← Chapters

လောကကို တုန်လှုပ်စေခြင်း (အပိုင်း ၃)

Vol. 22 Ch. 330

လောကကို တုန်လှုပ်စေခြင်း (အပိုင်း ၃)

Vol. 22 Ch. 330

~ဝေဝါးနေသော အရိပ် တစ်ခု၊

ယခင်က သူ၏ မိစ္ဆာဓားမမှ ဓားစိတ်ဆန္ဒကို ချက်ချင်း နားလည်သဘောပေါက်ခဲ့သည့် လူရိပ်တစ်ခုသည်... ယခု သူ့ရှေ့မှောက်ရှိ တာအို လူငယ်လေးနှင့် တစ်ထပ်တည်း ကျသွားခဲ့လေပြီ။

ဓားမမိစ္ဆာ၏ မျက်လုံးများထဲတွင် အံ့သြမှင်သက်မှုများ ပြည့်နှက်နေလေသည်။

နင်ချီထံမှ ထွက်ပေါ်နေသော လွတ်လပ်ပေါ့ပါးပြီး ရှင်သန်ခြင်း စွမ်းအားများ ပြည့်ဝလျက်ရှိသည့် အရှိန်အဝါကို ခံစားလိုက်ရသောအခါ...၊

ဓားမမိစ္ဆာ၏ ရင်ထဲ၌ လှိုင်းတံပိုးများ ထန်သွားခဲ့ရပြီး၊ နောက်ဆုံးတွင်မူ ခါးသက်သက် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ရလေ၏။

ထို့နောက် ဝမ်းသာမှုက နောက်က လိုက်လာသည်။

နင်ချီ ပိုမို စွမ်းအားကြီးမားလေ... သိုင်းသူတော်စင် နည်းစနစ်ကို ဖော်ထုတ်နိုင်မည့် အခွင့်အလမ်း ပိုမို များပြားလေသာ မဟုတ်ပါလော။

သို့သော် သူ နားလည်သဘောပေါက်လိုက်သည့် အချက်တစ်ချက် ရှိလေသည်။

နင်ချီက သူ၏ အစစ်အမှန် ရုပ်သွင်ကို မမျှော်လင့်ဘဲ ထုတ်ဖော်ပြသလိုက်ခြင်းမှာ... သေချာပေါက် ထူးခြားသော အဖြစ်အပျက် တစ်စုံတစ်ရာ ရှိနေသောကြောင့်သာ ဖြစ်ရပေမည်။

"မိတ်ဆွေ ထျန်းကျန့်... တစ်ခုခု ဖြစ်လို့လား... ကျွန်တော့် အကူအညီ လိုအပ်ရင် ပွင့်ပွင့်လင်းလင်း ပြောပါ..."

သူ လေးလေးနက်နက် ပြောလိုက်သည်။ သူက အစစ်အမှန် သိုင်းတောင်ကို (၁၀) နှစ် စောင့်ရှောက်ပေးပါမယ်လို့ နင်ချီကို ကတိပေးထားပြီးသားလေ။ ကတိဖျက်မယ့်လူ မဟုတ်ပါဘူး။

နင်ချီက လက်ဝှေ့ယမ်းပြပြီး ပြုံးလိုက်သည်။

"အရမ်း ကြီးတဲ့ ကိစ္စကြီး တစ်ခုတော့ ရှိတယ်ခင်ဗျာ... ဒါပေမဲ့ ခင်ဗျား ပါဝင်စရာ မလိုပါဘူး... ကျွန်တော် အစအဆုံး ရှင်းပြပါ့မယ်... ပြီးမှ ခင်ဗျား စဉ်းစားပေါ့..."

ဓားမမိစ္ဆာ စိတ်ဝင်စားသွားသည်။

နင်ချီက ဖြည်းညင်းစွာ စတင် ပြောပြလေသည်။

ဒီတစ်ခေါက် တောင်အောက်ဆင်းပြီး ကြုံတွေ့ခဲ့ရတာတွေ အကုန်လုံးကို ဘာမှ မချန်ဘဲ ပြောပြလိုက်သည်။ ပြီးတော့ သူ သိုင်းသူတော်စင် နည်းစနစ်ကို ဖော်ထုတ်ချင်ကြောင်း၊ အဲဒီအတွက် စမ်းသပ်မှုတွေ လုပ်ဖို့ ဓားမမိစ္ဆာ၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ကြောင်းလည်း ပြောပြလိုက်သည်။

