← Chapters

ဥက္ကဋ္ဌ ဆရာမတစ်ယောက်ရဲ့အတွင်းခံ အခိုးခံလိုက်ရပါတယ်

Vol. 9 Ch. 125

ဥက္ကဋ္ဌ ဆရာမတစ်ယောက်ရဲ့အတွင်းခံ အခိုးခံလိုက်ရပါတယ်

Vol. 9 Ch. 125

"ဥက္ကဋ္ဌ.. မစ္စတာကျန်းမုန့်လောင် ရောက်လာပါပြီ"

"နောက်ဆုံးတော့ သူရောက်လာပြီပေါ့။ လက်ဖက်ရည်မြန်မြန်သွားဖျော်လိုက်"

ဥက္ကဋ္ဌကြီးက ကပျာကယာဖြင့် သူ့အဝတ်အစားများကို ဆွဲဆန့်လိုက်ပြီး ခရိုင်နှင့် နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံသည့်အခါမျိုးမှသာ ပြသလေ့ရှိသော လေးနက်တည်ကြည်သည့် အမူအရာမျိုးကို ဆင်မြန်းထားချေသည်။

"ဒီတော့ ခင်ဗျားက ဥက္ကဋ္ဌရှုပဲဖြစ်ရမယ်။ ကျွန်တော် ခင်ဗျားအကြောင်း အများကြီးကြားဖူးပါတယ်။ တစ်ချက်ကြည့်လိုက်တာနဲ့တင် ပညာတတ်တစ်ယောက်ဆိုတာ သိသာပါတယ်"

တကယ်တမ်းတွင် ကျန်းမုန့်လောင်သည် ကူစူးတက္ကသိုလ်ဥက္ကဋ္ဌ၏ မျိုးရိုးနာမည်က ရှုဖြစ်ကြောင်း မသိထားပေ။ သို့သော် ယဉ်ကျေးမှုကလည်း မရှိမဖြစ်လိုအပ်ပေသည်။

"မစ္စတာကျန်း.. မင်းက ကျုပ်ထင်ထားတာထက် အများကြီးပိုငယ်တာပဲ"

ဥက္ကဋ္ဌရှုက ကျန်းမုန့်လောင်နှင့် လက်ဆွဲနှုတ်ဆက်ရင်း ပြောလာလေသည်။

"ကြွပါ။ ထိုင်ပါဦး"

"ဥက္ကဋ္ဌရှု.. ကျွန်တော့်ကို မစ္စတာကျန်းလို့ခေါ်ဖို့မလိုပါဘူး။ ကျွန်တော်က ခင်ဗျားထက်အငယ်ပါ။ ကျွန်တော့်ကို ရှောင်ကျန်းလို့ခေါ်ရုံနဲ့ လုံလောက်ပါတယ်"

"ကောင်းပြီလေ။ ဒါဆို ယဉ်ကျေးမနေတော့ဘူးနော်"

ဥက္ကဋ္ဌရှုကလည်း တောက်ပဝင်းလက်နေသော မျက်နှာထားမျိုးဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

"အိုး..စကားမစပ် ဒါကကျွန်တော့်ကောင်မလေးပါ။ ဒါကတော့ ကျွန်တော့်ကိုယ်ရေးလက်ထောက်လေ။ သူတို့ရှေ့မှာ ဆွေးနွေးရလို့ ဘာအနှောင့်အယှက်မှတော့ မဖြစ်ဘူးမလား"

"လုံးဝပါပဲ။ လုံးဝပဲ"

ဥက္ကဋ္ဌရှုလည်း အလျင်အမြန်ပြန်ဖြေလိုက်သည်။

"ရှောင်ကျန်း..မစ္စဟုန်းရီက မင်း ကျုပ်တို့တက္ကသိုလ်ကို အလှူငွေထည့်ဝင်ဖို့စီစဉ်ထားကြောင်း ပြောပြထားပါတယ်"

"ဟုတ်ပါတယ်"

