တောင်သို့ ပြန်လာခြင်း၊ တောင်ပိုင်းနယ်စပ် သူတော်စင်မလေး၊ တာအို လက်တွဲဖော်...
Vol. 10 Ch. 143
~နင်ချီ ရင်းနှီးနေသော အစစ်အမှန်သိုင်းတောင်ကို လှမ်းကြည့်ရင်း သူ၏ ရင်ထဲတွင် မရေမတွက်နိုင်သော ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။
ဤတစ်ကြိမ် သူ တောင်အောက်သို့ ခရီးထွက်ခဲ့သည်မှာ တစ်လကျော် ကြာမြင့်ခဲ့သည်။ သူ 'မဟာယန်' ၏ နိုင်ငံတော် အခြေအနေ အချို့ကို မြင်တွေ့ခဲ့ရသော်လည်း 'ချင်ပြည်နယ်' မှ ခြေတစ်လှမ်းမျှ ထွက်မသွားခဲ့ရသေး။
သို့သော် နင်ချီ့အတွက်တော့ နှမြောစရာ ဘာမျှ မရှိခဲ့။ အပြင်သို့ ထွက်သွားပြီးနောက်မှ သူ 'အစစ်အမှန်သိုင်းတောင်' တွင် နေထိုင်ရသည်မှာ အတော်လေး သက်သောင့်သက်သာ ရှိကြောင်း အမှန်တကယ် ခံစားမိလိုက်သည်။
မည်သူမျှ မသိလိုက်ဘဲ။
နင်ချီ 'အစစ်အမှန်သိုင်းတောင်' သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
သူ ပထမဆုံး တာအိုဆရာလုံရှန်းထံသို့ သွားရောက်ခဲ့သည်။
တာအိုဆရာလုံရှန်း နင်ချီ့ကို မြင်သောအခါ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားသည်။
နင်ချီ တောင်အောက်သို့ မဆင်းမီ သူ၏ စွမ်းအားကို ပြသခဲ့ပြီး ဖြစ်သော်လည်း ဤခရီးစဉ်တွင် အန္တရာယ် အချို့ ရှိနေသေးသည်။ သူ စိုးရိမ်နေခဲ့သည်။ အကယ်၍သာ နင်ချီက အရာအားလုံး အဆင်ပြေကြောင်း လျှို့ဝှက် သတင်းစကားများ အကြိမ်ကြိမ် မပို့ခဲ့ပါက သူ အကူအညီ ပေးရန် သွားရောက်ခြင်းကို ခုခံ ထိန်းချုပ်ထားနိုင်မည် မဟုတ်ပေ။
"ကိုးလေး ဒီခရီးစဉ်မှာ အရာအားလုံး အဆင်ပြေခဲ့ရဲ့လား" တာအိုဆရာလုံရှန်း မနေနိုင်ဘဲ မေးလိုက်သည်။
နင်ချီ 'တုန်းဟဲ' ကို အစောင့်အကြပ်ဖြင့် ပြန်ပို့ခဲ့ပြီး ဖြစ်သော်လည်း အခြား အသေးစိတ် အများအပြားကို ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိပါ။
နင်ချီက ရိုသေစွာ ဦးညွှတ်လိုက်ပြီး ပြုံးလျက် ဆိုသည်။
"ဆရာ စိတ်မပူပါနဲ့။ ကျွန်တော် ဖြည်းဖြည်းချင်း ပြောပြပါ့မယ်။"
နင်ချီ သူ၏ အတွေးများကို စုစည်းလိုက်သည်။
