← Chapters

သိုင်းသူတော်စင်၏ ကံဆိုးသော နှောင်းပိုင်းကာလ၊ သွေးကျောက်စိမ်း ဆေးလုံး ပြီးမြောက်ခြင်း ( ၃)..

Vol. 10 Ch. 141

သိုင်းသူတော်စင်၏ ကံဆိုးသော နှောင်းပိုင်းကာလ၊ သွေးကျောက်စိမ်း ဆေးလုံး ပြီးမြောက်ခြင်း ( ၃)..

Vol. 10 Ch. 141

~ဘာပဲဖြစ်ဖြစ် 'သွေးဘုရင် ကူ' မှာ 'ဓာတ်တော်' ထက်ပင် စွမ်းအင် ပိုမို ကြွယ်ဝသည် မဟုတ်ပါလား။

တတိယနေ့…

စတုတ္ထနေ့….

နင်ချီ နေ့စဉ် ပုံပြင် နားထောင်ရန် သွားခဲ့ရာ လူအများအပြားက ဤ မြို့ပြင်မှ ပုံမှန် ဧည့်သည်လေးကို တဖြည်းဖြည်း ရင်းနှီး လာခဲ့ကြသည်။

"လု.. မင်း ဒီနေ့ လာပြန်ပြီပေါ့" တစ်စုံတစ်ယောက်က နင်ချီ၏ အမည်ဝှက်ကို သုံး၍ နှုတ်ဆက်လိုက်ခြင်းပါ။။

နင်ချီက ပြုံးလျက် ခေါင်းညိတ် ပြလိုက်သည်။

ဤနေ့တွင်၊

နင်ချီ နောက်ဆုံးတော့ မတူညီသော အရာတစ်ခုကို ကြားလိုက်ရသည်။

"ငါတို့ မြို့ငယ်လေးက 'ကောင်းကင်ဘုံကို ခုတ်သတ်ခြင်း သိုင်းသူတော်စင်' ရဲ့ ဇာတိမြို့ပဲ။ သူ ငယ်စဉ်က ဒီမှာ ကြီးပြင်းခဲ့ပြီး သူ့ရဲ့ နှောင်းပိုင်း ကာလတွေမှာ ဒီကို ပြန်လာခဲ့တယ်။ တချို့လူတွေက သူ့ကို ခဏတာ တွေ့လိုက်ဖူးတယ်တဲ့။ ဒါပေမဲ့ 'ကောင်းကင်ဘုံကို ခုတ်သတ်ခြင်း သိုင်းသူတော်စင်' က မယုံနိုင်လောက်အောင် အိုမင်း နေခဲ့ပြီ။"

ဤသည်မှာ ယဲ့ချင်းဟယ် အစောပိုင်းက ပြောခဲ့သော အရာ ဖြစ်သည်။

ကြည့်ရသည်မှာ ယဲ့ချင်းဟယ်လည်း ဤနေရာတွင် ရက်အနည်းငယ် နေထိုင် သွားခဲ့ပုံ ရသည်။

နင်ချီ အလွန် စိတ်ရှည်လှသည်။

သူ ဆက်လက် နားထောင် နေခဲ့သည်။

ဤ သတင်းအချက်အလက်က သိသိသာသာ ပိုမို စစ်မှန်သည်ဟု ခံစားရပြီး၊ ထို 'သိုင်းသူတော်စင်' ၏ အထီးကျန် ဆန်မှုကိုပင် မြင်ယောင် နေသကဲ့သို့ ရှိသည်။

ဤသို့ဖြင့်။

အချိန်များ ကုန်ဆုံး သွားခဲ့သည်။

နင်ချီ ဤနေရာတွင် နေထိုင်ခဲ့သည်မှာ တစ်လ နီးပါး ရှိခဲ့ပြီ။ ဤသည်မှာ သူ မွေးဖွား လာပြီးကတည်းက 'အစစ်အမှန်သိုင်းတောင်' ၏ အပြင်ဘက်တွင် အချိန် အကြာဆုံး နေထိုင်ခဲ့ဖူးခြင်း ဖြစ်သည်။

