ဓားစိတ်ဆန္ဒ မြှင့်တင်ခြင်း၊ မြို့တံခါးတွင် ချိတ်ဆွဲခြင်း (၃)
Vol. 14 Ch. 201
~လူအများ၏ အတွေးအခေါ်များ ပြောင်းလဲသွားခဲ့ပြီး၊ အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်ကို လေ့လာခွင့် မရခြင်း၏ အပြစ်တင်မှုအား ဓားသိုင်းရှာဖွေ စံအိမ်အပေါ်သို့ ပုံချလိုက်ကြသည်။
ဤအရာ၏ နောက်ကွယ်တွင် အတိုင်းအတာ တစ်ခုအထိ လမ်းညွှန်လှုံ့ဆော်မှု ရှိနေခဲ့သည်မှာ သေချာပါသည်။
သို့သော် အမှန်တကယ်တွင်မူ၊ နှိုင်းယှဉ်ချက်မှာ ရှင်းလင်းနေ၏။
ဓားသိုင်းရှာဖွေ စံအိမ်၌ 'အမွေအနှစ် ဓားမျှော်စင်' ရှိသည်။ မူလက၊ သင့်ဂိုဏ်း၏ ကိုယ်ပိုင်အမွေအနှစ်ကို အများပြည်သူသို့ မချပြခြင်းအတွက် သင့်အား မည်သူမျှ အပြစ်ဆိုနိုင်မည် မဟုတ်သော်လည်း၊ ပြဿနာမှာ နှိုင်းယှဉ်မှု၌ တည်ရှိနေသည်။
အစစ်အမှန်သိုင်းဂိုဏ်းတွင်လည်း ဓားဉာဏ်အလင်း မြင့်မြတ်ရာဌာန၊ 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ရှိနေသော်လည်း၊ သူတို့သည် နေရာအနှံ့မှ ဓားသမားများအား မျှဝေရန် ရက်ရောလှသည်။
နှိုင်းယှဉ်ကြည့်လိုက်သော်၊ ချဉ်းကပ်ပုံ ကွာခြားမှုမှာ ထင်ရှားလှပေသည်။
ဤအချိန်အတောအတွင်း၊ ဓားသမားအချို့သည် ဤကိစ္စကို ထုတ်ဖော်ပြောဆိုခဲ့ကြပြီး၊ အစစ်အမှန်သိုင်းဂိုဏ်းနှင့် ဓားသိုင်းရှာဖွေ စံအိမ်ကို နှိုင်းယှဉ်ခဲ့ကြသည်။ သူတို့သည် အစစ်အမှန်သိုင်းဂိုဏ်း၏ စိတ်သဘောထား ပွင့်လင်းမှုကိုသာ ချီးမွမ်းခဲ့ကြပြီး ဓားသိုင်းရှာဖွေ စံအိမ်ကို အပြစ်တင်ခြင်း သို့မဟုတ် နှိမ့်ချခြင်း မပြုခဲ့ကြပေ။
သို့သော် ယခု။
"ဓားသိုင်းရှာဖွေ စံအိမ်ကြောင့် ငါ အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်ကို လေ့လာလို့ မရတော့ဘူး ဟုတ်လား။"
တဟုန်ထိုး တက်လာသော ဒေါသသည် ချက်ချင်း ပေါက်ကွဲသွားတော့သည်။
'မင်းက မင်းပိုင်တဲ့ ပစ္စည်းကိုတော့ မမျှဝေချင်ဘူးအဆင်ပြေတယ်။ ဒါပေမဲ့ အခု တစ်ယောက်ယောက်က ကြင်ကြင်နာနာနဲ့ သူတို့ပစ္စည်းကို မျှဝေပေးတာကိုတောင် မင်းက အတင်းအဓမ္မ လာလုချင်သေးတယ် ဟုတ်လား။'
ဤအချက်သည် ဓားသမားအားလုံးကို ဒေါသထွက်စေခဲ့သည်။