ထို့အပြင် ကောင်းကင်နှင့် မြေကြီး စွမ်းအား၏ မမျှော်လင့်ထားသော အပြောင်းအလဲတွေ၊ ဖြစ်လာနိုင်သည့် အန္တရာယ်တွေ အားလုံးကိုလည်း နင်ချီက မဖုံးကွယ်ထားပါ။

‘ခင်ဗျားက ကျွန်တော့်အပေါ် ရိုးသားမှတော့... ကျွန်တော်လည်း ခင်ဗျားအပေါ် ရိုးသားရမှာပေါ့။’

ဓားမမိစ္ဆာ နားထောင်ရင်းနှင့်၊ မျက်လုံးတွေ အရောင်တောက်လာသည်။ နောက်ဆုံးမှာတော့ သူ ဟားတိုက် ရယ်မောလိုက်လေသည်။ သူ့ရယ်သံထဲမှာ တက်ကြွမှုတွေ ပြည့်နှက်နေ၏။

"ရှေးဟောင်း သူတော်စင်တွေ ပြန်ရောက်လာမယ်... ဝိညာဉ် နိုးထခြင်း ဖြစ်မယ် တဲ့လား... ဟားဟား... ငါ ဓားမ မိစ္ဆာ..ဒီလို ခမ်းနားတဲ့ ခေတ်ကြီးကို မြင်တွေ့ခွင့် ရတာ ကံကောင်းလိုက်တာကွာ... စိတ်လှုပ်ရှားစရာပဲ... တကယ့်ကို စိတ်လှုပ်ရှားစရာပဲ..."

လေတိုက်လို့ လွင့်ပျံနေတဲ့ သူ၏ ဆံပင်တွေ၊ မုတ်ဆိတ်မွှေးတွေက သူ၏ စိတ်လှုပ်ရှားမှုကို သက်သေပြနေသယောင်။

ထို့နောက်၊

သူ နင်ချီကို လေးနက်သော လေသံနဲ့ ပြောလိုက်သည်။

"မိတ်ဆွေ ထျန်းကျန့်... ပြောပါ... ကျွန်တော် ဘယ်လို ပူးပေါင်းပေးရမလဲ..."

နင်ချီက လေးလေးနက်နက် ပြန်မေးလိုက်သည်။

"ခင်ဗျား တကယ်ပဲ သေချာ စဉ်းစားပြီးပြီလား... ခင်ဗျား ငြင်းလိုက်ရင်လည်း ကိစ္စမရှိပါဘူး... နောင်ကျရင် ကျွန်တော် ရလာတဲ့ သိုင်းသူတော်စင် နည်းစနစ်ကို ခင်ဗျားကို မျှဝေပေးမှာပါ... ပြီးတော့ ဝိညာဉ် နိုးထခြင်း ပြီးသွားရင် ရှေးဟောင်း သူတော်စင်တွေကလည်း သိုင်းသူတော်စင် နည်းစနစ်တွေကို ထုတ်ပြန်ပေးလာနိုင်တယ်..."

ဒါက ဓားမမိစ္ဆာကို လှည့်စားတာ မဟုတ်ပါချေ။ 'တာအိုဆရာ ပိုင်ရှန်'၏ စကားများကို ထောက်ချင့်ပြီး နင်ချီ ကောက်ချက်ချလိုက်ခြင်းပါ။ အချိန်တန်လျှင် သိုင်းသူတော်စင် နည်းစနစ်တွေက ပြန်ပေါ်လာမှာ သေချာပါသည်။

ဓားမမိစ္ဆာ ရယ်မောပြီး ခေါင်းခါလိုက်သည်။

"အဲဒီလိုသာ ဆိုရင်... ကျွန်တော်က ဝိညာဉ် နိုးထခြင်း ဆိုတဲ့ အခွင့်အရေးကြီးကို လက်လွှတ်လိုက်ရမှာပေါ့..."

သူ့မျက်လုံးများ တောက်ပနေ၏။

"ကောင်းကင်ကို ပျံတက်နိုင်မယ့် ဒီအခွင့်အရေးကိုသာ လက်လွှတ်လိုက်ရရင်... ဒီလို ခေတ်ကြီးထဲမှာ ကျွန်တော် ဘယ်လို ရပ်တည်နိုင်မှာလဲ... ရှေးဟောင်း သူတော်စင်တွေကို ယှဉ်ပြိုင်ဖို့ ဆိုတာ ဝေးရော..."

