← Chapters

အခန်း (၇၉၀-၇၉၂)

Vol. 53 Ch. 790-792

အခန်း (၇၉၀-၇၉၂)

Vol. 53 Ch. 790-792

အခန်း (၇၉၀) - ဖုံးကွယ်နေသော ဆုံမှတ် ခြောက်ခု

~နင်ချီ က လက်ကို ဝှေ့ယမ်းလိုက်ပြီး...

“သွားကြတော့။ အမိန့်ပေးပြီးပြီ။ စစ်မြေပြင်နယ်မြေ ထဲမှာ ခင်ဗျားတို့ ဘယ်လောက်အထိ အကျိုးအမြတ် ရမလဲ ဆိုတာကတော့ ခင်ဗျားတို့ အပေါ်မှာပဲ မူတည်ပါတော့တယ်”

စစ်တပ်ကြီး သုံးခုလုံး ချက်ချင်း မတ်တတ်ရပ်လိုက်ကြ၏။

မထွက်ခွာမီလေးတွင် ချီခယ်ချင်း က ဆက်ပြောလိုက်သည်။

“အရှင်သခင် နင်... ကျွန်မတို့ ဖူယောင် နယ်မြေ က ကျင့်ကြံသူ တွေ အားလုံး တိုင်ပင်ပြီး ဆုံးဖြတ်ထားတာ တစ်ခု ရှိပါတယ်။ ကျွန်မတို့ စစ်မြေပြင်နယ်မြေ ထဲမှာ ရရှိသမျှ အကျိုးအမြတ် အားလုံးရဲ့ (၃၀) ရာခိုင်နှုန်းကို အရှင်သခင် နင် ဆီ ပေးအပ်ပါ့မယ်။ ဒါက ကျွန်မတို့ရဲ့ စိတ်ရင်းမှန်နဲ့ ပေးတာ ဖြစ်လို့... ကျေးဇူးပြုပြီး ငြင်းပယ်တာမျိုး မလုပ်ပါနဲ့ ရှင်”

နင်ချီ သည် ရှက်ကိုးရှက်ကန်း မဖြစ်သလို၊ သူတော်စင် တစ်ယောက်လို ဟန်ဆောင်နေခြင်းမျိုးလည်း မလုပ်ခဲ့ချေ။ သူက ပြုံးလိုက်ပြီး...

“ခင်ဗျားတို့ အားလုံးက ပေးချင်နေမှတော့... ကျွန်တော်လည်း သေချာပေါက် လက်ခံရမှာပေါ့ဗျာ”

ချီခယ်ချင်း နှင့် သူမ၏ နောက်ကွယ်ရှိ လူများမှာ သက်ပြင်းချကာ စိတ်အေးသွားကြတော့သည်။ ယခုအခါ အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်ရာ နင်ချီ က လုံးဝ လက်မခံမှာကို သူတို့ အမှန်တကယ်ပင် ကြောက်ရွံ့နေခဲ့ကြခြင်း ဖြစ်၏။

မည်သို့ပင်ဆိုစေ သူတို့သည် နင်ချီ ၏ အစစ်အမှန် လက်အောက်ငယ်သားများ မဟုတ်ကြချေ။ အကယ်၍ သူတို့က နင်ချီ ၏ နောက်သို့ ဆက်လက် လိုက်ပါချင်သည် ဆိုပါက... သူတို့၏ အကျိုးစီးပွားများကို နင်ချီ နှင့်အတူ မခွဲဝေဘဲ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါမည်နည်း။

ကျူးယန့်ချွမ်း နှင့် အခြား နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြပြီး ချက်ချင်းပင် ဆိုလိုက်ကြ၏။

“ကျွန်တော်တို့ လန်ယာ နယ်မြေ က ကျင့်ကြံသူ တွေကလည်း နယ်မြေအရှင်သခင် ရဲ့ ကျေးဇူးတွေကို ပြန်လည် ဆပ်တဲ့ အနေနဲ့... ကျွန်တော်တို့ရဲ့ အကျိုးအမြတ် (၃၀) ရာခိုင်နှုန်းကို ပေးအပ်ဖို့ အသင့်ပါပဲ ခင်ဗျာ”

နင်ချီ က ခေါင်းညိတ်လိုက်ပြီး

“ကောင်းပြီလေ” ဟု ဆိုလိုက်သည်။

နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးမှာ နင်ချီ ကို နှမြောတသသော အကြည့်များဖြင့် ငေးကြည့်နေကြ၏။

ရုတ်တရက် နင်ချီ က တစ်ခုခုကို သတိရသွားပြီး ၊

“ကျွန်တော် မေ့နေမလို့ပဲ... ခုနက ကျွန်တော် လူတချို့ကို ကယ်လာခဲ့သေးတယ်။ ဒါပေမဲ့ ခင်ဗျားတို့ဆီကို တည်နေရာ မရွှေ့ပြောင်းပေးလိုက်ရသေးဘူး”

သူက ဟင်းလင်းပြင် ကို လက်ညှိုး ညွှန်ပြလိုက်ရာ... မျက်စိတစ်မှိတ် အတွင်းမှာပင် ဟင်းလင်းပြင် ထဲမှနေ၍ လူရာဂဏန်းခန့် ထွက်ပေါ်လာပြီး ဤနေရာသို့ တည်နေရာ ရွှေ့ပြောင်း ရောက်ရှိလာတော့သည်။

ထို လူတစ်ရာခန့်မှာ စစ်ခုန်လန် ၏ စစ်တပ်အတွင်းမှ ဖြစ်ကြပြီး၊ အားလုံးမှာ အစစ်အမှန်သိုင်းကမ္ဘာ မှ လူဝင်စား များ ဖြစ်ကြ၏။

သူတို့၏ အဆင့်အတန်းမှာ အလွန်တရာ အကဲဆတ်လွန်းလှသဖြင့်၊ နင်ချီ သည် သူတို့ကို ချီခယ်ချင်း နှင့် အခြားသူများနှင့်အတူ တစ်ပြိုင်နက်တည်း ကယ်တင်ခြင်း မပြုခဲ့ချေ။