ထို့အပြင်၊ လူအနည်းငယ်က 'ချမ်းသာသူကို မနာလိုခြင်း' ခံစားချက်ကို ပိုက်ထုပ်ထားကြပြီး၊ ယခင်ကတည်းက ဓားသိုင်းရှာဖွေ စံအိမ်၏ 'အမွေအနှစ် ဓားမျှော်စင်' ကို ဝေဖန်ခဲ့ကြရာ၊ ယခု ပို၍ပင် ဆိုးရွားလာတော့သည်။
"ဓားသိုင်းရှာဖွေ စံအိမ်က ဘာလုပ်ဖို့ ကြံနေတာလဲ။ လူတိုင်းရဲ့ တိုးတက်ရာ လမ်းကြောင်းကို ဖြတ်တောက်ပစ်မလို့လား။"
ဤသို့သော အသံများ ထွက်ပေါ်လာသည်နှင့်။ ဓားသမားအများအပြားသည် တူညီသော သဘောတူညီချက်တစ်ခုသို့ ရောက်ရှိသွားကြသည်။
ဓားသိုင်းရှာဖွေ စံအိမ်အပေါ် ထားရှိသော ဓားသမားများကြားမှ အမုန်းတရားသည် လျင်မြန်စွာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
ဤခံစားချက်သည် လော့ဝမ်ထျန်း ထင်ထားသည်ထက် ပိုမိုမြန်ဆန်စွာ ပျံ့နှံ့သွားပြီး၊ မြေကြီးအနှံ့ လျင်မြန်စွာ ရောက်ရှိသွားသည်။ အချို့သူများ၏ လှုံ့ဆော်မှုများအပြင်၊ အချို့သော ဓားမ သိုင်းသမားများ၏ အရိပ်အယောင်များပင် ပါဝင်နေခဲ့သည်။
ပြီးခဲ့သော တစ်ခေါက် ဓား နှင့် ဓားမ ပဋိပက္ခအတွင်း အစစ်အမှန်သိုင်းဂိုဏ်း
ဘက်မှ သူတို့ အကြီးအကျယ် ထိခိုက်နစ်နာခဲ့ရပြီး၊ ယခုအခါ အစစ်အမှန်သိုင်းဂိုဏ်းနှင့် ဓားသိုင်းရှာဖွေ စံအိမ်တို့ အချင်းချင်း တိုက်ခိုက်ကြမည့် အလားအလာကို မြင်ချင်နေကြသည်။
သူတို့သည် လော့ဝမ်ထျန်းထက်ပင် ပို၍ စိတ်အားထက်သန်နေကြ၏။
ကောင်းကင်ဘုံ လူသား အဆင့် စာရင်းဝင် ဓားသမားနှစ်ဦး၏ တိုက်ပွဲကို မြင်တွေ့ရမည်ကို တွေးမိတိုင်း၊ မည်သူ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ သူတို့အတွက် အရှုံးမရှိဟု တွက်ထားကြသည်။
ဤသို့သော အရှိန်အဟုန်အောက်မှာ..
ဓားသိုင်းရှာဖွေ စံအိမ်၏ တံခါးဝအနီး၌ ဓားသမားများ ပိုမို စုရုံးလာကြသည်။
အကယ်၍သာ ဓားသိုင်းရှာဖွေ စံအိမ်၏ အင်အားမှာ ကြီးမားခြင်း မရှိပါက၊ ကောင်းကင်ဘုံ လူသား အဆင့် စာရင်း၌ အဆင့် (၁၄) ချိတ်ထားသော ပြိုင်ဘက်ကင်း ဓားသမားကြီးတစ်ဦးသာ မရှိပါက၊ တစ်စုံတစ်ယောက်သည် စောဒကတက်ရန် တက်သွားခဲ့လောက်ပြီ ဖြစ်သည်။
သို့ဖြစ်သော်ငြားလည်း၊ဓားသိုင်းရှာဖွေ စံအိမ်သည် အခြေအနေ မကောင်းတော့ပေ။
အပေါ်ယံအားဖြင့်၊ သူတို့သည် အလွန်အကျွံ မလုပ်နိုင်ကြသော်လည်း၊ သေးငယ်သော လှုပ်ရှားမှုများကိုမူ ပြုလုပ်နိုင်ကြသည်။
