← Chapters

သေခြင်းမှ ရှင်ခြင်းသို့

Vol. 3 Ch. 40

သေခြင်းမှ ရှင်ခြင်းသို့

Vol. 3 Ch. 40

~မျောက်ဖြူသည် သူ၏ ခေါင်းကို ကုတ်လိုက်ပြီး စူးစမ်းချင်စိတ်ကို အလိုလို ထိန်းချုပ်လိုက်ရသည်။ သူ၏အာရုံကို လွှဲပြောင်းရန်အတွက် မျောက်ဘုရင် ခန္ဓာကျင့်စဉ်ကို စတင် လေ့ကျင့်လိုက်သော်လည်း သူ၏အာရုံစူးစိုက်မှု အနည်းငယ်ကိုတော့ နင်ချီရှိရာဘက်တွင် ထားရှိနေသေး၏။

အခန်းအတွင်း၌…

နင်ချီသည် သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ ရှေးဟောင်းဝမ်းနည်းမှုနှင့် ရှုပ်ထွေးမှုတို့၏ အရိပ်အယောင်တစ်ခု သူ၏မျက်ဝန်းထဲတွင် ခေတ္တမျှ ပေါ်လာခဲ့သည်။ ကံကောင်းစွာပင် ၎င်းသည် လျင်မြန်စွာပင် တက်ကြွမှုသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

"မဟာအိပ်မက် သေခြင်းကိုးပါး... ရုပ်ခန္ဓာကိုယ် သေဆုံးသွားတိုင်းမှာ အသက်နဲ့သေခြင်း သံသရာ လည်ပတ်မှုကို တစ်ကြိမ် ကြုံတွေ့နေရတာပဲ။"

"ဒါက ရုပ်ခန္ဓာရဲ့ ပြောင်းလဲခြင်းသက်သက်ပဲ မဟုတ်ဘူး။ အရင်က ငါ ဘယ်တုန်းကမှ ကြိုမခန့်မှန်းနိုင်ခဲ့တဲ့ အားသာချက်တွေပါ ရှိနေသေးတယ်။"

နင်ချီ၏ စိတ်ထဲတွင် အတော်လေး အံ့အားသင့်နေမိသည်။

သူ အချိန်ကို ခန့်မှန်းကြည့်လိုက်ရာ ခုနစ်ရက် ကုန်ဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရ၏။ သည်ခုနစ်ရက်အတွင်း သူသည် အလွန်အမင်း မှော်ဆန်သော အခြေအနေတစ်ခုသို့ ဝင်ရောက်ခဲ့သည်။

သတိမရှိ၊ အာရုံမရှိ၊ ခံစားမှုမရှိ၊ အလင်းရောင်မရှိဘဲနှင့်ပင်…

နင်ချီသည် ကြောက်လည်း မကြောက်၊ အထီးကျန်ခြင်းကိုလည်း မခံစားခဲ့ရပေ။

အချိန်သည် အဓိပ္ပာယ်မဲ့သွားပြီး နှေးကွေးသယောင်ရှိသော်လည်း အမှန်တကယ်တွင် လျင်မြန်လှချေသည်။

သူသည် ရုပ်ခန္ဓာသေဆုံးခြင်း အခြေအနေသို့ ယခုလေးတင် ဝင်ရောက်သွားပြီး ချက်ချင်း ပြန်နိုးထလာသကဲ့သို့ ခံစားလိုက်ရသည်။

အပြုံးလေးတစ်ခု ပေါ်လာသည့်အခါ

မျက်နှာပေါ်မှ ခြောက်သွေ့နေသော အရေပြားများ ရွေ့လျားသွားပြီး၊ နင်ချီအား သူ၏လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ချက်ချင်း သတိပြုမိသွားစေသည်။

သို့သော် သူ ထိတ်လန့်မသွားခဲ့ပါ။

နင်ချီ စိတ်ကို ရွှေ့ပြောင်းလိုက်သည်။

သူ၏ခန္ဓာကိုယ်အတွင်း နက်ရှိုင်းစွာ ဝှက်ထားသော 'အသက်စွမ်းအင် အလင်းတန်း' သည် ချက်ချင်းပင် အသစ်တစ်ဖန် ပြန်လည် ပေါ်‌ထွက်လာခဲ့၏။