ထင်ထားသည့်အတိုင်းပင် ထို လူတစ်ရာကို မြင်လိုက်ရသောအခါ၊ ဖူယောင် နယ်မြေ မှ ကျင့်ကြံသူ အများအပြားမှာ နင်ချီ က ဘာကြောင့် သူတို့ကို ကယ်တင်ခဲ့သနည်း ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်သွားကြရ၏။

အစစ်အမှန်သိုင်းကမ္ဘာ မှ ကျင့်ကြံသူ များသာလျှင် ထို လူတစ်ရာမှာ သူတို့၏ ကိုယ်ပိုင် လူများ ဖြစ်ကြပြီး၊ နင်ချီ ၏ အစစ်အမှန် လက်အောက်ငယ်သားများ ဖြစ်ကြောင်းကို သိရှိထားကြသည်။

နင်ချီ က ဆိုလိုက်၏။

“သူတို့ကို စစ်ခုန်လန် နဲ့ တတန်းတည်း သွားမထားကြနဲ့နော်။ အရင်တုန်းက သူတို့က ငါ့ကို သတင်းတွေ ပေးခဲ့တာလေ”

“ကျွန်တော်တို့ နားလည်ပါပြီ ခင်ဗျာ”

အမှန်တကယ်တော့ ချီခယ်ချင်း နှင့် အခြားသူများမှာ အပြည့်အဝ နားမလည်ကြသေးသော်ငြားလည်း... နင်ချီ ပေါ်ထွက်လာပြီးနောက်တွင် ထို လူတစ်ရာက နင်ချီ ထံသို့ တိတ်တဆိတ် သတင်းပေးပို့ခဲ့ခြင်း ဖြစ်ရမည်ဟု ခန့်မှန်းလိုက်ကြ၏။

နင်ချီ သည် နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးကို စူးစိုက်ကြည့်နေပြီး... ဤ လူတစ်ရာကို မည်သို့ နေရာချထားပေးရမည်နည်း ဟု တွေးတောနေခဲ့သည်။

သူ၏ အကြည့်များက ထျန်းချန်း အဆင့်မြင့်ဂိုဏ်း မှ ရှချန်း၊ ချင်းရှား အဆင့်မြင့်ဂိုဏ်း မှ တာအိုဆရာ ပိုင်ရှန်၊ လော့ထျန်း အဆင့်မြင့်ဂိုဏ်း မှ ဟွမ်ချန် တို့အပေါ်သို့ ကျရောက်သွား၏။

သူတို့ကို ထိုသူများထံ အပ်နှံလိုက်ရင် ကောင်းမလား။

ထိုသူများက သူ့ကို လှမ်းကြည့်ကာ မျက်တောင်များ တဖျတ်ဖျတ် ခတ်ပြနေကြပြီး... 'ကျွန်တော်တို့ကိုသာ လွှဲထားလိုက်ပါ' ဟု ပြောနေသည့်အလားပင်။

သို့သော် နောက်ဆုံးတွင်တော့ နင်ချီ သည် အကန့်အသတ်မဲ့ ဓားဂိုဏ်း မှ ချင်မင်ဟောက် ထံသို့သာ လွှဲပြောင်းပေးရန် ဆုံးဖြတ်လိုက်တော့သည်။

“မင်ဟောက်... သူတို့ကို မင်းဆီမှာပဲ အပ်ခဲ့မယ်။ သူတို့ကို သေချာ ဂရုစိုက်ပေးလိုက်ပါဦး”

ချင်မင်ဟောက် မှာ နင်ချီ က သူ၏ နာမည်ကို ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ အလွန်တရာ ဝမ်းသာသွားတော့သည်။

သူက စစ်တပ်ကြီး အတွင်းမှနေ၍ ပြန်လည် ဖြေကြားလိုက်၏။

“စိတ်ချပါ စီနီယာအစ်ကိုကြီး နင်... မင်ဟောက် နားလည်ပါတယ် ခင်ဗျာ”

ချင်မင်ဟောက် သည် နင်ချီ မှာ အစစ်အမှန်သိုင်းကမ္ဘာ ၏ အရှင်သခင် ဖြစ်ကြောင်း သိရှိထားသော တောင်နှင့် ပင်လယ် ကမ္ဘာ မှ လူအနည်းငယ် ထဲတွင် တစ်ဦး အပါအဝင် ဖြစ်၏။ သူသည် နင်ချီ အပေါ် သစ္စာခံထားပြီး ဖြစ်ကာ သူ၏ အသက်မှာ နင်ချီ ၏ လက်ထဲတွင် ရှိနေသည်။

ထို့ကြောင့် နင်ချီ အနေဖြင့် ထို လူတစ်ရာကို သူ့ထံတွင် အပ်နှံထားရန် အလွန်တရာ စိတ်ချလက်ချ ရှိနေခြင်း ဖြစ်၏။

မည်သို့ပင်ဆိုစေ ချင်မင်ဟောက် သည် ယခုအခါ အကန့်အသတ်မဲ့ ဓားဂိုဏ်း တွင် နင်ချီ ၏ နေရာ၌ တာဝန်ယူကာ ဓာတ်ကြီးငါးပါး တောင်ထွတ် ကို အုပ်ချုပ်နေသူ ဖြစ်ပြီး၊ ထိုအထဲတွင် အစစ်အမှန်သိုင်းကမ္ဘာ မှ လူဝင်စား အများအပြား ပါဝင်နေသည် မဟုတ်ပါလော။

ထို လူတစ်ရာ၏ ကိစ္စကို ဖြေရှင်းပြီးစီးသွားပြီးနောက် နင်ချီ က ဆိုလိုက်သည်။

“ကိစ္စတွေ အားလုံး ပြီးပြီ ဆိုတော့... ခင်ဗျားတို့ သွားလို့ ရပါပြီ”

