ပြင်းထန်စွာ တုန်ခါ သွား ကြ ပြီး ထိတ်လန့် တုန်လှုပ် မှု အရိပ်အယောင်များ ထင်ဟပ် လာသည်။ သူတို့၏ အတွင်း 'မူလအမြုတေ' များ တုန်ခါ သွားပြီး မိမိတို့၏ 'ချီစွမ်းအင်' များ ထုတ်လွှတ် ကာ ခုခံ ရန် ကြိုးစား ကြ သည်။
သို့ သော် ကွာဟချက် က အလွန် ကြီးမား လွန်း နေခဲ့သည်။ နင်ချီ၏ 'ချီစွမ်းအင်' မှာ သူတို့ အားလုံး ပေါင်း ထား သည် ထက် များစွာ ပိုမို လွှမ်းမိုး နိုင်စွမ်း ရှိ နေသည်။ 'ကောင်းကင်နှင့်မြေကြီး စွမ်းအား' ၏ အထောက်အပံ့ ပါ နေသည် ကို ထည့် မပြောနှင့်တော့။
နာနာကျင်ကျင် အော်ဟစ် ညည်းညူသံများ ထွက်ပေါ် လာသည်။
ဤ 'မူလအမြုတေ နယ်ပယ်' သိုင်းသမား များ ပြင်းထန်စွာ ဒဏ်ရာ ရရှိ သွားကြပြီး သူတို့၏ အရိုးများ လုံးဝ ကြေမွ သွားခဲ့သည်။ သူတို့ မြေပြင်ပေါ် လဲကျ ကာ အသက် ကို မနည်း ရှူ နေရ ပြီး တစ်ယောက် ချင်း စီ နင်ချီ့ကို ထိတ်လန့် တကြား ကြည့် နေကြသည်။
နင်ချီက 'အဆိပ်မဟာ လက်ဖဝါး တံဆိပ်' များကို အဆက်မပြတ် ထုတ်လွှတ် လိုက်ပြီး 'အကြီးအကဲ ပိန်ခြောက်' လဲကျ သွား သော နေရာ ဆီသို့ ပစ် သွင်း လိုက်သည်။
"မင်း မင်း ဘယ်သူ လဲ"
ပြိုကျ နေသော အဆောက်အအုံ ထဲမှ မဲမှောင် ဒေါသ ထွက် နေသော အော်ဟစ် သံ ပေါ်ထွက် လာသည်။ 'အကြီးအကဲ ပိန်ခြောက်' ဆံပင် ဖရိုဖရဲ ဖြင့် ပေါ်ထွက် လာသည်။ အလွန် သနားစရာ ကောင်း လှသည်။
သူ၏ မျက်လုံးများ ကြောက်မက်ဖွယ် ဒေါသ များ ဖြင့် ပြည့်နှက် နေသည်။ အကယ်၍သာ ကာကွယ်ရေး ကို အထူး ပြု ထားသော သူ၏ 'အသက်နှင့် ချိတ်ဆက်ထားသော ကူပိုးကောင်' 'သံမဏိ ချပ်ဝတ် ကူ' သာ မရှိခဲ့ လျှင် အစောပိုင်း ရုတ်တရက် တိုက်ခိုက် မှု ကြောင့် သူ အပြင်းအထန် ဒဏ်ရာ ရ သွား နိုင်သည်။
သို့ ဖြစ်သည့် တိုင် 'အကြီးအကဲ ပိန်ခြောက်'၏ အခြေအနေ မကောင်းလှပေ။
သူ ထို ထိုးနှက် ချက် ကို အတင်း အကျပ် ခုခံ လိုက်ရ ခြင်း ဖြစ်သည်။
'အကြီးအကဲ ပိန်ခြောက်’၏ ကိုယ်တွင်းမှ 'သံမဏိ ချပ်ဝတ် ကူ' မှာ နွမ်းနယ် ခြောက်သွေ့ သော အခြေအနေ သို့ ရောက် သွား ခဲ့ ပြီး ပြန်လည် နာလန်ထူ ရန် အချိန် လိုအပ် ပေ လိမ့်မည်။
ယခု အချိန် တွင် သူ့ အတွက် အရာ အားလုံး ရှင်းလင်း သွားခဲ့ ပြီ။
'ငါ့ ရှေ့ က ကောင် ငါ သိ တဲ့ 'ဝတုတ်' မဟုတ် တော့ ဘူး။ 'ဝတုတ်' အစစ် က ကံ ဆိုး မိုး မှောင် ကျ သွား လောက် ပြီ။ 'ဝတုတ်' ရဲ့ 'အသက်နဲ့ ချိတ်ဆက်ထားသော ကူ' က ကာကွယ်ရေး မှာ မတော် တာ ငါ သိ တယ်။ သူ သာ ခုန လို တိုက်ခိုက် မှု မျိုး ခံ လိုက် ရ ရင် ခုခံ နိုင် မှာ မဟုတ် ဘူး'