ကျန်းမုန့်လောင်ကလည်း ပြောလိုက်လေသည်။

"ခင်ဗျားလည်းသိတဲ့အတိုင်း ကျွန်တော့်ကောင်မလေးက ကူစူးတက္ကသိုလ်ကဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ကူစူးတက္ကသိုလ်ကလို့ ခံစားမိပါတယ်။ နည်းနည်းလောက်ထည့်ဝင်လှူဒါန်းတာက သဘာဝပါပဲ"

"နည်းနည်းတဲ့လား"

ဥက္ကဋ္ဌရှု၏အတွင်းရေးမှူးမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေပေသည်။

အမေရိကန်ဒေါ်လာတစ်ဘီလီယံက ရုတ်တရက်ကြီး နည်းပါးလှသည့် ပမာဏတစ်ခုဖြစ်သွားသည်ကို မဆိုထားနှင့်။ ထိုကဲ့သို့သောအကွက်မျိုးကို ရွှေ့နိုင်သူမှာ ကျန်းမုန့်လောင်သာဖြစ်နိုင်သည်။ မိမိရည်းစား၏တက္ကသိုလ်ကို ဒေါ်လာတစ်ဘီလီယံလှူဒါန်းသည်ဟူသောသတင်းမျိုးကို ကြားဖူးပါရဲ့လား။ ဤသည်မှာ လူချမ်းသာများ၏ ပေါက်ပေါက်ရှာရှာစိတ်ကူးမျိုးများလား။

"ရှောင်ကျန်း..လူမှုအဖွဲ့အစည်းကို ပြန်ပေးဆပ်ချင်တဲ့ မင်းရဲ့စိတ်ကိုတော့ တကယ်ချီးကျူးပါတယ်။ ကူစူးတက္ကသိုလ်ရဲ့ ဌာနတစ်ခုလုံးနဲ့ ကျောင်းသားတွေကိုယ်စား ကျုပ် မင်းရဲ့ထူးချွန်လှတဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးတင်ပါတယ်ေ

"ထွေထွေထူးထူးမဟုတ်ပါဘူး။ ဒီအတိုင်းအကြွေလေးတွေပါ"

ကျန်းမုန့်လောင်က ထိုသို့နှယ်ပြောလိုက်လေသည်။

"အဲ့ဒါက အကြွေလို့ပြောဖို့ခက်ပါတယ်"

ဥက္ကဋ္ဌရှု၏ရင်ထဲတွင် ကျန်းမုန့်လောင်ကို ဆူပူလိုစိတ် အပြင်းအထန်ပေါ်ပေါက်နေသော်ငြား သူ့ဘာသာထိန်းချုပ်ထားလိုက်ရသည်။

"ရှောင်ကျန်း.. မင်းကတော့သိမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်တို့ရဲ့တက္ကသိုလ်က ကျောင်းဝင်းနယ်မြေအသစ်ပရောဂျက်တစ်ခုနဲ့ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေလုပ်နေတာ။ မြေနေရာကတော့ ရထားပြီးပြီဆိုပေမဲ့ ငွေကြေးအခက်အခဲကြောင့် အဆင်မပြေသေးဘူး။ မင်းရဲ့လှူဒါန်းမှုက တကယ့်ကို အရေးအကြီးဆုံးအချိန်မှာ ရောက်လာတာပဲ"

"အိုး..အဲ့လိုလား"

ကျန်းမုန့်လောင်လည်း အချိန်ကောင်းမှာမှ သူရောက်လာမိကြောင်း သိလိုက်ရသည်။

"ပြီးတော့ ကျောင်းဝင်းအသစ်ကို ရွှေ့ပြောင်းဖို့စီစဉ်ထားတဲ့ တက္ကသိုလ်တွေထဲမှာ ဂီတတက္ကသိုလ်လည်း ပါတယ်လေ"

ကျန်းမုန့်လောင်၏နှုတ်ဖျားထက် ခပ်ရေးရေးအပြုံးတစ်ပွင့် ပေါ်ပေါက်လာ၏။ ထိုသို့ဆိုပါက သူ အနည်းငယ်စိတ်လှုပ်ရှားစရာကောင်းအောင် လုပ်လိုက်ပေဦးမည်။