'ခင်ဗျားတို့ ဓားသိုင်းရှာဖွေ စံအိမ်က တပည့်တွေ လေ့ကျင့်ဖို့ အပြင်ထွက်တယ် ဟုတ်လား။ သူတို့ကို လက်ဖက်ရည်သောက်ဖို့ တစ်လခွဲလောက် ဖိတ်ထားတာကတော့ သိပ်များသွားတယ် မထင်ပါဘူးနော်။'
'ခင်ဗျားတို့ ဓားသိုင်းရှာဖွေ စံအိမ်ရဲ့ လုပ်ငန်းတွေက ချူပြည်နယ်အနှံ့မှာ ပြန့်ကျဲနေတာ။ အဲ့ဒီထဲက တချို့ကို သိမ်းပိုက်လိုက်ရတာကတော့ သဘာဝကျပါတယ် ဟုတ်တယ်မလား။'
'ဓားသဘင် အစည်းအဝေးမှာ ခင်ဗျားတို့ တပည့်တွေကို ဘယ်သူမှ အာရုံမစိုက်တာကလည်း ကျိုးကြောင်းဆီလျော်ပါတယ် မဟုတ်ဘူးလား။'
အကယ်၍ ဤသည်ကို ဓားသမား အနည်းငယ်ကသာ လုပ်ဆောင်နေခြင်း ဖြစ်ပါက၊ ဓားသိုင်းရှာဖွေ စံအိမ်သည် သတိပေးသည့်အနေဖြင့် မိုးကြိုးပစ်သကဲ့သို့သော အင်အားဖြင့် တုံ့ပြန်တိုက်ခိုက်နိုင်ပေသည်။
သို့သော် ယခု ဓားသမား အများစုကြီးသည် ဤကဲ့သို့ ပြုမူနေကြခြင်း ဖြစ်သည်။
သူတို့ထဲတွင် ကောင်းကင်ဘုံလူသားနယ်ပယ်မှ ဓားသမားများသာမက၊ အချို့သော လှုပ်ရှားမှုများတွင် ကောင်းကင်ဘုံ လူသား အဆင့်စာရင်းဝင် ဓားသမား အနည်းငယ်၏ ကျောထောက်နောက်ခံပင် ရှိနေခဲ့သည်။ သူတို့ ကိုယ်တိုင်
ပေါ်မလာနိုင်သော်လည်း၊ မရေမရာ ညွှန်ကြားချက်များ ပေးခြင်းသည်ကား ပြဿနာ မရှိပေ။
အကယ်၍ ဓားသိုင်းရှာဖွေ စံအိမ်ကသာ ပြန်လည် တုံ့ပြန်တိုက်ခိုက်ရဲပါက၊ ၎င်းသည် ပိုမို ပြင်းထန်သော ပဋိပက္ခများဆီသို့သာ ဦးတည်သွားပေလိမ့်မည်။
ဤသည်ကား ကြီးမားသော လားရာပင်တည်း။
ဤဓားသမားများသည် အစစ်အမှန်သိုင်းဂိုဏ်း၏ ရည်ရွယ်ချက်များကို ကောင်းကောင်းကြီး သတိပြုမိကြပေမည်။ သို့သော် စိတ်ခံစားမှုများ၏ လွှမ်းမိုးခြင်း ခံနေရခြင်း၊ အခြားသူများအပေါ် အကြွေးတင်နေခြင်း၊ ပြီးတော့ ဓားသိုင်းရှာဖွေ စံအိမ်က သူတို့၏ အကျိုးစီးပွားကို အမှန်တကယ် ထိပါးနေသည်ကို မြင်တွေ့နေရသောကြောင့် သူတို့ ဂရုမစိုက်နိုင်တော့ပေ။ သူတို့သည် အစစ်အမှန်သိုင်းဂိုဏ်းအတွက်သာမက သူတို့ကိုယ်တိုင်အတွက်ပါ လှုပ်ရှားနေကြခြင်း ဖြစ်သည်။
အချိန်အတန်ကြာ။ ဓားသိုင်းရှာဖွေ စံအိမ် အတွင်းဝယ်၊ လေထုသည် အလွန်ပင် ဖိနှိပ်ချုပ်ချယ်နေခဲ့သည်။
တစ်လ သို့မဟုတ် (၂) လ အတွင်း၌ပင်၊ သူတို့သည် အစစ်အမှန်သိုင်းဂိုဏ်း၏ တွန်းပို့မှုကြောင့် ဤကဲ့သို့သော မလှုပ်မရှားနိုင်သည့် အခြေအနေသို့ အတင်းအကျပ် ရောက်ရှိသွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