စစ်တပ်ကြီး သုံးခု၏ ခေါင်းဆောင်များက ချက်ချင်းပင် ပြန်လည် ဖြေကြားလိုက်ကြ၏။

“ကျွန်တော်တို့ (ကျွန်မတို့) ခွင့်ပြုပါဦး ရှင် (ခင်ဗျာ)”

သူတို့က ရှေ့ဆုံးမှနေ၍ စစ်တပ်ကြီး သုံးခုကို ဦးဆောင်ကာ ထွက်ခွာသွားကြတော့သည်။

စစ်တပ်ကြီး သုံးခုမှာ ယခင်က တစ်ခါမှ မရှိခဲ့ဖူးသော ကျင့်ကြံသူ စစ်တပ်ကြီး တစ်ခုအဖြစ် ပေါင်းစည်းသွားပြီး ထွက်ခွာသွားသည်ကို ကြည့်ရင်း နင်ချီ ၏ နှုတ်ခမ်းထောင့်တွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လွင်နေ၏။

ဤအရာမှာ စစ်မြေပြင်နယ်မြေ အတွင်းသို့ ဝင်ရောက်လာပြီးနောက် သူ ရရှိခဲ့သော မထင်မှတ်ထားသည့် အကျိုးအမြတ် တစ်ခုဟုပင် ဆိုနိုင်ပါသည်။

wunzinnosp

အခန်း (၇၉၁) - ဖုံးကွယ်နေသော ဆုံမှတ် ခြောက်ခု

~“နင်ကလေး... ငါ့ တစ်သက်လုံး ဘယ်သူ့ လက်အောက်မှာမှ မနေခဲ့ဖူးဘူး။ မင်း တစ်ယောက်တည်းပဲ ရှိတယ်ကွ”

ရုတ်တရက် ဓားဘိုးဘေးကြီး က အသံလွှင့်ကာ ဆက်သွယ်လာ၏။

နင်ချီ က ပြန်လည် ဖြေကြားလိုက်သည်။

“အဘိုးကြီး... ကျွန်တော့်ကို လာမြှောက်ပင့် မနေပါနဲ့။ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးကို ခင်ဗျား ဆီမှာပဲ အပ်ခဲ့မယ်နော်။ ပြီးတော့ တခြား နယ်မြေ နှစ်ခု က ကျင့်ကြံသူ တွေကိုလည်း သေချာ စောင့်ကြည့်ပေးထားပါဦး”

ဓားဘိုးဘေးကြီး မှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ပြုံးကာ ပြန်ဖြေလိုက်၏။

“စိတ်မပူပါနဲ့... ငါ ဒီမှာ ရှိနေတာပဲ။ သူတို့က လူမိုက်တွေမှ မဟုတ်တာ... အထင်လွဲစရာ ကိစ္စမျိုးကို သေချာပေါက် လုပ်မှာ မဟုတ်ပါဘူးကွာ”

နင်ချီ က လက်ချောင်း နှစ်ချောင်းကို ဓားပုံစံ ပူးလိုက်ပြီး ဓားဘိုးဘေးကြီး ထွက်ခွာသွားသော အရပ်ဆီသို့ ချိန်ရွယ်လိုက်၏။

ဓာတ်ကြီးငါးပါး နတ်ဘုရား စွမ်းအားမျှင် တစ်ချောင်းက ဟင်းလင်းပြင် ထဲသို့ မျက်စိတစ်မှိတ် အတွင်း ပျံသန်းသွားပြီး၊ ဓားဘိုးဘေးကြီး ၏ အနောက်သို့ လိုက်မီသွားကာ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။

“ငါ မေ့နေမလို့ပဲ... ငါက ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့်ကို ရောက်နေပြီဆိုတော့... အဘိုးကြီး ရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းကိုလည်း မြှင့်တင်ပေးသင့်တာပေါ့”

သူတို့ နှစ်ဦး၏ ခွန်အားများမှာ မတိမ်းမယိမ်း ရှိကြ၏။ ဓားဘိုးဘေးကြီး မှာ အံ့မခန်း ပါရမီရှင် တစ်ဦး ဖြစ်ပြီး၊ အကယ်၍သာ မိစ္ဆာချီ များ၏ လွှမ်းမိုးမှုကို မခံခဲ့ရပါက... သူသည် ဂိုဏ်းချုပ်ကြီး တစ်ဦး၏ အဆင့်အတန်းသို့ ရောက်ရှိနေသည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။

နင်ချီ သည် သူ၏ မိစ္ဆာချီ များကို လောလောဆယ် မဖြေရှင်းပေးနိုင်သေးသော်ငြားလည်း၊ ဓားဘိုးဘေးကြီး ၏ ခွန်အားကို မြှင့်တင်ပေးခြင်းက နတ်ဘုရား လေပြေ နယ်မြေ မှ ကျင့်ကြံသူ များကို ရင်ဆိုင်ရာတွင် သူတို့အတွက် ကြီးမားသော အထောက်အကူ တစ်ခု ဖြစ်လာစေမည်မှာ သေချာလှ၏။

ခပ်လှမ်းလှမ်းမှနေ၍ ဓားဘိုးဘေးကြီး ၏ ရှည်လျားသော အော်ဟစ်သံကြီး ထွက်ပေါ်လာပြီးနောက်၊ သူသည် ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့်သို့ ချက်ချင်း တက်လှမ်းသွားတော့သည်။

ဤမြင်ကွင်းက အခြားသော ကျင့်ကြံသူ နှစ်ဦးကို သဘာဝကျကျပင် အလွန်တရာ အံ့အားသင့်သွားစေခဲ့ပြီး... နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ ကျင့်ကြံသူ များမှာ တကယ့်ကို အံ့မခန်း ဖြစ်ကြောင်း ဝန်ခံလိုက်ကြရတော့သည်။