"ဥက္ကဋ္ဌ.. ကျွန်တော်တို့ ဒီလှူဒါန်းမှုနဲ့ပတ်သက်ပြီး နည်းနည်းလောက်ပြန်စဉ်းစားသင့်တယ်လို့ ကျွန်တော်ရုတ်တရက်အတွေးပေါက်လိုက်လို့"

"ဘာ"

ဥက္ကဋ္ဌရှုခမျာ အံ့အားသင့်လျက် နားမလည်နိုင်ဖြစ်သွားလေသည်။ ကျန်းမုန့်လောင်က နောက်တစ်ခါပြန်စဉ်းစားဦးမလို့များလား။

ချက်ချင်းဆိုသလို သူ စိုးရိမ်သွားရသည်။

"ရှောင်ကျန်း.. ဒီပိုက်ဆံကိစ္စနဲ့ပတ်သက်ပြီး မင်းမှာ စဉ်းစားထားတာရှိတယ်ဆိုရင် ကျုပ်ကို တိုက်ရိုက်ပြောလို့ရပါတယ်။ ကျုပ် မင်းရဲ့အမြင်ကို အများဆုံးထည့်သွင်းစဉ်းစားပေးမှာပါ။ မင်းရဲ့ရည်းစားက ဂီတတက္ကသိုလ်ကမဟုတ်လား။ မင်းလှူတဲ့ပိုက်ဆံအများစုက ဂီတတက္ကသိုလ်ဘက်ကို ရောက်သွားစေရမယ်"

"ဟုတ်ပါတယ်။ မစ္စတာကျန်း.. ကျွန်တော်တို့ကို ပိုက်ဆံအပ်နှံဖို့ကိစ္စအတွက် ခင်ဗျားစိတ်ချထားလို့ရပါတယ်"

ဥက္ကဋ္ဌရှု၏လက်ထောက်ကလည်း ဝင်ရောက်မဲဆွယ်လာသည်။

လုရီယောင်လည်း နားမလည်နိုင်ဟန်အမူအရာများဖြင့် ကျန်းမုန့်လောင်ကို ကြည့်လိုက်သည်။ သူ အခု ဘယ်လိုအကွက်မျိုးရွှေ့နေတာလဲ။

"ခင်ဗျားတို့နားလည်မှုလွဲနေပြီ။ ကျွန်တော်က ဘီလီယံဒေါ်လာတန်လှူဒါန်းမှုကို ရုပ်သိမ်းမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး"

"ဟူး"

ထိုစကားကိုကြားမှသာ ဥက္ကဋ္ဌရှုနှင့် သူ့လက်ထောက်လည်း စိတ်အေးသွားရသည်။

"ဒါဆို မင်းဆိုလိုချင်တာက…"

"ကျောင်းဝင်းတစ်ခုဆောက်ဖို့ဆိုရင် ဒေါ်လာတစ်ဘီလီယံနဲ့ ဘယ်လိုလုပ်လောက်မှာလဲ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ကျောင်းဝင်းသေးသေးလေးတစ်ခုဆိုရင်တောင် အဆောက်အအုံတွေဆောက်တာနဲ့တင် ရှစ်ဘီလီယံကနေ ဆယ်ဘီလီယံအထိ လိုအပ်မှာမဟုတ်ဘူးလား။ ပြီးတော့ ပစ္စည်းကိရိယာတွေကလည်း အစုံအလင်ရှိသင့်တယ်လေ။ ရှုခင်းဧရိယာကလည်း လုံလုံလောက်လောက်ရှိရဦးမယ်"

"ပြီးတော့ ဂီတတက္ကသိုလ်တစ်ခုအတွက် ကျောင်းသားတွေသုံးမဲ့ တူရိယာတွေကလည်း အရည်အသွေးကောင်းမွန်မှုရှိရမှာပေါ့။ ဟုတ်တယ်မလား။ Steinwayစန္ဒရားကြီးတွေနည်းနည်းလောက်ဝယ်တာက လွန်တော့မလွန်ဘူးမလား။ တယော၊ဆယ်လို၊ အာဟူ၊ ဆိုနာတို့လည်း ရှိသင့်တာပေါ့။ ဒီဘီလီယံလောက်လေးနဲ့ဆိုရင် ခဏလေးနဲ့ကုန်သွားမှာပဲ"

"ဒါက.."

