← Chapters

အခန်း (၈၆၅-၈၆၇)

Vol. 58 Ch. 865-867

အခန်း (၈၆၅-၈၆၇)

Vol. 58 Ch. 865-867

အခန်း (၈၆၅) - သဟဇာတဖြစ်ခြင်း နယ်ပယ် အဆင့် သုံးယောက်ကို ဆက်တိုက် ခုတ်ပိုင်းခြင်း

ဖြူစင် သန့်ရှင်းသော ဝတ်ရုံကို ဆင်မြန်းထားသည့် လူငယ်လေး တစ်ဦး... ဓားဘိုးဘေးကြီး၏ ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသည်။

ထိုအချိန်တွင် ဓားဘိုးဘေးကြီး၏ ဦးခေါင်း တစ်ခုလုံးမှာ ကျောချမ်းဖွယ်ကောင်းသော မီးခိုးရောင် စွမ်းအင်များဖြင့် ဖုံးလွှမ်းခံထားရပြီး... ထိုအရာများ၏ အပြင်ဘက်တွင်မူ အရောင်ငါးမျိုး နတ်ဘုရား အလင်းတန်း စက်လုံးကြီး တစ်ခုက အပြင်ဘက်သို့ အဆက်မပြတ် ပြန့်ကျယ် ထွက်ပေါ်နေသည်။

ရုတ်တရက် ပေါ်ထွက်လာသော အဖြူရောင် ဝတ်ရုံနှင့် ပုံရိပ်ကို ဝင်တိုက်မိသွားသောအခါ... ဓားဘိုးဘေးကြီး၏ အနည်းငယ် ရူးသွပ်နေပုံရသော မျက်နှာသွင်ပြင်မှာ တစ်ခဏမျှ အေးခဲသွားတော့သည်။

ဖြူစင် သန့်ရှင်းသော ဝတ်ရုံကို ဆင်မြန်းထားသည့် နင်ချီက... ဓားဘိုးဘေးကြီး တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင်၊ သူ၏ လက်ချောင်းများကို ဓားတစ်လက်အလား အသုံးပြုကာ ဓားဘိုးဘေးကြီး၏ နဖူးကို တိုက်ရိုက် ထိုးစိုက်လိုက်သည်။

ဓားဘိုးဘေးကြီး၏ နဖူးပေါ်ရှိ အရောင်ငါးမျိုး နတ်ဘုရား သံကြိုးများမှာ ရုတ်တရက် တလက်လက် တောက်ပသွားပြီး... အပြင်သို့ လျှံထွက်နေသော မီးခိုးရောင် မကောင်းဆိုးဝါး စွမ်းအင်များ အားလုံးမှာ မီးခိုးငွေ့များအလား သူ၏ နဖူးထဲသို့ မျက်စိတစ်မှိတ် အတွင်း ပြန်လည် စုပ်ယူခံလိုက်ရတော့သည်။

အရောင်ငါးမျိုး နတ်ဘုရား သံကြိုးများမှာ စိန်ပုံသဏ္ဌာန် အရောင်ငါးမျိုး အမှတ်အသားများ အဖြစ်သို့ ပြန်လည် အသွင်ပြောင်းသွားပြီး ဓားဘိုးဘေးကြီး၏ နဖူးပေါ်တွင် စွဲထင်သွားကာ... ဓားဘိုးဘေးကြီး၏ မျက်လုံးများမှာလည်း ယခင်ကဲ့သို့ ကြည်လင် ပြတ်သားလာတော့သည်။

ကောင်းကင်ယံ အထက်တွင်... ဓားဘိုးဘေးကြီးက တံဆိပ်ခတ်ထားမှုကို ဖြေလျှော့ကာ နယ်ပယ်ကို အတင်းအကျပ် ချိုးဖျက်ရန် ကြိုးစားနေခြင်း ကြောင့် ဖြစ်ပေါ်လာသော ထူးဆန်း ဆန်းပြားသည့် အဖြစ်အပျက်များ အားလုံးမှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။

ထိုနေရာတွင် ရှိနေကြသော တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ကျင့်ကြံသူများ အားလုံးမှာ လေးနက်စွာ သက်ပြင်းချကာ စိတ်အေးသွားကြတော့သည်။

သူတို့ အားလုံးသည် တာအို၏ ကောင်းကင်မိုးကြိုး ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ ဖြတ်သန်းခဲ့ဖူးကြသူများ ဖြစ်ကြသည်။ သူတို့ ဘာသာ သူတို့ ကျော်ဖြတ်ခဲ့သည် ဖြစ်စေ၊ မှော်လက်နက် များ၏ အကူအညီဖြင့် ကျော်ဖြတ်ခဲ့သည် ဖြစ်စေ၊ အခြား နည်းလမ်းများဖြင့် ကျော်ဖြတ်ခဲ့သည် ဖြစ်စေ... မည်သူကမျှ ၎င်းကို နောက်တစ်ကြိမ် ထပ်မံ တွေ့ကြုံချင်မည် မဟုတ်ချေ။

ထို့အပြင် ယခင်က ဖြစ်ပေါ်ခဲ့သော ဆူပူ အုံကြွမှုများကို ကြည့်ခြင်းအားဖြင့်... ကျန့်ကျင်းကျွယ် ၏ မိုးကြိုး ကောင်းကင်မိုးကြိုး မှာ သူတို့ ယခင်က ကြုံတွေ့ခဲ့ဖူးသော မိုးကြိုး ကောင်းကင်မိုးကြိုး ထက် များစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းမည်မှာ ထင်ရှားလှသည်။

မိုးကြိုး ကောင်းကင်မိုးကြိုး ၏ အောက်တွင်... မင်းက ဘယ်သူပဲ ဖြစ်နေပါစေ၊ မင်းဆီမှာ လူဘယ်လောက်ပဲ ရှိနေပါစေ... တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ကျင့်ကြံသူ တစ်ဦး ဖြစ်နေသရွေ့ အားလုံး အထဲကို ဆွဲသွင်းခံရနိုင်ခြေ ရှိသည်။

တာအိုနှင့် ပေါင်းစပ်သည် ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီး၏ တာအို အတွင်းသို့ မိမိကိုယ်ကို ပေါင်းစပ် ထည့်သွင်းခြင်း ပင် ဖြစ်ချေ၏။ ထို့ကြောင့် တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ကျင့်ကြံသူ များကို ကောင်းကင်နှင့် မြေကြီး၏ ရွေးချယ်ခံရသူများ ဖြစ်ပြီး... ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကို အကောင်အထည် ဖော်ပေးရသူများ အဖြစ် သတ်မှတ်ထားကြသည်။ သို့သော် ထိုသို့ ဖြစ်လာရန် ဆိုသည်မှာ ဘယ်လောက်တောင် လွယ်ကူပါမည်နည်း။

"ကောင်လေး နင်..."

