← Chapters

အခန်း (၈၂၃-၈၂၅)

Vol. 55 Ch. 823-825

အခန်း (၈၂၃-၈၂၅)

Vol. 55 Ch. 823-825

အခန်း (၈၂၃) - ဖန်ထျန်း ကို အပြတ်ရှင်းခြင်း

~“အွတ်... အွတ်... အွတ်... အွတ်... အွတ်...”

တိုက်ခိုက်မှုများ ပစ်မှတ်ကို ထိမှန်သွားသော အသံများမှာ ထူးထူးခြားခြား တိုးညင်းနေပြီး ထိုနှစ်ဦးကို လှုပ်ရှားရန် အလွန်တရာ ခက်ခဲသွားစေတော့၏။

တိုက်ခိုက်မှုများ ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက်... ဖေးပင်း နှင့် ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ များမှာ ဆက်လက်၍ တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘဲ၊ လူတိုင်းမှာ မြေကြီးပေါ်တွင် အပြည့်အဝ ဖိနှိပ် ချုပ်ချယ်ခံလိုက်ရတော့သည်။

ဖန်ထျန်း နှင့် သူ၏ အဖော် တို့၏ ပုံရိပ်များ ဟင်းလင်းပြင် ထဲတွင် ပြန်လည် ပေါ်ထွက်လာသည်။

နယ်မြေအရှင်သခင် များ၏ သားများ ဖြစ်သည့်အားလျော်စွာ... သူတို့တွင် အတော်လေး အစွမ်းထက်သော ခွန်အားများနှင့် ရတနာ မြောက်မြားစွာ ရှိနေကြသည်။ ထို့ကြောင့် လူအုပ်ကြီး၏ ဝိုင်းဝန်း တိုက်ခိုက်မှုကို ခံလိုက်ရသော်ငြားလည်း... စုတ်ပြတ်သတ်နေသော ဝတ်ရုံများနှင့် သွေးစွန်းနေသော ဒဏ်ရာ အများအပြားမှ လွဲ၍ ပြင်းထန်သော ဒဏ်ရာများ မရရှိခဲ့ကြချေ။

ထိုနှစ်ဦးမှာ အပြင်းအထန် အသက်ရှူနေကြပြီး... တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ဖိနှိပ်မှုကို ခံထားရသော အောက်ဘက်ရှိ ကျယ်ပြန့်သော ကမ္ဘာ ၏ စစ်တပ်ကြီးကို ငုံ့ကြည့်လိုက်ကြရာ၊ သူတို့၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင် အချို့ ကျန်ရစ်နေသေးကြောင်း တွေ့ရ၏။

ကျယ်ပြန့်သော ကမ္ဘာ ၏ စစ်တပ်ကြီးမှာ သူတို့အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်နိုင်တော့ဘဲ၊ သူတို့၏ အသက်အန္တရာယ်မှာ ကင်းလွတ်သွားခဲ့တော့သည်။ သို့သော် ထိုနှစ်ဦးစလုံးမှာ ကြောက်ရွံ့မှုများကို ဆက်လက် ခံစားနေရဆဲ ဖြစ်၏။ အကြောင်းမူကား ယခုအခါ နင်ချီ မှာ သူတို့၏ အကြီးမားဆုံးသော ခြိမ်းခြောက်မှုကြီး ဖြစ်နေသောကြောင့်ပင်။

မုကျူးထျန်း က ဖန်ထျန်း ထံသို့ တိတ်ဆိတ်စွာ အသံလွှင့် ဆက်သွယ်လိုက်သည်။

“ညီအစ်ကို ဖန်ထျန်း... အခု ငါတို့ ဘယ်လို လုပ်ကြမလဲ”

ဖန်ထျန်း က ပြန်လည် ဖြေကြားလိုက်၏။

“သူ့ကို ခြိမ်းခြောက်ဖို့ ငါတို့ အဖေ တွေရဲ့ နာမည်ကို ထုတ်သုံးရမယ်။ တောင်နဲ့ ပင်လယ် ကမ္ဘာ့ဆန္ဒတော် လည်း ဒီမှာ ရှိနေတာပဲ ဆိုတော့... သူ ငါတို့ကို ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး”

တူညီသော နောက်ခံမှ လာသူများ ဖြစ်ကြသဖြင့်... မုကျူးထျန်း လည်း ဤအရာမှာ လောလောဆယ်တွင် အကောင်းဆုံးသော ဖြေရှင်းနည်း ဖြစ်ကြောင်း မျက်စိတစ်မှိတ် အတွင်း သဘောပေါက်သွားတော့သည်။

ချက်ချင်းပင် ထိုနှစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်ကြ၏။

“နက်ရှိုင်းသော သစ္စာတရား နယ်မြေ က နင်ချီ ရောက်လာပြီ မဟုတ်လား။ ငါတို့ ရှေ့မှာ ဘာလို့ ကိုယ်ထင် မပြသေးတာလဲ”

ဖန်ထျန်း က ဆက်ပြောလိုက်သည်။

“ငါ့အဖေက ကောင်းကင်မီးတောက် နယ်မြေ ရဲ့ အရှင်သခင်၊ တောင်ဘိုးဘေးကြီး ရဲ့ လက်အောက်က စစ်သူကြီး ဖန်ချန် ပဲ”

မုကျူးထျန်း ကလည်း ဝင်ပြောလိုက်၏။

“ငါ့အဖေက ထိန်မု နယ်မြေ ရဲ့ နယ်မြေအရှင်သခင် မုကျူးထျန်း ပဲ။ နှောင်းပိုင်း အဆင့် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီး တစ်ယောက်လေ”

ရိုးရိုးသားသား ပြောရမည် ဆိုလျှင်၊ ယခုအချိန်အထိ ဤနှစ်ဦးမှာ အခြေအနေကို ကောင်းကောင်း သဘောမပေါက်ကြသေးဘဲ နင်ချီ ကို ခြိမ်းခြောက်ရန် သူတို့ ဖခင်များ၏ နာမည်များကို အသုံးပြုချင်နေကြသေးသည်။

သူတို့၏ အမြင်တွင်... နင်ချီ သည် တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း၌ မကြာသေးမီကမှ ပေါ်ထွက်လာသော ပါရမီရှင် အသစ် တစ်ဦးမျှသာ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။