သူ ဤမျှ ကြာမြင့်စွာ နေထိုင်ရခြင်း အကြောင်းရင်းမှာ ပထမ တစ်ချက် အနေဖြင့် 'သိုင်းသူတော်စင်' အကြောင်း သတင်းများ ပိုမို ရရှိရန် ဖြစ်သည်။

ဒုတိယ တစ်ချက် အနေဖြင့် 'သွေးဘုရင် ကူ' အတွက် ဖြစ်သည်။

'သွေးဘုရင် ကူ' ပေါ်တွင် ပဲ့တင်ထပ်ခြင်း သို့မဟုတ် ခြေရာခံ အမှတ်အသားများ မရှိကြောင်း အစောပိုင်းက 'အကြီးအကဲ ပိန်ခြောက်' ထံမှ သူ သိရှိခဲ့ရ သော်လည်း၊ စိတ်ချ ရစေရန် အတွက် နင်ချီက ၎င်းကို 'အစစ်အမှန်သိုင်းတောင်' ၏ အပြင်ဘက်တွင်သာ ထုတ်ယူရန် စီစဉ် ထားခဲ့သည်။ ထိုနေရာတွင် မည်သည့် လျှို့ဝှက် အန္တရာယ်မှ မချန်ထားခဲ့လိုသောကြောင့် ဖြစ်သည်။

လွန်ခဲ့သော သုံးရက်က၊

နင်ချီ 'သွေးဘုရင် ကူ' ကို အဓိက ပါဝင်ပစ္စည်း အဖြစ် အသုံးပြုထားသော ဆေးလုံး ဖော်စပ်နည်း တစ်ခုကို တီထွင် နိုင်ခဲ့ပြီး ဖြစ်သည်။ ၎င်းကို သူ 'သွေးကျောက်စိမ်း ဆေးလုံး' ဟု အမည် ပေးခဲ့သည်။

သူ လော့ဝမ်ထျန်းထံ သတင်း ပေးပို့ခဲ့ပြီး ကျန်ရှိသော အရန် ပစ္စည်းများကို တောင်အောက်သို့ ပို့ဆောင် ပေးရန် တောင်းဆို ထားခဲ့သည်။

ထို အချိန်ကျမှ..

တောင်ခြေတွင် 'သွေးကျောက်စိမ်း ဆေးလုံး' ကို သန့်စင် ပြီးမှသာ သူ ပြန်မည် ဖြစ်သည်။ ဤသို့ဖြင့် 'တောင်ပိုင်းနယ်စပ် မဟာမိတ်' ထံတွင် 'သွေးဘုရင် ကူ' ကို ခြေရာခံနိုင်သော လျှို့ဝှက် နည်းစနစ် တစ်ခု အမှန်တကယ် ရှိနေခဲ့လျှင်ပင်၊ ၎င်းက 'အစစ်အမှန်သိုင်းတောင်' ဆီသို့ ဦးတည် သွားမည် မဟုတ်တော့။

နင်ချီ ပြတင်းပေါက် အပြင်ဘက်မှ သည်းထန်စွာ ရွာသွန်း နေသော မိုးကို ကြည့်ရင်း ညင်သာစွာ သက်ပြင်းချ လိုက်သည်။

'အဘိုးကြီး စွန်း ဒီလောက်ပဲ သိပုံ ရတယ်'

'သွေးကျောက်စိမ်း ဆေးလုံး' ဖော်စပ်နည်းမှာ ပြီးပြည့်စုံ သွားခဲ့ပြီ။ သတ်မှတ်ထားသော နေရာသို့ ပစ္စည်းများ ရောက်ရှိ လာသည့်အခါ ရက်အနည်းငယ် အတွင်း သူ ထွက်ခွာရန် စီစဉ် ထားသည်။

ဤနေရာတွင် နေထိုင်ခြင်းက သူ၏ ကျင့်ကြံခြင်းကို မထိခိုက် စေနိုင်သော်လည်း ၊နင်ချီက 'အစစ်အမှန်သိုင်းတောင်' တွင် နေထိုင်ရသည်ကို ပို၍ နေသားကျ နေခဲ့ပြီ ဖြစ်ပြီး၊ ထိုနေရာတွင် သူ့ကို စောင့်ဆိုင်း နေသော 'တာအိုကျမ်းစာ' များစွာလည်း ရှိနေပါသေးသည်။