'ချန်ဟယ် ခရိုင်မြို့' မှ ကိစ္စများမှ စတင်ခဲ့သည်။ ဤအချိန်အတွင်း သူ ပုံစံပြောင်း အသွင်ပြောင်း ပညာရပ်ကို အသုံးပြု၍ 'မိုးကြိုး' နှင့် 'အကြီးအကဲ ဝတုတ်' အဖြစ် ဟန်ဆောင်ကာ သူတို့အားလုံးကို တစ်ပိုက်တည်း ဖမ်းဆီးရန် ထောင်ချောက် ဆင်ခဲ့သည်။
နင်ချီ သူ့ကိုယ်သူနှင့် သက်ဆိုင်သော လျှို့ဝှက်ချက် အချို့မှလွဲ၍ အရာအားလုံးကို အသေးစိတ် ရှင်းပြခဲ့သည်။
တာအိုဆရာလုံရှန်း အံ့ဩတကြီး နားထောင်နေရင်း သူ၏ မျက်လုံးများထဲတွင် နှိုင်းယှဉ်၍ မရနိုင်သော လေးစားမှုနှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်လာသည်။
"ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ကိုးလေး မင်း ဒီတစ်ခေါက် တောင်အောက်ဆင်းခရီးမှာ ဒီလောက် သည်းထိတ်ရင်ဖို အတွေ့အကြုံတွေ ကြုံခဲ့ရလိမ့်မယ်လို့။ မင်း ဆရာ့ကို မလိုက်ခဲ့ဖို့ ပြောခဲ့တာ တော်တော် ပညာရှိရာ ကျတယ်။ မဟုတ်ရင် ဆရာ မင်းအတွက် တကယ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာ။"
တာအိုဆရာလုံရှန်း၏ ရင်ထဲတွင် ခါးသီးမှုနှင့် ဂုဏ်ယူမှုတို့ ရောထွေးသွားသည်။
သူ၏ တပည့်ငယ်လေးမှာ အလွန် လျင်မြန်စွာ ကြီးထွား လာခဲ့ပြီး သူ လိုက်မမီ နိုင်တော့သော အဆင့်သို့ တဖြည်းဖြည်း ရောက်ရှိ နေခဲ့ပြီ။ ဤသည်မှာ ရှားပါးသော ပါရမီရှင်၊ ရှေး သမိုင်းတွင်ပင် ပြိုင်ဘက်ကင်းသူ ဖြစ်သည်။
သူ တွေးလိုက်မိသည်မှာ ယခု သူ နင်ချီ့အတွက် လုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရာမှာ နောက်ကွယ်မှ အထောက်အပံ့ ကိစ္စများကို ကောင်းမွန်စွာ ကိုင်တွယ် ပေးရန်သာ ဖြစ်သည်။
"တောင်ပိုင်းနယ်စပ်က တိတ်တိတ်လေး မဟာမိတ် ဖွဲ့သွားတယ် ဆိုတာ ဘယ်သူ ထင်မိမှာလဲ။ ဒီအကြောင်းကို 'မဟာယန်' နန်းတွင်းကို အကြောင်းကြား သင့်လား မသိဘူး"
ထို့နောက် တာအိုဆရာလုံရှန်း ခေါင်းခါ လိုက်သည်။
"အင်း..ဒီလို နောက်ကျိနေတဲ့ ရေထဲ ဝင်မရှုပ်တာပဲ ကောင်းပါတယ်။ 'မဟာယန်' ရဲ့ အခြေခံ အုတ်မြစ်နဲ့ 'တောင်ပိုင်းနယ်စပ်' မဟာမိတ် ဖွဲ့တာကို သူတို့ မသိဘဲ နေမှာ မဟုတ်ဘူး။ ကိုင်တွယ်နိုင်မယ့် နည်းလမ်းလည်း ရှိမှာပဲ။ 'သွေးဘုရင် ကူ' ကိစ္စရဲ့ အစိတ်အပိုင်း တချို့ကိုတောင် သူတို့ သိနေနိုင်တယ်။"