ဥက္ကဋ္ဌရှုခမျာ အံ့အားသင့်သွားလေသည်။ မင်းက ဘာကိုပြောချင်နေတာလဲ။

"ကျွန်တော် သေချာစဉ်းစားကြည့်လိုက်ဦးမယ်။ ဆယ်ဘီလီယံက တအားနည်းလွန်းတယ်။ ဘာမှထူးခြားသွားမှာမဟုတ်ဘူး"

ကျန်းမုန့်လောင်က ဟုန်းရီကိုပြောလိုက်လေသည်။

"အဲ့ဒါကို ဆယ်ဆမြှင့်ပြီး ဘီလီယံတစ်ရာလုပ်လိုက်ရအောင်။ အဲ့လိုဆိုရင်တောင် ပရောဂျက်ရဲ့ပထမအဆင့်အတွက်ပဲ ကာမိမှာ"

"တစ်ရာဘီလီယံလား"

လက်ဖက်ရည်ခွက်ကိုကိုင်ထားသော ဥက္ကဋ္ဌရှု၏လက်က လှုပ်ခါလုနီးနီးဖြစ်သွားချေသည်။

ဆယ်ဆကို ဒီအတိုင်းတိုးပစ်လိုက်တာလား။ ဒါကြီးက မိုးထိမှန်ထားတာမဟုတ်ဘူးလား။ ဒါက နှစ်ဆတောင်ကျော်နေပြီမဟုတ်ဘူးလား။

"ရှောင်ကျန်း.. ဘီလီယံတန်တဲ့ မင်းရဲ့လေလံတွေကို ခဏရပ်ထားလိုက်ပါ။ ငါက အရမ်းအသက်ကြီးနေပြီ။ ငါ့နှလုံးက ဒီဒဏ်ကိုမခံနိုင်ဘူး"

ဥက္ကဋ္ဌရှုက ရေတစ်ငုံ ခပ်မြန်မြန်သောက်လိုက်သည်။

"တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ မကြာသေးခင်ကမှ ထန်ရွှင်းဂီတကိုဝယ်ထားတော့ ကျွန်တော် နည်းနည်းအကျင့်ပါနေတာ။ အမေရိကန်ဒေါ်လာနဲ့ ပြောမိတော့မတတ်ဖြစ်သွားတယ်။

ဥက္ကဋ္ဌရှု၏စိတ်အစဉ်ကား တဒင်္ဂမျှ ရပ်တန့်သွားရသည်။ အမေရိကန်ဒေါ်လာတစ်ရာဘီလီယံဆိုသည်မှာ ကျောင်းဝင်းတစ်ခုတည်ဆောက်ရန်အတွက်သာမက ကူစူးတက္ကသိုလ်တစ်ခုလုံး ပြန်လည်တည်ဆောက်ဖို့အတွက်ပင် လုံလောက်တာထက် ပိုနေသေးသည်။

"ရှောင်ကျန်း.. ဒီပမာဏက များလွန်းတယ်။ အကောင်အထည်ဖော်မဲ့နည်းလမ်းတွေနဲ့ပတ်သက်ပြီး ကျုပ် လူတချို့နဲ့ဆွေးနွေးဖို့လိုလိမ့်မယ်"

ဥက္ကဋ္ဌရှုက တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်သည်။

"ရှောင်ကျန်း.. ဒီပိုက်ဆံတွေကို ဘယ်တော့လောက်လွှဲပေးနိုင်မလဲ။ နည်းနည်းလောက်ဆိုရင်တောင် အဆင်ပြေပါတယ်။ ဆောက်လုပ်ရေးအဖွဲ့ဘက်ကလည်း ငွေပေးချေဖို့ တောင်းဆိုနေပြီဆိုတော့…."