"ပြီးတော့လေ... မိတ်ဆွေ ထျန်းကျန့် ပြောသလို ရှေးဟောင်း သူတော်စင်တွေတောင် မဖြေရှင်းနိုင်သေးတဲ့ ကောင်းကင်နှင့် မြေကြီး အပြောင်းအလဲ ပြဿနာကို... ကျွန်တော်က ကူညီ ဖြေရှင်းပေးနိုင်တယ် ဆိုရင်... ဒါဟာ ကြီးမားတဲ့ အောင်မြင်မှုကြီး တစ်ခု မဟုတ်ဘူးလား... ရှေးဟောင်း သူတော်စင်တွေကိုတောင် ကျော်တက်သွားနိုင်တယ်လေ... အဲဒီလို သိုင်းသူတော်စင် နည်းစနစ်ကမှ အစွမ်းထက်ဆုံး ဖြစ်မှာ..."

ဓားမမိစ္ဆာ၏ မျက်ဝန်းထဲမှာ ယုံကြည်မှုတွေ ပြည့်နှက်နေ၏။ နင်ချီဟာ လူငယ်လေး တစ်ယောက်ပဲ ရှိသေးကြောင်း သိလိုက်ရသည့် အချိန်မှာ... သူ့ယုံကြည်မှုတွေက ပိုတိုးလာသည်။

ထိုသို့ မကြုံဖူးတဲ့ အောင်မြင်မှုတွေကို ကိုယ်တိုင် မြင်တွေ့ခွင့် ရချင်၏။ ပါဝင်ခွင့် ရသည်ကပင် ကံကောင်းမှု တစ်ခုတည်း။

ဓားမမိစ္ဆာ ဆိုတာ ရူးသွပ်မှု အနည်းငယ် ရှိတတ်သည့် သူမျိုး ဖြစ်ပါ၏။

ဓားမ မိစ္ဆာ နားလည် သဘောပေါက်လိုက်သည့် အချက်တစ်ချက် ရှိလေသည်။

အကယ်၍ နင်ချီက သူ့အား သတ်ဖြတ်လိုသည် ဆိုပါက၊ ဤမျှလောက်ထိ အလုပ်ရှုပ်ခံကာ လုပ်ဆောင်နေစရာ အကြောင်းမရှိပေ။

ယခင် တစ်ခေါက်ကသာ သူ့အား မကယ်တင်ဘဲ ဤအတိုင်း ပစ်ထားလိုက်လျှင်ပင်၊ သူသည် မိမိကိုယ်ကိုယ် ဖောက်ခွဲကာ သေဆုံးသွားရုံသာ ရှိချေမည်။

ထို ယုံကြည်မှုကို ခံစားမိလိုက်သောအခါ... နင်ချီ ပြုံးလိုက်လေ၏။

"ကောင်းပြီလေ... ကောင်းကင်နှင့် မြေကြီး အပြောင်းအလဲရဲ့ အရင်းအမြစ်ကို အတူတူ ရှာဖွေကြတာပေါ့..."

သူ့ခေါင်းထဲမှာ အကြံအစည်တွေ ရှိပြီးသား ဖြစ်၏။

အခု ဓားမမိစ္ဆာက သဘောတူလိုက်သောအခါ၊ သူ့ယုံကြည်မှုတွေ ပိုခိုင်မာသွားသည်။

‘ 'တာအိုဆရာ ပိုင်ရှန်' ပြောစကားအရ ဆိုရင်... ကောင်းကင်နှင့် မြေကြီး စွမ်းအားမှာ 'ဝိညာဉ်' မရှိလို့ သိုင်းသူတော်စင် နယ်ပယ်ကို မရောက်နိုင်တာ... ဒါပေမဲ့ အခုချိန်မှာ ဓားမမိစ္ဆာကို သိုင်းသူတော်စင် ဖြစ်လာစေချင်တာ မဟုတ်ဘူး... ကောင်းကင်နှင့် မြေကြီး စွမ်းအားကို စုပ်ယူလိုက်ရင် ဘာဖြစ်မလဲ ဆိုတာ လေ့လာချင်ရုံပဲ... ဝိညာဉ် နည်းနည်းလောက် ရှိရင် လုံလောက်ပြီ…’

‘ဒီ ဝိညာဉ်က ဘယ်က ရမလဲ... သေချာပေါက် ယွီဘုရင် ပုလဲ ဆီကပေါ့…’