လူတိုင်း ထွက်ခွာသွားပြီးနောက်တွင် နင်ချီ တစ်ယောက်တည်းသာ ဟင်းလင်းပြင် ထဲတွင် ကျန်ရစ်ခဲ့၏။

သူက ဟင်းလင်းပြင် ထဲသို့ ခြေလှမ်း တစ်လှမ်း တက်လှမ်းလိုက်ပြီး ဤ နယ်မြေကို စူးစမ်း လေ့လာရန် စတင်လိုက်တော့သည်။

ဤနေရာရှိ ဆုံမှတ် မှာ အသက်မဝင်သေးချေ။ ဆုံမှတ်ပုလဲ မှာလည်း နင်ချီ ၏ လက်ထဲတွင် ရှိနေဆဲ ဖြစ်ရာ၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် မှာ ဆင်းသက်လာနိုင်ခြင်း မရှိသေးပေ။

သူသည် ဤအချိန်တွင် ၎င်းကို အသက်သွင်းရန် သဘာဝကျကျပင် မရွေးချယ်ခဲ့ချေ။ ထိုအစား ဤနေရာ ဖြစ်တည်လာရခြင်း၏ အကြောင်းရင်းကို အပြည့်အဝ နားလည် သဘောပေါက်ရန် ဆန္ဒရှိနေခဲ့၏။

ဤနေရာမှာ အလွန်တရာ ထူးခြားလှပြီး၊ ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ ဆန္ဒတော်တွေ ပင်လျှင် ဤနေရာသို့ ထိုးဖောက် ဝင်ရောက်နိုင်စွမ်း မရှိကြချေ။ နင်ချီ ကိုယ်တိုင်ပင်လျှင် ဤနေရာကို ရှာဖွေ တွေ့ရှိခြင်းက စစ်မြေပြင်နယ်မြေ အတွင်းသို့ ဝင်ရောက်လာပြီးနောက် သူ၏ အကြီးမားဆုံးသော အကျိုးအမြတ် ဟု မှတ်ယူထား၏။

ယခု လူတိုင်း ထွက်ခွာသွားပြီ ဖြစ်ရာ... နင်ချီ သည် အခြေအနေ အရပ်ရပ်ကို အသေအချာ စူးစမ်း လေ့လာနိုင်ပြီ ဖြစ်သည်။

အကယ်၍ သူသာ ဤနေရာကို အပြည့်အဝ သုတေသန ပြုလုပ်ပြီးစီးသွားပါက၊ သူသည် ဤ ဟင်းလင်းပြင် ကို ဖြတ်တောက်ကာ အစစ်အမှန်သိုင်းကမ္ဘာ အတွင်းသို့ ပေါင်းစပ် ထည့်သွင်းလိုက်မည် ဖြစ်ပြီး... ထိုမှတစ်ဆင့် အစစ်အမှန်သိုင်းကမ္ဘာ ကြီးကို လျင်မြန်စွာ ပိုမို အစွမ်းထက်လာစေရန် ဖန်တီးပေးနိုင်မည် ဖြစ်၏။

နင်ချီ သည် တစ်ခါတစ်ရံတွင် အထက်မှနေ၍ အောက်သို့ ငုံ့ကြည့်လေ့လာကာ၊ တစ်ခါတစ်ရံတွင်လည်း 'မြေကြီးကို လက်မအနည်းငယ်ခန့်အထိ ကျုံ့ဝင်စေခြင်း' နည်းစနစ်ကို အသုံးပြု၍ ကောင်းကင်ယံသို့ ပျံတက်သွားပြီး တာအို ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားလေ့ ရှိသည်။

နင်ချီ စူးစမ်း လေ့လာလေလေ... ဤနေရာမှာ ပိုမို ထူးဆန်းလာလေလေ ဖြစ်ကြောင်း ခံစားလာရ၏။

စစ်မြေပြင်နယ်မြေ အတွင်း၌ ဤကဲ့သို့သော နေရာမျိုး ဘယ်နှစ်နေရာလောက် ရှိနေမလဲ ဆိုတာကို သူ မသိသေးချေ။

အကယ်၍ အများကြီး ရှိနေမယ် ဆိုရင်... သူ သိမ်းပိုက်နိုင်မယ့် ဟင်းလင်းပြင် တွေလည်း ပိုများလာမှာပဲ မဟုတ်လား။

ခဏအကြာတွင် နင်ချီ ရုတ်တရက် ရပ်တန့်သွား၏။

သူ..ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ငါ နားလည်ပြီ”

တောင်နှင့် ပင်လယ် ကမ္ဘာ သည် ကျယ်ပြန့်သော ကမ္ဘာ နှင့် ချိတ်ဆက်သွားပြီး၊ နယ်မြေများ ပင်လယ် ထံမှ စွမ်းအင်များကို ဆွဲယူကာ စစ်မြေပြင်နယ်မြေ ကိုးခုကို ဖန်တီးခဲ့ကြခြင်း ဖြစ်၏။

ကမ္ဘာကြီး နှစ်ခုစလုံးကို ဝိညာဉ်နယ်မြေ များဟု ခေါ်ဆိုကြသော်ငြားလည်း၊ သူတို့က နယ်မြေများ ပင်လယ် ထဲတွင် ဟင်းလင်းပြင် အသစ်များကို ဖန်တီးချင်တိုင်း... အရာအားလုံးကို ဘယ်လိုလုပ်ပြီး ပြီးပြည့်စုံအောင် ဖန်တီးနိုင်မည်နည်း။

အကယ်၍ ထိုသို့သာ တကယ် လုပ်နိုင်ခဲ့မည် ဆိုလျှင်... သူတို့က နယ်မြေများ ပင်လယ် ထဲမှာ သူတို့၏ ကိုယ်ပိုင် ဝိညာဉ်နယ်မြေ တွေကို ပိုမို ကျယ်ပြန့်လာအောင် အရင်ဆုံး ချဲ့ထွင်ခဲ့ကြမည်ပင်။