ဓားဘိုးဘေးကြီး၏ မျက်လုံးများ ပြူးကျယ်သွားပြီး၊ သူ၏ မျက်လုံးများထဲတွင် ဝမ်းသာ ပီတိ ဖြစ်နေသော အရိပ်အယောင်များ အထင်အရှား ပေါ်လွင်နေ၏။

"မင်း နောက်ဆုံးတော့ ပြန်လာပြီပေါ့လေ။ အကယ်လို့ မင်းသာ ပြန်မလာဘူး ဆိုရင်... မင်းကို နောက်တစ်ခါ ပြန်တွေ့ရဖို့ ဆိုတာ ငါ့အတွက် မဖြစ်နိုင်လောက်တော့ဘူး ထင်တယ်"

ထိုအခါ၊ နင်ချီက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

"ခင်ဗျား ပြာအဖြစ် ပြောင်းသွားမယ် ဆိုရင်တောင်မှ... ခင်ဗျားကို ကျွန်တော် သေချာပေါက် ပြန်ခေါ်လာမှာပါ"

ဓားဘိုးဘေးကြီး မှာ နောက်တစ်ကြိမ် အံ့အားသင့် မှင်သက်သွားပြန်သည်။

"ကောင်းတယ်... အရမ်း ကောင်းတာပေါ့ကွာ"

ဓားဘိုးဘေးကြီး၏ နောက်ကွယ်တွင်... ကျင့်ကြံသူ သုံးဖွဲ့မှာ နင်ချီ ပြန်လည် ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ သူတို့၏ ခံစားချက်များမှာ ရိုလာကိုစတာ စီးနေရသည့်အလား အကြီးအကျယ် အတက်အကျ ဖြစ်သွားကြ၏။... အပြည့်အဝ မျှော်လင့်ချက် ကင်းမဲ့နေသော နေရာမှနေ၍ အမြင့်ဆုံး အထွတ်အထိပ် သို့ မျက်စိတစ်မှိတ် အတွင်း ရောက်ရှိသွားကာ သူတို့၏ နှလုံးသားများ တဒိတ်ဒိတ် ခုန်လာကြတော့သည်။

"စီနီယာ အစ်ကိုကြီး နင်"

"နယ်မြေအရှင်သခင်"

မရေမတွက်နိုင်သော အော်ဟစ်သံများမှာ... မျှော်လင့်ချက် လုံးဝ မရှိတော့သော အခြေအနေ တစ်ခုမှ ကယ်တင်ခံလိုက်ရသဖြင့်... ဝမ်းသာ ပီတိ ဖြစ်မှုများနှင့် နက်ရှိုင်းစွာ စိတ်သက်သာရာ ရသွားမှုများဖြင့် ပြည့်နှက်နေသည်။

နင်ချီက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ဒီနယ်မြေ ရဲ့ အရှင်သခင် ဖြစ်တဲ့ ကျုပ်.. ဒီမှာ ရှိနေတယ်။ ကျုပ်လူ တွေကို ဘယ်သူကများ ထိရဲသလဲ"

သူ၏ အရှိန်အဝါ မှာ သက်တန့် တစ်ခုအလား ဖြစ်နေပြီး... သူ၏ ပုံမှန် အေးစက်စက် အမူအရာများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။ သူ၏ အကြည့်များက လျှပ်စီးတန်း တစ်ခုအလား တလက်လက် တောက်ပနေပြီး မဟာ အခင်းအကျင်း ကြီး၏ အပြင်ဘက်ဆီသို့ ဝေ့ကြည့်လိုက်သည်။

နင်ချီ၏ အကြည့်များက စွမ်းအား သုံးပါး ချိတ်ပိတ်ခြင်း အခင်းအကျင်း ကို အသုံးပြုနေကြသော ချီရှန်းလင် နှင့် အခြား နှစ်ဦးအပေါ်သို့ ပထမဆုံး ကျရောက်သွားတော့သည်။

နင်ချီက လှောင်ရယ်လိုက်၏။

"အရမ်း ကောင်းတယ်... ပေါင်းစည်းခြင်း နယ်ပယ် အဆင့် ရှိတဲ့ သူတွေကို အနိုင်ကျင့်ဖို့ အတွက် မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူ တွေရဲ့ အဆင့်အတန်း ကို အသုံးချနေတာပေါ့လေ။ အဲဒါတောင်မှ သုံးယောက်.. ပေါင်းပြီး တိုက်နေသေးတယ် ဆိုတော့... ဒါက ပင်လယ်ဘိုးဘေးကြီး ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတဲ့ တာအို ဘိုးဘေးကြီး တွေ အားလုံး ပေါင်းထားတဲ့ စွမ်းအားလား"

သူတို့၏ မျက်နှာရှေ့တွင်ပင် လှောင်ပြောင် သရော်သည့် စကားများကို ကြားလိုက်ရသောအခါ... ချီရှန်းလင် နှင့် အခြား နှစ်ဦးမှာ ရှက်ရွံ့မှုကြောင့် မျက်နှာများ နီမြန်းသွားကြတော့သည်။

သို့သော် ထို သုံးဦးစလုံးမှာ ချက်ချင်းပင် ဒေါသ နှင့် မကျေနပ်မှု များကို ခံစားလိုက်ကြရသည်။

ကောင်းချိုး က အေးစက်စက် ဆိုလိုက်၏။

"မင်းက နင်ချီ လား"

"ခင်ဗျားက ဘယ်က ခွေးအိုကြီး လဲ"

ဝဝဖိုင့်ဖိုင့် အဘိုးအို ကောင်းချိုး ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ် များ ရုတ်တရက် ပေါ်ထွက်လာတော့သည်။ သူ စကားမပြောနိုင်ခင်မှာပင်... တစ်ဖက် ထောင့်တွင် ရှိနေသော လျိုဖူဖျင် က အော်ဟစ်လိုက်သည်။

"မင်း ဘယ်လောက်တောင် ရဲတင်းနေတာလဲ။ ငါတို့ကို ဒီလိုမျိုး လာပြောရဲအောင် မင်းကို ဘယ်သူက သတ္တိတွေ ပေးလိုက်တာလဲ"

နင်ချီက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး...

"ခင်ဗျားတို့ လို လူတွေ က ဂိုဏ်းချုပ် တွေ ဆိုတဲ့ နာမည်နဲ့တောင် ထိုက်တန်ရဲ့လား"

ရှေ့တန်းတွင် အမြဲတမ်း ရှိနေတတ်သော ချီရှန်းလင် မှာ... သူ၏ စစ်ဆင်ရေး ကို စတင်ကတည်းက အကြိမ်ကြိမ် အခက်အခဲ များနှင့် ကြုံတွေ့ခဲ့ရသဖြင့် ယခုအခါ ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေ၏။

ကျန့်ကျင်းကျွယ် နှင့် သူ၏ စစ်တပ်ကြီး ထုတ်လွှတ်လိုက်သော ကောင်းကင်ကြာပန်း ပြောင်းပြန် ခုတ်ပိုင်း ဓား နည်းစနစ် ကြောင့် သူ သေလုနီးပါး ဖြစ်ခဲ့ရသည်။ ၎င်းအပြင် ယခင်က ကျန့်ကျင်းကျွယ် ၏ ရူးသွပ်နေသော အမူအရာ နှင့် ကျောချမ်းဖွယ် ကောင်းသော မီးခိုးရောင် မကောင်းဆိုးဝါး ဝိညာဉ် တို့ကြောင့်... သူသည် ယခုအခါ ကြောက်ရွံ့မှု အရိပ်မည်း များစွာ၏ လွှမ်းခြုံမှုကို ခံနေရလေပြီ။

နင်ချီ ၏ ပေါ်ထွက်လာမှုမှာ အလွန်တရာ ထူးဆန်း ဆန်းပြားလှပြီး... သူတို့ သုံးဦး တပ်ဆင်ထားသော ချိတ်ပိတ်ခြင်း အခင်းအကျင်း ကို လုံးဝ အသံမထွက်ဘဲ ဖြတ်သန်း ဝင်ရောက်လာနိုင်ခဲ့သည် ဆိုကတည်းက... သူသည် သာမန် လူတစ်ယောက် မဟုတ်ကြောင်း ထင်ရှားလှသည်။

ကောင်းချိုး က အေးစက်စက် ဆိုလိုက်၏။

"ကောင်လေး... ပင်လယ်ဘိုးဘေးကြီး ကိုယ်စား ငါ မင်းကို သင်ခန်းစာ တစ်ခု ပေးရလိမ့်မယ်။ ငါ မင်းရဲ့ ပါးစပ်ကို ဆွဲဖြဲပစ်လိုက်ပြီးတဲ့ နောက်မှ... ရိုသေ လေးစားမှု နဲ့ အထက်အောက် အဆင့်အတန်း ဆိုတာ ဘာလဲ ဆိုတာကို မင်း သိသွားလောက်ပါရဲ့"

ခပ်လှမ်းလှမ်းတွင်...

