အခန်း ၁၀၁၂
Vol. 68 Ch. 1012
အခန်း (၁၀၁၂) - ပုကျိုး တောင် ၏ အမွေအနှစ်
သူ သည် ဗေဒင် ပညာရပ် ကို နှစ်ပေါင်း များစွာ လေ့လာလိုက်စား ခဲ့သူ ဖြစ်ပြီး... ထိုးထွင်း သိမြင်နိုင်စွမ်း နှင့် စိတ်ဝိညာဉ် အာရုံခံစားမှု များ အပေါ် တွင် အလွန်တရာ အကဲဆတ် လွန်းလှ၏။
'ဒီတောင်ဘိုးဘေးကြီးက စောစောကလည်း ပေါ်မလာဘဲနဲ့... ငါ ရှေးဟောင်းလမ်းစဉ် သူတော်စင်
ပန်းချီကားကို ထုတ်လိုက်တဲ့ အချိန်ကျမှ ကွက်တိကြီး ရုတ်တရက် ပေါ်လာခဲ့တာပဲ။ သူ့ရဲ့ မျက်နှာအမူအရာကိုပါ တွက်ချက်ကြည့်မယ် ဆိုရင်... တစ်ခုခုတော့ တစ်ခုခုပဲ... ပြောရခက်တယ်…’
သူတော်စင် ဘိုးဘေးကြီး ၏ ရင်တွင်း၌ မကောင်းသော ခံစားချက် တစ်ခု ရုတ်တရက် ပေါက်ဖွားလာတော့၏။
အပြင်ပန်း တွင် သူ က ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား ကို ဖော်ထုတ် ကာ တောင်ဘိုးဘေးကြီး ကို ဖိနှိပ် ချုပ်ချယ် ထားနိုင်ခဲ့သည် ဟု ထင်ရသော်ငြားလည်း... ကာယကံရှင် တစ်ယောက် အနေဖြင့် တောင်ဘိုးဘေးကြီး ၏ အစစ်အမှန် ခွန်အား ကို သူ အလွန်တရာ ရှင်းလင်းစွာ သိရှိ နားလည် နေခဲ့၏။
သူ၏ ဘဝ တစ်သက်တာ တွင် တစ်ဦးတည်းသော အကြီးမားဆုံး ရန်သူတော်ကြီး ကို ရင်ဆိုင် နေရသည် ဟု ဆိုလျှင်လည်း လုံးဝ မမှားနိုင်ချေ။
"ကျိုးရှန်းတောင် နတ်ဘုရား ဆင်းသက်စေ"
တောင်ဘိုးဘေးကြီး က ရုတ်တရက် အော်ဟစ်လိုက်ရာ... သူတော်စင် ဘိုးဘေးကြီး ကို လက်တွေ့ ကမ္ဘာ ဆီသို့ ပြန်လည် ဆွဲခေါ်လာတော့၏။
သူတော်စင် ဘိုးဘေးကြီး က တောင်ဘိုးဘေးကြီး ကို စူးစိုက် ကြည့်လိုက်ရာ... သူ ခုလေးတင် မှ ဖောက်ခွဲ ဖျက်ဆီး ပစ်လိုက်သော မိုးထိအောင် မြင့်မားလှသည့် တောင်တန်းကြီးများ ၏ ပုံရိပ်ယောင် များမှာ ပြန်လည် ပေါ်ထွက်လာခဲ့ပြီး ဟင်းလင်းပြင် နေရာလွတ် အတွင်း၌ လျှို့ဝှက် ဆန်းကြယ်သော လမ်းကြောင်း တစ်ခု အတိုင်း နေရာ ယူထား ကြကြောင်း တွေ့ရှိလိုက်ရ၏။
နောက်ဆုံး တွင်တော့... ၎င်းတို့ အားလုံး က အမှန်တကယ် ပင် ပေါင်းစပ်သွားကြပြီး ကြောက်မက်ဖွယ် နတ်ဘုရား တောင်ကြီး တစ်လုံးအား ဖန်တီးလိုက်ကြတော့သည်။
တာအို နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် မှာ အောက်ဘက် ရှိ ကမ္ဘာမြေ ကြီး နှင့် ဆက်သွယ်နေ၏။
အထက် တွင်မူ အဆုံးအစ ကို မမြင်တွေ့ ရဘဲ... စစ်မြေပြင်နယ်မြေ ကို ဖောက်ထွင်း ကာ နယ်မြေများ ပင်လယ် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားနိုင်စွမ်း ရှိသလို ထင်မှတ်ရ၏။
တာအို နတ်ဘုရား တောင်ကြီး သည် ပေါ်ထွက်လာကတည်းက စစ်မြေပြင်နယ်မြေ ဟင်းလင်းပြင်ကြီး တစ်ခုလုံး ၏ သုံးပုံတစ်ပုံ ခန့်ကို နေရာ ယူထားခဲ့ပြီးပြီပင်။
ထို့အပြင် ၎င်း သည် အပြင်ဘက် သို့ အဆက်မပြတ် ပြန့်ကျယ် ထွက်ပေါ်လာနေပြီး... လူတိုင်း ၏ ဟင်းလင်းပြင် နေရာလွတ် ကို အတင်းအကျပ် ညှစ်ထုတ် ပစ်ရန် ကြိုးစားနေလေ၏။