နင်ချီသည် ထီးတစ်လက် ယူ၍ အပြင်သို့ ထွက်လာခဲ့သည်။

လမ်းမများမှာ လူသူ လုံးဝ နီးပါး ကင်းမဲ့ နေလေ၏။

ပုံပြော သစ်သားတဲလေးဆီသို့ ရောက်သောအခါ၊

၎င်းမှာ လုံးဝ ဗလာ ကျင်းနေခဲ့သည်။

မျက်မမြင် အဘိုးအို တစ်ယောက်တည်းသာ ကျန်ရစ် ခဲ့သည်။

ယနေ့ကဲ့သို့ မိုးသည်းထန်သော နေ့တွင် မည်မျှပင် နားထောင်ရန် စွဲလမ်း နေစေကာမူ မည်သူမျှ လာကြမည် မဟုတ်။ မူလက နင်ချီ 'အဘိုးကြီး စွန်း' လည်း လာမည် မဟုတ်ဟု ထင်ထားခဲ့သည်။ သို့သော် အံ့ဩစရာ ကောင်းစွာပင် သူ ရောက်နေခဲ့သည်။

ထို့အတူ 'အဘိုးကြီး စွန်း' ကလည်း နင်ချီ လာလိမ့်မည်ဟု မျှော်လင့် မထားခဲ့ပေ။

"အော် မင်း လာပြန်ပြီလား၊ လု"

အဘိုးအိုက ပြုံးလျက် သက်ပြင်းချကာ သူ၏ ပုံပြောခြင်းကို လုပ်နေကျ အတိုင်း စတင် လိုက်သည်။ ဤသည်မှာ နှစ်များတစ်လျှောက် သူ ဖွဲ့စည်း တည်ဆောက်ခဲ့သော အလေ့အကျင့် တစ်ခု ဖြစ်သည်။

နင်ချီ တိတ်ဆိတ်စွာ နားထောင်ရင်း သူ၏ စိတ်ကို အနား ပေးလိုက်သည်။

ဤ တစ်လ နီးပါး ကာလ အတွင်းတွင် အကြောင်းအရာ အများစုကို သူ တစ်ကြိမ်ထက် မနည်း ကြားခဲ့ပြီး ဖြစ်သည်။ တဖြည်းဖြည်းနှင့် သူ ဤ ကာလကို အထူး အတွေ့အကြုံ တစ်ခု အဖြစ် ရှုမြင် လာခဲ့သည်။ ဖြစ်နိုင်သည်မှာ တစ်နေ့နေ့တွင် သူ လွမ်းဆွတ်စွာ ပြန်လည် တွေးတော နေမည့် အရာတစ်ခုပင်။

သူ ရက်အနည်းငယ် အတွင်း ထွက်ခွာ တော့မည်။

သူ့ထံတွင် အခြား အတွေးများစွာ မရှိတော့။

မုန်တိုင်းက သစ်သားတဲလေး အပေါ်သို့ သွန်ချ နေသည်။ အဘိုးအိုက ပုံပြင် တစ်ပုဒ်ကို ပြောနေပြီး လူငယ်က နားထောင် နေသည်။ ၎င်းမှာ ဖော်ပြ၍ မရနိုင်သော ခံစားမှု နယ်ပယ် တစ်ခုကို ဖန်တီး နေခဲ့သည်။

အချိန် အတော်ကြာပြီးနောက်၊

'အဘိုးကြီး စွန်း' နောက်ဆုံးတွင် ရပ်တန့် လိုက်သည်။ သူ အပြင်ဘက်မှ မိုးကို လှမ်းကြည့် လိုက်သည်။ သူ အမှန်တကယ် မြင်တွေ့ နေရသကဲ့သို့ပင်။

"လူလေး မင်း ဒီမှာ နေတာ ဘယ်လောက် ကြာပြီလဲ" သူ ရုတ်တရက် မေးလိုက်သည်။ 'လု' ဟု မခေါ်တော့။