သူ မည်မျှပင် အစွမ်းထက်နေပါစေ... သူတို့ကဲ့သို့ တောင်ဘိုးဘေးကြီး ၏ အသိအမှတ်ပြုမှုကို မရရှိသေးသရွေ့၊ သူသည် သူတို့ စိတ်ကြိုက် အသုံးချနိုင်သော စတေးခံ ပစ္စည်းတစ်ခုမျှသာ ဖြစ်ပြီး၊ သူတို့၏ အမိန့်များကိုသာ နာခံရမည် ဖြစ်ကာ လုံးဝ ဆန့်ကျင် အာခံခွင့် မရှိဟု ယူဆထားကြသည်။

သူတို့ မသိရှိခဲ့သော အချက်တစ်ခုမှာ နင်ချီ သည် နက်ရှိုင်းသော သစ္စာတရား နယ်မြေ ၏ နယ်မြေအရှင်သခင် ဖြစ်ပြီး သူတို့၏ ဖခင်များနှင့် အဆင့်အတန်း တူညီနေသည် ဆိုသည့် အချက်ပင် ဖြစ်သည်။

တောင်ဘိုးဘေးကြီး က နင်ချီ ကို အသိအမှတ်ပြုသော သင်္ကေတ တစ်ခု မချီးမြှင့်ခဲ့သော်ငြားလည်း၊ တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့က နင်ချီ ကို သူတို့၏ တပည့်အဖြစ် လက်ခံလိုကြောင်း တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် မှတစ်ဆင့် သတင်းစကား ပါးခဲ့၏။

ထို့အပြင် နင်ချီ ၏ လျှို့ဝှက် အဆင့်အတန်းမှာ ဤအရာများထက်ပင် များစွာ ပိုမို ကြီးကျယ် ခမ်းနားနေသေးသည် မဟုတ်ပါလော။

အဖြူရောင် ဝတ်ရုံနှင့် ပုံရိပ်တစ်ခုက သူတို့၏ အော်ခေါ်သံများကို တုံ့ပြန်သည့်အလား ထိုနှစ်ဦး၏ အနီးတွင် ပေါ်ထွက်လာတော့သည်။

နင်ချီ သည် ဟင်းလင်းပြင် ထဲမှ ထွက်လာပြီး သူ၏ အေးစက်သော အကြည့်များက ထိုနှစ်ဦးပေါ်သို့ ကျရောက်သွားသည်။

ရုတ်တရက် ပေါ်ထွက်လာသော အဖြူရောင် ဝတ်ရုံနှင့် ပုံရိပ်ကို မြင်လိုက်ရသောအခါ... ဖန်ထျန်း တို့ နှစ်ဦး သာမက၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ဖိနှိပ်မှုကို ခံထားရသော အောက်ဘက်ရှိ ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ အားလုံးမှာလည်း အံ့အားသင့် မှင်သက်သွားကြပြီး သူ့ကိုသာ စူးစိုက် ကြည့်နေကြတော့သည်။

ဒါက သူတို့ နင်ချီ ကို လူချင်း ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်းပင် ဖြစ်သည်။

ယခင်က သူ၏ နာမည်ကိုသာ ကြားဖူးခဲ့ပြီး တစ်ခါမှ မတွေ့ဖူးခဲ့ချေ။ သူ၏ ဒဏ္ဍာရီ များကိုသာ သိရှိခဲ့ကြခြင်း ဖြစ်သည်။

ကျယ်ပြန့်သော ကမ္ဘာ ၏ စစ်တပ်ကြီးမှာ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ထံမှတဆင့် သိရှိခဲ့ရခြင်း ဖြစ်ပြီး၊ ဖန်ထျန်း နှင့် အခြား နှစ်ဦးမှာ ဖေးပင်း တို့၏ စကားပြောဆိုမှုများ မှတစ်ဆင့် သိရှိခဲ့ရခြင်း ဖြစ်သည်။

တစ်ဖက်လူ၏ သေမျိုးလောကနှင့် ကင်းကွာသော ပုံရိပ်နှင့် ပြိုင်ဘက်ကင်းသော အရှိန်အဝါ များကို ကြည့်ရင်း... လူတိုင်း၏ ခေါင်းထဲတွင် အတွေးတစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားတော့၏။

'ဒါက နယ်မြေ သုံးခု ရဲ့ စစ်တပ်ကြီးကို နယ်မြေ ဖြတ်ကျော် ခေါ်ဆောင်လာခဲ့တဲ့ နင်ချီ ပဲ’

ဖေးပင်း နှင့် ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ များမှာ ပြောနေစရာပင် မလိုတော့ချေ... ဖန်ထျန်း တို့ နှစ်ဦးမှာ သူတို့ကိုယ်သူတို့ အလွန်တရာ ရှက်ရွံ့ သိမ်ငယ်သွားသလို ခံစားလိုက်ကြရသည်။

ဖန်ထျန်း က အံကို ကြိတ်ကာ ဘေးရှိ မုကျူးထျန်း ကို တစ်ချက် အကြည့်ပို့လွှတ်လိုက်ပြီး ဆိုလိုက်၏။

“မင်း နောက်ဆုံးတော့ ကိုယ်ထင် ပြလာပြီပေါ့လေ။ မင်း..ငါတို့ကို တကယ်ပဲ အခက်တွေ့အောင် လုပ်ခဲ့တာပဲ”

သူ၏ လေသံမှာ ယခင်ကထက် များစွာ ပျော့ပျောင်းနေပြီး၊ တစ်ဖက်လူ၏ စွမ်းအားများကြောင့် လန့်ဖျတ်သွားပုံ ရကာ အထက်စီးဆန်သော လေသံမျိုးကို လုံးဝ မသုံးရဲတော့ချေ။

“စစ်သူကြီး ဖန်၊ စစ်သူကြီး မု... ခင်ဗျားတို့က ကျွန်တော့် အပေါ်မှာ ဘာလို့ ရုတ်တရက်ကြီး ဒီလောက်တောင် ယဉ်ကျေးနေရတာလဲ။ ခုလေးတင်ကပဲ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ နယ်မြေ သုံးခု စစ်တပ်ကြီးကို မျိုးတုံး သတ်ပစ်ဖို့ သူတို့ကို လမ်းပြတော့မလို့ မဟုတ်ဘူးလား”