'အကြီးအကဲ ပိန်ခြောက်' ဒေါသ ထွက် သလို ထိတ်လန့် လည်း သွားသည်။ ရန်သူ၏ လျှို့ဝှက်ဆန်းကြယ် သော 'ပုံပြောင်း' နိုင်စွမ်း က သူ့ ကို ကြောက်ရွံ့ စေခဲ့သည်။
နင်ချီက 'အကြီးအကဲ ပိန်ခြောက်' ကို ဥပေက္ခာ ပြု သော မျက်လုံးများ ဖြင့် ကြည့် လိုက်ပြီး ကြောက်မက်ဖွယ် ရယ်မော လိုက်သည်။
"ဟက်။ မင်း က ဒီ သခင် ကြီး ရဲ့ နာမည် ကို သိ ချင် သေး တယ် ဟုတ် လား။ မင်း မတန် ဘူး"
သူ၏ လက်ကို ဝှေ့ယမ်း လိုက်သည်။ အဆိပ် တံဆိပ် များ အဆက်မပြတ် ထုတ်လွှတ် လိုက်ပြီး အစိမ်းရောင် အဆိပ် မြူ ခိုး များ ပတ်ဝန်းကျင် တွင် ပျံ့နှံ့ သွားကာ မခံ မရပ် နိုင် လောက်သော အနံ့ ဆိုး များ ဖြင့် ပြည့်နှက် သွားသည်။ 'မိစ္ဆာဂိုဏ်း' မှ 'အကြီးအကဲ ဝမ်' သာ ပြန်လည် ရှင်သန် ထ လာ ခဲ့ လျှင် ပင် ဤ ထက် ပို ထူးခြား လိမ့်မည် မဟုတ်ပေ။
'အကြီးအကဲ ပိန်ခြောက်' ဒေါသ တကြီး အော်ဟစ် လိုက်သည်။
"ကောင်း တယ်။ ကောင်း တယ်။ ဒီနေ့ မင်း ရဲ့ ပုံစံ အမှန် ကို ငါ ဖော်ထုတ် ပြီး မင်း က ဘယ် လို မိစ္ဆာ လဲ ဘယ် လို သတ္တဝါ ဆန်း လဲ ဆိုတာ ကြည့် ကြ တာ ပေါ့"
နှစ်ဦး သား ပြင်းထန်စွာ တိုက်ခိုက် ကြ တော့သည်။ 'ကောင်းကင်နှင့်မြေကြီး စွမ်းအား' လှိုင်း များ ခန်းမ ဆောင် ကြီး အတွင်း ပေါက်ကွဲ ထွက် ပြီး ထိပ်တိုက် တွေ့ နေကြသည်။ မြေ တုန် ပြီး တောင် များ လှုပ်ခါ သွားသည်။
ကြောက်မက်ဖွယ် ကောင်း လှသော ပွက်လော ရိုက် မှု ကြီး က အပြင် ဘက် မှ လူ တိုင်း ကို တုန်လှုပ် ခြောက်ခြား သွား စေသည်။
သူတို့ ခန်းမ ဆောင် ကြီး ကို စိုးရိမ် တကြီး ကြည့် နေကြသည်။ အတွင်း ၌ ဘာ အဖြစ်အပျက် များ ဖြစ်ပွား နေသည် ကို လုံးဝ မသိ ရှိ ကြ။
ထို့ နောက် သူတို့ ပုံရိပ် နှစ်ခု ကောင်းကင် ထက် သို့ ပျံတက် သွားပြီး အပြင်းအထန် တိုက်ခိုက် နေကြ သည်ကို မြင် လိုက် ကြရသည်။
"ဒါ ဒါ အကြီးအကဲ ဝတုတ် နဲ့ အကြီးအကဲ ပိန်ခြောက် မဟုတ် လား"
မည်သူမျှ မိမိတို့ မျက်စိ ကို မယုံ နိုင် ကြ။ အကြီးအကဲ နှစ်ဦး အဘယ်ကြောင့် ရုတ်တရက် အချင်းချင်း ပြန် တိုက်ခိုက် နေကြ သည်ကို နား မလည် နိုင် ကြ။
'ကောင်းကင်နှင့်မြေကြီး စွမ်းအား' လှိုင်း များ ကောင်းကင် တွင် ပဲ့တင် ထပ် နေသည်။ ထို အရှိန် အဝါ ကြောင့် ပင် စခန်း အမာခံ တစ်ခုလုံး မရေ မတွက် နိုင်သော ဒဏ်ရာ များ ဖြင့် ပြည့်နှက် သွားပြီး လူ အများအပြား ကို ထိခိုက် သွား စေသည်။ အချို့ မှာ နေရာ တွင် ပင် ပွဲချင်းပြီး သေဆုံး သွား ကြ သည်။
နင်ချီ စိတ်ပိုင်း ဆိုင်ရာ ဝန်ထုပ်ဝန်ပိုး တစ်ခု မျှ မခံစား ရ။ ဤ လူများ သေ သင့် သည်။
'အကြီးအကဲ ပိန်ခြောက်' ၏ မျက်လုံးများ အေးစက် နေပြီး ဒေါသ တကြီး အော်ဟစ် လိုက်သည်။