"ဒါပေမဲ့ တိုက်ဆိုင်မှု တစ်ခုတော့ ရှိသွားတယ်"
တာအိုဆရာလုံရှန်းက ပြုံးလျက် ဆ ဆက်ပြောလေသည်။
"မင်း 'တောင်ပိုင်းနယ်စပ်' အမာခံ စခန်းကို ရှင်းလင်း နေတဲ့ နှစ်ရက်လုံး ဆရာ 'အစစ်အမှန်သိုင်းမြို့တော်' မှာ လူလုံးထွက် ပြခဲ့တယ်။ ဒါကြောင့် ငါတို့ 'အစစ်အမှန်သိုင်းဂိုဏ်း' အပေါ် သံသယ ဝင်တာ အများကြီး နည်းသွားလိမ့်မယ်ကွ။"
နင်ချီလည်း ပြုံးလိုက်သည်။ ဤသည်မှာ အကောင်းဆုံး မျက်မြင်သက်သေ အဖြစ် အသုံးဝင်ခဲ့သည်။
ဆရာတပည့် နှစ်ဦး မကြာသေးမီ ရက်များအတွင်းမှ အဖြစ်အပျက်များကို ပြောဆို ကြ၏။ နင်ချီ 'အစစ်အမှန်သိုင်း မြေအောက် နန်းတော်' ပေါ်မှ သူ၏ ထိုးထွင်း သိမြင်မှုများကို မျှဝေသောအခါ တာအိုဆရာလုံရှန်းလည်း အနည်းငယ် အထင်ကြီး သွားသည်။ ယခင်က သူကိုယ်တိုင် ၎င်းကို စူးစမ်း ရှာဖွေရန် စွမ်းရည် မရှိခဲ့ပေ။
"တစ်နေ့နေ့မှာ 'အစစ်အမှန်သိုင်း မြေအောက် နန်းတော်' ပြန်ပေါ်လာမယ်လို့ ဆရာ မျှော်လင့်ပါတယ်။ ဆရာ တိတ်တဆိတ် စောင့်ကြည့် နေပါ့မယ်။ တကယ်လို့သာ ပေါ်လာခဲ့ရင် ကိုးလေး မင်းရဲ့ အရည်အချင်းနဲ့ အမွေအနှစ် အားလုံးကို သေချာပေါက် ရမှာပါ။"
ဤသို့ တွေးရင်း တာအိုဆရာလုံရှန်း စိတ်လှုပ်ရှား လာသည်။ သူ၏ တစ်ဘဝတာ ဆန္ဒမှာ 'အစစ်အမှန်သိုင်း' ကို ပြန်လည် နိုးထ စေရန် ဖြစ်သည်။
နင်ချီကမူ ပြုံးလျက် ခေါင်းညိတ် လိုက်ရုံသာ။
သူ 'တုန်းဟဲ' ၏ ကိစ္စကို ထပ်မံ မေးမြန်း လိုက်သည်။
တာအိုဆရာလုံရှန်း ဖြည်းညင်းစွာ ဆိုသည်။
"အရင် မင်း 'တုန်းဟဲ' ကို တောင်ပေါ် ပို့လိုက်တုန်းက ဆရာ သဲလွန်စတွေကို လျှို့ဝှက် ရှာဖွေပြီး ဖမ်းလာတယ်လို့ သူတို့ကို ပြောလိုက်တယ်။ ပြီးတော့ 'တုန်းဟဲ' ကို 'ဆယ်လေး' (ကျွမ်းချန်) လက်ထဲ အပ်လိုက်တယ်။"
"အဲ့ဒီ 'တုန်းဟဲ' က စကား အတော် တတ်တာပဲ။ ဒါပေမဲ့ 'ဆယ်လေး' ရဲ့ စိတ်ဆုံးဖြတ်က ခိုင်မာပါတယ်။ သူ 'တုန်းဟဲ' ကို ကိုယ်တိုင် သတ်ပြီး သူ့ခေါင်းကို 'နတ်ဘုရားဓား' ညီအစ်ကိုရဲ့ သင်္ချိုင်း ကျောက်တိုင်မှာ ပူဇော် လိုက်တယ်။"