"ကျွန်တော် ဒီကိစ္စကို အရင်စုံစမ်းစစ်ဆေးဖို့ လိုလိမ့်မယ်"

ကျန်းမုန့်လောင်က ရုတ်တရက်ကြီး တင်းမာစွာပြောလာလေသည်။

"ပမာဏက သိပ်မများဘူးဆိုပေမဲ့ ပိုက်ဆံကတော့ ပိုက်ဆံပဲလေ။ ဒီပိုက်ဆံကို သင့်တော်တဲ့နေရာမှာ သုံးရဲ့လား။ မသမာသူတစ်ယောက်ယောက်ကများ မကောင်းတဲ့ရည်ရွယ်ချက်နဲ့အသုံးချမလားဆိုတာကိုတော့ ကျွန်တော်တို့ဆွေးနွေးဖို့လိုတယ်"

"အဲ့ဒီကိစ္စကိုတော့ သေချာပေါက်စိတ်ချထားလို့ရပါတယ်။

ဥက္ကဋ္ဌရှုက သူ့ရင်ဘတ်ကို အခိုင်အမာပုတ်ပြသည်။

"ကျုပ်တို့ရဲ့ကူစူတက္ကသိုလ်မှာရှိတဲ့ ဆရာတွေရဲ့အရည်အသွေးက အရမ်းမြင့်ပါတယ်။ ဆရာတွေမှာ သူ့စည်းသူ့ကမ်းနဲ့ရှိကြတဲ့အတွက် မင်းစိတ်ပူနေတဲ့ကိစ္စမျိုး လုံးဝလုပ်မှာမဟုတ်ပါဘူး"

"အဲ့လိုလား"

ကျန်းမုန့်လောင်၏အမူအရာကား ရုတ်ခြည်းစိတ်ဝင်စားဟန်အမူအရာပြောင်းသွားသည်။

"ဒါပေမဲ့ ကျွန်တော်ကြားထားတာတော့ ဂီတတက္ကသိုလ်က တချို့ဆရာတွေက စာရိတ္တသိပ်မကောင်းဘူးတဲ့။ ဒီပိုက်ဆံသာ သူတို့လက်ထဲရောက်သွားရင် ဒုက္ခရောက်ကုန်ကြမှာ စိုးမိတယ်"

"အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျုပ်တို့ကျောင်းရဲ့ဌာနမှာ အဲ့လိုလူမျိုးမရှိပါဘူး"

ဥက္ကဋ္ဌရှုက ရုတ်တရက်ဆိုသလို စိတ်ဆိုးဒေါသထွက်သွားလေသည်။

"ဥက္ကဋ္ဌရှု.. ကျွန်တော်ပြောတဲ့စကားကြောင့် စိတ်မဆိုးပါနဲ့။ ကျွန်တော်ပြောပြီဆိုမှတော့ ကျွန်တော်ကြားထားတာလေးရှိလို့ဆိုတာ သေချာပေါက်ပါပဲ။ ခင်ဗျားက ကျောင်းကိစ္စတွေစီမံနေရတော့ သတိမထားမိတာဖြစ်နိုင်ပါတယ်။ စုံစမ်းစစ်ဆေးကြည့်လိုက်လို့လည်း ဘာမှနစ်နာမသွားဘူးလေ"

"အတွင်းရေးမှူးရွှယ်.. အဲ့ဒါက တကယ်ပဲလား"

ဥက္ကဋ္ဌရှုက သူ့အတွင်းရေးမှူးဘက်သို့ လှည့်လိုက်လေသည်။

"အာ…အမှန်အတိုင်းပြောရရင် ကျောင်းသားတွေကြားမှာ ကောလာဟလတချို့ပြန့်နေတာတော့ တကယ်ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒါက ဒီအတိုင်းကျောင်းသားတွေကြားက ကောလာဟလတွေဖြစ်နေတဲ့အတွက် အမှန်လို့မမှတ်ယူထားတာပါ"

"ဒီတော့ တကယ်ပဲ အဲ့လိုကောလာဟလမျိုးရှိနေတာကိုး"

"ဟုတ်ပါတယ်"