ကျန်ရှိနေသေးသော တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်) အယောက် (၉၇) ယောက်၊ ရန်ပေါ်ဖျင် နှင့် အခြား ကျင့်ကြံသူ များမှာ... နင်ချီ ပေါ်လာသည်ကို မြင်လိုက်ရပြီး... သူ၏ တည်ရှိမှုက အလွန်တရာ အရှိန်အဝါ ကြီးမားကာ လွှမ်းမိုးနိုင်စွမ်း ရှိလွန်းလှသည်ကို တွေ့လိုက်ကြရသည်။

သူတို့၏ သဘောထားများမှာ အစွန်း နှစ်ဖက်သို့ ရောက်ရှိနေကြ၏။

နင်ချီ ၏ မာနထောင်လွှားလှသော အဖြူရောင် ဝတ်ရုံနှင့် ပုံရိပ် ကို ကြည့်ရင်း... နင်ချီ သည် သူတို့နှင့်အတူ အမြဲတမ်း ရှိနေခဲ့ကြောင်းကို သိရှိထားသော ရန်ပေါ်ဖျင် နှင့် အခြားသူများမှာ... သူတို့၏ နှလုံးသားများ စည်တီးနေသည့်အလား တဒိတ်ဒိတ် ခုန်လာကြပြီး သူတို့၏ သွေးများမှာလည်း စိတ်လှုပ်ရှားမှုကြောင့် ပွက်ပွက်ဆူလာကြတော့သည်။

သူ ပီသပါပေတယ်လေ။

သူတို့သည် တာအို ဘိုးဘေးကြီး များကို ခွေးအိုကြီး များအလား သဘောထား ဆက်ဆံသည့် နင်ချီ ၏ လုပ်ရပ်မျိုးကို လုံးဝ (လုံးဝ) မလုပ်ဆောင်နိုင်ကြချေ။

အကယ်၍ သူတို့သာ ထိုသို့ လုပ်ဆောင်မိမည် ဆိုပါက... အနည်းငယ်မျှ ပေါ့ဆသွားသည်နှင့် တစ်ပြိုင်နက် ပေါင်းစပ်ထားသော စွမ်းအားများ၏ မျိုးတုံး သတ်ဖြတ်ခြင်းကို ခံလိုက်ရမည်သာ ဖြစ်သည်။

လန်ယင်းယင်း ၏ လှပသော မျက်လုံးများမှာ တလက်လက် တောက်ပနေတော့၏။

ဤအခိုက်အတန့်တွင် နင်ချီ ၏ ပုံရိပ်က သူမ၏ စိတ်အစဉ် တစ်ခုလုံးကို အပြည့်အဝ နေရာယူသွားခဲ့လေပြီ။ သူမက သူမ၏ နှုတ်ခမ်းနီနီလေး များကို စေ့ထားလိုက်ပြီး နင်ချီ ကို စွဲမက်ဖွယ်ကောင်းစွာဖြင့် စူးစိုက် ကြည့်နေမိတော့သည်။

တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်) အယောက် (၉၇) ယောက် ထဲမှ အများစုမှာမူ မကျေမနပ် ဖြစ်နေပုံ ရသည်။

တာအို ဘိုးဘေးကြီး များကို "ခွေးအိုကြီး" ဟု ခေါ်ဆိုခြင်းမှာ... သူတို့ အားလုံးကိုပါ စော်ကားလိုက်ခြင်း ပင် ဖြစ်ချေသည်။

နင်ချီ ကို ပင်လယ်ဘိုးဘေးကြီး က တန်ဖိုးထားသော်ငြားလည်း... သူတို့သည် နင်ချီ ကို သင်ခန်းစာ တစ်ခု ပေးရမည်ဟု ခံစားနေကြရ၏။

သေချာသည်မှာ... အခြေအနေများ ရှင်းလင်း မသွားခင် အချိန်အထိ... သူတို့သည် ခွေးများအလား တည်ငြိမ်စွာ နေထိုင်နေကြပြီး မည်သည့် အလျင်စလို လှုပ်ရှားမှုကိုမျှ ပြုလုပ်ရန် ဆန္ဒမရှိကြချေ။

အခန်း (၈၆၆) - သဟဇာတဖြစ်ခြင်း နယ်ပယ် အဆင့် သုံးယောက်ကို ဆက်တိုက် ခုတ်ပိုင်းခြင်း

ချီရှန်းလင် နှင့် အခြား နှစ်ဦးက စံနမူနာ ပြသနေပြီ ဆိုမှတော့... အခြေအနေတွေ ဘယ်လို အဆုံးသတ်သွားမလဲ ဆိုတာကို စောင့်ကြည့်ကြပါစို့။

အကယ်၍ နင်ချီ တွင်သာ ထူးခြား အံ့မခန်းသော စွမ်းရည်များ မရှိခဲ့ ပါက... သူတို့ ရက်စက်သွားတာကို အပြစ်မတင်နှင့်ပေါ့။

လျိုဖူဖျင်၊ ကောင်းချိုး နှင့် ချီရှန်းလင် တို့သည် စွမ်းအား သုံးပါး ချိတ်ပိတ်ခြင်း အခင်းအကျင်း ကို ရုတ်တရက် အသက်သွင်းလိုက်ကြတော့သည်။

ပေါက်ကွဲသံကြီး များနှင့်အတူ ဖုန်မှုန့်များ နေရာအနှံ့ လွင့်စင်သွားတော့၏။

မတူညီသော စည်းမျဉ်း များဖြင့် ဖွဲ့စည်းထားသည့် ပွင့်လင်းမြင်သာသော နံရံမြင့်ကြီး သုံးခုမှာ... အခင်းအကျင်း ၏ အတွင်းဘက်ရှိ နင်ချီ နှင့် အခြား ကျင့်ကြံသူ သုံးဖွဲ့ဆီသို့ အဆက်မပြတ် ဖိကျလာနေတော့သည်။

ဤ ချိတ်ပိတ်ခြင်း အခင်းအကျင်း ကို ချီရှန်းလင် နှင့် သူ၏ တာအို ဘိုးဘေးကြီး သုံးဦးက ပူးပေါင်း ဖန်တီးထားခြင်းပင်။ ၎င်း၏ အဟုန်မှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှကာ... သန့်ရှင်းသော တောင်ကြီး သုံးလုံး ရှေ့သို့ တိုးဝင်လာသည့်အလား။ ထိုအထဲတွင် ရှိနေသူများ အတွက် ထွက်ပေါက် လုံးဝ (လုံးဝ) မချန်ထားပေးခဲ့ချေ။

ထို့အပြင် ၎င်းသည် ပြင်ပ စည်းမျဉ်း များ ဝင်ရောက်လာမှုကိုပါ အပြည့်အဝ ပိတ်ဆို့ တားဆီးထားလိုက်ရာ... ၎င်းနေရာကို စည်းမျဉ်း များ ကင်းမဲ့နေသော ကန္တာရ ကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲပစ်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ၎င်းသည် အတွင်းပိုင်းမှ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေပြီး... ထိုအထဲရှိ နယ်မြေ သုံးခု ၏ စစ်တပ်ကြီးကို လုံးလုံးလျားလျား ဖိနှိပ် ချုပ်ချယ်ကာ သတ်ဖြတ်ရန် ရည်ရွယ်ထားပုံ ရ၏။

"ဘာမှ ထူးထူးခြားခြား မရှိပါဘူးကွာ"

ငွေရောင် သန်းသော အဖြူရောင် ဓား အလင်းတန်း တစ်ခုက နင်ချီ ၏ ခန္ဓာကိုယ်မှ ပျံထွက်လာပြီး... သူ၏ ပတ်လည်တွင် နဂါး တစ်ကောင်အလား လှည့်ပတ်နေတော့သည်။

