ဥက္ကဋ္ဌ.. ကျွန်တော် အနုပညာလေ့လာနေတာပါ
Vol. 9 Ch. 126
"ရီရီ..ဟုန်းရီ..သွားကြစို့။ ကူစူးတက္ကသိုလ်က သိပ်စိတ်မချရဘူးလို့ ခံစားရတယ်။ ဒီလိုအောက်တန်းကျတဲ့ကိစ္စမျိုး ဒီနေရာမှာဖြစ်တာ ယုံတောင်မယုံနိုင်ဘူး။ ကြည့်ရတာတော့ ငါတို့ ဒီအလှူငွေကို သေချာစိစစ်မှနဲ့တူတယ်။ မျက်လုံးစုံမှိတ်ပြီး ပေးပစ်လို့တော့မဖြစ်ဘူး"
"ဟုတ်တယ်။ ရာစုနှစ်တစ်ခုကျော်သက်တမ်းရှိတဲ့ အစဉ်အလာကြီးမားတဲ့ တက္ကသိုလ်တစ်ခုရဲ့စံချိန်စံနှုန်းက အရည်အသွေးမြင့်မားလိမ့်မယ်လို့ထင်ခဲ့မိတာ။ ကျောင်းထဲမှာ ဒီလိုမျိုးအတွင်းခံခိုးတဲ့ကိစ္စမျိုး ဖြစ်လိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ ကြည့်ရတာတော့ ကျွန်မတို့ ကူစူးတက္ကသိုလ်ကို အထင်ကြီးလွန်းသွားပြီထင်ပါရဲ့"
ဟုန်းရီက ကျန်းမုန့်လောင်၏စကားကို သံယောင်လိုက်လိုက်လေသည်။
"မုန့်လောင်..ငါတို့ကျောင်းမှာ ဒီလိုကိစ္စမျိုး မရှိသင့်ဘူး။ ငါ အမြဲထူးဆန်းသလိုခံစားခဲ့ရတာ"
လုရီယောင်က စိတ်ရှုပ်ထွေးနေဟန်ဖြင့် သူတို့ကျောင်းဘက်က ခုခံပြောဆိုပေးလာလေသည်။
"ငါသိထားသလောက်ဆိုရင် ငါတို့ကျောင်းမှာ ဒီလိုကိစ္စမျိုး တစ်ခါမှမဖြစ်ခဲ့ဖူးဘူး။ တစ်ယောက်ယောက်ကများ စနောက်နေတာများလား"
လုရီယောင်က ကျောင်းဘက်က ခုခံပြောဆိုပေးနေသည်ကို မြင်သောအခါ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကလည်း ခပ်မြန်မြန်သဘောတူလိုက်ကြသည်။
"ဟုတ်တယ် ရှောင်ကျန်း.. ကျုပ်လည်းတစ်ခုခုလွဲနေတယ်လို့ ခံစားမိတယ်။ ဒီကိစ္စသာ ကျောင်းထဲကလူတစ်ယောက်ယောက်လုပ်ခဲ့တာဆိုရင် ကျုပ် သူတို့ကို သေချာပေါက်ပြင်းပြင်းထန်ထန်အပြစ်ပေးမှာပါ"
"အမှန်ပဲ။ အမှန်ပဲ။ လုံခြုံရေး... စောင့်ကြည့်ကင်မရာတွေကို သွားစစ်ဆေးကြည့်လိုက်။ ဒီလောက်များတဲ့အတွင်းခံတွေကို ဘာသဲလွန်စမှမကျန်ဘဲ ခိုးသွားနိုင်တယ်ဆိုတာ ငါမယုံဘူး"
ဥက္ကဋ္ဌ၏အတွင်းရေးမှူးက လောဆော်လိုက်ချေသည်။
"ဥက္ကဋ္ဌ.. ကျွန်တော် စောင့်ကြည့်မှတ်တမ်းကို စစ်ဆေးပြီးပါပြီ"
လုံခြုံရေးကလည်း မဲ့တဲ့တဲ့ပြုံးလျက် ပြောလာ၏။