‘ငါက အဲဒီထဲက ဝိညာဉ်ကို ထုတ်ယူပြီး ကောင်းကင်နှင့် မြေကြီး စွမ်းအားနဲ့ ပေါင်းစပ်လိုက်ရင်... ပြည့်စုံတဲ့ ဝိညာဉ်စွမ်းအင် ဖြစ်လာမှာပဲ... သိုင်းသူတော်စင် ဖြစ်ဖို့ မလုံလောက်ရင်တောင်မှ... သုတေသန လုပ်ဖို့တော့ လုံလောက်ပါတယ်…’

နင်ချီသည် အရာအားလုံးကို ကြိုတင် စီစဉ်ထားပြီးသား ဖြစ်လေသည်။

'တာအိုဆရာ ပိုင်ရှန်'နှင့် စကားမပြောဆိုမီ အချိန်ကမူ သူသည် 'ဝိညာဉ်' ဟူသည် မည်သို့သော အရာဖြစ်ကြောင်း မသိရှိခဲ့ချေ။ သို့သော် သေချာစွာ လေ့လာစိစစ်ပြီးသည့်နောက်တွင်မူ သဘောပေါက် နားလည်လာခဲ့၏။ ယခင်က ယွီဘုရင် ပုလဲသည် ဝိညာဉ်စွမ်းအားများကို စုစည်းနေစဉ်ကာလ၌ သူသည် ထူးခြားဆန်းပြားမှုကို ခံစားခဲ့ဖူးသည် မဟုတ်ပါလော။

နောက်ပိုင်း အပြန်လမ်းခရီး၌...၊

သူ အကြိမ်ကြိမ် စမ်းသပ်ကြည့်ပြီးသည့် နောက်တွင်... ယွီဘုရင် ပုလဲအတွင်းမှ ဝိညာဉ် တစ်စိတ်တစ်ပိုင်းကို ခေတ္တခဏမျှ ထုတ်ယူနိုင်သည့် စွမ်းရည်ကို ရရှိလာခဲ့လေသည်။

ဤမျှသာ မကသေးပါ...။

နင်ချီသည် စမ်းသပ်မှုများ ပြုလုပ်ရင်းဖြင့် ဝိညာဉ်ကို လက်ရှိ ကောင်းကင်နှင့် မြေကြီး စွမ်းအားများနှင့် အချိုးအစားကျနစွာ ပေါင်းစပ်နိုင်ခဲ့၏။ သူ့ကိုယ်ပိုင် 'ပေါင်းစပ် ဝိညာဉ်စွမ်းအင်' ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ချေပြီ။

ဤအချက်ကို တွေးမိသောအခါ...၊

နင်ချီ၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာရလေသည်။

ဤလောကကြီး တစ်ခုလုံးတွင် နင်ချီကဲ့သို့ စွမ်းဆောင်နိုင်သကဲ့သို့ လုပ်ဆောင်နိုင်သူမှာ ရှားပါးလှပေလိမ့်မည်။ ရှေးဟောင်း သူတော်စင်များ ထဲတွင်ပင် အများစုမှာ လုပ်ဆောင်နိုင်ကြမည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် ဤအရာသည် ဝိညာဉ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအား အပေါ်၌ အလွန် နက်ရှိုင်းသော နားလည်သဘောပေါက်မှု ရှိရန် လိုအပ်သောကြောင့် ဖြစ်လေသည်။

အနည်းဆုံးတော့ ဗုဒ္ဓပေါင်ရှုပင်လျှင် လုပ်ဆောင်နိုင်ခြင်း မရှိပါ။

"မိတ်ဆွေ... စိတ်ကို စုစည်းလိုက်ပါ..." နင်ချီ ညွှန်ကြားလိုက်သည်။

သူတို့နှစ်ဦး တောင်နောက်ဘက်က ကျောက်ဖျာပေါ်မှာ တင်ပျဉ်ခွေ ထိုင်လိုက်ကြ၏။

ဓားမမိစ္ဆာ မျက်လုံးမှိတ်ပြီး စိတ်ကို ရှင်းထုတ်လိုက်သည်။ မကြာမီမှာပင် နင်ချီ၏ အသံကို ကြားလိုက်ရ၏။ အသံထဲတွင် နက်နဲသော လျှို့ဝှက်ချက်များ ပါဝင်နေ၏။