ဤ နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် အောက်တွင်... လူတိုင်း သည် အရှုံးပေး အညံ့ခံ ရမည်... သို့တည်းမဟုတ် ဖိနှိပ် ချုပ်ချယ် ခြင်း ကို ခံရမည် သာ ဖြစ်တော့၏။
ဤ မြင်ကွင်း ကို မြင်လိုက်ရသော အခါ... ပင်လယ်ဘိုးဘေးကြီး ၏ မျက်နှာထား မှာ အနည်းငယ် ခက်ထန်သွားတော့သည်။
သူမ သည် တောင်ဘိုးဘေးကြီး ၏ ဤ လှုပ်ရှားမှု ကြောင့် အမြဲတမ်း ရှုံးနိမ့်ခဲ့ရပြီး... ၎င်း ၏ ဇာစ်မြစ် ကိုလည်း ကောင်းကောင်းကြီး သိထား၏။
သူမတို့ နှစ်ဦး စလုံး စီနီယာ ဂျူနီယာ မောင်နှမ တွေ အဖြစ် ရှိနေခဲ့စဉ် အချိန် က... သေးငယ်သော ကမ္ဘာငယ် လေး တစ်ခု အတွင်းသို့ မတော်တဆ ဝင်ရောက်သွားခဲ့ကြဖူးသည်။
တောင်ဘိုးဘေးကြီး သည် ထို နေရာ မှနေ၍ "ပုကျိုး တောင် ၏ အမွေအနှစ်" ဟု ခေါ်ဆိုသော ရှေးဟောင်း အမွေအနှစ် တစ်ခု ကို ရရှိခဲ့၏။
ဒဏ္ဍာရီ များ အရ... ပုကျိုး တောင် သည် ကမ္ဘာဦး တောရိုင်း လောက ၏ ဝေးလံ ခေါင်ဖျားသော ထောင့်တစ်နေရာ တွင် တည်ရှိ ခဲ့သည့် ရှေးဟောင်း နတ်ဘုရား တောင်ကြီး တစ်လုံးပင်။ ကောင်းကင်ဘုံ သို့သွားရာ တစ်ခုတည်းသော လမ်းကြောင်း လည်း ဖြစ်၏။
အင်မော်တယ် အဖြစ် တက်လှမ်း လိုသူ မည်သူ မဆို... ပုကျိုး တောင် ကို မဖြစ်မနေ တက်ရောက် ရမည်သာ။
သင် က ဘယ်သူ ပဲ ဖြစ်နေပါစေ၊ သင့် ရဲ့ ကျင့်ကြံခြင်း အဆင့်အတန်း က ဘယ်လောက်ပဲ မြင့်မား နေပါစေ... သင် က အင်မော်တယ် အဖြစ် မတက်လှမ်း နိုင်သေးသရွေ့တော့၊ အင်မော်တယ် ဖြစ်လာ ဖို့ အခွင့်အရေး အနည်းငယ်လေး ရရှိ နိုင်ဖို့ အတွက်... ဒီ တောင် ကြီး ပေါ်မှာ မဖြစ်မနေ လမ်းလျှောက် ရမည်ပင်။
သို့သော် နောက်ပိုင်း တွင် တစ်ခုခု မှားယွင်းသွားခဲ့ပြီး... ပုကျိုး တောင် ကြီး ပြိုကျ ပျက်စီးသွားကာ လူ့ပြည် မှသည် အင်မော်တယ် လောက သို့ ဆက်သွယ် ထားသော တံတား ကြီး လည်း လုံးဝ (လုံးဝ) မရှိတော့ပေ။
တောင်ဘိုးဘေးကြီး သည် အမွေအနှစ် ကို ရရှိပြီး နောက်ပိုင်း တွင်... "ပု" (မ..) (မဟုတ်ဘူးလို့ အငြင်း စကားလုံး ) ဟူသော စကားလုံး ကို ဖယ်ရှား ကာ "ကျိုး" ဟူသော နာမည် ဖြင့် ကျိုးရှန်း အင်မော်တယ်ဂိုဏ်း ကို တည်ထောင် ခဲ့ခြင်းတည်း။
တောင်ဘိုးဘေးကြီး ပုကျိုး တောင် ၏ အမွေအနှစ် ကို ရရှိခဲ့ခြင်း မှသည် ကျိုးရှန်း အင်မော်တယ်ဂိုဏ်း ကို တည်ထောင် ခဲ့သည် အထိ ပင် ဖြစ်၏။
ထို အဖြစ်အပျက်ပြီးနောက် တွင်... ပင်လယ်ဘိုးဘေးကြီး နှင့် တောင်ဘိုးဘေးကြီး တို့ အကြား တွင် အက်ကွဲကြောင်း တစ်ခု စတင် ဖြစ်ပေါ်လာခဲ့၏။ ထို့နောက် တွင်မူ သူတို့ နှစ်ဦး ကို လုံးလုံးလျားလျား လမ်းခွဲသွားစေမည့် ကိစ္စရပ် တစ်ခု ဖြစ်ပျက် ခဲ့လေရာ... သူတို့ ၏ စီနီယာ နှင့် ဂျူနီယာ မောင်နှမ ဆက်ဆံရေး ကို လုံးဝ (လုံးဝ) ဖျက်ဆီး ပစ်လိုက်ပြီး ရန်သူတွေအသွင် ပြောင်းလဲသွားစေ၏။ တောင်နှင့် ပင်လယ် ကမ္ဘာ ကို တောင် တစ်လုံး နှင့် ပင်လယ် တစ်ခု အဖြစ် နောက်ပိုင်း တွင် ပိုင်းခြားသွားစေခဲ့ခြင်း ပင် ဖြစ်တော့သည်။