အတွင်းရေးမှူးရွှယ်က ပြန်ပြောလိုက်သည်။

"ဂီတတက္ကသိုလ်က တချို့ပါမောက္ခတွေက မလျော်ကန်တဲ့အပြုအမူမျိုးရှိတယ်လို့ ကျွန်တော်ကြားဖူးပါတယ်"

"ဒေါက် ဒေါက် ဒေါက်"

ထိုအချိန်မှာပင် ဥက္ကဋ္ဌရုံးခန်းတံခါးကို ရုတ်တရက်တံခါးခေါက်လာလေသည်။

"ဘာဖြစ်တာလဲ။ ဒီမနက် ဘယ်သူမှမလာခဲ့နဲ့လို့ပြောထားတယ်မဟုတ်ဘူးလား"

"ကျွန်တော် သွားစစ်ကြည့်လိုက်ပါ့မယ်"

အတွင်းရေးမှူးရွှယ်က မတ်တတ်ထရပ်လိုက်သော်ငြား သူ တံခါးဖွင့်ဖွင့်ချင်းမှာပင် ဆရာမဆယ့်နှစ်‌ယောက်ခန့်က ဥက္ကဋ္ဌရုံးခန်းထဲသို့ အပြေးဝင်သွားကြသည်။

"မင်း..ဘာလုပ်နေတာလဲ"

ဥက္ကဋ္ဌက တံခါးဘေးဘက်သို့ တွန်းထုတ်ခံလိုက်ရသည့် လုံခြုံရေးကိုကြည့်ရင်း မေးလိုက်လေသည်။

"ဘာတွေဖြစ်နေတာလဲ"

"ဥက္ကဋ္ဌ ရှင် ဒီကိစ္စကို သေချာဖြေရှင်းပေးမှဖြစ်မယ်"

"ဟုတ်တယ်။ ကျွန်မတို့ကျောင်းမှာ ဒီလိုကိစ္စမျိုးဖြစ်တာ တကယ်လက်ခံနိုင်စရာမရှိဘူး"

"ဒီသတင်းသာ ပေါက်ကြားသွားရင် ကျွန်မတို့ကျောင်းရဲ့ဂုဏ်သိက္ခာတော့ ရေစုန်မျောတော့မှာပဲ"

ဆရာမတစ်သိုက်က လုံးဝဆူညံပွက်လောရိုက်နေကြတော့သည်။

"မင်းတို့ ဘာတွေပြောနေတာလဲ"

ဥက္ကဋ္ဌရှုခမျာ လုံးဝစိတ်ရှုပ်ထွေးသွားရသည်။

"ဥက္ကဋ္ဌ"

ထိုနေရာအရောက်မှာ လုံခြုံရေးက ရှေ့တက်လာသည်။

"မနေ့ညတုန်းက ကျောင်းဝင်းထဲမှာနေတဲ့ ဆရာမတော်တော်များများက သူတို့အခြောက်လှန်းထားတဲ့အတွင်းခံတွေပျောက်ဆုံးသွားကြောင်း တိုင်တန်းထားပါတယ်။ အစတုန်းကတော့ သူတို့လည်း လေနဲ့လွင့်သွားတယ်လို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ မေးမြန်းကြည့်လိုက်တော့ အတွင်းခံပျောက်သွားတဲ့ဆရာမကတွေက တစ်ဒါဇင်လောက်ရှိနေတာကို သိလိုက်ရတယ်လေ"

"ဝှစ်"

ကျန်းမုန့်လောင်က ရုတ်တရက်မတ်တတ်ထရပ်လိုက်သည်။

"ဥက္ကဋ္ဌရှု..တွေ့ပြီလား။ ခင်ဗျားတို့ကျောင်းမှာ ကိုယ်ကျင့်တရားနဲ့မသင့်တော်တဲ့ကိစ္စမျိုးတွေ ရှိနေတယ်လို့ ပြောသားပဲ။ ကျွန်တော်တို့ ဒီကိစ္စကို နောက်မှပဲဆွေးနွေးကြတာပေါ့"

*************

All Chapters