မမြင်နိုင်သော အရာများထဲတွင် မီးတောက်များ ပြန်လည်

တောက်လောင်လာသည့် ဟိန်းဟောက်သံကို ကြားနိုင်သကဲ့သို့ပင်။

တက်ကြွသော အသက်စွမ်းအင်လှိုင်းလုံးကြီးတစ်ခုသည် သူ၏ခြေလက်များနှင့် အရိုးများအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုမျှသာမက သူ၏အတွင်းအားနှင့် အသက်စွမ်းအင်တို့သည် အတူတကွ ပေါင်းစပ်သွားပြီး သူ၏အသားထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

" ဝီ….."

ခြောက်သွေ့နေသော ခန္ဓာကိုယ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပြန်လည်ဖြည့်တင်းလာပြီး ချက်ချင်းပင် ကျောက်စိမ်းကဲ့သို့ တောက်ပသော အရောင်အဝါဖြင့် ပြည့်နှက်သွားတော့သည်။

သူ၏ အသက်စွမ်းအင်သည် ရှင်သန်နေသည်။ သူ၏ အရှိန်အဝါ က အားကောင်းမောင်းသန် ဖြစ်၏။

ခြံဝင်းထဲတွင် မျောက်ဘုရင်ခန္ဓာကျင့်စဉ်ကို လေ့ကျင့်နေသော မျောက်ဖြူပင်လျှင် အံ့ဩတကြီးဖြင့် လှည့်ကြည့်မိပြီး သူ၏မျက်နှာတွင် ကြည်ညိုလေးစားမှုနှင့် ပျော်ရွှင်မှုတို့ ထင်ဟပ်နေခဲ့သည်။

သို့သော် မကြာမီမှာပင်…

ဤအသက်စွမ်းအင်သည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

နင်ချီသည် အိပ်ရာမှ ထလိုက်ရင်း မျက်နှာတွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာခဲ့၏။ အသာအယာ လက်သီးကို ဆုပ်လိုက်ရင်း သူ၏ ရုပ်ခန္ဓာ ပိုမိုအားကောင်းလာသည်ကို ခံစားလိုက်ရသည်။

ထို့အပြင်…

ရှိရင်းစွဲ အတွင်းအားများသည် ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံရပြီးနောက် ယခုအခါ အသားသစ်များမှ ပြန်လည်

မွေးဖွားလာခဲ့ရာ အရည်အသွေးရော ၊ အရေအတွက်ပါ သိသိသာသာ တိုးတက်လာခဲ့သည်။

"သေခြင်းမှ ရှင်ခြင်းသို့ ရောက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ စွမ်းအင် အလားအလာကို အဆုံးစွန်ထိ ထုတ်ယူနိုင်ပြီး အနည်းဆုံး နှစ်ဆလောက် အားကောင်းသွားတာပဲ။"

"ဒါက တခြား အားဆင့်ခြင်း သိုင်းကွက်တွေ အိပ်မက်ထဲမှာတောင် မက်လို့ မရတဲ့ အရာပဲ။"

"ဒါ့အပြင် ငါ့အတွင်းအားက ပိုပြီးတော့တောင် အစွမ်းထက်

လာသေးတယ်။ ငါက ဒုတိယ အလွှာမှာပဲ ရှိသေးပေမဲ့ 'အစိုင်အခဲ' သဘောတရား တချို့ကို စပြီး ခံစားနေရပြီ။ ဒီနှုန်းအတိုင်းသာ ဆိုရင် အတွင်းစွမ်းအား နယ်ပယ်မှာ အောင်မြင်မှု အကြီးစားကိုတောင် မလိုအပ်ဘဲနဲ့ ငါ့အတွင်းအားမှာ အရည်အချင်းတွေ စပြီး ထည့်သွင်းနိုင်တော့မလားပဲ။"