နင်ချီ က လက်ကို ဆန့်ထုတ်လိုက်ရာ ဝိညာဉ်ဓား က သူ၏ လက်ဝါးထဲသို့ အလိုအလျောက် ကျရောက်လာ၏။

ဓားကို ကိုင်ဆောင်ထားရင်း... နင်ချီ သည် လေမတိုက်ဘဲ လှုပ်ရှားသွားပြီး ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။ သူ့အပေါ်သို့ ဖိကျလာနေသော စည်းမျဉ်း နံရံကြီး သုံးခုနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက... သူသည် အလွန်တရာ သေးငယ်နေပုံ ရသည်။

"သူ လှုပ်ရှားတော့မယ်"

စောင့်ကြည့်နေသူများမှာ အသက်ရှူသံ များကိုပင် အလိုအလျောက် အောင့်ထားမိကြပြီး... တာအို ၏ အဖြေကို သိချင်နေကြ၏။

‘နင်ချီ က သဟဇာတဖြစ်ခြင်း နယ်ပယ် အဆင့် သုံးယောက် ၏ ပူးပေါင်း တိုက်ခိုက်မှုကို အတိအကျ ဘယ်လို ချိုးဖျက်ပစ်မလဲ။ ပြီးတော့ ဒီ ဓားချက် က ဘယ်လောက်တောင် ကမ္ဘာပျက်မတတ် ကြောက်မက်ဖွယ် ကောင်းပြီး အံ့မခန်း ဖြစ်လာမလဲ။

သူ့ရဲ့ ဓား က သူ့ရဲ့ ပါးစပ်လိုပဲ မာကျောပါစေလို့ မျှော်လင့်ရတာပဲ’

ရုတ်တရက် နင်ချီ လှုပ်ရှားသွားပြီး၊ သူ၏ ဓားက အသံမထွက်ဘဲ ခုတ်ပိုင်းသွားတော့သည်။

"တာအို တစ်သောင်း နဂါးဓားနဲ့အတူ ကူးခတ်ခြင်း"

လူတိုင်း အလွန်တရာ အံ့အားသင့်သွားစေမည့် အချက်မှာ... ဓားကို ဆွဲထုတ်လိုက်သည့် အခိုက်အတန့်မှာပင်၊ ထိုနေရာတွင် ရှိနေကြသော ကျင့်ကြံသူ အားလုံး... မှော်လက်နက်များကို ကိုင်ဆောင်ထားသူများ အားလုံးမှာ သူတို့၏ လက်နက်များကို လွှတ်ချလိုက်မိကြပြီး... မျက်စိတစ်မှိတ်အတွင်း သူတို့ အားလုံး ထိန်းချုပ်မှု ကင်းမဲ့သွားသည့်အလား ဖြစ်သွားကြတော့သည်။

မရေမတွက်နိုင်သော မှော်လက်နက်များမှာ အခင်းအကျင်း၏ အတွင်းဘက်ရော အပြင်ဘက်မှပါ နင်ချီဆီသို့ တဟုန်ထိုး စုရုံးလာကြတော့သည်။

သူတို့သည် လက်နက်များ၏ ဘုရင်၏ ဆင့်ခေါ်ခြင်းကို ခံလိုက်ရသည့်အလား... အားလုံးက တုံ့ပြန်မှု အနေဖြင့် ရောက်ရှိလာကြခြင်းပင် ဖြစ်ချေသည်။

ထိုမျှမကသေးဘဲ... မရေမတွက်နိုင်သော မှော်ဓားများမှာ သူတို့၏ မူလစည်းမျဉ်း သတ္တိများကို အသက်သွင်းလိုက်ကြပြီး၊ မျက်စိတစ်မှိတ်အတွင်း ဟင်းလင်းပြင်ကို ဖြတ်သန်းသွားကာ... နင်ချီ ထုတ်လွှတ်လိုက်သော ဓားအလင်းတန်းနှင့် အလိုအလျောက် သွားရောက် ပေါင်းစပ်သွားကြတော့သည်။

သူ၏ ဓားချက်မှာ အလွန်တရာ စူးရှ တောက်ပလွန်းလှပြီး ဤနယ်မြေ တစ်ခုလုံးကို လင်းထိန်သွားစေတော့သည်။ လူတိုင်း၏ ပတ်ဝန်းကျင် လေထုထဲတွင် အဆုံးအစမဲ့သော ဓားအချင်းချင်း ရိုက်ခတ်သံများဖြင့် ပြည့်နှက်နေလေသည်။

လူတိုင်းမှာ ကြောက်ရွံ့ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေကြ၏။ ဤကဲ့သို့သော ဓားနည်းစနစ်မျိုးကို သူတို့၏ ဘဝတစ်သက်တာတွင် တစ်ခါမှ မမြင်တွေ့ဖူးခဲ့ကြောင်း ခံစားလိုက်ကြရလေသည်။ ၎င်းကို အထွတ်အထိပ် ဓားနည်းစနစ် ဟုပင် ဖော်ပြနိုင်ပေသည်။

ဓားပညာကို မြတ်နိုးသူ အများအပြားမှာ... နင်ချီကို နတ်ဘုရား တစ်ပါးအလား ကြည်ညို လေးစားသော အကြည့်များဖြင့် လှမ်းကြည့်နေကြတော့သည်။

အကယ်၍ တာအိုမှာ တောင်ကြီး တစ်လုံး ဖြစ်ခဲ့မည်ဆိုပါက... နင်ချီသည် ထိုတောင်ထိပ်တွင် ရပ်နေသော ကျင့်ကြံသူ တစ်ဦး သေချာပေါက် ဖြစ်ပေလိမ့်မည်။

အသခ်ျေ ဓားပုံရိပ်ယောင်များမှာ ကောင်းကင်ယံကို ဖြတ်သန်း တိုက်ခတ်သွာသည်။... စည်းမျဉ်း အမျိုးမျိုးကို ထုတ်လွှတ်လိုက်ရာ၊ ကြမ်းတမ်းပြီး အရောင်အသွေး စုံလင်လှသော နဂါးကြီးများ အဖြစ်သို့ အသွင်ပြောင်းသွား၏။...၎င်းတို့ကို ဝိုင်းရံထားသော စည်းမျဉ်း နံရံကြီး သုံးခုဆီသို့ အပြင်းအထန် တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။

ဟင်းလင်းပြင် တစ်ခုလုံး နဂါးများနှင့် ပြည့်နှက်နေလေသည်။

နဂါး တစ်ကောင်၏ အော်ဟစ်သံအလား... ဓား၏ အော်ဟစ်သံက ဤနယ်မြေ တစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။

ထို သုံးဦး ပူးပေါင်း တိုက်ခိုက်လိုက်ချိန်တွင်... ချီရှန်းလင်၏ မျက်နှာသွင်ပြင် အကြီးအကျယ် ပြောင်းလဲသွားတော့သည်။

ပထမအချက်အနေဖြင့်... နင်ချီသည် လူအုပ်ကြီး၏ မှော်လက်နက်များကို သူ၏ ကိုယ်ပိုင် အသုံးပြုရန် အတွက် လုယူနိုင်ခဲ့လေသည်။

ဒုတိယအချက်အနေဖြင့်... ဤဓားများသည် သူတို့ စုစည်း ဖန်တီးထားသော စည်းမျဉ်း နံရံကြီးများကို လုံးဝ ဂရုမစိုက်ဘဲ ဟင်းလင်းပြင်ကို တိုက်ရိုက် ဖြတ်သန်းသွားနိုင်စွမ်း ရှိကြပေသည်။

တတိယ အချက်နှင့် ပတ်သက်၍ ပြောရမည်ဆိုလျှင်တော့... သူတို့ ဆက်လက် တွေးတောနေရန် အချိန်မရတော့ချေ။