နင်ချီ က ဖေးပင်း နှင့် အခြားသူများကို လက်ညှိုး ညွှန်ပြကာ တည်ငြိမ်စွာ ဆိုလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ဖန်ထျန်း နှင့် အခြား တစ်ယောက်မှာ နင်ချီ ကို တိုက်ရိုက် လက်ညှိုးထိုးကာ သူတို့၏ နှုတ်ခမ်းများ တုန်ယင်နေလျက် စကားထစ် အအ ဖြင့် ပြန်လည် ဖြေကြားလိုက်ကြတော့သည်။

“မင်း... မင်း ဘာတွေ လျှောက်ပြောနေတာလဲ”

“ခင်ဗျားတို့ ဝန်မခံဘူးပေါ့လေ”

နင်ချီ က သူ၏ ညာလက်ကို မြှောက်ကာ လက်ဝါး တစ်ချက် ရိုက်ချလိုက်သည်။

အရောင်ငါးမျိုး ဧရာမ လက်ဝါးကြီး က ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး၊ မျက်စိတစ်မှိတ် အတွင်း ကြိတ်ဆုံကြီး တစ်ခုအဖြစ် အသွင်ပြောင်းသွားကာ ထိုနှစ်ဦးကို မှုန့်မှုန့်ညက်ညက် ကြိတ်ချေပစ်လိုက်တော့သည်။

ထိုနှစ်ဦး လုံးဝ တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် နင်ချီ က သူတို့ကို မျက်တောင်တစ်ခတ် အတွင်း သတ်ဖြတ်ပစ်လိုက်တော့၏။

သေဆုံးသွားသည့် အချိန်အထိ သူတို့ လုံးဝ မထင်မှတ်ထားခဲ့သော အရာမှာ... သူတို့သည် နယ်မြေအရှင်သခင် နှစ်ပါး ၏ တစ်ဦးတည်းသော သားများ ဖြစ်ကြပါလျက်နှင့်၊ နင်ချီ သည် သူတို့ကို အားလုံးရှေ့တွင် ပေါ်တင်ကြီး သတ်ပစ်ရဲလိမ့်မည် ဆိုသည့် အချက်ပင် ဖြစ်သည်။

“ခင်ဗျားတို့ အဖေတွေကို အားကိုးနေရင်တောင် ခင်ဗျားတို့ သေရမှာပဲ”

အောက်ဘက်ရှိ ကျယ်ပြန့်သော ကမ္ဘာ ၏ စစ်တပ်ကြီး တစ်ခုလုံးမှာ နင်ချီ ကို အလွန်တရာ ထိတ်လန့် ကြောက်ရွံ့စွာဖြင့် အကြည့်ပို့လွှတ်နေကြတော့သည်။

ဒီလူ ရူးများ ရူးနေတာလား။

တောင်နှင့် ပင်လယ် ကမ္ဘာ ၏ အရေးကြီးသော ပုဂ္ဂိုလ်များကို တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ မျက်စိအောက်မှာတင် သတ်ပစ်ရဲတယ်ပေါ့လေ။

ဝိညာဉ်နယ်မြေ စစ်ပွဲ တွင် ပါဝင် ဆင်နွှဲနေကြသော ကျင့်ကြံသူ များနှင့် ပတ်သက်၍ တောင်နှင့် ပင်လယ် ကမ္ဘာ တွင် မည်သို့သော စည်းမျဉ်းများ ရှိသည်ကို သူတို့ အတိအကျ မသိရှိကြသော်ငြားလည်း၊ ၎င်းမှာ ကျယ်ပြန့်သော ကမ္ဘာ နှင့် အလားတူပင် ဖြစ်လိမ့်မည်။

အဖွဲ့အစည်း တစ်ခုတည်းက ကျင့်ကြံသူ တွေ အချင်းချင်း လုံးဝ သတ်ဖြတ်ခွင့် မရှိပါလေ။

သို့သော် ထိုနှစ်ဦးကို နင်ချီ.. တစ်ယောက်တည်း သတ်ဖြတ်ပစ်လိုက်ပြီးနောက်၊ သူတို့ကို ဖိနှိပ် ချုပ်ချယ်ထားသော တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် မှာ ဤနေရာတွင် အထင်အရှား ရှိနေဆဲပင် ဖြစ်၏။

သို့သော် လူတိုင်းကို ဇဝေဇဝါ ဖြစ်သွားစေသော အချက်မှာ... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် နင်ချီ ကို အပြစ်ပေးမည့် အရိပ်အယောင် လုံးဝ မပြသခြင်းပင် ဖြစ်သည်။

နင်ချီ က အောက်ဘက်ရှိ ကျယ်ပြန့်သော ကမ္ဘာ ၏ ကျင့်ကြံသူ စစ်တပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်၊ လုံးဝ ရပ်တန့်မနေတော့ဘဲ တိမ်လွှာများအလား တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားတော့၏။

ဖေးပင်း နှင့် အခြားသူများမှာ အံ့အားသင့်မှု၊ ကြောက်ရွံ့မှု နှင့် စိတ်သက်သာရာ ရမှု များနှင့် ရောထွေးနေသော ခံစားချက်များကို ခံစားနေကြရသည်။

နင်ချီ သည် သူတို့ကို လုံးဝ စိတ်မဝင်စားပုံ ရပြီး၊ အနည်းဆုံးတော့ သူတို့ကို ချက်ချင်း သတ်ပစ်မည် မဟုတ်ကြောင်း သေချာသွားခဲ့ပြီ ဖြစ်၏။

လူတိုင်းက သွေးစွန်း သတ်ဖြတ်သူ နှင့် အခြား ပေါင်းစည်းခြင်း နယ်ပယ် အယောက် (၂၀) ရှိရာ အရပ်ဆီသို့ ချက်ချင်း အကြည့်ပို့လွှတ်လိုက်ကြသည်။ နင်ချီ သည် ထိုနေရာသို့ သေချာပေါက် သွားရောက်ခဲ့ခြင်း ဖြစ်ရမည်။

…

မိုင်ထောင်ပေါင်းများစွာ အကွာအဝေးတွင်...