'မဟာအိပ်မက် သေခြင်းကိုးပါး

အားကျမ်း' ၏ ကြီးကျယ်မှုသည် တဖြည်းဖြည်း ပေါ်လွင်စ ပြုလာခဲ့သည်။

နင်ချီ၏ အခြေခံ အုတ်မြစ်သည် အနည်းငယ် ချဲ့ကား ပြောရမလောက်ပင် ကောင်းလွန်းနေ၏။

အခြားသူများသည် အားဆင့်ခြင်းကို အချိန်ယူ၍ ဖြည်းဖြည်းချင်း ကျင့်ကြံကြရသည်။ ဆက်သွယ်မှုတစ်ခု တည်ဆောက်ပြီးနောက်မှာပင် သူတို့၏အတွင်းအားကို တဖြည်းဖြည်းသာ ပြောင်းလဲနိုင်ကြ၏။ သို့သော် နင်ချီကမူ သူ၏ခန္ဓာကိုယ် ယိုယွင်းခြင်းနှင့် ပြန်လည်မွေးဖွားခြင်းကို အခွင့်ကောင်းယူကာ အတွင်းအားအားလုံးကို ချက်ချင်းပြောင်းလဲနိုင်ခဲ့ပြီး အချိန်များစွာကို သက်သာစေခဲ့သည်။

သူ၏ကျင့်ကြံမှုက မြန်ဆန်ပြီး သန့်စင်ထားသော အသားနှင့် အတွင်းအားကလည်း ပိုမိုအားကောင်းလေသည်။

တစ်ခုတည်းသော အားနည်းချက်မှာ ခက်ခဲမှုပင် ဖြစ်နိုင်ပေသည်။

ဤ ‘မဟာအိပ်မက် သေခြင်းကိုးပါးအားကျမ်း’ ကိုသာ အခြားသူများရှေ့တွင် ချထားလျှင်ပင် သူတို့ နားလည်နိုင်ကြမည် မဟုတ်ပေ။

သို့သော် နင်ချီအတွက်မူ ဤရုပ်ခန္ဓာပြန်လည်မွေးဖွားခြင်းကို တွေ့ကြုံပြီးနောက် အရာအားလုံးသည် ပိုမိုရိုးရှင်းသွားခဲ့လေသည်။

နောက်ဆက်တွဲအနေဖြင့်…

ဆက်တိုက် စုဆောင်းခြင်း၊ သေခြင်းမှ ရှင်ခြင်းသို့ အဆုံးမရှိ လည်ပတ်ခြင်းသာ လိုအပ်တော့သည်။

အောင်မြင်မှုအသေးစား၊ အောင်မြင်မှုအကြီးစားနှင့် ပြည့်စုံခြင်းဟူသော အဓိက အဟန့်အတားကြီးသုံးခုကို ချိုးဖြတ်သည့်အခါတွင်သာ အပိုကြိုးစားအားထုတ်မှု အနည်းငယ် လိုအပ်ပေလိမ့်မည်။

နင်ချီက တံခါးကိုဖွင့်ကာ အပြင်သို့ ခြေလှမ်းထွက်လိုက်သည်။

ထိုအခိုက်အတန့်၌ မျောက်ဖြူက ပျော်ရွှင်စွာ ချဉ်းကပ်လာ၏။

မျောက်ဖြူသည် သူ၏မူလမျောက် အလေ့အကျင့်များ ဖြစ်သော ခုန်ပေါက်ခြင်းနှင့် လူးလိမ့်ခြင်းတို့ကို တဖြည်းဖြည်း စွန့်လွှတ်လာပြီး လူသားတစ်ဦးနှင့် ပိုတူလာခဲ့ပါသည်။

နင်ချီက နှုတ်ခမ်းများ အနည်းငယ် ကွေးကာ ပြုံးလိုက်သည်။

"ပုံမှန်ကျင့်ကြံတာပဲ။ အနာဂတ်မှာ ဒီလိုမျိုး အကြိမ်အနည်းငယ် ဖြစ်လာနိုင်သေးတယ်။ ငါ့အတွက် စိုးရိမ်စရာမလိုပါဘူး။"

ထိုအခါ မျောက်ဖြူက ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလေသည်။

သူက နင်ချီ၏ ဘေးတွင် ရိုသေစွာဖြင့် ခန္ဓာကျင့်စဉ်ကို စတင် လေ့ကျင့်နေခဲ့ရာ နင်ချီက တည်ငြိမ်စွာ ကြည့်ရင်း စိတ်ထဲမှ ခေါင်းညိတ်နေမိသည်။