ကောင်းကင်၊ မြေကြီး၊ လူသား ပန်းပွင့်သုံးပွင့် ၏ လျှို့ဝှက်ချက်တွေ ပါဝင်နေ၏။

ဒါကို အခြေခံပြီး 'ပန်းပွင့်သုံးပွင့် ထိပ်မှာ စုဝေးခြင်း' မှတဆင့် ပြောင်းလဲမှုတွေ အများကြီး လုပ်ဆောင်နိုင်လေ၏။

ဓားမမိစ္ဆာ နားထောင်ရင်းနှင့် ရိုးရိုးသားသား ချီးကျူးမိလိုက်သည်။

ဤသည်ကား ကောင်းကင်နှင့် မြေကြီး စွမ်းအားကို စုပ်ယူနိုင်စေမည့် အထွတ်အထိပ် လျှို့ဝှက် နည်းစနစ် တစ်ရပ်ပင် ဖြစ်ပေသည်။

ဤနည်းစနစ်ထဲ၌ သူ၏ အတိတ်ကာလ အတွေ့အကြုံများ ပါဝင်နေသည်ကို မြင်တွေ့နေရသော်ငြားလည်း၊ များစွာ ကွဲပြားခြားနားနေသည်ကို တွေ့ရှိရလေ၏။

ပိုမို၍ နက်ရှိုင်း လှပေသည်။ သူသာ မိမိဘာသာ နှစ်ပေါင်း တစ်ထောင်ခန့် စဉ်းစားတွေးတော နေခဲ့လျှင်ပင် ဤအဖြေမျိုး ထွက်ပေါ်လာလိမ့်မည် မဟုတ်ချေ။

သူနှင့် နင်ချီကြားရှိ ကွာခြားချက်ကို ဓားမမိစ္ဆာ နားလည်သဘောပေါက်လိုက်လေပြီ။

ဤသည်မှာ နင်ချီက ယွီဘုရင် ပုလဲကို လေ့လာရင်းဖြင့် ရှာဖွေတွေ့ရှိထားသည့် နည်းလမ်းပင် ဖြစ်လေသည်။

အချိန်တွေ ကုန်ဆုံးသွားသည်။

လရောင်တွေက သူတို့နှစ်ဦး၏ ကိုယ်ပေါ်မှာ ဖြာကျနေ၏။

ဓားမမိစ္ဆာက‌ လေးနက်သော အသံနှင့် ပြောလိုက်သည်။

"မိတ်ဆွေ... ကျွန်တော် နားလည်သဘောပေါက်ပါပြီ... စလိုက်ပါတော့..."

အနည်းငယ်မျှ စိတ်လှုပ်ရှားနေမိသည်မှာ အမှန်ပင် ဖြစ်သော်ငြားလည်း၊ သူသည် တည်ငြိမ်အေးဆေးလျက် ရှိနေ၏။

ဓားမမိစ္ဆာကား တစ်ကိုယ်ရေ တစ်ကာယသမား ဖြစ်ကာ၊ မည်သည့် သံယောဇဉ် နှောင်ကြိုးမျှ မရှိချေ။ သိုင်းပညာ၏ အထွတ်အထိပ်သို့ ရောက်ရှိလိုသည့် ဆန္ဒ တစ်ခုတည်းဖြင့်သာ ရှင်သန်နေသူ ဖြစ်လေသည်။

ယခု ဤအစီအစဉ်တွင် ပါဝင်ခွင့် ရရှိသည်ကိုပင် ကံကောင်းမှု တစ်ရပ်အဖြစ် ခံယူထားလေသည်။

နင်ချီ ခေါင်းညိတ်လိုက်သည်။

သူလည်း အာရုံစိုက်ထားပါ၏။

ဓားမမိစ္ဆာက သူ့ကို ယုံကြည်ထားတာလေ။ ခံစားချက်အရရော၊ ယုတ္တိသဘောအရရော... ဓားမ မိစ္ဆာ၏ ဘေးကင်းလုံခြုံမှုအတွက် သူ တာဝန်ယူရမည်။

‘နှေးရင် နှေးပါစေ... အမှား မရှိစေနဲ့…’

နင်ချီ စိတ်ထဲမှာ တွေးလိုက်သည်။

ယွီဘုရင် ပုလဲသည် သူတို့နှစ်ဦး၏ ရှေ့မှောက် လေဟာနယ်ထဲတွင် ချက်ချင်း ဝဲပျံတက်လာလေ၏။

All Chapters