သွေးစွန်း သတ်ဖြတ်သူ နှင့် ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ဝင်လာကြသော ပေါင်းစည်းခြင်း နယ်ပယ် အယောက် (၂၀) မှာ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းလုံးကြီး များကို ရင်ဆိုင်နေကြရ၏။

လူတိုင်းမှာ ပင်လယ်ပြင်ထဲရှိ အထီးကျန် လှေငယ်လေး တစ်စင်းအလား ဖြစ်နေပြီး... လှိုင်းတံပိုးများ၏ ရိုက်ခတ်မှုများကို လုံးဝ ခုခံနိုင်စွမ်း မရှိကြချေ။ အကယ်၍ သတိမထားမိပါက လှေလေး မှောက်သွားပြီး တက်မများ ကျိုးပဲ့သွားနိုင်မည့် အနေအထားတွင် ရှိနေသည်။

သို့သော် သူတို့တွင် ပေါင်းစည်းခြင်း နယ်ပယ် ၏ အသိပညာများ ရှိနေကြပြီး... မျက်စိတစ်မှိတ် အတွင်းမှာပင လွတ်မြောက်နိုင်မည့် အကောင်းဆုံးသော နည်းလမ်းကို ရှာဖွေ တွေ့ရှိသွားကြတော့၏။

အခန်း (၈၂၄) - ဖန်ထျန်း ကို အပြတ်ရှင်းခြင်း

~လူတိုင်းမှာ အလင်းတန်းများဖြင့် တောက်ပနေပြီး... ၎င်းက သူတို့၏ စွမ်းအားများကို အမြင့်ဆုံး အဆင့်အထိ ထုတ်လွှတ်ထားကြောင်း သက်သေပြနေသည်။

ထိုမျှမကသေးဘဲ သူတို့သည် ကြီးမားလှသော အခင်းအကျင်း ကြီးတစ်ခုကို ဖွဲ့စည်းထားကြပြီး၊ အချင်းချင်း ခပ်လှမ်းလှမ်းမှ အကြည့်ပို့လွှတ်နေကြကာ မြှားတစ်စင်းအလား ပုံသဏ္ဌာန် ယူထားကြသည်။

စွမ်းအားများကို ပေါင်းစပ်ကာ အပြင်ဘက်သို့ ဖောက်ထွက်ရန် ကြိုးစားနေကြပြီး၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် အပြည့်အဝ မပိတ်ဆို့နိုင်ခင်မှာပင် လုံးလုံးလျားလျား ဖောက်ထွက်သွားရန် ဆုံးဖြတ်ထားပုံ ရသည်။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် လွှမ်းမိုး၍ မရနိုင်သော နေရာသို့ ထွက်ပြေး လွတ်မြောက်နိုင်မှသာလျှင် နင်ချီ နှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်မည် ဖြစ်သည်။

သို့မဟုတ်ပါက နင်ချီ ၏ ကိုယ်ပိုင် နယ်မြေ အတွင်း၌ နင်ချီ နှင့် တိုက်ခိုက်ရမည်မှာ... ရေထဲမှ ဆယ်ယူခံထားရသော ငါးမန်း တစ်ကောင်က ကုန်းပေါ်ရှိ လူတစ်ယောက်ကို တိုက်ခိုက်ရသကဲ့သို့ လုံးဝ ကွဲပြားခြားနားမှု မရှိချေ။

ငါးမန်းများမှာ အလွန်တရာ ကြမ်းတမ်းပြီး ပင်လယ်၏ ဘုရင်များ ဖြစ်ကြသော်ငြားလည်း၊ ကုန်းပေါ်ရှိ လူများကိုတော့ ဘာမှ လုပ်နိုင်စွမ်း မရှိကြချေ။ ဆန့်ကျင်ဘက် အနေဖြင့် လူများက သူတို့ကို အလွယ်တကူ သတ်ပစ်နိုင်ကြသည်။

နင်ချီ ပေါ်ထွက်လာမှုကို လူတိုင်း သဘာဝကျကျပင် သတိပြုမိသွားကြ၏။

ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ဝင်လာကြသော အယောက် (၂၀) အနက်မှ စွန်းလွီ က ရန်သူကို ဒေါသတကြီး ကျိန်ဆဲလိုက်၏။

“နင်ချီ... မင်း သတ္တိရှိရင် ငါတို့နဲ့ မျက်နှာချင်းဆိုင် တိုက်လေ။ တောင်နဲ့ ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို အားကိုးနေတာက ဘာ သူရဲကောင်း ကျလို့လဲ။ မင်း ငါတို့ကို မျိုးတုံးအောင် သတ်ပစ်နိုင်ရင်တောင်မှ ငါ လုံးဝ လက်ခံမှာ မဟုတ်ဘူး”

“မင်းတို့ အားလုံးက ပေါင်းစည်းခြင်း နယ်ပယ် ကနေ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ဆင်းလာခဲ့ကြတာလေ။ အခု ပေါင်းစည်းခြင်း နယ်ပယ် အဆင့်ပဲ ရှိတဲ့ ငါက မင်းတို့နဲ့ မျက်နှာချင်းဆိုင် တိုက်ရမယ်လို့ ပြောရဲသေးတယ်ပေါ့လေ”

အဖြူရောင် ဝတ်ရုံနှင့် နင်ချီ က သူ၏ လှောင်ပြောင်မှုများကို အဆုံးသတ်လိုက်ပြီးနောက် လက်ဝါး တစ်ချက် ရိုက်ချလိုက်တော့သည်။

သူ၏ ရုပ်ခန္ဓာမှာ တာအို အဆင့်တွင် ပြိုင်ဘက်ကင်း နေပြီ ဖြစ်သော်ငြားလည်း၊ လူဝင်စား ခန္ဓာကိုယ် မှာမူ တာအို နယ်ပယ် သို့ မတက်လှမ်းနိုင်သေးချေ။

ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ဝင်လာကြသော ဤ ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ များ ရောက်ရှိလာခြင်းမှာ... သူ၏ လူဝင်စား ခန္ဓာကိုယ် ၏ စွမ်းအားများကို စမ်းသပ်ရန် အကောင်းဆုံးသော အခွင့်အရေး တစ်ခု ပင်။ ပင်မ ခန္ဓာကိုယ် ၏ စွမ်းအားများကို အသုံးပြုစရာ မလိုဘဲ သူတို့သည် တကယ့်ကို ကောင်းမွန်သော လေ့ကျင့်ရေး ပြိုင်ဘက်များ ဖြစ်နေကြ၏။

နင်ချီ ၏ အရောင်ငါးမျိုး နတ်ဘုရား အလင်းတန်း ဧရာမ လက်ဝါးကြီး ကို ရင်ဆိုင်ရချိန်တွင်၊ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ဝင်လာကြသော အယောက် (၂၀) စလုံးမှာ ပြိုင်တူ မတိုက်ခိုက်ခဲ့ကြချေ။

သူတို့ ကြောက်ရွံ့နေသည်မှာ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို ဖြစ်ပြီး နင်ချီ ကို မဟုတ်ချေ။