နင်ချီကလည်း တဲ အပြင်ဘက်သို့ ကြည့်ရင်း တည်ငြိမ်စွာ ဆိုသည်။

"တစ်လ နီးပါး ရှိပါပြီ"

"တစ်လ တဲ့လား။ လူ့ဘဝမှာ တစ်လ ဆိုတာ ဘယ်နှခါများ ရှိလို့လဲ။ စောစော ပြန်ပါကွာ။ ငါ့လို မျက်မမြင် အဘိုးကြီး တစ်ယောက်နဲ့ ဒီမှာ အချိန် ဒီလောက် ဖြုန်းတီး နေရတာ မတန်ပါဘူး"

နင်ချီက ပြုံးလိုက်သည်။

"ဒီနေရာက တော်တော် နေလို့ ကောင်းပါတယ်။ ကျွန်တော် ထင်တယ် ၊ ဒီတစ်လက အရမ်း အဓိပ္ပာယ် ရှိခဲ့ပါတယ်"

ဤသည်မှာ အမှန်တရားပင်။ ဤ တစ်လတာ ကာလက သူ၏ စိတ်အခြေအနေကို သိမ်မွေ့စွာ ပြောင်းလဲ သွားစေခဲ့သည်။ 'အစစ်အမှန်သိုင်းတောင်' တွင် သူ၏ အတွေ့အကြုံများနှင့် လုံးဝ ကွဲပြားသော ခံစားမှု တစ်မျိုး ဖြစ်သည်။

တစ်ဖန် တိတ်ဆိတ် သွားပြန်သည်။

ခဏ အကြာတွင် 'အဘိုးကြီး စွန်း' ၏ လွင့်မျော နေသော အသံက ဖြည်းညင်းစွာ ထွက်ပေါ် လာသည်။

"ဖြစ်နိုင်တာက 'သိုင်းသူတော်စင်' ရဲ့ ပုံပြင်က အစောကြီး ကတည်းက ပြီးဆုံး သွားသင့်တာ။ ခဏ နေရင် ငါ လည်း ထွက်သွား သင့်ပြီ"

သူ နင်ချီ 'သိုင်းသူတော်စင်' ၏ ပုံပြင်ကို အထူး စိတ်ဝင်စား နေသည်ကို သူ သတိထား မိခဲ့သည်။

နင်ချီ အံ့အား သင့်သွားသည်။

"ခင်ဗျား ဘယ် သွားမလို့လဲဗျ"

မျက်မမြင် အဘိုးအိုက အဝေးသို့ ငေးကြည့် လိုက်သည်။

"လောက ကြီးက ငါ့ အိမ်ပဲ"

မျက်မမြင် အဘိုးအိုက သူ၏ ပုံပြော ကိရိယာများကို စတင် ထုပ်ပိုး လိုက်သည်။ သူ၏ အသံတွင် မှော်ဆန်မှု တစ်ခု ပါဝင် နေသကဲ့သို့။

"'သိုင်းသူတော်စင်' အဆင့် ကိစ္စတွေကို သိပ် နက်နက်ရှိုင်းရှိုင်း မ စူးစမ်း တာ အကောင်းဆုံး ပဲ။ သိချင် စူးစမ်း စိတ် သိပ် များ တာ က အမြဲတမ်း မကောင်း ဘူး"

နင်ချီ တိတ်ဆိတ် သွားပြီး မေးလိုက်သည်။

"အဘ။ 'ကောင်းကင်ဘုံကို ခုတ်သတ်ခြင်း သိုင်းသူတော်စင်' သူ့ရဲ့ နှောင်းပိုင်း ကာလမှာ ပြန်လာ တာကို တစ်စုံ တစ်ယောက် က တကယ် မြင် လိုက် ရ တာ လား"

ထိုသို့ မေးမြန်းသည်ကို ကြားလိုက်ရသောအခါ မျက်မမြင် အဘိုးအိုက တဟဲဟဲ ရယ်မော လိုက်သည်။