အစစ်အမှန်သိုင်းတောင်။
လော့ဝမ်ထျန်းသည် တောင်ခြေမှ ရရှိသော ထောက်လှမ်းရေး သတင်းများကို တာအိုဆရာ လုံရှန်းနှင့် နင်ချီထံသို့ ကမ်းပေးရင်း၊ အလွန် ကျေနပ်စွာ ပြုံးလိုက်သည်။
"ဒီနည်းလမ်းက ငါတို့ ထင်ထားတာထက်တောင် အစွမ်းပြတာ ပိုမြန်ပါလားကွာ။ အဲ့ဒီ ဓားသိုင်းသမားတွေက တကယ် အသုံးဝင်တာပဲ၊ ဟားဟားဟား"
တာအိုဆရာ လုံရှန်းသည် ခေါင်းကို ခါယမ်းရင်း ရယ်မောလိုက်သည်။
"သိုင်းလောကမှာ လူတွေက ကျော်ကြားမှုနဲ့ ကံစမ်းမဲနောက် လိုက်နေကြတာပဲ။ ကောင်းကင်ဘုံ လူသား အဆင့် စာရင်းဝင် ပညာရှင်တွေတောင် ဒါကို အပြည့်အဝ နားလည်နိုင်ကြတာ မဟုတ်ဘူး။ အမှန်တကယ်တော့ ဓားနဲ့ ဓားမ ကြားမှာ ဘာကွာခြားမှုမှ တကယ် မရှိဘဲနဲ့။ ဒီအပေါ်မှာ ရန်ဖြစ်နေကြတာကတော့ တကယ်ကို ပညာမပါဘူး။"
နင်ချီက လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး
"ဒါပေမဲ့ ဒါက ကျွန်တော်တို့အတွက် အကျိုးရှိတာပဲ။ ကျွန်တော် ထင်တာတော့ ဓားသိုင်းရှာဖွေ စံအိမ် အခု ထိုင်မနေနိုင်တော့လောက်ဘူးဗျ။"
လော့ဝမ်ထျန်းက လက်မထောင်၍ ချီးကျူးလိုက်သည်။
"ကိုးလေး မင်းက တကယ်ကို တိတိကျကျ ကြိုဟောနိုင်တာပဲ။ လွန်ခဲ့တဲ့ လဝက်လောက်ကတည်းက ဓားသိုင်းရှာဖွေ စံအိမ်က စာတွေ ခဏခဏ ပို့လာတယ်။ သူတို့ သူလျှိုတွေရဲ့ ကိစ္စကို အခုထိ ဝန်မခံသေးပေမဲ့ သူတို့ရဲ့ စကားလုံးတွေက အရင်လို မမာတော့ဘူး။ သူတို့က ဓားသိုင်းရှာဖွေ စံအိမ်အဖြစ် ဟန်ဆောင်ခံရတာက သူတို့ရဲ့ ကြီးကြပ်မှု လျော့ရဲလို့ပါ ဆိုပြီး လျော်ကြေးနည်းနည်း ပေးချင်တယ်တဲ့။"
လော့ဝမ်ထျန်းသည် "ကျွတ် ကျွတ်" ဟု လျှာနှစ်ခါသပ်လိုက်ပြီး၊ လျော်ကြေးကို သဘောမတူသောဟန်ဖြင့် စာများစွာကို ထုတ်ယူလိုက်သည်။
"ဓားသိုင်းရှာဖွေ စံအိမ်က တော်တော်လေး အကြပ်ရိုက်နေပုံပဲ။ သူတို့ရဲ့ စကားသံတွေက ငါတို့ကို သူလျှိုကိစ္စကိုပဲ စွဲမနေဖို့နဲ့ တောင်တံခါးတွေ ပြန်ဖွင့်ပေးဖို့ မျှော်လင့်နေတဲ့ သဘောပဲ။"
သူ၏မျက်နှာ၌ သရော်ပြောင်လှောင်သည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။
တာအိုဆရာ လုံရှန်းက သက်ပြင်းချလျက်