ထို့ကြောင့် စွန်းလွီ အပါအဝင် အယောက် (၂၀) ထဲမှ သုံးယောက်သာ လက်လွတ်စပယ် တိုက်ခိုက်ခွင့် ရှိ၏။

သူတို့သည် အခင်းအကျင်း ထဲမှ ထွက်ခွာသွားခြင်း မရှိချေ။ ကျန်ရှိနေသော (၁၇) ယောက်မှာမူ အခင်းအကျင်း ကို ဆက်လက် လည်ပတ်နေစေပြီး သူတို့ကို ထွက်ပြေး လွတ်မြောက်ရန် ဦးဆောင်နေကြဆဲ ဖြစ်၏။

စွန်းလွီ ၏ ခန္ဓာကိုယ်မှာ ရွှေရောင် အလင်းတန်းများဖြင့် တောက်ပနေပြီး... နင်ချီ ၏ အရောင်ငါးမျိုး ဧရာမ လက်ဝါးကြီး ကို လက်သီးဖြင့် ထိုးချလိုက်သည်။

ဧရာမ ရွှေရောင် လက်သီး ပုံရိပ် ကြီးတစ်ခု လူတိုင်း၏ ပတ်လည်တွင် ရုပ်လုံးပေါ်လာပြီး၊ မိုးကြိုး ကျည်ပွေ့ တစ်ခုအလား အလွန်တရာ ကြီးမားလှသော စွမ်းအားများကို သယ်ဆောင်လာ၏။... မကောင်းဆိုးဝါး အားလုံးကို ဆေးကြော သန့်စင်ပစ်နိုင်စွမ်း ရှိပုံရသော သန့်စင်သည့် စွမ်းအားများဖြင့် ဝန်းရံထားသည်။

ရွှေရောင် အလင်းတန်းများ တလက်လက် တောက်ပနေပြီး ဟင်းလင်းပြင် ကို လင်းထိန်သွားစေကာ၊ အရောင်ငါးမျိုး နတ်ဘုရား အလင်းတန်း ဧရာမ လက်ဝါးကြီး နှင့် အပြင်းအထန် ဝင်တိုက်မိသွားတော့၏။

“ဝုန်း...”

ဝင်တိုက်မိသော နေရာရှိ ဟင်းလင်းပြင် ကြီးမှာ ကြေမွ ပျက်စီးသွားသော်ငြားလည်း နှစ်ဖက်စလုံးမှ အလင်းတန်းများမှာမူ လုံးဝ မှေးမှိန်သွားခြင်း မရှိချေ။

နင်ချီ က စွန်းလွီ ၏ ရွှေရောင် လက်သီး အလင်းတန်း ၏ ဖွဲ့စည်းပုံကို လျင်မြန်စွာ အာရုံခံပြီး ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက်သည်။

သူ၏ ရွှေရောင် လက်သီး အလင်းတန်း တွင် စွမ်းရည် သုံးမျိုး ပါဝင်နေသည်။ ရွှေ သဘာဝ စည်းမျဉ်း၊ အလင်း သဘာဝ စည်းမျဉ်း နှင့် မကောင်းဆိုးဝါး များကို ဖိနှိပ် ချုပ်ချယ်နိုင်သော စွမ်းရည် တစ်ခုတို့ ဖြစ်ကြသည်။

ပေါင်းစည်းခြင်း နယ်ပယ် အဆင့်ရှိသူများနှင့် ပီသစွာပင်... သူတို့၏ စွမ်းရည် သုံးမျိုးစလုံးက တစ်ခုနှင့်တစ်ခု အပြန်အလှန် အားဖြည့်ပေးနေကြပြီး၊ တစ် အပေါင်း တစ် ထက် များစွာ ပိုမို ရှုပ်ထွေး နက်နဲလှသည်။

ဤ စွန်းလွီ မှာ နင်ချီ ယခင်က ရင်ဆိုင်ခဲ့ဖူးသော စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း ၏ ဘိုးဘေးကြီး စစ်ခုန်ရွှမ် ထက် များစွာ ပိုမို အစွမ်းထက်၏။

သို့သော် နင်ချီ သည် စွမ်းအား အနည်းငယ်သာ ပိုမို အသုံးပြုလိုက်ရာ... အရောင်ငါးမျိုး နတ်ဘုရား အလင်းတန်း ဧရာမ လက်ဝါးကြီး ပေါ်တွင် အရောင်ငါးမျိုး စီးဆင်းသွားသည်။ တစ်ဖက်လူ၏ ရွှေရောင် လက်သီး အလင်းတန်း ကို မျက်စိတစ်မှိတ် အတွင်း ငြိမ်းသတ်ပစ်လိုက်ကာ လူအုပ်ကြီးဆီသို့ ဆက်လက် တဟုန်ထိုး ခုတ်ပိုင်းသွားတော့၏။

ဤရလဒ်က လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်မှာ သေချာလှသည်။

စွန်းလွီ ၏ ခွန်အားကို သူတို့ အပြည့်အဝ သိရှိထားကြပါလျက်နှင့်... နင်ချီ သည် စွန်းလွီ ၏ တိုက်ခိုက်မှု တစ်ခုကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ခဲ့တော့၏။ ကျယ်ပြန့်သော ကမ္ဘာ က သူတို့လို လူမျိုး အယောက် (၂၀) ကို တစ်ပြိုင်နက်တည်း စေလွှတ်လိုက်သည်မှာ အံ့ဩစရာ မရှိတော့ချေ။

ယခင်က လူတိုင်းက ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် သည် တောင်ပို့ကို တောင်လောက် ထင်နေသည်ဟု ယူဆထားခဲ့ကြသော်ငြားလည်း... ယခုအခါ သူတို့သည် နင်ချီ ကို အထင်သေးမိခဲ့ကြောင်း သဘောပေါက်သွားကြတော့၏။

ပြောနေစဉ်မှာပင် စွန်းလွီ ၏ ဘေးရှိ လူနှစ်ယောက် ထံမှ တိုက်ခိုက်မှုများ ချက်ချင်း ထပ်ကြပ်မကွာ လိုက်ပါလာကြတော့သည်။