ဘာအတွက် ဒီ စစ်မြေပြင်နယ်မြေ တွေကို ဖန်တီးဖို့ စွမ်းအားတွေ အကုန်ခံနေဦးမည်လဲ။

ထို့ကြောင့် စစ်မြေပြင်နယ်မြေ အတွင်း၌ ဤကဲ့သို့သော ဖုံးကွယ်နေသည့် အထူး ဆုံမှတ် များ ပေါ်ထွက်လာရခြင်းမှာ မလွှဲမရှောင်သာသော ကိစ္စတစ်ခုပင် ဖြစ်သည်။

ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ ဆန္ဒတော်တွေ သည် နေရာတိုင်းကို မလွှမ်းမိုးချင်၍ မဟုတ်ဘဲ... သူတို့ လွှမ်းမိုးနိုင်စွမ်း မရှိလို့သာ ဖြစ်၏။

နင်ချီ ၏ မျက်လုံးများ တလက်လက် တောက်ပသွားပြီး၊ ဤအချက်ကြောင့်ပင် သူ အလွန်တရာ ကြီးမားလှသော အခွင့်အရေး တစ်ခုကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

နင်ချီ က သူ၏ ဝိညာဉ်ပျံသန်း ရှာဖွေရေး သံလိုက် အိမ်မြှောင် ကို ထုတ်ယူလိုက်ပြီး သံလိုက် အိမ်မြှောင် ရေဒါပေါ်ရှိ မြေပုံကို တစ်ချက် လှမ်းကြည့်လိုက်၏။

ယခုအခါ နင်ချီ ၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာ ပိုမို နက်ရှိုင်းလာပြီး စစ်မြေပြင်နယ်မြေ နှင့် ပတ်သက်၍လည်း ပိုမို နားလည် သဘောပေါက်လာပြီ ဖြစ်ရာ... သူ၏ သံလိုက် အိမ်မြှောင် ရေဒါပေါ်တွင် ဖော်ပြနေသော အချက်အလက်များမှာ ဓားဘိုးဘေးကြီး နှင့် အခြားသူများကို ပေးအပ်ထားသော သံလိုက် အိမ်မြှောင် များထက် များစွာ သာလွန်နေပြီပင်။

၎င်းပေါ်ရှိ မြေပုံမှာ အလွန်တရာ အသေးစိတ် ကျလွန်းလှပြီး၊ ဤ စစ်မြေပြင်နယ်မြေ အတွင်းရှိ ဆုံမှတ် များ အားလုံးနီးပါး ပါဝင်နေ၏။

သိမ်းပိုက်ပြီးသား ဆုံမှတ် များ အားလုံးမှာ တောက်ပစွာ လင်းလက်နေပြီး၊ မသိမ်းပိုက်ရသေးသော ဆုံမှတ် များမှာမူ တစ်ဝက်လင်း၊ တစ်ဝက်မှောင် ဖြစ်နေကြသည်။

နင်ချီ က အသေအချာ ရေတွက်ကြည့်လိုက်ရာ၊ သူ့ရှေ့ရှိ အထူး ဆုံမှတ် အပါအဝင် မြေပုံပေါ်တွင် ဆုံမှတ် ပေါင်း (၃၁) ခု ရှိနေကြောင်း တွေ့လိုက်ရ၏။

အကယ်၍ စစ်ခုန်လန် နှင့် အခြားသူများက ဤ ဆုံမှတ် ကို ရှာဖွေ မတွေ့ရှိခဲ့ဘဲ သူ့ကို ဤနေရာသို့ မျှားခေါ်ရန် မကြိုးစားခဲ့ပါက... နင်ချီ ကိုယ်တိုင်ပင် စစ်မြေပြင်နယ်မြေ အတွင်း၌ ယခုလို နေရာမျိုး ရှိနေလိမ့်မည်ဟု သတိပြုမိခဲ့မည် မဟုတ်ချေ။

နင်ချီ က ချက်ချင်းပင် သံလိုက် အိမ်မြှောင် ပေါ်ရှိ အချက်အလက်များကို ချိန်ညှိလိုက်ပြီး၊ ဤနေရာမှ ရရှိလာသော အချက်အလက်များ အားလုံးကို ထိုအထဲသို့ ပေါင်းစပ် ထည့်သွင်းလိုက်၏။

မကြာမီမှာပင် မြေပုံပေါ်တွင် နောက်ထပ် ဆုံမှတ် ငါးခု ထပ်မံ ပေါ်ထွက်လာတော့သည်။

သို့သော် ထို ဆုံမှတ် ငါးခု ထံမှ အလင်းရောင်များမှာ အလွန်တရာ မှေးမှိန်လွန်းလှပြီး မျက်စိဖြင့်ပင် မမြင်နိုင်လုမတတ် ဖြစ်နေ၏။

“ဒီနယ်မြေ ထဲမှာ စုစုပေါင်း ဆုံမှတ် (၃၆) ခု ရှိတာပဲ။ အဲဒီအထဲက (၆) ခုက ဖုံးကွယ်နေတဲ့ ဆုံမှတ် တွေ ဖြစ်တယ်။ ဆိုလိုတာက... ငါ ဟင်းလင်းပြင် ကို ဖြတ်တောက်ပြီး အစစ်အမှန်သိုင်းကမ္ဘာ ထဲကို ပေါင်းစပ် ထည့်သွင်းနိုင်မယ့် နေရာ ခြောက်နေရာ ရှိနေတာပေါ့”

wunzinnosp

အခန်း (၇၉၂) - စည်းမျဉ်း နယ်ပယ် အဆင့်ကြီး တက်လှမ်းခြင်း

~သို့သော် ထို ဆုံမှတ် ငါးခုထံမှ ဖြာထွက်နေသော အလင်းတန်းများမှာ အလွန်တရာ မှေးမှိန်လွန်းလှပြီး မျက်စိဖြင့်ပင် မမြင်နိုင်လုမတတ် ဖြစ်နေ၏။