သူတို့ ရှေ့ရှိ စည်းမျဉ်း နံရံကြီးမှာ နဂါးဓား၏ အလင်းတန်းကိုပင် မတောင့်ခံနိုင်ခဲ့ချေ။ ၎င်းမှာ စက္ကူ တစ်ရွက်အလား ပျော့ညံ့လွန်းလှပြီး၊ တာအိုများစွာ၏ အလွယ်တကူ ထိုးဖောက် ဖျက်ဆီးခြင်းကို ခံလိုက်ရလေသည်။ နဂါး ပုံရိပ်ယောင်များက ၎င်းကို အပိုင်းပိုင်း အစစ ဆွဲဖြဲပစ်လိုက်ကြတော့သည်။

မရေမတွက်နိုင်သော နဂါး ပုံရိပ်ယောင်များ ပေါက်ကွဲ ထွက်လာပြီး... စုတ်ပြတ်သတ်သွားသော စည်းမျဉ်း နံရံကြီးကို ဝါးမြိုပစ်လိုက်ကာ သူတို့ဆီသို့ ဆက်လက် တဟုန်ထိုး ပြေးဝင်လာကြတော့၏။

‘ငါတို့ သုံးယောက် ပူးပေါင်းပြီး ဖန်တီးထားတဲ့ စည်းမျဉ်း နံရံကြီးက တကယ်ပဲ... သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်နေရတာလဲ’

ကောင်းချိုး၏ မျက်လုံးအိမ်များ ပြင်းထန်စွာ ကျုံ့ဝင်သွားတော့သည်။ အလွန်တရာ ဆုံးဖြတ်ချက် ပြတ်သားမှုဖြင့်... သူသည် အရာအားလုံးကို ပထမဆုံး စွန့်လွှတ်ကာ နောက်ဆုတ် ထွက်ပြေးသွားပြီး ခွေးတစ်ကောင်ထက်ပင် ပိုမို မြန်ဆန်စွာ ပြေးသွားတော့သည်။

သို့သော် နဂါး ဓားပုံရိပ်ယောင်၏ အတွင်းဘက်တွင်... အမြန်နှုန်းတွင် အလွန်တရာ ကျွမ်းကျင်သော တာအို အချို့လည်း ပါဝင်နေလေသည်။ နင်ချီ၏ ဟင်းလင်းပြင် မှော်ပညာများကိုတော့ ပြောနေစရာပင် မလိုတော့ချေ။

သူတို့သည် တိမ်တိုက်များအလား စည်းမျဉ်း စွမ်းအားများကို သယ်ဆောင်လာကာ... ဟင်းလင်းပြင် တစ်ခုထဲသို့ ထိုးဆင်းသွား၏။ ထို့နောက်၊ အခြား တစ်ခုမှ ပြန်ထွက်လာကြကာ ကောင်းချိုး၏ ရှေ့မှ တိုက်ရိုက် ပိတ်ဆို့ တားဆီးလိုက်ကြတော့သည်။

အမြွှာ ဓားနဂါး ပုံရိပ်ယောင်က တစ်ကောင်နှင့် တစ်ကောင် အပြန်အလှန် ခုတ်ပိုင်းသွားကြပြီး... နဂါး နှစ်ကောင်က ပုလဲ တစ်လုံးကို ကစားနေသည့်အလား ဖြစ်နေကာ ကောင်းချိုးကို ကြီးမားလှသော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေတော့သည်။

သူက သူ၏ ဝတ်ရုံကို မျက်စိတစ်မှိတ်အတွင်း ဆွဲဖြဲလိုက်ရာ... ၎င်းမှာ ပေတစ်ရာခန့် အရွယ်အစား အထိ ကြီးမားလာ၏။ အမျှင် တစ်ခုစီတိုင်းမှာ လက်မောင်း တစ်လုံးစာခန့် ထူထဲနေကာ... ဧရာမ ပိုက်ကွန်ကြီး တစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး နဂါး ဓားနှစ်လက်ကို ဖမ်းဆီး ချုပ်နှောင်ရန် ကြိုးစားလိုက်တော့သည်။

သို့သော် ဓားနဂါးကြီးက ဓားအလင်းတန်း အချို့ကို ထုတ်လွှတ်လိုက်ရာ... တစ်ခုစီတိုင်းမှာ အလွန်တရာ ထက်မြက်လွန်းလှပြီး ဝတ်ရုံကြီးကို မျက်စိတစ်မှိတ်အတွင်း အပိုင်းပိုင်း အစစ ဆွဲဖြဲပစ်လိုက်တော့၏။

ဓားနဂါးက နောက်တစ်ကြိမ် ထပ်မံ ရှေ့တိုးလာပြီး... အခြား လမ်းကြောင်း တစ်ခုသို့ ထွက်ပြေးနေသော ကောင်းချိုးကို ခြေသည်း တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်လေသည်။

နဂါး နှစ်ကောင်က သူတို့၏ ခြေသည်းများကို ဆန့်ထုတ်လိုက်ပြီး ကောင်းချိုးကို မြေကြီးပေါ်သို့ ဖိချကာ မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ပစ်လိုက်တော့သည်။

စည်းမျဉ်းများ စုစည်းမှုမှ ဖန်တီးထားသော သူ၏ ပေါင်းစပ်ထားသည့် ခန္ဓာကိုယ်မှာ... အကြိမ်ကြိမ် ကြေမွ ပျက်စီးသွားပြီး ပြန်လည် ဖွဲ့စည်း နေခဲ့ရလေ၏။

အခန်း (၈၆၇) - သဟဇာတဖြစ်ခြင်း နယ်ပယ် အဆင့် သုံးယောက်ကို ဆက်တိုက် ခုတ်ပိုင်းခြင်း

နင်ချီ၏ ပြိုင်ဘက်ကင်း ဓားပညာ အောက်တွင်... သူသည် လုံးဝ ပြန်လည် ခုခံ တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘဲ မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်း မှုန့်မှုန့်ညက်ညက် ကြိတ်ချေ သတ်ဖြတ်ခံလိုက်ရတော့သည်။

ကျိုးပဲ့နေသော စည်းမျဉ်း နံရံကြီး၏ အခြား တစ်ဖက်တွင်...

လျိုဖူဖျင်မှာ အလွန်တရာ အံ့အားသင့် ထိတ်လန့်သွားသဖြင့် သူ၏ မျက်နှာမှာ အလွန်ပင် ဖြူရော်သွားတော့သည်။

သူ့ကို ကာကွယ်ပေးနေသော မိုးမခရွက်များနှင့် တူသည့် အပြာရောင် အလင်းတန်းများစွာ သူ၏ ပတ်လည်တွင် ပေါ်ထွက်လာ၏။... တစ်ချိန်တည်းမှာပင် ၎င်းတို့က ပျံထွက်သွားကာ သူ့ရှေ့ရှိ နဂါး ပုံရိပ်ယောင်ကို ခုတ်ပိုင်းလိုက်ကြလေသည်။

နဂါး ပုံရိပ်ယောင်မှာ ဓားခန္ဓာကိုယ်၏ အသွင်ပြောင်းမှု တစ်ခုပင် ဖြစ်ချေသည်။ ထက်မြက်မှု အပိုင်းကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက... အပြာရောင် အလင်းတန်းက မည်သို့မည်ပုံ.. ယှဉ်နိုင်မည်လဲ။

မိုးမခရွက် အပြာရောင် ပုံရိပ်ယောင်က နဂါး ပုံရိပ်ယောင် ဓား၏ ခန္ဓာကိုယ်နှင့် အပြင်းအထန် ဝင်တိုက်မိသွားသော်ငြားလည်း... ၎င်းမှာ ကျောက်တုံးကို ကြက်ဥနှင့် ပစ်ပေါက်လိုက်သည့်အလားပင် ဖြစ်ချေသည်။