လူတစ်ယောက်က သူ၏ ဓားကို အလျားလိုက် လွှဲယမ်းလိုက်ရာ... ဓားချီ များ လွတ်လပ်စွာ လှုပ်ရှားသွားပြီး၊ အဆုံးအစမဲ့ ဓား သဘာဝ စည်းမျဉ်း များက မီး သဘာဝ စည်းမျဉ်း ၏ ပေါက်ကွဲထွက်နိုင်သော စွမ်းအားများကို သယ်ဆောင်လာကာ အရောင်ငါးမျိုး ဧရာမ လက်ဝါးကြီး ကို ရက်စက်စွာ ခုတ်ပိုင်းလိုက်၏။

အခြား တစ်ယောက်ကမူ သူ၏ လက်များဖြင့် ဓား မန္တန် တစ်ခုကို ရွတ်ဆိုလိုက်ရာ၊ ဝိညာဉ်ဓား တစ်လက်က သူ၏ နောက်ကျောမှ ပျံထွက်လာပြီး ထောင်ပေါင်းများစွာသော ဓား ပုံရိပ်ယောင် များအဖြစ် အသွင်ပြောင်းသွားတော့သည်။

၎င်းတို့မှာ ဟင်းလင်းပြင် ကို ဖြတ်သန်းကာ ငါးများအလား ကူးခတ်သွားကြပြီး၊ ရှေ့မှ လူ၏ တိုက်ခိုက်မှုနှင့် ပြီးပြည့်စုံစွာ ပူးပေါင်းကာ နင်ချီ ကို အတူတကွ တိုက်ခိုက်လိုက်ကြ၏။

“ဓား ကျင့်ကြံသူ လား။ ဘာမှ မဆန်းပါဘူးလေ”

နင်ချီ က ထိုနှစ်ဦး၏ တိုက်ခိုက်မှုများကို လုံးဝ ဂရုမစိုက်ဘဲ တာအို သို့ ပေါ့ပေါ့ပါးပါးပင် မှတ်ချက်ချလိုက်သည်။

“မင်း တော်တော် ရဲတင်းနေတာပဲ ကောင်လေး။ ငါတို့ရဲ့ တိုက်ခိုက်မှုတွေကို အရင် ခံကြည့်လိုက်စမ်းပါ”

နင်ချီ သည် အရောင်ငါးမျိုး ဧရာမ လက်ဝါးကြီး ကို အသက်မသွင်းခဲ့ချေ။

ထိုအစား နူးညံ့သော အဖြူရောင် အလင်းတန်း တစ်ခုက သူ၏ ခန္ဓာကိုယ်မှ တဟုန်ထိုး ထွက်ပေါ်လာသည်။

အဖြူရောင် အလင်းတန်း မှာ သန့်စင်လွန်းလှသော်ငြားလည်း တိုက်ခိုက်မှု အရောင် အားလုံး အတွင်းသို့ ထိုးဖောက် ဝင်ရောက်နိုင်စွမ်း ရှိ၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် တစ်ဖက်ရှိ ထိုနှစ်ဦး၏ မျက်နှာပေါ်ရှိ အမူအရာများ ပြောင်းလဲသွားကြတော့သည်။

သူတို့၏ ဓားချီ များနှင့် ဓား အလင်းတန်း များမှာ ရုတ်တရက် လမ်းကြောင်း ပြောင်းသွားပြီး သူတို့ကို ပြန်လည် ခုတ်ပိုင်းလာကြရာ... နင်ချီ က အပြည့်အဝ ထိန်းချုပ်လိုက်သည့်အလား ဖြစ်နေတော့သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဤမြင်ကွင်းက လူတိုင်းကို ဆွံ့အ မှင်သက်သွားစေတော့သည်။ သူတို့သည် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ များ ဖြစ်ကြပြီး... သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းများကို လျှော့ချ ဖြတ်တောက်ထားခဲ့သော်ငြားလည်း၊ ပေါင်းစည်းခြင်း နယ်ပယ် ၏ စည်းမျဉ်းများအပေါ် နားလည် သဘောပေါက်မှုမှာ ပေါင်းစည်းခြင်း နယ်ပယ် ထက် များစွာ သာလွန်နေဆဲ ဖြစ်၏။

စွန်းလွီ ၏ ရွှေရောင် လက်သီး အလင်းတန်း မှာ ယခင်က ချိုးဖျက်ခံလိုက်ရခြင်းကလည်း၊ ... မည်သို့ပင်ဆိုစေ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပတ်ဝန်းကျင်တွင် ရှိနေပြီး နင်ချီ သည် နယ်မြေအရှင်သခင် တစ်ပါး ဖြစ်ရာ၊ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ စွမ်းအားများကို ငှားရမ်း အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။

သို့သော် သူတို့ ရှေ့ရှိ လူနှစ်ဦး ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ် ကောင်းသည့် တိုက်ခိုက်မှု များကို တစ်ဖက်လူက အမှန်တကယ် ပြန်လည် တန်ပြန် တိုက်ခိုက်လာနိုင်ခြင်းမှာမူ... တောင်နှင့် ပင်လယ် ကမ္ဘာ က လုံးဝ (လုံးဝ) မစွမ်းဆောင်နိုင်သော အရာ တစ်ခု ပင် ဖြစ်သည်။

အခန်း (၈၂၅) - ဖန်ထျန်း ကို အပြတ်ရှင်းခြင်း

~ထင်ရှားသည်မှာ နင်ချီ သည် ပေါင်းစည်းခြင်း နယ်ပယ် အဆင့်သာ ရှိသေးသော်ငြားလည်း၊ စည်းမျဉ်း များအပေါ် သူ၏ ကျွမ်းကျင် ပိုင်နိုင်မှုမှာ သူတို့ထက် များစွာ သာလွန်နေကြောင်းပင်။

ဤရလဒ်ကို တွေးမိလိုက်သောအခါ လူတိုင်း၏ ရင်တွင်း၌ ပို၍ပင် ကြောက်ရွံ့ ထိတ်လန့်လာကြတော့သည်။

နင်ချီ ၏ ဤကဲ့သို့သော စည်းမျဉ်း များကို ကျွမ်းကျင် ပိုင်နိုင်မှု မျိုးဖြင့် ဆိုလျှင်... တစ်ဖက်လူက အချိန်မရွေး အဆင့်တက်လှမ်းနိုင်ပြီး ပေါင်းစည်းခြင်း နယ်ပယ် သို့ ဝင်ရောက်သွားနိုင်သည် ဆိုသည့် အဓိပ္ပာယ် မဟုတ်ဘူးလား။

မီးတောက်နီရောင် ဓားချီ များနှင့် မရေမတွက်နိုင်သော ဓား အလင်းတန်း များမှာ သူတို့ဆီသို့ တရွှီးရွှီး မြည်လျက် ပြန်လည် ရောက်ရှိလာနေ၏။

...