“ဒီနယ်မြေ တစ်ခုတည်းမှာတင် ဆုံမှတ် (၃၆) ခု ရှိတယ်။ အဲဒီအထဲက (၆) ခုက ဖုံးကွယ်နေတဲ့ ဆုံမှတ် တွေ ဖြစ်နေတယ်။ ဆိုလိုတာက... ငါ ဟင်းလင်းပြင် ကို ဖြတ်တောက်ပြီး အစစ်အမှန်သိုင်းကမ္ဘာ ထဲကို ပေါင်းစပ် ထည့်သွင်းနိုင်မယ့် နေရာ ခြောက်နေရာ ရှိနေတာပေါ့”

နင်ချီ သည် သူ၏ လက်ထဲရှိ ဝိညာဉ်စွမ်းအင်များဖြင့် ချဲ့ထွင်ထားသော မြေပုံကို ငေးကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် ဝမ်းသာ ပီတိ ဖြစ်နေသော အမူအရာများ ပေါ်လွင်နေသည်။

ယခုအခါ သူသည် စစ်မြေပြင်နယ်မြေ အတွင်းရှိ ဆုံမှတ်များ အားလုံးကို အပြည့်အဝ စူးစမ်း လေ့လာပြီးစီးသွားပြီ ဖြစ်ရာ... အခြားသော စစ်မြေပြင်နယ်မြေ များ၏ ဖွဲ့စည်းပုံမှာလည်း ဤအတိုင်းပင် ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းထား၏။

နင်ချီ က သူ၏ လက်ကို တစ်ချက် လှန်လိုက်ရာ သံလိုက် အိမ်မြှောင် မှာ ပျောက်ကွယ်သွားပြီး သူ၏ လက်ထဲတွင် ဤနေရာရှိ ဆုံမှတ်ပုလဲ အစားထိုး ပေါ်ထွက်လာတော့သည်။

ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီးနောက်... သူက ၎င်းကို အားကုန် ညှစ်ကာ မှုန့်မှုန့်ညက်ညက် ကြေမွသွားအောင် ချေမွပစ်လိုက်၏။

“အစစ်အမှန်သိုင်းကမ္ဘာ ရဲ့ ဖွံ့ဖြိုး တိုးတက်မှု အတွက် ဒီနည်းလမ်းကလွဲပြီး တခြား မရှိဘူး။ နယ်မြေ တစ်ခုစီတိုင်းမှာ ဖုံးကွယ်နေတဲ့ ဆုံမှတ် ခြောက်ခုစီ ရှိနေတယ် ဆိုကတည်းက... ဒီ ဆုံမှတ် ခြောက်ခုက တောင်နဲ့ ပင်လယ် ကမ္ဘာ ဒါမှမဟုတ် ကျယ်ပြန့်သော ကမ္ဘာ ကို ပိုင်တာ မဟုတ်ဘူး။ ငါ တစ်ယောက်တည်း ပိုင်တဲ့ အရာတွေပဲ”

ဤနေရာကို သိမ်းပိုက်နိုင်ရန်အတွက် ဤနေရာရှိ ဆုံမှတ်ပုလဲ ကို ရယူကာ၊ ကောင်းကင်ကြယ် ပေါ်တွင် ယဇ်ပလ္လင် တစ်ခု တည်ဆောက်ပြီး ဝိညာဉ်ကမ္ဘာ ၏ ဆန္ဒတော် ကို ဆင့်ခေါ်ရမည်ပင်။

သို့သော် ယခုအခါ နင်ချီ သည် ဤနေရာရှိ ဆုံမှတ်ပုလဲ ကို မှုန့်မှုန့်ညက်ညက် ကြေမွအောင် ချေမွပစ်လိုက်ပြီ ဖြစ်၏။ ဆုံမှတ်ပုလဲ မှာ ပထမဦးစွာ အပိုင်းအစများ အဖြစ် ကွဲထွက်သွားပြီးနောက် နောက်တစ်ကြိမ် ထပ်မံ ကြေမွသွားကာ ဖုန်မှုန့်များအလား ပြောင်းလဲသွားတော့သည်။

နင်ချီ ၏ ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်များ ဖြာထွက်လာပြီး ထို ဖုန်မှုန့်များကို ဆွဲယူလိုက်ရာ... သူ၏ ပတ်လည်တွင် ဝေဝါးနေသော အဖြူရောင် အလင်းတန်း တစ်ခုအလား လှည့်ပတ်သွားတော့သည်။

“ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ် က အစစ်အမှန်သိုင်းကမ္ဘာ ပဲ။ ငါက ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ် ရဲ့ ဆန္ဒတော် ကို ဆင့်ခေါ်လိုက်ရင် ငါ ဒီနေရာကို သိမ်းပိုက်လိုက်ပြီလို့ ဆိုလိုတာလား”

နင်ချီ က လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ သူ၏ ဝိညာဉ်အာရုံကို အမြင့်ဆုံး အကွာအဝေး အထိ ဖြန့်ကျက်လိုက်ပြီး အစွန်အဖျား နေရာများကို အသေအချာ အာရုံခံကြည့်လိုက်သော်လည်း... ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ ဆန္ဒတော်တွေ ၏ တည်ရှိမှုကို လုံးဝ မတွေ့ရချေ။

ချက်ချင်းပင် သူက သူ၏ ခေါင်းပေါ်တွင် ဟင်းလင်းပြင် ဆက်သွယ်ရေး လမ်းကြောင်း တစ်ခုကို ကျွမ်းကျင် ပိုင်နိုင်စွာ တည်ဆောက်လိုက်ပြီးနောက်... မကြာမီမှာပင် စစ်မြေပြင်နယ်မြေ နှင့် အစစ်အမှန်သိုင်းကမ္ဘာ အကြားတွင် အဆက်အသွယ် တစ်ခုကို တည်ဆောက်နိုင်ခဲ့ကာ၊ နင်ချီ ကို သူ၏ ပင်မ ခန္ဓာကိုယ် နှင့် မျက်စိတစ်မှိတ် အတွင်း ချိတ်ဆက်ပေးလိုက်၏။

ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီး တစ်ခု နင်ချီ ၏ ခေါင်းပေါ်သို့ ဆင်းသက်လာပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံသွားတော့သည်။

ခန္ဓာကိုယ် ၏ နယ်မြေစွမ်းအား များက နင်ချီ ၏ ခန္ဓာကိုယ်ထဲသို့ တဟုန်ထိုး စီးဝင်လာ၏။ နင်ချီ ၏ အဖြူရောင် ဝတ်ရုံမှာ တဖျပ်ဖျတ် လွင့်ဝဲနေပြီး သူသည် သေမျိုး လောကသို့ ဆင်းသက်လာသော အင်မော်တယ် တစ်ပါးအလား ဖြစ်နေကာ... သူ၏ ခွန်အားများမှာလည်း မျက်စိတစ်မှိတ် အတွင်း တဟုန်ထိုး မြင့်တက်သွားတော့သည်။

ထို့အပြင် နင်ချီ ၏ ပတ်လည်ရှိ ဖုန်မှုန့် မြူခိုးများမှာ ကမ္ဘာ့အရှင်သခင် ၏ ဆန္ဒတော် အလင်းရောင်များအောက်တွင် ဆူပွက်နေသော ရေများအလား တက်ကြွစွာ လှုပ်ရှားလာကြ၏။

ခပ်လှမ်းလှမ်းမှ ကြည့်မည် ဆိုပါက... နင်ချီ သည် လီထောင်ပေါင်းများစွာ အထိ ဖြာထွက်နိုင်သော အဖြူရောင် အလင်းတန်း တစ်ခုကို ထုတ်လွှတ်နေသည်။ အကယ်၍ သေမျိုး လူသား တစ်ယောက်သာ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရမည် ဆိုပါက ချက်ချင်းပင် မြေကြီးပေါ်တွင် ဝပ်တွားကာ ဂါရဝပြုမိမည်မှာ သေချာလှ၏။

နင်ချီ ၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက် တစ်ခု ရုတ်တရက် ပေါ်ပေါက်လာတော့သည်။ သူသည် ဤနေရာကို အပြည့်အဝ သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း၊ ဤနေရာမှာ သူ တစ်ယောက်တည်းသာ ပိုင်ဆိုင်သော နေရာတစ်ခု ဖြစ်သွားပြီ ဖြစ်ကြောင်း ခံစားလိုက်ရ၏။

“ဒါ တကယ်ပဲလား”

နင်ချီ အနည်းငယ် အံ့အားသင့်သွားပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လွင်လာတော့သည်။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် နှင့် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် တို့က ဆုံမှတ်ပုလဲ မှတစ်ဆင့် ဤနေရာကို သိမ်းပိုက်နိုင်သည် ဆိုကတည်းက... အစစ်အမှန်သိုင်းကမ္ဘာ ၏ ဆန္ဒတော် ကလည်း သေချာပေါက် လုပ်ဆောင်နိုင်စွမ်း ရှိရမည် မဟုတ်ပါလော။

သို့သော် ဤနေရာကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့သည် ဆိုသော စိတ်ကူးယဉ် ခံစားချက်များကို နင်ချီ က သိပ်ပြီး အလေးမထားခဲ့ချေ။

ဤ အထူး နယ်မြေမှလွဲ၍ စစ်မြေပြင်နယ်မြေ တစ်ခုလုံးကို တောင်နှင့် ပင်လယ် ကမ္ဘာ နှင့် ကျယ်ပြန့်သော ကမ္ဘာ ၏ ဆန္ဒတော်တွေ က အပြည့်အဝ လွှမ်းမိုးထားကြ၏။

ထို့ကြောင့် နင်ချီ သည် ဤနေရာကို သိမ်းပိုက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ... ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ ဆန္ဒတော်တွေ နှင့် ဝင်ရောက် စွက်ဖက်ရန် မဟုတ်ဘဲ၊ ဤနေရာကို လုံးလုံးလျားလျား ခွဲထုတ်ပြီး အစစ်အမှန်သိုင်းကမ္ဘာ အတွင်းသို့ ပေါင်းစပ် ထည့်သွင်းရန်သာ ဖြစ်သည်။

ထိုအချက်ကို တွေးမိလိုက်သောအခါ နင်ချီ ၏ မျက်လုံးများ နက်ရှိုင်းသွားပြီး ရုတ်တရက် အလွန်တရာ ထက်မြက်လှသော ဓားချက် နှစ်ချက်ကို ထုတ်လွှတ်လိုက်၏။

ဤ ဓားချီ မှာ သူ၏ စိတ်ဝိညာဉ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး သူ ပိုင်ဆိုင်ထားသမျှ စွမ်းအား အားလုံးကို ထိုအထဲတွင် ပေါင်းစပ် ထည့်သွင်းထားခြင်း ဖြစ်သည်။ ၎င်းကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် မိမိ အလိုရှိသလို ထိန်းချုပ် ခြယ်လှယ်နိုင်စွမ်း ရှိ၏။

ဓားချီ မှာ အလွန်တရာ အံ့မခန်း ကျက်သရေ ရှိစွာဖြင့် ပစ်ထွက်သွားပြီး ဓားချက် တစ်ချက်စီတိုင်းမှာ ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် အစွမ်းထက်လှသည်။ နင်ချီ က ၎င်းကို ကီလိုမီတာ တစ်ထောင် အရှည်အထိ သတ်မှတ်ထားလိုက်၏။

နင်ချီ က သူ၏ စိတ်ဝိညာဉ်များကို ထိန်းချုပ်လိုက်ရာ... တာအို ဓားချီ နှစ်ခုမှာ မျက်စိတစ်မှိတ် အတွင်း ဒေါင်လိုက်နှင့် အလျားလိုက် ဆက်တိုက် ခုတ်ပိုင်းလိုက်တော့သည်။