"ဖြစ်နိုင် တာ ပေါ့။ ဘယ်သူက အမှန် အမှား ခွဲ နိုင် မှာ လဲ။ 'သိုင်းသူတော်စင်' ရဲ့ ကိစ္စ တွေ ကို ဘယ်သူ မှ မသိ ဘူး။ ဖြစ်နိုင် တာ က သူတို့ ရဲ့ အသက် ကြီး ကာလ မှာ ကပ်ဘေး ဆိုက် ခဲ့ တာ လည်း ဖြစ် နိုင် တယ်။ ဒါမှ မဟုတ် သူတို့ မ ဖော်ပြ နိုင် ခဲ့ တဲ့ တစ်စုံတစ်ခု ကို ဖော်ပြ နိုင် ဖို့ ကြိုးစား ခဲ့ တာ လည်း ဖြစ် နိုင် တာ ပဲ"

အာရုံ စူးစိုက်မှု မရှိသော မျက်လုံးများ ရုတ်တရက် မော့ကြည့်လာသည်။ နင်ချီ၏ နှလုံးသားထဲတွင် အေးစက်သော ခံစားမှု တစ်ခုကို ဖြစ်ပေါ် စေခဲ့သည်။

မျက်မမြင် အဘိုးအို လွင့်မျော ပျောက်ကွယ် သွားသည်။

မိုးမှာ သည်းထန်စွာ ရွာသွန်း နေသော်လည်း သူ ထီး မဆောင်း ထား။ မိုးရေများက သူ့ကို မထိခတ် ခဲ့။

ရံဖန်ရံခါ ဤသည်ကို တွေ့မြင် လိုက်ရသော ဖြတ်သွား ဖြတ်လာများမှာ အံ့ဩသည့် အရိပ်အယောင် မပြကြ။ သူတို့ လုံးဝ မမြင်တွေ့ လိုက်ရ သကဲ့သို့ပင်။

နင်ချီ သစ်သားတဲလေးထဲတွင် တစ်ယောက်တည်း ရပ်ကျန် နေခဲ့သည်။

'ကပ်ဘေး။ မကောင်း ဆိုဝါး။'

သူ 'သိုင်းသူတော်စင်' ၏ လျှို့ဝှက်ချက်များကို ထိတွေ့ နေမိပြီ ဖြစ်ကြောင်း ခံစား လိုက်ရသည်။

အချိန် အတော်ကြာပြီးနောက်၊

နင်ချီ အသက် ပြင်းပြင်း ရှူထုတ် လိုက်သည်။

'လှေက တံတားကို ရောက်ရင် အလိုလို တည့်သွား မှာပဲ'

ဤ နယ်ပယ်၏ အလွန်တွင် မည်သည့် လျှို့ဝှက်ချက်များ ပုန်းကွယ် နေသည်ကို သူ နားမလည် သေးသော်လည်း အနည်းဆုံးတော့ သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင် ထားပြီး ဖြစ်သည်။

ကျန်တာတွေကတော့..

သူ 'သိုင်းသူတော်စင်' အဆင့်သို့ ရောက်ရှိ သွားသည့်တိုင်အောင် စောင့်ဆိုင်း ပြီးမှသာ သေချာ စူးစမ်း ရှာဖွေရ ပေတော့မည်။

နင်ချီ ဤသည်ကို

..'ကောင်းကင်ဘုံလူသားနယ်ပယ်' သို့ ချိုးဖြတ်ပြီးသည့်အခါ ချဉ်းကပ် နိုင်လိမ့်မည်ဟု တွေးလိုက်သည်။ ဤ ခြေလှမ်းနှင့် သူ သိပ်မဝေး တော့။

'သွေးကျောက်စိမ်း ဆေးလုံး' ကို သန့်စင် ပြီးသည်နှင့် နင်ချီက 'မူလအမြုတေ' အဆင့်သို့ တက်လှမ်းခြင်းကို အရှိန် မြှင့်တင် နိုင်ပေတော့မည်။

ထို့နောက်တွင်တော့ 'ကောင်းကင်ဘုံ လူသားနယ်ပယ်' ပင်။

All Chapters