အရင်ဆုံး ထွက်ပြေးသွားသော ကောင်းချိုးမှာ သေဆုံးသွားပြီ ဖြစ်ကြောင်း လျိုဖူဖျင် မြင်လိုက်ရသောအခါ... ထွက်ပြေးခြင်းမှာ လုံးဝ အသုံးမဝင်ကြောင်း လျိုဖူဖျင် သဘောပေါက်သွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် သူသည် လေသဘာဝ စည်းမျဉ်းများကို ကျင့်ကြံထားသူ ဖြစ်ပြီး... သူ၏ နားလည် သဘောပေါက်မှုများမှာ ခန့်မှန်း၍ မရနိုင်သော လေ၏ ပုံသဏ္ဌာန် စုစည်းမှုနှင့် ပြန့်ကျဲမှုများအပေါ်တွင် အဓိက အာရုံစိုက်ထား၏။... ၎င်းမှာ သတ်ဖြတ်ရန် အခက်ခဲဆုံး စည်းမျဉ်းများထဲမှ တစ်ခုအဖြစ် သတ်မှတ် ခံထားရလေသည်။

ထို့ကြောင့် လျိုဖူဖျင် လှုပ်ရှားလိုက်ရာ... သူ၏ တစ်ကိုယ်လုံးမှာ အပြာရောင် ပုံရိပ်ယောင် တစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ဟင်းလင်းပြင်ထဲသို့ ပေါင်းစပ် ဝင်ရောက်သွားသည့်အလား ဖြစ်သွားတော့သည်။

နဂါး၏ ပုံရိပ်ယောင်က သူ၏ ခန္ဓာကိုယ်ကို တဟုန်ထိုး ဝင်ရောက် တိုက်ခိုက်လိုက်သော်ငြားလည်း... သူ၏ ပုံသဏ္ဌာန်ကို လုံးဝ ဖမ်းဆုပ်၍ မရနိုင်ခဲ့ချေ။

ဤသည်ကို မြင်လိုက်ရသောအခါ နင်ချီက နှာခေါင်းရှုံ့လိုက်၏။

"ခင်ဗျားတို့ အားလုံး ထွက်ပြေးနေမယ်၊ ပုန်းနေမယ် ဆိုရင် ဘာအဓိပ္ပာယ် ရှိမှာလဲ"

လျိုဖူဖျင်မှာ အလွန်တရာ စိုးရိမ်ပူပန်နေတော့သည်။

အကယ်၍ နင်ချီတွင်သာ ဤမျှ အံ့မခန်း စွမ်းရည်များ မရှိခဲ့ဘူးဆိုပါက... သူ ရှောင်တိမ်း နေပါ့မည်လော။

အကယ်၍ သာမန် ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူ တစ်ဦးသာ ဆိုပါက... သူ လက်ဝါး တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သည်မှာ ကြာလှပြီ ဖြစ်ပေသည်။

သို့သော် ယခုအခါ နင်ချီမှာ နဂါးဘုရင်ကြီး တစ်ပါးအလား ဖြစ်နေပြီး... နေရာအနှံ့တွင် ဓားကိုင်ဆောင်ထားသော နဂါးများ ရှိနေလေသည်။ သူ.. နင်ချီ၏ အနီးသို့ ချဉ်းကပ်ချင်လျှင်တောင်မှ လုံးဝ ချဉ်းကပ်၍ မရနိုင်ချေ။

လျိုဖူဖျင်၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာလည်း တာအို အဆင့်တွင် ရှိ၏။ အလယ်အလတ် အဆင့်တွင်... နင်ချီ ဘာကြောင့် ဤမျှ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်နေရသနည်း ဆိုသည်ကို သူ တကယ်ကို နားမလည်နိုင်အောင် ဖြစ်နေရသည်။

မူလကတော့... စစ်မြေပြင်နယ်မြေ အတွင်းသို့ ပထမဆုံး ရောက်ရှိလာမည့် တာအို အဖွဲ့ဝင်များ အနေဖြင့်... စစ်မြေပြင်နယ်မြေ အတွင်း ကြီးမားသော အောင်မြင်မှုများ မရရှိခဲ့လျှင်တောင်မှ ပြိုင်ဘက်ကင်း ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့လေသည်။

သိူ့စော်၊ စစချင်းမှာတင် ဒီလို ထူးဆန်သည့် ကောင်လေးနှင့် တွေ့ရလိမ့်မည်ဟု သူ အိပ်မက်ထဲမှာတောင် မထင်မှတ်ထားခဲ့မိပါ။ သူက နယ်ပယ်တွေကို အစားအသောက် စားသလို အလွယ်တကူ သုံးနိုင်သော သူပင်။

လျိုဖူဖျင်၏ ရင်တွင်း၌ လွှမ်းမိုး၍ မရနိုင်လောက်အောင် ကြီးမားသော နောင်တတရားများကို ခံစားလိုက်ရလေသည်။

‘ငါ ဘာလို့ နယ်မြေသုံးခုရဲ့ ကျင့်ကြံသူတွေကို သွားပြီး ပစ်မှတ်ထားခဲ့မိတာလဲ။

ငါ့ရဲ့ ခွန်အားတွေကို အသုံးချပြီး... ဒီကျင့်ကြံသူတွေထက် ပိုမြင့်တဲ့ နယ်ပယ် တစ်ခုမှာ ရှိနေတာကို အသုံးချပြီး... အားနည်းတဲ့ သူတွေကို အနိုင်ကျင့် ဗိုလ်ကျပြီး သူတို့ရဲ့ နေရာကို သူတို့ သိအောင် လုပ်ဖို့နဲ့ သူ့ရှေ့မှာ ဒူးထောက်ခိုင်းဖို့ သက်သက်ပဲလား... အဲဒီလို လုပ်ရမှ ကျေနပ်တာလား’

အကယ်၍ လျိုဖူဖျင်ကိုသာ ရွေးချယ်ခွင့် နောက်တစ်ကြိမ် ထပ်ပေးမည်ဆိုပါက... သူ ဤကဲ့သို့သော အလုပ်မျိုးကို ဘယ်တော့မှ ထပ်လုပ်တော့မည် မဟုတ်ချေ။

အားနည်းသည့် သူတွေကို အနိုင်ကျင့်ရတာက ကျေနပ်စရာ ကောင်းသော်ငြား... အထက်အောက် အဆင့်အတန်းတွေကို ချိုးဖျက်ပြီး အားနည်း သူတွေနှင့် အားကြီးသော သူတွေကို အနိုင်ယူဖို့ ရဲဝံ့သည့် သူတစ်ယောက်နှင့် တွေ့လာလျှင်တော့... မင်း ဒုက္ခ အကြီးအကျယ် ရောက်ပြီသာ မှတ်တော့။

သူ အခြားအရာများကို ဆက်လက် တွေးတောနေရန် အချိန်မရှိတော့ချေ...။

အကြောင်းမူကား နင်ချီသည် နဂါး ဟုခေါ်သော အပြာရောင် ဓားတစ်လက်ကို စီးနင်းကာ သူ့ဆီသို့ ရုတ်တရက် တဟုန်ထိုး ပြေးဝင်လာသည်ကို သူ မြင်လိုက်ရသောကြောင့်ပင်။

မည်သည့် အကြောင်းကြောင့်မှန်း မသိဘဲ လျိုဖူဖျင်၏ ရင်တွင်း၌ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော အသက်ရှူကြပ်မတတ် ခံစားချက် ကြီးတစ်ခု ပေါ်ထွက်လာတော့၏။

သူ၏ ရုပ် ခန္ဓာအား ပီပြင်အောင် ဖန်တီးရန်ပင် မဝံ့ရဲတော့ဘဲ... ဟင်းလင်းပြင် တစ်ခွင်လုံးတွင် ရည်ရွယ်ချက် မရှိဘဲ သွားလာနေသော လေ၏ ဖွဲ့စည်းမှုနှင့် ပြန့်ကျဲမှု စည်းမျဉ်းများကိုသာ အားကိုးနေရတော့သည်။