မျောက်ဖြူ၏ ခန္ဓာကိုယ် သန့်စင်ခြင်း တိုးတက်မှုသည် မြန်ဆန်ပြီး သူ၏ နောက်တွင်သာ ရှိလေ၏။

သူ၏ အနာဂတ် စွမ်းအားသည် ဧကန်မုချ ကြောက်မက်ဖွယ်ကောင်းမည် ဖြစ်ပြီး၊ အစစ်အမှန်သိုင်းသားတော် ကိုးဦးထဲမှ အချို့ကိုပင် ကျော်လွှားနိုင်စွမ်း ရှိနိုင်သည်။

ထိုမြင်ကွင်းကို ပုံဖော်ကြည့်ရင်း နင်ချီ အသံထွက်၍ ရယ်လိုက်မိသည်။

‘တကယ်လို့သာ စီနီယာအစ်မ သုံးက သူပြန်ခေါ်လာတဲ့ မျောက်လေးက သူ့ထက်တောင် အစွမ်းထက်သွားတာကို သိသွားရင် ဘယ်လို မျက်နှာထားမျိုး ဖြစ်သွားမလဲ မသိဘူး။ ဟား..တော်တော်တော့ ကြည့်လို့ ကောင်းမှာပဲ။’

...

မျက်စိတစ်မှိတ်အတွင်းမှာပင်…

နှစ်ကုန်သို့ ရောက်ရှိလာခဲ့လေ၏။

အစစ်အမှန် သိုင်းဂိုဏ်း တစ်ခုလုံးသည် မယုံနိုင်လောက်အောင် သက်ဝင်လှုပ်ရှားနေ၏။

"စိတ်မကောင်းစရာပဲ။ ‘’ရှစ်’ ဒီမှာ မရှိဘူး။ အစစ်အမှန်

သိုင်းသားတော်ကိုးဦးထဲမှာ တစ်ယောက်လျော့နေတယ်။"

သတ္တမတပည့် စွန်းချွမ်းဟိုင်က လေးလံစွာ သက်ပြင်းချလိုက်သည်။ သူသည် ချင်ယွင်ထက် နှစ်အနည်းငယ်စော၍ ဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး သူတို့နှစ်ဦးမှာ အသက်အရွယ်တူညီကာ ဆက်ဆံရေး ကောင်းမွန်ခဲ့လေသည်။

အားလုံး ခဏတာ တိတ်ဆိတ်သွားကြသည်။

ထိုစဉ် ယဲ့ချင်းဟယ်က ပြုံးကာ ဆိုလိုက်သည်။

"စိတ်မပူပါနဲ့။ ဂျူနီယာ မောင်လေးရှစ်က အမြဲတမ်း ပါးနပ်တယ်။ တောင်အောက်မှာ လေ့ကျင့်နေတုန်း အကျိုးကျေးဇူး ကြီးကြီးမားမား ရခဲ့မှာပဲ။ ငါတို့လည်း ကြိုးစားမှ

ဖြစ်မယ်။ မဟုတ်ရင် တစ်နေ့နေ့မှာ ဂျူနီယာ မောင်လေးရှစ်က ငါတို့ကို ကျော်တက်သွားရင် နည်းနည်းတော့ အရှက်ရစရာကောင်းလိမ့်မယ်။"

ထိုအခါ လော့ဝမ်ထျန်းက လက်ကိုဝှေ့ယမ်းကာ ဆိုလိုက်သည်။

"မင်းတို့အားလုံး ငါ့ကို ကျော်တက်သွားနိုင်တာကိုပဲ ငါက မျှော်လင့်တာ။ အထူးသဖြင့် မင်းပဲ.. ချင်းဟယ်။ မင်းရဲ့ ထူးချွန်တဲ့ပါရမီကို ဖြုန်းတီးပစ်ပြီး ကိုးလေးကိုတောင် မင်းနဲ့အတူ အရက်သောက်ဖို့ ဆွဲခေါ်နေသေးတယ် နော်။"