"ဒါပေမဲ့ မှတ်တမ်းထဲမှာ သံသယဖြစ်စရာကောင်းတဲ့လူတစ်ယောက်မှ မရှိပါဘူး။ အဲ့ဒီလေသာဆောင်တွေက ကင်မရာမြင်ကွင်းထဲမှာ မပါဘူးလေ။ ကျွန်တော့်အထင်တော့ လေပြင်းတိုက်လို့ လွင့်သွားတာများလားလို့"
"ဒါက ဘယ်လိုလေပြင်းမျိုးလဲ"
ဆရာမများက ဆက်သည်းမခံနိုင်ကြတော့ပေ။
"လေတိုက်တာကြောင့်သာဆိုရင် ဆရာတွေရဲ့ပစ္စည်းတွေကျတော့ တစ်ခုမှမပျောက်ဘဲ ကျွန်မတို့ပစ္စည်းတွေကျမှ ဘာလို့ရွေးပြီးပျောက်ရတာလဲ"
"အမှန်ပဲ။ လေတိုက်တာက ယောက်ျားမိန်းမခွဲခြားပြီး တိုက်တာလား။ ပြောပြလို့မရတဲ့နည်းလမ်းတွေကိုသုံးထားတဲ့ နှာဘူးတစ်ကောင်ကောင်ရှိကိုရှိရမယ်"
"ဟုတ်တယ် ဥက္ကဋ္ဌ.. ဒီနှာဘူးကဘယ်သူလဲဆိုတာ ရှင်ဖော်ထုတ်ပေးရမယ်နော်။ အဲ့လိုမှမဟုတ်ရင် ဘယ်ဆရာမကများ နောက်နောင် ကျောင်းအဆောင်မှာနေရဲတော့မှာလဲ"
"ဟုတ်တယ်။ အခုလောလောဆယ်တော့ အခိုးခံရတာ ကျွန်မတို့ဝန်ထမ်းတွေပဲရှိသေးတယ်။ ဒါပေမဲ့ တစ်နေ့နေ့ကျရင် ကျောင်းသူတွေရဲ့ပစ္စည်းတွေပါ အခိုးခံခဲ့ရပြီး ဒီသတင်းသာ အပြင်ကိုပြန့်သွားခဲ့ရင် ကျွန်မတို့ကျောင်းရဲ့ဂုဏ်သတင်းလည်း အကြီးအကျယ်ထိခိုက်လိမ့်မယ်"
"ဒုန်း"
ဥက္ကဋ္ဌက စားပွဲကို လက်သီးဖြင့် ဒေါသတကြီးထိုးပစ်လိုက်လေသည်။
"လက်မခံနိုင်စရာပဲ"
ယနေ့သည် အလွန်ပျော်ရွှင်ဖွယ်ကောင်းသော နေ့ထူးနေ့မြတ်လေး ဖြစ်သင့်သည်သာ။ ကျန်းမုန့်လောင်ထံမှ သူ အလှူငွေတစ်ရာဘီလီယံရနိုင်တော့မည်သာ။ သို့သော် အလှူငွေရခါနီးဆဲဆဲမှာပင် ဤအရေးကိစ္စက ပေါ်ပေါက်လာခဲ့သည်။ သူ ဒေါသမထွက်ဘဲ ဘယ်နေနိုင်မှာလဲ။
ဆရာမများပြောသည့်စကားများက မှန်ပေသည်။ ဤကိစ္စက တစ်စုံတစ်ယောက်၏လက်ချက်ပင်။
"စုံစမ်းလိုက်။ ငါ စုံစမ်းချင်တယ်။ ဘယ်သူပဲဖြစ်ဖြစ် ပါမောက္ခတစ်ယောက်ဖြစ်နေရင်တောင် ဒီတစ်ခေါက်တော့ ငါ ပြင်းပြင်းထန်ထန်အရေးယူမယ်"
ဒေါသကြီးသည်ဟု နာမည်ကြီးသော ကူစူးတက္ကသိုလ်ဥက္ကဋ္ဌမှာ ဤဖြစ်ရပ်ကြောင့် လုံးဝအရှက်ကွဲခဲ့ရလေပြီ။
"ဥက္ကဋ္ဌ.. ကျွန်တော် ခင်ဗျားတို့ကျောင်းကို တကယ်ယုံကြည်ချင်ပါတယ်။ ရာစုနှစ်တစ်ခုကျော်သက်တမ်းရှိတဲ့ ဂုဏ်သိက္ခာရှိတက္ကသိုလ်တစ်ခုဖြစ်နေပေမဲ့လည်း မကောင်းတဲ့လူတချို့လည်း ရောနေနိုင်တာပဲလေ"