သူ၏ အကြည့်များတွင် ကျေနပ်မှု အချို့ ပြသ နေခဲ့သည်။
တာအိုဆရာ လုံရှန်းသည် ဘယ်တုန်းကမှ သူတော်ကောင်းယောင်ဆောင်သူ တစ်ယောက် မဟုတ်ခဲ့။
သူ့ထံတွင် သူရဲကောင်းဆန်သော နှလုံးသား ရှိသော်လည်း ပြတ်သားမှုလည်း ရှိသည်။
'တုန်းဟဲ' ကို သတ်ခြင်းဖြင့် 'ကျွမ်းချန်' မှားယွင်းသော အရာ တစ်ခုခု လုပ်ခဲ့သည်ဟု သူ မထင်ပေ။ ဤမျှ ကြီးမားသော သစ္စာဖောက်မှုကြီးကို လက်စား မချေနိုင်ခဲ့လျှင်သာ တာအိုဆရာ လုံရှန်းက 'ကျွမ်းချန်' အပေါ် စိတ်ပျက် မိပေလိမ့်မည်။
နင်ချီ အသိအမှတ် ပြုသည့် အနေဖြင့် ခေါင်းညိတ် လိုက်သည်။
တာအိုဆရာလုံရှန်းနှင့် ညနက် သည်အထိ စကားစမြည် ပြောဆိုပြီးနောက် နင်ချီ 'တာအိုရှာဖွေခြင်း ကျောင်းတော်' သို့ ပြန်လာခဲ့သည်။
မျောက်ဖြူမှာ 'မျောက်ဘုရင် ခွန်အား' ကို ကျင့်ကြံ နေခဲ့သည်။
သူ၏ ကျင့်ကြံမှုမှာ တစ်နေ့တခြား နက်ရှိုင်း လာခဲ့ပြီး သူ၏ သွေးကြောမှာလည်း အဆက်မပြတ် နိုးထ လာခဲ့သည်။ သူ၏ တကယ့် တိုက်ခိုက်ရေး စွမ်းရည်မှာ 'ကျန်းပိုင်ရှန်း' (စီနီယာအစ်ကိုငါး) နှင့် အခြားသူများထက် နိမ့်ကျဖွယ် မရှိတော့။
နင်ချီက ပြုံးလျက် ကြည့်ရင်း မျောက်ဖြူ အပေါ် အလွန် ကျေနပ် နေမိသည်။ မျောက်ဖြူမှာ 'တာအို' လမ်းစဉ် အပေါ်၌ စိတ်ဓာတ် ခိုင်မာသူ ဖြစ်သည်။ တစ်ခါတစ်ရံ သူ ဆိုးသွမ်း ကစားတတ် သော်လည်း အားထုတ်ရမည့် အချိန်တွင် ဘယ်တော့မှ ပျင်းရိ မနေခဲ့။ ဖြစ်နိုင်သည်မှာ သူ နင်ချီ့ကို အချိန် အတော်ကြာ အဖော် ပြုပေး သွားနိုင်ပေ လိမ့်မည်။
ခဏ အကြာမှာ မျောက်ဖြူ မတ်တပ် ထရပ် လိုက်သည်။ မက်မွန်ပင် အောက်မှ ရင်းနှီး နေသော ပုံရိပ်ကို မြင်သောအခါ သူ မျက်လုံးများကို မယုံသင်ကာ ပွတ်သပ် ကြည့်လိုက်သည်။
ထို့နောက် ၎င်းမှာ နင်ချီ အမှန်တကယ် ဖြစ်ကြောင်း သိရှိ သွားသောအခါ သူ၏ မျက်လုံးများထဲမှ ပျော်ရွှင်မှုများ ထွက်ပေါ် လာတော့သည်။
"ဆရာ။"