ကံမကောင်း စွာဖြင့်... ပင်လယ်ဘိုးဘေးကြီး သည် တောင်ဘိုးဘေးကြီး ကို အမြဲတမ်း အနိုင်ယူ လိုခဲ့သော်ငြားလည်း မည်မျှပင် အစွမ်းကုန် ကြိုးစား ခဲ့ပါစေ... နောက်ဆုံး တွင်တော့ သူမကသာ အမြဲတမ်း ရှုံးနိမ့်ခဲ့ရလေသည်။
ကြည့်ရသည်မှာ... တောင် သည် ပင်လယ် ၏ အထက် တွင် အမြဲတမ်း ရှိနေပြီး ပင်လယ် သည် ကျိုးရှန်း ကို ဘယ်သောအခါ မှ မလွှမ်းမိုး နိုင်ခဲ့သည့်နှယ်။
*
စစ်မြေပြင်နယ်မြေ ၏ အတွင်းဘက် ၌ကား...
ခမ်းနား ကြီးကျယ်လှသော နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် မှာ... အောက်ဘက် တွင် ကမ္ဘာမြေ ကြီး ကို ဆက်သွယ် ထားပြီး အထက် တွင်မူ အဆုံးအစ မရှိသော ကောင်းကင်ယံ သို့တိုင်အောင် ဆန့်တန်း နေတော့၏။
ပင်လယ်ဘိုးဘေးကြီး၊ သူတော်စင် ဘိုးဘေးကြီး၊ နင်ချီ နှင့် လူတိုင်း မှာ... နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် ကို မှင်သက်စွာ စူးစိုက် ကြည့်နေကြသည်။
ဤ အထဲတွင် ကုန်းထျန်းတောက် ကဲ့သို့သော တောင်ဘိုးဘေးကြီး ၏ လက်အောက်ခံ ကျင့်ကြံသူ များလည်း ပါဝင် နေ၏။ သူတို့ သည် တောင်ဘိုးဘေးကြီး ၏ နောက်သို့လိုက်ပါလာခဲ့သည်မှာ အချိန် အတော် ကြာမြင့် နေခဲ့ပြီ ဖြစ်၏။ သူတို့ ထဲမှ အများအပြား မှာ တောင်ဘိုးဘေးကြီး ဤ နတ်ဘုရား မှော်စွမ်းရည် ဖော်ထုတ် သည်ကို မြင်တွေ့ ခဲ့ဖူး သော်ငြားလည်း... ယခု မျက်စိ ရှေ့မှောက် တွင် မြင်တွေ့ နေရသော ဤမျှလောက် ကြီးမားလှသည့် အတိုင်းအတာ နှင့် ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအား မျိုးကိုမူ တစ်ကြိမ်မှ မမြင်တွေ့ခဲ့ဖူးပါ။
အတိတ် က တောင်နှင့် ပင်လယ် ကမ္ဘာ တွင် ဘိုးဘေးကြီး နှစ်ပါး အချင်းချင်း တိုက်ခိုက် ခဲ့ကြစဉ် က... တောင်ဘိုးဘေးကြီး သည် တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်းရှိ သက်ရှိများကို ထောက်ထား ငဲ့ညှာ သောကြောင့် ဤ နတ်ဘုရား မှော်စွမ်းရည် ကို အပြည့်အဝ မထုတ်ဖော်ခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
အလွန်ဆုံး ဆိုလျှင် ယခု လက်ရှိ နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် ၏ ထက်ဝက် ခန့်သာ ရှိခဲ့လိမ့်မည်။
ယခုအခါ တွင်မူ... အဆက်မပြတ် ကြီးမား ကျယ်ပြန့်လာနေသော နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် ကို ကြည့်ရင်း လူတိုင်း ၏ ရင်တွင်း၌ အသည်းငယ်သွားကြတော့၏။
အကယ်၍ ဤ လောက ကြီး တွင် တောင် များ ရှိခဲ့မည် ဆိုလျှင်... ဤ တောင်ကြီး မှာ ဤ လောက ကြီး တွင် သေချာပေါက် အကြီးမားဆုံး နှင့် အမြင့်မားဆုံးသော တောင်ကြီး ဖြစ်လိမ့်မည်။