ကျန်းမုန့်လောင် ပြောလိုက်လေ၏။
"ကျွန်တော် ကူစူးတက္ကသိုလ်အတွက် ဒီရန်ပုံငွေကို ခဏဆိုင်းထားလိုက်ပါ့မယ်။ ဒါပေမဲ့ ဒီကိစ္စသာ ဖြေရှင်းလို့မရခဲ့ဘူးဆိုရင် ကျွန်တော် ခင်ဗျားကို ရန်ပုံငွေတွေအပ်နှံဖို့ စိတ်မချနိုင်ဘူး"
"အမလေး"
ဥက္ကဋ္ဌက သက်ပြင်းချလိုက်သည်။
"ရှောင်ကျန်း.. ဒီလိုရုပ်ပျက်ဆင်းပျက်အဖြစ်မျိုး မင်းကို မြင်စေခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ အခုလေးတင် ကျုပ်တို့တက္ကသိုလ်မှာ ဒီလိုကိစ္စမျိုး လုံးဝမရှိနိုင်ဘူးလို့ ပြောနေခဲ့တာ။ အခုတော့ ကိုယ့်ပါးကိုယ်ပြန်ရိုက်မိသွားတာပဲ"
"ဥက္ကဋ္ဌ.. ခင်ဗျားမှာ လုပ်စရာတွေတောင်ပုံရာပုံရှိနေမှတော့ တချို့ကိစ္စတွေကို သတိမမူမိတာက ပုံမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီလူ့ကိုတော့ တခြားလူတွေကို သတိပေးဖို့အတွက် ဥပမာအနေနဲ့ ဖော်ထုတ်မှဖြစ်မယ်။ အဲ့လိုမှမဟုတ်ရင် ကူစူးတက္ကသိုလ်အတွင်းပိုင်းမှာ ရှက်စရာဖြစ်ရပ်တစ်ခုဖြစ်လာလိမ့်မယ်။ ကျောင်းသားအပ်နှံမှုအပိုင်းမှာလည်း ထိခိုက်မှုရှိလာနိုင်တယ်"
"ဟုတ်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့မှာ ဘာသက်သေမှမရှိဘူးလေ။ ဘယ်ကစပြီး စုံစမ်းရမှာလဲ"
ဥက္ကဋ္ဌက လုံခြုံရေးကို လှည့်ကြည့်လိုက်သော်လည်း လုံခြုံရေး၏အကြည့်က ဦးနှောက်ခြောက်နေဟန်တူသည်။ သူခိုးက ဘယ်လိုခိုးယူသွားသလဲဆိုသည်ကို သူ မတွေးတတ်ချေ။
"ဥက္ကဋ္ဌ.. ကျွန်မတို့အဆောင်တွေထဲကို ဆရာတွေပဲဝင်ခွင့်ရှိတာလေ။ ဒီတော့ ကျွန်မတို့ဆရာများအဖွဲ့ထဲမှာ ပြဿနာဖြစ်နေနိုင်တာလို့ သံသယဖြစ်မိတယ်"
ဆရာမတစ်ယောက်က အကြံပေးလာသည်။
"ကျွန်မတို့ အခုချက်ချင်း ဆရာတွေကို သွားရောက်စစ်ဆေးသင့်တယ်"
"အမှန်ပဲ။ မစ္စဝူပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒါကို ဘယ်လူယုတ်ာမက လုပ်သလဲဆိုတာ သိလို့ကတော့ ဒီလူကို သေအောင်ရိုက်သတ်ပစ်မယ်"