အစ်ကိုကြီး၏ စကားကြောင့် အားလုံး ပွဲကျသွားကြ၏။

နင်ချီလည်း ပြုံးလိုက်မိသည်။

သူသည် အချိန်အများစုကို တစ်ယောက်တည်း ကျင့်ကြံရင်း ကုန်ဆုံးခဲ့သော်လည်း၊ သူ၏စီနီယာအစ်ကိုအစ်မများသည် သူ့ကို အမြဲတစေ ဂရုစိုက်ကြပြီး သူတောင်းသမျှကို ပေးအပ်ခဲ့ကြပါသည်။

အစစ်အမှန်သိုင်းတောင်ပေါ်မှ ဒီရိပ်မြုံလေးကို သူ အလွန် နှစ်သက်လေသည်။

—---

ခဏအကြာတွင်…

လော့ဝမ်ထျန်းက မြင့်မားသော စင်မြင့်ပေါ်မှ တာအိုဆရာလုံရှန်းကို အရိုအသေပြုလိုက်ပြီး အသံကျယ်စွာ ကြွေးကြော်လိုက်သည်။

"ဒီနှစ်ရဲ့ နှစ်ကုန်ပြိုင်ပွဲကြီးကို တရားဝင် စတင်ကြောင်း ကျွန်တော် ကြေညာပါတယ်။"

"အတွင်းစည်းပြိုင်ပွဲနဲ့ အပြင်စည်းပြိုင်ပွဲဆိုပြီး ခွဲခြားထားတယ်။ ထိပ်ဆုံးအယောက်နှစ်ဆယ်လုံးကို ဆုချီးမြှင့်သွားမှာပါ။"

တပည့်များမှာတော့ စိတ်အားထက်သန်စွာ အသင့်ဖြစ်နေကြ လေပြီ။

ပြိုင်ပွဲသည် ပြင်းထန်စွာ ဆက်လက်ကျင်းပသွားသည်။

ပထမဆုံးမှာ အပြင်စည်းတပည့်များ၏ ပြိုင်ပွဲဖြစ်၏။

ထို့နောက် အတွင်းစည်းတပည့်များ၏ ပြိုင်ပွဲ ရောက်လာသည်။

အစစ်အမှန်တပည့်များက ဘေးမှနေ၍ ကြည့်ရှုနေကြ၏။ နင်ချီက ရံဖန်ရံခါ သူ၏စီနီယာအစ်ကို၊ အစ်မများနှင့် စကားစမြည်ပြောကာ၊ ရံဖန်ရံခါမှာ ပြိုင်ပွဲကို အာရုံစိုက်နေခဲ့သည်။ သို့သော် သူ့အတွက်တော့ ဤတပည့်များ၏ တိုက်ပွဲများသည် ကလေးကစားစရာကဲ့သို့ ထင်ရပြီး၊ ရံဖန်ရံခါမှသာ တစ်စုံတစ်ယောက်က သူ့အာရုံကို ဖမ်းစားနိုင်ပါသည်။

လက်ရှိတွင် နင်ချီသည် ဒုတိယအလွှာ၌သာ ရှိသေးသော်လည်း အတွင်းစည်းတပည့်များထဲတွင် သူ့အား ယှဉ်ပြိုင်နိုင်သူ တစ်ယောက်မှ မရှိတော့ပေ။

အစစ်အမှန်တပည့်များထဲတွင်ပင် သူ့ကို မယှဉ်နိုင်သော လူအများအပြား ရှိလိမ့်မည်ဟု သူခန့်မှန်းမိသည်။

အတွင်းစွမ်းအားနယ်ပယ်၏ နဝမအလွှာရှိ လော့ဝမ်ထျန်းနှင့် ကျန်းပိုင်ရှန်းကဲ့သို့သော ထိပ်တန်းပညာရှင်များနှင့် ပတ်သက်၍မူ နင်ချီ အပြည့်အဝ မသေချာနိုင်ဘဲ တိုက်ပွဲတစ်ခု ဆင်နွှဲပြီးမှသာ သေချာသိနိုင်မည် ဖြစ်သော်လည်း ၎င်းမှာ သိသာထင်ရှားစွာပင် မလိုအပ်ခဲ့ပါ။