ကံကောင်းထောက်မစွာဖြင့် ကာကွယ်ရေးတွင် ကျွမ်းကျင်သော ကျင့်ကြံသူ တစ်ဦးက လူတိုင်း၏ ရှေ့တွင် ထူထဲပြီး ကျယ်ဝန်းသော ကျောက်တုံး ဒိုင်းလွှား ကြီးတစ်ခုကို မျက်စိတစ်မှိတ် အတွင်း ဖန်တီးလျက်၊ ပြန်လည် ရောက်ရှိလာသော တိုက်ခိုက်မှုများကို ကာကွယ် တားဆီးလိုက်သည်။

ထို ကျောက်တုံး ဒိုင်းလွှား မှာ ရိုးရှင်းပြီး မွမ်းမံထားခြင်း မရှိသော်ငြားလည်း၊ မှေးမှိန်သော မီးခိုးရောင် အလင်းတန်း များ ဖြာထွက်နေပြီး အခြားသော သလင်းကျောက် များဖြင့်လည်း အလှဆင်ထား၏။

၎င်းတွင် စိန်များအလား ပါးလွှာသော သလင်းကျောက် အလွှာလေး တစ်လွှာအပြင်... အလွန်တရာ မာကျောသော တွင်းထွက်ပစ္စည်း အမျိုးမျိုးလည်း ပါဝင်နေသည်။

ဓားချီ ၏ ဓား အလင်းတန်း များက ၎င်းကို ဝင်ရောက် ရိုက်ခတ်သွားသောအခါ မရေမတွက်နိုင်သော သတ္တု အချင်းချင်း ရိုက်ခတ်သံများနှင့် မီးပွားများ ထွက်ပေါ်လာသော်ငြားလည်း ၎င်းကို အနည်းငယ်မျှပင် မထိခိုက်စေနိုင်ခဲ့ချေ။

လူတိုင်း သက်ပြင်းချကာ စိတ်အေးသွားချိန်လေးမှာပင်... နင်ချီ ၏ မှတ်ချက်စကား များက သူတို့၏ နားထဲသို့ နောက်တစ်ကြိမ် ထပ်မံ ဝင်ရောက်လာပြန်သည်။

“ဒီ ကာကွယ်ရေး နည်းလမ်း က အတော်လေး စိတ်ဝင်စားဖို့ ကောင်းပေမဲ့... သိပ်ပြီး သန့်စင်မှု မရှိသေးသလို တွင်းထွက်ပစ္စည်း အမျိုးမျိုးကို တစ်သားတည်း ဖြစ်အောင်လည်း မပေါင်းစပ်နိုင်သေးဘူးပဲ”

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်... အရောင်ငါးမျိုး ဧရာမ လက်ဝါးကြီး က ဓားချီ ၏ ဓား အလင်းတန်း များ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး မီးခိုးရောင် ကျောက်တုံး ဒိုင်းလွှား ကြီးကို ဝင်ရောက် ရိုက်ခတ်သွားတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီး တစ်ခုက ၎င်းကို ချက်ချင်းပင် မှုန့်မှုန့်ညက်ညက် ကြေမွသွားစေတော့၏။

ကြီးမားလှသော အခင်းအကျင်း ကြီးကို အသက်သွင်းကာ ထွက်ပြေးရန် အသုံးပြုနေသော အောက်ဘက်ရှိ အခင်းအကျင်း ပင်လျှင် ရိုက်ခတ်ခံလိုက်ရပြီး ပြိုင်တူ နစ်မြုပ်သွားတော့သည်။

နင်ချီ က ကျောက်တုံး ဒိုင်းလွှား ကို တစ်ချက်တည်းဖြင့် အပိုင်းပိုင်း အစစ ကြေမွသွားအောင် ရိုက်ချိုးပစ်လိုက်သည်ကို လူတိုင်း ပြူးကျယ်သော မျက်လုံးများဖြင့် ငေးကြည့်နေမိကြ၏။

... အထိအခိုက် မရှိသော ဒိုင်းလွှား မှာ မျက်စိတစ်မှိတ် အတွင်း အပိုင်းအစ အများအပြား အဖြစ်သို့ ကြေမွသွားတော့သည်။

အရောင်ငါးမျိုး ဧရာမ လက်ဝါးကြီး မှာ ကြိတ်ဆုံကြီး တစ်ခုအလား အပိုင်းအစ အချို့ကို မှုန့်မှုန့်ညက်ညက် ကြိတ်ချေပစ်လိုက်သည်။ သို့သော် တွင်းထွက်ပစ္စည်း များ ပါဝင်သော အပိုင်းအစ များကိုမူ နင်ချီ က လျင်မြန်စွာ ကြီးမားလာစေရန် ထိန်းချုပ် ခြယ်လှယ်လိုက်ပြီး... ဧရာမ ကြယ်တံခွန် ကြီးတစ်ခု အဖြစ် အသွင်ပြောင်းကာ လူအုပ်ကြီးဆီသို့ တဟုန်ထိုး ပစ်လွှတ်လိုက်တော့၏။

ကျောက်တုံး ဒိုင်းလွှား အပိုင်းအစများက ကြီးမားလာပြီးနောက် ကောင်းကင်ယံကို ဖြတ်သန်းသွားသော ကြယ်တံခွန် ကြီးများအလား အသွင်ပြောင်းသွား၏။... ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ဝင်လာကြသော ပေါင်းစည်းခြင်း နယ်ပယ် အယောက် (၂၀) ကို ဖိနှိပ် တိုက်ခိုက်လာတော့သည်။

ကျယ်ပြန့်သော ကမ္ဘာ ၏ စစ်တပ်ကြီးမှာ အဖြူရောင် ဝတ်ရုံနှင့် ပြင်းထန် ကြမ်းတမ်းလှသော ထိုပုံရိပ်ကို အလွန်တရာ အံ့အားသင့် မှင်သက်စွာဖြင့် ငေးကြည့်နေကြသည်။

နင်ချီ သည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ တိုက်ခိုက်မှုကို စတင်လိမ့်မည်ဟု သူတို့ အိပ်မက်ထဲတွင်ပင် မထင်မှတ်ထားခဲ့ကြချေ။