ဆရာမများအတွက်တော့ ယခုလိုကိစ္စမျိုးက လုံးဝသည်းမခံနိုင်စရာပင်။
"ဥက္ကဋ္ဌ.. ကျွန်တော် ကောလာဟလတချို့ကြားဖူးတယ်။ ကြည့်ရတာတော့ အဲ့ဒီအကြောင်းအရာတွေက အခြေအမြစ်မရှိတာတော့ မဟုတ်လောက်ဘူး"
"ဥက္ကဋ္ဌ၏အတွင်းရေးမှူးက ပြောလာလေသည်။
"ဂီတတက္ကသိုလ်ရဲ့အခြေအနေကိုပြောနေတာလား"
"ဟုတ်တယ်"
ဥက္ကဋ္ဌ၏အတွင်းရေးမှူးက ဆက်ပြောလာလေသည်။
"ကျွန်တော်တို့ဂီတတက္ကသိုလ်က မစ္စတာပိုင်ရှန်းဝူက မလျော်ကန်တဲ့အပြုအမူတွေ လုပ်ဆောင်နေတယ်လို့ ကြားထားပါတယ်။ တချို့ဆိုရင် အရင်တုန်းက သူ့ရုံးခန်းထဲကနေ ကျောင်းသူတစ်ယောက် ငိုယိုပြီးပြေးထွက်လာတာကို မြင်ဖူးတယ်တဲ့"
"အဲ့လိုကိစ္စမျိုးရှိတယ်ပေါ့"
ဥက္ကဋ္ဌ၏ မျက်နှာအမူအရာကား ပြောင်းလဲသွားရသည်။
"ဒါဆို ဘာလို့စုံစမ်းစစ်ဆေးမှုမလုပ်ခဲ့တာလဲ"
"ကျွန်တော်တို့ စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းသူက လူတွေ့သီချင်းဆိုစာမေးပွဲမှာ ကောင်းကောင်းမဖြေနိုင်ခဲ့လို့ မစ္စတာပိုင်က ဝေဖန်တဲ့မှတ်ချက်တချို့ပေးခဲ့လို့ပါဆိုပြီး ပြောခဲ့တယ်လေ။ သူများတွေစွပ်စွဲသလိုမျိုး ဘာမှမဖြစ်ခဲ့ပါဘူးတဲ့"
"တော်သေးတာပေါ့"
ဥက္ကဋ္ဌလည်း ထိုစကားကိုကြားသောအခါ စိတ်သက်သာရာဟန် သက်ပြင်းချလိုက်မိသည်။
"ဒါပေမဲ့ မစ္စတာပိုင်ပါဝင်ပတ်သက်နေတဲ့ကိစ္စက တစ်ခုနှစ်ခုတင်မဟုတ်ပါဘူး"
"တခြားဖြစ်ရပ်တွေလည်း ရှိသေးတာလား"
"ကျွန်တော်ကြားထားသမျှကိစ္စတိုင်းက မစ္စတာပိုင်နဲ့ပတ်သက်နေပါတယ်။ ဒါပေမဲ့ ဘာသက်သေမှမရှိတဲ့အပြင် ပါဝင်ပတ်သက်တဲ့ကျောင်းသူတွေရဲ့ စကားတွေကလည်း ပညာရေးနဲ့မဆိုင်တဲ့အကြောင်းပြချက်တွေ မပါဝင်တဲ့အတွက် လူတော်တော်များများက မစ္စတာပိုင်ဟာ စည်းကမ်းတင်းကျပ်သူတစ်ယောက်ဖြစ်ရမယ်လို့ပဲ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခု ပြန်စဉ်းစားကြည့်မှ ပါဝင်ပတ်သက်ဖူးတဲ့လူတွေကလည်း ကျောင်းသူတွေချည်းပဲဖြစ်နေတော့ တစ်ခုခုတော့မှားနေပြီလို့ ကျွန်တော်ခံစားမိတယ်"
"စုံစမ်းကြည့်လိုက်"
ဥက္ကဋ္ဌက စားပွဲကို လက်ဖြင့်ရိုက်ချလိုက်သည်။
"ဘာအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် ဆရာတစ်ယောက်အနေနဲ့ ဒါက တာဝန်ပျက်ကွက်မှုတစ်ခုပဲ။ ဆရာတစ်ယောက်ဆိုတာ ကျောင်းသားတွေရဲ့ပညာရေးတင်မကဘဲ သူတို့ရဲ့ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားစိတ်ကိုလည်း အာရုံစိုက်သင့်တယ်"
"ဟုတ်ပါတယ်။ ဥက္ကဋ္ဌပြောတာ အဓိပ္ပာယ်ရှိတယ်"
"အဲ့လိုကိစ္စမျိုးရှိတယ်ဆိုတာကို သိရရင်လည်း ငါတို့ ချက်ချင်းဖြေရှင်းရမှာပေါ့။ အခုချက်ချင်းသွားရအောင်"
ဥက္ကဋ္ဌရှုက တစ်ဖက်မှာ ဒေါသထွက်နေသော်လည်း တစ်ဖက်တွင်လည်း ဟန်ဆောင်နေခြင်းသာ ဖြစ်၏။ သူ့အနေနှင့် သူ့ဝန်ထမ်းများ၏အရည်အသွေးကို အထူးအလေးထားကြောင်း ကျန်းမုန့်လောင်ကို မြင်စေချင်သည်။ သို့မှသာ သူတို့ကျောင်းအပေါ် ယုံကြည်သွားမည်ဖြစ်၏။
သို့သော် သူမသိသည့်အချက်မှာ ဤအရာအားလုံးသည် ကျန်းမုန့်လောင်၏အစီအစဉ်များဖြစ်ကြောင်းကိုပင်။ ပိုင်ရှန်းဝူ၏အပြုအမူမှာ ဥက္ကဋ္ဌရှုနားလည်ထားသည့် စည်းကမ်းတင်းကျပ်သော ဆရာတစ်ယောက်ဆိုတာထက် ပိုနေပေသည်။
"ကျွန်တော်လည်း လိုက်ကြည့်မယ်"
ကျန်းမုန့်လောင်က သာမန်ကာလျှံကာဟန်ဖြင့် ပြောလိုက်လေသည်။
"ကောင်းတယ်။ အတူသွားကြရအောင်"
ကျန်းမုန့်လောင် လိုက်ချင်နေသည်ကို မြင်သောအခါ ဥက္ကဋ္ဌရှုက ပို၍ပင်ပျော်သွားရသည်။ သူ့အနေနှင့် ဤကိစ္စကို ကျန်းမုန့်လောင်ကျေနပ်သည်အထိ ကိုင်တွယ်ဖြေရှင်းပေးမှဖြစ်မည်။ တဏှာရူးဆရာအဖို့တော့ စုံစမ်းစစ်ဆေးဖို့ အချိန်အများကြီးရှိပေသည်။ ကျန်းမုန့်လောင်၏ယုံကြည်မှုကို ရရှိဖို့ကသာ ယခုလောလောဆယ်တွင် အရေးကြီးဆုံးဖြစ်၏။
ဂီတတက္ကသိုလ်သည် ကျောင်း၏ လူခြေအတိတ်ဆုံးအပိုင်းတွင် တည်ရှိသည်။ အနည်းငယ်ကပ်သွားလိုက်ပါက စန္ဒရားအသံများနှင့် တယောသံများ အတွင်းဘက်မှ ထွက်ပေါ်လာသည်ကိုပင် ကြားနေရသည်။ များသောအားဖြင့်တော့ မွေးကင်းစအရွယ်ကတည်းက လူတစ်ယောက်နှင့်အတူ ရှိလာခဲ့သော အသံညက်ညောမှုနိမ့်ကျသည့် ဆိုနာတို့ လင်းကွင်းတို့လိုအသံများပင်။