မျောက်ဖြူ နင်ချီ့ကို ရိုသေစွာ နှုတ်ဆက် လိုက်ရင်း ခေါင်းကို ကုတ်လိုက်သည်။ သူ၏ စိတ်လှုပ်ရှားမှုမှာ အတိုင်းသား မြင်နေရသည်။
နင်ချီ မရှိခဲ့သော ဤ အချိန်အတွင်း မျောက်ဖြူမှာ သူ၏ ကျောက်ဆူး ပျောက်ဆုံး နေသကဲ့သို့ ခံစား ခဲ့ရသည်။ သူ၏ အနှစ်သာရ၊ ချီစွမ်းအင်နှင့် စိတ်ဝိညာဉ်တို့ အနည်းငယ် ညှိုးနွမ်း နေခဲ့သည်။ သို့သော် ယခု သူ တစ်ခဏချင်း အတွင်း ပြန်လည် လန်းဆန်း တက်ကြွ လာခဲ့သည်။
နင်ချီက ပြုံးလိုက်သည်။
"ငါ ပြန်လာပြီ။"
သူ တောင်အောက်သို့ ခရီးထွက်ခဲ့သည်ကို မျောက်ဖြူထံ ဖုံးကွယ် မထားခဲ့ပါ။ သူတို့ အတူတကွ နေထိုင်ကြသည် ဖြစ်ရာ မျောက်ဖြူမှာ သူ၏ တံခါးပိတ် ကျင့်ကြံချိန်များတွင် အမြဲ စောင့်ကြပ် ပေးခဲ့သည်။ သူ 'တာအိုရှာဖွေခြင်း ကျောင်းတော်' တွင် ရှိနေချိန်ကို သဘာဝအတိုင်း အာရုံခံ မိနေခဲ့သည်။
နောက်တစ်နေ့ ရောက်သောအခါ
နင်ချီ ‘တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာ' ခဲ့ပြီး 'တာအိုရှာဖွေခြင်း ကျောင်းတော်' မှာ တစ်ဖန် ပြန်လည် သက်ဝင် လှုပ်ရှား လာခဲ့၏။
လော့ဝမ်ထျန်းနှင့် အခြားသူများလည်း နင်ချီ၏ သတင်း ကြားကြားချင်း ရောက်ရှိ လာကြသည်။
သူတို့ မကြာသေးမီက အဖြစ်အပျက်များ အကြောင်း တတွတ်တွတ် ပြောဆို ကြတော့၏။
နင်ချီ ဤ ဆူညံသံကို ခံစားရင်း အနည်းငယ် ပြုံးလိုက်သည်။ သူ၏ နှလုံးသားမှာ အထူးတလည် တည်ငြိမ် အေးချမ်း နေခဲ့သည်။
တောင်ပေါ်သို့ ပြန်ရောက် ပြီးနောက်၊
နင်ချီ၏ ဘဝမှာ သူ၏ ယခင် စည်းချက် အတိုင်း ပြန်လည် ရောက်ရှိ သွားခဲ့သည်။
ကျမ်းစာများ ဖတ်ရှုခြင်း၊ ဉာဏ်အလင်း ရှာဖွေခြင်း၊ ကျင့်ကြံခြင်း၊ ဝိညာဉ်သစ်ပင်ကို ပျိုးထောင်ခြင်း၊ ဤအရာများက သူ၏ အချိန်များကို တစ်ခုပြီးတစ်ခု ဖြည့်ဆည်း ပေးခဲ့သည်။ သူ၏ နေ့ရက်များကို ပြည့်စုံ စေခဲ့ပြီး နင်ချီ ဤသို့ နေထိုင်ရသည်ကို နှစ်သက်သည်။
'သွေးကျောက်စိမ်း ဆေးလုံး' ၏ အကူအညီဖြင့် နင်ချီ၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာ ပို၍ပင် မြန်ဆန် လာခဲ့သည်။
နေ့စဉ် နေ့တိုင်း သူ၏ စွမ်းအား ကြီးထွား လာနေသည်ကို ခံစား နေရတော့သည်။