တစ်ဖက်လူက သူ့ကို မဖမ်းမိသရွေ့... သူ ဘေးကင်းပါသည်လေ။

တာအို အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သော သူ၏ ဆရာ စစ်မြေပြင်နယ်မြေ အတွင်းသို့ ဆင်းသက်လာသည့် အချိန်ကျမှ နင်ချီကို ပြဿနာ ရှာလည်း နောက်ကျမှာ မဟုတ်ပါဘူးလေ။

သို့သော် လျိုဖူဖျင် ထိုသို့ တွေးတောနေစဉ်မှာပင်... နင်ချီသည် စိမ်းပြာရောင် ဓားနဂါးကို စီးနင်းကာ သူ့ဘေးမှ ဖြတ်သန်းသွားလေသည်။

တစ်ဖက်လူက မိမိကို လုံးဝ (လုံးဝ) မဖမ်းမိနိုင်ဘူးဟု လျိုဖူဖျင် တွေးလိုက်မိပြီး... နင်ချီကို ချုံခို တိုက်ခိုက်ရန်ပင် စဉ်းစားလိုက်သေး၏။

သို့သော် ဤအခိုက်အတန့်တွင် နင်ချီနှင့် သူ၏ ခြေဖဝါးအောက်ရှိ ဓားနဂါးမှာ ရုတ်တရက် ပြန့်ကျဲသွားလေ၏။ ဒြပ်မဲ့ပြီး ခန့်မှန်း၍ မရနိုင်သော အခြေအနေ တစ်ခု အဖြစ်သို့ အသွင်ပြောင်းသွားတော့သည်။

လျိုဖူဖျင် : "...."

လေပြင်းများ တိုက်ခတ်လာပြီး... စောင့်ကြည့်နေသူများမှာ လေတိုက်သံက ငိုကြွေးနေသကဲ့သို့ ကြားလိုက်ရပြီး လေထဲမှ သွေးများ ယိုစီးကျလာသည်ကို မြင်တွေ့လိုက်ရသည့်အလားပင်။

မကြာမီမှာပင် နင်ချီနှင့် ဓားနဂါး ပြန်လည် ပေါ်ထွက်လာတော့သည်။

လျိုဖူဖျင်မှာ ထိုနေရာတွင် မရှိတော့သလို... သူ့အကြောင်းကိုလည်း မည်သူကမျှ မမေးမြန်းရဲကြတော့ချေ။

နင်ချီက အခြား တစ်ဖက်သို့ လှမ်းကြည့်လိုက်၏။

ချီရှန်းလင်၏ ခန္ဓာကိုယ်မှာ မြေကြီးများနှင့် ကျောက်တုံးများအလား နောက်တစ်ကြိမ် ပြန်လည် ခိုင်မာလာပြီး တောရိုင်း တောင်တန်း ဝိညာဉ် တစ်ခုအဖြစ် အသွင်ပြောင်းသွားကာ... "ငါ့ကို ကယ်ကြပါဦး" ဟု အော်ဟစ်နေဆဲပင် ဖြစ်၏။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် နဂါး၏ တဟုန်ထိုး ဝင်ရောက် တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး... ကောင်းကင်ယံသို့ နောက်တစ်ကြိမ် လွင့်စင်သွားတော့သည်။ ဤတစ်ကြိမ်တွင်မူ သူ့ကို မည်သူကမျှ ကယ်တင်နိုင်စွမ်း မရှိတော့ချေ။

နဂါး ပုံရိပ်ယောင်က သူ၏ ခန္ဓာကိုယ်ကို သနားညှာတာမှု ကင်းမဲ့စွာဖြင့် တစစီ ဆွဲဖြဲပစ်လိုက်၏။ သူ့ကိုယ်လုံးကို ဖောက်ထွင်း ဖြတ်သန်းသွားကာ... ချီရှန်းလင်၏ မာနထောင်လွှားပြီး အစွမ်းထက်လှသော ခန္ဓာကိုယ်ကြီးမှာ မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်း ကြေမွ ပျက်စီးသွားတော့၏။

ဖုန်မှုန့်များ နေရာအနှံ့ လွင့်စင်သွားသဖြင့် ထိုအချိန်က လူများကို မမြင်ရအောင် ဖုံးကွယ်သွားစေတော့သည်။

သူတို့ ပေါ်ထွက်လာချိန်မှစ၍ အခြေအနေများ ပြောင်းပြန် ဖြစ်သွားပြီး တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် ပုဂ္ဂိုလ် သုံးယောက် အသတ်ခံလိုက်ရသည့် အချိန်အထိ... အသက်ရှူ အကြိမ်ပေါင်း ဒါဇင် အနည်းငယ်မျှသာ ကြာမြင့်ခဲ့လေသည်။

စောင့်ကြည့်နေသူ အများအပြားမှာ သူတို့၏ လက်များနှင့် ခြေထောက်များ အေးစက်သွားသည်ကို ခံစားလိုက်ရတော့သည်။

ဓားကိုင်ဆောင်ထားသော နဂါးအုပ်ကြီး၏ ဝိုင်းရံ ပင့်မြှောက်ခြင်းကို ခံထားရသည့် အဖြူရောင် ဝတ်ရုံနှင့် ပုံရိပ်ကို စူးစိုက် ကြည့်နေကြရင်း... လူတိုင်းမှာ အသက်ရှူရန်ပင် မေ့လျော့သွားကြသည့်အလား ဖြစ်နေတော့သည်။

‘သူက တကယ်ပဲ ပေါင်းစည်းခြင်းနယ်ပယ် အဆင့်ပဲ ရှိသေးတာလား’

‘ပင်လယ်ဘိုးဘေးကြီးက နက်ရှိုင်းသော သစ္စာတရား နယ်မြေကို လုယူသွားတာ အံ့ဩစရာ မရှိပါဘူးလေ... ဒီကောင်က အင်မော်တယ် အဖြစ်ကို တက်လှမ်းနိုင်မယ့် အလားအလာတွေ ရှိနေတာကိုး’

‘ငါတို့ ဘယ်လို လုပ်ကြမလဲ။ သူ့ကို အခု ဘယ်လို ရင်ဆိုင်ကြမလဲ’

လူတိုင်း၏ စိတ်ထဲတွင် မတူညီသော အတွေးများ အသီးသီး ရှိနေကြသော်ငြားလည်း... ခြွင်းချက် မရှိ... သေဆုံးသွားသော သဟဇာတဖြစ်ခြင်း နယ်ပယ် အဆင့် သုံးယောက်အတွက် မည်သူကမျှ လက်စားချေ မပေးချင်ကြချေ။

သေဆုံးသွားသူ သုံးဦးနှင့် ရင်းနှီးသူ အချို့ ရှိနေခဲ့လျှင်တောင်မှ... သူတို့သည် ဘာမှ မသိချင်ယောင် ဆောင်နေရန် အစွမ်းကုန် ကြိုးစားနေကြလေသည်။

သေချာသည်မှာ... သူတို့ထဲမှ အချို့က တိတ်တဆိတ် အသံလွှင့်ကာ ဆက်သွယ်နေကြသေး၏။

“အဲဒီ နင်ချီက ငါတို့ရဲ့ တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် ပုဂ္ဂိုလ်ကို အားလုံးရှေ့မှာ ပေါ်တင်ကြီး သတ်ပစ်လိုက်တာ... ပင်လယ်ဘိုးဘေးကြီးနဲ့ ကမ္ဘာ့အရှင်သခင်ရဲ့ အပြစ်ပေးတာကို သူ မကြောက်ဘူးလား"