"သူတို့လည်း သဘောပေါက်လောက်ပါတယ်။ ဓားသိုင်းရှာဖွေ စံအိမ်ရဲ့ လက်ရှိအခြေအနေက အခြေခံအားဖြင့် အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်ကြောင့်ပဲ။ အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်ကိုသာ ပြန်ဖွင့်လိုက်ရင် အရာအားလုံးက ပြေလည်သွားမှာပဲ။ ကံမကောင်းတာက သူတို့က ဒီပြဿနာကို ဖြေရှင်းဖို့ သော့ချက်က သူတို့လက်ထဲမှာပဲ ရှိနေတာကို သူတို့ကိုယ်တိုင် သဘောမပေါက်ကြဘူး။"
လော့ဝမ်ထျန်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
"မှန်ပါတယ်ဆရာ။ တကယ်လို့ ဓားသိုင်းရှာဖွေ စံအိမ်ကသာ ဒီအခွင့်အရေးကို အရယူပြီး 'အမွေအနှစ် ဓားမျှော်စင်' ကို ဖွင့်ပေးပြီး ကျွန်တော်တို့ကို တန်ပြန်တိုက်ခိုက်ရဲရင် သူတို့ အကျပ်အတည်းကို ဖြေရှင်းနိုင်ရုံတင်မကဘူး ဂုဏ်သိက္ခာတွေ အများကြီး ပြန်ရသွားပြီး ကျွန်တော်တို့တောင် အသာစီးမရ ဖြစ်သွားနိုင်တာပဲဟာ။"
"ကံမကောင်းစွာနဲ့ သူတို့ အဲ့ဒီလို လုပ်မှာ မဟုတ်ဘူး။ လူတိုင်းက ကိုးလေးလောက် စိတ်သဘောထား မကျယ်ပြန့်ကြဘူး။"
"တကယ်လို့ ဓားသိုင်းရှာဖွေ စံအိမ်မှာသာ အဲ့ဒီလို ရည်ရွယ်ချက် ရှိခဲ့ရင် သူတို့က ကျွန်တော်တို့ အစစ်အမှန်သိုင်းဂိုဏ်းထဲကို လူတွေ စိမ့်ဝင်ခိုင်းလောက်အောင် စိတ်ထား မကျဉ်းမြောင်းခဲ့လောက်ဘူး။ သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေနဲ့ 'အမွေအနှစ် ဓားမျှော်စင်' ကို ဖွင့်ပေးမှာ မဟုတ်တာ သေချာပါတယ်ဆရာ။"
နင်ချီကမူ ခပ်ဖျော့ဖျော့ ပြုံးနေရုံသာ။
"အစ်ကိုကြီး ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ။ ဒီအတိုင်းပဲ စောင့်ကြည့်နေတော့မှာလား။"
ထိုအခါ လော့ဝမ်ထျန်း၏ မျက်နှာအမူအရာသည် လေးနက် တည်ကြည်သွားသည်။
"ဒီကိစ္စကို ဒီလို တာဝန်မယူမှုကြီးနဲ့တော့ အဆုံးမသတ်နိုင်ဘူး။ အခုချိန်ထိ သူတို့ လျော်ကြေးပေးမယ် ပြောနေတာက မဖြစ်စလောက် အသေးအဖွဲလေးတွေပဲ။ ကြည့်ရတာ သူတို့က အဲ့ဒီ 'နှလုံးသားစူးစမ်းခြင်းဓား' ရှိရုံနဲ့ ဘာကိုမှ ကြောက်စရာ မလိုဘူးလို့ ထင်နေပုံပဲ။ ဒါဆိုရင်တော့ဒီလူတွေ သိဖို့လိုပြီ။ ငါတို့
အစစ်အမှန်သိုင်းဂိုဏ်းက အစခံလို့ ရတဲ့ ဂိုဏ်း မဟုတ်ဘူး ဆိုတာကိုပဲ။”