ဓားချီ ဖြတ်သန်းသွားရာ လမ်းကြောင်း တစ်လျှောက်ရှိ ဟင်းလင်းပြင် ကြီးမှာ အပြည့်အဝ ပြတ်တောက်သွား၏။ ထို ပြတ်တောက်သွားသော နေရာမှာ အလွန်တရာ ချောမွေ့နေပြီး အနက်ရောင် မျဉ်းကြောင်းလေး တစ်ခုကို မှေးမှိန်စွာ မြင်တွေ့နေရရာ... ၎င်းမှာ ဟင်းလင်းပြင် ကြီး ပြတ်တောက်သွားသော ဖြစ်စဉ်ပင် ဖြစ်သည်။

အနက်ရောင် မျဉ်းကြောင်းလေးများ အပြည့်အဝ ပိတ်သွားသည်နှင့် တစ်ပြိုင်နက်... ရှေ့ဘက်ရှိ ဟင်းလင်းပြင် တွင် မီတာ တစ်ထောင် ပတ်လည် ကျယ်ဝန်းသော ဟင်းလင်းပြင် အတုံး ကြီးတစ်ခု မျက်စိတစ်မှိတ် အတွင်း ပေါ်ထွက်လာတော့၏။ ဤနယ်မြေမှ ခွဲထွက်သွားကာ အပြင်ဘက်တွင် သီးခြား ရပ်တည်နေလေသည်။

နင်ချီ က သူ၏ ညာလက်ကို ဆန့်ထုတ်ကာ လေထဲတွင် ဖမ်းဆုပ်လိုက်သည့် ဟန်ပန် ပြုလုပ်လိုက်၏။

အရောင်ငါးမျိုး နတ်ဘုရား အလင်းတန်း များက ကောင်းကင်ကို ဖုံးကွယ်ထားနိုင်သော ဧရာမ လက်ဝါးကြီး တစ်ခုအဖြစ် စုစည်းသွားပြီး ထို မီတာ တစ်ထောင် ပတ်လည် ကျယ်ဝန်းသော ဟင်းလင်းပြင် အတုံး ကြီးကို ဖမ်းဆုပ်ရန် ဆန့်ထွက်သွားတော့သည်။

ထို ဧရာမ လက်ဝါးကြီးမှာ မီတာ နှစ်ထောင်ခန့် အရှည်နှင့် အကျယ် ရှိပြီး ဟင်းလင်းပြင် အတုံး ကို ဖမ်းဆုပ်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုမို ကြီးမားနေ၏။

ကောင်းကင် တိုင်လုံးကြီးများအလား လက်ချောင်း ငါးချောင်းက ဟင်းလင်းပြင် အတုံး ကို ဖမ်းဆုပ်ထားလိုက်သည်။... လက်ဝါးပြင် အတွင်း၌ အရောင်ငါးမျိုး နတ်ဘုရား အလင်းတန်း များ စီးဆင်းနေကာ စက်ဝိုင်းပုံ တည်နေရာ ရွှေ့ပြောင်းခြင်း တံခါး တစ်ခုအဖြစ် ဖွဲ့စည်းသွားတော့၏။

ထို တာအို အဝင်အထွက် တံခါး မှာ အလွန်တရာ ကျယ်ပြောလှပြီး သူ၏ လက်ထဲရှိ မီတာ တစ်ထောင် အကျယ်ရှိသော ဟင်းလင်းပြင် အတုံး ကို တဖြည်းဖြည်း ဝါးမြို သိမ်းပိုက်သွားသည်။

ချက်ချင်းပင် အလွန်တရာ ထူးဆန်း ဆန်းပြားလှသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာတော့၏။ ဟင်းလင်းပြင် ကြီး အတွင်း၌... ဟင်းလင်းပြင် အတုံး ကြီးမှာ ဧရာမ လက်ဝါးကြီး ၏ တည်နေရာ ရွှေ့ပြောင်းခြင်း တံခါး ထဲသို့ နစ်မြုပ်သွားသည်နှင့်အမျှ... အောက်ဘက်တွင် အနက်ရောင် တွင်းပေါက်ကြီး တစ်ခု ပေါ်ထွက်လာပြီး လုံးဝ ပိတ်၍ မရနိုင်တော့သည့်အလား ထင်မှတ်ရသည်။

နင်ချီ က အရာအားလုံးကို အာရုံခံကြည့်လိုက်ရာ၊ မကြာမီမှာပင် ဖြတ်တောက်ထားသော ဟင်းလင်းပြင် အတုံး ကြီးမှာ ဟင်းလင်းပြင် လမ်းကြောင်း မှတစ်ဆင့် အစစ်အမှန်သိုင်းကမ္ဘာ အတွင်းသို့ အပြည့်အဝ ရောက်ရှိသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

အစစ်အမှန်သိုင်းကမ္ဘာ အတွင်းသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ကီလိုမီတာ တစ်ထောင်ခန့် ကျယ်ဝန်းသော ဟင်းလင်းပြင် ကြီးမှာ... ပူအိုက်နေသော ဒယ်အိုးထဲသို့ ထောပတ်များ ပြုတ်ကျသွားသည့်အလား၊ ရေကန်ထဲသို့ မှင်ရည်များ အစက်ချလိုက်သည့်အလား ချက်ချင်းပင် ပျော်ဝင်သွားတော့သည်။

...

အစစ်အမှန်သိုင်းကမ္ဘာ ကြီးမှာ ကျယ်ပြောလှပြီး အဆုံးအစမဲ့ ကြီးမားလှ၏။ ထိုအထဲတွင် ကျင့်ကြံနေကြသော သက်ရှိများပင်လျှင် ၎င်း၏ ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန်ကို လိုက်မမီနိုင်အောင် ဖြစ်နေကြရ၏။

All Chapters