ပြိုင်ပွဲကြီး ပြီးဆုံးသွားသည်။

လော့ဝမ်ထျန်းက ထိပ်တန်းအဆင့်ရ တပည့်များကို ဆုချီးမြှင့်ပြီးနောက်၊ အစစ်အမှန် တပည့်

အများအပြားကလည်း သူတို့၏ သိုင်းလမ်းစဉ် အတွေ့အကြုံများကို မျှဝေခဲ့ကြသည်။

လာမည့် ကောင်းကင်ဘုံ လူသား နယ်ပယ် မဟာ အခမ်းအနားအတွက် ပြင်ဆင်ရာတွင် အပြင်စည်းနှင့် အတွင်းစည်း တပည့်များ၏ စွမ်းအားကို မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

"ကိုးလေး... မင်းရော တက်ပြီး စမ်းကြည့်ချင်လား။ စီနီယာ အစ်ကိုက မင်းနဲ့ လက်ရည်စမ်းပေးလို့ ရတယ်နော်။"

ပဉ္စမတပည့် ကျန်းပိုင်ရှန်းက ပြုံးစိစိဖြင့် နင်ချီ၏ပခုံးကို သိုင်းဖက်ကာ ဆိုလိုက်သည်။

ပတ်ဝန်းကျင်မှ အစစ်အမှန်တပည့်အားလုံးသည် စူးစမ်းလိုသော အမူအရာများ ပြသကြသည်။

ယနေ့အထိ သူတို့သည် နင်ချီ ခန္ဓာကိုယ်သန့်စင်ခြင်းတွင် မည်သည့်အဆင့်သို့ ရောက်ရှိနေသည်ကို မသိကြသေးပေ။

သို့သော် သူတို့ မျက်စိမကန်းကြပါ။ တစ်နည်းနည်းဖြင့် နင်ချီ၏ တည်ရှိနေမှုသည် ထူးခြားနေသည်ဟု သူတို့ ခံစားမိကြသည်။

ယဲ့ချင်းဟယ်၏ မျက်လုံးများတွင် လျှို့ဝှက်သော အပြုံးရိပ် တစ်ခု ပေါ်လာခဲ့သည်။

‘ ကိုးလေးရဲ့ စွမ်းရည်ကို ကြည့်ပြီး နင်တို့တွေ မူးလဲမသွားအောင်တော့ သတိထားဦး။’

သို့သော် နင်ချီက လေးနက်စွာ ငြင်းဆိုလိုက်သည်။

"ကျွန်တော် မတိုက်ဘူး။ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တဲ့ ဝါသနာ ကျွန်တော့်မှာ မရှိဘူး။ နောက်အနှစ်နှစ်ဆယ်လောက်ကြာရင်တော့ ပြန်လာမေးပေါ့ဗျာ။"

အားလုံး ဝါးလုံးကွဲ ရယ်ချလိုက်ကြပြီး အချို့မှာမူ နောင်တရနေကြသည်။

ကျန်းပိုင်ရှန်းက ခါးသက်စွာ ပြုံးလိုက်သည်။

"အိုး... မင်းကတော့ကွာ ၊ကိုးလေးရယ်။ အငြိုးအတေးထားပြီး အနှစ်နှစ်ဆယ်ကြာရင် ငါ့ကို လာပြီး အနိုင်ယူဖို့ စီစဉ်နေတာပေါ့လေ။"

သို့သော် သူသည် ထိုစကားကို စိတ်ထဲ

မထားခဲ့ပါ။

လော့ဝမ်ထျန်းက သူ့ဘာသာသူ ကမ်းလှမ်းလိုက်သည်။

"ဂျူနီယာညီလေးငါး...အစ်ကိုတို့ လက်ရည်စမ်းကြရအောင်။"

"ကောင်းပါပြီ။"

သူတို့ နှစ်ဦးစလုံးသည် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်လျှံနေခဲ့ကြသည်။

ဤမျှ ကြာအောင် ကြည့်ရှုနေရသဖြင့် သူတို့ တိုက်ခိုက်ချင်စိတ် ယားယံလာကြသည်။

မူလက အစစ်အမှန်တပည့်များကို အနည်းငယ် လက်စွမ်းပြစေပြီး ကျန်တပည့်များအတွက် စံနမူနာပြကာ သူတို့ကို လှုံ့ဆော်ပေးရန် ရည်ရွယ်ထားခဲ့သည်။

ယခုအခါ အခွင့်အရေးကောင်း တစ်ခု ရောက်ရှိလာခဲ့လေပြီ။

All Chapters