ထိုအခါ၊ လူတစ်ယောက်က ချက်ချင်း ပြန်လည် ဖြေကြားလိုက်လေသည်။

"သူ တစ်ယောက်တည်းရဲ့ တန်ဖိုးက တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် ပုဂ္ဂိုလ် ဘယ်နှယောက်နဲ့ ညီမျှတယ်လို့ မင်း ထင်လဲ။ ပင်လယ်ဘိုးဘေးကြီးနဲ့ ကမ္ဘာ့အရှင်သခင်တို့က အခု အချိန်မှာ ပါရမီရှင်တွေကို အရမ်း လိုအပ်နေတာလေ... သူတို့က နင်ချီကို အပြစ်ပေးလိမ့်မယ်လို့ မင်း ထင်နေတာလား"

မေးခွန်း မေးခဲ့သူမှာ ရုတ်ချည်းပင် တိတ်ဆိတ်သွားတော့၏။

ဤဘက်တွင် တိတ်ဆိတ် ငြိမ်သက်နေမှုနှင့် လုံးဝ ဆန့်ကျင်ဘက် အနေဖြင့်... အခြား တစ်ဖက်ရှိ နက်ရှိုင်းသော သစ္စာတရား နယ်မြေ၊ ဖူယောင်နယ်မြေ နှင့် လန်ယာနယ်မြေ တို့မှ ကျင့်ကြံသူ အားလုံးမှာမူ သူတို့၏ လက်များကို မြှောက်ကာ ကျယ်လောင်စွာ အော်ဟစ်နေကြတော့သည်။

"စီနီယာ အစ်ကိုကြီး နင် ဟာ ပြိုင်ဘက်ကင်းပဲ"

"နယ်မြေအရှင်သခင် က ပြိုင်ဘက်ကင်းပါပဲ ခင်ဗျာ"

သူတို့၏ မျက်နှာများပေါ်ရှိ ဝမ်းသာ ပျော်ရွှင်မှုများမှာ သူတို့၏ နှလုံးသား အတွင်းပိုင်း မှနေ၍ အစစ်အမှန် ထွက်ပေါ်လာခြင်းပင် ဖြစ်ချေသည်။

ဓားဘိုးဘေးကြီးမှာ ဘေးတွင် ရပ်နေပြီး သူ၏ ဆံပင်ဖြူ မုတ်ဆိတ်မွေးများကို ပွတ်သပ်နေလေ၏။

"သောက်ကျိုးနည်း... ကောင်လေး နင်က အားလုံးကို သူ့ချည်းပဲ လုပ်သွားပြန်ပြီ"

နင်ချီက ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သည်။

သူ၏ ခြေဖဝါးအောက်ရှိ တာအို ဓားနဂါးကြီးမှာ လျင်မြန်စွာ လွင့်စင် ပျောက်ကွယ်သွားပြီး... မရေမတွက်နိုင်သော မှော်လက်နက်များ၏ အစစ်အမှန် ပုံသဏ္ဌာန်များကို ထုတ်ဖော် ပြသလိုက်၏။ ထို လက်နက်များ အတွင်းရှိ စည်းမျဉ်းများမှာလည်း လက်နက်များထဲသို့ ပြန်လည် ဝင်ရောက်သွားကြတော့သည်။

နင်ချီက သူ၏ လက်ညှိုးကို တစ်ချက် ခတ်လိုက်လေသည်။

စစ်သည်တော်များ အားလုံး၏ လက်နက်များမှာ သူ၏ ရှေ့တွင် သေသပ်စွာ တန်းစီ နေရာယူသွားကြတော့၏။

နင်ချီသည် သူ၏ ပါးစပ်မှ မီးတောက် တစ်ခုကို အမှန်တကယ်ပင် မှုတ်ထုတ်လိုက်ပြီး... ၎င်းက မှော်လက်နက်များ အားလုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် အားလုံးကို သန့်စင်ပစ်လိုက်တော့၏။

နင်ချီ၏ လုပ်ရပ်များမှာ အလွန်တရာ ဇဝေဇဝါ ဖြစ်စရာ ကောင်းနေ၏။...

လူအများအပြား ကတော့ နင်ချီသည် မိမိတို့၏ မှော်လက်နက်များကို လုံးလုံးလျားလျား လုယူ ဖျက်ဆီးပစ်နေသည်ဟု ထင်မှတ်နေကြလေသည်။

သို့သော် လူသုံးယောက်ကို ဆက်တိုက် သတ်ဖြတ်ခဲ့သော နင်ချီ၏ ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားများကြောင့်... မည်သူကမျှ ထ၍ စကား တစ်ခွန်းမှပင် မပြောရဲကြချေ။

ခဏအကြာတွင် နင်ချီက မီးတောက်များကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး လေတစ်ချက် မှုတ်ထုတ်လိုက်ရာ... မှော်လက်နက်များ အားလုံးမှာ အသစ်စက်စက် အလား ဖြစ်သွားကြတော့၏။

"သွား"

နင်ချီ၏ စကားများမှာ အမိန့် တစ်ခုအလား ဖြစ်သွားပြီး... မှော်လက်နက်များ အားလုံးမှာ သူတို့၏ မူလ လမ်းကြောင်း အတိုင်း ချက်ချင်း ပြန်လည် ပျံသန်း သွားနေကြ၏။ တာအို စစ်သည်တော် အများအပြား နှင့် အစောပိုင်း အဆင့် ကျင့်ကြံသူ အများအပြား အပါအဝင်... သူတို့၏ သက်ဆိုင်ရာ သခင်များ၏ လက်ထဲသို့ တစ်လက်ပြီး တစ်လက် ပြန်လည် ကျရောက်သွားကြတော့သည်။

"ခင်ဗျားတို့ရဲ့ မှော်လက်နက်တွေကို ကျွန်တော့်ကို ငှားပေးတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ကျေးဇူးဆပ်ရမယ့် သူဆိုရင် အမြဲတမ်း ကျေးဇူးဆပ် ပြီး... လက်စားချေ ရမယ့် သူဆိုရင်လည်း အမြဲတမ်း လက်စားချေ တတ်တယ်"

ထိုအခါမှသာ... နင်ချီသည် သူတို့၏ မှော်လက်နက်များကို သန့်စင်ပေးနေခဲ့ခြင်း ဖြစ်ကြောင်း လူတိုင်း နားလည် သဘောပေါက်သွားကြတော့သည်။

လူတိုင်းက သူတို့၏ ရင်တွင်း၌ မအော်ဟစ်ဘဲ မနေနိုင်အောင် ဖြစ်သွားကြရလေ၏။

"ဘုရားရေ... ဒီကောင်လေးက သူ စပေါ်လာ ကတည်းက ငါတို့ကို အမြဲတမ်း ရန်စနေခဲ့တာပဲ"

တာအိုကို ခွေးအိုကြီးလို့ သူ ခေါ်လိုက်တဲ့ ‘အချိန်ကစပြီး... တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် ပုဂ္ဂိုလ် သုံးယောက်ကို သတ်ပစ်လိုက်တဲ့ အချိန်အထိ... ပြီးတော့ အခု မှော်လက်နက်တွေကို သန့်စင်ပေးလိုက်တဲ့ နည်းလမ်း အထိ... သူ တကယ်တော့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ’

‘လူတစ်ယောက် ဆီမှာ စွမ်းရည်တွေ အများကြီး ရှိနေရုံနဲ့... အဲဒါတွေကို လူအများရှေ့မှာ ထုတ်ပြနေဖို့ လိုလို့လား။

တကယ့် တာအိုတွေက ဘယ်လောက်တောင် သိုသိုသိပ်သိပ် နေတတ်လဲ’

သေချာသည်မှာ... ဤသို့ တွေးတောနေသူများမှာ သူတို့၏ နှလုံးသားများ တုန်ယင်သွားလောက်အောင် မနာလို ငြူစူနေကြသူများ ပင် ဖြစ်ချေသည်။

သူတို့သည် သူတို့၏ ရင်တွင်း၌..

"ဒီလို အစွမ်းထက်သူက ဘာလို့ ငါ မဟုတ်ရတာလဲ" ဟု အဆက်မပြတ် အော်ဟစ်နေမိကြတော့၏။

All Chapters