ထိုသူများမှာ သူတို့၏ စီနီယာ များ ဖြစ်ကြပြီး... ကျယ်ပြန့်သော ကမ္ဘာ ၏ အကောင်းဆုံးသော ဘိုးဘေးကြီး အယောက် (၂၀) ထဲတွင် ပါဝင်ကြသူများပင်။

ထိုအထဲတွင် သူတော်စင် ဘိုးဘေးကြီး ကိုယ်တိုင် လက်ခံထားသော တပည့် သွေးစွန်း သတ်ဖြတ်သူ ပင် ပါဝင်နေသေးသည် မဟုတ်ပါလော။

လောလောဆယ် စစ်မြေပြင်နယ်မြေ တစ်ခုလုံး အတွက် ဆိုရလျှင်... ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ဝင်လာကြသော ဤ ပေါင်းစည်းခြင်း နယ်ပယ် အယောက် (၂၀) သည် နယ်မြေ အားလုံးကို အလွယ်တကူ တိုက်ခိုက် သိမ်းပိုက်နိုင်စွမ်း ရှိကြပြီး သူတို့ကို မည်သူကမျှ ယှဉ်ပြိုင်နိုင်စွမ်း မရှိကြချေ။

သို့သော် ဤအချက်ကြောင့်ပင်လျှင် နင်ချီ ၏ ခွန်အားမှာ ပိုမို ထင်ရှား ပေါ်လွင်လာရခြင်း ဖြစ်သည်။

သူတို့ဆီသို့ တဟုန်ထိုး ပြေးဝင်လာသော ကြယ်တံခွန် များကို ရင်ဆိုင်ရချိန်တွင်... သွေးစွန်း သတ်ဖြတ်သူ နှင့် သူ၏ အဖော်များမှာ ထိုနေရာမှ ထွက်ပြေးရန် ကြိုးစားနေရင်း တစ်ချိန်တည်းမှာပင် ပြန်လည် တိုက်ခိုက်ခဲ့ကြသည်။

ဤတစ်ကြိမ်တွင်မူ လူဆယ်ယောက် အထိ ပြိုင်တူ လှုပ်ရှား တိုက်ခိုက်လိုက်ကြ၏။

ဓားချီ များ၊ ဓား အလင်းတန်း များ၊ လေဓားသွား များ၊ လှံ ပုံရိပ်ယောင် များ နှင့် အခြားသော စည်းမျဉ်း တိုက်ခိုက်မှု အမျိုးမျိုးက ကြယ်တံခွန် တစ်ခုစီတိုင်းကို ဝင်ရောက် ခုတ်ပိုင်းသွားကြတော့၏။

“ဝုန်း...”

နားအူသော မြည်ဟည်းသံကြီး တစ်ခုက ကောင်းကင်ယံကို တုန်လှုပ်သွားစေပြီး... ဖုန်မှုန့်များ ကောင်းကင် တစ်ခွင်လုံး လွင့်စင်သွားကာ လူတိုင်းကို လွှမ်းခြုံသွားပြီး သူတို့၏ အမြင်အာရုံများကို ဖုံးကွယ်သွားစေတော့သည်။

နင်ချီ က သူ၏ ဝတ်ရုံ လက်စကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ... နတ်ဘုရား လေပြေ တစ်ခု တိုက်ခတ်သွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် လူတိုင်း၏ ပုံရိပ်များကို နောက်တစ်ကြိမ် ပြန်လည် မြင်တွေ့လာရတော့သည်။

လူ အယောက် (၂၀) ၏ မျက်နှာထား များမှာ ပို၍ပင် တည်ကြည် လေးနက်လာကြသည်။ နင်ချီ နှင့် ထိပ်တိုက် ရင်ဆိုင်ရလေလေ... သူ မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းသနည်း ဆိုတာကို သူတို့ ပိုမို နားလည် သဘောပေါက်လာကြလေလေ ပင် ဖြစ်သည်။

ဤအခိုက်အတန့်တွင် လူတိုင်း၏ စိတ်ထဲ၌ မေးခွန်း တစ်ခုတည်းသာ ရှိနေတော့သည်။

ဒီကောင်လေးက တကယ်တော့ ဘယ်သူများလဲ။

သူက တောင်နဲ့ ပင်လယ် ကမ္ဘာ က ဒဏ္ဍာရီလာ တောင်ဘိုးဘေးကြီး ဒါမှမဟုတ် ပင်လယ်ဘိုးဘေးကြီး ရဲ့ သားမြေးများ ဖြစ်နေမလား။

ဒါက သူတို့ တွေးနိုင်သမျှ တစ်ခုတည်းသော အကြောင်းပြချက်ပင်။ မည်သို့ပင်ဆိုစေ နင်ချီ ၏ အသက်အရွယ် နှင့် ပါရမီ ကို ထည့်သွင်း စဉ်းစားကြည့်မည် ဆိုပါက... သူက သူတို့ကိုတောင် အလွယ်တကူ ဖိနှိပ်ထားနိုင်သေးသည်။ ဤကဲ့သို့သော အံ့မခန်း ပါရမီရှင် မျိုးသည် သာမန် လူတစ်ယောက်တော့ သေချာပေါက် မဖြစ်နိုင်ချေ။

စာပေသမား ဝတ်ရုံကို ဆင်မြန်းထားသော ဝူရွှီ ၏ မျက်မှောင်များ တွန့်ချိုးသွားပြီး နင်ချီ ကို စူးစိုက် ကြည့်လိုက်သည်။

‘ချီးပဲ... တောင်နဲ့ ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကသာ ဝင်မစွက်ဖက်ဘဲ ကျင့်ကြံခြင်း တွေကို အတင်းအကျပ် ဖိနှိပ် မထားဘူး ဆိုရင်...ငါတို့.. ဒီလို အရှက်ကွဲစရာ အခြေအနေမျိုး မရောက်ဘူး’

စွန်းလွီ ကလည်း အသံလွှင့်ကာ ဆက်သွယ်လိုက်၏။

“မင်းတို့ အရင် သွားကြ။ ငါ ဒီမှာ ကျန်ခဲ့ပြီး သူ့ကို တားထားလိုက်မယ်”

ထိုနှစ်ဦး လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင်... သွေးစွန်း သတ်ဖြတ်သူ က ရှေ့သို့ ရုတ်တရက် ထွက်လာပြီး လူတိုင်းကို တိတ်ဆိတ်စွာ အသံလွှင့် ပြောလိုက်သည်။

“မလှုပ်ကြနဲ့... ငါ ပြောတာ နားထောင်”

All Chapters