လုရီယောင်က ကျန်းမုန့်လောင်၏အနောက်မှ ဇနီးငယ်လေးတစ်ယောက်နှယ် လိုက်ပါလာပြီး အရာအားလုံးကို မမြင်ရသည့်လက်တစ်စုံက ကြိုးကိုင်ထားဟန်တူကြောင်း ရုတ်တရက်ကြီးသဘောပေါက်လိုက်သည်။ ဘယ်လိုလုပ်ပြီးတော့များ ပိုင်ရှန်းဝူထံသို့ တည့်တည့်မတ်မတ်ဦးတည်နေရပါသလဲ။
သို့သော် ပိုင်ရှန်းဝူသည် ကျောင်းသူများကို မသင့်တော်သော အပြုအမူများ တကယ်ကျူးလွန်ခဲ့ပြီး ခြိမ်းခြောက်၍ဖြစ်စေ သွေးဆောင်ဖြားယောင်း၍ဖြစ်စေ ဘာသက်သေမှမကျန်ခဲ့အောင် လုပ်ဆောင်ထားသည်။ ဤအတွင်းခံသူခိုးကို ယခင်က သူ(မ)အနေနှင့် ပိုင်ရှန်းဝူနှင့် မဆက်စပ်မိချေ။
"ဥက္ကဋ္ဌ... ဒါက မစ္စတာပိုင်ရဲ့ရုံးခန်းပါ။ ကြည့်ရတာ သူအထဲမှာရှိတယ်ထင်တယ်"
တစ်စုံတစ်ယောက်က ဆိုလာလေသည်။
"သွားကြည့်ရအောင်"
ဥက္ကဋ္ဌက တံခါးခေါက်လိုက်သည်။ သူ ဒေါသထွက်နေသော်ငြား အခြေခံကျင့်ဝတ်ကိုမူ ထိန်းသိမ်းနေဆဲပင်။
"ဥက္ကဋ္ဌ.. ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ"
ပိုင်ရှန်းဝူက ဥက္ကဋ္ဌကို မြင်လိုက်ရသောအခါ ခယဟန်အပြုံးမျိုး ဆင်မြန်းထားလိုက်သည်။
"ကျုပ်တို့တက္ကသိုလ်က ဆရာတွေကိုလာမတွေ့ဖြစ်တာ တော်တော်ကြာသွားပြီလေ။ မစ္စတာပိုင် အခုတလောဘာတွေများလုပ်နေတာလဲလို့"
ဥက္ကဋ္ဌက ယဉ်ယဉ်ကျေးကျေးမေးမြန်းလိုက်သည်။
"အာ..ကျွန်တော်တို့အနုပညာသမားတွေက နေ့တိုင်း အနုပညာလေ့လာတာကလွဲရင် ဘာများလုပ်နိုင်မှာတဲ့လဲ"
"အော်မီတောဖော"
"ဟာလေလုယ"
ပိုင်ရှန်းဝူ၏ရုံးခန်းထဲမှ ထူးဆန်းလှသော အသံတစ်သံက ရုတ်ခြည်းထွက်ပေါ်လာသည်။ ထိုအခါ ပိုင်ရှန်းဝူ၏အမူအရာကလည်း သိသိသာသာပြောင်းလဲသွားသည်။ သူ့လိုလူတစ်ယောက်က ထိုအသံကို ဘယ်လိုလုပ်ပြီး မမှတ်မိဘဲနေပါ့မလဲ။
သူသည် အားလပ်ချိန်မှာတင် ကျွန်းနိုင်ငံ၏အနုပညာကို လေ့လာရတာကို သဘောကျသဖြင့် ထိုကဲ့သို့သောအသံမျိုးကို အလွန်ရင်းနှီးနေပြီးသားပင်။
သို့သော် သူနားမလည်နိုင်သည်မှာ သေချာလျှို့ဝှက်ထားသော စုစည်းမှုက ယခုအချိန်ကျမှ ဘာလို့ပွင့်လာရသလဲဆိုသည်ကိုပင်။
"ဒါက.."
ကျန်းမုန့်လောင်က တမင်တကာချဲ့ကားထားသော အမူအရာတစ်ခု ပြသလာချေသည်။
"မစ္စတာပိုင်..ခင်ဗျားလေ့လာနေတာ ဒီအနုပညာလား"
*************