"အားလုံး ငါ့ အမိန့် ကို နာခံ စမ်း။ 'အကြီးအကဲ ဝတုတ်' အတိုက်ခိုက် ခံ လိုက် ရ ပြီ။ ဒီ ကောင် က အယောင်ဆောင် ပဲ။ မင်းတို့ အားလုံး သူ့ ကို ဖမ်း ဖို့ ငါ့ ကို ကူ ကြ"
တိုက်ပွဲ ရှည်ကြာ လာ လေ သူ ပို ၍ ထိတ်လန့် လာ လေ။
'အစတုန်းက အလစ်တိုက်ခိုက်ခံလိုက် ရတဲ့ အရှိန် ကို ငါ ခံ နိုင် မယ် ထင် နေတာ။ အလစ်တိုက်ခံလိုက်ရလို့ ပဲ ငါနာသွားတယ်ထင်နေတာ။ ဒါပေမဲ့ တကယ် တိုက် ကြည့်မှပဲ ငါ့ရှေ့ကကောင့် ကိုအထင်သေးထား မိမှန်း သိ တော့တယ်'
'ငါ အကောင်းဆုံး အခြေအနေ မှာ တောင် ဒီ ကောင့် ကို ယှဉ် နိုင် မယ် မထင် ဘူး'
လက်ရှိတွင် သူ အသာ မရ သည့် အပြင် သူ၏ အခြေအနေ မှာ သိသိသာသာ ကျဆင်း နေခဲ့ပြီ။ သူ၏ 'အသက်နှင့် ချိတ်ဆက်ထားသော ကူ' ကို အပြည့်အဝ မ ဖွင့် ခဲ့ လျှင် သူ ကြေမွ သွား လောက် ပြီ။
သို့သော် ယခု သူ၏ အခြေအနေမှာ ဆိုးရွား နေပြီး တိုက်ခိုက် ခံရ မှု ကြောင့် သွေးများ အဆက်မပြတ် အန် ထွက် နေရသည်။
'အကြီးအကဲ ပိန်ခြောက်’၏ စိတ်ထဲတွင် ဆုတ်ခွာ ရန် ရည်ရွယ်ချက် ပေါက်ဖွား နေခဲ့၏။
သူ အကူအညီ တောင်း ခေါ် ခြင်း မှာ နင်ချီ့ကို အနိုင် တိုက် ရန် မဟုတ်။ သူ့ ကို အချိန် အနည်းငယ် ကြာ အောင် နှောင့်နှေး စေ ရန် သက်သက် သာ။
အမာခံစခန်း မှ လူ တိုင်း နင်ချီ့ကို ကြောက်ရွံ့ တုန်လှုပ် စွာ ကြည့် နေကြသည်။ အစပိုင်းတွင် အချို့ က 'အကြီးအကဲ ပိန်ခြောက်' ၏ စကား ကို သံသယ ဝင် နေကြ သေးသည်။ သို့သော် နှစ်ဦး သား တိုက်ခိုက် ကြ လေ နင်ချီ ထုတ် ပြ နေသော သိုင်းပညာ များ မှာ 'အကြီးအကဲ ဝတုတ်' ၏ သိုင်းပညာ များ မဟုတ် ကြောင်း အချို့ က မှတ်မိ လာကြသည်။
'ဒါ ဒါ အကြီးအကဲ ဝတုတ် ရဲ့ အစွမ်းထက် ပညာရပ် မဟုတ် ဘူး'
"အကြီးအကဲ ဝတုတ် က အယောင်ဆောင် ပဲ။ 'အကြီးအကဲ ပိန်ခြောက်' ကို မြန်မြန် ကူ ကြ" ဟု တစ်စုံတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သို့ သော် 'အဆိပ် လက်ညှိုး တံဆိပ်' တစ်ခု ချက်ချင်း ပျံသန်းသွားပြီး ဤ 'ကျောက်စိမ်းအရည် နယ်ပယ်' ကျွမ်းကျင်သူကို နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားစေကာ ကျန်လူများကို အသံတိတ်သွားစေတော့သည်။
အချို့ မဆင်မခြင် တိုက်ခိုက် မှုများ ပစ်လွှတ်လိုက်ကြ သေးသော်လည်း ၎င်းတို့မှာ သစ်ပင်ကြီး တစ်ပင်ကို ပုရွက်ဆိတ်လေးများက လှုပ်ခါရန် ကြိုးစားနေသကဲ့သို့ အချည်းနှီးသာ။
နင်ချီ၏ မျက်လုံးများက ဥပေက္ခာ ပြု နေသည်။
'ဒီ 'အကြီးအကဲ ပိန်ခြောက်' ရဲ့ စွမ်းအား ကို ငါ အကြမ်းဖျင်း ခန့်မှန်း မိ ပြီ။ အရင် 'အကြီးအကဲ ဝမ်' ထက် နည်းနည်း နိမ့် တယ်’